← Chapters

အရူး

Vol. 2 Ch. 27

အရူး

Vol. 2 Ch. 27

"မင်းက ဘယ်သူလဲ ...ဒီနေရာမှာ ဘာလို့ပုန်းနေတာလဲ"

အသူရာမီးလျှံဆေးဘုရင်က လူငယ်တစ်ယောက် ထွက်လာသည်ကို မြင်ချိန်၌ သက်ပြင်းချလိုက်သည်။

သူသည် လိုက်လံသတ်ဖြတ်ခံနေရသောကြောင့် လှုပ်ရှားမှုအမျိုးမျိုးကို အလွန်အကဲဆတ်နေသည်။

"ကျွန်တော့်မျိုးရိုးက ချင်းပါ.... လျိုမြို့ရဲ့ ချင်းမိသားစုကပါ.... ကျွန်တော့်ရဲ့နာမည်က ချင်းမင်ပါ"

ချင်းမင်က သူ့ကိုယ်သူ မိတ်ဆက်လိုက်သည်။

သူ စဉ်းစားပြီးသွားလေပြီ။ သူ၏ယခင်ဘဝကဲ့သို့ အသူရာမီးလျှံဆေးဘုရင်ကို သူ၏ဆရာအဖြစ် တင်မြှောက်ရန်မှာ မဖြစ်နိုင်တော့ချေ။

သူသည် ယခုချိန်၌ ဆေးနတ်ဘုရားတစ်ပါးဖြစ်နေလေရာ ဆေးဘုရင်တစ်ယောက်ကို ဦးညွှတ်အရိုအသေပြုရန် နည်းလမ်းမရှိပေ။ သူ ဆန္ဒရှိလျှင်ပင် အသူရာမီးလျှံဆေးဘုရင်က လက်ခံမည်မဟုတ်ချေ။

ချင်းမင်၏ မိတ်ဆက်စကားကို နားထောင်ပြီးနောက် အသူရာမီးလျှံဆေးဘုရင် လုံးလုံးလျားလျား စိတ်အေးသွားသည်။ ဤလူငယ်သည် လျိုမြို့မှဖြစ်သောကြောင့် သူ့တပည့်မှ လွှတ်လိုက်သောလူ မဖြစ်နိုင်ပေ။

သူ၏တပည့်လွှတ်လိုက်သော ကျင့်ကြံသူသည်လည်း နိမ့်ကျသော သိုင်းစစ်သည်တော်တစ်ယောက် ဖြစ်နိုင်မည် မဟုတ်ချေ။ အနည်းဆုံးတော့ သိုင်းဆရာကြီးအဆင့် ကျင့်ကြံသူတစ်ဦးကို စေလွှတ်ပေလိမ့်မည်။

အသူရာမီးလျှံဆေးဘုရင်က ပတ်ဝန်းကျင်ကိုကြည့်ကာ မျက်မှောင်ကြုတ်ပြီး မေးမြန်းလိုက်သည်။

"မင်းက ဘာလို့ ဒီည အိမ်မှာမနေဘဲ ဒီနေရာမှာ ဘာလုပ်နေတာလဲ"

ဤလူငယ်သည် ဖြူစင်သန့်ရှင်းသည်။ တစ်ချက်ကြည့်ရုံဖြင့် သူသည် ချင်းမိသားစုတွင် အရေးပါသော ပုဂ္ဂိုလ်ဖြစ်ကြောင်း သိသာထင်ရှားပေ၏။ ယခုချိန်၌ ညသန်းခေါင်အချိန်ဖြစ်နေလေပြီ။ သိုင်းစစ်သည်တော်အဆင့် ကျင့်ကြံသူတစ်ယောက်အတွက် အပြင်တွင် တစ်ယောက်တည်းနေခြင်းသည် အလွန်အန္တရာယ်များသည်။

"ကျွန်တော်က ခင်ဗျားကို စောင့်နေတာပါ"

