သိုင်းအကြီးအကဲအဆင့် ကျင့်ကြံသူတစ်ဦး
Vol. 2 Ch. 18
မူလက ခမ်းနားထည်ဝါသော အိမ်ကြီးဖြစ်သော ကျောက်အိမ်တော်သည် ယခုချိန်၌ သွေးများဖြင့် ဖုံးလွှမ်းနေသည်။
တံခါးရှေ့တွင် အလောင်းများစွာ လဲလျောင်းနေဆဲပင်။ သူတို့၏မျက်လုံးများ ပြူးကျယ်နေပြီး အလွန်ကြောက်မက်ဖွယ်ကောင်းပေ၏။
မြို့စောင့်တပ်များသည် ကျောက်အိမ်တော်တစ်ခုလုံးကို ဝန်းရံထားပြီး လူအုပ်ကြီး၏မြင်ကွင်းကို ပိတ်ဆို့ထားသည်။
“မြို့တော်ဝန်”
မြို့စောင့်တပ်များက မြို့တော်ဝန်ကို မြင်ချိန်၌ ချက်ချင်း ဒူးတစ်ဖက်ထောက်ကာ ထိုင်ချလိုက်ကြသည်။
မြို့တော်ဝန်က လက်ဝှေ့ယမ်းလိုက်သည်။ သူ၏အာရုံစူးစိုက်မှုအားလုံးသည် အလောင်းတစ်ခုပေါ်တွင် ရှိနေသည်။ သူမှ တ်မိသလောက် ဤသည်မှာ ကျောက်မိသားစုမှ အကြီးအကဲတစ်ဦး၏အလောင်းပင်။
ဤအကြီးအကဲ၏အင်အားသည် သိုင်းဆရာကြီးနယ်ပယ် အထွတ်အထိပ်အဆင့်တွင် ရှိနေသည်။
“အံ့အားသင့်စရာပဲ”
အလောင်းကို သေသေချာချာ စစ်ဆေးပြီးနောက် မြို့တော်ဝန်က သက်ပြင်းချလိုက်သည်။
အလောင်းသည် နောက်ကျောမှ ထိုးဖောက်ခံထားရပြီး သေစေနိုင်သော ဒဏ်ရာဖြစ်သည်။ လူသတ်သမားသည် သေဆုံးသူထက် များစွာ အင်အားကြီးမားကြောင်း သိသာထင်ရှားပေ၏။ ဤအကြီးအကဲသည် အချိန်မီ တုံ့ပြန်နိုင်ခဲ့ခြင်း မရှိချေ။
“ကျောက်မိသားစုခေါင်းဆောင်ရဲ့ အလောင်းဘယ်မှာလဲ”
မြို့တော်ဝန်က တည်ကြည်လေးနက်သောအသံဖြင့် မေးမြန်းလိုက်သည်။
“သခင်ကြီး.... ကျောက်မိသားစုခေါင်းဆောင်ရဲ့ အလောင်းက အတွင်းထဲမှာပါ”
ထိုသို့ပြောပြီးနောက် သူသည် မြို့တော်ဝန်ကို ကျောက်မိသားစုခေါင်းဆောင် သေဆုံးခဲ့သော နေရာသို့ ခေါ်ဆောင်သွားသည်။
မြို့တော်ဝန်သည် အချိန်တခဏကြာခန့် ကြက်သေသေသွားသည်။ ကျောက်မိသားစုခေါင်းဆောင်၏ဦးခေါင်းသည် သူ၏ရှေ့တွင် ထွက်ပေါ်လာသည်။ ထိုလူ၏ဦးခေါင်းတစ်ခြမ်းသည် ကြေမွှနေပေ၏။
“ဒါက ကျောက်မိသားစုခေါင်းဆောင်ရဲ့ အလောင်းလား”
မြို့တော်ဝန်က ရှေ့သို့ အလျင်အမြန်လျှောက်လှမ်းသွားပြီး အလောင်းကို သေသေချာချာ စစ်ဆေးလိုက်သည်။
အလောင်းပေါ်တွင် ဒဏ်ရာမရှိဘဲ ဦးခေါင်းသည် လက်သီးဖြင့် ထိုးနှက်ခံထားရပုံရသည်။
“သိုင်းအကြီးအကဲအဆင့်ပဲ...”
