← Chapters

ဆေးလုံးပြတ်လပ်မှု

Vol. 2 Ch. 19

ဆေးလုံးပြတ်လပ်မှု

Vol. 2 Ch. 19

ချင်းမိသားစု၏အစည်းအဝေးခန်းမတွင် ချင်းမိသားစုခေါင်းဆောင် ချင်းယွမ်သည် စားပွဲထိပ်တွင် ထိုင်နေပြီး အကြီးအကဲများ၏ အစီရင်ခံမှုများကို နားထောင်နေသည်။

“မိသားစုခေါင်းဆောင်...လျိုမြို့ကနေ ချန်ယန်မြို့ကို သွားတဲ့လမ်းကို ဓားပြတွေက ပိတ်ဆို့ထားပါတယ်....အရေးအကြီးဆုံးကတော့ ဒီဓားပြတွေက ချန်ယန်မြို့ရဲ့ ချွီမိသားစုက ဖြစ်နေတာပဲ"

“ဟုတ်တယ်...ဒီဓားပြတွေက ပိုက်ဆံလုံးဝမလိုချင်ဘူး...သူတို့က ကျွန်တော်တို့ကို အဲ့ဒီနေရာဆီ မလာစေချင်တာပဲ...ကျွန်တော်တို့မိသားစုက ချန်ယန်မြို့ထဲကို ပို့လိုက်တဲ့ ဆေးလုံးတွေကိုတောင် သူတို့က လုယူသွားကြတယ်...”

“မိသားစုခေါင်းဆောင်..နည်းလမ်းတစ်ခုကို မြန်မြန်စဉ်းစားပါအုံး ... ကျွန်တော့်ဆိုင်မှာ လက်ကျန်ဆေးလုံးတွေ ကုန်တော့မယ်”

“မင်းရဲ့ဆေးဆိုင်ပဲ လက်ကျန်တွေကုန်တာလို့ ထင်နေတာလား...ငါ့ရဲ့ဆေးဆိုင်မှာလည်း ဆေးလုံးတွေ ကုန်နေပြီ”

“လျိုမြို့တစ်မြို့လုံးမှာ ချန်မိသားစုရဲ့ဆေးလုံးတွေပဲ ရှိတော့တယ်..."

“ဒါက အမှန်ပဲ....ဘယ်သူက ချန်မိသားစုမှာ ဆေးပညာရှင်ရှိဖို့ ပြောခဲ့လို့လဲ...သူတို့က ဆေးလုံးတွေကို သူတို့ကိုယ်တိုင် သန့်စင်နိုင်တယ်....ပြင်ပအကူအညီကို အားကိုးဖို့ မလိုဘူး...”

“တော်လောက်ပြီ... မင်းတို့အားလုံး တိတ်တိတ်နေကြစမ်း”

ချင်းမိသားစုခေါင်းဆောင် ချင်းယွမ်သည် သူ၏ခေါင်းကို လက်ဖြင့်ဖုံးအုပ်ရင်း အော်ဟစ်လိုက်၏။

ဤအကြီးအကဲများအားလုံးသည် အသုံးမကျသူများ ဖြစ်ကြသည်။ ယခုအချိန်၌ ဆေးလုံးများကုန်သွားပြီဖြစ်၍ သူ ခေါင်းကိုက်နေသည်။ ဤအကြီးအကဲများသည် နည်းလမ်းတစ်ခုကို စဉ်းစားမပေးလိုဘဲ အရာအားလုံးကို ဖြေရှင်းရန် သူ့ကိုသာ လိုအပ်နေကြသည်။

ဤပြဿနာကို သူ မည်သို့ ဖြေရှင်းနိုင်မည်နည်း။ သူသည် ဆေးလုံးဖော်စပ်နည်းကို မသိပေ။ ယခုအချိန်၌ ဓားပြများသည် ချန်ယန်မြို့သို့သွားရာ တစ်ခုတည်းသောလမ်းကို ပိတ်ဆို့ထားသည်။ သူ မည်သည့်အရာအား လုပ်နိုင်မည်နည်း။

