← Chapters

ဇနီး : ယောက်ျား၊ ကျွန်မ ယောက်ျားအဆင်ပြေပါတယ်နော် ဟုတ်တယ်မလား_၄

Vol. 26 Ch. 359

ဇနီး : ယောက်ျား၊ ကျွန်မ ယောက်ျားအဆင်ပြေပါတယ်နော် ဟုတ်တယ်မလား_၄

Vol. 26 Ch. 359

ချန်ကျဲ့သည် အချိန်အတော်ကြာသည်အထိ ထိုနေရာတွင်သာ အတွေးထဲ နစ်မြောနေခဲ့သည်။ အချိန်မည်မျှ ကုန်ဆုံးသွားမှန်း မသိလောက်အောင် ကြာမြင့်ပြီးနောက်မှ ချန်ကျဲ့ ပြန်လည်၍ အသိဝင်လာခဲ့သည်။

ချန်ကျဲ့သည် ဝေဖန်စာ၄ကြောင်းပင်လျှင် စဉ်းစားခဲ့သေး၏။

ငါ့ရဲ့တစ်ဘဝလုံးမှာ ကောင်းမှုတစ်ခုမှ မပြုလုပ်ခဲ့ဘဲ

မီးရှို့သတ်ဖြတ်ရတာကိုပဲ နှစ်ခြိုက်မွေ့လျော်ခဲ့တယ်။

ယီးဟုန်ဂေဟာမှာ ကြမ္မာအကြောင်းကို ပြောဆိုလေ့ရှိကြတယ်။

နောက်ဆုံးတော့ ငါက ငါပဲဆိုတာကို နားလည်သွားခဲ့ပြီ!

…

ချန်ကျဲ့ အသိပြန်ဝင်လာပြီးနောက် တစ်ဖက်သို့ ခေါင်းလှည့်ကြည့်လိုက်ရာ မျက်မမြင်လူကြီး၏ အရိပ်အယောင်ကို မမြင်ရတော့ပေ။ ချန်ကျဲ့သည် မိန်းမောတွေဝေလျက် ထိုနေရာတွင် တစ်ယောက်တည်း ကျန်ရစ်နေခဲ့‌သည်။

“လူကြီးမင်း လူကြီးမင်း”

ချန်ကျဲ့ ရှာဖွေကြည့်သော်ငြား မျက်မမြင်လူကြီး၏ အရိပ်အယောင်ကို တစ်စိုးတစ်စသော်မျှ မမြင်တွေ့ရတော့ပေ။

“သူက ဘယ်လိုလူများလဲ”

ချန်ကျဲ့ တစ်ချက်မျှ တွေးလိုက်ပြီးနောက် မိမိ၏ နောက်လှုပ်ရှားမှုအတွက် ချက်ချင်းစတင်၍ အစီအစဉ်ဆွဲတော့သည်။

ငါက သမိုင်းထဲက ဟန့်ဘုရင် ချန်ယုံလျန့်ဖြစ်နိုင်တယ်။ ဒါပေမဲ့ အရာအားလုံးက ဘာမှမသေချာသေးဘူး။ ဒီတိုင်း ဘာမှမလုပ်ဘဲ ထိုင်နေလို့တော့ တိုင်းပြည်အုပ်ချုပ်တဲ့ ဘုရင်တစ်ပါးဖြစ်မလာနိုင်ဘူး။

ထို့ပြင် ချန်ကျဲ့သည် မိမိနှင့်အမည်တူ အခြားတစ်ယောက် ရှိနေလိမ့်မည်ကိုလည်း သံသယဝင်နေခဲ့သည်။

ချန်ကျိုစစ်ဆိုတဲ့ နာမည်နဲ့ တခြားတစ်ယောက် ထပ်ရှိနေတာရော မဖြစ်နိုင်လောက်ဘူးလား။

အဲဒါက ဖြစ်နိုင်ခြေမရှိပေမဲ့လည်း ရှေ့ဆက်ရမယ့်လမ်းက မြူခိုးတွေ ထူထပ်နေတုန်းပဲ။ ကိုယ့်ကိုယ်ကိုယ် အားမကိုးဘဲနဲ့တော့ အောင်မြင်မှုရဖို့ဆိုတာ မဖြစ်နိုင်ဘူး။

