← Chapters

ဒီဗိုင်းဆန္ဒအဆင့်ရဲ့ အထက်က ဒီဗိုင်းယွမ်နဲ့စွမ်းအား အဆင့်ပဲ

Vol. 25 Ch. 375

ဒီဗိုင်းဆန္ဒအဆင့်ရဲ့ အထက်က ဒီဗိုင်းယွမ်နဲ့စွမ်းအား အဆင့်ပဲ

Vol. 25 Ch. 375

ဖင်းအာမှာ မျက်မှောင်ကြုတ်စွာ ရှိနေ၏။ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ပြီးကတည်းက ကြောင်မင်အကြောင်း မည်သည့်သတင်းမှ မကြားရပေဘူးလား။

ကျောင်မင်မှာ ကောင်းကင်လူသားတစ်ယောက် ဖြစ်သည်။ သူ၏စိတ်နှင့်ဆိုပါက အလွန်မောက်မာစွာ ပြုမူကာ နှိမ့်ချနေရန် အကြောင်းမရှိပေ။

“ဒါဆို.. အတွင်းဘက်နယ်မြေကို ဝင်ပြီးနောက်ပိုင်းမှာ သူ့သတင်းကို တကယ်ပဲ ဘာမှ မကြားရဘူးပေါ့”

ဖင်းအာက နက်ရှိုင်းသည့် အသံဖြင့် မေးသည်။

“ကောင်းကင်လူသားကို တင်ပြပါတယ်။ တကယ်ပဲ ဘာသတင်းမှ မကြားရပါဘူး။ လင်းယွီဂိတ်တံခါးကနေ အဲ့ဒီကောင်းကင်လူသား ထွက်လာတုန်းက ကျွန်တော် ဒီနေရာမှာ ရှိနေပါတယ်။ ဒါ့ကြောင့် အတွင်းဘက်နယ်မြေမှာ ကောင်းကင်လူသားရဲ့ သတင်းတွေကို ကြားရမယ်လို့လည်း တွေးထားပါတယ်”

“ဒါပေမယ့် အဆုံးသတ်မှာတော့ အဲ့ဒီ ကောင်းကင်လူသားအကြောင်း ဘာသတင်းကိုမှ မကြားခဲ့ရပါဘူး”

ခရမ်းရောင်သရဖူနှင့်လူက လေးစားစွာ ဖြေကြား၏။

“နင်က ဒီနေရာမှာပဲ ရှိနေတာမို့လို့ ဘာသတင်းမှ မရတာများလား”

ဖင်းအာက မျက်မှောင်ကြုတ်စွာဖြင့် ဆက်လက်မေးသည်။

“ကောင်းကင်လူသားကို တင်ပြပါတယ်။ ကျွန်တော်က ထန်းပေါင်စံအိမ်ရဲ့ သခင်ပါ။ အဲ့ဒါက အတွင်းဘက်နယ်မြေရဲ့ အရေးကိစ္စတွေနဲ့ ပက်သက်ပြီး သတင်းကွန်ယက်အကောင်းဆုံး အဖွဲ့အစည်းပါ”

ခရမ်းရောင်သရဖူနှင့်လူက အမြန် ပြန်လည်ဖြေကြားသည်။

“ထန်းပေါင်စံအိမ်လား”

ဖင်းအာက ညင်သာစွာ ရေရွတ်ရင်းက တစ်ခုခုကို တွေးမိလိုက်ပုံပေါ်ပြီး ခေါင်းညှိတ်သည်။

“သူဘယ်ကို သွားခဲ့တာလဲ”

ခရမ်းရောင် သရဖူနှင့်လူက ကျောင်မင် သွားရောက်ခဲ့သည့် လားရာအား ညွှန်ပြသည်။

“အဲ့ဒီ ကောင်းကင်လူသား သွားခဲ့တာ ဒီဘက်ကိုပါ”