ချင်းမင်က လျှို့ဝှက်ဆန်းကြယ်သောအပြုံးဖြင့် ပြောဆိုလိုက်သည်။

"ငါ့ကို စောင့်နေတာလား"

ဤစကားကိုကြားချိန်၌ အသူရာမီးလျှံဆေးဘုရင်၏မျက်နှာအမူအယာ ချက်ချင်းပြောင်းလဲသွားသည်။

"မင်းကို ငါ့ရဲ့တပည့်က လွှတ်လိုက်တာလား"

ချင်းမင်က ခေါင်းခါပြီး ပြောဆိုလိုက်၏။

"မဟုတ်ဘူး...ကျွန်တော့်ကို ဘယ်သူကမှ လွှတ်လိုက်တာ မဟုတ်ဘူး... ခင်ဗျားရဲ့တပည့်က ဘယ်သူပဲဖြစ်နေနေ သူ့မှာ ကျွန်တော့်ကို အမိန့်ပေးပိုင်ခွင့်မရှိဘူး...ကျွန်တော်က ခင်ဗျားအတွက် သီးသန့်လာတာပါ"

"ငါ့အတွက်လား"

ချင်းယန်က အပြုံးနှင့် ပြောဆိုသည်။

"ငါက မသန်စွမ်းတဲ့ အဘိုးကြီးတစ်ယောက်ပါ.. မင်းက ငါ့အတွက် သီးသန့်လာရလောက်အောင် ငါ့မှာ ဘာတန်ဖိုးရှိလို့လဲ"

ချင်းမင်က သူ့ဆရာ၏ မျက်လုံးများကိုကြည့်ပြီး တည်ကြည်လေးနက်စွာ ပြောဆိုလိုက်သည်။

"ခင်ဗျားက မသန်စွမ်းတဲ့ အဘိုးကြီး မဟုတ်ဘူး.... ခင်ဗျားက နာမည်ကျော်ကြားတဲ့ အသူရာမီးလျှံဆေးဘုရင်ပဲ..."

"မင်း သိနေတာပဲ"

အသူရာမီးလျှံဆေးဘုရင်၏မျက်နှာအမူအယာ သိသိသာသာ ပြောင်းလဲသွားသည်။

"ကျွန်တော် သိတယ်....ဘာလို့လဲဆိုတော့ ကျွန်တော်က ဆေးနတ်ဘုရားတစ်ပါးမလို့ပဲ" ချင်းမင်က တည်ကြည်လေးနက်စွာ ပြောဆိုလိုက်၏။

ချင်းယန်က အော်ဟစ်ရယ်မောပြီး လှောင်ပြောင်လိုက်သည်။

"ဆေးနတ်ဘုရားက လွန်ခဲ့တဲ့ နှစ်သိန်းပေါင်းများစွာ အကြာကတည်းက သေသွားပြီ... မင်းက မင်းကိုယ်မင်း ဆေးနတ်ဘုရားလို့ ပြောရဲတယ်လား...မင်းကိုယ်မင်း သိုင်းနတ်ဘုရားလို့ ပြောလိုက်ရင် ပိုပြီးယုံစရာကောင်းအုံးမယ်"

ချင်းယန်က ဤလူငယ်သည် ဦးနှောက်မမှန်ဟု အတပ်ပြောနိုင်သည်။ ထိုလူငယ်သည် သူ့ကိုယ်သူ ဆေးနတ်ဘုရားဟု ပြောနေပေ၏။

ဤလူငယ်သည် ဆေးနတ်ဘုရားဟူသည်မှာ မည်သည့်တည်ရှိမှုကြီးမျိုးဖြစ်ကြောင်း သိပါသလော....

