← Chapters

အကြောင်းနှင့်အကျိုး၏ ရွှေရောင်စွမ်းရည်ကို ရရှိခြင်း၊ အခြားသူများအား နှင်းဆီများပေးခြင်း။

Vol. 37 Ch. 507

အကြောင်းနှင့်အကျိုး၏ ရွှေရောင်စွမ်းရည်ကို ရရှိခြင်း၊ အခြားသူများအား နှင်းဆီများပေးခြင်း။

Vol. 37 Ch. 507

သိန်းချီသော တောင်တန်းများ၏ အတွင်းပိုင်းထဲသို့ ထွက်ပြေးနိုင်ပါက အခွင့်အရေး အလွန် နည်းပါးလှသော်လည်း စုရှင်းသည် လွတ်မြောက်ရန် မျှော်လင့်ချက် ရှိနေဆဲဖြစ်သည်။

"ဒီလိုဆိုရင် ကမ္ဘာသုံးထောင်စီ အမြန်ဆုံး သွားလိုက်ကြရအောင်"

ဤအတွေးဖြင့် စုရှင်းသည် သူ၏ အကြည့်ကို သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ လှည့်လိုက်သည်။

[ဆယ့်နှစ်နှစ်မြောက်နှစ်တွင် သင်၏ ကျင့်ကြံမှုအဆင့်သည် ကိုယ်ခန္ဓာ ပေါင်းစည်းခြင်းအဆင့် ဒုတိယအလွှာ၏ အထွတ်အထိပ်အဆင့်သို့ မြင့်တက်လာသည်။]

[သင်သည် အလယ်အလတ်အဆင့် ဝိညာဉ်အရည်ကို အသုံးပြု၍ စတင်ကျင့်ကြံခဲ့ရာ လျင်မြန်စွာ တိုးတက်လာသည်...]

[ထိုသို့ဖြင့် နှစ်နှစ် ကုန်လွန်သွားသည်။]

[ဆယ့်လေးနှစ်မြောက်နှစ်တွင် သင်သည် အလယ်အလတ်အဆင့် ဝိညာဉ်အရည် ကိုးသိန်းကို အကုန်အစင် သုံးခဲ့ပြီး ကိုယ်ခန္ဓာပေါင်းစည်းခြင်းအဆင့် တတိယအလွှာ၏ အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။]

[ထို့နောက် သင်သည် အဆင့်နိမ့် ဝိညာဉ်အရည် တစ်သန်းကို ထုတ်ယူခဲ့ပြီး ကိုယ်ခန္ဓာပေါင်းစည်းခြင်း အလယ်အလတ်အဆင့်သို့ တစ်ကြိမ်တည်းဖြင့် ထိုးဖောက်ရန် ရည်ရွယ်ခဲ့သည်။]

[ဆယ့်ငါးနှစ်မြောက်နှစ်တွင် သင်သည် ကိုယ်ခန္ဓာပေါင်းစည်းခြင်းအဆင့် စတုတ္ထအလွှာသို့ အောင်မြင်စွာ ထိုးဖောက်ခဲ့သည်။]

[ထိုနှစ်တွင် သင်သည် ကြယ်ပြာမှ ထွက်ခွာရန် စတင်စီစဉ်ခဲ့သည်။]

[ပထမဦးစွာ သင်သည် ဝိညာဉ်နိုးထဆေးလုံး တစ်လုံးကို သန့်စင်ခဲ့ပြီး မဟာဉာဏ်ပညာ အခြေအနေ၏ အပိုဆုကို တစ်လစာ စုဆောင်းကာ ကြယ်ပြာမှ ထွက်ခွာခြင်းမပြုမီ ကျန်ရှိသောအချိန်ကို အကျိုးရှိရှိ အသုံးချရန် ပြင်ဆင်ခဲ့သည်။]

လက်တွေ့ကမ္ဘာတွင် ဤအရာကို မြင်သောအခါ စုရှင်းသည် တိတ်တဆိတ် ရွတ်ဆိုသည်-

"မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို ရက် ၃၀ကြာအောင် အသုံးပြုမယ်"

[ဒင်၊ သင်သည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အောင်မြင်စွာ အသုံးပြုခဲ့ရာ စွမ်းအင်မှတ် ၇၂ သန်း ကုန်ကျပါမည်၊ သင့်တွင် ၉၃၄.၅၈ သန်းမှတ် ကျန်ရှိသည်...]

