← Chapters

အကြောင်းနှင့်အကျိုး၏ ရွှေရောင်စွမ်းရည်ကို ရရှိခြင်း၊ အခြားသူများအား နှင်းဆီများပေးခြင်း။

Vol. 37 Ch. 506

အကြောင်းနှင့်အကျိုး၏ ရွှေရောင်စွမ်းရည်ကို ရရှိခြင်း၊ အခြားသူများအား နှင်းဆီများပေးခြင်း။

Vol. 37 Ch. 506

"ရွှေရောင် စွမ်းရည်ကို ငါ ထုတ်ယူလိုက်နိုင်ပြီ။"

စုရှင်းသည် စိတ်လှုပ်ရှားသွားသည်။ သူ၏ အကြည့်သည် သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ပြန်လှည့်သွားသည်။

[နှင်းဆီ လက်ဆောင်]: ရွှေရောင် စွမ်းရည်၊ သင် မလိုအပ်သော စွမ်းရည်တစ်ခု (သင် ယခင်က ထုတ်ယူဖူးသော အရာများ အပါအဝင်)ကို ရွေးချယ်ပြီး ပစ်မှတ်တစ်ခုထံသို့ အတင်းအကြပ် ပေးအပ်နိုင်ကာ ၎င်းတို့နှင့် အကြောင်း၊အကျိုး ဆက်စပ်မှုတစ်ခုကို တည်ဆောက်နိုင်သည်။ နှင်းဆီများကို ပေးကမ်းလိုက်သော်လည်း လက်တွင် ရနံ့များ စွဲထင်ကျန်ရစ်သည်။

စုရှင်းသည် သူ အသစ်ထုတ်ယူလိုက်သော စွမ်းရည်ကိုကြည့်ပြီး နက်နဲစွာ စဉ်းစားခဲ့သည်။

"ငါ့ရဲ့ စွမ်းရည်ကို ပစ်မှတ်တစ်ခုဆီ အတင်းအကြပ် ပေးအပ်ရမယ်... ဒါက တကယ်ကြီး ရွှေရောင်စွမ်းရည်ပေါ့လေ"

ပထမတစ်ချက် ကြည့်လိုက်သောအခါ စုရှင်းသည် ဤစွမ်းရည်က သူ့အတွက် အသုံးမဝင်ဟု ခံစားခဲ့ရသည်။

သို့သော် မကြာမီတွင် စုရှင်းသည် သူ ယခင်က ထုတ်ယူဖူးသော ထူးဆန်းသည့် စွမ်းရည်နှစ်ခုကို သတိရလိုက်သည်- "လူသား နျူကလီးယားဗုံး" နှင့် " ငါ တစ်ယောက်တည်း ကံဆိုးသူ မဖြစ်နိုင်"

"ငါသာ ဒီစွမ်းရည်နှစ်ခုကို ပစ်မှတ်တစ်ခုကို ပေးလိုက်မယ်ဆိုရင် အတော်လေး စိတ်ဝင်စားစရာ ကောင်းမှာပဲ"

စုရှင်းက ဆင်ခြင်လိုက်သည်။

"နောက်ပြီးတော့ အသုံးဝင်ပေမယ့် အရေးမပါတဲ့ စွမ်းရည်အချို့ကိုလည်း ရင်းနှီးတဲ့သူတွေစီကို ပေးနိုင်တယ်။ ဥပမာ- ရုပ်ပိုင်းဆိုင်ရာ လေ့ကျင့်ရေး စွမ်းရည်တို့... ဝိညာဉ်အမြစ် စွမ်းရည်တို့လိုမျိုးတွေ"

စုရှင်းသည် သူ၏ မေးစေ့ကို ပွတ်သပ်လိုက်သည်။

သို့သော် စုရှင်း တကယ် စိတ်ဝင်စားသည့်အရာမှာ စွမ်းရည် ဖော်ပြချက်ထဲရှိ "ပစ်မှတ် နှင့် အကြောင်း၊အကျိုး ဆက်စပ်မှုကို အတင်းအကြပ် တည်ဆောက်နိုင်သည်" ဟူသော စကားစု ဖြစ်သည်။

