ဟုန်ယွမ်ကျင့်စဉ်
Vol. 1 Ch. 11
"ဧည့်သည်တော်...ဒါက စိတ်ဝိညာဥ်ကျောက်တုံး နှစ်ရာ့တစ်ဆယ် အတိအကျပါပဲ..."
အစေခံမလေးက စိတ်ဝိညာဥ်ကျောက်တုံးကို အလျင်အမြန်ယူဆောင်လာခဲ့ပြီး ပိုးထည်အိတ်တစ်အိတ်ကို လက်နှစ်ဖက်ဖြင့်ကိုင်ကာ ချင်းမင်ထံသို့ ရိုသေလေးစားစွာ လက်ကမ်းပေးလိုက်သည်။
ထိုပိုးထည်အိတ်ကို လက်ခံပြီးနောက် ချင်းမင်က အလယ်အလတ်အဆင့် စိတ်ဝိညာဥ်ကျောက်တုံးအနည်းငယ်ကို ပေါ့ပေါ့ပါးပါး ထုတ်ယူလိုက်သည်။
"ချီစုစည်းခြင်းဆေးလုံး သန့်စင်ဖို့အတွက် စိတ်ဝိညာဉ်ဆေးပင်တချို့ လိုချင်တယ်.... ကျွန်တော့်အတွက် ပြင်ဆင်ပေးပါ"
ချီစုစည်းခြင်းဆေးလုံးသည် အခြေခံအကျဆုံး ဆေးလုံးဖြစ်ပြီး စစ်သည်တော်နယ်ပယ်နှင့် သိုင်းဆရာကြီးနယ်ပယ်တို့၏ ကျင့်ကြံမှုကို အထောက်အကူပြုသော ဆေးလုံးတစ်မျိုးပင်။
"ဟုတ်ကဲ့ ခဏစောင့်ပါ ဧည့်သည်တော်"
အစေခံမလေးက စိတ်ဝိညာဥ်ကျောက်တုံးများကို ယူပြီး ကောင်တာနောက်သို့ လျှောက်လှမ်းသွားသည်။
"မင်းရဲ့နာမည်ကိုတောင် မမေးရသေးဘူး"
တာဝန်ခံလီက သူ၏လက်နှစ်ဖက်ကို ပူးဆုပ်ကာ မေးမြန်းလိုက်သည်။
ချင်းမင်ကလည်း ပြန်လည်အရိုအသေပေးလိုက်၏။
"ကျွန်တော့်ရဲ့မျိုးရိုးက ချင်း ပါ...ချင်းမိသားစုက ချင်းမင်ပါ"
"ချင်းမိသားစုရဲ့ သခင်လေး ဖြစ်နေတာကိုး..... နာမည်ကို ကြားဖူးနေတာ ကြာပါပြီ...ချင်းမိသားစုက တကယ်ကို ထူးချွန်ပြီး ထက်မြက်တာပဲ"
တာဝန်ခံလီက အပြုံးနှင့် ပြောဆိုသည်။
ချင်းမင်၏နာမည်ကို ကြားဖူးသည်မှာ ကြာပြီဟု ဆိုသဖြင့် နံဘေးတွင်ရှိနေသော ချင်းချင်းက နှုတ်ခမ်းစူလိုက်သည်။ ချင်းမိသားစု၏ အကြီးဆုံးသားဖြစ်သော ချင်းမင်သည် ဤနေရာတွင် ဤမျှကြာအောင် ရပ်နေခဲ့သော်လည်း ထိုလူသည် မမှတ်မိခဲ့ပေ။ တာဝန်ခံလီသည် ယဥ်ကျေးမှုအရ ပြောခြင်းဖြစ်သည်မှာ သိသာထင်ရှားပေ၏။
ထို့ပြင် ချင်းမိသားစုသည် လျိုမြို့တွင် အောက်ခြေအဆင့် မိသားစုတစ်စုသာ ဖြစ်ခဲ့သည်။
လျိုမြို့၏ မိသားစုကြီးလေးခုဖြစ်သော ကျောက်မိသားစု ချန်မိသားစု ဝမ်မိသားစုနှင့် အိုးယန်မိသားစုတို့တွင် အနည်းဆုံး မဟာသိုင်းဆရာကြီးနယ်ပယ် အစွမ်းထက်သူတစ်ဦး ရှိသည်။
တခြားမိသားစုငယ်များတွင်ပင် သိုင်းအကြီးအကဲနယ်ပယ် အထွတ်အထိပ်အဆင့် ကျင့်ကြံသူနှစ်ဦး သို့မဟုတ် ထို့ထက်ပို၍ ရှိသည်။
ချင်းမိသားစု၏သခင်ကြီးသည် သိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့်တွင်သာ ရှိနေလေရာ တခြားထူးချွန်သော ပုဂ္ဂိုလ်ဟူ၍ အဘယ်မှာ ရှိနေသနည်း။