သရုပ်ပြစက်၏ အချက်ပေးသံ မှိန်ဖျော့သွားသည်နှင့်အမျှ စုရှင်းသည် သရုပ်ပြခြင်းအတွင်း ပေါ်လာသည်။

ဤအချိန်တွင် စုရှင်းသည် အဆောင်လက်ဖွဲ့ ဖန်တီးခြင်းကို မှတ်တမ်းတင်ထားသော ကျောက်ပြားနှစ်ချက်ကို ကိုင်ထားသည်။ ၎င်းတို့သည် ဤတစ်ကြိမ်အတွက် သူ၏ သင်ယူမှု ပစ်မှတ်များ ဖြစ်သည်။

ကျောက်စိမ်းပြား တစ်ချက်သည် "အခြေခံ အဆောင်လက်ဖွဲ့ စုစည်းမှု"အမည်ရှိ ပြဋ္ဌာန်းစာအုပ်ကို မှတ်တမ်းတင်ထားပြီး ပထမမှ စတုတ္ထအဆင့်ထိ အဆောင်လက်ဖွဲ့များ အကြောင်း ပါဝင်သည်။ အမြင့်ဆုံးသည် စတုတ္ထအဆင့် အဆောင်လက်ဖွဲ့များဖြစ်ပြီး သန္ဓေတည်ဝိညာဉ်အဆင့် ကျင့်ကြံသူများ၏ စွမ်းအားနှင့် နှိုင်းယှဉ်နိုင်သည်။

အခြား ကျောက်စိမ်းပြားသည် "ဒြပ်စင်ငါးပါး အဆောင်လက်ဖွဲ့ စုစည်းမှု"ကို မှတ်တမ်းတင်ထားသည်။ စုရှင်းသည် ဤအဆောင်လက်ဖွဲ့ကို ဒြပ်စင်ငါးပါးဂိုဏ်း၏ အပျက်အစီးများမှ ရရှိခဲ့ခြင်း ဖြစ်သည်။ အမြင့်ဆုံး အဆောင်လက်ဖွဲ့သည် အဋ္ဌမအဆင့်သို့ ရောက်ရှိကာ မဟာယာနအဆင့်နှင့် နှိုင်းယှဉ်နိုင်သည်။

"အဆောင်လက်ဖွဲ့တွေရဲ့ လမ်းကြောင်းက အားနည်းသူတွေကို အဆင့်အများကြီး ကျော်လွန်ပြီး တိုက်ခိုက်နိုင်တဲ့ စွမ်းအားကို ပိုင်ဆိုင်စေတာဘဲ…အဲ့ဒါကို သင်ယူတာက အကျိုးကျေးဇူး အများကြီးရှိမှာ သေချာတယ်။"

စုရှင်း တီးတိုးရေရွတ်သည်။

ထို့နောက် မဟာဉာဏ်ပညာ အခြေအနေ အပိုဆုကို အသက်သွင်းပြီး ဝိညာဉ်နိုးထ ဆေးလုံးတစ်လုံးကို မျိုချကာ စုရှင်းသည် အခြေခံ အဆောင်လက်ဖွဲ့ စုစည်းမှုကို စတင် လေ့လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက် ကုန်လွန်သွားသည်။

ဆယ်ရက်အတွင်း စုရှင်းသည် ပထမ မှ စတုတ္ထအဆင့် အဆောင်လက်ဖွဲ့များ အားလုံးကို သင်ယူခဲ့သည်။

