← Chapters

တကယ်ကို သူ ဖြစ်နေတာလား?

Vol. 37 Ch. 551

တကယ်ကို သူ ဖြစ်နေတာလား?

Vol. 37 Ch. 551

ချန်ကျင်းဟိုင်က လူတိုင်းကို နှင်ထုတ်လိုက်ပြီး အိမ်နောက်ဖေးဘက်သို့ ဝင်သွားခဲ့သည်။ ထိုနေရာ၏တံခါးကို အပြင်မှ သော့ခတ်ထားသောကြောင့် သူက သော့ကို ထုတ်ကာ တံခါး ဖွင့်ပြီးမှ တံခါးကို တွန်းဖွင့်ပြီး အိမ်ခန်းထဲသို့ ဝင်သွားခဲ့သည်။ အထဲမှ လူက တံခါးဖွင့်သံကို ကြားသွားဟန်ဖြင့် သူ့ကို ပြန်လှည့်ကြည့်လိုက်သည်။

"မင်းအတွက် အခွင့်အရေး ရလာပြီ။ ဆယ်ရက်အတွင်း မော်တာဆယ်လုံး လုပ်နိုင်တာနဲ့ မင်းလိုချင်တာတဲ့အရာကို ရနိုင်လိမ့်မယ်"

အခန်းထဲရှိလူက သူ့ကို ဖြည်းညှင်းစွာ လှည့်ကြည့်ရင်း မယုံနိုင်ဟန်ဖြင့် ပြန်မေးလိုက်သည်။

"မင်း ငါ့ကို လိမ်နေတာတော့ မဟုတ်ဘူးမလား?"

"ဘယ်လိုလုပ်ပြီး လိမ်တာဖြစ်ရမှာလဲ? မင်းကို လိမ်လိုက်လို့ ငါ့အတွက် ဘာအကျိုးရှိမှာလဲ? ငါ ဒီနေ့တစ်နေကုန် လှည့်ပတ်ပြေးနေရတာက ဘယ်သူအတွက်လဲ? မင်းအတွက် မဟုတ်ဘူးလား? မင်းကတော့ ငါ့ကိုတောင် သံသယဖြစ်နေသေးတယ်”

ချန်ကျင်းဟိုင်က တစ်ဖက်လူ၏ သံသယစကားကြောင့် ချက်ချင်း ဒေါသထွက်သွားကာ ဒေါသတကြီး ပြန်အော်လိုက်သည်။

သူ၏ တင်းမာသောအမူအရာကို မြင်လိုက်ရချိန်တွင် တစ်ဖက်လူ၏မျက်လုံးများထဲမှ သံသယရိပ်များ ပျောက်ကွယ်သွားပြီး အားနာမှုများ အစားထိုးဝင်ရောက်လာသည်။

“ဆယ်ရက်လောက်နဲ့တော့ အဲ့လောက်အများကြီး မလုပ်နိုင်ဘူး”

“ဘာပဲဖြစ်ဖြစ် ငါတို့ မဖြစ်မနေ လုပ်ရမယ်။ ဒါက ဧကရာဇ်ရဲ့အမိန့်ပဲ၊ ငါတို့ မလုပ်နိုင်ရင်တောင် ကြိုးစားနေတာက အကောင်းဆုံးပဲ၊ အဲ့တာမှ ငါတို့ မလုပ်နိုင်ရင်တောင် သူ ငါတို့ကို အပြစ်ပြောမှာနိုင်တော့မှာ မဟုတ်ဘူး”

တစ်ဖက်လူက သူ့ကို သံသယမရှိတော့ကြောင်း နားလည်လိုက်ချိန်တွင် ချန်ကျင်းဟိုင်က သူ့ကို ချက်ချင်း ဦးနှောက်ဆေးလိုက်ပြန်သည်။