ဖင်းအာတစ်ယောက် ကျန့်ကြာမှုမရှိပဲ ကျောင်မင်ထွက်သွားသည့် လားရာအတိုင်း လိုက်သွားခဲ့သည်။

နောက်ဆုံးတွင် အသက်အောင့်ထားရသည့် ထန်းပေါင်စံအိမ်ရှိ စွမ်းအားကြီးပုဂ္ဂိုလ် အုပ်စုလည်း စိတ်သက်သာရာ ရသွား၏။ သူတို့၏ နောက်ကျောများတွင် ချွေးစေးများ စိုရွှဲနေခြင်းကို သတိထားမိကြသည်။

ကောင်းကင်လူသားတစ်ယောက် ဖြစ်လာရန် ခြေလှမ်းတစ်ဝက်သာ လိုတော့သည့် အဆင့်သို့ ရောက်ရှိကတည်းက သူတို့သည် အမြဲတမ်း အထက်၌သာ နေထိုင်ပြီး ယခုကဲ့သို့သော အခြေအနေမျိုးကို ဘယ်တုန်းကမှ မကြုံခဲ့ရပါ။

မိမိ၏ အသက်ကို တစ်ယောက်ယောက်၏ အတွေးအောက်တွင် အပ်နှံထားရမည်ဟု တွေးပင် မတွေးမိခဲ့ပေ။ ဒီအချိန်၌ ခါးသက်မှုနှင့် စွမ်းအားမဲ့မှုကို ခံစားရ၏။ ဆန္ဒမရှိမှုနှင့် မကျေနပ်မှုတို့လည်း ပါဝင်နေပါသည်။

ဖင်းအာက မျက်မှောင်ကြုတ်သွားသည်။ ကျောင်မင်သည် အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ပြီးနောက် အလွန် နှိမ့်ချစွာ ပြုမူခဲ့သည်လား။ ဤသည်က သူ၏စရိုက် မဟုတ်ပေ။ ဖြစ်နိုင်သည်မှာ ထိုမျိုးမစစ်ကို ကာကွယ်နေသည်လား။

“မဟုတ်ဘူး.. ကျောင်မင်ကတော့ အဲ့မျိုးမစစ်ကို ကာကွယ်မှာ မဟုတ်ဘူး.. ဖြစ်နိုင်တာက သူနေရာကောင်းတစ်ခုကို တွေ့သွားပြီး ဘယ်မှမသွားတော့ပဲ အဲ့ဒီမှာ နစ်မွန်းနေတာများလား”

ထိုကဲ့သို့သာ ဖြစ်မည်ဟု ဖင်းအာ ခံစားရသည်။ ကျောင်မင်ကို သေဆုံးမည်ဟုတော့ မည်သို့မှ တွေးမိခြင်းမရှိပေ။

ကျောင်မင်မှာ ကောင်းကင်လူသားအဆင့် သိုင်းသမားတစ်ယောက် ဖြစ်၏။ အတွင်းဘက်နယ်မြေသို့ ဝင်ရောက်ပြီးနော် ပြိုင်ဘက်ကင်းနေမှာ ဖြစ်သည်။ လောကတစ်ခုလုံးကိုပင် အောင်နိုင်ရာ မည်သူက သူ့ကို သတ်ဖြတ်နိုင်မည်နည်း။

ချောင်းမြောင်းလုပ်ကြံခြင်းကို ခံရလျှင်တောင် တိုက်ခိုက်နိုင်ခြင်း မရှိပါက သူ၏ခွန်အားနှင့် ထွက်ပြေးလွတ်မြောက်နိုင်၏။

“ကျောင်မင်… နင်က အရှက်မဲ့တဲ့ ကောင်ပဲ.. ဒီလို နိမ့်ကျတဲ့နေရာကိုလာပြီး ပျော်ပါးနေတယ်. ငါကတော့ သူ့ကို လာရှာပြီး ဟိုမမျိုးမစစ်ကို လာဖမ်းပေးရတယ်.. ပြန်ပြီးရင် သခင်မလေးကို သေချာပေါက် အပြစ်ကြီးကြီး ပေးခိုင်းရမယ်။ နင့်ရဲ့ ရာထူးအာဏာကိုလည်း ဖြုတ်ချခိုင်းရမယ်”