ဝိညာဉ်နိုးထ ဆေးလုံး၏ မြှင့်တင်မှုကြောင့် ဆယ်ရက်တာ နားလည်မှုသည် သုံးနှစ်ကျော် နှင့် ညီမျှသည်မှာ သေချာသည်။

ဒါ့အပြင် စုရှင်းသည် ယခင်က သေးငယ်သော ဝိညာဉ်စုဆောင်းရေး အစီအရင်ကို တပ်ဆင်ထားပြီး အဆောင်လက်ဖွဲ့ ဖန်တီးခြင်းတွင်လည်း အခြေခံအုတ်မြစ် ရှိနှင့်ပြီးဖြစ်သောကြောင့် အဆောင်လက်ဖွဲ့များ၏ လမ်းကြောင်းအပေါ် သူ၏ နားလည်မှုသည် လျင်မြန်စွာ တိုးတက်လာခဲ့သည်။

မျက်စိတစ်မှိတ်အတွင်း နောက်ထပ် ရက်နှစ်ဆယ် ကုန်လွန်သွားပြီး မြှုပ်နှံသရုပ်ပြချိန် ပြီးဆုံးကာ စုရှင်းသည် လက်တွေ့သို့ ပြန်လာခဲ့သည်။

သူ၏ မျက်လုံးများကို ဖြည်းဖြည်းချင်း ဖွင့်လိုက်ပြီးနောက် စုရှင်းသည် ကျေနပ်စွာ ခေါင်းညိတ်သည်။

"မဆိုးဘူး...မြှုပ်နှံသရုပ်ပြခြင်း တစ်ခုတည်းနဲ့ ပထမအဆင့်က‌နေ ပဉ္စမအဆင့် အဆောင်လက်ဖွဲ့တွေနဲ့ အဆောင်လက်ဖွဲ့ အမျိုးအစား သုံးရာကျော်ကို ငါ ကျွမ်းကျင်ခဲ့တယ်။"

"လွတ်မြောက်ခြင်း ပြန်ရောက်ခြင်းအဆင့် ကျင့်ကြံသူရဲ့ တိုက်ခိုက်မှုနဲ့ နှိုင်းယှဉ်နိုင်တဲ့ ဆဋ္ဌမအဆင့် ထိုးစစ် အဆောင်လက်ဖွဲ့တွေကိုတောင် ငါ ကျွမ်းကျင်ခဲ့တယ်။"

စုရှင်းသည် ဤအပေါ် အတော်လေး ကျေနပ်မိသည်။ ရက်သုံးဆယ် မြှုပ်နှံသရုပ်ပြခြင်းသည် အဆောင်လက်ဖွဲ့များ၏ လမ်းကြောင်းတွင် ဆယ်နှစ်ကြာ အထူးပြုထားသည့် သုတေသနနှင့် ညီမျှသည်။

ဆယ်နှစ်အတွင်း ပထမအဆင့်မှ ပဉ္စမအဆင့် အဆောင်လက်ဖွဲ့များ နှင့် ဆဋ္ဌမအဆင့် အဆောင်လက်ဖွဲ့ အချို့ကို သူ ကျွမ်းကျင်ခဲ့သည်။ ထိုသို့သော အရှိန်သည် မငြင်းနိုင်လောက်အောင် လျင်မြန်သည်။

ဤအရှိန်၏ အဓိက အကြောင်းရင်းများမှာ စုရှင်း၏ အဆောင်လက်ဖွဲ့ ကျွမ်းကျင်သူ စွမ်းရည်ကြောင့် သူ၏ သင်ယူမှုက ပျမ်းမျှထက် အကြိမ်ပေါင်းများစွာ ပိုမြန်ခြင်း ဖြစ်သည်။

