ကြောင်နီ၏ပြောင်းလဲမှု၊ မဟာနတ်ဆိုး ထိန်းချုပ်မှု
Vol. 25 Ch. 371
ချန်းလန်ကျွန်းပေါ်ရှိ ရုတ်တရက် ပြောင်းလဲမှုက လူတိုင်းကို သတိဝင်သွားစေသည်။
ကျိုးယင်၊ ရှီအာနှင့် အခြား ခွန်အားနည်းပါးသူများအနေနှင့် စွမ်းအားကြီးမားသည့် ဖိအားကို ခံစားလိုက်ရပြီး သူတို့၏ နှလုံးသားများက အကြောက်တရားဖြင့် ပြည့်နှက်လာကာ မျက်နှာများက ဖြူရော်သွားကြသည်။
"ဘာဖြစ်တာလဲ.. ရန်သူတွေ ရောက်လာပြန်တာလား"
ရွှီမိခင်က အံ့သြစွာ မေး၏။
"မဖြစ်နိုင်ဘူး.. ချန်းလန်ကျွန်းဆီကို ဘယ်ရန်သူမှ မလာရဲဘူး"
ရွှီကျွင်းဟယ်က ခေါင်းကိုယမ်း၏။
လူတိုင်းသည် အိမ်များအတွင်းမှ အသီးသီး ထွက်လာခဲ့ကြ၏။
"ဘုန်း"
ကျယ်လောင်သောအသံက ထွက်ပေါ်လာပြန်ပြီး ချန်းလန်ကျွန်းကို အနည်းငယ် တုန်ခါသွားစေသည်။ ဖိအားက ပိုမိုကြီးထွား သန်မာလာ၏။
လူတိုင်းသည် အသံလာရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်ကြသည်။ ချန်းလန်ကျွန်းပေါ်ရှိ စိတ်ဝိညာဉ်အသီး တောအုပ်တစ်စိတ်တစ်ပိုင်း အမှုန်များအဖြစ် ပြောင်းလဲသွားပြီး လေထဲတွင် ဖုန်လုံးကြီးများ လိမ့်တက်လာခဲ့သည်။
ထိုနေရာသည် ကြောင်နီ အိပ်စက်သည့် နေရာဖြစ်၏။
"ကြောင်နီပဲ"
ရွှီယန်၏ အသံက ထွက်ပေါ်လာ၏။ စိတ်ဝိညာဉ်အသီး တောအတွင်းတွင် ကြောင်နီက ထလာခဲ့၏။ ၎င်း၏ တောင်ငယ်တစ်ခုကဲ့သို့ ကြီးမားသည့် ခန္ဓာကိုယ်က နတ်ဆိုးစွမ်းအင်နှင့် ထည်ဝါသည့် အငွေ့အသက်ကို ထုတ်လွှတ်နေပါသည်။ ခန္ဓာကိုယ်အတွင်းတွင် မိုးခြိမ်းသကဲ့သို့ အသံများ ပဲ့တင်ထပ်နေ၏။
အသာလေးလှုပ်လိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ စိတ်ဝိညာဉ်အသီးအပင်များ တစ်စစီ ပျက်စီးသွားခဲ့သည်။
"ချန်းမြစ်ဆီကို သွားနေနှင့်"
ရွှီယန်က အလိုမကျစွာဖြင့် ပြော၏။
စိတ်ဝိညာဉ်အသီး တောအုပ်သည် ချန်းလန်ကျွန်း၏ အဓိက ကြွယ်ဝမှုများထဲမှ တစ်ခုဖြစ်သည်။ သူ၏မိခင်သည် ထိုစိတ်ဝိညာဉ် အသီးများကို အလွန်နှစ်သက်၏။ တစ်ခုလောက် ဆုံးရှုံးသည်ကပင် သိသာသည့် ဆုံးရှုံးမှုတစ်ခု ဖြစ်၏။
ကြောင်နီ၏ ရုတ်တရက်ပြောင်းလဲမှုက မျက်စိတစ်မှိတ်အတွင်း ဆယ်ခုကျော်သည့် သစ်ပင်များကို ပျက်စီးသွားစေခဲ့သည်။
ကြီးစိုးလှသည့် အငွေ့အသက်နှင့် စွမ်းအားက ကြောင်နီကို တစ်ချက်လောက်ဟိန်းကာ အမြီးလှုပ်ရုံဖြင့် နောက်ထပ် အပင်များစွာတို့အား ဖုန်မှုန့်များအဖြစ် ပြောင်းလဲသွားစေ၏။
