← Chapters

စူးချင်း၏တီထွင်မှုအသစ် (အပိုင်း ၁)

Vol. 37 Ch. 554

စူးချင်း၏တီထွင်မှုအသစ် (အပိုင်း ၁)

Vol. 37 Ch. 554

ဝမ်ယွိလင် နှလုံးဖောက်လာသောကြောင့် နန်းတွင်းရှိ တော်ဝင်သမားတော်အားလုံးကို ရန်ရှင်းခန်းမဆောင်သို့ ဆင့်ခေါ်လိုက်ရသည်။ သို့သော် တိုက်ပွဲဝင်နေသည့် စစ်သည်များ စိတ်ဓာတ် မပျက်ပြားသွားစေရန် ဝမ်ယွိလင်၏ရောဂါအခြေအနေကို လျှို့ဝှက်ထားခဲ့ကြသည်။ သို့သော် ဧကရာဇ်မင်းမြတ်က နံနက်ခင်းညီလာခံတတက်ရန် ရက်အတော်ကြာ ဆက်တိုက် ပျက်ကွက်နေသောကြောင့် မှူးမတ်များ၏ သံသယကို နှိုးဆွမိနေဆဲ ဖြစ်သည်။

ရန်ချန်၌....

ရှောင်းကျဲယွိက သူ့စစ်တပ်ကို ရန်ချန်၌ ခတ္တစခန်းချထားခဲ့သည်။ သူက နောက်ထပ် မြို့တစ်မြို့ကို ဆက်လက်တိုက်ခိုက် သိမ်းပိုက်ရန် အလျင်စလို မလုပ်ဘဲ တပ်ဖွဲ့များအားလုံး ရက်အနည်းငယ်ကြာ အနားယူပြီး အင်အားပြန်ဖြည့်ရန် နားခွင့်ပြုထားခဲ့သည်။

ကျန်းကျင့်လင်းနှင့် ကျုံးယုံတို့က သူနှင့်အတူ ပင်မတဲထဲသို့ လိုက်သွားကြပြီး နောက်ထပ် တိုက်ခိုက်ရမည့် တိုက်ပွဲများအတွက် ဗျုဟာများ ဆွေးနွေးနေကြသည်။ ရှောင်းကျဲယွိက မြေပုံပေါ်မှ ရှန်ဟိုင်းမြို့ကို ညွှန်ပြပြီး မျက်မှောင်ကြုတ်နေပြန်သည်။

"ဒီမှာ တောင်တန်းတွေ အများကြီး ရှိတယ်၊ မြေအနေအထားအရ ခုခံဖို့ လွယ်ကူပြီး တိုက်ခိုက်ဖို့ တော်တော်ခက်နိုင်တယ်"

ရှောင်းကျဲယွိက မြင့်မားသော တောင်ကုန်းတစ်ခုကို ညွှန်ပြရင်း ဆက်ပြောလိုက်ပြန်သည်။

“သူတို့သာ ဒီနေရာမှာ မော်တာတွေ တပ်ဆင်ထားခဲ့ရင် ငါတို့ စစ်တပ်ကြီးအတွက် ကြီးမားတဲ့ ထိုးနှက်မှု ဖြစ်လာနိုင်တယ်”

“သခင်လေး၊ ဒီအတောအတွင်း သူတို့တွေ မော်တာထပ်သုံးတာကို လုံးဝ မတွေ့ရသေးဘူးနော်၊ သူတို့ ထပ်မလုပ်နိုင်သေးတာ ဖြစ်နိုင်မလား?"

ကျန်းကျင့်လင်းက သူ့စိတ်ထဲမှ သံသယကို ထုတ်ပြောလိုက်သည်။ ရန်ချန်ကကဲ့သို့သော အရေးကြီးသည့်မြို့ကို နန်းတွင်းက လက်လွှတ်စပယ် ပစ်ထားမည် မဟုတ်ပေ။ ထို့ကြောင့်လည်း ဝမ်မိသားစုစစ်တပ်ဘက်မှ စစ်သည်အရေအတွက် သိသိသာသာ များပြားနေခဲ့သည်။ သို့သော်လည်း မော်တာများကိုတော့ အစအနပင် မတွေ့ခဲ့ရပေ။ ထိုအရာက ထူးဆန်းလွန်းလှသည်။