ဒုတိယအချက်မှာ စုရှင်း၏ ကျင့်ကြံမှုအဆင့်နှင့် နတ်အာရုံသည် အဋ္ဌမအဆင့် အဆောင်လက်ဖွဲ့များ ဖန်တီးရန် အဆင့်သို့ ရောက်ရှိနေပြီဖြစ်သည့်အတွက် ဤအဆင့်နိမ့် အဆောင်လက်ဖွဲ့များ ဖန်တီးခြင်းကို များစွာ ပိုမို ထိရောက်စေသည်။

နောက်ဆုံးတွင် စုရှင်းသည် ယခင်က သေးငယ်သော ဝိညာဉ်စုဆောင်းရေး အစီအရင်ကို သင်ယူခဲ့ရာ ၎င်းသည် အဆောင်လက်ဖွဲ့များ၏ လမ်းကြောင်းနှင့် သက်ဆိုင်သောကြောင့် ဤတစ်ကြိမ် သူ၏ သင်ယူမှုသည် အဟောင်းများကို ပြန်လည်လေ့လာခြင်း နှင့် ဆင်တူသဖြင့် သူ၏ တိုးတက်မှုသည် သဘာဝအတိုင်း လျင်မြန်ခဲ့သည်။

"မဆိုးဘူး... ပထမအဆင့်ကနေ ပဉ္စမအဆင့် အဆောင်လက်ဖွဲ့တွေ ဖန်တီးခြင်းကို ကျွမ်းကျင်ပြီးရင် ကျင်းချုံးရွှယ်၊ ဖက်တီးယု၊ ဝမ့်ချင်းရွှမ်နဲ့ ငါ့ညီမလေးတို့အတွက် အချို့အရာတွေကို ပြင်ဆင်ပေးလို့ရပြီ…အနည်းဆုံးတော့ သူတို့ရဲ့အသက်အန္တရာယ်ကို ကာကွယ်နိုင်တာပေါ့"

"ဟုတ်တယ်၊ ဒီအဆောင်လက်ဖွဲ့တွေက ဆေးလုံးတွေထက် ပိုတန်ဖိုးကြီးနိုင်တယ်။ အချို့တစ်ဝက်ကို ရောင်းချပြီး ဖန်တီးဖို့အတွက် လိုအပ်တဲ့ ရင်းမြစ်တွေကို ဝယ်ရမယ်၊ စွမ်းအင်တွေနဲ့ လဲလှယ်ရမယ်။"

စုရှင်း အနည်းငယ် ခေါင်းညိတ်လိုက်သည်။ အရည်အချင်း ဖန်သားပြင်ပေါ်တွင် အဆောင်လက်ဖွဲ့များ၏ လမ်းကြောင်းသည် သေးငယ်သော အောင်မြင်မှု အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။

သူ၏ အကြည့်ကို သရုပ်ပြခြင်း ဖန်သားပြင်စီသို့ ပြန်လှည့်လိုက်သည်။

[သင်သည် ဝိညာဉ်စုဆောင်းပန်း မျိုးစေ့ငါးရာ နှင့် ချင်းယွင် လက်မှတ်ကို သင့် ခန္ဓာကိုယ်အတွင်း ဝှက်ထားခဲ့ပြီး ကြယ်ပြာမှ ထွက်ခွာရန် ပြင်ဆင်ကာ သတ်ဖြတ်ရေး စစ်မြေပြင်သို့ ဦးတည်ခဲ့သည်။]

[သင်သည် အနီရောင်လ ရှိရာသို့ လျှောက်သွားခဲ့ပြီး နောက်ဆုံးတွင် သတ်ဖြတ်ရေး တမန်တော်နှင့် တိုက်ပွဲကို ရှောင်ရှားရန်အတွက် သင်၏ ဖြတ်သန်းခွင့်ကို တင်ပြကာ အခြားသော နေရာသို့ ဝင်ရောက်ခဲ့သည်။]