ဆေးနတ်ဘုရားဆိုသည်မှာ နတ်ဘုရားအဆင့်ဆေးလုံးကို ဖော်စပ်နိုင်သော ပုဂ္ဂိုလ်ပင်။ ဤသည်မှာ ဆေးပညာရှင်အများစုသည် အိပ်မက်များအတွင်း၌ပင် ထည့်မမက်ဝံ့သော အဆင့်ဖြစ်သည်။

ချင်းမင်က ကူကယ်ရာမဲ့စွာဖြင့် ခေါင်းခါယမ်းလိုက်သည်။ သူ အမှန်အတိုင်းပြောလျှင် မည်သူမျှ သူ့ကို ယုံကြည်မည်မဟုတ်ကြောင်း သူ သိရှိထားသည်။

"ဆေးနတ်ဘုရားခန္ဓာကိုယ်...ဖော်စမ်း"

အချိန်တခဏအတွင်းမှာပင် လေဟာနယ်အတွင်း၌ ခရမ်းရောင်မီးတောက်တစ်ခု ထွက်ပေါ်လာသည်။

ထိုမီးတောက်သည် ညကောင်းကင်ယံ၏အမှောင်ထုကို ချိုးဖျက်ကာ ညလင်းပုလဲလုံးတစ်လုံးကဲ့သို့ တောက်ပနေပေ၏။

"ဒါက"

အသူရာမီးလျှံဆေးဘုရင်၏မျက်လုံးများ ပြူးကျယ်သွားပြီး လေဟာနယ်ထဲမှမီးတောက်ကို စူးစိုက်၍ကြည့်နေသည်။

ဆေးဘုရင်တစ်ပါးအနေဖြင့် ဤမီးတောက်ကို ဆေးဖော်စပ်ရာ၌ အသုံးပြုနိုင်ကြောင်း သူ သိရှိထားသည်။

သို့ရာတွင် ဆေးမီးဖိုမရှိဘဲ လေထုအတွင်းတွင် မီးတောက်ကို သုံးနိုင်သူဟူ၍ မည်သူတစ်ဦးတစ်ယောက်မှ မရှိခဲ့ဖူးချေ။

အကယ်၍ ဤသို့ဖြစ်ပါက ဆေးပညာရှင်တစ်ယောက်သည် မည်သည်ကြောင့် ဆေးမီးဖို လိုအပ်မည်နည်း။ သူ လုပ်ရမည်မှာ လေဟာနယ်အတွင်းတွင် ဆေးလုံးကို ဖော်စပ်ရန်ပင်။

"ဖော်စပ်စမ်း..."

ချင်းမင်က လေသံတိုးတိုးဖြင့် ရေရွတ်လိုက်သည်။

ပတ်ဝန်းကျင်ရှိ ပေါင်းပင်များနှင့်သစ်ရွက်များသည် မီးတောက်ဆီသို့ ပျံသန်းသွားပြီး စိမ်းလန်းသော အရည်စက်လေးများအဖြစ် ပြောင်းလဲသွားသည်။

"စုစည်း.."

ချင်းမင်၏မျက်လုံးအကြည့် ရွေ့လျားသွားသည်။ ဤအရည်စက်လေးများသည် ချက်ချင်းပေါင်းစပ်ပြီး ဆေးလုံးတစ်လုံးအဖြစ် ပြောင်းလဲသွားပေ၏။

အမှန်အားဖြင့် ဤသည်မှာ အသုံးမဝင်သော ဆေးလုံးတစ်လုံးပင်။ ထိုအရာတွင် မည်သည့်ဆေးအာနိသင်မျှ မရှိချေ။

ချင်းမင်က ဆေးလုံးကိုယူပြီး အသူရာမီးလျှံဆေးဘုရင်ထံသို့ ပေါ့ပေါ့ပါးပါး ပစ်ပေးလိုက်သည်။

အသူရာမီးလျှံဆေးဘုရင်က ဆေးလုံးကို သတိထားပြီး ဖမ်းယူကာ ဂရုတစိုက် စစ်ဆေးလိုက်၏။ ဤအရာသည် သာမာန်အပင်များဖြင့် လေဟာနယ်အတွင်း၌ ဖော်စပ်ထားသော ဆေးလုံးဖြစ်သဖြင့် သူ သေချာကြည့်ရပေမည်။

All Chapters