နတ်ဆိုးသူတော်စင်အား အနိုင်ယူ၍ ဆယ်နှစ်တာ ရွှေ့ဆိုင်းခြင်း။
Vol. 37 Ch. 505
"ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်... အကယ်၍ ကျွမ်းကျင်ပါက ကံကြမ္မာ မဟာတာအိုကို တစ်စေ့တစ်စောင်း မြင်နိုင်တယ်တဲ့လား"
စုရှင်းသည် အံ့သြတုန်လှုပ်စွာ သက်ပြင်းချလိုက်သည်။
ကံကြမ္မာ မဟာတာအိုသည် သုံးထောင်သော မဟာတာအိုများထဲမှ တစ်ခု ဖြစ်သည်။
ထို့အပြင် ၎င်းသည် အဆင့်အမြင့်ဆုံး မဟာတာအိုများထဲမှ တစ်ခုလည်း ဖြစ်သည်။
အကြောင်းနှင့် အကျိုး တာအိ၊ အချိန်နှင့် နေရာ တာအိုတို့နှင့်အတူ ၎င်းသည် အထူးခြားဆုံး မဟာတာအိုများထဲမှ တစ်ခု ဖြစ်သည်။
အကယ်၍ ကျင့်ကြံသူတစ်ဦးသည် ကံကြမ္မာ မဟာတာအိုကို နားလည်နိုင်ပြီး နက်နဲသောအဆင့်သို့ ကျင့်ကြံနိုင်ပါက ၎င်းတို့သည် ကမ္ဘာသုံးထောင်တွင် ကြောက်မက်ဖွယ် ကောင်းသော ပုဂ္ဂိုလ်များ ဖြစ်လာပေလိမ့်မည်။
"ဒီလိုဆိုရင်... ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်မှာ ဖော်ထုတ်ဖို့ ကျန်နေသေးတဲ့ ပိုကြီးမားတဲ့ အလားအလာရှိမယ့်ပုံပဲ..."
စုရှင်းသည် အနည်းငယ် ခေါင်းညိတ်လိုက်သည်။
"ဒါပေမယ့် အခုအချိန်မှာ ငါသာ ကိုယ်ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုအဆင့်နဲ့ ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ် နှစ်ခုလုံးကို ထုတ်ယူမယ်ဆိုရင် စွမ်းအင်မှတ် ၁၅ ဘီလီယံ လိုအပ်လိမ့်မယ်၊ ငါ့မှာ လောလောဆယ် အာ့လောက်ထိ မရှိသေးဘူး..."
စုရှင်းသည် အချိန်ကို ကြည့်လိုက်ပြီး လုယွမ်ဝူ အချိန်အတော်ကြာ စောင့်ဆိုင်းနေလိမ့်မည်ဟု ခန့်မှန်းလိုက်သည်။
ထို့ကြောင့် စုရှင်းသည် သူ့ကိုယ်သူ ရုပ်ဖျက်ပြီး တည်ရှိမှုကို ဖုံးကွယ်ကာ ကုန်သွယ်မှုအတွက် လုယွမ်ဝူနှင့် တွေ့ဆုံရန် သဘောတူထားသော နေရာသို့ ဦးတည်သွားခဲ့သည်။
အရောင်းအဝယ်သည် ယခင်ကလိုပင် ချောချောမွေ့မွေ့ ဖြစ်ခဲ့ပြီး မမျှော်လင့်ထားသော မည်သည့် အဖြစ်အပျက်မှ မရှိခဲ့ပေ။
စုရှင်းသည် အသစ်ရရှိသော တတိယအဆင့် ထူးခြားသတ္တု တန်တစ်ထောင်ကို သရုပ်ပြခြင်း စွမ်းအင်မှတ် ဘီလီယံနှစ်ဆယ်နှင့် လဲလှယ်ခဲ့ပြီး ဝိညာဉ်စိုက်ခင်းဂူသို့ ပြန်လာခဲ့သည်။
"ငါ့မှာ အနှစ်သာရ အားဖြည့်ဆေးလုံး တစ်သောင်းပဲ ကျန်တော့တယ်... နောက်ထပ် ဆေးလုံးတွေ ရဖို့အတွက်ဆိုရင် နောက်ထပ်တစ်ကြိမ် သရုပ်ပြခြင်းလုပ်ဖို့ လိုလိမ့်မယ် ထင်တယ်။"