ထိုအချိန်တွင် မြို့တော်ရှိ စစ်သည်များက အိမ်တိုင်းကို စတင်ရှာဖွေနေကြပြီ ဖြစ်သည်။ လက်ထဲ၌ ရှိနေသည့် သံထည်ပစ္စည်းများကို လာမအပ်သူမှန်သမျှ ရက်တစ်ရာ အလုပ်ကြမ်းလုပ်ရန် အပြစ်ပေးခံရမည် ဖြစ်သည်။ ချက်ပြုတ်ရာတွင် သုံးသည့် မီးဖိုချောင်သုံးဓားကိုပင် လွှဲပြောင်းပေးခဲ့ရသောကြောင့် အချိန်ကြာလာသည်နှင့်အမျှ ပြည်သူများအားလုံး မကျေမနပ် ဖြစ်လာကြသည်။

ဝမ်ယွိလင် မော်တာများ ပြုလုပ်ရန် အလောတကြီး ကြိုးစားနေစဉ်တွင် စူးချင်းနှင့် ရှောင်းကျဲယွိတို့ကလည်း ဘာမှမလုပ်ဘဲ ထိုင်နေကြခြင်း မဟုတ်ပေ။ သူတို့က တစ်ဖက်တွင် စစ်သည်များနှင့် စစ်မြင်းများ စုဆောင်းခြင်းကို အရှိန်မြှင့် လုပ်ဆောင်နေကြပြီး တစ်ဖက်တွင်လည်း မော်တာများ ထပ်မံပြုလုပ်နေခဲ့ကြသည်။

သူတို့ထံတွင် သဘာဝအရင်းအမြစ်ဖြစ်သည့် သံရိုင်းတွင်း ရှိနေပြီး ရှောင်းကျဲယွိက ကျုံးယုံနှင့်အတူ ပန်းပဲဆိုသို့ နေ့တိုင်း သွားလေ့ရှိသည်။ သို့သော်လည်း ယခုအချိန်တွင် သူတစ်ယောက်တည်း သွားခြင်း မဟုတ်တော့ဘဲ သူ့အပေါ် အလွန်သစ္စာစောင့်သိသည့် သက်တော်စောင့် အနည်းငယ်ကိုလည်း ခေါ်ဆောင်သွားလေ့ရှိသည်။ လူများလေလေ လုပ်အားပိုကောင်းလာလေလေ ဖြစ်ပြီး ထုတ်လုပ်နိုင်မှုကလည်း သုံးဆတိုးလာခဲ့သည်။ သူတို့က တစ်နေ့လျှင် မော်တာနှစ်လုံးနှင့် ကျည်ခွံဆယ်ခုအထိ ပြုလုပ်နိုင်လာကြသည်။ ရှောင်းကျဲယွိကတော့ ထိုအရှိန်ကို မကျေနပ်နိုင်သေးဘဲ ညသန်းခေါင်အထိ အလုပ်လုပ်ပြီးမှ အိမ်ပြန်လေ့ရှိသည်။

စူးချင်းကတော့ သူမထံတွင် ဘာမှ လုပ်စရာ မရှိတော့ဟုဆိုကာ အိမ်တွင်သာ နေရစ်ခဲ့သည်။ သို့သော်လည်း အမှန်တကယ်တွင် သူမထံ၌ နေ့တိုင်းနေ့တိုင်း အဆုံးမရှိသော အလုပ်များ ရှိနေတတ်သည်။ သူမက သူမ၏ ဖန်လုံအိမ်တွင် ပေါင်းပင်နှုတ်ကာ ပျိုးပင်များကို ရေလောင်းရင်း အချိန်ကုန်ဆုံးနေခဲ့သည်။ သူမကိုယ်တိုင် စိုက်ပျိုးထားသည့် အသီးအရွက်များကို ကြည့်နေရခြင်းက သူမကို စိတ်အေးလက်အေး ဖြစ်စေပြီး သက်တောင့်သက်သာ ဖြစ်စေသည်။ ညစာစားချိန် ရောက်လျှင် သူမက ခြံထဲမှ အသီးအရွက်အချို့ကို ခူးယူပြီး ချက်ပြုတ်ရန် အိမ်ပြန်လာလေ့ရှိသည်။ သူမက သူမကိုယ်တိုင် စားသောက်ရုံသာမက ဒဏ်ရာရစစ်သည်များထံသို့လည်း ဟင်းသီးဟင်းရွက်များ ပေးပို့ပေးခဲ့သည်။