အခုလိုပေါ့။ မျက်စိရှေ့မှာ ရှိနေတဲ့ အကျပ်အတည်းကို ဘယ်လိုဖြေရှင်းရမလဲ မသေချာသေးဘူးလေ။

ထိုသို့တွေးမိသည်တွင် ချန်ကျဲ့သည် နောက်ထပ် လှုပ်ရှားမှုများကို စတင်စီစဉ်သည်။

ထိုချိန်၌ ချင်းယင်သည် ချောင်ဟုန်ယန်၏ လိုက်လံဖမ်းဆီခံရမှုကြောင့် နွေဦးလေပြေပြဇာတ်ရုံသို့ ပြန်လာခဲ့သည်။

ခေါင်းဆောင်လျိုနှင့် အခြားသူများသည် ပြန်သွားပြီဖြစ်၏။ သူတို့အနေဖြင့် ငါးဖမ်းကုန်သည်အဖွဲ့၏ မိသားစုအရေးတွင် ကြားဝင်ရန် မသင့်တော်‌ချေ။

ချင်းယင် ပြန်ရောက်‌လာသောကြောင့် နန်ပါးထျန်းမှ မေးသည်။

“ဖမ်းမိခဲ့ပြီလား”

“ဖမ်းမမိခဲ့ပါဘူး။ အဲဒါက အရမ်းထူးဆန်းပါတယ်။ ကျွန်တော် သေချာပေါက် လူက ယီးဟုန်ဂေဟာရဲ့ ‌အနောက်ခြံဝင်းထဲဝင်သွားတာကို မြင်လိုက်ပါတယ်။ ဒါပေမဲ့ ကျွန်တော်ရောက်သွားတော့ လူကို မတွေ့တော့ပါဘူး”

“တိတိကျကျ ဘယ်လိုအခြေအနေဖြစ်ခဲ့တာလဲ”

နန်ပါးထျန်း၏ဘေးရှိ ဖုန်းရွှမ်မှ မေးလာခြင်း ဖြစ်သည်။

ချင်းယင်မှ ဖြစ်ကြောင်းကုန်စင်ကို ပြောပြပြီးနောက် ဖုန်းရွှမ်မှ ပြောသည်။

“ချောင်ဟုန်ယန်က လူကိုဖွက်ထားတာ ဖြစ်နိုင်လား”

ချင်းယင်မှ ပြောသည်။

“အဲဒီလိုမဖြစ်နိုင်ဘူး။ အဲဒီလိုအခြေအနေမျိုးမှာ အမျိုးသားတစ်ယောက်ရှိနေခဲ့ရင် အဲဒီအစေခံမိန်းကလေး‌တွေ ပုံမှန်အတိုင်း တုံ့ပြန်နိုင်မှာ မဟုတ်ဘူး။ ကျုပ်တော့ ချန်ကျိုစစ်က ယီးဟုန်ဂေဟာထဲကို ဝင်သွားခဲ့တာမဟုတ်ဘူးလို့ ထင်မိတယ်။ ပြီးတော့ ချောင်ဟုန်ယန်က ဘာအကြောင်းကြောင့် ချန်ကျိုစစ်ကို ကာ‌ကွယ်ပေးမှာတဲ့လဲ”

နန်ပါးထျန်းမှ ပြောသည်။

“အင်း ဒါပေမဲ့ ငါတို့ ဆက်ရှာရမယ်။ ဆရာတူအစ်ကိုရဲ့ သေဆုံးမှုက အရမ်းကြီး မရှင်းမလင်းနဲ့ အဆုံးသတ်သွားလို့ မဖြစ်ဘူး။ လူကို ပိုများများ စေလွှတ်လိုက်!”

ချင်းယင်မှ ပြောသည်။

“ကျွန်တော် စီစဉ်ထားပြီးပါပြီ”

ထို့နောက် ဖုန်းရွှမ်ကို ကြည့်လျက် ပြောသည်။

“ဖုန်းရွှမ် မင်းဘာလို့ လုံးဝ စိတ်မပူတဲ့ပုံဖြစ်နေရတာလဲ”