"ဝမ်ယွိလင်က အရမ်းပါးနပ်တယ်။ အချိန်ကို တွက်ကြည့်ရင် သူ့ဘက်မှာ အနည်းဆုံး မော်တာငါးလုံးလောက် လုပ်နိုင်ဖို့ များတယ်။ သူက ရှန်ဟိုင်းမြို့ကို ခြေကုပ်ယူပြီး ငါတို့နဲ့ တိုက်ခိုက်ချင်တာမျိုးလည်း ဖြစ်နိုင်တယ်၊ သူ အဲ့လိုတွေးမယ်ဆိုရင် ငါတို့ကို စောင့်ဖို့ အမြှောက်တပ်ရဲ့အင်အားကို ချွေတာထားမှာပေါ့”

ရှောင်းကျဲယွိက ဝမ်ယွိလင်အပေါ် ရှိနေသည့် သူ့၏နားလည်မှုအား အခြေခံ၍ ထိုကဲ့သို့ သံသယဖြစ်နေခဲ့သည်။ အမှန်တကယ်တွင်လည်း ဝမ်ယွိလင်က ထိုအတိုင်းစီစဉ်ထားခဲ့ခြင်း ဖြစ်သည်။ သူက ရှောင်းမိသားစုစစ်တပ်ကို ချေမှုန်းရန်အတွက် မော်တာများ တပ်ဆင်ပြီး ရှန်ဟိုင်းမြို့မှ အခိုင်အမာ ပြန်တိုက်ရန် စီစဥ်ထားခဲ့သည်။

သို့သော်လည်း ချင်တျဲက သူနှင့် ပူးပေါင်းရန် ငြင်းဆန်နေခဲ့ပြီး သူ့ကို မော်တာတစ်လုံးပင် မလုပ်ပေးခဲ့ပေ။ ထို့ကြောင့် သူ လေးနှင့်မြှားများ ပြုလုပ်ရန် လူများများ စေလွှတ်ဖို့သာ တတ်နိုင်တော့သည်။ မြေပြင်အနေအထားအရ ကုန်းမြပေါ်မှ အသာစီးရနေချိန်တွင် လေးနှင့်မြှားများ၏ အသုံးဝင်မှုကလည်း များပြားလှသည်။ ထို့ကြောင့် သူက ရှောင်းမိသားစုစစ်တပ်ကို မြှားမိုးဖြင့် ဖြိုခွဲကာ တစ်ဦးချင်းကို သတ်ဖြတ်ရန် စစ်တပ်ဖွဲ့စည်းပုံဗျူဟာများ အသုံးပြုဖို့ ကြိုတင် ပြင်ဆင်ထားပြီး ဖြစ်သည်။

ဝမ်ယွိလင်က သူ့၏စစ်‌ရေးအတွေ့အကြုံအရ သူ့အကြံအစည်က ရှောင်းမိသားစုစစ်တပ်အား အကြီးအကျယ်ဆုံးရှုံးစေမည်ဟု ယုံကြည်နေခဲ့သည်။

“အစ်ကိုကြီး၊ ငါတို့ ခိုးဝင်တိုက်ခိုက်ဖို့ စဥ်းစားကြည့်ရအောင်၊ ကျည်တစ်ချက်လောက် ပစ်လိုက်ရင် သူတို့အားလုံး ငရဲရောက်သွားလိမ့်မယ်။ ဘာလို့ ခက်ခက်ခဲခဲ ကြိုးစားပြီး အင်အားတွေ ဖြုန်းတီးနေမှာတုန်း?”

ကျုံးယုံက ဘေးမှ ဝင်အကြံပေးလိုက်သည်။ ပြီးခဲ့သည့် တိုက်ပွဲအနည်းငယ်တွင် သူက မော်တာများ၏ စွမ်းအားကို မြင်တွေ့ခဲ့ပြီး ယခု သူ ထိုအရာများကို စွဲလမ်းနေပြီ ဖြစ်သည်။ မြို့ကိုတိုက်ခိုက်ရန် မည်မျှပင်ခက်ခဲစေကာမူ မြို့တံခါးအား တစ်ချက်ပစ်ခတ်ရုံဖြင့် ထိုတံခါးများ လွင့်စင်ထွက်သွားစေသည်။ မြို့စောင့်တပ်သားများ အံ့သြမှင်တက်နေချိန်အတွင်း နောက်ထပ် ပစ်ခတ်မှု နှစ်ချက်လောက် ထပ်ပေးလိုက်ပြီး တပ်ဖွဲကြီးတစ်ခုလုံး​ မြို့​ထဲသို့ ​အ​လျင်​အမြန် ​ဝင်​ရောက်ကာ မြို့ကို အလွယ်တကူ ​သိမ်းပိုက်ရုံသာ လုပ်ဆောင်ခဲ့ကြရသည်။