ဖင်းအာမှ စဉ်းစားလေ‌လေ ပိုမိုဒေါသထွက်လေ ဖြစ်လာခဲ့သည်။

ချန်းလန်ကျွန်းရှိ တောင်တစ်ခု၏ ထိပ်တွင် လီရွှမ်က လက်နှစ်ကို နောက်သို့ပစ်ကာ ရပ်နေ၏။ ချန်းမြစ်ကို ကြည့်ရှုနေပါသည်။

ရွှီယန်က သူ၏ဘေးတွင် လေးစားစွာ ရပ်နေ၏။

အချိန်ကျလာပြီဖြစ်ရာ သူသည် ရွှီယန်ကို ဒီဗိုင်းဆန္ဒအဆင့်၏ အထက်ရှိ ကျင့်စဉ်အား လက်ဆင့်ကမ်းပေးတော့မည် ဖြစ်သည်။

“ငါ့တပည့်.. မင်းက ထုံးရွှမ်အဆင့်ရဲ့ အကြီးစားကျွမ်းကျင်မှုကို ချိုးဖျက်ပြီးပြီးဖြစ်တယ်။ ဒီဗိုင်းဆန္ဒအဆင့်အပေါ်လည်း ဉာဏ်အလင်းတွေ ရထားပြီးပြီ။ လင်းယွီဂိတ်တံခါးရဲ့ ဖွင့်လှစ်လာမှုက မင်းကို ဝင်ရောက်ချင်စိတ်တွေ ဖြစ်ပေါ်စေမှာပဲ.. ပိုမိုကျယ်ပြောတဲ့ သိုင်းလောကကို စွန့်စားသွားလာလိုတာက သဘာဝပါပဲ”

လီရွှမ်က ဆရာသခင်တစ်ယောက်၏ အသွင်ဖြင့် ပြော၏။

“စိတ်ဝိညာဉ်နယ်မြေက မသိတာတွေ များလွန်းတယ်။ မသွားခင်မှာ လုံလောက်တဲ့ ပြင်ဆင်မှုတွေ လုပ်သွားမှာပါ.. တပည့် မလောပါဘူး”

ရွှီယန်က လေးစားစွာ ပြောသည်။

သူ၏ လင်းနယ်မြေသို့ ဝင်ရောက်ရန် ကျန့်ကြာနေခြင်းမှာ ကိုယ်ပိုင် ခွန်အားနည်းပါးမှုကြောင့်နှင့် လင်းနယ်မြေရှိ များပြားလှသည့် စွမ်းအာကြီး ပုဂ္ဂိုလ်များကို ကြောက်ရွံ့မှုကြောင့်ဟု မဆိုနိုင်ပေ။ အဲ့ဒီအစား သူ၏ မိဘများနှင့် မိသားစုဝင်များ၏ လုံခြုံရေးအတွက် ပိုမို စိုးရိမ်မိ၏။

သဟွသည် အတွင်းဘက််နယ်မြေကို မပေါင်းစည်းရသေးပေ။ သူ၏ မိဘများနှင့် မိသားစုများမှာ အားနည်းနေဆဲ ဖြစ်ကာ ဆရာဖြစ်သူအား အမြဲ ကာကွယ်ခိုင်းထားလို့ မရပေ။ ဤသည်မှာ အဓိကအကြောင်းပြချက် ဖြစ်၏။

လီရွှမ်လည်း ဤသည်ကို သိ၏။ ရွှီကျွင်းဟယ်မှာ မူလအဆင့်၏ အသေးစား ကျွမ်းကျင်မှုသို့ ရောက်ရှိပြီးပါပြီ။ သို့ပေမယ့် အတွင်းဘက်နယ်မြေတွင် ထိုခွန်အားနှင့် မလုံလောက်သေးပေ။