အသီးအရွက်စားခြင်းက ဗီတာမင်ဓာတ်ကို ပေးစွမ်းနိုင်သည့်အပြင် စစ်သည်များအတွက် စိတ်ငြိမ်စေနိုင်သော အကျိုးသက်ရောက်မှုလည်း ရှိသည်။

သူမ နောက်သို့ လိုက်ရသည့် သက်တော်စောင့်ဆယ်ယောက်ကလည်း လယ်သမားများအဖြစ်သို့ ပြောင်းလဲသွားပြီ ဖြစ်ကာ သူတို့၏သခင်မလေးနှင့်အတူ ပေါင်းပင်နှုတ်ပြီး ပျိုးပင်များ ရေလောင်းနေကြသည်။ ယခုအခါ ယခင်က သူတို့ လုံးဝ မသိခဲ့သည့် အသီးအရွက် တော်တော်များများကိုပင် ကျွမ်းဝင်နေကြပြီ ဖြစ်သည်။ ခရမ်းချဉ်သီး၊ သခွားသီး၊ ခရမ်းသီးနှင့် ပဲအမျိုးမျိုးတို့က အသီးများ စတင်သီးနေပြီဖြစ်သောကြောင့် နှစ်ပတ်အတွင်း စားနိုင်တော့မည် ဖြစ်သည်။ ထိုအသီးအပွင့်များက သူတို့ အလွန်စိတ်လှုပ်ရှားစေသည်။

သခင်လေး၏ဇနီး နောက်သို့ လိုက်ပါရခြင်းက လတ်ဆတ်သော ဟင်းသီးဟင်းရွက်များကို နေ့တိုင်းစားနိုင်ခြင်းကြောင့် သူတို့က အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များထက် ချမ်းသာသည်ဟုပင် ခံစားနေကြရသည်။

အဲ့အရာရှိတွေက ဒီလို လတ်ဆတ်တဲ့ အသီးအရွက်တွေကို မစားနိုင်ကြဘူးလေ။

ယနေ့တွင်လည်း စူးချင်းက ပဲပင်နှင့် ဖရဲပင်ပျိုးပင်များကို ဖြတ်တောက်ရင်း ဖန်လုံအိမ်ထဲ၌ ရှိနေခဲ့သည်။ ထိုအပင်များက ဖြတ်တောက်ကာ စင်ပေါ်တင်ပေးမှ ပိုမြန်မြန် ကြီးထွားတတ်သည့်အပင်မျိုး ဖြစ်သည်။ ထိုအလုပ်က မြန်မြန်ဆန်ဆန် မလုပ်နိုင်ပဲ စိတ်ရှည်ရန် လိုအပ်သည်။

စူးချင်းက သူမ၏ စိတ်ရှည်သည်းခံမှုကို လေ့ကျင့်ပေးနိုင်မည့် အလုပ်မျိုးကို ရွေးချယ်ထားခြင်း ဖြစ်သည်။ သူမက သူမဗိုက်ထဲက ကလေးလေး၏စိတ်နေစိတ်ထား မဆိုးရွားစေရန် ဆင်ခြင်ပြုမူ နေထိုင်နေခဲ့သည်။

"သခင်မလေး၊ မော့ချန်က သတင်းပို့ဆက်သား ပြန်ရောက်လာပါပြီ"

ကင်းစောင့်ရဲမက်တစ်ဦးက စူးချင်းကို သတင်းပို့ရန် ဖန်လုံအိမ်များဆီသို့ ရောက်ရှိလာသည်။ စူးချင်းက သူမ လုပ်နေသည့်အလုပ်ကို ရပ်တန့်လိုက်ပြီး သက်တော်စောင့်များကို အမိန့်ပေးလိုက်သည်။

“မင်းတို့ ဆက်ပြီး စိုက်ထားလိုက်ကြဦး”

စူးချင်းက ကင်းသမားနောက်သို့ လိုက်လာခဲ့ပြီး ခြံထဲမှ ထွက်လာကာ လမ်းလျှောက်နေရင်း အခြေအနေကို အသေးစိတ် မေးမြန်းလိုက်သည်။ ချင်ထျဲ ပျောက်သွားကြောင်း ကြားလိုက်ရချိန်တွင် စူးချင်း၏မျက်နှာတစ်ခုလုံး မည်းမှောင်သွားတော့သည်။

တကယ်ပဲ သူလား?

