← Chapters

ဇနီး : ယောက်ျား၊ ကျွန်မ ယောက်ျားအဆင်ပြေပါတယ်နော် ဟုတ်တယ်မလား

Vol. 26 Ch. 356

ဇနီး : ယောက်ျား၊ ကျွန်မ ယောက်ျားအဆင်ပြေပါတယ်နော် ဟုတ်တယ်မလား

Vol. 26 Ch. 356

ဗွမ်း ဗွမ်း…

ရေလှိုင်းသံများကို ချန်ကျဲ့ ကြားနေရသည်။ ချန်ကျဲ့ အသံလာရာဘက်သို့ အပြေးသွားလိုက်ရာ ယီးဟုန်ဂေဟာ၏ အနောက်ခြံဝင်းသို့ ရောက်လာခဲ့သည်။

ယီးဟုန်ဂေဟာ၏ အနောက်ခြံဝင်းသည် အဆင့်အတန်းမြင့် ရေပူစမ်းကန်ကြီးဖြင့် ခမ်းနားဝင့်ကြွားစွာ တည်ရှိနေသည်။

ရေကန်ထဲရှိ‌ ရေများသည် လူကို သက်သောင့်သက်သာဖြစ်စေအောင် နွေးထွေး၏။ ထို့ပြင် အသန့်စင်ဆုံးသော ရေပူစမ်းရေကို အနီးတစ်ဝိုက်ရှိ အပြင်ဘက် ဇိမ်ခံရေချိုးကန်များထဲသို့ သွယ်ပေးရန်အတွက် ရေကန်ထဲတွင် ရေလှည်းဘီးတပ်ဆင်ထားသည်။

သို့သော် ဤနေရာကို အများသုံးဖွင့်လှစ်မထားပေ။ ယီးဟုန်ဂေဟာ၏ အဆောက်အဦပိုင်ရှင်နှင့် ချောင်ဟုန်ယန်တို့ ပျော်မွေ့ရန်အတွက် သီးသန့်ထားခြင်းဖြစ်သည်။

ချန်ကျဲ့ကြားလိုက်ရသည့် ရေသံမှာ ထိုရေလှည်းဘီး အလုပ်လုပ်နေသည့်အသံ ဖြစ်သည်။

ချန်ကျဲ့ အလျင်စလို ထွက်ပြေးလာစဉ် မြင့်သွန်းလှသည့်နံရံကြီးကို မြင်သဖြင့် ချက်ချင်း နံရံခုန်ကျော်တက်လိုက်သည်။

ထို့နောက် ခြံဝင်းထဲသို့ ချောင်းကြည့်လိုက်ရာ ရေချိုးဝတ်များ၊ ဆပ်ပြာတောင့်များကို ကိုင်ကာ ရပ်နေသည့် အမျိုးသမီးတစ်စုကို မြင်တွေ့လိုက်ရသည်။ သူတို့သည် ရေချိုးကန်ထဲတွင် ရေချိုးနေသည့် အမျိုးသမီးတစ်ဦးကို စောင့်ကြပ်ပေးနေကြခြင်း ဖြစ်သည်။

ရေပူစမ်းကန်ထဲရှိ အမျိုးသမီးသည် သူမ၏ နှင်းကဲ့သို့ဖြူဆွတ်သော ပခုံးသားများကို လှစ်ဟထား၏။

ထိုစဉ် အမျိုးသမီးသုံးဦးသည် ပျော်ရွှင်မြူးထူးစွာဖြင့် ရေကန်ထဲသို့ ပန်းပွင့်ဖတ်များကို ဖြန့်ကျဲထည့်ပေးနေသည်။ ထိုမြင်ကွင်းမှာ အစေခံမိန်းကလေးများမှ သခင်မလေးတစ်ဦးကို ရေချိုးရာ၌ ခစားပေးနေသည့် မြင်ကွင်းမျိုး ဖြစ်၏။