"ပြီးတော့ ကာကွယ်ရေး ဂန်ချီကို ဓားချီ အတားအဆီးနဲ့ ပေါင်းစပ်ဖို့နဲ့.. ငါ့ရဲ့ ပေါင်းစည်းခြင်းအဆင့် ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ဖို့ကိုလည်း ချက်ချင်း စတင်ဖို့လိုတယ်။"
စုရှင်းသည် အကျဉ်းချုပ် အစီအစဉ်တစ်ခု ပြုလုပ်ပြီးနောက် တိတ်တဆိတ် ရွတ်ဆိုလိုက်သည်။
"ရှုပ်ထွေးမူလနယ်ပယ် ကြီးမြတ်သော ပြီးပြည့်စုံခြင်း ကျင့်ကြံမှုအဆင့် နဲ့ ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်ကို ထုတ်ယူမယ်။"
[သင်သည် ရှုပ်ထွေးမူလနယ်ပယ် ကြီးမြတ်သော ပြီးပြည့်စုံခြင်း ကျင့်ကြံမှုအဆင့်ကို အောင်မြင်စွာ ထုတ်ယူခဲ့ပြီး စွမ်းအင်မှတ် တစ်ဘီလီယံ သုံးစွဲခဲ့သည်။ သင့်တွင် ၁၂ဘီလီယံ ၈၈၈သန်းမှတ် ကျန်ရှိသည်။]
[သင်သည် ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်ကို အောင်မြင်စွာ ထုတ်ယူခဲ့ပြီး စွမ်းအင်မှတ် ၅ဘီလီယံ သုံးစွဲခဲ့သည်။ သင့်တွင် ၇ဘီလီယံ ၈၈၈သန်းမှတ် ကျန်ရှိသည်။]
သရုပ်ပြစက်၏ အကြောင်းကြားချက်များ ပြီးဆုံးသောအခါ လျှို့ဝှက်ဆန်းကြယ်သော စွမ်းအင်လှိုင်းနှစ်ခုသည် စုရှင်း၏ ခန္ဓာကိုယ်ထဲသို့ စီးဝင်သွားသည်။
ပထမဆုံးအနေဖြင့် စုရှင်း၏ ကျင့်ကြံမှုအဆင့်နှင့် အရှိန်အဝါသည် ကောင်းကင်ထိ မြင့်တက်သွားသည်။
ရှုပ်ထွေးမူလနယ်ပယ် အဋ္ဌမအဆင့်... ရှုပ်ထွေးမူလနယ်ပယ် နဝမအဆင့်... ရှုပ်ထွေးမူလနယ်ပယ် ကြီးမြတ်သော ပြီးပြည့်စုံခြင်း။
တစ်ခဏအတွင်း စုရှင်း၏ ကျင့်ကြံမှုအဆင့်သည် အဆင့်နှစ်ဆင့် ခုန်တက်သွားသည်။
စုရှင်းသည် မျက်လုံးများ မှိတ်ထားလျက် အချိန်အတော်ကြာ တရားထိုင်ပြီး ပုံမှန်အသက်ရှုကာ အသစ်ရရှိသော ခွန်အားကို ချိန်ညှိခဲ့သည်။ စိတ်လှုပ်ရှားမှု အရိပ်အယောင်သည် သူ၏ မျက်လုံးများကို ဖြတ်ပြေးသွားသည်
"ရှုပ်ထွေးမူလနယ်ပယ် ကြီးမြတ်သော ပြီးပြည့်စုံခြင်း... တောင်ဆယ်လုံးရဲ့ ခွန်အား။"
၎င်းသည် ပုံမှန် ရှုပ်ထွေးမူလနယ်ပယ် ပြီးပြည့်စုံခြင်းထက် များစွာသာလွန်သော တိုက်ခိုက်ရေးစွမ်းအား ဖြစ်သည်။ တောင်ဆယ်လုံး၏ ခွန်အားနှင့် ကောင်းကင်ဓားသိုင်း နည်းစနစ်ကို ပေါင်းစပ်ခြင်းဖြင့် စုရှင်းသည် အလယ်အလတ်အဆင့် မဟာယာန ကျင့်ကြံသူများကိုပင် တိုက်ရိုက် ရင်ဆိုင်ရန် သတ္တိရှိသည်။
သူ၏ ကျင့်ကြံခြင်း တိုးတက်မှုကို စုပ်ယူပြီးနောက် စုရှင်းသည် သူ၏ စိတ်ထဲရှိ မှတ်ဉာဏ်အသစ်များကို စတင် ပေါင်းစည်းခဲ့သည်။