အကြောင်းနှင့် အကျိုးသည် လျှို့ဝှက်ဆန်းကြယ်ပြီး နက်နဲသည်။

လက်ရှိတွင် စုရှင်းသည် ဟောကိန်းထုတ်ခြင်း လမ်းကြောင်းကိုသာ နားလည်ပြီး အကြောင်းနှင့် အကျိုး မဟာတာအိုကို တစ်စေ့တစ်စောင်းပင် မမြင်ရသေးပေ။

သို့သော် စုရှင်းသည် အကြောင်း၊အကျိုးနှင့်အတူ အကြောင်းတိုင်းအတွက် ရလဒ်တစ်ခု ရှိရမည်ကိုတော့ သိသည်။

စုရှင်းသည် စွမ်းရည်တစ်ခုကို ပစ်မှတ်တစ်ခုသို့ ပေးခဲ့ပါက ထိုသူသည် သူ့အပေါ် "အကြောင်းနှင့် အကျိုး" တစ်ခု အကြွေးတင်သွားမည်ဟု ဆိုလိုသည်။

အနာဂတ်တွင် ထိုသူသည် ဆန္ဒရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ ဤ အကြောင်းနှင့် အကျိုးကို ပြန်ဆပ်ရမည် ဖြစ်သည်။

ထို့အပြင် စုရှင်းသည် ဟောကိန်းထုတ်ခြင်းကို လုပ်ဆောင်သည့်အခါ ပစ်မှတ်သည် သူနှင့် အကြောင်းနှင့် အကျိုး ဆက်စပ်မှုရှိပါက ရလဒ်များသည် ပိုမို တိကျလာလိမ့်မည်…

"ဒီလိုဆိုရင်... ဒါက တကယ် အတော်လေးကောင်းတဲ့ စွမ်းရည်တစ်ခုပဲ။"

စုရှင်းက ၎င်းသည် အထောက်အကူပြု အမျိုးအစား စွမ်းရည် ဖြစ်သည်ဟု ခန့်မှန်းခဲ့သည်။ ၎င်းသည် ရွှေရောင် အရည်အသွေး စွမ်းရည် ဖြစ်သောကြောင့် အသုံးမကျသည့် အရာတော့ မဖြစ်နိုင်ပေ။

"စွမ်းရည်ရဲ့ တိကျတဲ့ အကျိုးသက်ရောက်မှုတွေက မရှင်းလင်းသေးဘူး... ဒါပေမယ့် သရုပ်ပြခြင်းမှာ စမ်းသပ်ကြည့်လို့ ရတာဘဲ"

စုရှင်းသည် တီးတိုးရေရွတ်ပြီး သူ၏ အကြည့်ကို သရုပ်ပြခြင်း ဖန်သားပြင်ဆီသို့ ရွှေ့လိုက်သည်။

[ဝိညာဉ်စိုက်ခင်းဂူတွင် သင်သည် သရုပ်ပြခြင်း လုပ်နေကြောင်း သဘောပေါက်ခဲ့သည်။]

[သင်သည် ဝိညာဉ်စိုက်ခင်းဂူမှ ထွက်ခွာခဲ့ပြီး လုယွမ်ဝူ နှင့် ကုန်သွယ်မှုလုပ်ရန် သွားခဲ့သည်။ ကုန်သွယ်မှုသည် ချောချောမွေ့မွေ့ ဖြစ်ခဲ့ပြီး မည်သည့် မမျှော်လင့်သော ဖြစ်ရပ်မှလည်း မရှိခဲ့ပေ။]

[သင်သည် ကျင်းချုံးရွှယ်စီ သွားရောက်လည်ပတ်ရန် အချိန်ယူခဲ့သည်။]

