← Chapters

ညီမလေးအတွက် ဆေးလုံးဖော်စပ်ခြင်း

Vol. 2 Ch. 25

ညီမလေးအတွက် ဆေးလုံးဖော်စပ်ခြင်း

Vol. 2 Ch. 25

မကြာမီမှာပင် အစေခံမလေးသည် စိတ်ဝိညာဉ်ဆေးပင်အချို့ကို ထုတ်ယူလာကာ သစ်သားသေတ္တာငယ်တစ်ခုထဲသို့ ထည့်လိုက်သည်။

"ဒါတွေအားလုံးက ကုသဆေးပင်တွေပဲ... တစ်ယောက်ယောက် ဒဏ်ရာရနေလို့လား"

"အင်း"

ချင်းမင်က ခေါင်းညိတ်ပြကာ စိတ်ဝိညာဥ်ဆေးပင်များကို ယူလိုက်သည်။ သူ့ညီမ ချင်းချင်း၏ မျက်နှာပေါ်တွင် ဒဏ်ရာများ ရှိနေဆဲပင်။ ထို့ကြောင့် သူ ဤနေရာတွင် အချိန်ဖြုန်းလိုစိတ် မရှိပေ။

ချင်းမိသားစု... ချင်းမင်၏အိပ်ခန်း...

လေထုအတွင်းတွင် ခရမ်းရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။ ထို့နောက် စိတ်ဝိညာဉ်ဆေးပင်အမြောက်အများသည် မီးပုံအတွင်းသို့တိုးဝင်သော ပိုးဖလံများအလား ခရမ်းရောင်မီးတောက်ထံသို့ အလိုအလျောက် ပျံသန်းသွားကြသည်။

ထိုစိတ်ဝိညာဉ်ဆေးပင်များသည် ခရမ်းရောင်မီးတောက်နှင့် ထိတွေ့ချိန်၌ ရောင်စုံဆေးရည်ပုတီးစေ့ငယ်များအဖြစ်သို့ ပြောင်းလဲသွားသည်။

ချင်းချင်းသည် သူမ၏အစ်ကို ဆေးလုံးသန့်စင်သည်ကို ပထမဆုံးအကြိမ် မြင်ဖူးခြင်း မဟုတ်သော်လည်း သူမ၏နှလုံးသားစိတ်နှလုံးသားထဲမှ ထိတ်လန့်မှုသည် အနည်းငယ်မျှ လျော့နည်းမသွားချေ။

တစ်စုံတစ်ဦးသည် လေဟာနယ်အတွင်းတွင် ဆေးလုံးတစ်လုံးကို သန့်စင်နိုင်ခဲ့သည့် ကိစ္စမျိုးကို သူမ တစ်ကြိမ်တစ်ခါမျှ မကြားဖူးပေ။

ချင်းချင်း၏ထိတ်လန့်မှုအောက်တွင် ဆေးလုံးများ အလျင်အမြန်သန့်စင်ပြီးသွားသည်။

"တစ် နှစ် သုံး နှစ်ဆယ်.."

ချင်းချင်းသည် စိတ်ဝိညာဉ်ကျောက်တုံးများကို ရေတွက်ရသကဲ့သို့ ဆေးလုံးရေတွက်ရသည်ကို ကြိုက်နှစ်သက်ကြောင်း တွေ့ရှိရသည်။

ချင်းချင်းက အံ့အားတသင့် ပြောဆိုလိုက်၏။

"အစ်ကို.... အစ်ကိုက ဆေးလုံးအလုံးနှစ်ဆယ် ထပ်ပြီးသန့်စင်လိုက်ပြန်ပြီ"

"ဒါ့ပြင် ဒီဆေးလုံးတွေပေါ်မှာ အကွက်တွေအများကြီးပဲ... တစ် နှစ် သုံး ရှစ် ကိုး..."

