← Chapters

ဇနီး: ယောက်ျား၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်

Vol. 26 Ch. 362

ဇနီး: ယောက်ျား၊ ကျွန်မ ရှင်ပြန်လာတာကို စောင့်နေမယ်

Vol. 26 Ch. 362

“ဘာလဲ!”

“ချန်ကျိုစစ်ရဲ့မိသားစုကို စွမ်းအင်ပြောင်းလဲခြင်းအဆင့်သိုင်းပညာရှင်တစ်ယောက်က ကာကွယ်ပေးနေတာတဲ့လား”

ဖုန်းရွှမ်သည် နွေဦးပြဇာတ်ရုံ‌တွင် ထိုင်လျက် ဖချိုက်၏ ပျာယာခတ်စွာသော တင်ပြချက်ကို ‌နားထောင်နေသည်။ ဖုန်းရွှမ်၏မျက်လုံးများတွင်လည်း အံ့အားသင့်မှုများ ပြည့်နှက်သွားခဲ့သည်။

စွမ်းအင်ပြောင်းလဲခြင်းအဆင့်တွေက ဘယ်တုန်းကများ ဟင်းသီးဟင်းရွက်လို ပေါများလာရတာလဲ?

ချန်ကျိုစစ်က ဘယ်လိုဖြစ်ပြီး စွမ်းအင်ပြောင်းလဲခြင်းအဆင့်တွေနဲ့ အဲဒီလောက်အများကြီး သိကျွမ်းနေရတာလဲ!

ထိုသို့အတွေးဖြင့် ဖုန်းရွှမ်သည် နန်ပါးထျန်းကို ပြောသည်။

“ခေါင်းဆောင် ဒီကိစ္စကို ဘယ်လိုမြင်ပါသလဲ”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“မင်းရဲ့လက်အောက်ငယ်သား ပြောပုံအရဆိုရင် ချန်ကျိုစစ်ရဲ့မိသားစုကို ကာကွယ်ပေးနေတဲ့သူတွေက မှောင်ခိုဈေးကလူတွေ ဖြစ်လိမ့်မယ်”

“မှောင်ခိုဈေးကွက်လား?”

ဖုန်းရွှမ်မှ ထိတ်လန့်သွားပြီး ပြောသည်။

“အဲဒါက ဆီကုန်သည်ရဲ့နယ်မြေ မဟုတ်ဘူးလား”

“ဟုတ်တယ်၊ ဆီကုန်သည်ပဲ”

“ဒါပေမဲ့ ဖချိုက်ပြောတာတော့ စွမ်းအင်ပြောင်းလဲခြင်းအဆင့်စွမ်းအင်ကို ထုတ်သုံးလိုက်တဲ့သူက အမျိုးသမီးတစ်ယောက်တဲ့!”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“အရင်က စီရင်စုအုပ်ချုပ်ရေးမှူး ပြိုင်ပွဲစီစဉ်ခဲ့ချိန်က ဆီကုန်သည်အဖြစ် ထွက်လာခဲ့သူက အသက်၅၀ဝန်းကျင်အရွယ် အမျိုးသားတစ်ယောက်ပဲ။ ဒါပေမဲ့ အဲဒါက လွန်ခဲ့တဲ့၁၀နှစ်လောက်တုန်းက ဖြစ်ခဲ့တာ”

“၁၀နှစ်ဆိုတာ ကိစ္စတွေအများကြီး ဖြစ်ပျက်သွားနိုင်တဲ့ အချိန်ကာလပဲ။ သိုင်းပညာရှင်ကြီးတွေ အများအပြား သေဆုံးကြပြီး အမည်မရှိတဲ့ သိုင်းပညာရှင်တွေ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းဖို့ လုံလောက်တဲ့အချိန်ပဲ”

“ဆီကုန်သည်မှာ သမီးတစ်ယောက်ရှိတယ်။ ငါ အဲဒီတုန်းက တွေ့ခဲ့တုန်းက ၁၅နှစ်လောက်ပဲရှိဦးမယ်။ အရမ်းအရည်အချင်းရှိပြီး တတိယသခင်မလေးလို့ ခေါ်ကြတယ်။ ဖြစ်နိုင်တာတော့ ၁၀နှစ်ကြာသွားပြီဆိုတော့ တတိယသခင်မလေးလည်း အရွယ်ရောက်လာပြီး ဆီကုန်သည်ရဲ့နေရာကို ဆက်ခံလိုက်ပြီထင်တယ်”

