ပင်ကိုယ်ပါရမီ၏အားနည်းချက်များ
Vol. 3 Ch. 41
ချင်းမင်က ခေါင်းညိတ်ပြပြီး ဆက်လက်၍ မေးမြန်းလိုက်သည်။
"ဒါဆိုရင် ခင်ဗျားက ဆေးဖော်စပ်တဲ့အချိန်မှာ ခင်ဗျားရဲ့ပင်ကိုယ်ပါရမီကို သုံးလေ့ရှိလား..."
"သုံးတာပေါ့..."
အကြီးအကဲချင်းက တွန့်ဆုတ်မနေဘဲ အဖြေပေးသည်။
"ဒါဆိုရင် ပင်ကိုယ်ပါရမီရဲ့ မူရင်းဇစ်မြစ်ကို ခင်ဗျား သိလား"
ချင်းမင်က ပြုံးလိုက်၏။
ချင်းယန်သည် တုံ့ပြန်အဖြေမပေးမီ သူ၏စကားလုံးများကို ဂရုတစိုက် ရွေးချယ်လိုက်သည်။
"ငါ့ရဲ့ နားလည်မှုအရတော့ ပင်ကိုယ်ပါရမီရဲ့ မူရင်းဇစ်မြစ်က လူတစ်ယောက် မွေးဖွာလာတဲ့အချိန်က စပြီးတော့ သူ့ရဲ့စိတ်ဝိညာဉ်ထဲမှာ ရှိနေတဲ့အရာပဲ"
"လူတစ်ယောက်ရဲ့ပင်ကိုယ်ပါရမီကို သဘာဝတရားက ကြိုတင်သတ်မှတ်ထားတယ်... တချို့က ကောင်းတယ်... တချို့က ညံ့ဖျင်းတယ်..တချို့မှာ ပါရမီ ရှိပြီးတော့ တချို့မှာ မရှိဘူး"
ချင်မင်သည် အသိအမှတ်ပြုသည့်အနေဖြင့် ခေါင်းညိတ်ပြပြီးနောက် သူ၏ခေါင်းကို ခါယမ်းလိုက်သည်။
"ခင်ဗျား ပြောတာ မှန်သလို...မမှန်ဘူးလို့လည်း ဆိုလို့ရတယ်"
"ပထမဆုံးအနေနဲ့ ပင်ကိုယ်ပါရမီက စိတ်ဝိညာဉ်ထဲမှာ ရှိတာ အမှန်ပဲ... ဒါက ခန့်မှန်းချက်တစ်ခုသာ ဖြစ်ပေမဲ့ အမှန်တရားတစ်ခုပဲ"
"ဒုတိယအချက်ကတော့ ပင်ကိုပါရမီတွေကို ကြိုတင်သတ်မှတ်ထားတာ မဟုတ်ဘူး"
"ကြိုတင်သတ်မှတ်ထားတာ မဟုတ်ဘူးလား..." အကြီးအကဲချင်း၏မျက်လုံးများ ပြူးကျယ်သွားကာ ချင်မင်ကို အံ့အားတသင့် ကြည့်လိုက်သည်။
"တကယ့်ကို ကြိုတင်သတ်မှတ်ထားတာ မဟုတ်ဘူး...ပင်ကိုယ်ပါရမီကို ကြိုတင်သတ်မှတ်ထားတာ မဟုတ်ရုံတင်မကဘူး ဒါကို တိုးတက်အောင်လုပ်လို့ရသလို လုယူလို့လည်း ရတယ်"
"လုယူလို့ရတယ်လား..."