[လေဟာနယ် ဥမင်ကို ဖြတ်သန်းသွားရာ ပြင်းထန်သော အာကာသ လှုပ်ရှားမှုများသည် သင့် ခန္ဓာကိုယ်ကို ဆုတ်ဖြဲခဲ့ပြီး သင်၏ သတိသည်လည်း တဖြည်းဖြည်း မှိန်ဖျော့သွားသည်။]

[သင် ပြန်နိုးလာသောအခါ သင်သည် ပျက်စီးနေသော အခန်းတစ်ခုတွင် ရောက်ရှိနေကြောင်း တွေ့ရှိခဲ့သည်။]

[သင်၏ ပစ္စည်းများသည် ပျောက်ကွယ်သွားခဲ့သော်လည်း ကံကောင်းစွာဖြင့် သင်သည် အသေးအဖွဲ ဒဏ်ရာများသာ ရရှိခဲ့ပြီး တစ်ပတ်အတွင်း ပြန်လည် သက်သာနိုင်ခဲ့သည်။]

[သင်၏ ကိုယ်ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုအဆင့် နက်ရှိုင်းလာသည်နှင့်အမျှ သင်၏ ဒဏ်ရာများ လျော့နည်းလာသည်။ ကိုယ်ခန္ဓာသန့်စင်ခြင်း ကြီးမားသော အောင်မြင်မှုကို သင် ရရှိပြီးနောက် ဒဏ်ရာ အနည်းငယ်သာ ဖြစ်နိုင်ပြီး သင်၏ တိုက်ခိုက်ရေး စွမ်းအားကို ထိခ်ိုက်နိုင်မည် မဟုတ်ဟု သင် ခန့်မှန်းခဲ့သည်။]

[သင်သည် ဒဏ်ရာများ ပြန်လည် သက်သာပြီးနောက် ဝိညာဉ်ကျောက်များ ရရှိရန်အတွက် ချိုင့်ဝှမ်းတွင် အလုပ် ရှာဖွေခဲ့သည်။]

[သင်သည် နောက်ဆုံးတွင် ပြည့်တန်ဆာရုံ အစောင့် လုပ်ရန် ရွေးချယ်ခဲ့ရာ ငွေများ လျင်မြန်စွာ ရရှိရုံသာမက သင် လိုအပ်သော အချက်အလက်များကိုလည်း ရရှိခဲ့သည်။]

[သင်သည် ချိုင့်ဝှမ်းသို့ စောစီးစွာ ရောက်ရှိလာသောကြောင့် နောက်ထပ် သွေးမျိုးစေ့ ပြိုင်ပွဲ မတိုင်မီ နှစ်နှစ်ခွဲ ကျန်ရှိနေသေးသည်။]

[ဤတစ်ကြိမ် ချိုင့်ဝှမ်း၏ ကုန်သည်များမှာ သင်နှင့် ရင်းနှီးသော စတုတ္ထအစ်ကိုကြီးစုန့် နှင့် ပဉ္စမအစ်ကိုကြီးစုန့် မဟုတ်ဘဲ ဒုတိယအစ်ကိုကြီးစုန့် အမည်ရှိ အဘိုးကြီးတစ်ဦး ဖြစ်သည်။]

[ဟောကိန်းထုတ်ခြင်း အချို့မှတစ်ဆင့် ဒုတိယအစ်ကိုကြီးစုန့်သည် အမှန်တကယ်မှာ မဟာယာနအဆင့် ကျင့်ကြံသူဖြစ်ပြီး ထူးခြားသော ကျင့်ကြံမှုအဆင့်ရှိကြောင်း သင် တွေ့ရှိခဲ့သည်။]

[သင်သည် ချိုင့်ဝှမ်းမှ ထွက်ပြေးရန် စတင် စီစဉ်ခဲ့သည်။]