“ဒီနေ့မှာ ဆရာ မင်းကို ဒီဗိုင်းဆန္ဒအဆင့်ရဲ့ အထက်က ကျင့်စဉ်ကို သင်ကြားပေးမယ်။ အဲ့ဒါကိုလည်း သေသေချာချာ လေ့လာ.. တစ်နေ့ လင်းနယ်မြေကို ဝင်ရောက်ပြီးရင် ကျင့်စဉ်ကြောင့် ရပ်တန့်သွာားရတာမျိုး မဖြစ်စေနဲ့”

လီရွှမ်က ခေါင်းညှိတ်ကာ စတင်ညွှန်ကြားသည်။

“ဟုတ်ကဲ့ပါ ဆရာ”

ရွှီယန်က စိတ်အားထက်သန်လာ၏။ သူသည် ဒီဗိုင်းဆန္ဒ အဆင့်သို့ ချိုးဖျက်ပြီးခြင်း မရှိသေးပေမယ့် ထိုအဆင့်သို့ မည်ကဲ့သို့ တက်လှမ်းရမည်နှင့် ကျင့်ကြံရမည်တို့ကို နားလည်သဘောပေါက်ပြီး ဖြစ်သည်။ ထုံးရွှမ်အဆင့်၏ ပြီးပြည့်စုံခြင်းကို ချိုးဖျက်ကာ ကိုယ့်ကိုယ်ကိုယ် မွမ်းမံပြင်ဆင်ရန် အချိန်အား စောင့်စားနေခြင်းသာ ရှိ၏။

သူသာ ဒီဗိုင်းဆန္ဒအဆင့်သို့ ရောက်ရှိပြီးပါက စိတ်ဝိညာဉ်သန့်စင်ခြင်းအဆင့် ကောင်းကင်လူသားလောက် မသန်မာလျှင်တောင် ပေါင်းစပ်ခြင်းအဆင့်ရှိ ကောင်းကင်လူသား တစ်ယောက်ကို ရင်ဆိုင်ရန် ကြောက်ရွံ့နေမည် မဟုတ်ပါ။

“ဒီဗိုင်းဆန္ဒအဆင့်က ကောင်းကင်နဲ့ ကမ္ဘာမြေကြီးရဲ့ စိတ်ဆန္ဒကို စုစည်းခြင်း.. သိုင်းပညာ ဒီဗိုင်းဆန္ဒကို စုစည်းခြင်းပဲ.. ဒီဗိုင်းဆန္ဒရဲ့ အသွင်အပြင်က မူလစိတ်ဝိညာဉ်ရဲ့ အခြေခံဖြစ်တယ်.. ဒါက သိုင်းပညာရဲ့ မူလစိတ်ဝိညာဉ်ရဲ့ အခြေခံဖြစ်တယ်။ ပြီးတော့ ဒီဗိုင်းဆန္ဒအဆင့်ရဲ့ အထက်က အဆင့်ကို မူလဒီဗိုင်း(ဒီဗိုင်းယွမ်)အဆင့်လို့ ခေါ်တယ်”

လီရွှမ်က လေးနက်စွာ ပြောသည်။

ဒီဗိုင်းဆန္ဒအဆင့်၏ အထက်တွင် မူလဒီဗိုင်းအဆင့် ရှိနေ၏။

ပြီးနောက် တာအိုရွှေစာအုပ်ကို ကြည့်လိုက်သည်။ သူဖန်တီးထားသည့် မူလဒီဗိုင်းအဆင့်၏ အချက်အလက်များ ပါရှိ၏။

