← Chapters

မလိုအပ်သော စိုးရိမ်ပူပန်မှုများ

Vol. 3 Ch. 39

မလိုအပ်သော စိုးရိမ်ပူပန်မှုများ

Vol. 3 Ch. 39

သူ့အား နှစ်ဆယ်ရာခိုင်နှုန်း ခွဲဝေပေးမည်ဟု ကြားချိန်တွင် ချင်းယန်က သူ၏လက်ကို လျင်မြန်စွာ ဝှေ့ယမ်းလိုက်သည်။

သူသည် ဆေးပညာရှင်ဖြစ်သဖြင့် ဂုဏ်ထူးဆောင်ဧည့်အကြီးအကဲဖြစ် လာခဲ့သော်လည်း သူသည် ချင်မင်၏ တပည့်လည်း ဖြစ်သည်။ အနည်းဆုံးအ‌နေဖြင့် သူ၏စိတ်ထဲတွင် သူကိုယ်သူ ချင်းမင်၏တပည့်တစ်ယောက်နေရာ၌ ထားရှိပေ၏။

ဆရာ၏မိသားစုအတွက် တပည့်တစ်ယောက်မှ ဆေးလုံးတချို့ ဖော်စပ်ပေးသင့်သည်မှာ ဖြစ်ရိုးဖြစ်စဥ် ကိစ္စတစ်ရပ်ပင်။

"ဒီလို လုပ်ကြရအောင်... ကျွန်တော်က အမြတ်ရဲ့ သုံးဆယ်ရာခိုင်နှုန်းယူမယ်....ခင်ဗျားတို့က ခုနစ်ဆယ်ရာခိုင်နှုန်းယူပါ... ဒီလိုဆိုရင် ဖြစ်မလား..."

ချင်းယန်က သူသည် အမြတ်ငွေ၏ရှစ်ဆယ်ရာခိုင်နှုန်းကို မည်သို့မျှ လက်ခံမည်မဟုတ်ကြောင်း ပြောဆိုလိုက်သည်။

ထို့ပြင် ရိုးရိုးသားသား ပြောဆိုရလျှင် သူသည် ဤဆေးလုံးများ၏ အမြတ်ငွေကို အမှန်တကယ် အရေးမစိုက်ပေ။

သူသည် အဆင့်ခြောက်ဆေးလုံးကို ဖော်စပ်နိုင်သော ဆေးဘုရင်တစ်ပါးဖြစ်ရာ အဆင့်တစ်မှအဆင့်သုံးအထိ ဆေးလုံးများ၏အမြတ်ငွေကို သူ မည်သည်ကြောင့် အရေးစိုက်နိုင်မည်နည်း။

ချင်းယန်၏ခွဲဝေမှုအချိုးအစားကို ကြားချိန်တွင် ချင်ယွမ်က ချက်ချင်းဆိုသလိုပင် သူ၏လက်ကို ယမ်းလိုက်သည်။

"မရဘူး....ဒီလိုလုပ်လို့ ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ...."

"ခင်ဗျားက မြင့်မြတ်တဲ့ ဆေးပညာရှင်တစ်ယောက်ဖြစ်ပြီးတော့ ကျွန်တော်တို့အတွက် ဆေးလုံးဖော်စပ်ပေးဖို့ ဆန္ဒရှိတာကတင် ကျွန်တော်တို့ကို တန်ဖိုးထားရာ ရောက်ပါတယ်...ခင်ဗျားက ဘာလို့ သုံးဆယ်ရာခိုင်နှုန်းပဲယူရမှာလဲ"

"အမှန်ပဲ...အကြီးအကဲချင်း..ခင်ဗျားက ၈၀ ရာခိုင်နှုန်း ယူနိုင်ပါတယ်... ချန်မိသားစုရဲ့ ဆေးပညာရှင်ကလည်း ရှစ်ဆယ်ရာခိုင်နှုန်း ယူတာပဲ...ခင်ဗျားရဲ့ကျင့်ကြံမှုအတွက်လည်း အရင်းအမြစ်တွေ လိုသေးတယ်လေ"

"အကျိုးအမြတ်တွေအားလုံးကို ကျွန်တော်တို့ကို ပေးလိုက်ရင် ခင်ဗျားက ဆေးဖော်စပ်ဖို့အတွက် ဘယ်လိုအရင်းအမြစ်တွေကို သုံးမှာလဲ"

ဆံဖြူအကြီးအကဲတစ်ယောက်က မတ်တပ်ထရပ်ပြီး ဖျောင်းဖျလိုက်သည်။

ဆေးပညာရှင်များသည် စိတ်ဝိညာဉ်ကျောက်တုံးများစွာ ရရှိသော်လည်း သူတို့၏ အသုံးစရိတ်မှာလည်း အလွန်ကြီးမားပေ၏။