ရေကန်ထဲတွင် ရေချိုးနေသည့် အမျိုးသမီးမှာ အစောင့်အရှောက်ကြီး၁၃ဦးထဲမှ တစ်ဦးဖြစ်သော ချောင်ဟုန်ရန်မှတစ်ပါး အခြားမဖြစ်နိုင်ပေ။ ရေထဲသို့ ပန်းပွင့်ဖတ်များ ဖြန့်ကြဲပေးနေသည့် အမျိုးသမီးများသည်တော့ အမျိုးသားများစွာမှ လိုချင်တပ်မက်နေကြသည့် ယီးဟုန်ဂေဟာ၏ အထက်တန်းပြည့်တန်ဆာလေးဦးဖြစ်ပေသည်။

သို့တိုင် ထိုအမျိုးသမီးလေးဦးသည် သာမန်အစေခံများကဲ့သို့ ချောင်ဟုန်ရန်ကို ခစားနေကြ၏။

အမျိုးသမီးများသည် ရေချိုးကန်ထဲ ရေစိမ်ချိုးနေစဉ် ပန်းပွင့်ဖတ်လေးများ ရေထဲလွင့်ကျလာသည့် မြင်ကွင်းကို ကြည့်ရှုရခြင်းအား နှစ်ခြိုက်ကြသည်။

ချန်ကျဲ့ နံရံပေါ် ခြေချလိုက်သည်။ ချန်ကျဲ့၏ခြေထောက်နှင့် နံရံတို့ ထိလိုက်သည်နှင့်တစ်ပြိုင်နက် ရေချိုးနေသည့် ချောင်ဟုန်ယန်သည် တစ်စုံတစ်ရာကို အာရုံခံမိသည့်အလား လှမ်းကြည့်လာခဲ့သည်။

သူမသည် အနီးရှိ ဓားပျော့ထက်သို့ လက်လှမ်းလိုက်ရင်း မျက်လုံးအစုံတွင်လည်း သတ်ဖြတ်လိုခြင်းအငွေ့အသက်များ ပြည့်နှက်နေခဲ့သည်။

ဘယ်သူက ငါရေချိုးတာကို ချောင်းကြည့်ရဲတာလဲ!

ချန်ကျဲ့ ထိတ်လန့်သွား၏။ သို့သော် နောက်တဒင်္ဂ၌ သူ့ထံ လက်တစ်ဖက်ရောက်ရှိလာခဲ့ပြီး နံရံပေါ်မှ ရုတ်ချည်း ဆွဲချလိုက်လေသည်။

“ဘယ်သူလဲ!”

ချန်ကျဲ့ သတိချပ်လိုက်သည်။

ဘယ်သူလုပ်လိုက်တာလဲ? ဆွဲချခံရတုန်းက ငါ ဘယ်လိုမှ အင်အားသုံးပြီး မခုခံနိုင်လိုက်ဘူး။ စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်မှာတောင် ဒီလိုအင်အားမျိုး မရှိလောက်ဘူးထင်တာပဲ။

ထိုလက်၏အင်အားတွင် ချန်ကျဲ့သည် မိမိမှာ ခုခံနိုင်စွမ်းမရှိသည့် ကြက်ပေါက်တစ်ကောင်အလား ကူကယ်ရာမဲ့

မှုကို ခံစားလိုက်ရ၏။

ချန်ကျဲ့ အံ့အားသင့်နေခဲ့၏။

သို့သော် အသံတစ်သံကို ကြားလိုက်ရ၏။

“ရှူး အသံမထွက်နဲ့”

ချန်ကျဲ့ လှည့်ကြည့်လိုက်ရာ သူ မကြာမီက ဆုံတွေ့ခဲ့သည့် မျက်မမြင်လူကြီးကို မြင်လိုက်ရသဖြင့် ပို၍ အံ့ဩသွားခဲ့ရသည်။ ယခုတွင် မျက်မမြင်လူကြီးသည် ဥယျာဉ်ထဲရှိ ကျောက်တုံး‌ကြီးတစ်တုံးထက်တွင် တွဲလဲခိုနေပေသည်။ မျက်မမြင်လူကြီး၏ မျက်လုံးများသည် အစေခံမိန်းကလေးတစ်စုကို ထိုးဖောက်ဖြတ်ကျော်၍ ရေကန်ထဲရှိ ချောင်ဟုန်ယန်ကို တိတိကျကျ ကြည့်နေခဲ့သည်။

“ဟင်?”