ထိုအချိန်တွင် ချင်းမင် ဝင်လာပြီး ထိပ်ဆုံးတွင် ရှိနေသော သူ၏ဖခင်ကို ဦးညွှတ်ကာ ပြောလိုက်သည်။

“အဖေ...စိတ်အနှောင့်အယှက်ဖြစ်စရာ တစ်ခုခု ရှိနေလို့လား”

ချင်းချင်းသည် ချင်းမင်၏ နောက်သို့ လိုက်ပါလာပြီး သူမ၏ဖခင်ကို ကြောက်ရွံ့စွာ ကြည့်လိုက်သည်။ သူမ၏ဖခင်သည် အမြဲတစေ စည်းကမ်းတင်းကျပ်သည်။ သူမသည် သူမ၏ဖခင်ကိုတွေ့ရန် ကြောက်ရွံပေ၏။

“ချင်းမင်...မင်း ရောက်လာပြီလား”

ချင်းယွမ်က အပြုံးနှင့် ပြောဆိုလိုက်သည်။ သူ၏သားသည် သူ့ကို စိတ်သက်သာရာရစေသည်။ ချင်းမင်တွင် အစွမ်းထက်သော လူတစ်ဦး၏အကူအညီ ရှိနေသည်။ ယခုအချိန်၌ ချင်းမင်သည် ယခင်နှင့်မတူဘဲ အသိတရားဝင်လာပေ၏။

ချင်းမိသားစုတွင် အမွေဆက်ခံသူ ရှိနေလေပြီ။

“လာ...ငါ့ရဲ့ဘေးမှာ လာထိုင်..မိသားစုကိစ္စတွေအကြောင်း မင်း ကြားရမယ့်အချိန်တန်ပြီ...”

ချင်းမင်သည် အရွယ်ရောက်ပြီးသား ဖြစ်သဖြင့် မိသားစုကိစ္စများတွင် ပါဝင်ရန် လိုအပ်သည်။

“ဟုတ်ကဲ့ပါ အဖေ...”

ချင်းမင်က ဘေးဘက်တွင် နေရာတစ်ခုရှာ၍ထိုင်ကာ အကြီးအကဲများကို နှုတ်ဆက်လိုက်၏။ သူက ချင်းချင်းကို လက်ဆွဲခေါ်ကာ ထိုင်ခိုင်းလိုက်သည်။

“ချန်ယန်မြို့ကိုသွားတဲ့လမ်းက ပိတ်ဆို့ခံထားရတဲ့အတွက် ကျွန်တော်တို့မှာ သွားစရာလမ်း မရှိတော့ဘူး....ကျွန်တော်တို့မိသားစုက ဆိုင်တွေအတွက်တော့ ကုန်ပစ္စည်းတွေ ပြတ်လပ်လို့မရဘူး”

“အခုချိန်မှာ တစ်ခုတည်းသော နည်းလမ်းကတော့ ချန်မိသားစုဆီက ဆေးလုံးတွေ ဝယ်ဖို့ပဲ....ဈေးကြီးကြီးပေးရရင်တောင်မှ ကျွန်တော်တို့ဆိုင်တွေက ဆေးလုံးတွေ ရောင်းနိုင်ဖို့အတွက် ဝယ်ယူရလိမ့်မယ်"

ဆိုင်ဖွင့်ပြီးသည်နှင့် ပိတ်၍မရချေ။ ဆိုင်ပိတ်လိုက်သည်နှင့် ဆိုင်၏လုပ်ငန်း ပြန်လည်ကောင်းမွန်လာရန် အချိန်အတော်ကြာ လိုအပ်ပေလိမ့်မည်။

“ဒီနည်းလမ်းတစ်လမ်းပဲ ရှိတော့တယ်... ကြည့်ရတာတော့ ဒီအချိန်အတောအတွင်းမှာ စိတ်ဝိညာဉ်ကျောက်တုံးတချို့ လျော်ကြေးပေးရတော့မယ်ထင်တယ်...”

