← Chapters

လင်းနယ်မြေမှ ရောက်ရှိလာသူများ(၂)

Vol. 25 Ch. 374

လင်းနယ်မြေမှ ရောက်ရှိလာသူများ(၂)

Vol. 25 Ch. 374

ခဏတာအတွင်း ချန်းလန်ကျွန်းပေါ်မှ သူတော်စင်အပေါ် လေးစားမှုတို့ မြင့်တက်လာခဲ့၏။ လင်းယွီဂိတ်တံခါးမှာ ပျောက်ကွယ်သွားခြင်း မရှိပေမယ့် ၎င်းသည် ပွင့်လာခြင်း မရှိတော့ပေ။ အတွင်းဘက်မှ လူများ၏ စကားအရ သူတို့သည် ခွေးများ၊ ဝက်များကဲ့သို့ နိမ့်ကျသူများကို အလွန် စိတ်အနှောင့်အယှက် ဖြစ်သွားပုံ ပေါ်သည်။

လင်းနယ်မြေတွင်..

ရွှေရှင်းနန်းတော်မှာ လင်းနယ်မြေရှိ စိတ်ဝိညာဉ်ဂိုဏ်းတစ်ခု ဖြစ်သည်။ ပထမတန်းစား စိတ်ဝိညာဉ်ဂိုဏ်းများလောက် မကောင်းပေမယ့် ၎င်းသည် သူ၏ ကိုယ်ပိုင်ဒေသတစ်ဝိုက်တွင် ထိပ်တန်းအင်အားစုတစ်ခု ဖြစ်သည်။

တင့်တယ်သည့် စံအိမ်တစ်ခု၏ အတွင်းတွင် လှပသည့် အမျိုးသမီး တစ်ယောက်က မျက်မှောင်ကြုတ်စွာဖြင့် မေးနေ၏။

“ကျောင်မင်က ဘာဖြစ်တာလဲ.. ဒီလောက်တောင် ကြာနေပြီ.. ပြန်မလာသေးဘူးလား

“သခင်မလေး.. ဖြစ်နိုင်တာက အတွင်းဘက်နယ်မြေကို လှည့်လည်ရင်းက သူနှောင့်နှေးနေတာ ဖြစ်မယ်”

အစေခံဝတ်စုံနှင့် အမျိုးသမီးတစ်ယောက် ပြောသည်။

“ဟန့်.. အတွင်းဘက်နယ်မြေက ခွေးလိုဝက်လို နိမ့်ကျတဲ့လူတွေနဲ့ ပြည့်နေတဲ့ စုတ်စုတ်ပဲ့ပဲ့ နေရာတစ်ခု သက်သက်ပဲ… ဘာပျော်စရာ ရှိမှာလဲ.. ကျောင်မင်က အလုပ်လုပ်ရာမှာ တော်တော်ညံ့ဖျင်းတာပဲ.. ပြန်လာပြီးမှ ကောင်းကောင်း ပညာပေးရမယ်”

လှပသည့် အမျိုးသမီးက ကျေနပ်မှုမရှိစွာ ပြောသည်။

သူမ၏ စကားထဲတွင် အတွင်းဘက်နယ်မြေအပေါ် အထင်သေးမှုကို ထင်ရှားစွာ တွေ့မြင်နိုင်၏။

“သခင်မလေးပြောတာ မှန်တယ်”

အစေခံက သဘောတူစွာ ခေါင်းညှိတ်သည်။

ခဏတာ တုံ့ဆိုင်းနေပြီးနောက် သူမက ထပ်ပေါင်းပြော၏။

“သခင်မလေး.. ကျောင်မင်ကို အတွင်းဘက်နယ်မြေက တစ်ယောက်ယောက်ကို သွားဖမ်းခိုင်းတဲ့ ကိစ္စကို သခင်လေးသာ သိသွားရင် ကျွန်မတို့ ဘယ်လိုလုပ်ကြမလဲ”