ချန်ကျဲ့ ကြောင်အသွားရသည် : မျက်မမြင်က အမျိုးသမီးတစ်ယောက် ရေချိုးနေတာကို ချောင်းကြည့်နေတာလား?

ဘယ်လိုမှ မအပ်စပ်နေဘူးလေ။

“ခင်ဗျား မျက်လုံးမြင်တယ်လား”

မျက်မမြင်လူကြီးမှ ပြန်ပြောသည်။

“မြင်တယ်လေ မြင်တာပေါ့!”

“ဒါဆို ခင်ဗျား…”

ချန်ကျဲ့ မျက်မမြင်လူကြီး၏ ဝတ်ရုံကို လက်ညှိုးထိုးလိုက်သည်။ မျက်မမြင်လူကြီးသည် နေကာမျက်မှန်များကို ချွတ်လိုက်ပြီး သူ့မျက်လုံးများကို ပြ၏။

မျက်လုံးများမှာ အမှန်တကယ်ပင် အမြင်အာရုံချို့တဲ့နေကြောင်း ချန်ကျဲ့မြင်လိုက်ရသည်။

မျက်မမြင်လူကြီးမှ ရယ်မောသည်။

“အသွေးအသားမျက်လုံးက မမြင်နိုင်ပေမဲ့ စိတ်ဝိဉာဉ်မျက်လုံးက မြင်နိုင်တယ်”

“စိတ်ဝိဉာဉ်မျက်လုံး?”

ချန်ကျဲ့ နားမလည်ပေ။ မျက်မမြင်လူကြီးမှ ရှင်းပြသည်။

“အသွေးအသားမျက်လုံးက သူလိုငါလို သာမန်ကမ္ဘာကြီးကိုပဲ မြင်တွေ့နိုင်တယ်။ စိတ်ဝိဉာဉ်မျက်လုံးကတော့ စကြဝဠာကြီးကို မြင်တွေ့နိုင်တယ်”

“ဪ အဲ့တော့ လူကြီးမင်းက စကြဝဠာကြီးကို ကြည့်နေတာလား”

ချန်ကျဲ့၏ အမေးစကားကို မျက်မမြင်လူကြီးမှ ပြန်ဖြေသည်။

“မဟုတ်ဘူး။ ငါ အမျိုးသမီးတစ်ယောက်ကို ကြည့်နေတာ”

“အာ… အဲ့တော့ အမျိုးသမီးကို မြင်နိုင်တယ်ပေါ့?”

ချန်ကျဲ့မှ ပြောသည်။

မျက်မမြင်လူကြီးမှ ပြောသည်။

“မင်းက မွေးကင်းစ ကလေးတစ်ယောက်လို အားနည်းနေသေးတယ်။ ‌ဒီလောကမှာ မင်းမသိသေးတဲ့အရာတွေ အများကြီး ရှိနေသေးတယ်။ ဥပမာ ငါက ကောင်းကင်ဘုံလျှို့ဝှက်ချက်ကို အလဲအလှယ်လုပ်ဖို့အတွက် ငါ့ရဲ့မျက်လုံးကို ကိုယ်တိုင်ကန်းစေခဲ့တာမျိုးပေါ့။ ဟားဟား နတ်ဘုရားတွေထက်ကို ပိုသာတယ်ကွ နားလည်ရဲ့လား”

“အာ ကျွန်တော်နားမလည်ဘူး။ အမျိုးသမီး‌ ရေချိုးတာကို ကြည့်တာနဲ့ အဲဒါနဲ့က ဘာဆိုင်လို့ပါလဲ”