စူးချင်း ပင်မတဲသို့ ပြန်ရောက်လာချိန်တွင် ရှောင်းကျဲယွိကလည်း ထိုသတင်းကြားသွားပြီး ပြန်ရောက်နေခဲ့သည်။ စူးချင်း တဲထဲဝင်သို့ ဝင်လာသည်ကို မြင်ရချိန်တွင် သူက သူမဆီသို့ လျှောက်လာပြီး ဇနီးဖြစ်သူ၏လက်ကို ကိုင်ကာ ဂရုတစိုက် ကာကွယ်ပေးလိုက်သည်။

"ရှင် သိပြီးပြီလား?"

ရှောင်းကျဲယွိ၏ လေးနက်သောအမူအရာကို မြင်လိုက်ရသောကြောင့် စူးချင်းက ချက်ချင်း မေးမြန်းလိုက်သည်။

"အင်း၊ ကိုယ်တို့ ထွက်သွားပြီး ငါးရက်အကြာမှာ ချင်တျဲက သူ့ဘာသာသူ မြို့ထဲကနေ ထွက်သွားခဲ့တာ၊ နောက်ပိုင်း လုံးဝ ပြန်မလာတော့ဘူးတဲ့"

ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်သည်။

အဲ့ဒါက သူကို တကယ်ပဲ ဒေါသထွက်ပြီး စိတ်ပျက်စေခဲ့တယ်။ သူ အချိန်အကြာကြီး ဂရုတစိုက်နဲ့ ရိုးရိုးသားသား ဆက်ဆံခဲ့သူတွေက သူ့ကို အကြိမ်ကြိမ် သစ္စာဖောက်ခဲ့ကြတယ်။ နောင်မှာ သူ အခြားသူတွေကို ဘယ်လို ယုံကြည်ရတော့မှာလဲ?

"ဘာလို့ အဲ့လို ဖြစ်သွားရတာလဲ? ကျွန်မတို့ ပို့ထားတဲ့ သက်‌တော်စောင့်တွေကို ချင်ထျဲကို ခွင့်ပြုချက်မရှိဘဲ မြို့တွင်းကနေ ထွက်ခွာခွင့်မပေးဖို့ ကျွန်မတို့ ထွက်မလာခင် အမိန့်ပေးခဲ့တယ်မဟုတ်ဘူးလား?”

"အမ်း၊ ချင်ထျဲက ကိုယ်ဆီကနေ လက်ခံရရှိတယ်ဆိုပြီး လျှို့ဝှက်စာတစ်စောင် အတု လုပ်ခဲ့တယ်။ စာထဲမှာ လော့ချန်မှာ လုပ်စရာရှိနေလို့ သူကို မြန်မြန်လာဖို့ အမိန့်ပေးထားတယ်၊ သူက အပြင်ဘက်က စစ်သည်တွေနဲ့လည်း ရင်းနှီးနေတော့ သက်တော်စောင့်တွေက သူ့ကို ယုံကြည်ပြီး လွှတ်ပေးလိုက်တာ”

ရှောင်းကျဲယွိ ပြောလေပြောလေ ဒေါသထွက်လေ ဖြစ်နေပုံရသည်။ ထိုအချက်အလက်များက ချင်တျဲ နန်းတွင်းနှင့် ကာလအတန်ကြာ ပူးပေါင်းလုပ်ဆောင်နေခဲ့ကြောင်း သက်သေပြနေခဲ့သည်။ သူနှင့် စူးချင်း မော့ချန်တွင် မရှိစဉ် ချင်ထျဲက လျှို့ဝှက်အမိန့်တစ်စောင် အတုလုပ်ခဲ့ပြီး မော်တာတစ်ခုကိုပင် ယူသွားခဲ့သေးသည်။