ဖုန်းရွှမ်မှ ပြန်ပြောသည်။

“ဘုန်းတော်ကြီးက ထွက်ပြေးနိုင်ပေမဲ့ ဘုရားကျောင်းကတော့ ထွက်မပြေးနိုင်ဘူးလေ။ ကျွန်တော်ကြားဖူးတာတော့ ညီငယ်၅က သူ့ရဲ့ဇနီးကို အရမ်းချစ်မြတ်နိုးတယ်တဲ့။ ညီငယ်၅ရဲ့ဇနီးကို ကျွန်တော် လူလွှတ်ပြီး ဖိတ်ထားပြီးပြီ။ သူ့ရဲ့ဇနီး တစ်ခုခုဖြစ်သွားမှာကို မလိုလားဘူးဆိုရင် သူ နာနာခံခံနဲ့ ကျွန်တော့်ကို လာရှာရလိမ့်မယ်”

ထိုအခါ ချင်းယင်သည် ဖုန်းရွှမ်ကို ကြည့်လျက် ပြောသည်။

“မင်းက အတော်ကောက်ကျစ်တဲ့ကောင်ပဲ။ အရေးကိစ္စတွေဖြေရှင်းတဲ့အခါ မိသားစုတွေကို ဆွဲမထည့်သင့်ဘူးတဲ့။ ဒါပေမဲ့ မင်းကတော့ တကယ်ကြီး သူ့ဇနီးကို ပြန်ပေးဆွဲလိုက်တယ်။ စက်ဆုပ်ဖို့ကောင်းလိုက်တာ!”

“ချင်းယင်!”

ထိုအခါ နန်ပါးထျန်းသည် ဒေါသတကြီးဖြင့် ပြောဆိုလာ၏။

“အဓိပ္ပာယ်မရှိတာတွေ ပြောမနေနဲ့‌တော့! အနာဂတ်မှာ ဖုန်းရွှမ်က ကျားဖြူခန်းမရဲ့ ခန်းမအရှင်သခင် ဖြစ်လာတော့မှာ။ မင်းတို့နှစ်ယောက်ရဲ့ အဆင့်အတန်းက အတူတူပဲ၊ အဆင်အခြင်မဲ့ စကားပြောခွင့်မရှိဘူး”

“ဟုတ်ကဲ့ပါ ခေါင်းဆောင်။ ကျွန်တော် စကားပြောတာ အဆင်အခြင်မဲ့သွားပါတယ်။ ခန်းမအရှင်သခင်ဖုန်းအနေနဲ့လည်း ခွင့်လွှတ်ပေးဖို့ တောင်းဆိုပါတယ်”

ဖုန်းရွှမ်သည် ဖော်ရွေစွာ ပြုံး၍ ‌တုံ့ပြန်၏။

“ကိစ္စမရှိပါဘူး ကိစ္စမရှိပါဘူး။ ခန်းမအရှင်သခင်ချင်းပြောတာ မှန်ပါတယ်။ ကျွန်တော့်ရဲ့ ဖြေရှင်းနည်းက တကယ့်ကိုပဲ နည်းနည်း ‌မလျော်ကန်ပါဘူး။ ဒါပေမဲ့ အဆိပ်မသုံးတိုင်း လူကောင်းမှ မဟုတ်တာလေဗျာ မဟုတ်ဘူးလား”

ချင်းယင်မှ ပြောသည်။

“လျော်ကန်တဲ့အချက်ကို ထောက်ပြပေးလိုက်တာပါပဲ”

ထိုစဉ် ဖုန်းရွှမ်မှ ဆက်ပြော၏။

“ဒါနဲ့ ခေါင်းဆောင်၊ အဲဒီသရုပ်ဆောင်ဟွားသျဲ့… ကျွန်တော်တို့ အခု သူ့ကို ဖြေရှင်းလိုက်လို့ရပြီလား။ သူ့ကို ဆက်ပြီး အသက်ရှင်ခွင့်ပေးထားရင် အဆုံးမှာ ကျိန်စာသင့်စေပါလိမ့်မယ်”

နန်ပါးထျန်း အနည်းငယ် မျက်မှောင်ကြုတ်သွား၏။ ထို့နောက် ပြောသည်။

“ထားလိုက်ပါ၊ သူ့အသက်ကို ချမ်းသာပေးလိုက်ပါ”

“ဒါပေမဲ့ ခေါင်းဆောင်–”