“ရိုင်းပျလိုက်တာ၊ ထားလိုက်ပါတော့။ ဒီအကြောင်း မပြောကြရအောင်။ အနာဂတ်မှာ အားလုံးက ကောင်းကင်ဘုံလျှို့ဝှက်ချက်တွေချည်းပဲ။ ငါ အမျိုးသမီးကို ကြည့်တယ်ဆိုတာလည်း ကောင်းကင်ဘုံလျှို့ဝှက်ချက်ရဲ့ တစ်စိတ်တစ်ပိုင်းပဲ။ ဥပမာ ငါမင်းကို ‘’ရေမှာ ရှင်သန်တယ်'လို့ ပြောခဲ့တဲ့အခါ ငါက မင်းအတွက် အသက်ကြိုးမျှင် သယ်ဆောင်လာပေးဖို့ ဒီကိုရောက်လာရတယ်လေ”

“ဪ လူကြီးမင်းက ကိုယ့်ရဲ့ဂမ္ဘီရဉာဏ်ကို ကိုယ့်ဘာသာ ပြီးမြောက်စေတာလား”

“အဲဒါဘာဖြစ်လဲ။ ကောင်းကင်ဘုံ‌ရဲ့အောက်မှာ ငါကလည်း သတ္တဝါတွေထဲက တစ်ယောက်ပဲလေ။ ငါက မင်းအတွက် အသက်ကြိုးမျှင် သယ်ဆောင်လာပေးတယ်ဆိုတာလည်း ကောင်းကင်ဘုံရဲ့ဆန္ဒဖြစ်လိမ့်မယ် မဟုတ်ဘူးလား”

“ဟုတ်ပါတယ် ဟုတ်ပါတယ်။ လူကြီးမင်းပြောတာ အားလုံးမှန်ပါတယ်။ ဒါပေမဲ့ ကျွန်တော် အခုဘာလုပ်ရမလဲ။ ချောင်ဟုန်ယန်က ရှေ့မှာ ရှာနေပြီး ချင်းယင်က နောက်က လိုက်ဖမ်းနေတာ၊ လူကြီးမင်းမှာ သူတို့နှစ်ယောက်စလုံးကို အနိုင်တိုက်နိုင်မယ့်အင်အားရှိလားဗျ”

ထိုအခါ မျက်မမြင်လူကြီးမှ ပြောသည်။

“တိုက်ခိုက်မယ်? ဘာလို့တိုက်ခိုက်မှာလဲ”

“မတိုက်ခိုက်ဘဲနဲ့ လူကြီးမင်းက ကျွန်တော့်ကို ဘယ်လိုကယ်တင်ပေးမှာလဲ။ ဒါမှမဟုတ် လူကြီးမင်းရဲ့ အသက်ကြိုးမျှင်ဆိုတာက မျှော်လင့်ချက်အမှားကြီးများလား”

“ပေါက်ကရတွေ! ငါ့ရဲ့ဂမ္ဘီရဉာဏ်က ပြိုင်ဘက်ကင်းတယ်။ ငါ ဘယ်တုန်းကမှ မမှားခဲ့ဖူးဘူး”

ထို့နောက် မျက်မမြင်လူကြီးမှ ပြောသည်။

“မင်း လှုပ်ရှားဖို့မလိုဘူး။ အဲဒီကျောက်တုံးကို မြင်လား? အဲဒီကျောက်တုံးကနေ ဒီကျောက်တုံးအထိ ဒီကျောက်တုံးနှစ်တုံးကြားနေရာကနေ ထွက်မသွားနဲ့။ အဲဒါဆို ဘယ်သူမှ မင်းကို မြင်နိုင်မှာ မဟုတ်ဘူး”

“‌ဒါက အဲဒီလောက်တောင် အံ့ဩဖို့ကောင်းတယ်လား”

ချန်ကျဲ့သည် သင်္ကာမကင်းဖြင့် မျက်မမြင်လူကြီးကို ကြည့်နေခဲ့သည်။ မျက်မမြင်လူကြီးမှ ပြောသည်။