ဤအချိန်တွင် စုရှင်း၏ ဟောကိန်းထုတ်ခြင်း လမ်းကြောင်းအပေါ် နားလည်မှုသည် လျင်မြန်စွာ တိုးတက်လာသည်။
ဟောကိန်းထုတ်ခြင်း လမ်းကြောင်းသည်လည်း ကျင့်ကြံမှု အတတ်ပညာ တစ်ရာထဲမှ တစ်ခု ဖြစ်သည်။
၎င်း၏ အထွတ်အထိပ်တွင် ၎င်းသည် အကြောင်း၊ အကျိုးနှင့် ကံကြမ္မာ၏ နက်နဲသော အယူအဆများကို ထိတွေ့သည်။
ထောင်ချီသော ကမ္ဘာကြီးများတွင် စွမ်းအားရှင် အိမ်တော်များ အားလုံးသည် အကြောင်းနှင့်အကျိုး တာအို သို့မဟုတ် ကံကြမ္မာ တာအိုကို နားမလည်ကြပေ။
သို့သော် ဤ တာအိုနှစ်ခုကို နားလည်နိုင်သူများသည် မလွဲမသွေ အားကြီးသူများ ဖြစ်ကြသည်။
သူ၏ စိတ်ထဲတွင် ရေတွက်မရသော မှတ်ဉာဏ် အစိတ်အပိုင်းများ လင်းလက်သွားသည်။ ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်ကို နားလည်ခြင်းသည် စုရှင်း မျှော်မှန်းထားသည်ထက် အနည်းငယ် ပိုမို စိန်ခေါ်မှု ရှိသည်။
ခဏအကြာတွင် စုရှင်းသည် သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။
"ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်... ဒါက ဟောကိန်းထုတ်ခြင်း လမ်းကြောင်းမှာရှိတဲ့ ထိပ်တန်းအတတ်ပညာ တစ်ခုပဲ။"
"လူသား ကံကြမ္မာအခန်းရဲ့ မဟာပြီးပြည့်စုံခြင်းနဲ့ ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်ကို အသုံးပြုပြီး ကောင်းကင်လျှို့ဝှက်ချက်တွေကို ကာကွယ်ရင်၊ ငါ့ကျင့်ကြံမှုအဆင့်ရဲ့ နှစ်ဆင့်ထက် ပိုမမြင့်တဲ့သူတွေက ငါ့ကို ထောက်လှမ်းနိုင်တော့မှာ မဟုတ်ဘူး..."
"ငါက ခုလောလောဆယ် ပေါင်းစည်းခြင်းအဆင့် အစပြုသူအဆင့်မှာ ရှိတယ်... ဒါက လူသားအမတတောင်မှ ငါ့ရဲ့ ကျင့်ကြံမှုကို အာရုံခံဖို့ ခက်ခဲလိမ့်မယ်လို့ ဆိုလိုတာပဲ။"
စုရှင်းသည် ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်၏ အကျိုးသက်ရောက်မှုများကို အတော်လေး ကျေနပ်မိသည်။
"ငါသာ နိုင်ငံ ကံကြမ္မာအခန်းကို ကျွမ်းကျင်ခဲ့ရင် အဆင့်မြင့် ကျင့်ကြံသူတွေက ရှာမတွေ့ နိုင်အောင် ငါ့ရဲ့သယ်ရလွယ်တဲ့ ဂူကိုတောင် ဖုံးကွယ်လို့ရနိုင်လောက်မလား။"
စုရှင်း ဆင်ခြင်လိုက်သည်။
ယခင်က သရုပ်ပြခြင်း ကာလအတွင်းတွင် သွေးသခင်သုံးသည် စုရှင်း၏ ဝိညာဉ်စိုက်ခင်းဂူကို အလွယ်တကူ ထောက်လှမ်းနိုင်ခဲ့သည်။