[သင်သည် သင်၏ ယခင် စွမ်းရည်ဖြစ်သော သစ်သား၊မီး နှစ်မျိုးပေါင်း စစ်မှန်သော ဝိညာဉ်ရင်းမြစ်ကို ကျင်းချုံးရွှယ်အား ပေးရန် ကြိုးစားခဲ့သည်။]

[သင် အောင်မြင်ခဲ့သည်။ ကျင်းချုံးရွှယ် ခန္ဓာကိုယ်ရှိ ပြောင်းလဲမှု အနည်းငယ်ကို သင် ခံစားခဲ့ရသည်။ သူမသည် ဝိညာဉ်စွမ်းအားကို ကျင့်ကြံနိုင်ပြီး ကျင့်ကြံသူ ဖြစ်လာနိုင်သည့် အလားအလာရှိကြောင်း ညွှန်ပြနေသည်။]

[တစ်ချိန်တည်းမှာပင် သင်သည် မမြင်နိုင်သော အကြောင်းနှင့် အကျိုး မျဉ်းကြောင်းများသည် သင်နှင့် ကျင်းချုံးရွှယ်ကို ပတ်ရစ်နေပြီး သင်နှင့် သူမ၏ အကြောင်းနှင့် အကျိုး ဆက်စပ်မှုကို အားကောင်းစေသည်ဟု မှိန်ဖျော့စွာ ခံစားခဲ့ရသည်။]

[သင်သည် ရက်အနည်းငယ် စောင့်ကြည့်ခဲ့ပြီး ဤ အကြောင်းနှင့် အကျိုး ဆက်စပ်မှုမှ အပျက်သဘောဆောင်သော ဘေးထွက်ဆိုးကျိုးများကို မတွေ့ရှိခဲ့ပေ။]

[ထို့ကြောင့် သင်သည် ၎င်းအား အာရုံစိုက်ခြင်းကို ရပ်တန့်ပြီး ပုံမှန်အတိုင်း လောထျန်း ညီလာခံသို့ သွားရောက်ခဲ့သည်။]

…

[သင်သည် မြှုပ်နှံသရုပ်ပြခြင်း လုပ်ဆောင်ချက်ကို အသုံးပြုခဲ့ပြီး ရုပ်သေးပညာ လမ်းစဉ်တွင် ပိုမို နက်ရှိုင်းသော ထိုးထွင်းသိမြင်မှုများ ရရှိခဲ့သည်။]

[လောရွှေရင်၏ မိတ်ဆက်မှုမှတစ်ဆင့် သင်သည် ဆင်းသက်ဂိုဏ်းသို့ ဝင်ရောက်ခဲ့သည်။]

[သင်သည် စောင့်ရှောက်သူ တစ်ဦး ဖြစ်လာပြီး သစ္စာရှိသော နောက်လိုက်များ အများအပြားကို ရရှိခဲ့သည်။]

[နောက်နှစ်နှစ်အတွင်း သင်သည် ဆေးလုံးများ သန့်စင်ခြင်းကို အာရုံစိုက်ခဲ့သည်။]

[သင်သည် ဆင်းသက်ဂိုဏ်း၏ ဆေးဖက်ဝင်အပင်များကို ကုန်စင်အောင် အသုံးပြုခဲ့ပြီး အနှစ်သာရ-အားဖြည့်ဆေးလုံး နှင့် ကိုယ်တွင်းအင်္ဂါ သန့်စင်ဆေးလုံး နှစ်သိန်းငါးသောင်းကို သန့်စင်ခဲ့သည်။]

[သင်သည် လောထျန်း ညီလာခံသို့ သွားရောက် လည်ပတ်ရန် အချိန်ယူခဲ့သည်။]

[တတိယနှစ်တွင် သင်သည် ဆေးလုံးများကို ရှားစစ်တပ်သို့ မပေးဘဲ အနာဂတ်တွင် အသုံးပြုဖို့အတွက် သိမ်းဆည်းထားခဲ့သည်။]