ထိုအခါ ဖုန်းရွှမ်မှ ပြောသည်။

“ဒါဆို ခေါင်းဆောင် ချန်ကျိုစစ်ရဲ့မိသားစုကို ဆီကုန်သည်ရဲ့သမီးက ကာကွယ်ပေးနေတာလို့ ဆိုလိုတာပါလား”

“အဲဒီလိုဖြစ်နိုင်တယ်”

ထိုအခါ ဖုန်းရွှမ်မှ ပြောသည်။

“ဒါဆို ခေါင်းဆောင်အနေနဲ့ ဆီကုန်သည်ရဲ့သမီးနဲ့ စကားပြောပြီး လူကို လက်လွှဲပေးဖို့ ဖိအားပေးနိုင်မလား”

နန်ပါးထျန်းမှ ပြန်ပြောသည်။

“မလုပ်နိုင်ဘူး”

“ဘာလို့မလုပ်နိုင်တာလဲ”

“အဲဒီလိုလုပ်တာက စည်းကျော်လိုက်တာပဲ”

“စည်းကျော်တယ်?”

ဖုန်းရွှမ်သည် နန်ပါးထျန်းကို နားမလည်နိုင်စွာ ကြည့်နေခဲ့သည်။ နန်ပါးထျန်းမှ ပြောသည်။

“မင်းက အခုမှ စွမ်းအင်ပြောင်းလဲခြင်းအဆင့်ကို တက်လှမ်းခါစ လူသစ်လေးဆိုတော့ မျန့်ရွှေစီရင်စုရဲ့ အုပ်ချုပ်သူအစစ်အမှန်က စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က ဆိုတာကို မသိသေးဘူး။ ပြီးတော့ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က အဖွဲ့အစည်းတစ်ခုတည်းက အုပ်စိုးတာကို မလိုလားဘူး။ သူတို့က အဖွဲ့အစည်းအားလုံးကြား ဟန်ချက်ညီနေတာကို လိုချင်တာ။ အဲဒီလိုမှ သူတို့က အခြေအနေတစ်ခုလုံးကို ထိန်းချုပ်နိုင်မှာမို့လို့ပဲ”

“ဖန်းရှစ်ကျုံးက ကျားဖြူခန်းမကို သီးသန့်ရပ်တည်နိုင်အောင် စွမ်းဆောင်နိုင်ခဲ့တဲ့ အကြောင်းအရင်းက ငါဦးဆောင်အုပ်ချုပ်နေတဲ့ ငါးဖမ်းကုန်သည်အဖွဲ့က အရမ်းအင်အားကြီးမားလွန်းပြီး ခေါင်းဆောင်လျိုရဲ့ ချောင်ကုန်သည်အဖွဲ့ကို အပြတ်အသတ် ဖိနှိပ်နိုင်နေတာကြောင့်ပဲ။ အဲဒါကြောင့် ဖန်းရှစ်ကျုံးရဲ့ သီးသန့်ရပ်တည်မှုက ငါးဖမ်းကုန်သည်အဖွဲ့ကို အားနည်းသွားစေပြီး ခေါင်းဆောင်လျိုနဲ့ အင်အားညီမျှသွားစေတယ်”

“အခု ဖန်းရှစ်ကျုံးသေသွားပြီဆိုတော့ ဟန်ချက်ညီမှုက ပျက်စီးသွားပြီ။ အဲဒီအတွက် စီရင်စုအုပ်ချုပ်ရေးမှူးလည်း စိတ်မကျေမနပ်ဖြစ်နေမှာပဲ။ ဒီအချိန်မှာ ငါက အင်အားသုံးပြီး မှောင်ခိုဈေးကွက်ကို လူထုတ်ပေးဖို့ ဖိအားပေးပြီး တခြားသူကို အနိုင်ကျင့်မယ်ဆိုရင် စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်အနေနဲ့ သည်းမခံနိုင်တဲ့ စည်းဘောင်ကျော်တဲ့လုပ်ရပ်ဖြစ်သွားလိမ့်မယ်”

“စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်က တစ်ချိန်လုံး ဘေးထွက်ပြီး လက်ရှောင်နေမယ်လို့ပဲ မယူဆလိုက်နဲ့။ သူတို့သာ ကြားဝင်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် ငါတို့အားလုံး တစ်ယောက်မကျန် အခက်တွေ့ကုန်ရလိမ့်မယ်”

နန်ပါးထျန်းသည် ဖုန်းရွှမ်ကို အားသာချက်၊ အားနည်းချက်များကို ရှင်းပြသည်။

စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သည် အုပ်ချုပ်သူမင်းတရားကဲ့သို့ဖြစ်ပြီး မျန့်ရွှေစီရင်စု၏ အမျိုးအစားစုံလင်သော အဖွဲ့အစည်းများသည် တရားရုံးတော််များနှင့် ညီမျှ၏။ စီရင်စုအုပ်ချုပ်ရေးမှူးအိမ်တော်သည် မည်သည့်အဖွဲ့အစည်းကိုမျှ အလွန်တရာ အင်အားကြီးမားခွင့်ပြုလိမ့်မည် မဟုတ်ပေ။

သို့မဟုတ်ပါက သူတို့၏ အဆင့်အတန်းမြင့်မားမှုအား အဘယ်သို့များ အာမခံချက်ရှိနိုင်တော့ပါမည်နည်း။

ထိုအခါ ဖုန်းရွှမ်မှ ပြောသည်။

“အဲဒီတော့ ကျွန်တော်တို့က ဒီတိုင်းရပ်ကြည့်နေရမှာလား”

“အဲဒီလိုတော့ မဟုတ်ဘူး။ နောက်ရက်အနည်းငယ်အတွင်း ငါ ချင်းယင်ကို တတိယသခင်မလေးရဲ့ဆိုင် အနီးအနားမှာ စောင့်ကြည့်ခိုင်းထားလိုက်မယ်။ အကယ်၍ ချန်ကျိုစစ်က မိသားစုကို ဆက်သွယ်ရဲမယ်ဆိုရင် ငါတို့သူ့ကို တစ်ချက်တည်းဖမ်းပစ်လိုက်မယ်”

“ကောင်းတယ် အရမ်းကောင်းတယ်”

ထိုအခါ ဖုန်းရွှမ်သည် ချက်ချင်း ခေါင်းညိတ်၍ ပြောသည်။

“ကျွန်တော် ဒီနောက်ရက်နည်းနည်းအတွင်းမှာ အရေးတကြီး လုပ်စရာကိစ္စလေးတွေ ရှိနေတာကြောင့် အပြင်မထွက်နိုင်သေးတာမို့လို့ ခန်းမအရှင်သခင်ချင်းကို ကူညီပေးဖို့အတွက် ဖချိုက်ကို လွှတ်လိုက်ပါမယ်”

ထိုစကားတွင် ချင်းယင်မှ ရယ်မော၏။

“ဟက် မင်းငါ့ကို မယုံဘူးလား”

ဖုန်းရွှမ်မှ ပြန်ပြောသည်။

“ကျွန်တော် မလုပ်ဝံ့ပါဘူး။ ကျွန်တော်က ခန်းမအရှင်သခင်ချင်းမှာ အလုပ်များလွန်းနေမှာကို စိုးရိမ်လို့ပါ။ အဲဒါကြောင့် ခန်းမအရှင်သခင်ချင်းကို ကူညီဖို့ လူလွှတ်ပေးချင်တာပါ”

ချင်းယင် နန်ပါးထျန်းကို ကြည့်လိုက်သည်။ နန်ပါးထျန်းမှ ခပ်ဖျော့ဖျော့ခေါင်းညိတ်၍ ပြော၏။

“ရတယ်”