ချင်းမင်က ခေါင်းညိတ်လိုက်ပြီး တာဝန်ခံလီက ယဥ်ကျေးသောစကားများ ပြောနေမှန်း သိသဖြင့် ပြုံး၍သာ တုံ့ပြန်လိုက်သည်။
"ဧည့်သည်တော်...ရှင့်ရဲ့ ဝိညာဉ်ဆေးပင်ကို ထည့်ပေးထားပြီးပါပြီ...ဒါ့ကို ယူလိုက်ပါ"
အစေခံမလေးက မဟော်ဂနီသေတ္တာတစ်လုံးကို ယူဆောင်ပြီး လျှောက်လှမ်းလာသည်။
ချင်းမင်က ယူလိုက်ပြီး ဖွင့်ကြည့်ခြင်းပင် မပြုဘဲ ချင်းချင်းကိုခေါ်ကာ ချင်းအိမ်တော်သို့ ပြန်သွားသည်။
ညီမဖြစ်သူနှင့်လမ်းခွဲပြီးနောက် ချင်းမင်သည် သူ၏အိပ်ခန်းသို့ တစ်ယောက်တည်း သွားလိုက်၏။
သူထံ၌ ဖြေရှင်းစရာများစွာ ကျန်ရှိနေသေးပြီး ပထမဆုံးအနေနဲ့ သူ့အတွက် ကျင့်စဉ်တစ်ခု ရှာဖွေရပေမည်။
သူ၏ ယခင်ဘဝတွင် သူသည် ဤအချိန်၌ ကျင့်စဉ်တစ်ခုကို လေ့ကျင့်နေခဲ့သည်။ ဤသည်မှာ ချင်းမိသားစု၏ အဝါရောင်အဆင့် အဆင့်မြင့်ကျင့်စဉ်ဖြစ်သော "ပေါ့ပါးသော ခန္ဓာကိုယ်ကျင့်စဉ်" ဖြစ်သည်။
ဤကျင့်စဉ်၏စွမ်းအားကို ချင်းမင်က ယခုချိန်၌ ဟားတိုက်၍သာ ရယ်မောလိုသည်။
တူညီသောအဆင့်ရှိသည့် အဝါရောင်အဆင့် ကျင့်စဉ်များအနက် ထိုကျင့်စဥ်သည် တိုက်ခိုက်မှုအရှိန်နှုန်း အလွန်လျင်မြန်မှအပ အားသာချက် တစ်စုံတစ်ရာ မရှိပေ။
"ငါ ဘာကျင့်စဉ်ကို ကျင့်ကြံရမလဲ..."
"'မိုးကြိုးနည်းစနစ်' လား ဒါမှမဟုတ် 'ရွှေသော့ခလောက် တစ်ဆယ့်သုံးခု စိတ်ဝိညာဉ်ကျင့်စဉ်' လား"
ချင်းမင်သည် ယခုအချိန်၌ အလွန်စိတ်သောကရောက်နေသည်။ အတိတ်ဘဝက ဆေးလုံးဧကရာဇ် ဖြစ်ခဲ့စဉ်၌ ချင်းမင်သည် ကောင်းကင်ဘုံအဆင့် ကျင့်စဉ်များစွာကို တွေ့မြင်ခဲ့ဖူးသည်။
ဥပမာအားဖြင့် "မိုးကြိုးနည်းစနစ်" သည် ကျင့်ကြံရာတွင် ကောင်းကင်ဘုံကပ်ဘေးမိုးကြိုးကို ဆင့်ခေါ်နိုင်သည်။ ထိုနည်းစနစ်ကို ကျင့်ကြံသူသည် ကျင့်ကြံဆင့်နယ်ပယ်များ ချိုးဖျက်ရာ၌ ထောပတ်ပူကို ဓားဖြင့်လှီးဖြတ်သကဲ့သို့ အလွန်လွယ်ကူပေမည်။ ထို့ပြင် သူ၏ခန္ဓာကိုယ်အတွင်းမှ စိတ်ဝိညာဉ်စွမ်းအားများသည် မိုးကြိုးနှင့်လျှပ်စီးကို သယ်ဆောင်လညမည်ဖြစ်သောကြောင့် တိုက်ခိုက်မှုစွမ်းအားကို နှစ်ဆတိုးစေပေမည်။
မိုးကြိုးနည်းစနစ်ကို အစွမ်းကုန် လည်ပတ်လိုက်ပါက မိုးကြိုးကဲ့သို့ စိတ်ဝိညာဉ်စွမ်းအားများကို လွယ်လင့်တကူ ထုတ်လွှတ်နိုင်ပြီး စွမ်းအားသည် အဆုံးမရှိချေ။
နောက်ဥပမာတစ်ခုမှာ "ရွှေသော့ခလောက် တစ်ဆယ့်သုံးခု စိတ်ဝိညာဉ်ကျင့်စဉ်" ပင်။ ထိုနည်းစနစ်ကို ကျင့်ကြံသူ၏ခန္ဓာကိုယ်တွင် သိုလှောင်ထားသော စိတ်ဝိညာဉ်စွမ်းအားသည် သာမန်ကျင့်စဉ်များထက် ၁၃ ဆပိုများပြီး စိတ်ဝိညာဉ်စွမ်းအား ထုတ်လွှတ်မှုမှာလည်း သာမန်ကျင့်စဉ်များထက် ၁၃ ဆအထိ ရောက်ရှိနိုင်သည်။