လှပသည့် အမျိုးသမီးက နှာခေါင်းရှုံ့ကာ အေးစက်စွာ ပြောသည်။

“အဲ့တော့ ဘာဖြစ်လဲ.. သူသိသွားရင်တောင် ဘာလုပ်နိုင်မှာလဲ.. အတွင်းဘက်နယ်မြေက အောက်တန်းစားတစ်ယောက်အတွက် ငါ့ကို သတ်ဦးမှာလား”

“တစ်ဖက်လူရဲ့ ဆွဲဆောင်မှုကို သူမခံနိုင်တာက ကိစ္စတစ်ခုပဲ.. ဒါပေမယ့် အတွင်းဘက်နယ်မြေလို ခွေးလို ဝက်လိုလူတွေနဲ့ အောက်တန်းကျတဲ့ နေရာတစ်ခုကို သွားပြီး မျိုးမစစ်တစ်ယောက်ကို ချန်ထားခဲ့သေးတယ်”

“ဒါက တကယ့်ကို ရှက်ဖို့ကောင်းလွန်းတယ်.. ငါထန်ကျင်းယန်က ကိုယ့်ယောကျားကိုယ် မထိန်းချုပ်နိုင်တာတင် လူရယ်စရာ ဖြစ်နေပြီ’

“ငါ့ယောက်ျားက အတွင်းဘက်နယ်မြေလို နေရာမျိုးမှာ မျိုးမစစ်တစ်ယောက် ချန်ထားခဲ့တာကိုသာ အခြားလူတွေ သိကုန်ကြရင် ငါ့မျက်နှာကို လူကြားထဲမှာ ဘယ်လို ပြရဲတော့မှာလဲ”

ထန်ကျင်းယန်တစ်ယောက် ပြောလေလေ ပိုမိုဒေါသထွက်လေ ဖြစ််လာခဲ့သည်။

“ဒါပေမယ့် အဲ့ဒီလူကို သခင်လေးက တကယ် ဂရုစိုက်ရင်ရော.. ပြီးတော့ အဲ့လူက ပါရမီအထူး ကောင်းမွန်နေရင်ရော.. မူမိသားစုသာ သိသွားရင် သူတို့တွေ…”

အစေခံက စိုးရိမ်မှုအချို့နှင့် သူမ၏အတွေးကို ဆက်လက်ပြောသည်။

“ဂရုစိုက်တယ်.. သူ့မှာ ဘာကိုဂရုစိုက်ပိုင်ခွင့် ရှိလို့လဲ.. ငါက သူ့မယားပဲ.. ငါ့ကိုကျ ဂရုမစိုက်တော့ဘူးလား.. ပြီးတော့ ပါရမီကတော့.. အတွင်းဘက်နယ်မြေလို ခွေးထက်ဝက်ထက် မသာလွန်တဲ့လူတွေနဲ့ နေရာတစ်ခုမှာ ဘယ်သူက ဘယ်လိုပါရမီမျိုး ရှိနိုင်မှာလဲ.. အဲ့ဒါက မုမိသားစု သွေးမျိုးဆက်အတွက် အညစ်အကြေးတစ်ခု သက်သက်ပဲ။ မုမိသားစုက အကြီးအကဲတွေသာ သိသွားရင် အရှက်ရမှာစိုးလို့ အဲ့မျိုးမစစ်ကို သွားတောင်သတ်ကြမှာ”

ထန်ကျင်းယန်က အေးစက်စွာ ရယ်၏။

“ခွေးကောင်ကျောင်မင်.. အဲ့လို နိမ့်ကျတဲ့နေရာမှာ သွားပြီး ပျော်ပါးနေတာလား.. ဖင်အာကို အတွင်းဘက်နယ်မြေကို သွားခိုင်းလိုက်… လူကို ပြန်ခေါ်လာခဲ့.. ကျောင်မင်ကို ပြောခိုင်းလိုက်.. ချက်ချင်း ပြန်မလာဘူးဆိုရင် အဲ့နိမ့်ကျတဲ့ နေရာမှာ ထာဝရ နေသွားရမယ်လို့”

ထန်ကျင်းယန်က ဒေါသတကြီး ပြောသည်။

“ဟုတ်ကဲ့ပါ သခင်မလေး”