“မင်းရော ကျုံးယုံရဲ့ အကြံပြုချက်ကို ဘယ်လိုထင်လဲ?"

ရှောင်းကျဲယွိက ကျန်းကျင့်လင်းကို ကြည့်ရင်း မေးမြန်းလိုက်သည်။ သူလည်း ထိုကဲ့သို့ တွေးနေခြင်း ဖြစ်ပြီး စစ်သည်များအား ချိုင့်ဝှမ်းထဲသို့ စုရုံးဝင်ရောက်စေခြင်းက သူတို့၏ ဦးခေါင်းများကို သွားပို့ခိုင်းနှင့်အတူတူ ဖြစ်ပေလိမ့်မည်။ ထိုအစား သူတို့ဘက်မှ မော်တာများကို သယ်ဆောင်ပြီး တောင်ပေါ်သို့ ခိုးတက်ရန် အဖွဲ့အနည်းငယ်စေလွှတ်ခြင်းက ပိုကောင်းမည်ဟု သူ တွေးနေခဲ့သည်။ သူတို့ ရှန်ဟိုင်းမြို့အား ဖောက်ခွဲရန် အကောင်းဆုံးနေရာကို ရှာဖွေပြီး ဖောက်ခွဲလိုက်လျှင် ရန်သူ၏ တိုက်ခိုက်ရေးအင်အားကို အလွယ်တကူ ဖျက်ဆီးနိုင်လိမ့်မည်။ ထို့နောက်မှသာ မြို့ကို တိုက်ခိုက်သိမ်းပိုက်ရန် စစ်တပ်ကြီး စေလွှတ်လိုက်ခြင်းက အသင့်တော်ဆုံး ရွေးချယ်မှု ဖြစ်သည်။

“သခင်လေး၊ ကျုံးယုံရဲ့ အကြံအစည်က ကောင်းပေမယ့် အန္တရာယ်တော့ များတယ်။ ကျွန်တော်တို့ ဘက်က ခြုံခိုတိုက်ခိုက်မယ့်သူကို ဖမ်းမိသွားရင် ဝမ်မိသားစုစစ်တပ်ကို အဲ့မော်တာတွေ ရသွားနိုင်တယ်၊ ကျွန်တော်တို့က သူတို့အတွက် မော်တာသွားပို့သလို ဖြစ်သွားမှာ မဟုတ်ဘူးလား?”

ကျန်းကျင့်လင်းကတော့ ထိုအကြံအစည်က အန္တရာယ်များလွန်းသည်ဟု ခံစားနေရပြီး ကန့်ကွက်ချင်နေခဲ့သည်။

“အင်း၊ ကျင့်လင်းရဲ့စိုးရိမ်မှုကလည်း ကျိုးကြောင်းဆီလျော်တယ်၊ ဒါပေမယ့် ငါတို့ဘက်မှာ သိုင်းပညာမြင့်မားတဲ့ စစ်သည်တွေ ရှိနေသေးတယ်၊ အဲ့ထဲက လက်ရွေးစင်စစ်သည်တွေကို ရွေးချယ်ပြီး တစ်ယောက်စီကို လက်ပစ်ဗုံးနှစ်လုံးစီ ပေးလိုက်မယ်။ ခြုံခိုတိုက်ခိုက်မှုက ဘယ်လိုပဲ ဖြစ်ဖြစ် သူတို့ကိုတော့ တားဆီးနိုင်မှာ မဟုတ်ဘူး။ နောက်ဆုံး သူတို့ အဝိုင်းခံလိုက်ရပြီး အလွတ်နိုင်တော့ရင်တောင် မော်တာတွေကို ဖောက်ခွဲခဲ့ဖို့ အချိန်အလုံအလောက် ရနိုင်မယ်၊ ဝမ်မိသားစုစစ်တပ်အတွက်တော့ ကျန်နေခဲ့မှာ မဟုတ်ဘူး”