အကြီးအကဲချင်းသည် လုံးဝ မှင်တက်သွားပေ၏။ ဤသည်မှာ သူသည် ယခုကဲ့သို့ ထိတ်လန့်တုန်လှုပ်ဖွယ်ကောင်းသော စကားများကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
"အမှန်ပဲ"
ချင်းမင်သည် ခေါင်းညိတ်လိုက်ပြီး သူ၏မျက်လုံးများအတွင်းတွင် နာကျည်းမုန်းတီးမှုများဖြင့် ပြည့်နှက်နေသည်။
သူသည် သူ၏ နတ်ဘုရားအဆင့် ပင်ကိုယ်ပါရမီကို လုယူလိုခဲ့သော အမျိုးသမီးအား သတိရသွားသည်။
"ဒါပေမဲ့ စိတ်မပူပါနဲ့....ပင်ကိုယ်ပါရမီရှင်ကို လုယူဖို့က အရမ်းခက်ခဲပြီးတော့ ကောင်းကင်အဆင့် ပင်ကိုယ်ပါရမီဆိုရင်တောင် လုယူဖို့ မတန်ဘူး"
"ပင်ကိုယ်ပါရမီက မွေးရာပါ မဟုတ်ဘူး..ဒါက ကောင်းကင်နဲ့မြေပြင်က ပေးတဲ့ လက်ဆောင်တစ်ခုပဲ"
"ကောင်းကင်နဲ့ မြေပြင်က ပေးတာလား"
ဤသည်မှာ အကြီးအကဲချင်းအတွက် ယခုကဲ့သို့ နက်နဲသိမ်မွေ့သည့် စကားများကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
"နတ်ဘုရားအဆင့် ပင်ကိုယ်ပါရမီအကြာင်းကို ခင်ဗျား သိလား"
ချင်းမင်က လျှို့ဝှက်ဆန်းကြယ်စွာ မေးလိုက်သည်။
"နတ်ဘုရားအဆင့် ပင်ကိုယ်ပါရမီလား... ငါ ဒါကို တစ်ခါမှ မကြားဖူးဘူး... ငါ သိတာက အဝါရောင်အဆင့် နက်နဲသိမ်မွေ့အဆင့် မြေကမ္အဆင့်နဲ့ ကောင်းကင်အဆင့်တွေပဲ ရှိတယ်...နတ်ဘုရားအဆင့် ပင်ကိုယ်ပါရမီအကြောင်း ငါ တစ်ခါမှ မကြားဖူးဘူး"
ချင်းယန်၏နှလုံးသား ကဆုန်စိုင်းခုန်ပေါက်နေပေ၏။ ချင်းမင်၏ ပထမဆုံး သင်ကြားမှုတွင် ဤမျှထိ တန်ဖိုးကြီးသော အသိပညာကို ရရှိလိမ့်မည်ဟု သူ မျှော်လင့်မထားမိပေ။
ချင်မင်က အပြုံးနှင့် ပြောဆိုသည်။
"ခင်ဗျား မသိတာက ပုံမှန်ပါပဲ..ဒီလျှို့ဝှက်ချက်တွေက ပုံမှန်အရဆိုရင် သိုင်းဧကရာဇ်နဲ့ သိုင်းသူတော်စင်တွေကြားမှာပဲ ပျံ့နှံ့လေ့ရှိတယ်"
"နတ်ဘုရားအဆင့် ပင်ကိုယ်ပါရမီက သိုင်းဧကရာဇ်အဆင့်ကို တက်လှမ်းဖို့အတွက် တစ်ခုတည်းသော နည်းလမ်းပဲ"
"သိုင်းဧကရာဇ်လား..."
