← Chapters

အသူရာမီးလျှံ ဆေးဘုရင်

Vol. 2 Ch. 26

အသူရာမီးလျှံ ဆေးဘုရင်

Vol. 2 Ch. 26

ချင်းမင်က ကူကယ်ရာမဲ့စွာဖြင့် ရယ်မောလိုက်ကာ အပြုံးနှင့် ပြောဆိုလိုက်သည်။

"မလိုတော့ဘူး.."

"ယေး...ကျွန်မက ကျောက်တုံးတွေကို သယ်ဖို့မလိုတော့ဘူး"

ချင်းချင်းက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုသည်။

"ကျွန်မက ဒီသတင်းကောင်းကို အမေ့ကို သွားပြောချင်တယ်"

ချင်းမင်က စိတ်လှုပ်ရှားနေသော ချင်းချင်းကို ဆွဲထားပြီး ပြောဆိုလိုက်၏။

"အမေ့ကို အခုချက်ချင်း မပြောနဲ့အုံး..မင်း သိုင်းစစ်သည်အဆင့်ရောက်မှ အမေ့ကို အံ့အားသင့်အောင်လုပ်လိုက်ပေါ့ အဲ့ဒါက ပိုပြီး ပျော်စရာမကောင်းဘူးလား"

"ဟုတ်သားပဲ"

ချင်းချင်က သူမ၏ဝတ်စုံစကိုလိမ်ဆွဲကာ အချိန်တခဏကြာခန့် စဉ်းစားလိုက်သည်။ ဤအကြံသည် အမှန်တကယ်ကို ကောင်းမွန်သည်ဟု သူမ တွေးထင်လိုက်သည်။

"နောက်ပြီးတော့ ငါ ဆေးဖော်စပ်တတ်တယ်ဆိုတာကိုလည်း အဖေနဲ့အမေ့ကို မပြောနဲ့အုံး... မနက်ဖြန်ကျရင် ငါရဲ့ဆရာ့ကို ခေါ်လာမှ သူတို့ကို ပြောပြကြမယ်.. ငါတို့က သူတို့ကို အံ့အားသင့်သွားအောင် လုပ်ကြမယ်"

ချင်းမင်က တီးတိုးပြောဆိုလိုက်သည်။

ဤသည်မှာ ကစားပွဲတစ်ခုအလားပင်။ ချင်းချင်းက ဤအကြံကိုကြားချိန်တွင် အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သူမက စိတ်လှုပ်ရှားစွာဖြင့် ပြောဆိုလိုက်၏။

"အစ်ကို... အစ်ကို့ရဲ့နည်းလမ်းက တကယ်ကောင်းတယ်.. သူတို့တွေ သေချာပေါက် အံ့အားသင့်သွားမှာပဲ"

"သွားစို့... ထမင်းသွားစားရအောင်... မနက်ဖြန်ကျရင် ငါတို့က သူတို့တွေကို အံ့အားသင့်သွားအောင်လုပ်မယ်"

ထိုသို့ပြောဆိုပြီးနောက် ချင်းမင်က ချင်းချင်းကို ထမင်းစားဆောင်ဘက်သို့ ဆွဲခေါ်သွားသည်။

ညဘက်တွင် ချင်းမင်၏အိပ်ခန်းထဲ၌....

ချင်းမင်သည် မြက်ဖျာပေါ်တွင် ပလ္လင်ခွေထိုင်နေသည်။ စိတ်ဝိညာဉ်စွမ်းအားများသည် သူ၏နံဘေးပတ်လည်တွင် ဝန်းရံနေပြီး သူ၏အရှိန်အဝါ မြင့်တက်လာပေ၏။

ချင်းမင်က မကောင်းသောလေများကို မှုတ်ထုတ်လိုက်သည်။ သူ၏အရှိန်အဝါသည် ခမ်းနားထည်ဝါပြီး သူ၏စွမ်းအားများသည် ပြတင်းပေါက်မှစက္ကူကို ရိုက်ခတ်မိသဖြင့် တဖျောက်ဖျောက်အသံများ ထွက်ပေါ်နေသည်။