တစ်နည်းဆိုရသော် ဝမ်ချင်းကျစ်က လော့ချန်ကို တိုက်ခိုက်ရန်အတွက် ထိုမော်တာကို အသုံးပြုခဲ့ခြင်း ဖြစ်သည်။

“အဲလိုဆိုရင်တော့ ချင်ထျဲကို အသက်ရှင်ခွင့် မပေးနိုင်တော့ဘူး”

စူးချင်း၏ မျက်လုံးများတွင်လည်း စိတ်ပျက်လက်ပျက်ဖြစ်သွားသည့် အရိပ်အယောင်များ ရှိနေလေသည်။

သူမ ချင်ထျဲကို အရမ်းလေးစားပေမယ့် အမြဲသတိထား စောင့်ကြည့်ခဲ့တယ်။ သူ သစ္စာမဖောက်နိုင်အောင် သက်တော်စောင့်တွေကို စေလွှတ်ထားခဲ့တယ်။ ချင်ထျဲက ရွှေ့ရှန့်ရဲ့လျှို့ဝှက်အမိန့် ပြုလုပ်ပြီး ဖောက်ထွက်သွားမယ်လို့တော့ သူမ မမျှော်လင့်ထားခဲ့မိဘူး။ ဒါက သူမရဲ့ ပေါ့ဆမှုပါပဲ။

သစ္စာဖောက်များအား မဖြစ်မနေ ကွပ်မျက်ရမည် ဖြစ်ပြီး ထိုသို့မဟုတ်ပါက နောက်ဆက်တွဲအကျိုးသက်ရောက်မှုများ ဖြစ်စေလိမ့်မည်။ သစ္စာဖောက်ခြင်းအတွက် ပြစ်ဒဏ်မရှိဟု ထင်သွားကြလျှင် အခြားသူများလည်း သစ္စာဖောက်ဖြစ်လာနိုင်ပြီး နောင်တွင် အားလုံး ဖရိုဖရဲ ဖြစ်သွားပေလိမ့်မည်။

“မြို့တော်မှာ မြှုပ်နှံထားတဲ့ သူလျှိုဆီကနေ သတင်းရပြီးပြီ။ သိပ်မကြာသေးခင်တုန်းက ဝမ်မျိုးရိုးက လူအနည်းငယ်ကို ဆင့်ခေါ်ခဲ့တယ်တဲ့။ အဲဒီထဲက တစ်ယောက်ကို ချန်ကျင်းဟိုင်လို့ ခေါ်တယ်။ သူက ချင်ထျဲဖြစ်လိမ့်မယ်လို့ ကိုယ် သံသယဖြစ်နေမိတယ်”

ရှောင်းကျဲယွိက သူ သတင်းစုဆောင်းရန်အတွက် မြို့တော်တွင် စားသောက်ဆိုင်တစ်ဆိုင်နှင့် ပြည့်တန်ဆာလုပ်ငန်းတစ်ခု ဖွင့်လှစ်ထားပြီးဖြစ်ကြောင်း စူးချင်းကို ပြောပြခဲ့ဖူးသည်။ စစ်ပွဲက စစ်တိုက်ရုံဖြင့် မလုံလောက်ပဲ ပြိုင်ဘက်၏ လှုပ်ရှားမှုအား နားလည်ရန်လည်း လိုအပ်နေသေးသည်။

သတင်းအချက်အလက် မရှိဘဲ တိုက်ပွဲများ ဆင်နွှဲခဲ့သည့်အတွက် ဆုံးရှုံးမှုကို သူ ခံစားခဲ့ရပြီး ဖြစ်သည်။ ထို့ကြောင့် ရှောင်းကျဲယွိက ထိုဆုံးရှုံးမှုများမှ သင်ခန်းစာတစ်ချို့ သင်ယူခဲ့ပြီး ဉာဏ်ချင်းယှဥ်ပြိုင်ရန်လည်း အာရုံစိုက်လာခဲ့သည်။