အစေခံက ပြန်ကြားသည်။

လင်းယွီဂိတ်တံခါးသည် တောင်နှစ်ခု၏ အကြားတွင် ရှိ၏။ ဂိတ်ရှေ့တွင် ကြီးမားသည့် နန်းတော်ကြီးတစ်ခုကို တည်ဆောက်ထားသည်။ လူလတ်ပိုင်းလူကြီး နှစ်ယောက်တို့က ဂိတ်ကို စောင့်ကြပ်နေကြ၏။ ပုံရိပ်နှစ်ခုတို့ ကောင်းကင်မှ သက်ဆင်းလာကာ နန်းတော်အတွင်းသို့ ဝင်ရောက်သွားသည်။ ထို့နောက် မူလက စောင့်ကြပ်နေကြသည့် လူနှစ်ယောက်နေရာတွင် အစားဝင်၏။

“လင်းယွီဂိတ်တံခါးပွင့်တာ တစ််နှစ်နီးပါး ရှိတော့မယ်… ဝင်လာတဲ့ ခွေးလိုဝက်လိုကောင်တွေ အားလုံးကို သတ်ပစ်တာ(သို့) ပြန်လွှင့်ပစ်လိုက်တာတွေ လုပ်ရတာ မနည်းတော့ဘူး.. ဘာလို့များ တံခါးက မပိတ်ရသေးတာလဲ”

“အတွင်းဘက်နယ်မြေက ကျောက်စိမ်းတံဆိပ်ပြားကို ကိုင်ဆောင်သူတွေ ဝင်ရောက်နိုင်ဖို့အတွက် တရားဝင် ဂိတ်တံခါးပွင့်မယ့် အချိန်က မရောက်သေးပဲနဲ့ကို”

အစားထိုးလာသည့် သိုင်းသမားတစ်ယောက်က မျက်မှောင်ကြုတ်ကာ ပြောသည်။

“ရွှေရှင်းနန်းတော်က ကျောင်မင် အတွင်းဘက်နယ်မြေကို သွားတာ ပြန်မလာသေးဘူး.. စည်းမျဉ်းအရဆို သူပြန်လာပြီးရင် ငါတို့တွေ ဂိတ်တံခါးကို လုံးဝ ပိတ်လို့ရပြီ”

မူလအစောင့် တစ်ယောက်က ပြောသည်။

လက်လွှဲမှုတို့ ပြီးဆုံးပြီးနောက် သိုင်သမားတစ်ယောက်က သက်ပြင်းချကာ ပြောသည်။

“သွေးနတ်ဆိုးက သေတာ ဒီလောက်ကြာပြီး ပြာတောင် မကျန်တော့ဘူး.. ဘယ်လိုလုပ်ပြီး ပြန်လာနိုင်မှာလဲ.. ဒါက အရမ်းကြီး သတိကြီးလွန်းသွားပြီမလား”

“ပြီးတော့ ထိုက်မြောင်ဂိုဏ်းက ဟိုတစ်ယောက်လည်း အတွင်းဘက်နယ်မြေကို ဝင်ပြီး သွေးနတ်ဆိုးကို သတ်ခဲ့တယ်မလား.. ပြီးတော့ စွန့်ပြစ်ဒေသမှာ မြှုပ်နှံခဲ့တယ်”

နောက်ထပ် သိုင်းသမားတစ်ယောက်က သက်ပြင်းချကာ ပြောသည်။

“သွေးနတ်ဆိုးရဲ့ ကပ်ဘေးက ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလိုက်လဲ.. စိတ်ဝိညာဉ်သန့်စင်ခြင်း ကောင်းကင်လူသားတွေကိုတောင် ထိတ်လန့်သွားစေခဲ့တယ်.. မင်းလည်းသိတာပဲ.. သွေးနတ်ဆိုးက သုံးကြိမ်တိုင်အောင် ပြန်လည်ရှင်သန်လာခဲ့တယ်… အဲ့တုန်းကလည်း သူ့ကို လုံးဝ ဖျက်ဆီးပြီးပြီလို့ ထင်ခဲ့တယ်မလား”