သူသည် နောက်ဆုံးသော ပြောင်းလဲမှုကို ချန်းမြစ်အတွင်း၌ လုပ်ဆောင်လိုခြင်း မရှိပါ။
"မင်းရဲ့ပြောင်းလဲမှုက အရမ်းကိုဆူညံလွန်းတယ်.. ချန်းလန်ကျွန်းကို ကျတ်တီးမြေတစ်ခုအဖြစ် ပြောင်းလဲချင်တာလား"
ရွှီယန်က နက်ရှိုင်းသည့်အသံဖြင့် ပြော၏။
"ဝေါင်း"
ကြောင်နီမှာ ရွှီယန်ကို အနည်းငယ် ကြောက်သွားခဲ့ပေမယ့် မကြာခင်တွင် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာပြီး ထိုအကြောက်တရားကို ကျော်လွန်နိုင်မည်ဟု ခံစားရသည်။
ဂုဏ်သရေရှိ နတ်ဆိုးသားရဲ တစ်ကောင်သည် အရမ်းကြီး ကြောက်မနေသင့်ပါ။
"မင်းက.. အပြစ်ပေးခံချင်နေတာလား"
ရွှီယန်က စူးရဲစွာ ကြည့်သည်။ ကြောင်နီသည် နတ်ဆိုးသားရဲ့တစ်ကောင် ဖြစ်တော့မည်ဟူသည့် အတွေးနှင့် သူ့ကိုပင် စတင် အာခံလာခဲ့သည်။
သို့ပေမယ့် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာတော့ရော ဘာအရေးနည်း။ ပုန်ကန်ထကြွ ရဲသည်လား။
ရွှီယန်က ချက်ချင်းပင် မြေပေါ်သို့ သက်ဆင်းလာသည်။ ကြောင်နီကို တုန်ခါသွားစေ၏။ သို့ပေမဲ့ ၎င်းသည် နာခံရန်အတွက် ခိုင်မာစွာ ငြင်းဆန်ဆဲရှိသည်။
သူသည် မဟာနတ်ဆိုးတစ်ကောင် ဖြစ်တော့မည့် ကျားတစ်ကောင်ဖြစ်၏။
လီရွှမ်က ကုလားထိုင်ပေါ်တွင်ထိုင်ကာ ခေါင်းမာနေသည့် ကြောင်နီကို ကြည့်ပြီး နှုတ်ခမ်းထောင့်များက တွန့်ကွေးသွားသည်။ ဒီကောင်သည် နတ်ဆိုးသားရဲတစ်ကောင် ဖြစ်လာပြီးနောက် ရွှီယန်ကို ရင်ဆိုင်နိုင်မည်ဟု ထင်နေသည်လား။
ရွှီယန်ကို ကြောက်ရွံ့ပါက နာခံစွာဖြင့် အရှုံးပေးလိုက်သင့်သည်။ အဘယ်ကြောင့် ခေါင်းမာနေရသနည်း။
လီရွှမ်သည် ခေါင်းကိုရမ်းကာ ကြောင်နီအား အာရုံမထားတော့ပါ။ ၎င်းသာ အမှန်တကယ် ချန်းလန်ကျွန်းပေါ်တွင် ပြောင်းလဲမည်ဆိုပါက စိတ်ဝိညာဉ်အသီး တောအတွင်းရှိ သစ်ပင်များမှ ဆယ်ပုံရှစ်ပုံလောက်ကို ပျက်စီးသွားစေမှာ ဖြစ်သည်။
စိတ်ဝိညာဉ်အသီးတောမှာ ရွှီမိခင်၏ အနှစ်သက်ဆုံးနေရာ ဖြစ်ပြီး စိတ်ဝိညာဉ်အသီးမှာ သူမ၏ အကြိုက်ဆုံး အစားအစာ ဖြစ်သည်။
ရွှီယန်သည် သူ၏မိခင်ကို အလွန်သိတတ်သည်။ ထို့ကြောင့် ကြောင်နီ၏ ခေါင်းမာမှုမှာ အရိုက်ခံချင်သည်ပင်။ အခြားနေရာတခုခုကို ပြောင်းလဲရွေးချယ်လိုက်ပါက ရွှီယန်အနေနှင့် ဂရုစိုက်မည် မဟုတ်ပေ။
