← Chapters

ပါရမီ

Vol. 3 Ch. 40

ပါရမီ

Vol. 3 Ch. 40

ထိုအကြီးအကဲ၏စကားကို ကြားချိန်တွင် စာကြည့်ခန်းထဲမှလူတိုင်း စတင်၍ တိုင်ပင်ဆွေးနွေးလိုက်ကြသည်။

ချင်းယွမ်သည် အချိန်တခဏကြာမျှ စဉ်းစားပြီးနောက် ကူကယ်ရာမဲ့စွာဖြင့် ခေါင်းညိတ်လိုက်၏။

မမျှော်လင့်ဘဲ တစ်ခါတစ်ရံ၌ အားနည်းခြင်းသည် ကောင်းမွန်သောအရာတစ်ခု ဖြစ်နေသည်။ အနည်းဆုံးအနေဖြင့် အင်အားကြီးသူများက သူတို့၏မိသားစုထံမှ တစ်စုံတစ်ခုကို ကြံစည်နေမည်အား စိုးရိမ်ရန် မလိုအပ်ချေ။

ချင်းချင်းနှင့် အချိန်တခဏကြာ ကစားပြီးနောက် ချင်းမင်သည် ဆေးပညာလေ့လာမည်ဟူသော အကြောင်းပြချက်ဖြင့် ချင်းယန်၏ ဆေးဖော်စပ်ခန်းသို့ သွားလိုက်သည်။

တံခါးကိုပိတ်လိုက်သည်နှင့် တပြိုင်နက်တည်း ဆရာတစ်ယောက်၏အသွင်အပြင်ကို ယူထားသော အဘိုးအိုသည် ချင်းမင်ကို ဦးညွှတ်ပြီး ပြောဆိုလိုက်၏။

"ဆရာချင်း...ငါက ဒုက္ခပေးမိသွားပြီ"

"ဒါက ဘာဒုက္ခမှ မဟုတ်ဘူး"

ချင်းမင်က သူ၏လက်ကို ဝှေ့ယမ်းလိုက်ပြီး အဘိုးအိုကို ကြည့်ကာ မေးမြန်းလိုက်သည်။

"အဆင်သင့်ဖြစ်ပြီလား.."

"ငါ အဆင်သင့်ဖြစ်ပါပြီ..."

ချင်းယန်က တုံ့ပြန်သည်။

"ဒါဆိုရင် ကျွန်တော်က ခင်ဗျားအတွက် အဆိပ်တွေကို ဖိနှိပ်ပြီး ထိန်းချုပ်ပေးမယ်..."

ချင်းမင်သည် ခေါင်းညိတ်လိုက်ပြီး ဆေးနတ်ဘုရားခန္ဓာကိုယ်ကို အသုံးပြုကာ သူ၏ကျင့်ကြံဆင့်ကို အမြင့်ဆုံးသို့ မြှင့်တင်လိုက်သည်။

ထို့နောက် ချင်းမင်သည် သူ၏လက်ဝါးကို အကြီးအကဲချင်း၏ကျောပေါ်သို့ တင်လိုက်ရာ သူ၏လက်ဝါးသည် ပူပြင်းနီရဲနေသော သံပူတစ်ချောင်းနှင့် တူညီသည်။ ထိုလက်ဝါးကို အကြီးအကဲချင်း၏ကျောပေါ်သို့ တင်လိုက်သည်နှင့် သူ့ထံမှ အော်သံတစ်ချက် ထွက်ပေါ်လာသည်။

အကြီးအကဲချင်းသည် ညည်းညူကာ အံ့တင်းတင်းကြိတ်လိုက်၏။

အချိန်တခဏအကြာတွင် ချင်မင်သည် သူ၏လက်ဝါးကို အကြီးအကဲချင်း၏ကျောပေါ်မှ ခွာလိုက်သည်။

"ဟူး...ကျေးဇူးတင်ပါတယ် ဆရာချင်း...."