မြို့တော်ဝန်က ထိတ်လန့်တကြား အော်ဟစ်လိုက်ရာ အိမ်တော်ထိန်းအိုကြီးသည် ကြောက်လန့်တကြား ခုန်ပေါက်လိုက်၏။
“မြို့တော်ဝန်...ခင်ဗျားဆိုလိုတာက ဒါကို သိုင်းအကြီးအကဲအဆင့် ကျင့်ကြံသူတစ်ယောက်က လုပ်ခဲ့တာလား”
အိမ်တော်ထိန်းအိုကြီးက မယုံကြည်နိုင်စွာဖြင့် မေးမြန်းလိုက်သည်။
မြို့တော်ဝန်က ခေါင်းညိတ်ပြလေသည်။
“သိုင်းအကြီးအကဲအဆင့်တစ်ယောက်ကသာ ဒီလိုအင်အားမျိုးရှိပြီးတော့ ကျောက်မိသားစုခေါင်းဆောင်ကို လက်သီးတစ်ချက်တည်းနဲ့ ထိုးသတ်နိုင်လိမ့်မယ်”
“ဒါ့ပြင် ဒီသိုင်းအကြီးအကဲအဆင့် ကျင့်ကြံသူက သာမန်သိုင်းအကြီးအကဲအဆင့် မဟုတ်ဘူး... သူက သိုင်းအကြီးအကဲအဆင့်မှာပဲ ရှိနေရင်တောင် သူ့ရဲ့စွမ်းအားက မယုံနိုင်စရာ တည်ရှိမှုကြီးတစ်ခုပဲ”
နောက်တစ်နေ့နံနက်တွင် ချင်းမင် နိုးလာသည်။ သူ တံခါးကို တွန်းဖွင့်လိုက်ချိန်၌ ချင်းချင်း အပြေးအလွှား ရောက်လာသည်ကို တွေ့လိုက်ရသည်။
“အစ်ကို...လျိုမြို့မှာ ကိစ္စအကြီးအကျယ် ဖြစ်နေတယ်...အစ်ကို သိပြီးပြီလား”
ချင်းချင်းက ချင်းမင်ကို သူမ၏မျက်လုံးဝိုင်းကြီးများဖြင့် ကြည့်ရင်း သူမ၏မျက်နှာပေါ်တွင် အပြုံးများဖြင့် ပြည့်နှက်နေသည်။
ချင်းမင်က သူမ၏ခေါင်းကို တို့ထိကာ မေးလိုက်သည်။
“ဘာဖြစ်လို့လဲ...”
“အစ်ကို သိလား...ကျောက်မိသားစု ပျက်စီးသွားပြီ..လျိုမြို့တစ်မြို့လုံး အဲ့ဒီအကြောင်း ပြောနေကြတာ...လမ်းတွေနဲ့ လမ်းကြားတွေမှာ မီးရှူးမီးပန်း ဖောက်တဲ့လူတွေတောင် ရှိတယ်”
ချင်းချင်းက ကျယ်လောင်စွာ ပြောဆိုလိုက်သည်။ သူမ၏အစ်ကို မသိသော သတင်းအချက်အလက်ကို သိထားသဖြင့် သူမအနည်းငယ် စိတ်လှုပ်ရှားနေသည်။
“တကယ်လား”
ချင်းမင်က သူ၏မျက်နှာပေါ်လည်း အံ့အားသင့်သော အမူအယာကို ပြသလိုက်သည်။
“ကျောက်မိသားစု ပျက်စီးသွားပြီဆိုတော့ မင်းက အပျော်ဆုံး ဖြစ်နေမှာပေါ့”
“ဟုတ်တယ်.... အဲ့ဒီလိုဆိုရင် ကျွန်မက ကျောက်ခို့ကို လက်ထပ်ဖို့ မလိုတော့ဘူး”
“ဒါပေမဲ့ ကျောက်မိသားစုက လူအများကြီး အသတ်ခံလိုက်ရတာ ဘယ်လောက်တောင် ဝမ်းနည်းစရာ ကောင်းလိုက်လဲ..”