ကြောင်နီ၏ ကြီးမားလှသည့် ခန္ဓာကိုယ်နှင့် နှိုင်းယှဉ်ပါက ရွှီယန်မှာ အလွန်အသေးငယ်သည်။ သို့ပေမယ့် သူ၏ သက်ဆင်းလာမှုနှင့်အတူ ပေါင်ပေါင်း သောင်းနှင့်ချီသည့် ဖိအားတစ်ခု သယ်ဆောင်လာခဲ့၏။ ကြောင်နီ၏ ခြေထောက်များက အားနည်းသွားပြီး လဲကျသွားခဲ့သည်။
၎င်းသည် အရှုံးပေးရန်အတွက် ငြင်းဆန်နေဆဲရှိ၏။ ရုန်းကန်ထချင်သည့်အလား နှာမှုတ်အော်ဟစ်နေပါသည်။
"ဟေး.. မင်းကတကယ့်ကို အသားယားနေတာပဲ"
ရွှီယန်က ကြောင်နီ၏ လည်ဂုတ်ကိုဆွဲကာ မာန်ဖီသံတစ်ခုနှင့်အတူ လေထဲသို့ လွှဲပစ်လိုက်သည်။ ချန်းမြစ်အတွင်းသို့ လွင့်စင်သွားစေ၏။
ချန်းမြစ်အတွင်းသို့ တောင်တစ်ခု ပြိုဆင်းလာသည့်နှယ် ရှိပြီး ကျယ်လောင်သော အသံတစ်ခုနှင့်အတူ ကောင်းကင်သို့တိုင်အောင် ရေများ လွင့်စင်ကုန်ကြသည်။
ရေထဲသို့ ပြုတ်ကျသွားချိန်၌ ကြောင်နီသည် သူ၏အမှားကို နားလည်လိုက်၏။ ပျက်စီးသွားခဲ့သည့် စိတ်ဝိညာဉ်အသီးပင်များကို စဉ်းစားကာ ထိတ်လန့်လာခဲ့သည်။ ၎င်းတို့သည် ရွှီမိခင်၏ အနှစ်သက်ဆုံးများ ဖြစ်၏။ နတ်ဆိုးသားရဲတစ်ကောင် အဖြစ် ပြောင်းလဲပြီးပါက အပြစ်ပေးခံရမည်လား။
စဉ်းစားလေလေ ပိုမိုကြောက်ရွံ့လေ ဖြစ်လာခဲ့၏။ ချန်းမြစ်အတွင်း၌သာ နာခံစွာ နေထိုင်ပြီး နောက်ဆုံးပြောင်းလဲမှုအား စတင်သည်။
"ဘုန်း"
ဆူညံသံတစ်ခု ပေါ်လာတိုင်းတွင် ချန်းမြစ်အတွင်း၌ လှိုင်းတစ်ခု မြင့်တက်လာခဲ့၏။ မြစ်ပြင်ပေါ်တွင် တောင်ငယ်တစ်ခုသဖွယ် ကြီးမားသည့် ကျားကြီးတစ်ကောင် ရှိနေပြီး စွမ်းအားကြီးမားကာ ထိတ်လန့်ဖွယ်ကောင်းသည့် စွမ်းအားက ပတ်ဝန်းကျင်တွင် လှည့်လည်နေပါသည်။
မြစ်ပြင်ပေါ်ရှိ သင်္ဘောများသည် ချန်းလန်ကျွန်းနှင့် အဝေးတွင် သွားလာလေ့ရှိပေမယ့် ကြောင်နီ၏ ပြောင်းလဲမှုက ဆူညံလွန်းလှသည်။
အထူးသဖြင့် ၎င်း၏ ကြီးမားလှသည့် ခန္ဓာကိုယ်က လူအများ၏အာရုံကို မဖမ်းစားရန် မဖြစ်နိုင်ပေ။
"ဘုန်း"
တုန်ခါမှု အကြိမ်တိုင်းနှင့်အတူ ကြောင်နီ၏ခန္ဓာကိုယ်က ပိုမိုကျယ်ပြန့်ကာ အရွယ်အစားက ကြီးထွားလာခဲ့သည်။
လီရွှမ်က ချန်းလန်ကျွန်း၏ တောင်ထိပ်တခုပေါ်တွင် ရပ်ကာ မြစ်အတွင်းရှိ ကြောင်နီ၏ ပြောင်းလဲမှုတို့ကို ကြည့်ရှုနေ၏။ အနည်းငယ် စိတ်လှုပ်ရှားစွာ ရှိနေပါသည်။ ပထမဆုံး နတ်ဆိုးသားရဲသည် ပေါက်ဖွားလာခဲ့ပြီး မဟာနတ်ဆိုး သိုင်းပညာစနစ် ပေါ်ထွန်းလာတော့မည်ဖြစ်၏။
