← Chapters

ဆရာတစ်ဦးကို လက်ခံခြင်း

Vol. 2 Ch. 29

ဆရာတစ်ဦးကို လက်ခံခြင်း

Vol. 2 Ch. 29

မနက်ခင်းတွင် ထာဝရအသက်၏အနှစ်သာရကို နားလည်သဘောပေါက်လျှင် ညဘက်၌ သေပျော်လေပြီ။

အသူရာမီးလျှံဆေးဘုရင်၏နာမည်သည် ကုန်းမြေတစ်ခုလုံးတွင် ကျော်ကြားရခြင်း၏ ပထမအကြောင်းအရင်းမှာ ဆေးဖော်စပ်ရာတွင် သူ့ထံ၌ ပြိုင်ဘက်ကင်းအရည်အချင်း ရှိခြင်းကြောင့်ပင်။

အရေးအကြီးဆုံး အကြောင်းအရင်းမှာမူ သူသည်လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်သောကြောင့်ပင်။

သူသည် ဆေးပညာသင်တစ်ဦးအဖြစ် စတင်ကျင့်ကြံခဲ့သော လေလွင့်ကျင့်ကြံသူတစ်ဦး ဖြစ်ပေ၏။

သူ၏ထူးချွန်သော ပါရမီနှင့်ဇွဲလုံ့လတို့ကို အားကိုးကာ သူသည် နောက်ဆုံးတွင် ဆေးဘုရင်တစ်ပါးဖြစ်လာခဲ့ပြီး ကုန်းမြေတစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

သူ တစ်ယောက်တည်းဖြင့် သူသည် မည်သည့်သြဇာအာဏာ သို့မဟုတ် နောက်ခံကိုမှ အားမကိုးဘဲ ဆေးဘုရင်တစ်ယောက် ဖြစ်လာခဲ့သည်။ ဤသည်မှာ သူ့ဘဝ၏ ဂုဏ်ယူဖွယ်ရာပင်။

သို့ရာတွင် ဆေးဘုရင်တစ်ယောက်ဖြစ်လာပြီးနောက် သူ၏အနာဂတ်လမ်းကြောင်းသည် အလွန်ရှုပ်ထွေးနေပေ၏။ သူ့ကို လမ်းညွှန်ပေးမည့်သူမရှိဘဲ သူ ထပ်မံ၍တိုးတက်ရန် မဖြစ်နိုင်ကြောင်း သူ သိရှိထားသည်။

ယခုချိန်၌ လျှို့ဝှက်ဆန်းကြယ်သော ဆေးပညာရှင်တစ်ဦးနှင့် တွေ့ဆုံခဲ့ရသဖြင့် ဤအခြေအနေကို သူ အခွင့်ကောင်း ယူရပေမည်။

ချင်းယန်သည် အဓိကအင်အားစုတစ်ခုသို့ မဝင်ခြင်း သို့မဟုတ် ကြီးမြတ်သောဆရာတစ်ဦးကို အသိအမှတ်မပြုခြင်းမှာ သူ မာနကြီးပြီး တသီးတသန့်နေလိုသောကြောင့် မဟုတ်ချေ။ ဤလောကကြီးတွင် သူ့ကို ယှဥ်ပြိုင်နိုင်သော ဆေးပညာရှင် မရှိသောကြောင့်ပင်။

သူ၏ရှေ့မှ ဤလူငယ်သည် အချိန်တိုအတွင်းမှာပင် သူ့ကို လုံးလုံးလျားလျား အထင်ကြီးစေနိုင်ခဲ့သည်။

လေဟာနယ်အတွင်း၌ ဆေးဖော်စပ်ခြင်း သာမာန်သစ်ပင်များနှင့် ဆေးလုံးများဖွဲ့စည်းခြင်းအပြင် ထိုလူငယ်သည် တစ်ချက်ကြည့်ရုံဖြင့် သူသည် အဆိပ်နဂါးဆေးလုံးနှင့် အဆိပ်မိနေသည်ကိုပင် သိရှိနိုင်သည်။

ဤသည်မှာ သူ ယခင်က အိပ်မက်ပင်မမက်ခဲ့ဖူးသော ကိစ္စမျိူး ဖြစ်ပေ၏။

"မြန်မြန်ထပါ..."