ရလဒ်အနေဖြင့် စုရှင်းသည် ၎င်း၏ရှာဖွေတွေ့ရှိခြင်းမှ ကာကွယ်ရန် ဝမ်မူဂိုဏ်း၏ အပျက်အစီးများထဲသို့ ဝိညာဉ်စုဆောင်းပန်းများကို အစားထိုး စိုက်ပျိုးခဲ့ရသည်။
သို့သော် သူသာ ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်ကို အပြည့်အဝ ကျွမ်းကျင်နိုင်ပါက စုရှင်းသည် ဝိညာဉ်စိုက်ခင်းဂူကို ရှာဖွေတွေ့ရှိခံရခြင်း အတွက် စိုးရိမ်ရန် မလိုတော့ပေ…
"ဒါပေမယ့် အခုအချိန်မှာတော့ စွမ်းအင် စုဆောင်းဖို့အတွက် ဆက်လက် ကြိုးစားဖို့က အရေးကြီးတယ်။"
စုရှင်းသည် သက်ပြင်းချလိုက်ပြီးနောက် ရုပ်သေးများ ဖန်တီးခြင်း၏ ရက်သတ္တပတ် အသစ်ကို စတင်ခဲ့သည်။
သူ့ရဲ့ ရုပ်သေးဖန်တီးမှု စွမ်းရည်၏ စဉ်ဆက်မပြတ် တိုးတက်မှုနှင့်အတူ စုရှင်းသည် ဤ ရက်သတ္တပတ်တွင် ရုပ်သေးလေးခုကို ထပ်မံ ဖန်တီးခဲ့သည်။ ၎င်းသည် သူ၏ ဆေးရုပ်သေး အရေအတွက်ကို စုစုပေါင်း နှစ်ဆယ့်ငါးခုသို့ ရောက်ရှိစေသည်။
၎င်းတို့သည် အပါတ်တိုင်း စုရှင်းကို အဆာခံဆေးလုံး တစ်သောင်းနှစ်ထောင့်ငါးရာ ပေးနိုင်သည်။
သူ့ရှေ့ရှိ ရုပ်သေးများကို ကြည့်ရင်း စုရှင်းက ရေရွတ်လိုက်သည်-
"ငါ ရုပ်သေးပညာကို စဉ်ဆက်မပြတ် လေ့လာရင် အဆင့်မြင့် ဆေးလုံးတွေကို ဖန်တီးဖို့ ဆေးရုပ်သေးတွေကိုရော တိုးတက်အောင် လုပ်နိုင်မလား... ဥပမာ ရိုးတွင်းခြင်ဆီ သန့်စင်ဆေးလုံးလိုမျိုးလေ။"
စုရှင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်ကာ စဉ်းစားလိုက်သည်။
ဖေဖော်ဝါရီ ၁၇ရက်၊ ၂၀၂၅ခုသည် စုရှင်း ကျင်းချုံးရွှယ်နှင့် ထပ်မံ တွေ့ဆုံရန် စီစဉ်ထားသည့်နေ့ ဖြစ်သည်။
စုရှင်းသည် သူ၏ တည်ရှိမှုကို ဖုံးကွယ်ပြီး ဗီလာသို့ ရောက်လာခဲ့သည်။
"ဒီမှာ အသစ်ဖန်တီးထားတဲ့ အဆာခံဆေးလုံး ငါးသောင်း... ဒီဆေးလုံးတွေကို ယူပြီး ထူးခြားသတ္တု တူးဖော်ရေး နေရာတစ်ခု ဝယ်ယူလိုက်ပါ။ ပြဿနာမရှိဘူးမလား"
စုရှင်းသည် သိုလှောင်လက်စွပ် တစ်ခုကို လှမ်းပေးသည်။
ကျင်းချုံးရွှယ်သည် ဆေးလုံးများကို လက်ခံယူပြီး ခေါင်းညိတ်ကာ ပြောသည်-
"ဒီအသုတ် အပါအဝင်ဆိုရင် ရှားစစ်တပ်မှာ အဆာခံဆေးလုံး တစ်သိန်းကျော် ရှိနေလောက်ပြီ... ဒါပေမယ့် သူတို့က မရှိမဖြစ် လိုတယ်ဆိုတော့လေ စစ်တပ်က သိုလှောင်ချင်ကြတာ။"
"ဒါပေမယ့် သူတို့အတွက် နောက်ထပ် ဆယ်နှစ်ကနေ နှစ်ဆယ်အတွက် လုံလောက်တဲ့ သိုလှောင်မှု ရှိပြီဆိုတာနဲ့ သူတို့ ဆက်လက် သိုလှောင်တော့မှာ မဟုတ်ဘူး ထင်တယ်..."
