လင်းနယ်မြေမှ ရောက်ရှိလာသူများ
Vol. 25 Ch. 373
အတွင်းဘက်နယ်မြေရှိ ထိပ်တန်းအင်အားစုများရှိ အဓိက ပုဂ္ဂိုလ်များနှင့် အထွတ်အထိပ် စစ်ဘုရင်တို့သည် အပြင်ဘက်သို့ ခရီးတစ်ထောက် ထွက်ခွာပြီးနောက် ရုတ်တရက် တပည့်ငယ်များအား သဟွသိုင်းပညာသို့ ခိုင်မာစွာ ပြောင်းလဲခိုင်းရန် ဆုံးဖြတ်ခဲ့ကြသည်။
အတွင်းဘက်နယ်မြေ တခုလုံးသည် မသိမသာနှင့် ပြောင်းလဲမှုအချို့ ဖြစ်ပွားခဲ့၏။
နောက်ကွယ်ရှိ လက်ကြီးတစ်ဖက်က ထိုရာအားလုံး၏ လားရာကို တွန်းပို့နေသည့်ဟန် ရှိသည်။
တစ်နေ့တွင် ခုနစ်စင်ကြယ် အကယ်ဒမီက ရုတ်တရက် အမည်ပြောင်းလဲမှုကို ကြေညာခဲ့သည်။ ယနေ့မှစတင်ပြီး အတွင်းဘက်နယ်မြေတွင် ခုနစ်စင်ကြယ် အကယ်ဒမီ မရှိတော့ပေ။ သဟွသိုင်းပညာ အကယ်ဒမီသာ ရှိတော့၏။
အတွင်းဘက်နယ်မြေရှိ ခုနစ်စင်ကြယ်အကယ်ဒမီ၏ အနေအထားကို ပြောစရာလိုမည်မထင်ပေ။ ရုတ်တရက် သဟွသိုင်းပညာ အကယ်ဒမီဟူ၍ ပြောင်းလဲခြင်းက တည်ငြိမ်နေသည့် ကန်ရေပြင်သို့ ကြီးမားသည့် ကျောက်တုံးတစ်ခု ကျဆင်းသွားသည့်နှယ် ရှိသည်။
အတွင်းကိစ္စများကို သိရှိသူများက ထောက်ခံမှုအား ပြသကြသည်။ ခဏတာအတွင်း အတွင်းဘက်နယ်မြေကို သဟွဟူ၍ ပြောင်းလဲသင့်သည်ဟူသည့် အသံတခု ထွက်ပေါ်လာခဲ့၏။
ခရမ်းရောင်တိမ်နိုင်ငံနှင့် ယန်နိုင်ငံတို့၏ ဖိအားမှာ ကြီးစွာ တိုးပွားလာခဲ့သည်။ သို့ပေမယ့် သဟွမှာ ယွဲ့နိုင်ငံကို သိမ်းပိုက်ပြီးနောက် ကျေနပ်မှုရသွားသည့်အလား တည်ငြိမ်စွာ ရှိနေဆဲရှိ၏။
အပြင်ဘက်လောကရှိ အရှုပ်အထွေးများသည် ချန်းလန်ကျွန်းအား သက်ရောက်ခြင်းမရှိပေ။ ကြောင်နီမှာ ဝကစ်ကြောင်လေးသဖွယ် စုလင်းရှုံ၏ ဘေးတွင် ရစ်ဝဲနေပြီး ချစ်ဖို့ကောင်းစွာ ပြုမူရင်းမှ ဒန်ဆေးလုံးများကို ဆုကြေးအဖြစ် တောင်းခံ၏။
စုလင်းရှုံက သဘောကျစွာ ကိုင်ညှစ်ရင်းမှ ဆေးလုံးများကို ပေးသည်။
ဒီအတောအတွင်းတွင် ရှီအာသည် ကြောင်နီ၏ ကျိုးကြောင်းဆီလျော်မှုမရှိသည့် တောင်းဆိုချက်ကြောင့် အခက်တွေ့နေ၏။
လိုအပ်ပါက သေးနိုင်၊ ကြီးနိုင်သည့် ရွှေကြိုးတစ်ခုကို လိုချင်နေလေသည်။ ထိုအခါမှသာ မူလအသွင်သို့ ပြန်လည်ကြီးထွားပါက လည်ပင်းတွင် ရွှေဆွဲကြိုးအား ဆက်လက်ဆွဲထားနိုင်မည် ဖြစ်သည်။ အရွယ်အစား သေးလိုက်လျှင်လည်း တောနေမည် ဖြစ်၏။
ဤသည်က အဓိပ္ပါယ်မရှိဘူး မဟုတ်ပေဘူးလား။