“ငါ့ကို မယုံဘူးလား။ ကြည့်နော်၊ အဲဒီအမျိုးသမီး ဒီဘက်ကိုကြည့်နေတာ ဘယ်လောက်ကြာ‌နေပြီလဲ။ သူ အခုထိ ငါတို့ကို မမြင်သေးဘူး မဟုတ်လား”

ချန်ကျဲ့ လှည့်ကြည့်လိုက်ရာ ချောင်ဟုန်ယန်သည် သူရှိရာဘက်သို့ စိတ်ရှုပ်ထွေးစွာ ကြည့်နေသည်ကို မြင်လိုက်ရသည်။ သူမသည် ဘာကိုမျှ ရှာမတွေ့ပေ။

ငါရှိနေတဲ့နေရာကို သူ့နေရာကနေဆို ရှင်းရှင်းလင်းလင်းမြင်ရမှာ သေချာပါတယ်။ ဒါပေမဲ့ သူဘာလို့ ငါ့ကိုမမြင်ရတာလဲ။

ချန်ကျဲ့ နားမလည်နိုင်စွာ မျက်မမြင်လူကြီးကို ကြည့်လိုက်သည်။ မျက်မမြင်လူကြီးသည် ရင်ဘတ်ထဲမှ ရေဘူးကို ထုတ်ယူကာ တစ်ငုံသောက်လိုက်ပြီးနောက် ပြုံးရယ်လျက် ပြောသည်။

“မင်းအခု ငါ့ကိုယုံပြီမလား”

ချန်ကျဲ့ ဘာမှမတုံ့ပြန်နိုင်မီ သူ၏ဦးခေါင်းကို လေတစ်ချက် ဝှေ့တိုက်သွားခဲ့သည်။

ဝူး…

ထို့နောက်တွင် ခမ်းနားထည်ဝါသော လင်းယုန်တစ်ကောင်အလား ပုံရိပ်သည် လက်မောင်းနှစ်ဖက် ဖြန့်တန့်လျက် ချန်ကျဲ့ ရပ်‌ခဲ့ဖူးသည့် နံရံပေါ်သို့ ခြေချလိုက်သည်။ ယခု၌ ချင်းယင်သည် သူ၏‌ဦးခေါင်းတည့်တည့်တွင် ရှိနေလေသည်။

ချင်းယင်!

ချင်းယင်သည် ပတိဝန်းကျင်တစ်ခုလုံးကို လင်းယုန်မျက်လုံးများဖြင့် ရှာဖွေသည်။ ချင်းယင်မှ ငုံ့ကြည့်လိုက်ချိန်တွင် ချန်ကျဲ့မှာ သူတို့နှစ်ဦး အကြည့်ချင်းဆုံသွားသည်ဟု ခံစားလိုက်ရ၏။ သို့ဖြင့် ချန်ကျဲ့သည် သံမဏိလက်ဝါးသိုင်းကို အသုံးပြုရန် အသင့်ပြင်ကာ တိုက်ခိုက်ရန် အသင့်ပြင်လိုက်သည်။

သို့သော် ချင်းယင်သည် ဘာကိုမျှ မမြင်လိုက်သည့်အလား အကြည့်လွှဲသွား၏။

ချန်ကျဲ့မှာ ချင်းယင်၏ အသက်ရှူသံကိုပင် ကြားနိုင်နေသည်။ သို့တိုင် ဤမျှနီးကပ်လွန်းသည့် အကွာအဝေးတွင် ချင်းယင်သည် သူ့ကို မမြင်ခဲ့ပေ။

ဒါက ဘယ်လိုလှည့်ကွက်မျိုးလဲ။

မျက်မမြင်လူကြီးသည် နောက်ထပ် ရေတစ်ငုံသောက်ပြီးနောက် ပြုံးလိုက်သည်။

“မင်းသူ့ကို အကျယ်ကြီးအော်ဟစ်လိုက်လည်း ရတယ်။ သူ မကြားရဘူး၊ မင်းစိတ်ချထားလို့ရတယ်။ ဆံချည်တစ်မျှင်မျှ အကွာအဝေးဟာလည်း ကမ္ဘာခြားသလို ကွာဝေးပါတယ်~”

All Chapters