ချင်းမင်က သူ၏ဆရာ ဒူးထောက်လိုက်သည်ကိုမြင်သဖြင့် ထိတ်လန့်သွားသည်။ သူသည် အလျင်အမြန်ရှေ့သို့သွားပြီး သူ၏ဆရာကို တွဲတူလိုက်သည်။

အမှန်အားဖြင့် ချင်းမင်သည် သူ့ဆရာ၏ တပည့်အဖြစ် နောက်တစ်ကြိမ် ဖြစ်လိုသည်။ သူသည် မည်သည်ကြောင့် သူ၏ဆရာကို သူ့ရှေ့တွင် ဒူးထောက်ခိုင်းနိုင်မည်နည်း။

ဤသည်မှာ မည်မျှထိ ရိုင်းပြသောကိစ္စ ဖြစ်သနည်း..

ထို့ပြင် သူ၏ဆရာသည် သူ၏ယခင်ဘဝတွင် သူ့အတွက် ကောင်းချီးတစ်ခုဖြစ်ခဲ့သည်။ ချင်းမင်သည် သူ၏ဆရာကို တစ်သက်လုံး ကျေးဇူးတင်နေမိသည်။

"ချင်းသခင်လေး...ငါ့ကို တပည့်အဖြစ် လက်ခံပေးပါ....ငါက ဆေးပညာကို သေချာပေါက် ကောင်းကောင်းလေ့လာပြီးတော့ မင်းရဲ့ဂုဏ်သတင်းကို မညှိုးနွမ်းစေရပါဘူး"

အသူရာမီးလျှံဆေးဘုရင်က စိတ်ပျက်လက်ပျက်အမူအယာဖြင့် မြေပြင်ပေါ်တွင် ဒူးပြန်ထောက်ကာ နောက်တစ်ကြိမ် တောင်းပန်လိုက်၏။

ချင်းမင်က ချက်ချင်းဆိုသလိုပင် သူ၏ဆရာကို တွဲထူပြီး အလျင်အမြန် ပြောဆိုလိုက်သည်။

"ဒီလိုလုပ်ရအောင်... ကျွန်တော်က ခင်ဗျားကို ဆေးဖော်စပ်နည်းတွေ သင်ပေးမယ်...ခင်ဗျားက ကျွန်တော့်ကို ဆရာအဖြစ် အသိအမှတ်ပြုစရာမလိုဘူး.. ငါတို့ကြားမှာ အတွေ့အကြုံဖလှယ်တယ်လို့ပဲ သဘောထားလိုက်ပါ"

"ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ....ဆရာက အရမ်းအစွမ်းထက်တာ.... ငါက ဆရာနဲ့ ဘာဆွေးနွေးနိုင်မှာလဲ.... ဆရာ ငါ့ကို တပည့်အဖြစ် လက်ခံပေးပါ...ငါက ဆရာ ခိုင်းစေသမျှကို သေချာပေါက်လုပ်ပါ့မယ်"

မည်သို့ပင်ဆိုစေကာမူ အသူရာမီးလျှံဆေးဘုရင်သည် ဒဏ်ရာရရှိထားသဖြင့် ချင်းမင်က သူ့ကို ကူညီပေးကာ ဖြည်းဖြည်းချင်းထူမလိုက်သည်။

ချင်းမင်သည် သူ၏ဆရာကို ဖျောင်းဖျလို့မရပေ။ သူ၏ဆရာ အသူရာမီးလျှံဆေးဘုရင်သည် သူ့အပေါ် ဘယ်တော့မှ အခွင့်အရေးယူမည်မဟုတ်ကြောင်းကို သူလည်း သိရှိထားပေ၏။

"ခင်ဗျားက ကျွန်တော့်အိမ်ကို လိုက်လာပြီးတော့ ကျွန်တော့်ရဲ့မိသားစုအတွက် ဆေးဖော်စပ်ပေးပါလား... ကျွန်တော်က ခင်ဗျားကို ဆေးပညာသင်ပေးမယ်...ကျွန်တော်တို့က ကိုယ်လိုအပ်တာကို ကိုယ်ယူကြမယ်"

အသူရာမီးလျှံဆေးဘုရင် အနည်းငယ် ကြက်သေသေသွားသည်။ ဤသည်မှာ မည်ကဲ့သို့ အခြေအနေမျိုး ဖြစ်သနည်း။

ချင်းမင်၏ အရည်အချင်းဖြင့် သူ ဆေးဖော်စပ်ပေးရန် လိုအပ်ပါသလော..."