ချင်းမင်၏ချီစွမ်းအား နောက်ဆုံးတွင် တည်ငြိမ်သွားပြီး စစ်သည်တော်နယ်ပယ် ပဉ္စမအဆင့်တွင် ရပ်တန့်သွားသည်။

"ငါက ချီစုစည်းခြင်းဆေးလုံး အလုံးလေးဆယ်သုံးပြီးတာတောင် စစ်သည်တော်နယ်ပယ် ပဉ္စမအဆင့်ကိုပဲ ရောက်သေးတယ်..ဒီဟုန်ယွမ်ကျင့်စဉ်က သာမန်လူတစ်ယောက် ကျင့်ကြံနိုင်တဲ့အရာ မဟုတ်ဘူး"

"ဒါပေမဲ့ ဒီကျင့်စဉ်ရဲ့ စွမ်းအားကတော့ တကယ့်ကို ထူးခြားတယ်"

ချင်းမင်က လက်သီးကိုဆုပ်ကာ သူ၏ခန္ဓာကိုယ်ထဲမှ တိုးထွက်လာသော စွမ်းအားကို ခံစားလိုက်သည်။

ဤသည်မှာ ဟုန်ယွမ်ကျင့်စဉ်ပင်။ ထိုကျင့်စဥ်ကို ကျင့်ကြံရန် ခက်ခဲသော်လည်း ထိုအရာ၏စွမ်းအားသည် ခက်ခဲမှုနှင့် တိုက်ရိုက်အချိုးကျကာ အမှန်တကယ်ကို အစွမ်းထက်သည်။

စစ်သည်တော်နယ်ပယ် ပထမအဆင့်မှ ပဉ္စမအဆင့်အထိ ချင်းမင်သည် ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံး စုစုပေါင်း အလုံးခြောက်ဆယ်ကို သုံးစွဲခဲ့သည်။

ဤသည်မှာ ပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများပင်။ ဤဆေးလုံးများသည် သာမန် သိုင်းဆရာကြီးနယ်ပယ် အဋ္ဌအဆင့် ကျင့်ကြံသူတစ်ဦးကို မဟာသိုင်းဆရာကြီးနယ်ပယ်သို့ တက်လှမ်းစေနိုင်သည်။

ဤပြီးပြည့်စုံခြင်းအဆင့် ချီစုစည်းခြင်းဆေးလုံးများသည် အလွန်အရေးကြီးပေ၏။ ထို့ကြောင့် ဟုန်ယွမ်ကျင့်စဉ်အတွက် လိုအပ်သော အရင်းအမြစ်များသည် သာမန်ကျင့်ကြံသူတစ်ဦး တတ်နိုင်သည်ထက် များစွာသာလွန်သည်။

"အချိန်နောက်ကျနေပြီ ....ငါ အခု ဆရာ့ကို သွားရှာသင့်ပြီ"

ဤသည်ကို တွေးမိသဖြင့် ချင်းမင်သည် ရုတ်တရက် မတ်တတ်ထရပ်လိုက်ပြီး သူ၏မှတ်ဉာဏ်ထဲမှ နေရာသို့ ပျံသန်းသွားလိုက်သည်။

အချိန်တခဏအကြာတွင် ချင်းမင်သည် လျိုမြို့၏ပြင်ပရှိ ပျက်စီးနေသော ဘုရားကျောင်းတစ်ခုသို့ ရောက်ရှိလာသည်။

ယိုယွင်းနေသော ဘုရားကျောင်းကိုမြင်ချိန်၌ ချင်းမင်၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ထင်ဟပ်လာသည်။