"စုစုပေါင်းအကွက်ကိုးခု... ဒါက ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးပဲ...အရမ်းလှတာပဲ"

"ဒါက တကယ့်ကို ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးပဲ"

ချင်းချင်းသည် ဆေးလုံးတစ်လုံးကို ကောက်ယူပြီး သူမ၏လက်ထဲမှဆေးလုံးကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။

ဆေးလုံးပေါ်မှ အကွက်များလေလေ အဖိုးတန်ပြီး သန့်စင်ရန် ခက်ခဲလေလေပင်။

ဤဆေးလုံးများအားလုံးသည် ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများဖြစ်ပေ၏။ ဤသည်မှာ ပထမတန်းစား ဆေးလုံးသာ ဖြစ်သော်လည်း ပြီးပြည့်စုံခြင်းအဆင့် ပထမတန်းစားဆေးလုံးကို သန့်စင်ရန် အလွန်ခက်ခဲနေဆဲပင်။

ချန်မိသားစု၏ဆေးပညာရှင်သည် လျိုမြို့တစ်မြို့လုံးတွင် တစ်ဦးတည်းသော ဆေးပညာရှင်ဖြစ်ကြောင်း သူမလည်း သိရှိထားသည်။ သူသန့်စင်သော ဆေးလုံးသည် အများဆုံးအနေဖြင့် အကွက်လေးကွက်သာရှိသည်။

သို့ရာတွင် ဤဆေးပညာရှင်သည် ချန်မိသားစု၏ အဖိုးတန်ရတနာဖြစ်နေပြီး ချန်မိသားစုတစ်စုလုံး၏ရိုသေလေးစားခြင်းကို ခံရသည်။

အကယ်၍ ချန်မိသားစုသည် သူမ၏အစ်ကိုမှ ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများကို သန့်စင်နိုင်သည်အား သိရှိသွားပါက သူတို့သည် ငိုယိုပြီးတောင်းပန်ကြလိမ့်မည်။ သူတို့သည် ချင်းမိသားစုကို အခက်တွေ့အောင် ပြုလုပ်ဝံ့မည် မဟုတ်ချေ။

ချင်းမင်က ရယ်ပြုံးရင်း သူ့ညီမခေါင်းကို ပုတ်ကာ ပြောဆိုလိုက်သည်။

"ဒီဆေးလုံးက မင်းအတွက်ပဲ...မြန်မြန်သောက်လိုက်တော့..."

"အင်း"

ချင်းချင်းက အပြုံးနှင့် ဆေးလုံးကို သူမ၏ပါးစပ်ထဲသို့ ထည့်လိုက်သည်။ သူမ၏ပါးစပ်ထဲတွင် ချိုမြိန်သော အရသာတစ်ခု ထွက်ပေါ်လာသည်။

"အရသာရှိတယ်..ဒါက တကယ့်ကို အရသာရှိတယ်"

ချင်းမင်က ပြောဆိုလိုက်၏။

"နောက်ဆုံးတစ်ခါ မင်းစားတဲ့ အနက်ရောင်ဆေးလုံးက ခါးတယ်လို့ မင်း ပြောခဲ့တယ်...ဒါကြောင့် ငါက ဒီတစ်ခါမှာ ချိုတဲ့စိတ်ဝိညာဉ်ဆေးပင်တစ်မျိုး ပေါင်းထည့်ထားတယ်"

ချင်းချင်းက ခေါင်းညိတ်ပြကာ အပြုံးနှင့် ပြောဆိုသည်။

"အစ်ကိုက ကျွန်မအပေါ် အကောင်းဆုံးပဲ... ကျွန်မက ခါးတာမကြိုက်ဘူးဆိုတာ အစ်ကို သိတယ်"

ချင်းမင်က ပြောဆိုလိုက်သည်။

"မင်းအတွက် သကြားလုံးတွေ လုပ်ပေးဖို့ ငါက ဆေးလုံးတွေ ဖော်စပ်နေတယ်လို့ မင်း ထင်နေတာလား...မင်းရဲ့မျက်နှာကို ကြည့်လိုက်အုံး"

ချင်းချင်းသည် သူမ အမြဲဆောင်ထားသော မှန်ငယ်လေးကို ချက်ချင်း ထုတ်ယူကာ သူမ၏မျက်နှာကို သေသေချာချာ ကြည့်လိုက်သည်။