ချင်းယန်က ပြောဆိုသည်။

ချင်းမင်က ခေါင်းညိတ်ပြပြီး ရှင်းပြလိုက်၏။

"ဒါက ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက အဆိပ်တွေကို ယာယီပဲ ဖိနှိပ်ထိန်းချုပ်ပေးနိုင်တယ်.. အများဆုံးအနေနဲ့ နှစ်နှစ်ပဲ ထိန်းထားနိုင်မယ်"

"နှစ်နှစ်ပြည့်သွားတာနဲ့ ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက အဆိပ်တွေ ပွင့်အံ့ထွက်လာပြီးတော့ ခင်ဗျား သေချာပေါက် သေရလိမ့်မယ်"

"ဒါပေမဲ့ ဒီနှစ်နှစ်အတွင်းမှာ ဖြေဆေးကို ရှာတွေ့တာနဲ့ ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲက အဆိပ်ကို အမြစ်ပြတ် ဖယ်ရှားနိုင်မှာပါ"

"ဒါ့ပြင် ဘယ်တိုက်ခိုက်မှုမျိုးကိုမဆို ရှောင်ကြဥ်ရမယ်... ကျွန်တော် ခင်ဗျားအတွက် ဖော်စပ်ပေးတဲ့ ဆေးလုံးက တစ်လုံးသောက်တိုင်း ဆေးဘုရင်အဆင့်ကို ယာယီပြန်ရောက်စေနိုင်ပေမဲ့...အဆိပ်တွေကိုလည်း ပျံ့နှံ့စေပြီးတော့ ဖိနှိပ်ထိန်းချုပ်ထားနိုင်တဲ့အချိန်ကို လျော့ကျစေလိမ့်မယ်.."

ဤသည်မှာ သူ တစ်ကြိမ်တစ်ခါမျှ မစဉ်းစားဖူးသည့်အရာပင်။ သူ၏ယခင်ဘဝတွင် "အဆိပ်နဂါးဆေးလုံး" ကဲ့သို့ အဆိပ်ဆေးလုံးကို တစ်ကြိမ်တစ်ခါမျှ မဖော်စပ်ဖူးခဲ့ချေ။ ထိုကြောင့် "အဆိပ်နဂါးဆေးလုံး" သည် ဤမျှထိ ပြင်းထန်လိမ့်မည်ဟု သူ တစ်ကြိမ်တစ်ခါမျှ တွေးထင်မထားခဲ့ပေ။

"ဒီလိုလုပ်ပေးတာနဲ့တင် ငါက အရမ်း ကျေနပ်နေပါပြီ..."

ချင်းယန်သည် အနည်းငယ်မျှ စိတ်လှုပ်ရှားသွားပုံမရဘဲ တည်ငြိမ်စွာ ပြောဆိုလိုက်သည်။

"ခင်ဗျားကို ကျွန်တော်ပေးထားတဲ့ ဆေးလုံးတွေကို အတတ်နိုင်ဆုံး အသုံးမပြုပါနဲ့... ဒါက ခင်ဗျားရဲ့ စွမ်းအားကို ယာယီပြန်ရစေနိုင်ပေမဲ့ ဆုံးရှုံးမှုနဲ့ မတန်ဘူး..."

ချင်းမင်သည် ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်ပြီး ချက်ချင်းပြောဆိုလိုက်၏။

"စိတ်မပူပါနဲ့... နှစ်နှစ်အတွင်းမှာ ဖြေရှင်းနည်းတစ်ခုကို ကျွန်တော် ရှာတွေ့မှာပါ..."

"အဆင်ပြေပါတယ်...ဒါကို ရှာတွေ့နိုင်ရင် ငါ့ရဲ့ ကံကောင်းမှုပဲ.... ရှာမတွေ့နိုင်ရင် ငါ့ရဲ့ ကံတရားပဲ...ငါက ဒီလောက်ထိ အကြာကြီး ဆက်ပြီးအသက်ရှင်နိုင်တာကိုပဲ အရမ်းစိတ်ကျေနပ်နေပါပြီ"

အဘိုးအိုက သက်ပြင်းချလိုက်သည်။

သူသည် လေလွင့်ကျင့်ကြံသူတစ်ဦးအဖြစ် မွေးဖွားလာခဲ့သဖြင့် သူ၏ စိတ်နေစိတ်ထားသည် သာမန်ကျင့်ကြံသူတစ်ဦးထက် များစွာပို၍မြင့်မားသည်။