စုရှင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ သူသည် ဤအရာကို အံ့အားသင့်ခြင်း မရှိပေ။
နောက်ထပ် ဆယ်နှစ် မှ နှစ်ဆယ်အတွက် လိုအပ်သော အဆာခံဆေးလုံး အရေအတွက်သည် စုရှင်းအား ဆေးလုံး ခြောက်သိန်းမှ ခုနစ်သိန်း ဖန်တီးရန် လိုအပ်သည်ဟု ဆိုလိုခြင်း ဖြစ်သည်။
၎င်းသည် စုရှင်းအတွက် ဒုတိယအဆင့် ထူးခြားသတ္တု တူးဖော်ရေးနေရာ ဆယ်ခုခန့်ကို လုံခြုံစေမည်ဖြစ်သည်။
အနည်းဆုံး နောက်ခြောက်လအတွင်း စုရှင်းသည် ရုပ်သေးတပ်သားကို ဖန်တီးရမည် ဖြစ်သည်။
ထို့အပြင် ဆေးရုပ်သေးများသည် ဆေးလုံး တစ်မျိုးတည်းကိုသာ ဖန်တီးရန် ကန့်သတ်ထားခြင်း မရှိသောကြောင့် ၎င်းသည် အလဟသ မဖြစ်ပေ။
သူ၏ရှေ့ရှိ ကျင်းချုံးရွှယ်ကို ကြည့်ရင်း စုရှင်းသည် သူမ၏ ကံကြမ္မာကို ဟောကိန်းထုတ်ပေးလိုသော စိတ်ဆန္ဒ ရုတ်တရက် ဖြစ်ပေါ်လာသည်။
"ဒီ ကောင်မလေးက လအနည်းငယ်အတွင်း ကောင်းကင်ဘုံ ဘုရင်အဆင့်ကို တက်တော့မယ်၊ သူ အောင်မြင်ပါ့မလား မသိဘူး..."
စုရှင်းသည် သူ၏ လက်ချောင်းများဖြင့် တွက်ချက်ကြည့်ရာ လေထဲတွင် ကြည်လင်သော မျဉ်းကြောင်းများ ယှက်ဖြာနေသည်ကို မှိန်ဖျော့စွာ မြင်ခဲ့သည်။
ခဏတာအကြာတွင် စုရှင်း၏ အမူအရာသည် ထူးဆန်းလာသည်။
"ဟောကိန်းထုတ်ခြင်းရဲ့ ရလဒ်တွေက... မင်္ဂလာရှိတာနဲ့ မင်္ဂလာမရှိတာက အညီအမျှ ဖြစ်နေတာလား"
စုရှင်းသည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်ပြီး ပိုမို အသေးစိတ်သော ဟောကိန်းထုတ်ခြင်းကို လုပ်ဆောင်ခဲ့သည်။
စုရှင်း နှင့် ကျင်းချုံးရွှယ်အကြား ခွန်အား ကွာခြားမှုကြောင့် စုရှင်းသည် သဘာဝအတိုင်း မည်သည့်စရိတ်မှ ပေးရန်မလိုအပ်ပေ။
ခဏအကြာတွင် စုရှင်းသည် အသေးစိတ်သော ဟောကိန်းထုတ်ခြင်း ရလဒ်ကို ရရှိခဲ့သည်။
သူမသည် မတော်တဆမှု ကြုံတွေ့ရမည်၊ ကောင်းကင်ဘုံ ဘုရင်အဆင့်သို့ တက်လှမ်းရန် မအောင်မြင်သော်လည်း သူမတွင် အသက်အန္တရာယ် မရှိပါ…
၎င်းသည် စုရှင်း မြင်လိုသည့်အရာ မဟုတ်သည်မှာ ရှင်းသည်။
"ကောင်းကင်ဘုံ ဘုရင်အဆင့်ရဲ့ ခေါင်းဆောင်ပေါ့..အချိန်ကျရင်တော့ အစ်မရွှယ်ရဲ့ လုံခြုံရေးအတွက် ပဉ္စမအဆင့် အဆောင်လက်ဖွဲ့နှစ်ခု ဖန်တီးပေးအုံးမှပါ..."