[သို့သော် ဆေးလုံး နှစ်သိန်းငါးသောင်းသည် သင့်ကို ကျေနပ်စေရန် မလုံလောက်ပေ။]

[ထို့ကြောင့် သင်သည် ဝိညာဉ်စိုက်ခင်းဂူတွင် ဝိညာဉ်ဆေးများကို ဆက်လက် စိုက်ပျိုးခဲ့သည်။ ရှန်းနန်မျိုးဆက် စွမ်းရည်ကြောင့် ဆေးဖက်ဝင်အပင်များသည် လျင်မြန်စွာ ရင့်မှည့်လာသည်။]

[ဤသို့ဖြင့် နောက်ထပ် သုံးနှစ် ကုန်လွန်သွားသည်။]

[ဆဋ္ဌမနှစ်တွင် ဝိညာဉ်စိုက်ခင်းဂူရှိ အနှစ်သာရ-အားဖြည့် ဆေးဖက်ဝင်အပင် နှင့် အဝါရောင် မသေမျိုး အနှစ်သာရပင်တို့သည် တစ်ပင်ပြီးတစ်ပင် ရင့်မှည့်လာကြသည်။ သင်သည် အခါအားလျော်စွာ ဆေးလုံးတစ်ထောင်ကျော်ကို သန့်စင်ပြီး သိုလှောင်ထားခဲ့သည်။]

[သတ္တမနှစ်တွင် သင်သည် သဘာဝအဖွဲ့၏ ခေါင်းဆောင်ကို ဖယ်ရှားရန် အစီအစဉ်ကို ရေးဆွဲခဲ့ပြီး သူ၏နေရာကို ယူခဲ့သည်။]

[အဋ္ဌမနှစ်တွင် သင်သည် ဝမ်မူဂိုဏ်း၏ အပျက်အစီးများစီသို့ သွားရောက်ခဲ့ပြီး မွေးရာပါ ဖူဆန် နတ်ဘုရားသစ်ပင်၏ အကိုင်းအခက်ကို ပြန်လည်ရယူခဲ့သည်။]

[ထိုနှစ်တွင် သင်သည် ကျိန်စာသင့်နဂါးကို သတ်ပစ်ခဲ့သည်။]

[နောက်သုံးနှစ်အတွင်း သင်သည် ဆင်းသက်ဂိုဏ်းတွင် ဆေးလုံးများကို ဆက်လက် သန့်စင်ခဲ့ပြီး ဆေးလုံး သုံးသိန်းကို စုဆောင်း ခဲ့သည်။]

[ဆယ့်တစ်နှစ်မြောက်နှစ်တွင် သွေးသခင်သုံးသည် ကြယ်ပြာသို့ ရောက်ရှိလာသည်။ သင်သည် အနက်ရောင် အကိုင်းအခက်ကို ပေးအပ်ခဲ့ပြီး ဖြတ်သန်းခွင့် နှင့် သွေးသခင်သုံး၏ ယုံကြည်မှုကို ရရှိခဲ့သည်။]

လက်တွေ့ကမ္ဘာတွင် စုရှင်းသည် ခေတ္တရပ်နားခဲ့ပြီး ဤကိစ္စအပေါ် ဆင်ခြင်သုံးသပ်ခဲ့သည်။

"ဒီသရုပ်ပြခြင်းမှာ ဆေးလုံးတွေ ပိုမိုရရှိဖို့ အာရုံစိုက်ခဲ့တယ်။ ဒီ ရက်သတ္တပတ်ရဲ့ ကုန်ပစ္စည်းတွေနဲ့ ထူးခြားသတ္တု တန်တစ်ထောင်ကို ထည့်သွင်းစဉ်းစားမယ်ဆိုရင် ငါ့မှာ သရုပ်ပြခြင်း စွမ်းအင်မှတ် သုံးဘီလီယံလောက် ကျန်တယ်... ဆေးလုံး သုံးသိန်းနဲ့ လဲလှယ်ဖို့အတွက် လုံလောက်တယ်"

"ဒီထက်ပိုမယ်ဆိုရင်ကျ အလဟဿတွေ ဖြစ်ကုန်လိမ့်မယ်..."