[သင်၏ အစီအစဉ်အရ ချိုင့်ဝှမ်းမှ ထွက်ပြေးရန် သင်သည် အဆင့်မြင့် ဝိညာဉ်ဓားတစ်ခု လိုအပ်သည်။ ထိုမှသာ တိုက်ခိုက်၍ ထွက်သွားနိုင်ရန် သေချာစေလိမ့်မည်။]

[အရှိန်မြင့် ထွက်ပြေးသည့် အဆောင်လက်ဖွဲ့များသည်လည်း မရှိမဖြစ် လိုအပ်သည်။ ချိုင့်ဝှမ်း၏ အတွင်းပိုင်းသို့ ပိုမိုနက်ရှိုင်းစွာ ထွက်ပြေးရန်အတွက် လုံလောက်သော အရှိန်ကို ရှိစေရန် ဖြစ်သည်။]

[ဤအရာအားလုံးကို အောင်မြင်စေရန် သင်သည် ဝိညာဉ်ကျောက်များကို စတင် စုဆောင်းခဲ့သည်။]

[သင်၏ များပြားသော ကျင့်ကြံမှုအဆင့်ဖြင့် သင်သည် "အခမဲ့ လာရောက်သူများ" အများအပြားကို လုယက်ခဲ့ပြီး ၎င်းတို့ထံမှ ဝိညာဉ်ကျောက်များ ရရှိခဲ့ကာ အိမ်ကြီးတစ်ခု ငှားရမ်းပြီး ကာကွယ်ရေး အစီအရင်ကို တပ်ဆင်ခဲ့သည်။]

[သင်သည် သတိဖြင့် လုပ်ဆောင်ကာ ဤတစ်ကြိမ်တွင် ဝိညာဉ်စုဆောင်းပန်း နှစ်ရာသာ စိုက်ပျိုးခဲ့ပြီး ကျန်သော မျိုးစေ့များကို သင့် ခန္ဓာကိုယ်အတွင်း ထားရှိခဲ့သည်။]

[နှစ်နှစ်ခွဲဟူသော အချိန်သည် ဖြည်းဖြည်းချင်း ကုန်လွန်သွားသည်...]

[ဆယ့်ခုနစ်နှစ်မြောက်နှစ်တွင် သွေးမျိုးစေ့ ပြိုင်ပွဲအသစ်သည် တရားဝင် စတင်ခဲ့သည်။]

[ဤ သွေးမျိုးစေ့ ပြိုင်ပွဲတွင် သင်သည် သင်၏ ခွန်အားကို ဖုံးကွယ်ခဲ့ပြီး ကိုယ်ခန္ဓာပေါင်းစည်းခြင်း အလယ်အလတ်အဆင့်ကိုသာ ပြသခဲ့သည်။]

[ထိုသို့ဖြစ်သော်လည်း လွတ်မြောက်ခြင်း ပြန်ရောက်ခြင်းအဆင့် ကျင့်ကြံသူ တစ်ရာကျော်နှင့် ကိုယ်ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံသူ ဒါဇင်များစွာသည် သင်၏ လက်ချက်ဖြင့် သေဆုံးခဲ့သည်။]

[စုစုပေါင်း ရမှတ်နှစ်ရာဖြင့် သင်သည် ပြိုင်ပွဲတွင် သွေးမျိုးစေ့ မဖြစ်ခဲ့ပါ။]

[သို့သော် ဤအရာသည် သင်၏ အစီအစဥ်သာ ဖြစ်သည်၊ ဤ ကျင့်ကြံသူများ၏ သိုလှောင်အိတ်များ အားလုံးကို သင်သည် ယူလာခဲ့ပြီး အသုံးမဝင်သော ပစ္စည်းများအားလုံးကို ရောင်းချခဲ့သည်။]

[သတ်ဖြတ်ခြင်း နှင့် လုယက်ခြင်းဖြင့် သင်သည် ဝိညာဉ်ကျောက် ဆယ်သန်းကျော်ကို လျင်မြန်စွာ စုဆောင်းနိုင်ခဲ့သည်။]