“သူ့ကို ကျေးလက်ဘက်မှာ ပုန်းကွယ်နေခိုင်းလိုက်။ ပြီးရင် သူ သေသွားပြီလို့ လူသိရှင်ကြား ကြေညာလိုက်၊ အဲ့လောက်ဆို လုံလောက်ပြီ။ ဒီကိစ္စကို ငါဖြေရှင်းလိုက်မယ်”

ဖုန်းရွှမ်သည် တိတ်ဆိတ်သွားသည့် နန်ပါးထျန်းကို ကြည့်နေခဲ့သည်။ နန်ပါးထျန်းအတွက် ဟွားသျဲ့သည် စံနှုန်းပြည့်မီသည့် အလှတရားထောင်ချောက်တစ်ခု ဖြစ်ခဲ့သည်။ သို့သော် အချိန်ကြာမြင့်လာသည်နှင့်အမျှ နန်ပါးထျန်းသည်လည်း ဟွားသျဲ့ကို ဆရာတူညီမလေး၏ အရိပ်အဖြစ် စတင်၍ မြင်လာခဲ့သည်။

ဖန်းရှစ်ကျုံးသည် သူမကို ချစ်မြတ်နိုးသွားခဲ့၏။ ထို့အတူ နန်ပါးထျန်းအပေါ်လည်း သက်ရောက်မှုရှိခဲ့သည်။

တစ်ချိန်က ဆရာတူညီမလေးသည် သူနှင့် ဖန်းရှစ်ကျုံး၏ နှလုံးအိမ်ထဲမှ အချစ်ဦးဖြစ်ခဲ့၏။ သို့သော်…

ချန်အိမ်တော်၌

“လူကြီးမင်းဟူ ပြဿနာတက်ပါပြီ! ကျားဖြူခန်းမအဖွဲ့သားတစ်ရာလောက်က ကျွန်တော်တို့အိမ်တော်ကို ဝန်းရံထားပါတယ်!”

တံခါးစောင့်မှ ရှောင်ဟူကို အကြောင်းကြား၏။

ထိုအခါ‌ ရှောင်ဟူ၏အကြည့်များ စူးရှသွား၏။

အစ်ကိုကျိုစစ် ခန့်မှန်းတာ အမှန်ဖြစ်လာခဲ့ပြီ။ ရန်သူက တကယ်ပဲ ချန်အိမ်တော်ဘက်ကို လှုပ်ရှားလာတာပဲ။

အစ်ကိုကျိုစစ် ဘယ်လိုနေလဲ သိချင်လိုက်တာ!

ရှောင်ဟူ တွေးနေစဉ် နောက်ထပ်အစောင့်တစ်ယောက် အလျင်စလို ပြေးဝင်လာ၏။

“မကောင်းတော့ဘူး လူကြီးမင်းဟူ၊ အရှေ့တံခါးစောင့် တတိယညီနောင်ဝမ်က ညီနောင်၇ယောက်၊ ၈ယောက်နဲ့အတူ အညံ့ခံလိုက်ပြီ။ အခု ကျွန်တော်တို့မှာ လူဆယ်ယောက်တောင် မပြည့်တော့ဘူး!”

ရှောင်ဟူ ‌မျက်မှောင်ကြုတ်လိုက်ပြီး ပြောလိုက်သည်။

“ညီနောင်တွေကို တောင့်ခံထားဖို့ ပြောလိုက်ပါ။ ငါတစ်ချက်ကြည့်လိုက်ဦးမယ်”

ရှောင်ဟူမှ ပြောသည်။ ထိုစဉ် စူးယွင်ကျင်းမှ အပြေးထွက်လာ၏။

“ဟူဇစ် ဘာဖြစ်တာလဲ”

ရှောင်ဟူမှ ပြောသည်။

“ဘာမှမဖြစ်ပါဘူး မရီး။ ဒီအတိုင်းပဲ နေပါ။ ကျွန်တော် ချက်ချင်း ပြန်လာခဲ့မယ်”

ထိုအခါ စူးယွင်ကျင်းမှ ပြန်ပြောသည်။

“ကောင်းပြီ”

ထို့နောက်တွင် အိမ်တော်ထဲရှိ အိမ်တော်အစေခံများအားလုံးမှာ တံခါးခေါက်သံကြောင့် နိုးကြားကုန်ကြ၏။

“တံခါးဖွင့်စမ်း တံခါးဖွင့်စမ်း!”