ခဏတာ ရပ်နားပြီးနောက် စုရှင်းက ဆက်လက်ပြောသည်။

"ဒါဆို နောက်တစ်ခုက ငါ ကြယ်ပြာမှာပဲ ဆက်နေရမလား၊ ချိုင့်ဝှမ်းကိုဘဲ သွားရမလားဆိုတာကို ဆုံးဖြတ်ရမှာပဲ"

စုရှင်း စုဆောင်းထားသော အချက်အလက်များအပေါ် အခြေခံ၍ကြည့်လျှင် ကြယ်ပြာတွင် လောထျန်းညီလာခံနှင့် ဆက်စပ်နေသည့် အရေးပါသော လျှို့ဝှက်ချက်တစ်ခု ပါဝင်နေနိုင်သည်။

ထို့အပြင် ၎င်းကို တိုင်းတစ်ပါးမျိုးနွယ်နှင့် ရွှယ်ယွဲ့တို့က စောင့်ကြည့်နေကြသည်။

ထို့ကြောင့် စုရှင်းတွင် ဆင်းသက်ဂိုဏ်း နှင့် ရွှယ်ယွဲ့ကို ဖယ်ရှားနိုင်သည့် ခွန်အားမရှိပါက ကြယ်ပြာသည် မလွဲမသွေ ဖျက်ဆီးခံရမည် ဖြစ်သည်။

စုရှင်း လုပ်နိုင်သည်မှာ ရန်သူများ၏ အင်အာစုအနည်းငယ်ကို တွန်းလှန်ခြင်းဖြင့် ကြယ်ပြာ၏ အချိန်ကို ယာယီ တိုးချဲ့ခြင်းဖြစ်ပြီး ထိုမှတစ်ဆင့် သရုပ်ပြခြင်း အချိန်ကို ကြာရှည်စေခြင်း ဖြစ်သည်။

စုရှင်း၏ လက်ရှိခွန်အားဖြင့်ဆိုလျှင် သူသည် ၎င်းကို နောက်ထပ် နှစ်လေးဆယ်ခန့် တိုးချဲ့နိုင်ပေမည်…

ဤ အချိန်သည် စုရှင်းအတွက် ကျင့်ကြံမှု အဆင့်များစွာကို တက်လှမ်းရန် လုံလောက်ပေမည်။

"ဒါပေမယ့် ဒီတစ်ကြိမ် ငါ ကြယ်ပြာမှာ ဆက်နေမယ်ဆိုရင် ရလဒ်က အရင်နဲ့တူမှာ မဟုတ်ဘူး... ချိုင့်ဝှမ်းကို ကြိုပြီးသွားတာက ပိုကောင်းနိုင်တယ်၊ ငါ သိန်းချီသော တောင်တန်းတွေဆီ ထွက်ပြေးဖို့ အခွင့်အရေး ရှာတွေ့နိုင်မလားတောင် မသိဘူး။"

လက်ရှိတွင် စုရှင်းသည် ရှစ်မြှောင့်ဗေဒင်ဟောကိန်း နည်းစနစ်ကို ပြီးပြည့်စုံစေခဲ့ပြီး နိုင်ငံ ကံကြမ္မာအခန်းတွင် သေးငယ်သော အောင်မြင်မှုကို ရရှိခဲ့သည်။ ထို့ကြောင့် စုရှင်းသည် သွေးသခင်၉၉၏ လက်မှ လွတ်မြောက်နိုင်မည်ဟု အနည်းငယ် ယုံကြည်မှုရှိသည်။

…

All Chapters