စားသောက်ဆိုင်များနှင့် ပြည့်တန်ဆာအိမ်များက အဆင့်မြင့်အရာရှိများနှင့် မှူးမတ်များ နှစ်သက်သည့်နေရာများ ဖြစ်သည်။ သူက ထိုနေရာများကို အကောင်းဆုံးနှင့် အထည်ဝါဆုံး ဖြစ်အောင်ဖွင့်လှစ်ခဲ့ပြီး အလှဆင်မှုများကပင် အဆင့်အတန်းမြင့်ပြီး တန်ဖိုးရှိမှန်း သိသာနေသည်။ ထိုနေရာမှ မိန်းကလေးများကလည်း နေရာတိုင်းရှိ ပြည့်တန်ဆာများမှ ပြန်ဝယ်ထားသည့် ထိပ်တန်းမိန်းမပျိုလေးများ ဖြစ်ကြသည်။ ခြွင်းချက်တစ်ခု ရှိနေသည်မှာ ထိုမိန်းကလေးများက တစ်ချိန်က ယခင်မင်းဆက်၏ အရာရှိအိမ်တော်များမှ သခင်မလေးများ ဖြစ်ကြသည်။ သူမတို့၏ မိဘများနှင့် မိသားစုဝင်များအားလုံး ပြည်နှင်ဒဏ် ပေးခံခဲ့ရပြီး အနည်းငယ် ရုပ်ရည်ချောမောလှပသည့် မိန်းမပျိုလေးများကတော့ ပြည်တန်ဆာအိမ်ခန်းများသို့ ရောင်းစားခံခဲ့ရသည်။ သူမတို့အလည်း ရှောင်းကျဲယွိကဲ့သို့ပင် ဝမ်ယွိလင်အား အမုန်းကြီး မုန်းတီးကြသည်။

ထို့ကြောင့် သူမတို့က မယုံနိုင်လောက်အောင် သစ္စာရှိကြပြီး အလုပ်ကြိုးစားကြသည်။ လက်ရှိတွင် သူမတို့က နိမ့်ကျသော ပြည့်တန်ဆာများ ဖြစ်နေပြီကို သူမတို့ နားလည်နေပြီး သူမတို့၏ မိဘများနှင့် မျိုးနွယ်စုများအတွက် လက်စားချေရန် သူမတို့၏ ကျိုးပဲ့နေသော ခန္ဓာကိုယ်များကို အသုံးချရန် အလွန်ဆန္ဒရှိနေကြသည်။

သူမတို့ ပေးပို့လိုက်သည့် အချက်အလက်များကလည်း အလွန်တန်ဖိုးရှိလှသည်။ ဧကရာဇ်က တော်ဝင်နက္ခတ်ဆရာကြီး စွန်းကျိအား နှိပ်စက်သတ်ဖြတ်ခဲ့သည့် သတင်းနှင့် ချန်ကျင်းဟိုင်က တိတ်တဆိတ် ဆင့်ခေါ်ခဲ့သည့်သတင်းများက ထိုမိန်းကလေးများဆီမှ ရောက်လာခဲ့ခြင်းပင်။

သူမတို့က အမည်မဲ့ သူရဲကောင်းများအဖြစ် သတ်မှတ်ပေးသင့်သူများ ဖြစ်သည်။

သူ ဝမ်ချင်းကျစ်၏ ခေါင်းကို မြို့တော်သို့ ပြန်ပို့လိုက်သည့်အချိန်နှင့် ရုတ်တရက် ပေါ်လာသော ချန်ကျင်းဟိုင်ကို ဧကရာဇ်က ဆင့်ခေါ်သည့်အချိန်က တပြိုင်နက် ဖြစ်နေခဲ့သည်။ တိုက်ဆိုင်စွာပင် ထိုအချိန်တွင် ချင်ထျဲကလည်း ပျောက်ဆုံးနေပြီ ဖြစ်သောကြောင့် ရှောင်းကျဲယွိက ချန်ကျင်းဟိုင်ကို ချင်ထျဲဟု သံသယရှိနေခဲ့သည်။

“ကိုယ် သူ့ကို လုပ်ကြံဖို့ လူလွှတ်ထားပြီးပြီ။ ချင်ထျဲက တခြားသူတွေကို မော်တာ လုပ်တဲ့နည်းလမ်းတွေ သင်ပေးပြီးသားဖြစ်နေမှာကိုတော့ ကိုယ် စိုးရိမ်မိတယ်”