ရှီအာမှာ အလွန်ဒေါသထွက်နေ၏။ ကြောင်နီက လက်စားကြည့်နေသည်ပင်။
ကြောင်နီကတော့ ကိုတောင်းဆိုချက်ကို အဓိပ္ပာယ်ရှိသည်ဟု ယုံကြည်၏။ ထို့ကြောင့် ခဏတိုင်းတွင် ရှီအာကို ရွှေကြိုးအကြောင်း မေးမြန်းကာ အဆင်သင့်မဖြစ်ပါက လက်တဖက်တည်းနှင့် ရှီအာကို ရွှံ့များအတွင်း၌ ဖိထားလေ့ရှိသည်။
လီရွှမ်သည် ကုလားထိုင်ပေါ်တွင်ထိုင်ကာ သူ၏လက်ထဲ၌ ထိုက်ချန်းစာအုပ်ကို ကိုင်ထား၏။ ရှီအာနှင့် ကြောင်နီတို့အကြား ရန်ပွဲကို အာရုံထားခြင်း မရှိပေ။
ဖိအားမရှိပါက မည်သည့်နေရာမှ ယှဉ်ပြိုင်လိုစိတ်တို့ ပေါ်လာမည်နည်း။
ရှီအာတစ်ယောက် အသည်းအသန် စတင်ကျင့်ကြံလာခဲ့သည်။ ခွန်အားကိုမြှင့်တင်ရန် မျှော်လင့်ပြီး ကြောင်နီကို ပြန်လည်ရိုက်နှက်လို၏။ အခွင့်အရေးမရှိကြောင်းအား နားလည်လျှင်တောင် ဖြစ်သည်။
သို့ရာတွင် သူ၏ အားကြိုးမာန်တက် ကျင့်ကြံလိုမှုမှာ အသိအမှတ်ပြုဖွယ် ကောင်းပါသည်။
ဝိညာဉ်အခြေ၏ အထက်တွင် တာအိုရွှေစာအုပ်က ပွင့်လာပြီး လီရွှမ်က ကျင့်စဉ်တစ်ခုကို ရေးချသည်။
ဒီဗိုင်းဆန္ဒာအဆင့်အထက်ရှိ ကျင့်စဉ်ကို ဖန်တီးနေခြင်းဖြစ်၏။ ရွှီယန်မှာ ထုံးရွှမ်အဆင့်၏ အကြီးစားကျွမ်းကျင်မူသို့ ရောက်ရှိရန် မဝေးတော့ပေ။
ရုတ်တရက် တာအိုရွှေစာအုပ်မှ ရွှေရောင်အလင်းတစ်ခု ပေါ်လာခဲ့သည်။
"သင်၏တပည့် စုလင်းရှုံသည် ဒန်ဆေးသိုင်းပညာခြမ်း၏ အဆင့်မြင့်အဆင့် ရှေ့ပြေးပုံစံအား နားလည်သဘောပေါက်လာခဲ့သည်။ သင်သည် ဒန်ဆေးသိုင်းပညာကျမ်း၏ ဒုတိယအဆင့်ကို ရရှိသည်"
စုလင်းရှုံသည် ဒန်ဆေးသိုင်းပညာကျမ်းကို လေ့လာနေပြီး နောက်ဆုံးတွင် အဆင့်ချိုးဖျက်မှုတစ်ခု ပြုနိုင်ခဲ့သည်။
လီရွှမါက ပြုံးသည်။ ဒန်ဆေးသိုင်းပညာကျမ်း၏ ဒုတိယအဆင့်တွင် ၎င်းသည် ပိုမိုပြည့်စုံလာပြီး ဆေးပညာနှင့်ပေါင်းစပ်သည့် သိုင်းအတတ်တို့သည် ပိုမိုများပြားကာ ကောင်းမွန်လာခဲ့သည်။
အထူးသဖြင့် ရွှေအပ်စိုက်ခြင်း အတတ်မှာ အလွန်နက်ရှိုင်းနေပြီး ဖြစ်၏။
"ဒန်ဆေးသိုင်းပညာ ဒုတိယအဆင့် ကျမ်းကို စုလင်းရှုံကို ပေးရမယ်.. အဲ့ဒါဆို သူမရဲ့ လေ့လာချိန်က ပိုမိုတိုတောင်းသွားပြီး တတိယအဆင့် ဒန်ဆေးသိုင်းပညာကို မကြာခင်မှာ သုတေသန ပြုလုပ်နိုင်မှာ ဖြစ်တယ်"
ပြုံးရွှင်စွာဖြင့် လီရွှမ်တစ်ယောက် စုလင်းရှုံကို ခေါ်လိုက်၏။