မူလက အနည်းငယ် ဖူးရောင်နေသော သူမ၏မျက်နှာသည် အလျင်အမြန် အယောင်ကျသွားသည်။ အချိန်တခဏအကြာတွင် ဖြူဖွေးနီမြန်းသော မျက်နှာတစ်ခုက ချင်းချင်း၏ရှေ့ရှိ မှန်အတွင်းတွင် ထွက်ပေါ်လာသည်။

"အစ်ကိုက အရမ်းတော်တာပဲ....ကျွန်မက အစ်ကို့ကို သဘောအကျဆုံးပဲ...ကျွန်မရဲ့မျက်နှာလှလှလေး ပြန်ရပြီ"

ချင်းချင်းသည် ပျော်ရွှင်စွာဖြင့် ခုန်ပေါက်ပြီး ကခုန်လိုက်သည်။

သူမသည် သူမ၏မျက်နှာပေါ်မှ ဖူးရောင်မှု မှေးမှိန်သွားသည်အထိ အိမ်ထဲတွင်သာနေရန်ကြံစည်ထားခဲ့သည်။

သူမအစ်ကို၏ ဆေးပညာသည် ဤမျှထိ ကောင်းမွန်လိမ့်မည်ဟု မည်သူက ထင်မည်နည်း။ သူသည် သကြားလုံးတချို့ကို ပေါ့ပေါ့ပါးပါး သန့်စင်လိုက်ရုံဖြင့် သူမ၏မျက်နှာကို ကုသပေးနိုင်ခဲ့သည်။

"ဒီဆေးလုံးတွေအားလုံး မင်းကိုပေးမယ်... တစ်နေ့ကို တစ်လုံးပဲ စားရမယ်...မင်း ကျင့်ကြံရတာ မကြိုက်ဘူးဆိုတာ ငါ သိတယ်... ဒီဆေးလုံးတွေက မင်းရဲ့ဒဏ်ရာတွေကို ကုသပေးတာအပြင် မင်းရဲ့ခန္ဓာကိုယ်အတွက်လည်း အရမ်းကောင်းတယ်"

"မင်းက အခု ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဋ္ဌမအဆင့်မှာ ရှိနေပြီ.... ဒီဆေးလုံးတွေအားလုံး စားပြီးရင် စစ်သည်တော်အဆင့်ကို တက်လှမ်းနိုင်လိမ့်မယ်"

ချင်းမင်က အပြုံးနှင့် ပြောဆိုသည်။

သူ့ညီမ၏ အဆော့သန်မှုသည် သူမ၏ကျင့်ကြံမှုကို အားနည်းသွားစေခဲ့သည်။ သူမသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ် အဋ္ဌမအဆင့်တွင်သာ ရှိနေပေ၏။ သူမ၏မျက်နှာပေါ်မှ ဒဏ်ရာများကို ကုသပေးခြင်းအပြင် ဤဆေးလုံးများသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်၏ကျင့်ကြံမှုကိုလည်း တိုးမြှင့်ပေးနိုင်သည်။

ချင်းချင်းက ဤဆေးလုံးများသည် လူတစ်ဦး၏ကျင့်ကြံမှုကို တိုးမြှင့်ပေးနိုင်ပြီး ထိုအရာအားလုံးကို စားပြီးနောက် စစ်သည်တော်အဆင့်သို့ ရောက်ရှိနိုင်သည်ဟု ကြားချန်၌ သူမက ပျော်ရွှင်စွာ မေးမြန်းလိုက်၏။

"တကယ်လာ...ဒီဆေးလုံးတွေအားလုံးကို စားပြီးရင် ကျွန်မကစစ်သည်တော်အဆင့်ကို ရောက်နိုင်တာလား ... ကျွန်မက ကျောက်တုံးအလေးကြီးတွေကို ထပ်သယ်စရာ မလိုတော့ဘူးလား"

ကျောက်တုံးသယ်ခြင်းသည် ခန္ဓာကိုယ်သန့်စင်ခြင်းနယ်ပယ်အတွက် ကျင့်ကြံနည်းစနစ်တစ်မျိုးဖြစ်ပြီး အခြေခံအကျဆုံး ခန္ဓာကိုယ်သန့်စင်ခြင်းနည်းလမ်းလည်းဖြစ်သည်။

All Chapters