ထို့ပြင် ချင်းမင်သည် အချိန်မရွေး ဆေးဖော်စပ်နိုင်သည် မဟုတ်လော...

ချင်းမင်က သူ့ဆရာ၏မျက်လုံးများကိုကြည့်ပြီး မည်သည့်အရာအား တွေးတောနေသည်ကို သိရှိသွားသည်။ ထို့ကြောင့် သူက ဆက်လက်၍ ပြောဆိုလိုက်၏။

"ဒါက ဒီလိုပါ....ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ဆေးဖော်စပ်ဖို့က သိပ်အဆင်မပြေဘူး... ခင်ဗျားလည်း ကျွန်တော့်ရဲ့အရည်အချင်းကို သိသားပဲ... ကျွန်တော်က မတော်တဆ ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးတွေကို မကြာခဏ ဖော်စပ်မိခဲ့တယ်.... ဆေးလုံးရဲ့အဆင့်ကို ထိန်းချုပ်ရတာက အရမ်းပင်ပန်းတဲ့ကိစ္စတစ်ခုပဲ....ဒါ့ပြင် ကျွန်တော်က အရမ်းငယ်သေးတယ်... သစ်တောထဲမှာ ထူးထူးခြားခြား မြင့်တက်နေတဲ့ သစ်ပင်က လေပြင်းကြောင့် ပျက်စီးသွားလိမ့်မယ်...ကျွန်တော်က သိုသိုသိပ်သိပ်နေချင်တယ်ဆိုရင် အနည်းဆုံးတော့ နတ်ဘုရားအဆင့် ဆေးပညာအရည်အချင်းကို ဖုံးကွယ်ထားဖို့ လိုတယ်"

ဤလောကကြီးသည် အပေါ်ယံတွင် မြင်တွေ့ရသလောက် မရိုးရှင်းချေ။ ယခုချိန်၌ သူ၏ယခင်ဘဝက ကျင့်ကြံမှုအခြေခံ လုံးလုံးလျားလျား ဆုံးရှုံးသွားပြီး သူသည် သိုင်းစစ်သည်တော်တစ်ဦးသာဖြစ်သည်။

ဆေးနတ်ဘုရားခန္ဓာကိုယ်သည် သူ့ကို အချိန်တိုအတွင်း၌ သိုင်းအကြီးအကဲအဆင့်သို့ ရောက်ရှိစေနိုင်သော်လည်း ကုန်းမြေတစ်ခုလုံးနှင့် နှိုင်းယှဉ်လျှင် ဤကျင့်ကြံဆင့်သည် အရေးမပါလှချေ

"ကောင်းပြီလေ... ဒါဆိုရင် ငါ သဘောတူလိုက်ပြီ"

အသူရာမီးလျှံဆေးဘုရင်သည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကူကယ်ရာမဲ့စွာ ပြောဆိုလိုက်၏။

ဤလောကကြီးတွင် မည်သည့်အရာက မှားယွင်းနေသနည်း။ ချင်းမင်သည် ပြီးပြည့်စုံခြင်းအဆင့်ဆေးလုံးများ မတော်တဆ ဖော်စပ်မိမည်ကို ကြောက်ရွံနေသည်။ အသူရာမီးလျှံဆေးဘုရင်ကမူ ပြီးပြည့်စုံခြင်းအဆင့် ဆေးလုံးများ ဖော်စပ်ရန် အလွန်ဒုက္ခခံခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

ဒါပေမဲ့ သူက...

နှိုင်းယှဉ်ကြည့်ရတာက တကယ့်ကို ဒေါသထွက်စရာကောင်းတယ်...

ချင်းယန်က သူသည် ဤလူငယ်အပေါ် ကြီးမားသော အခွင့်အရေးကို ယူခဲ့မိသည်ဟု ခံစားလိုက်ရသည်။ ဤလူငယ်သည် ချင်းယန်ကို သူ၏တပည့်အဖြစ် မသတ်မှတ်လိုချေ။ သို့ရာတွင် ချင်းယန်ကမူ ဤလူငယ်အပေါ် သူ၏ဆရာအဖြစ် ဆက်ဆံမည်ဟု ဆုံးဖြတ်လိုက်၏။

All Chapters