စုရှင်းသည် ထိုသို့ စဉ်းစားပြီးနောက် တစ်ကြိမ် ထပ်မံ ဟောကိန်းထုတ်ခဲ့သည်။
မှန်ပါသည်၊ ဟောကိန်းထုတ်ခြင်း ရလဒ်သည် မင်္ဂလာရှိခြင်းနှင့် မရှိခြင်း ညီမျှနေရာမှ ချက်ချင်းပင် မင်္ဂလာရှိတဲ့ဘက်ခြမ်းသို့ အားသာသွားသည်။
၎င်းက ကျင်းချုံးရွှယ်သည် သူမ၏ တက်လှမ်းမှု လုပ်ငန်းစဥ်ကို အောင်မြင်စွာ ပြီးမြောက်မည်ဖြစ်ပြီး ကောင်းကင်ဘုံ ဘုရင်အဆင့်သို့ ရောက်ရှိမည် ဖြစ်ကြောင်းကို ညွှန်ပြသည်။
"ဒါက ဟောကိန်းထုတ်ခြင်း ရလဒ်တွေနဲ့ အနာဂတ်က အတည်တကျ မရှိဘူးဆိုတာကို ပြနေတာပဲ... အားကောင်းတဲ့ ကျင့်ကြံသူတစ်ဦးက အားနည်းတဲ့ သတ္တဝါတွေရဲ့ ကံကြမ္မာကို အလွယ်တကူ ပြောင်းလဲနိုင်တယ်ပေါ့"
စုရှင်း ညင်သာစွာ သက်ပြင်းချလိုက်သည်။
ဤ လောကတွင် အားကောင်းသော ကျင့်ကြံမှုသည် အခြေခံ ဖြစ်ကြောင်း သူ ထပ်မံ ခံစားလိုက်ရသည်။
ညစာ စားပြီးနောက် စုရှင်းသည် ဝိညာဉ်စိုက်ခင်းဂူသို့ ပြန်လာခဲ့သည်။
ဤရက်သတ္တပတ်၏ ကုန်စည်လဲလှယ်မှုမှတစ်ဆင့် သူသည် စွမ်းအင်မှတ် ၂ဘီလီယံ ထပ်မံရရှိခဲ့သည်။
သရုပ်ပြစက်၏ ကူးဒေါင်း ပြီးဆုံးသွားသည်ကို ကြည့်ရင်း စုရှင်းသည် တိတ်တဆိတ် ရွတ်ဆိုသည်-
"သရုပ်ပြခြင်း စတင်ပါ"
[ဒင်၊ ဤသရုပ်ပြခြင်းကို စတင်ခြင်းသည် စွမ်းအင်မှတ် ခုနစ်ထောင့်ငါးရာ ကုန်ကျပါမည်။ သင့်တွင် စွမ်းအင် ၁ဘီလီယံ ၁၂သန်း ၃သိန်း၈သောင်းမှတ် ကျန်ရှိသည်။ ကျန်ရှိသော သရုပ်ပြခြင်း အကြိမ်အရေအတွက် အကန့်အသတ်မရှိ။]
[သရုပ်ပြခြင်း စတင်ပါပြီ]
[ခရမ်းရောင် စွမ်းရည်ကို ထုတ်ယူရန် စွမ်းအင်မှတ် တစ်သိန်း ကုန်ကျပါမည်။ ရွှေရောင် ဒဏ္ဍာရီလာ စွမ်းရည်ကို ထုတ်ယူရန် စွမ်းအင်မှတ် တစ်သန်း ကုန်ကျမည်။ သင် ထုတ်ယူလိုပါသလား။]
"ဟုတ်တယ်၊ ရွှေရောင် ဒဏ္ဍာရီလာ စွမ်းရည်ကို ထုတ်ယူရမယ်။ ငါ တစ်ခုခု ရသင့်ပြီလို့ မင်း မထင်ဘူးလား။"
စုရှင်းက ပြတ်သားစွာ ဆုံးဖြတ်လိုက်သည်။
[ဒင်၊ ရွှေရောင်စွမ်းရည် "နှင်းဆီ လက်ဆောင်"ကို ရရှိခြင်းအတွက် ဂုဏ်ယူပါသည်။ အာမခံထားသည့် ရွှေရောင်စွမ်းရည် ထုတ်ယူနိုင်သည့် အခွင့်အရေးကို ပြန်လည် သတ်မှတ်မည်။ နောက်ထပ် ရွှေရောင်စွမ်းရည် ထုတ်ယူနိုင်သည့် အခွင့်အရေးသည် ဆယ်ရာခိုင်နှုန်း ဖြစ်သည်။]
…