"နင်.. ထုံးရွှမ်အဆင့်ကိုရောက်တာ အချိန်တစ်ခုရှိပြီ.. ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်းအတတ်ကိုလည်း အနည်းနဲ့အများ တတ်မြောက်ပြီးလောက်ပြီ.. ဒန်ဆေးသိုင်းပညာကျမ်းကိုလည်း တတ်မြောက်လုနီးပြီ. ဒီနေ့မှာ ဆရာနင့်ကို ဒန်ဆေးသိုင်းပညာကျမ်းအသစ် သင်ပေးမယ်.. သေသေချာချာလေ့လာပြီး သုတေသနလုပ်"
စုလင်းရှုံက စိတ်လှုပ်ရှားစွာဖြင့် ခေါင်းညိတ်ကာ ပြောသည်။
"ဟုတ်ကဲ့ပါဆရာ.. တပည့် ကြိုးကြိုးစားစားနဲ့ လေ့လာပါ့မယ်"
လီရွှမ်က သူမကို ဒန်ဆေးသိုင်းပညာကျမ်း၏ ဒုတိယအဆင့်အား လက်ဆင့်ကမ်းပေး၏။
၎င်းကို လက်ခံရရှိပြီးနောက် စုလင်းရှုံတစ်ယောက် ဉာဏ်အလင်းတို့ ရလာခဲ့၏။ အစက နားမလည်ခဲ့သည့် နေရာများလည်း ပိုမိုရှင်းလင်းလာခဲ့သည်။
သူမ၏စိတ်ထဲတွင် တောက်ပသည့် အလင်းတစ်ခု လက်သွားသည့်အလား ဆက်လက်လေ့လာရမည့် လားရာကို ရှာတွေ့လာခဲ့သည်။
သူမသည် ဟင်းလင်းပြင် ဒန်ဆေးသန့်စင်ခြင်းအတက်ကို လေ့ကျင့်ရင်းမှ တစ်ချိန်တည်းတွင် ထုံးရွှမ်အဆင့်အတွက် လိုအပ်သည့် ဆေးလုံးများကို ပြုလုပ်ရန် ပြင်ဆင်သည်။
ရွှီယန်နှင့် မုန့်ချုံတို့သည် သဘာဝတရားရှစ်ပါး ပုံကြမကို ပြန်လည်လေ့လာခဲ့ကြ၏။ သေခြင်းရှင်ခြင်း ဓားစက်ဝန်းနှင့် လျှပ်တပြက်လေ ဓားဆန္ဒတို့ကို ထိုပုံကြမ်းမှ နားလည်သဘောပေါက်ခဲ့ခြင်း ဖြစ်သည်။
သဘာဝတရားရှစ်ပါး ပုံကြမ်းသည် သူတို့၏ခွန်အားကို မြှင့်တင်ရန်အတွက် လမ်းကြောင်း တစ်ခုဖြစ်ပြီး မုန့်ချုံလည်း သူ၏ဆေဘာအတတ်ကို မြှင့်တင်ရန် ကြိုးစားနေပါသည်။
တည်ငြိမ်စွာဖြင့် အချိန်များက ဆက်လက်ရွေ့လျားနေပြီး နှစ်ဝက်ကျော် ကုန်ဆုံးသွားခဲ့၏။
"သင်၏တပည့် ရွှီယန်သည် ထုံးရွှမ်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖြတ်ခဲ့သည်။ သင်၏ ဒီဗိုင်းဆန္ဒအဆင့်သည် အသေးစားကျွမ်းကျင်မှုအဆင့်သို့ တိုးမြင့်သွားသည်"
ရွှီယန်သည် ထုံးရွှမ်၏ အကြီးစားကျွမ်းကျင်မှုအဆင့်သို့ ချိုးဖျက်ခဲ့၏။ သူအဆင်ချိုးဖျက်ပြီး လဝက်အတွင်းတွင် မုန့်ချုံလည်း အဆင့်ချိုးဖျက်ခဲ့သည်။
"သင်၏တပည့် မုန့်ချုံသည် ထုံးရွှမ်အဆင့်၌ အဆင့်ချိုးဖျက်ခဲ့သည်။ သင်သည် ထုံးရွှမ်အဆင့်- ကြီးမြတ်သောနေ ရွှေခန္ဓာ၏ ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိခဲ့သည်။