ချင်မင်သည် အဘိုးအို၏ပုံစံကို မြင်ချိန်၌ အပြုံးနှင့်ခေါင်းညိတ်ပြပြီး ပြောဆိုလိုက်သည်။

"ဒါတွေ မပြောတော့နဲ့...ခင်ဗျား မှတ်ထားရမှာက အဲ့ဒီဆေးလုံးကို တက်နိုင်သမျှ မသုံးဖို့ပဲ...တခြား ဘာမှမရှိဘူး..အခု ကျွန်တော်က ခင်ဗျားကို ဆေးလုံးဖော်စပ်နည်း သင်ပေးမယ်"

ချင်မင်က သူ့အား ဆေးပညာ သင်ပေးမည်ဟု ကြားချိန်၌ အဘိုးအိုသည် ချက်ချင်းဆိုသလိုပင် စိတ်လှုပ်ရှားသွားပေ၏။

သူ ချင်းမိသားစုသို့ ဝင်ရောက်လာရခြင်း၏ အဓိကရည်ရွယ်ချက်မှာ ချင်းမင်ထံမှ သင်ယူရန်ပင်။

ချင်းမင်သည် ဆေးဖော်နေစဉ် ကြည့်ရှုခွင့်သာ ပေးလိမ့်မည်ဟု သူ တွေးထင်ခဲ့သော်လည်း ချင်းမင်ကိုယ်တိုင် သင်ကြားပေးလိမ့်မည်ဟု သူ မထင်မှတ်ထားခဲ့ပေ။

ထိုကြောင့် ချင်းယန်သည် ချက်ချင်းထိုင်ချလိုက်ပြီး ချင်းမင်၏သင်ကြားမှုကို ဂရုတစိုက် နားထောင်လိုက်သည်။

ချင်းမင်သည် ပြုံးလိုက်ပြီး အဘိုးအို၏ တစ်ဖက်တွင် ပလ္လင်ခွေထိုင်ကာ တည်ကြည်လေးနက်သောအသံဖြင့် ပြောဆိုလိုက်၏။

"အခု လက်တွေ့ပြဖို့ အဆင့်မြင့် စိတ်ဝိညာဉ်ဆေးပင်တွေ မရှိသေးဘူး...ဒါကြောင့် အခြေခံအကြောင်းတွေကိုပဲ အရင်ဆုံး ပြောပြမယ်"

"တကယ်တော့ ဒီလောကကြီးမှာ အခြေခံအရာတွေအပေါ် နားလည်မှုလွဲမှားနေတာတွေ အများကြီး ရှိတယ်"

"အကြီးအကဲချင်း.... ခင်ဗျားရဲ့ ပါရမီတွေက နိုးထပြီးပြီလား"

"နိုးထပြီးပါပြီ..ငါ ဆေးအကြီးအကဲအဆင့်ကို တက်လှမ်းတုန်းက နိုးထလာခဲ့တာပါ... ငါ့ရဲ့ပါရမီက မြေကမ္ဘာအဆင့် ပါရမီပါ....ဒီပင်ကိုယ်စွမ်းရည်ကြောင့် ဆေးလုံးကို ပိုပြီးမြန်မြန် ဖော်စပ်နိုင်ပြီး အောင်မြင်မှုနှုန်း ပိုပြီးမြင့်မားလာတာပဲ"

အကြီးအကဲချင်းက တွေဝေတုံ့ဆိုင်းမနေဘဲ ပြောဆိုသည်။

တခြားလူများက သူ၏ပင်ကိုယ်ပါရမီသည် မည်သည့်အဆင့်၌ရှိသည်ကို မသိနိုင်သော်လည်း သူ၏ ရှေ့တွင် ထိုင်နေသူသည် သူ၏ ဆေးပညာအဆင့်ထက် မြင့်မားသူဖြစ်လေရာ မည်သည်ကြောင့် မသိဘဲနေနိုင်မည်နည်း။

သူ၏ကိုယ်ပိုင်ပါရမီကို ပြောပြလိုက်သော်လည်း ချင်းမင်သည် အရာအားလုံးကို သိရှိပြီးဖြစ်သည်ဟု သူ ခန့်မှန်းမိလေ၏။

All Chapters