ချင်းယန် ထိတ်လန့်တုန်လှုပ်သွားသည်။ နတ်ဘုရားအဆင့် ပင်ကိုယ်ပါရမီသည် သိုင်းဧကရာဇ်အဆင့်နှင့် အမှန်တကယ် ဆက်စပ်နေသည်မှာ မယုံနိုင်ဖွယ်ရာပင်။
"ထားလိုက်တော့....ဒါတွေက အရမ်း အလှမ်းဝေးလွန်းတယ်...ပင်ကိုယ်ပါရမီက ဆေးတာအိုအပေါ်မှာ သက်ရောက်မှုအကြောင်းကို ပြောကြရအောင်"
ချင်းမင်က အကြောင်းအရာကို ပြောင်းလဲလိုက်သည်။
အကြီးအကဲချင်းသည် အစောပိုင်းက ထိတ်လန့်တုန်လှုပ်မှု ပျက်ပြယ်ခြင်းမရှိသေးချေ။ ဤသည်မှာ သူသည် ဤသို့သော လျှို့ဝှက်သည့်အရာကို ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်။
"ပင်ကိုယ်ပါရမီတွေက ဆေးတာအိုအတွက် ကောင်းကျိုးရော ဆိုးကျိုးရောရှိတယ်ဆိုတာ ခင်ဗျား မသိလောက်ဘူး"
"ဆိုးကျိုးရှိတာလား"
အကြီးအကဲချင်းသည် ဤကောက်ချက်ချမှုကြောင့် ထိတ်လန့်တုန်လှုပ်သွားပေ၏။
"အမှန်ပဲ... ဆိုးကျိုးတွေ ရှိတယ်"
ချင်းမင်သည် ချင်းယန်ကို ကြည့်ကာ ပြုံးလိုက်ပြီး ဆက်လက်၍ ပြောဆိုသည်။
"ပင်ကိုယ်ပါရမီက ဆေးတာအိုအပေါ် တိုးတက်မှုကို အဟန့်အတား ဖြစ်စေတယ်"
"အဟန့်အတား ဖြစ်စေတာလား... မဖြစ်နိုင်ဘူး...ငါ့မှာ မြေကမ္ဘာအဆင့် ပင်ကိုယ်ပါရမီသာ မရှိရင် ငါက ဆေးဘုရင် ဖြစ်လာနိုင်မှာ မဟုတ်ဘူး...ငါ ဆေးဘုရင်အဆင့်ကို ချိုးဖျက်ဝင်ရောက်နိုင်ခဲ့တာ ပင်ကိုယ်ပါရမီက အများကြီး ထောက်ပံ့ကူညီခဲ့လို့ပဲ"
ချင်းယန်က ခေါင်းခါယမ်းကာ ချင်းမင်၏ စကားကို ငြင်းဆိုလိုက်သည်။
"ဒါဆိုရင် ဆေးဧကရာဇ်အဆင့်ကို တက်လှမ်းဖို့ကော ဘယ်လိုလဲ... ခင်ဗျားသာ ဒီဘဝမှာ ပင်ကိုယ်ပါရမီတွေကို ဆက်သုံးနေမယ်ဆိုရင် ဆေးဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်အုံးမှာလား...ဒါက လုံးဝမဖြစ်နိုင်ဘူး...ခင်ဗျားက သေတဲ့အထိ ဆေးလုံးတွေ ဖော်စပ်နေရင်တောင် ဆေးဧကရာဇ်အဆင့်ကို တက်လှမ်းနိုင်မှာ မဟုတ်ဘူး"
"ဒါ... ဒါက ငါ့မှာ ပါရမီ မလုံလောက်လို့ ဖြစ်နိုင်ပါတယ်..."
ချင်းယန်က စဉ်းစားတွေးတောပြီးနောက် ပြောဆိုလိုက်သည်။
ချင်းမင်သည် ခေါင်းခါယမ်းပြီး အပြုံးနှင့် ပြောဆိုလေ၏။
"အကြီးအကဲချင်း....ခင်ဗျားက လေလွင့်ကျင့်ကြံသူတစ်ယောက်...ဘာအင်အားစုနောက်ခံ ဘာအရင်းအမြစ်ကိုမှ အားမကိုးဘဲနဲ့ ခင်ဗျားက ဆေးဘုရင်အဆင့်ကို တက်လှမ်းနိုင်ခဲ့တယ်.... တကယ်လို့ ခင်ဗျားရဲ့ ပင်ကိုယ်ပါရမီက ညံ့ဖျင်းတယ်ဆိုရင် ဘယ်သူက ပါရမီကောင်းတယ်လို့ ဆိုနိုင်မှာလဲ"
ချင်းယန်၏ပါရမီသည် အတိတ်ဘဝမှ ချင်းမင်ထက် များစွာပို၍သာလွန်သည်။ သို့ရာတွင် သူသည် ဆေးဖော်စပ်ရာ၌ သူ၏ပင်ကိုယ်ပါရမီကို အမြဲတစေ အသုံးပြုခဲ့သောကြောင့် ဆေးဧကရာဇ်အဆင့်သို့ တက်လှမ်းနိုင်မှု မရှိခဲ့ခြင်း ဖြစ်သည်။