"တာအိုရွှေစာအုပ်က တန်ပြန်အကျိုးပြုမှု ပေးလာမှာလား"
မဟာနတ်ဆိုး သိုင်းပညာသည် သားရဲအမျိုးအစား သိုင်းပညာဖြစ်ပြီး လူသားများအတွက် သင့်တော်ခြင်းမရှိပေ။ ထို့ကြောင့် တာအိုရွှေစာအုပ်က တန်ပြန်အကျိုးပြုမှု ပေးလာလျှင်လည်း ထိုကျင့်စဉ်အား ပေးလောက်မည်မဟုတ်ပါ။
ချန်းလန်ကျွန်းပေါ်တွင် လူတိုင်းက ကြောင်နီ၏ ပြောင်းလဲမှုကို ကြည့်ရှုနေ၏။
"ဘုန်း"
အခိုက်အတန့်တစ်ခုတွင် ကြောင်နီ၏ ခန္ဓာကိုယ်က ရုတ်တရက် ဖောင်းပွလာကာ နက်ရှိုင်းသည့် အော်သံတစ်ခုနှင့်အတူ ခန္ဓာကိုယ်ပေါ်တွင် အလင်းတန်းတခု ထွက်ပေါ်လာခဲ့သည်။
"အုမ်း"
ထိုအချိန်၌ ကြောင်နီသည် ဒီထဲသို့ မြင့်တက်သွားပြီး အမြင့်တစ်နေရာတွင် ရပ်တန့်သွား၏။ ကြီးစိုးလှသည့် သားရဲစွမ်းအားက ပတ်ဝန်းကျင်သို့ပျံ့နှံ့သွားပြီ ၎င်း၏မျက်လုံးများက တောက်ပကာ ခန္ဓာကိုယ်ပေါ်တွင် နတ်ဆိုးစွမ်းအား အလင်းလွှာတစ်ခု လွှမ်းခြုံလာခဲ့သည်။
လက်တစ်ချောင်းကိုမြှောက်ကာ အောက်သို့ ဖိချလိုက်၏။
"ဘုန်း"
ချန်းမြစ်၏ ရေပြင်က ချက်ချင်းပင် နိမ့်ဆင်းသွားသည်။
ကြောင်နီက စိတ်လှုပ်ရှားစွာဖြင့် အော်လိုက်ပြီးနောက် မြစ်ပြင်ပေါ်တွင် လှည့်လည်သွားလာမှု ပြု၏။ ဤသည်က အနီးအနားရှိ သင်္ဘောများကို ကြောက်ရွံ့သွားစေပြီး ကမ်းသို့ အမြန် ပြေးသွားကြစေသည်။
ဤသည်မှာ ကြောက်ဖို့ကောင်းလှ၏။
တောင်ငယ်တခုကဲ့သို့ ကြီးမားသည် ကျာကြီးတစ်ကောင် မြစ်ပြင်ပေါ်တွင် ဒုန်းဆိုင်းနေခြင်းမှာ အလွန် ထိတ်လန့်ဖွယ် ကောင်းလှပါသည်။
အထွတ်အထိပ် စစ်ဘုရင်များပင်လျှင် ထိုကဲ့သို့သော ကြောက်စရာကောင်းသည့် စွမ်းအားကို ပိုင်ဆိုင်လောက်မည် မဟုတ်ပါ။
"သင်မွေးထားသည့် တိရစ္ဆာန် ကြောင်နေသည် သင်ဖန်တီးထားသည့် မဟာနတ်ဆိုးကျင့်စဉ်ကို အောင်မြင်စွာ ကျင့်ကြံခဲ့သည်။ သင်သည် မဟာနက်ဆိုး ထိန်းချုပ်ခြင်း+ ဆန်းကြယ်အတတ် အချို့ကို တတ်မြောက်ခဲ့သည်"
ကြောင်နီ၏ နတ်ဆိုးသားရဲအဖြစ် ပြောင်းလဲမှာအပြီးတွင် ဝိညာဉ်အခြေပေါ်၌ တာအိုရွှေစာအုပ်ြ ပွင့်လာပြီး ရွှေရောင်အလင်းတစ်ခု ထွက်ပေါ်လာခဲ့သည်။
"မဟာနတ်ဆိုး ထိန်းချုပ်ခြင်း"
အမှန်တကယ်ပင်။ တာအိုရွှေစာအုပ်သည် မသာနတ်ဆိုးသားရဲ ကျင့်စဉ်ကို တန်ပြန်အကျိုးပြုမှာအဖြစ် မပေးခဲ့ပေ။