နန်ပါးထျန်းမှ ဆက်ပြောသည်။

“ပြီးတော့ ငါးဖမ်းကုန်သည်အဖွဲ့ရဲ့အမည်နဲ့ ‌သိုင်းလောကသတ်ဖြတ်ခြင်းအမိန့်တော် ထုတ်ပြန်လိုက်ပါ။ အဲဒါကို အားဟူကို လုပ်ခိုင်းလိုက်။ ငါးဖမ်းကုန်သည်အဖွဲ့ သစ္စာဖောက်ချန်ကျိုစစ်ကို ဖမ်းမိတဲ့ဘယ်သူမဆို ငွေတုံးတစ်သောင်း ဆုကြေးရရှိမယ်။ သတင်းပေးတဲ့သူတွေကိုတော့ ပေးလာတဲ့ သတင်းအချက်အလက်ပေါ်မူတည်ပြီး ငွေတုံး၅၀ကနေ ၁၀၀အထိ ချီးမြှင့်မယ်!”

“ဟုတ်ကဲ့ပါ”

ထိုအခါ နန်ပါးထျန်း၏နောက်ရှိ လူတစ်ဦးမှ တုံ့ပြန်သည်။

ထို့နောက် နန်ပါးထျန်းသည် ဖုန်းရွှမ်ကို တစ်ချက်ကြည့်လိုက်ပြီး ပြောသည်။

“ဖုန်းရွှမ်၊ မင်းက အရင်ဆုံး ခန်းမအရှင်သခင်ဖန်းရဲ့ ဈာပနာအခမ်းအနားကို ပြင်ဆင်လိုက်။ မြေမမြှုပ်ခင် အလောင်းကို သုံးရက်ထားမယ်။ ကုန်သည်အဖွဲ့က မင်းကို ၇ရက်အတွင်းမှာ ရာထူးခန့်အပ်ပွဲကျင်းပပေးပြီး ကျားဖြူခန်းမရဲ့ အရှင်သခင်အဖြစ် တရားဝင်ခန့်အပ်မယ်!”

“ခေါင်းဆောင်ကို ကျေးဇူးတင်ပါတယ်”

ထိုအခါ ဖုန်းရွှမ်သည် ချက်ချင်း စိတ်လှုပ်ရှားတက်ကြွသွားကာ ဒူးထောက်ချ၍ လက်သီးယှက်အရိုအသေပြုလျက် သူ၏ သစ္စာရှိမှုကို ထုတ်ဖော်ပြသသည်။

“အခုအချိန်က စပြီးတော့ ကျွန်တော် ဖုန်းရွှမ်က ခေါင်း‌ဆောင်ရဲ့အမိန့်ကို မလွဲမသွေ နာခံပါ့မယ်။ ခေါင်းဆောင်ရဲ့ အမိန့်မှန်သမျှကို နှစ်ခါပြန်မစဉ်းစားဘဲ ချက်ချင်း လုပ်ဆောင်ပါ့မယ်”

ထိုအခါ နန်ပါးထျန်းသည် ဖုန်းရွှမ်ကို ကြည့်လိုက်ပြီး ပြောသည်။

“အင်း တကယ့်ကိုပဲ အမိန့်ပေးစရာရှိတယ်။ နန်ရေကန်ဆားနယ်မြေက အတော်လေး အကျိုးအမြတ်ရနိုင်တဲ့နေရာပဲ။ အခု ကုန်သည်အဖွဲ့ရဲ့ တခြားဆားနယ်မြေတွေက အထွက်နှုန်းတွေ ကျနေတယ်။ မင်းအနေနဲ့ နန်ရေကန်ရဲ့ စီမံခန့်ခွဲခွင့်ကိုလည်း အတွင်းခန်းမဆီ လက်လွှဲပေးသင့်တယ်”

ထိုအခါ ဖုန်းရွှမ်သည် တွန့်ဆုတ်သွားခဲ့သည်။ ဘေးတွင်ရပ်နေသည့် စစ်ရှီးသည်လည်း စိုးထိတ်သွား၏။ နန်ရေကန်သည် အသားပြည့်ရွှမ်းသည့် အသားတစ်တုံးဖြစ်သည်။ နန်ရေကန်၏တန်ဖိုးသည် ကျားဖြူခန်းမ၏ လမ်းလေးလမ်း‌၏ တစ်နှစ်စာ အခွန်ဘဏ္ဍာငွေစုစုပေါင်းနှင့် ညီမျှပေသည်။