သူတို့၏ခွန်အားက အသီးသီး တိုးတက်လာခဲ့၏။ နောက်သုံးလအတွင်းတွင် ရွှီယန်နှင့် မုန့်ချုံတို့သည် သဘာဝတရားရှစ်ပါး ပုံကြမ်းမှ သိုင်းပညာ အသစ်တို့ကို ဆက်တိုက်ကောက်နှုတ်ကာ သူတို့၏ခွန်အားက ကြီးမြင့်လာခဲ့၏။
စုလင်းရှုံလည်း သူမ၏ဆန္ဒအတိုင်း ဂေါ်ပြား သိုင်းပညာတစ်ခုကို နားလည်သဘောပေါက်လာခဲ့သည်။ နောက်ဆုံးတွင် ဒီဗိုင်းအပ်အတတ်မှလွဲ၍ နောက်ထပ် သေစေနိုင်သည့် သိုင်းပညာတစ်ခုကို ရရှိလာခဲ့၏။
"ကျင့်စဉ်က ပြီးမြောက်လောက်ပြီ.. ရွှီယန်ကို လက်ဆင့်ကမ်းပေးရမယ့် အချိန်ပဲ"
လီရွှမ်က နေပူများကို မှုတ်ထုတ်သည်။ နောက်ဆုံးတွင် ဒီဗိုင်းဆန္ဒအဆင့်၏ အထက်ရှိ ကျင့်စဉ်ကို ဖန်တီးမှုပြီးဆုံးသည်။ ရွှီယန်အား လက်ဆင့်ကမ်း ပေးရမည် ဖြစ်၏။ သူသာ နားလည်သဘောပေါက်နိုင်ပါက လီရွှမ်၏ ခွန်အားမှာ ဆက်လက်မြင့်တက်လာမှာ ဖြစ်သည်။
ချန်းလန်ကျွန်းသည် လောကအပြင်ဘက်သို့ ရောက်ရှိနေသည့်နှယ် အေးချမ်းလှ၏။
တစ်ဖက်ရှိ အတွင်းဘက်နယ်မြေမှာတော့ ငြိမ်းချမ်းမှုနှင့် ကင်းကွာလှပါသည်။ လင်းာွီဂိတ်တံခါး၏ အကြောင်းသည် စစ်ဘုရင်များအကြား ပျံ့နှံ့လာခဲ့၏။
အတွင်းဘက်နယ်မြေရှိ သိုင်းသမားများ လင်းနယ်မြေသို့ ရောက်ရှိပြီးနောက် အထင်သေးခံရကာ စော်ကားခံရသည့် ကိစ္စလည်း ကျယ်ကျယ်ပြန့်ပြန့် ပျံ့နှံ့လာခဲ့သည်။
အစပိုင်းတွင် မယုံကြည်သူများ ရှိခဲ့၏။ သို့ပေမယ့် ဝင်ရောက်ပြီးနောက် သေဆုံးကာ ပြန်လည်လွှင့်ပစ် ခံခဲ့ရသည်။
ကောင်းကင်လူသား ဖြစ်နိုင်ရန်အတွက် လင်းနယ်မြေသို့ဝင်ရောက်ပြီးနောက် ဒူးထောက်မှုပြုကာ ကောင်းကင်လူသားကျင့်စဉ်အား ရရှိရန် တိုးရှိုးတောင်းပန်သည့် စစ်ဘုရင်များပင် ရှိ၏။
ရလဒ်အနေနှင့် ထုံးစံအတိုင်း အထင်သေးခြင်းခံရကာ အမှိုက်ပါရမီနှင့် ကောင်းကင်လူသား ကျင့်စဉ်အား မထိုက်တန်ဟု ပြောဆိုခြင်းခံခဲ့ရ၏။
တစ်ကြိမ်တွင် စစ်ဘုရင်များစွာတို့ ပူးပေါင်းကာ လင်းနယ်မြေအတွင်းသို့ အတူတူ ချိုးဖျက်ဝင်ရောက်ခဲ့ကြသည်။ သို့ပေမဲ့ သူတို့အားလုံး သေဆုံးကာ အလောင်းများအဖြစ် ပြန်ထွက်လာခဲ့၏။
ယခုအချိန်၌ အတွင်းဘက်နယ်မြေရှိ သိုင်းသမားများ၏ နှလုံးသားထဲရှိ ဒေါသကို စိတ်ကူးကြည့်နိုင်ပါသည်။
ခွန်အားအဆင့်ဖြင့် အနိုင်ကျင့်ခြင်းမပြုသည့် ချန်းလန်ကျွန်းပေါ်ရှိ ဆရာကြီးကို တွေးမိကာ လင်းနယ်မြေရှိ ကောင်းကင်လူသားများနှင့် နှိုင်းယှဉ်မိ၏။ ထိုလူများသည် အမှိုက်များ ဖြစ်ကြသည်။