သူ၏ယခင်ဘဝတွင် သူနှင့်အသူရာမီးလျှံဆေးလုံးဘုရင်တို့ ဤနေရာတွင် တွေ့ဆုံခဲ့ကြသည်။

သူသည် ကျောက်မိသားစု၏ လိုက်လံသတ်ဖြတ်ခြင်းကို ခံခဲ့ရပြီး ဤနေရာသို့ ပြေးလာခဲ့သည်။ သူ၏ဆရာသည်လည်း ဤနေရာသို့ ထွက်ပြေးလာပေ၏။

သူတို့နှစ်ဦးလုံးသည် တူညီသောအဖြစ်အပျက်ကို ကြုံတွေ့ခဲ့ရသောကြောင့် သူ၏ဆရာက သူ့ကို သနားသွားခဲ့သည်။ ထို့ကြောင့် သူ့ကို တပည့်အဖြစ် လက်ခံခဲ့ပြီး ဤကုန်းမြေမှ ခေါ်ဆောင်ကာ တခြားကုန်းမြေဖြစ်သော ယွမ်ကုန်းမြေသို့ ခေါ်ဆောင်သွားခဲ့သည်။

သူ၏ဆရာသည် သူ၏ခန္ဓာကိုယ်ပေါ်မှ ပုန်းကွယ်နေသော စိတ်ဝိညာဉ်အမြစ်ကိုလည်း ဖွင့်ပေးခဲ့ပြီး သူ့ကို ကျင့်စဉ်များသင်ပေးကာ ဆေးပညာကိုလည်း သင်ကြားပေးခဲ့သည်။

သို့ရာတွင် သူ၏ဆရာသည် အလွန်ပြင်းထန်သော ဒဏ်ရာများ ရရှိထားခဲ့ပုံရှိသည်။ နောက်ဆုံးတွင် သူသည် တည်းခိုခန်း၌ပင် သေဆုံးသွားခဲ့သည်။

ထို့ကြောင့် သူသည် ဤနေရာတွင် သူ၏ဆရာကို စောင့်နေခြင်းဖြစ်ပေ၏။ သူ၏ဆရာကို ချင်းမိသားစုသို့ ပြန်ခေါ်သွားပြီး ဆရာ့အတွက် တာဝန်ယူလိုသည်။

ချင်းမင် အတွေးများထဲ နစ်မြောနေစဉ် အဝေးမှ အဘိုးအိုတစ်ဦး ထွက်ပေါ်လာသည်။ အဘိုးအိုသည် အနက်ရောင်ဝတ်ရုံကို ဝတ်ဆင်ထားကာ သူ၏မျက်နှာပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော အမူအယာ ထင်ဟပ်နေသည်။

အဘိုးအိုသည် ချင်းမင်အနားသို့ ရောက်လာသောအခါ ဤလူသည် မည်သူဖြစ်သည်ကိုသူ ချက်ချင်းမှတ်မိသွားပေ၏။ အဘိုးအိုသည် ဆံပင်များဖြူဖွေးနေပြီး ဖရိုဖရဲဖြစ်နေသည်။ သူ့ထံတွင် ရှည်လျားသော မုတ်ဆိတ်မွှေးဖြူများရှိပြီး သူ၏မျက်လုံးများတွင် ခိုင်မာပြတ်သားသော အကြည့်တစ်ခု ရှိနေသည်။

အသူရာမီးလျှံဆေးဘုရင်...

ဤအဘိုးအိုသည် သူ၏ယခင်ဘဝက ဆရာဖြစ်သော အသူရာမီးလျှံဆေးဘုရင်ပင်။

"ဘယ်သူလဲ...ဘယ်သူရှိလဲ"

အသူရာမီးလျှံဆေးဘုရင်က အော်ဟစ်ကာ ပျက်စီးနေသော ဘုရားကျောင်းထဲသို့ ကြည့်လိုက်သည်။

ချင်းမင်က ကူကယ်ရာမဲ့စွာဖြင့် သူ၏နှာခေါင်းကိုပွတ်ကာ ပြင်ပသို့ ထွက်လာခဲ့သည်။

All Chapters