“တခြားနည်းလမ်းမရှိဘူး....ကျွန်တော်တို့ ချင်းမိသားစုမှာ ဆေးပညာရှင် တစ်ယောက်မှ မရှိဘူး...ကျွန်တော်တို့ ချင်းမိသားစုမှာ အဲ့ဒီလိုလူတစ်ယောက်သာရှိခဲ့ရင် ဒီလိုအကျပ်အတည်းမျိုး ဘယ်လိုလုပ်ပြီး ဖြစ်လာနိုင်မှာလဲ..."

“ဆေးပညာရှင်တစ်ယောက်ကို ဘယ်လိုလုပ်ပြီး လွယ်လွယ်ကူကူ ခေါ်ယူနိုင်မှာလဲ....သူတို့က အဆင့်အတန်းမြင့်မားတဲ့ လူတစ်စုပဲ...သူတို့ဆီကနေ မျက်နှာသာရအောင် လုပ်ဖို့ဆိုတာ မလွယ်ဘူး...”

အကြီးအကဲများက နောက်တစ်ကြိမ် စတင်ဆွေးနွေးလိုက်ကြသည်။ သူတို့တွင် လျိုမြို့ရှိထိပ်သီးမိသားစုလေးခုအနက်မှ တစ်ခုဖြစ်သောကြောင့် ချန်မိသားစုထံမှ ဆေးလုံးဝယ်ယူခြင်းမှလွဲ၍ တခြားရွေးချယ်စရာ မရှိချေ။

ချန်မိသားစုရှိ ဆေးလုံးများ၏ ဈေးနှုန်းသည် သေချာပေါက် မြင့်တက်နေမည်ဖြစ်သော်လည်း ချင်းမိသားစုသည် ဝယ်ယူရန်မှလွဲ၍ ရွေးချယ်စရာ မရှိပေ။

“အစ်ကို...”

ချင်းချင်းက ချင်းမင်ကို ကြည့်လိုက်၏။

ချင်းမင်က လက်ဝှေ့ယမ်းကာ သူ၏ညီမကို မည်သည့်စကားမျှမပြောရန် အချက်ပြလိုက်သည်။

တစ်ခုခုပြောချင်နေသော ချင်းချင်းသည် ကူကယ်ရာမဲ့စွာ ပါးစပ်ပိတ်လိုက်ပြီး သူမ၏ဖခင်နှင့်အကြီးအကဲများကြားမှ စကားဝိုင်းကို နားထောင်နေလိုက်သည်။

သူမ၏နှလုံးသားထဲတွင် လျှို့ဝှက်ချက်အချို့ ရှိနေသော်လည်း သူမသည် ထိုအရာကို အသံထွက်၍ မပြောနိုင်ပေ။ ဤသည်မှာ သူမကို အတော်လေး စိတ်မသက်မသာ ဖြစ်စေသည်။

သို့သော် သူမ၏အစ်ကိုက သူမကို မပြောခိုင်းသောကြောင့် သူတွင် သူ၏ကိုယ်ပိုင်အတွေးများ သေချာပေါက် ရှိနေပေမည်။

ချင်းမင်က သူ့ညီမခေါင်းကို တို့ထိကာ ညင်သာစွာ ပြောဆိုလိုက်သည်။

“ခဏနေကျရင် ငါတို့ဈေးဝယ်ထွက်ပြီး မင်းကို အစားအစာနဲ့ အဝတ်အစားတွေ ဝယ်ပေးမယ်...”

ချင်းချင်းသည် ဤစကားကို ကြားသောအခါ ရုန်းကန်ခြင်းကို ချက်ချင်းရပ်တန့်လိုက်ပြီး သူမ၏မျက်လုံးများ တောက်ပလာသည်။ သူမသည် သူမ၏ဖခင်နှင့် အကြီးအကဲများ သူတို့၏ဆွေးနွေးမှုကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် ဆုတောင်းနေပေ၏။ သူမသည် သူမ၏အစ်ကိုနှင့်အတူ အပြင်ထွက်၍ ပျော်ရွှင်စွာ လည်ပတ်နိုင်တော့ပေမည်။

All Chapters