“ဘယ်သူလဲ”

“မသိပါဘူး။ ဒါပေမဲ့ အသံကိုနားထောင်ရတာတော့ အိမ်တော်ကို စီးနင်းဖို့ လာတဲ့သူတွေလိုပဲ”

ထိုသို့ပြောနေစဉ် အပြင်မှ အော်ပြောသံကို ကြားလိုက်ရသည်။

“တံခါးဖွင့်စမ်း။ ချန်ကျိုစစ်က ခန်းမအရှင်သခင်ဖန်းကို လုပ်ကြံသတ်ဖြတ်ပြီး အရမ်းကြီးလေးတဲ့ပြစ်မှုကို ကျူးလွန်ခဲ့တယ်။ မြန်မြန်တံခါးဖွင့်စမ်း။ ပြစ်ဒဏ်စီရင်ဖို့အတွက် ငါတို့နဲ့အတူ ကျားဖြူခန်းမကို ပြန်လိုက်ခဲ့ရမယ်!”

ထိုအချိန်၌ ရှောင်ဟူသည် နံရံရှိ လှေကားပေါ်သို့ တက်သွားခဲ့သည်။

“မင်းတို့က ဘယ်သူမလို့ ပေါက်ကရစကားတွေ လာပြောနေကြတာလဲ။ ငါတို့ရဲ့သခင်ချန်က ခန်းမအရှင်သခင်ဖန်းကို လုပ်ကြံမှာ မဟုတ်ဘူး။ မင်းတို့က လူလိမ်တွေပဲဖြစ်လိမ့်မယ်!”

“မင်းက ဘယ်သူလဲ။ မသေချင်ရင် အခုချက်ချင်း တံခါးဖွင့်ပေးစမ်း! ၁၀အထိ ရေလို့မှ တံခါးဖွင့်မပေးရင် ငါတို့ တံခါးဖျက်ပြီး ဝင်လာတော့မှာ!”

ရှောင်ဟူ၏မျက်နှာသည် ဒေါသကြောင့် မည်းမှောင်သွားတော့၏။

“မင်းတို့ပုန်ကန်နေတာပဲ။ မင်းတို့ကို ဘယ်သူစေလွှတ်လိုက်တာလဲ!”

“၁၀!”

တစ်ဖက်လူသည် ပြန်မဖြေတော့ဘဲ စတင်၍ ရေတွက်၏။

ရှောင်ဟူမှ ဟစ်ကြွေးသည်။

“ညီနောင်တို့ ဓား‌ထုတ်ကြ၊ သူတို့နဲ့ တိုက်ခိုက်ကြမယ်!”

ရှောင်ဟူသည် နံရံမှ ခုန်ချပြီးနောက် ယုံကြည့်ရသည့် လူယုံတစ်ဦးကို ရှာ၍ ပြောသည်။

“သခင်မကို သွားပြီး အကြောင်းကြားချေ။ အနောက်တံခါးဆီ ခေါ်သွား၊ မြန်မြန်!”

“အာ ဟုတ်ကဲ့~”

အမျိုးသားသည် အိမ်တော်အတွင်းခန်းသို့ အသည်းအသန် ပြေးသွား၏။

အမျိုးသားသည် အတွင်းခန်းထဲတွင် စူးယွင်ကျင်းကို ချက်ချင်း ရှာတွေ့ခဲ့သည်။ သတင်းစကားကို နားထောင်ပြီးနောက် စူးယွင်ကျင်း မျက်မှောင်ကြုတ်လိုက်၏။

“ဟူဇစ် ဘယ်မှာလဲ”

“လူကြီးမင်းဟူက သူ့အတွက် မစိုးရိမ်ဖို့ ပြောခိုင်းလိုက်ပါတယ်။ ကျွန်တော်တို့ ထွက်ပြေးဖို့အတွက် လူကြီးမင်းဟူက ရှေ့ကနေ ကာထားပေးပါ့မယ်တဲ့”

“သခင်မ အခု တုံ့ဆိုင်းမနေပါနဲ့တော့။ သခင်မကို လုံ‌ခြုံအောင် စောင့်ရှောက်ဖို့ကသာ အရေးအကြီးဆုံးပါ။ အဲဒီလိုမှမဟုတ်ရင် သခင်၅ပြန်လာတဲ့အခါ ကျွန်တော်တို့ ဘယ်လိုလုပ်ပါ့မလဲ!”

All Chapters