ရှောင်းကျဲယွိက ထိုအရာကိုလည်း ထည့်သွင်းစဥ်းစားထားပြီး ဖြစ်သည်။

ချင်းအာက သူ့အတွက် လက်နက်တွေ အဆက်မပြတ် ပို့ပေးနိုင်တယ်လေ၊ အဲ့တာကြောင့် သူ နည်းနည်းလောက် ဆုံးရှုံးခံနိုင်တယ်၊ အဲ့လိုဆိုမှတော့ အန္တရာယ်ကို စိန်ခေါ်ပြီး အောင်မြင်မှုအတွက် စွန့်စားကြည့်ရတော့မှာပေါ့။

"ဒါက နည်းနည်းတော့ အန္တရာယ်များနေသေးတယ်၊ ဒါပေမယ့် ငါတို့ ကြိုးစားနိုင်တယ်။"

ရှောင်းကျဲယွိ၏စကားကို ကြားရပြီးနောက်တွင်လည်း ကျန်းကျင့်လင်းက အနည်းငယ် စိုးရိမ်နေသေးသည်။ သို့သော်လည်း ဤအန္တရာယ်က စွန့်စားရန် ထိုက်တန်သည်ဟု သူ ခံစားနေမိသည်။ အ

ကြီးမြတ်ဆုံးအောင်ပွဲကို ရရှိဖို့ အသေးအဖွဲ စွန့်လွှတ်စွန့်စားမှုကို လုပ်နိုင်ရမယ်။

“မြို့တော်ကနေ လျှို့ဝှက်စာတစ်စောင် ပို့လိုက်ပါတယ်”

ထိုအခိုက်အတန့်တွင် တဲအပြင်ဘက်ရှိမှ သတင်းပို့သံ ထွက်ပေါ်လာသည်။

ဤအရေးကြီးသောအခိုက်အတန့်တွင် သတင်းအချက်အလက်များက မရှိမဖြစ် လိုအပ်သောအရာ ဖြစ်ပြီး ရှောင်းကျဲယွိက ၎င်း၏အရေးပါမှုကို နားလည်ကာ သူ့လူများအား သတင်းများ အဆက်မပြတ် ပေးပို့နေရန် အမိန့်ပေးထားခဲ့သည်။

ထိုသတင်းကို ကဗျာတစ်ပုဒ်ထဲ၌ ဝှက်စာများအဖြစ် ထည့်သွင်းရေးသားထားခဲ့ပြီး ဧကရာဇ် မနက်ညီလာခံ မတက်သည်မှာ ရက်အတော်ကြာနေပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

ထိုစာကို ဖတ်ပြီးနောက် ရှောင်းကျဲယွိတစ်ယောက် လေးလေးနက်နက် စဥ်းစားတွေးတောနေရပြန်သည်။

အဲဒီမြေခွေးအိုကြီး ဝမ်ယွိလင်က ဘာလုပ်ချင်နေတာလဲ?

ဘာပဲဖြစ်နေဖြစ်နေ သူကတော့ ရှန်ဟိုင်းမြို့ကို သိမ်းပိုက်နိုင်ရမယ်။

ရှောင်းကျဲယွိက ရှန်ဟိုင်းမြို့ကို နှစ်ရက်အတွင်း တိုက်ခိုက်ရန် ဆုံးဖြတ်လိုက်သည်။ ရှန်ဟိုင်းမြို့ကို သိမ်းပိုက်ပြီးနောက်တွင် ကျန်မြို့အနည်းငယ်ကို တိုက်ခိုက်ရန်က အိတ်ထဲမှ သကြားလုံး ထုတ်ယူသလို လွယ်ကူသွားမည် ဖြစ်သည်။

“သခင်လေးကို အစီရင်ခံပါတယ်။ သခင်မလေးက ရိက္ခာတွေ ထပ်ပို့ပေးလိုက်ပါတယ်”