"အဲ့ဒီကျင့်စဉ်ကို လေ့ကျင့်လို့ ရနိုင်လောက်တယ်"
ချင်းမင်သည် သူ၏အတိတ်ဘဝက ကျွယ်ဝူယာ ပေးခဲ့သော ကျင့်စဉ်တစ်ခုကို သတိရလိုက်သည်။
ကျွယ်ဝူယာသည် သူ၏အကောင်းဆုံးမိတ်ဆွေဖြစ်ပြီး သိုင်းသူတော်စင် အထွတ်အထိပ်အဆင့် ကျင့်ကြံသူတစ်ယောက်ပင်။
သူသည် ထိုကျင့်စဉ်ကို ရှေးဟောင်းလျှို့ဝှက်နယ်မြေတစ်ခုမှ အခက်အခဲပေါင်းများစွာကို ဖြတ်ကျော်ပြီး ရရှိခဲ့သည်ဟု ဆိုသည်။ ကျင့်စဉ်၏ အဆင့်မှာ အဝါရောင်အဆင့်ဖြစ်ပြီး တိုးတက်မှုမှာ အကန့်အသတ်မရှိပေ။
ကျင့်စဉ်၏အမည်မှာ "ဟုန်ယွမ်ကျင့်စဉ်" ဖြစ်ပြီး လေ့ကျင့်သည့်အချိန်၌ အလွန်ခက်ခဲကြမ်းတမ်းသော်လည်း လေ့ကျင့်ပြီးနောက်တွင်မူ ထိုအရာ၏စွမ်းအားသည် တုန်လှုပ်ဖွယ်ကောင်းပေ၏။
ကောင်းကင်အဆင့် ကျင့်စဉ်ဖြစ်စေ အနိမ့်ဆုံး အဝါရောင်အဆင့် ကျင့်စဉ်ဖြစ်စေ စိတ်ဝိညာဉ်စွမ်းအားစုပ်ယူမှုသည် ကောင်းကင်စိတ်ဝိညာဉ်၏တည်နေရာမှ စုပ်ယူရခြင်းဖြစ်သည်။
ဤကျင့်စဉ်ကမူ စိတ်ဝိညာဉ်စွမ်းအား စုပ်ယူသည့်နေရာမှာ ခန္ဓာကိုယ်တစ်ခုလုံး၌ ဖြစ်ပေ၏။
တစ်စုံတစ်ယောက်၏ခန္ဓာကိုယ်တစ်ခုလုံးမှ စိတ်ဝိညာဉ်စွမ်းအားများ စုပ်ယူခြင်းသည် ကောင်းကင်စိတ်ဝိညာဥ်တစ်ခုတည်းမှ စုပ်ယူခြင်းထက် ပိုမြန်သည်ဟု လွဲမှားစွာ မတွေးထင်သင့်ချေ။
လူတစ်ယောက်၏စိတ်ဝိညာဉ်သည် အကန့်အသတ်ရှိသည်ကို သိထားရပေမည်။ ထို့ကြောင့် လူတစ်ယောက်သည် စိတ်ဝိညာဉ်စွမ်းအင်များကို ခန္ဓာကိုယ်ထဲသို့ လမ်းညွှန်ရန် အာရုံစူးစိုက်ရပေမည်။
သူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ စုပ်ယူခြင်းသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်တစ်ခုတည်းမှ စိတ်ဝိညာဉ်စွမ်းအား စုပ်ယူခြင်းလောက် ထိရောက်မှု မရှိပေ။
ထို့ပြင် ဤသည်မှာ အလှည့်စားဆုံးအပိုင်း မဟုတ်သေးပေ။
ထို့ထက်ပိုဆိုးသည်မှာ ကျင့်စဉ်များသည် ခန္ဓာကိုယ်မှ စုပ်ယူပြီးသော စိတ်ဝိညာဥ်စွမ်းအား အများစုကို ဝါးမြိုပြီး ဆယ်ပုံတစ်ပုံကိုသာ ခန္ဓာကိုယ်ထဲသို့ စုပ်ယူနိုင်သည်။
ဤသည်မှာလည်း ကျင့်စဉ်များအားလုံးသည် ကောင်းကင်ဘုံစိတ်ဝိညာဉ်ကို စိတ်ဝိညာဉ်စွမ်းအား စုပ်ယူရန် အသုံးပြုရခြင်း၏ အကြောင်းအရင်းပင်။ စိတ်ဝိညာဥ်စွမ်းအားများကို ကောင်းကင်စိတ်ဝိညာဉ်တစ်ခုတည်းမှ စုပ်ယူပါက လေလွင့်ဆုံးရှုံးမှု မရှိချေ။