မူလဒီဗိုင်းအဆင့် သိုင်းပညာ

ပြည့်စုံမှု- မြင့်မားသည်။

အဆင့်များအကြား ဆက်သွယ်မှု- မြင့်မားသည်

ကျင့်ကြံရန် ခက်ခဲမှု- အလယ်အလတ်မှ အဆင့်မြင့်

ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှု- အလယ်အလတ်မှ အဆင့်မြင့်

ဤသည်မှာ လီရွှမ်ဖန်တီးခဲ့သည့် ကျင့်စဉ်များအကြားတွင် ပြည့်စုံမှုနှင့် အဆင့်များအကြား ဆက်သွယ်မှု အကောင်းဆုံးဖြစ်သည်။ ကျင့်ကြံရန်နှင့် ဉာဏ်အလင်းပွင့်ရန် ခက်ခဲမှုလည်း အနိမ့်ဆုံး ဖြစ်၏။

ထိုကဲ့သို့သော အခြေအနေမျိုးနှင့် ရွှီယန်တစ်ယောက် မကြာခင်တွင် နားလည်မှု ရလာနိုင်မှာဟု ခန့်မှန်းရသည်။ ဖြစ်နိုင်သည်မှာ မူလဒီဗိုင်းအဆင့် သိုင်းကျင့်စဉ်ကို ဒီဗိုင်းဆန္ဒအဆင့်သို့ မဖျိုးဖျက်ပြီးခင်မှာတင် ဉာဏ်အလင်း ရလာနိုင်၏။

ဤနည်းအားဖြင့် သူ၏ သိုင်းခွန်အားအဆင့်သည် တပည့်များထက် ဆက်လက် မြင့်မားနေမည် ဖြစ်သည်။

“မူလဒီဗိုင်းအဆင့်က မူလစိတ်ဝိညာဉ်ရဲ့ စတင်ခြင်းကို

ကိုယ်စားပြုတယ်။ ဒီဗိုင်းဆန္ဒရဲ့ ပိုမိုနက်နဲ သိမ်မွေ့ခြင်းပဲ.. ဒီဗိုင်းဆန္ဓက အစစ်အမှန် အနှစ်သာရအဖြစ် စုစည်းပြီး အစစ်အမှန် အနှစ်သာရက မူလဒီဗိုင်းအဖြစ် ပြောင်းလဲတယ်”

“မူလဒီဗိုင်းမှာ ဒီဗိုင်းဆန္ဒ ပါဝင်တယ်.. ပြီးတော့ ဒီဗိုင်းဆန္ဒက ရှိရင်းစွဲ အသိစိတ် ဖြစ်တယ်။ ခန္ဓာကိုယ်ရဲ့ အပြင်ဘက်မှာ ဖြစ်တည်နိုင်ပြီး နက်ရှိုင်းတဲ့ ဆန်းကြယ်မှုတွေကို ပြသတယ်..”

လီရွှမ်က မူလဒီဗိုင်းအဆင့် ကျင့်စဉ်ကို လေးနက်စွာဖြင့် စတင်ရှင်းပြသည်။

မူလဒီဗိုင်းအဆင့်သည် အစစ်အမှန် အနှစ်သာရအား မူလဒီဗိုင်းအဖြစ် ပြောင်းလဲခြင်း ဖြစ်ပြီး ဒီဗိုင်းဆန္ဒနှင့် ပေါင်းစပ်သည်။ မူလဒီဗိုင်းအဆင့်၏ စွမ်းအားအကြီးမားဆုံး အပိုင်းမှာ ဒီဗိုင်းယွမ် ကိုယ်ပွားတစ်ခုကို စုစည်းနိုင်ခြင်း ဖြစ်သည်။

ဒီဗိုင်းအနှစ်သာရသသည် ခန္ဓာကိုယ်အပြင်ဘက်တွင် တည်ရှိနိုင်ကာ သက်ဆိုင်ရာ အကွာအဝေး တစ်ခု၌ ခန္ဓာကိုယ်အစား လုပ်ငန်းများကို ပြုလုပ်နိုင်ပြီး အန္တရာယ်ရှိသည့် နေရာများအား စူးစမ်းခြင်းကဲ့သို့သော အရာမျိုးတို့ကို လုပ်ဆောင်နိုင်သည်။

All Chapters