“ပြီးလည်းပြီးရော ဘာဖြစ်ခဲ့လဲ.. သူပြန်လာပြန်ပြီး အတွင်းဘက်နယ်မြေမှာ သွေးလွှမ်းတဲ့ ကပ်ဘေးတစ်ခု ဖြစ်ပွားခဲ့သေးတယ်”

ခဏတာအတွင်း လေးယောက်သား တိတ်ဆိတ်သွားကြသည်။

သွေးနတ်ဆိုးမှာ စိတ်ဝိညာဉ်နယ်ရှိ သိုင်းလောက၏ သမိုင်းတွင် ဖျောက်ဖျက်လို့မရသည့် ပုံရိပ်တစ်ခု ဖြစ်သည်။ စစ်မှန်စွာ အနှိုင်းမဲ့သည့်် နတ်ဆိုးတစ်ကောင် ဖြစ်၏။ မရေမတွက်နိုင်သည့် လူများကို သတ်ဖြတ်ကာ သိုင်းသမား တစ်မီလီယံကျော်ကို သွေးစတေးမှု ပြုခဲ့သည်။

သုံးကြိမ်တိုင်အောင် ကျဆုံးပြီး သုံးကြိမ်တိုင်အောင် ပြန်လည်ထကြွခဲ့သည်။ အလွန်မြင့်မြတ်သည့် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားများပင်လျှင် သူ၏လက်ထဲတွင် တစ်ယောက်နှစ်ယောက်မက သေဆုံးခဲ့သည်။

နောက်ဆုံးတိုက်ပွဲတွင် သွေးနတ်ဆိုးသည် အတွင်းဘက်နယ်မြေသို့ ထွက်ပြေးကာ စွမ်းအားကြီးမားသည့် သိုင်းသမားတစ်စုက သူ၏နောက်မှ လိုက်လံခဲ့ကြ၏။ ထိုလိုက်သွားသူ မည်သူမှ ပြန်မလာခဲ့ကြပေ။

ဒုတိယအကြိမ်တွင် စွမ်းအားကြီးမားသည့် သိုင်းသမားများ အတွင်းဘက်နယ်မြေသို့ ထပ်မံဝင်ရောက်ကာ လင်းယွီဂိတ်တံခါး၏ သမိုင်းမှတ်တမ်းနှင့် တည်ရှိမှု အားလုံးတို့ကို ဖျောက်ဖျက်ခဲ့သည််။

ထိုက်မြောင်ဂိုဏ်းမှ ထိုလူက သွေးနတ်ဆိုးကို သတ်ဖြတ်ခဲ့လျှင်တောင် မည်သူမှ ပေါ့ဆရဲခြင်း မရှိပေ။ လင်းယွီဂိတ်တံခါးအား လုံးဝ ပိတ်လိုက်ခြင်းနှင့် စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသား၏ ခေါင်းစေမှုများမှာ သွေးနတ်ဆိုး၏ လင်းနယ်မြေသို့ ပြန်လာမည့် ဖြစ်နိုင်ချေကို ဖြတ်တောက်ခြင်းထက် မပိုပေ။

ဘာပဲဖြစ်ဖြစ် အတွင်းဘက်နယ်မြေရှိ သိုင်းပညာလမ်းစဉ်သည် အကန့်အသတ် ရှိ၏။ သွေးနတ်ဆိုးအနေနှင့် အတွင်းဘက်နယ်မြေ တစ်ခုလုံးကို စတေးပစ်လိုက်လျှင်တောင် အထွတ်အထိပ် ခွန်အားကို ပြန်လည်ရရှိနိုင်မည် မဟုတ်ပေ။

အချိန်ကျလာပါက သူတို့သည် အတွင်းဘက်နယ်မြေသို့ ထပ်မံဝင်ရောက်ကာ သွေးနတ်ဆိုးကို ထိုနရောတွင် အပြီးတိုင် သတ်ဖြတ်နိုင်မည့် အခွင့်အရေးတို့ ရလာမှာ ဖြစ်သည်။