နန်ပါးထျန်းသည် ဘာမျှမမျှော်ကိုးဘဲ ကူညီပေးခဲ့ခြင်း မဟုတ်ပေ။ အလုပ်ပြီးဆုံးသည်နှင့် အကျိုးအမြတ်ကို ရိတ်သိမ်းမည်ဖြစ်သည်။

ဖုန်းရွှမ်လည်း စိတ်ထဲတွင် စိုးထိတ်နေခဲ့သည်။ ၎င်းသည် လက်ဆုပ်လက်ကိုင်‌ပြနိုင်လောက်အောင် အလွန်ကြီးမားသည့် အကျိုးအမြတ်ကြီးဖြစ်သည်။

ဖုန်းရွှမ်သည် နန်ရေကန်ကို ပေးသင့်၊ မပေးသင့် စဉ်းစားနေစဉ် နန်ပါးထျန်း၏ မျက်လုံးများထဲမှ စူးစမ်းစစ်ဆေးဟန်သော အကြည့်တို့ကို မြင်တွေ့လိုက်ရသည်။ ဖုန်းရွှမ် ချက်ချင်း နားလည်လိုက်၏။ ဤသည်မှာ အကျိုးအမြတ်ရိတ်သိမ်းခြင်းမျှသာ မဟုတ်ပါဘဲ သူ၏ သစ္စာတရားကို စမ်းသပ်ခြင်းဖြစ်သည်။

သူ နန်ရေကန်ကို မပေးလိုက်ပါက သစ္စာကင်းမဲ့ခြင်း ဖြစ်သွားလိမ့်မည်။ သူသည် မိမိဘာသာ အခြေမခိုင်သေးဘဲ နန်ပါးထျန်းကို မှီခိုရဦးမည်ဖြစ်၏။ သို့ဖြစ်ရာ ဤသို့ အကျိုးအမြတ်အား ပေးအပ်ခြင်းကို အဘယ်သို့များ ငြင်းဆန်နိုင်ပါမည်နည်း။

ထို့ပြင် နန်ရေကန်သည် ကျားဖြူခန်းမ၏ မျိုးရိုးစဉ်ဆက် ဆက်ခံယူရမည့် မျိုးရိုးအမွေ မဟုတ်ပေ။ ထို့အတွက်နှင့် ပြဿနာဖြစ်ရန် မထိုက်တန်ပေ။

ထိုသို့အတွေးဖြင့် ဖုန်းရွှမ် ပြောလိုက်သည်။

“ဟုတ်ကဲ့ပါ ‌ခန်းမအရှင်သခင်၊ နန်ရေကန်ကို အတွင်းခန်းမက တာဝန်ယူစီမံခန့်ခွဲတာ သင့်တော်ပါတယ်”

နန်ပါးထျန်းသည် အတော်လေး စိတ်ကျေနပ်စွာဖြင့် ခပ်ဖျော့ဖျော့‌ ခေါင်းညိတ်လိုက်သည်။ သို့သော် ချင်းယန်မှ မတ်တပ်ထရပ်လျက် ပြောလာသည်။

“ခေါင်းဆောင် ကျွန်တော် ပြောစရာရှိပါတယ်။ အတိတ်တုန်းက ဖန်းရှစ်ကျုံးက သူ့ရဲ့အင်အားကို အားကိုးပြီး ကျိုးကြောင်းဆီလျော်မှုမရှိဘဲ ဖိနှိပ်ပြုမူခဲ့တယ်။ ကျွန်တော့်ရဲ့လင်းယုန်ခန်းမဆီကနေ ယုံချန်လမ်းမကြီးကို အတင်းအကြပ် ယူသွားခဲ့တယ်။ အခု ဖန်းရှစ်ကျုံးလည်း သေပြီဆိုတော့ ကျွန်တော်တို့လင်းယုန်ခန်းမဆီ ယုံချန်လမ်းမကို ပြန်ပေးဖို့ ခေါင်းဆောင်ကို တောင်းဆိုချင်ပါတယ်!”

“ဘာရယ် ခင်ဗျားက ယုံချန်လမ်းမကို လိုချင်တာလား?!”

All Chapters