[၎င်းသည် မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး၏ စည်းစိမ်တစ်ခုလုံးနှင့် ညီမျှလုနီးပါး ဖြစ်သည်။]

[ဤ ဝိညာဉ်ကျောက်များကို အသုံးပြု၍ သင်သည် ထိပ်တန်းအဆင့် ဝိညာဉ်ဓား တစ်ခုကို ဝယ်ယူခဲ့ပြီး ၎င်း၏ မြှင့်တင်မှုသည် မင်ရေခဲဓား၏ မြှင့်တင်မှုနှင့် နီးစပ်သည်။]

[၎င်းနှင့်အတူ သင်သည် အလယ်အလတ်အဆင့် မဟာယာန တိုက်ခိုက်ရေး စွမ်းအားကို စစ်မှန်စွာ ထုတ်ဖော်နိုင်သည်။]

[ချိုင့်ဝှမ်းတွင် လက်နက်များသည် အပြင်ဘက်နှင့် နှိုင်းယှဉ်ပါက အကြိမ်ပေါင်းများစွာ ပိုစျေးကြီးသည်။ ဤ ဝိညာဉ်ဓား တစ်ခုတည်းကပင် သင့်အား ဝိညာဉ်ကျောက် ဆယ်သန်းနီးပါး ကုန်ကျစေသည်။]

[သင်၏ ဝိညာဉ်ကျောက်များ ကုန်ဆုံးသွားသည့်အခါ သင်သည် ဝိညာဉ်စုဆောင်းပန်းများကို အဋ္ဌမအဆင့် အဆောင်လက်ဖွဲ့ သုံးခုနှင့် သတ္တမအဆင့် အဆောက်လက်ဖွဲ့ ငါးခုတို့နှင့် လဲလှယ်ခဲ့သည်။]

[ဤအဆောက်လက်ဖွဲ့ အနည်းငယ်အတွက်ပင် သင်သည် ဝိညာဉ်စုဆောင်းပန်း တစ်ရာကျော်ကို အသုံးပြုခဲ့ရသည်။]

[သင်သည် ဒုတိယအစ်ကိုကြီးစုန့်၏ လောဘကို ကျိန်ဆဲခဲ့သော်လည်း မတတ်သာသည့်အတွက် လက်ခံခဲ့ရသည်။]

[အဋ္ဌမအဆင့် အဆောင်လက်ဖွဲ့များတွင် တိုက်ခိုက်ရေးအတွက် တစ်ခု၊ ထောင်ချောက်အတွက် တစ်ခုနှင့် ထွက်ပြေးသည့် အရှိန်အတွက် တစ်ခုတို့ ပါဝင်သည်။]

[သတ္တမအဆင့် အဆောင်လက်ဖွဲ့ ငါးခုလုံးသည် ထွက်ပြေးသည့် အရှိန်ကို တိုးမြှင့်ရန် ဖြစ်သည်။]

[သင်၏ တိုက်ခိုက်ရေး စွမ်းအားကို မြှင့်တင်ရန် ဘဏ္ဍာအချို့ကို ရရှိပြီးနောက် သင်၏ ရင်းမြစ်များ နှင့် ဝိညာဉ်ကျောက်များသည် လုံးဝ ကုန်ဆုံးလုနီးပါး ဖြစ်သွားသည်။]

[သို့သော် သင်သည် ချိုင့်ဝှမ်းမှ ထွက်ပြေးရန် အလျင်စလို မလုပ်ဘဲ ချိုင့်ဝှမ်းရှိ အစောင့်များ၏ ခွန်အားကို ဆက်လက် လေ့လာခဲ့သည်။]