အချိန် တွက်ချက်မှုအရ လင်းယွီဂိတ်တံခါးမှာ ပြန်ပွင့်တော့မည်ဖြစ်ကာ အတွင်းဘက်နယ်မြေတွင် မျိုးစေ့ချထားသည့် သတင်းအချက်အလက်များအရ သွေးနတ်ဆိုးမှာ လံးဝ ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်ကြောင်းအား ပြသနေသည်။

ယခုမျှ အချိန်ကြာလွန်ခဲ့ပြီ ဖြစ်ကာ မည်သည့် အစအနမှ မပေါ်လာခဲ့ပေ။ အမှန်တကယ် သေဆုံးသွားတာ ဖြစ်နိုင်၏။

“လွန်ခဲ့တဲ့ နှစ်နှစ်ဆယ်တုန်းကလည်း.. မုမိသားစုက ငရှုပ်သခင်လေး အတွင်းဘက်နယ်မြေမှာ နှစ်ပေါင်းများစွာ သွာားနေခဲ့တယ်… သွေးနတ်ဆိုးရဲ့ သဲလွန်စကို ရှာဖွေခဲ့တယ်.. ဒါပေမယ့် ဘာမှ ရှာမတွေ့ခဲ့ဘူး.. သွေးနတ်ဆိုးက လုံးဝ သေဆုံးသွားတာ ဖြစ်လိမ့်မယ်”

သိုင်းသမားတစ်ယောက်က လေးနက်စွာ ပြောသည်။

ထို့နောက် စဉ်းစားမှုပြုကာ ဆက်လက်ပြောသည်။

“ကျောင်မင်က ရွှေရှင်းနန်းတော်ကပဲ.. မုမိသားစု သခင်လေးရဲ့ ဇနီးက ရွှေရှင်းနန်းတော်ရဲ့ သခင်မလေးပဲ… ကျောင်မင်ရဲ့ အတွင်းဘက်နယ်မြေကို ဝင်ရောက်မှုက…”

နောက်တစ်ယောက်က ကြားဖြတ်ကာ ပြောသည်။

“အဲ့ကိစ္စတွေက ငါတို့နဲ့ ဘာမှ မဆိုင်ဘူး.. ငါတို့က စိတ်ဝိညာဉ်ဂိုဏ်းတွေရဲ့ အမိန့်ကို နာခံရုံပြီး စောင့်ကြပ်နေရုံပဲ…”

“အရမ်းကြီး သိတာကလည်း ကိစ္စကောင်းတစ်ခု မဟုတ်ဘူး။ ဆိုးရွားတဲ့ အကျိုးဆက်တွေတောင် ဖြစ်လာနိုင်တယ်။ ငါတို့တွေ ကိုယ့်တာဝန်ကိုယ်ပဲ လေးလေးနက်နက် လုပ်ဆောင်သင့်တယ်”

ကျန်လူများက သဘောတူစွာ ခေါင်းညှိတ်ကြသည််။ ထိုအချိန်၌ ဆွဲဆောင်မှုရှိသည့် ပုံရိပ်တစ်ခု ပေါ်လာ၏။

“လင်းယွီဂိတ်ကို ဖွင့်ဦး”

ပန်းရောင်ဝတ်စုံနှင့် အမျိုးသမီးက ဆွဲဆောင်မှုရှိသည့် မျက်နှာနှင့် ပြောသည်။ သူမ၏ လှပသည့် မျက်နှာသည် အနည်းငယ် ပန်းနုရောင်သန်းနေ၏။

ဂိတ်တံခါးအား စောင့်ကြပ်သူများသည် လန့်သွားကြပြီးနောက် ဆက်လက် ကြည့်ရှုရဲခြင်း မရှိကြတော့ပေ။ တံခါးကို အမြန်ဖွင့်ပေး၏။

အမျိုးသမီးက တံခါးဆီသို့ ဝင်ရောက်သွားပြီးနောက် တစ်ယောက်က သံသယဖြင့် မေးသည်။

“သူမက ရွှေရှင်းနန်းတော်ကလား”

“ဟုတ်တယ်.. သူမရဲ့ နာမည်က ဖင်းအာ.. ပြောကြတာတော့…”