ရှောင်းကျဲယွိက သူ ချင်ထျဲကို မည်မျှ သဘောကျလေးစားနေပါစေ အသက်ရှင်ခွင့် မပေးနိုင်တော့ပေ။ ထိုလူ သေရမည် ဖြစ်သော်လည်း ဝမ်ယွိလင်အား နည်းပညာများ ပေးလိုက်မည်ကိုတော့ စိုးရိမ်နေမိသေးသည်။ အကယ်၍ ထိုသို့ဖြစ်ခဲ့ပါက လက်နက်များနှင့်ဖိအားပေးကာ အနိုင်ယူရန် စီစဥ်ထားသည့် သူ၏အကြံအစည်အားလုံး အချည်းနှီး ဖြစ်သွားပေလိမ့်မည်။

“ကျွန်မတို့ ထပ်စောင့်လို့ မရတော့ဘူး။ အခုက လက်နက်ပြိုင်ဆိုင်မှု မဟုတ်တော့ဘူး၊ ဘယ်သူ ပိုမြန်လဲဆိုတာ ပြိုင်ဆိုင်ရတော့မယ်။ ရှင် ယဲ့လွီချွမ်းဆီ စာတစ်စောင် ပို့ပြီး နယ်စပ်မှာရှိတဲ့ ဝမ်ယွိလင်ရဲ့တပ်တွေကို ထိန်းထားပေးဖို့ အကူအညီ တောင်းသင့်တယ်။ အဲ့အချိန်အတွင်း ကျွန်မတို့ မြို့တော်ကို အလုံးစုံ တိုက်ခိုက် သိမ်းပိုက်ကြမယ်”

ရှောင်းကျဲယွိ၏စကားကို ကြားပြီးနောက် စူးချင်းက ချက်ချင်း ဆုံးဖြတ်ချက်ချလိုက်သည်။

သူမတို့ ဝမ်ယွိလင် မော်တာပြုလုပ်ဖို့ အချိန်ပေးလို့ မဖြစ်နိုင်တော့ဘူး။ သူသာ လုပ်နိုင်သွားရင် သူမတို့ သူနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့ ခက်ခဲသွားလိမ့်မယ်။ အခု ဘယ်သူက လက်နက်ပိုများပြီး ဘယ်သူက မြန်မြန်ဆန်ဆန် စတိုက်ခိုက်နိုင်မလဲဆိုတာကို ယှဥ်ပြိုင်ရမယ့်အချိန် ရောက်လာပြီ။

ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ပြီး သူ့မျက်ခုံးများက ယုံကြည်မှုနှင့် ဂုဏ်သိက္ခာကို အပြည့်အဝ ဖော်ပြနေသည်။

“ချင်းအာက အမြဲတမ်း ကိုယ်နဲ့ စိတ်ချင်ဆက်နေပုံရတယ်။ ကိုယ် တပ်တွေ ပြန်စုဖို့ မော့ချန်နဲ့ ကျင့်ရှီလျိုမြောင်ကို လူလွှတ်ပြီးပြီ။ တပ်ဖွဲ့ကြီးတွေ မရောက်လာခင် စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားရမယ်။ ပြီးခဲ့တဲ့ လအနည်းငယ်အတွင်းမှာလည်း စစ်ပွဲအတွက် ကြိုတင်ပြင်ဆင်ထားပြီး ရိက္ခာစုဆောင်းဖို့ လက်အောက်ငယ်သားတစ်ချို့ကို မြို့ကြီးတွေဘက် စေလွှတ်ပြီးပြီ၊ ပြီးတော့ အခုလေးတင် ပူးပေါင်းဆောင်ရွက်မှုအတွက် ယဲ့လွီချွမ်းဆီ စာတစ်စောင်ရေးပြီးသွားပြီ”

နောက်ဆုံးတော့ ကြီးမားတဲ့ တိုက်ပွဲကြီးကို ဆင်နွှဲဖို့ အချိန်နီးကပ်လာပြီ။

All Chapters