[လေ့လာခြင်းမှတစ်ဆင့် ချိုင့်ဝှမ်း၏ ထွက်ပေါက်ရှိ အစောင့်များသည် အလှည့်ကျ ပြောင်းနေကြပြီး မဟာယာနအဆင့် ကျင့်ကြံသူများ ဖြစ်နေဆဲ ဖြစ်ကြောင်း သင် တွေ့ရှိခဲ့ရသည်။]

[ချိုင့်ဝှမ်း၏ ထွက်ပေါက်ရှိ အားအနည်းဆုံး အစောင့်များသည် အစောပိုင်း မဟာယာနအဆင့်တွင် ရှိနေဆဲဖြစ်ပြီး ချိုင့်ဝှမ်းမှ ထွက်ပြေးရန် သင်၏ မျှော်လင့်ချက်ကို တိုးပွားစေသည်။]

[သို့သော် သင်သည် ထွက်ပြေးရန် အလျင်စလို မလုပ်ဘဲ နောက်ထပ် သွေးမျိုးစေ့ ပြိုင်ပွဲတွင် ပါဝင်ရန်အတွက် ချိုင့်ဝှမ်းတွင် ဆက်လက် နေခဲ့သည်။]

[ထိုသို့ဖြင့် သုံးနှစ် ကုန်လွန်သွားသည်။]

[နှစ်ဆယ်နှစ်မြောက်နှစ်တွင် သင်သည် သွေးမျိုးစေ့ ပြိုင်ပွဲအသစ်တွင် ပါဝင်ခဲ့ပြီး ဤတစ်ကြိမ်တွင် ထူးခြားစွာ လုပ်ဆောင်ခဲ့သည်။]

[သင်သည် လွတ်မြောက်ခြင်း ပြန်ရောက်ခြင်းအဆင့် ကျင့်ကြံသူ နှစ်ရာကျော်နှင့် ကိုယ်ခန္ဓာပေါင်းစည်းခြင်း ကျင့်ကြံသူ တစ်ရာနီးပါးကို သတ်ပစ်ခဲ့သည်။]

[သင်သည် သင်၏ရမှတ်ကို သွေးမျိုးစေ့ မဖြစ်နိုင်အောင် သတိထား ထိန်းချုပ်ခဲ့သည်။]

[သို့သော် ဤ သတ်ဖြတ်ခြင်းနှင့် လုယက်ခြင်းမှ ကြီးမားသော လုယက်မှုသည် သင်၏ စည်းစိမ်ထဲသို့ ဝိညာဉ်ကျောက် သန်းဆယ်ချီကို ချက်ချင်း ထပ်ပေါင်းပေးခဲ့သည်။]

[ဤစည်းစိမ်ဖြင့် သင်သည် သင်၏ နောက်ဆုံး ဝယ်ယူမှုကို စီစဉ်ခဲ့သည်။]

[သင်သည် အဋ္ဌမအဆင့် ထွက်ပြေးအရှိန် အဆောင်လက်ဖွဲ့ နှစ်ခုနှင့်၊ ဖုံးကွယ်ခြင်း အတွက် မှော်ဘဏ္ဍာ အချို့ကို ဝယ်ယူခဲ့သည်...]

[သင်အကျေနပ်ဆုံးမှာ အဋ္ဌမအဆင့် အသက်ရှုခြင်းကို ဖုံးကွယ်သည့် ကျောက်တစ်ခုကို ရရှိခဲ့ခြင်းဖြစ်သည်။ ၎င်းကို ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်နှင့် ပေါင်းစပ်လိုက်သောအခါ ကောင်းကင်လျှို့ဝှက်ချက်များ ဖုံးကွယ်ခြင်း၏ အကျိုးသက်ရောက်မှုကို ပိုမို မြှင့်တင်ပေးမည် ဖြစ်သည်။]

[ဤအရာအားလုံးကို ပြင်ဆင်ပြီးနောက် သင်သည် ချိုင့်ဝှမ်းမှ ထွက်ပြေးရန် စတင် ပြင်ဆင်လာခဲ့သည်…]

…

All Chapters