ထိုလူက သူ၏အသံကို နှိမ့်ကာ ပြောသည်။

“ပြောကြတာတော့ သူမက တော်တော်လေး ကာမဆက်ယှက်မှု ရှုပ်ထွေးတယ်တဲ့.. ချောမောတဲ့ လူငယ်တွေနဲ့ မကြာခဏ တတွဲတွဲလုပ်နေပြီး သူမရဲ့ ပုံစံကိုက အမြဲလိုလို ညှို့ယူနေသလိုပဲ”

“ငါ့ရဲ့ အသားအရေက ကြမ်းတမ်းတာကိုပဲ နောင်တရတယ်။ မဟုတ်ရင် သူမနဲ့ နည်းနည်းလောက် ပျော်လိုက်ရရင် တော်တော်ကောင်းမှာ”

တစ်ယောက်က သူ၏မျက်နှာကို ထိရင်းက နောင်တရစွာ ပြောသည်။ ကျန်လူများလည်း ခေါင်းညှိတ်ကြ၏။ ဖင်းအာသည် သူမ၏ အလှဖြင့် ကျော်ကြားကာ များပြားလှသည့် ဆွဲဆောာင်ခြင်း အကွက်များကို သိထားသည်ဟု ပြောကြသည်။

လင်းယွီဂိတ်တံခါးက ပွင့်လာပြန်၏။ ထန်းပေါင်စံအိမ်မှ စွမ်းအားကြီးပုဂ္ဂိုလ်များကို စိုးရိမ်သွားစေသည်။ အဘယ်ကြောင့် နောက်ထပ်တစ်ယောက် ဝင်လာရသနည်း။ တစ်ဖက်လူမှာ အမျိုးသမီးတစ်ယောက် ဖြစ်သည်။

ဖင်းအာက လင်းယွီဂိတ်တံခါးမှ လျှောက်ထွက်လာပြီးနောက် ပတ်ဝန်းကျင်ကို ကြည့်ကာ အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ မနှစ်မြို့မှုအချို့ ပေါ်လာ၏။

“နိမ့်ကျတဲ့ လူတွေရဲ့ နေရာက စိတ်ဝိညာဉ်စွမ်းအင်က တကယ့်ကို ပါးလျတာပဲ”

သူမက ရေရွတ်သည်။

အတွင်းဘက်နယ်မြေသို့ လာရောက်ခြင်းမှာ လူရှာရန်ဖြစ်သည်။ သို့ပေမယ့် မည်သည့်နေရာအား သွားရမည်ကို သူမမသိပေ။

ကျောင်မင်… ထိုခွေးကောင်သည် အတွင်းဘက်နယ်မြေသို့ လာရောက်ပြီးနောက် အချိန်အတော်ကြာအောင် ပြန်မလာခဲ့ပေ။ ဒီနိမ့်ကျသည့် နေရာသည် တော်တော် ဆွဲဆောင်မှု ကောင်းနေသည်လား။ သို့မဟုတ် ဒီနေရာရှိ မိန်းကလေးများနှင့် ပျော်ပါးနေသည်လာ..

ဖင်းအာတစ်ယောက် ကျိန်ဆဲမိသည်။

“ဒီလို နိမ့်ကျတဲ့ နေရာမှာ ရုပ်ရည်လှတဲ့ အမျိုးသမီးတွေ ရှိနေရင်တောင် သူမတို့က ဘယ်လောက် လှနိုင်ကြမှာလဲ… ဘယ်လောက်ပဲလှလှ နိမ့်ကျတာက နိမ့်ကျတာပဲ”

သူမသည် အနည်းငယ် ဒေါသထွက်စွာ ခံစားနေရ၏။ ကျောင်မင်၏ အသုံးမကျမှုကြောင့်သာ မဟုတ်ပါက အတွင်းဘက်နယ်မြေကဲ့သို့ နေရာကို အဘယ်ကြောင့် လာရောက်ရန် လိုအပ်မည်နည်း။

ရုတ်တရက် ခေါင်းကိုမော့ကာ အဝေးရှိ တောင်ထွတ်တစ်ခုဆီသို့ အကြည့်ရောက်သွားသည်။ ထန်းပေါင်စံအိမ်ရှိ စွမ်းအားကြီး ပုဂ္ဂိုလ်များ၏ မျက်နှာက ချက်ချင်းပင် ပြောင်းလဲသွား၏။