သူတို့သည် ဆေးလုံးအသစ်များ ဖော်စပ်သည့်အချိန်တိုင်း စိတ်ဝိညာဉ်ဆေးပင် အမြောက်အများ စုဆောင်းထားရန် လိုအပ်သည်။ ထိုသို့ပြုလုပ်မှသာ သူတို့အတွက် အောင်မြင်နိုင်ခြေရှိသော လမ်းကြောင်းတစ်ခုကို ရရှိပေမည်။

ချင်းယန်သည် ချီစုစည်းခြင်းဆေးလုံးကို တစ်ကြိမ်တည်းဖြင့် ဖော်စပ်နိုင်သည်အား မကြည့်ပါနှင့်။ သူ ချီစုစည်းခြင်းဆေးလုံးကို သင်ယူခဲ့စဉ်အချိန်၌ စိတ်ဝိညာဉ်ဆေးပင်များ မည်မျှထိ ဖြုန်းတီးခဲ့သည်ကို မည်သူမျှ မသိနိုင်ချေ။

ဆေးပညာရှင်တစ်ဦး ဖြစ်လာရန် အလွန်ခက်ခဲရသည့် အကြောင်းအရင်းမှာ ပါရမီ၏ ကန့်သတ်ချက်ကြောင့်သာမက အရင်းအမြစ် မလုံလောက်မှုကြောင့်လည်း ပါဝင်သည်။

ဝက်တစ်ကောင်ကဲ့သို့ တုံးအနေစေ စိတ်ဝိညာဉ်ဆေးပင်များ အလုံအလောက်ရှိနေသရွေ့ ဆေးပညာရှင်တစ်ဦး ဖြစ်လာနိုင်ပေ၏။

အကယ်၍ သူသည် သုံးဆယ်ရာခိုင်နှုန်းသာ ယူမည်ဟု အတင်းအကျပ် တောင်းဆိုနေပါက သူတို့သည် သဘောတူမည် မဟုတ်ကြောင်း ချင်းယန်က သိရှိထားသည်။

ထိုကိစ္စကို စဉ်းစားပြီးနောက် ချင်းယန်ထံတွင် တခြားရွေးချယ်စရာ မရှိတော့သဖြင့် ပြောဆိုလိုက်သည်။

"ဒါဆိုရင် တစ်ယောက်တစ်ဝက်စီပေါ့... ခင်ဗျားတို့ ၅၀ ရာခိုင်နှုန်း... ကျွန်တော် ၅၀ ရာခိုင်နှုန်း...ဒါက ကျွန်တော့်ရဲ့ နောက်ဆုံးကမ်းလှမ်းမှုပဲ..ခင်ဗျားတို့ သဘောမတူရင် ကျွန်တော် စိတ်ဆိုးမိလိမ့်မယ်"

ချင်းယန်က သူ၏လက်ကိုဝှေ့ယမ်းပြီး ပြတ်ပြတ်သားသား ပြောဆိုသည်။

ချင်းယွမ်သည် ကူကယ်ရာမဲ့စွာ ပြုံးလိုက်ပြီး တုံ့ပြန်လိုက်၏။

"အကြီးအကဲချင်း....ဒါဆိုရင်တော့ ကျွန်တော်တို့က ခင်ဗျားအပေါ် အခွင့်အရေးယူသလို ဖြစ်သွားပြီ"

"ဟား ဟား. ဟား.. အားလုံးက မိသားစုဝင်တွေပဲ... မိသားစုဝင်အချင်းချင်း ဒီလောက်ထိ ယဉ်ကျေးနေစရာ လိုလို့လား..."

ချင်းယန်က ရယ်မောပြီး ပြောဆိုလိုက်သည်။

စာကြည့်ခန်းထဲတွင်ရှိနေသော လူများအားလုံး ရယ်မောလိုက်ကြသည်။

"ဒါဆိုရင် ဒီလိုပဲ သတ်မှတ်လိုက်ပြီ... လာကြစမ်း....အကြီးအကဲချင်းအတွက် ဆေးဖော်စပ်ခန်းပါတဲ့ ကောင်းမွန်တဲ့ အခန်းတစ်ခန်းကို စီစဉ်ပေးလိုက်ကြစမ်း"

"သူ့ ကျင့်ကြံဖို့အတွက် အခန်းတစ်ခန်းလည်း ပြင်ဆင်ထားပြီးတော့ အရာအားလုံးက အကောင်းဆုံး ဖြစ်ရမယ်"

ချင်ယွမ်က သူ၏လက်အောက်ငယ်သားများကို အမိန့်ပေးလိုက်သည်။

"ဒါဆိုရင် ဒီလိုပဲ သဘောတူလိုက်ပြီ....ကျွန်တော်က အခန်းကိုပြန်ပြီး ကျင့်ကြံလိုက်ဦးမယ်..."