ဤသို့တွေးမိချိန်၌ ချင်းချင်း၏မျက်နှာပေါ်တွင် သနားကြင်နာမှုတချို့ ထင်ဟပ်လာသည်။
ချင်းမင်း သူ့ညီမ၏ခေါင်းကို ပုတ်လိုက်သည်။ သူ၏ညီမသည် အလွန်ကြင်နာတတ်ပေ၏။
ကျောက်မိသားစုက သူမကို ဤသို့ အရှက်ခွဲခဲ့သော်လည်း သူမသည် ကျောက်မိသားစုကို သနားနေဆဲပင်။
ဤဘဝတွင် ချင်းမင်သည် မိသားစုတစ်ခုလုံးကို ကောင်းစွာ ကာကွယ်စောင့်ရှောက်မည်ဟု ကျိန်ဆိုလိုက်သည်။
ချင်းချင်းသည် ရုတ်တရက် တစ်စုံတစ်ခုကို သတိရသွားပြီး ဟမ့်ခနဲ အသံပြုလိုက်သည်။
“ကျောက်ခို့က အစ်ကိုကြီးကိုတောင် ရိုက်သေးတယ်...အစ်ကိုကြီးကို အနိုင်ကျင့်တဲ့ ဘယ်သူမဆို သေသင့်တယ်...ဒီလိုလူမျိုးက သနားကြင်နာမှုနဲ့ မထိုက်တန်ဘူး....”
ချင်းမင်က သူမ၏နှာခေါင်းကို တို့ထိလိုက်သည်။ သူ၏ညီမသည် မျက်နှာတွင် သနားကြင်နာသောအမူအရာနှင့် ရှိနေရာမှ ဤမျှ မြန်ဆန်စွာ ပြောင်းလဲသွားလိမ့်မည်ဟု သူမျှော်လင့်မထားပေ။
“အစ်ကိုကြီး...အဖေနဲ့တခြားလူတွေက အစည်းအဝေးခန်းမထဲမှာ တစ်ခုခု ဆွေးနွေးနေကြတယ်.... ဆေးလုံးတွေအကြောင်း ဖြစ်ပုံပဲ... ကျွန်မတို့ သွားနားထောင်ကြမလား”
ချင်းချင်းက ပြောဆိုသည်။
“အမ်...ဆေးလုံးအကြောင်းလား”
ချင်းမင်က တွေဝေသွားပြီး မေးမြန်းလိုက်သည်။
“ကိစ္စအတိအကျက ဘာလဲ..."
ချင်းချင်းက လက်ဝှေ့ယမ်းပြပြီး ပြောဆိုလိုက်သည်။
“ကျွန်မက ဘယ်လိုသိမှာလဲ...ကျောက်မိသားစု ပျက်စီးသွားပြီလို့ ကြားတော့ အစ်ကိုကြီးကို ဒီသတင်းလာပြောဖို့ အလျင်စလို ရောက်လာတာ... အစည်းအဝေးခန်းမနားက ဖြတ်လာတော့ အကြီးအကဲတချို့နဲ့ အဖေက ဒီကိစ္စအကြောင်း ပြောနေတာ ကြားလိုက်တယ်”
“အသေးစိတ်ကိုတော့ ကျွန်မလည်း မသိဘူး”
ချင်းမင်က ခေါင်းညိတ်လိုက်သည်။ သူ၏ယခင်ဘဝတွင် သူသည်လည်း သူ၏မိသားစုကိစ္စများကို တစ်ခါမျှ ဂရုမစိုက်ခဲ့ပေ။
ဤဘဝတွင် သူသည် သူ၏ဖခင်နှင့်သူ၏မိသားစုကို ထောက်ပံ့ကူညီရပေမည်။
ဆေးနတ်ဘုရားနယ်ပယ်မှ လူတစ်ဦးအနေဖြင့် ဤသည်မှာ သူ့အတွက် အလွန်လွယ်ကူသည်။
“လာ...သွားကြည့်ကြရအောင်..”