“စံအိမ်သခင်.. သူမ ဒီဘက်ကို လာနေတယ်”

ခရမ်းရောင်သရဖူနှင့် လူ၏ မျက်နှာမှာလည်း မရေရာစွာ ရှိနေ၏။ လက်ထဲရှိ ကျောက်စိမ်းတံဆိပ်ပြားတစ်ခုကို ကိုင်ဆောင်ကာ အနည်းငယ် ဦးညွှတ်ရင်းက အသံလွှဲပြောင်းလိုက်သည်။

“လေးလေးစားစား နေကြ”

ထန်းပေါင်စံအိမ်ရှိ လူများမှာ သတိကြီးသွားကြသည်။ အဘယ်ကြောင့်ဆိုသော် စိတ်ဝိညာဉ်နယ်မြေရှိ လူများသည် စိတ်အခန့်မသင့်သည်နှင့် သတ်ဖြတ်တတ်သည်ကို သူတို့ သိကြသောကြောင့် ဖြစ်၏။

အတွင်းဘက်နယ်မြေရှိ သိုင်သမားများကို တိရစ္ဆာများသဖွယ် အမှန်တကယ် ယူဆထားကြသည်။

အလျှင်အမြန် ဦးညွှတ်ကာ သူမ၏ ရောက်ရှိလာမှုအတွက် စောင့်စားကြ၏။

ဖင်းအာက တင့်တယ်စွာဖြင့် သူတို့ဆီသို့ ချဉ်းကပ်လာခဲ့သည်။ ထန်းပေါင်စံအိမ်ရှိ လူများ၏ အသွင်အပြင်ကို ကြည့်ကာ ကျေနပ်စွာ ပြုံး၏။

အမှန်တကယ်ကို နိမ့်ကျသူများ ဖြစ်ကြသည်။ သို့ပေမယ့် သူတို့နေရာကို သိကြ၏။

“ကောင်းပြီလေ… ဒါဆိုလည်း နင်တို့ကို အပြစ်မပေးတော့ဘူး”

ထို့နောက် ဖင်းအာက ပြောသည်။

“လင်းယွီဂိတ်တံခါးကနေ ဝင်လာခဲ့တဲ့တစ်ယောက် ဘယ်နေရာမှာလဲ”

ကျောင်မင်မှာ ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။ အတွင်းဘက်နယ်မြေတွင် ဒီလောက် အချိန်အတော်ကြာအောင် နေထိုင်ခဲ့ရာ တော်တော်လေး လှုပ်လှုပ်ရှားရှား လုပ်ထားလောက်မှာပါ။ ဒီနေရာရှိ အင်အားစုအားလုံးတို့ သူ၏နေရာကို သိလောက်၏။

“ကောင်းကင်လူသားကို တင်ပြပါတယ်.. ကျွန်တော်တို့တွေ အဲ့ဒီစီနီယာရဲ့ နေရာကို မသိပါဘူး။ သူအတွင်းဘက်နယ်မြေကို ဝင်ရောက်ပြီးကတည်းက ကျွန်တော်တို့ သူ့အကြောင်း ဘာမှ မကြားရတော့ပါဘူး”

ခရမ်းရောင်သရဖူနှင့်လူက လေးစားစွာ ဖြေကြားသည်။

“ဟန်”

ဖင်းအာက မျက်မှောင်ကြုတ်သွားပြီး သူမ၏အကြည့်က အေးစက်သွားသည်။ ခရမ်းရောင်သရဖူနှင့်လူကို စူးစိုက်စွာ ကြည့်၏။

“ကောင်းကင်လူသား.. ကျွန်တော်ပြောတဲ့ စကားတိုင်းက အမှန်ပါပဲ.. လိမ်ညာဖို့ မဝံ့ပါဘူး”

ခရမ်းရောင်သရဖူနှင့် လူမှာ ချွေးများ ထွက်လာပြီး အမြန်ပြောသည်။

All Chapters