အကြီးအကဲချင်းယန်သည် တခြားအကြီးအကဲများကို နှုတ်ဆက်ပြီး ချင်းမိသားစု၏ အစေခံများနှင့်အတူ ထွက်ခွာသွားသည်။

ချင်းမင်နှင့်ချင်းချင်းတို့သည်လည်း သူ၏နောက်မှ လိုက်ပါသွားကြ၏။

"ဒီအကြီးအကဲချင်းက ယုံကြည်စိတ်ချရတယ်လို့ မင်းတို့ ထင်ကြလား..."

အကြီးအကဲချင်းနှင့်ချင်းမင်တို့ ထွက်သွားပြီးနောက် ချင်းယွမ်က စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

ဤမျှထိ အစွမ်းထက်သော ဆေးပညာရှင်တစ်ဦးသည် ချင်းမိသားစုသို့ လွယ်လွယ်ကူကူ ဝင်ရောက်လာသည်ကို သူ မယုံနိုင်သေးပေ။

ဤသည်မှာ အိပ်မက်မက်နေသည်နှင့် တူညီပေ၏။

တစ်ခုသိထားရမည်မှာ ချန်မိသားစု၏ ဆေးပညာရှင်ကို ချန်ယန်မြို့မှနေ၍ ငွေအမြောက်အများပေး၍ ဖိတ်ခေါ်ခဲ့ရခြင်းပင်။

ထို့ပြငိ ထိုဆေးပညာရှင်သည် ချီစုစည်းခြင်းဆေးလုံးကို ဖော်စပ်နိုင်စွမ်း မရှိချေ။

လျိုမြို့တွင် ချီစုစည်းခြင်းဆေးလုံး ရောင်းချခြင်း မရှိသကဲ့သို့ ချန်မိသားစုတွင်လည်း မရှိပေ။

ယခုချိန်၌ ချီစုစည်းခြင်းဆေးလုံးကို ဖော်စပ်နိုင်သော ဆေးပညာရှင်းတစ်ဦး ရုတ်တရက် ချင်းမိသားစုသို့ ဝင်ရောက်လာရာ သူတို့သည် အံ့အားသင့်မှုနှင့် မယုံကြည်နိုင်မှုတို့ကို ခံစားနေရသည်မှာ အံ့အားသင့်ဖွယ် မဟုတ်ပေ။

ဤကိစ္စတွင် ကြီးမားသော အကျိုးအမြတ်များ ရှိနေပေ၏။

ဤဆေးပညာရှင် ထွက်မသွားသရွေ့ ချင်းမိသားစုသည် ကာလအတိုင်းအတာတစ်ခုအထိ ဖွံ့ဖြိုးတိုးတက်ပြီးနောက် လျိုမြို့၏ ထိပ်သီးမိသားစုလေးစုအနက်မှတစ်စု ဖြစ်လာနိုင်ရုံသာမက...

ချန်ယန်မြို့တွင်ပင် နေရာတစ်ခု ရရှိလာပေလိမ့်မည်။

ထိုအချိန်မှာပင် အကြီးအကဲတစ်ဦးက မတ်တတ်ထရပ်ပြီး တည်ကြည်လေးနက်သော မျက်နှာဖြင့် ပြောဆိုလိုက်သည်။

"မိသားစုခေါင်းဆောင်...ကျွန်တော် ထင်တာတော့ ဒီဆေးပညာရှင်က အရမ်း ယုံကြည်စိတ်ချရတယ်"

"အို...."

ချင်းယွမ်သည် ဤစကားကို ကြားချိန်၌ အနည်းငယ် စူးစမ်းလိုစိတ် ဖြစ်သွားသည်။

"သူ့ရဲ့ ဆေးပညာစွမ်းရည်က အစွမ်းထက်တဲ့အတွက်ကြောင့် ကျွန်တော်က သူ ယုံကြည်စိတ်ချရတယ်လို့ ထင်မိတာပါ..."

"သူက အရည်အချင်းမြင့်မားတာကြောင့် ချင်းမိသားစုမှာ သူ လိုချင်တပ်မက်နိုင်တဲ့ ဘာအရာမှမရှိဘူး"

"ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့ချင်းမိသားစုကို သူ့ဆီ အပ်လိုက်ရင်တောင် သူက စိတ်ဝင်စားမှာ မဟုတ်လောက်ဘူး.."

All Chapters