တဲအပြင်ဘက်မှ နောက်ထပ်သတင်းပို့သံ ထွက်ပေါ်လာပြန်သည်။ ရှောင်းကျဲယွိ၏ တည်ကြည်လေးနက်သော အမူအရာက ချက်ချင်း ပျော့ပြောင်းသွားသည်။ စစ်တပ်၏ နောက်တန်းကလည်း အလွန်အရေးကြီးပြီး အချိန်မီ အင်အား ပြန်လည်ဖြည့်ဆည်းပေးမှသာလျှင် ရှေ့တန်းတပ်ကြီးအတွက် ထောက်ပံ့ပို့ဆောင်ရေးအားလုံး အဆင်ပြေချောမွေ့မည် ဖြစ်သည်။ ထို့ကြောင့် သူက ဝမ်းသာအားရ ပြန်ပြောလိုက်သည်။

"ကောင်းပြီ၊ ငါ အခု ချက်ချင်း လာကြည့်မယ်"

"ဆရာ့ကို သတိရလိုက်တာ"

ဘေးမှ ကျုံးယုံကလည်း ဝင်ပြောလာပြန်သည်။

သူတို့ အပြင်ထွက်လာတာ လဝက်ကျော်လာပြီ။

သူ သူ့ဆရာနဲ့ ယွိရန်ရယ် ပြီးတော့ မော့ချန်ရယ်ကို လွမ်းနေပြီ။

"ဘယ်သူက သတိမရဘဲ နေမှာလဲကွာ"

ရှောင်းကျဲယွိက ကျုံးယုံကို တွေတွေကြီး စိုက်ကြည့်နေပြန်သည်။ ကျုံးယုံ၏ စကားလုံးများက သူ့နှလုံးသားထဲမှ တောင့်တနေသည့် တမ်းတလွမ်းဆွတ်မှုများကို မြစ်တစ်စင်းကဲ့သို့ တိုးထွက်လာစေသည်။

ချင်းအာမှာ ကိုယ်ဝန်ရှိနေတာတောင် သူက သူမအနားမှာ မနေပေးနိုင်ဘူး။ သူမှာ တကယ့်ကို အပြစ်တွေ အများကြီးပဲ။

"ရှင်မက ငါတို့အတွက် ဘာတွေ ပေးလိုက်လဲဆိုတာ သွားကြည့်ရအောင်"

ရှောင်းကျဲယွိက သူ့နှလုံးသားထဲမှ တမ်းတမှုကို ချိုးနှိမ်လိုက်ပြီး ပြန်ပြုံးလိုက်ကာ တဲထဲမှ ထွက်လာခဲ့သည်။

ယခု သုံးလပိုင်းသို့ ရောက်လာပြီ ဖြစ်သောကြောင့် ရာသီဥတုကလည်း ပိုပူလာပြီ ဖြစ်သည်။ ချည်သားဝတ်ရုံအထူကြီးများကိုလည်း ဝတ်စရာ မလိုတော့ပေ။ စူးချင်းက ရှောင်းကျဲယွိအတွက် နွေဦးရာသီနှင့် သင့်လျော်မည့် အဝတ်အစားများ ထည့်ပေးလိုက်ပြီး အားလုံးက သူမကိုယ်တိုင်ချုပ်ထားသည့် ဝတ်စုံများ ဖြစ်သည်။ ရှောင်းကျဲယွိကလည်း ချုပ်ရိုးချုပ်သားကို ကြည့်ရုံဖြင့် စူးချင်း ချုပ်ပေးထားမှန်း ချက်ချင်း သိနိုင်သည်။ ထို့အပြင် ဝတ်စုံ၏အတွင်းထောင့်တံင် "ချင်း" ဟူသော စာလုံးလေး ပန်းထိုးထားသေးသည်။ ရှောင်းကျဲယွိက ထို "ချင်း" ဟူသော စကားလုံးကို ထိကြည့်လိုက်ပြီး သူ့မျက်လုံးများထဲ၌ နူးညံ့မှုများ ပြည့်လျှံလာသည်။ သူ့နှုတ်ခမ်းထောင့်များက ပြုံးနေသလို သူ့မျက်လုံးများကလည်း တောက်ပလင်းလက်နေသည်။

ဤတစ်ကြိမ်တွင် စူးချင်းက စစ်တပ်အတွက် လိုအပ်သော ရိက္ခာနှင့် ဆေးဖက်ဝင်အပင်များ အပြင် ကျောက်စိမ်းရောင် သခွားသီးစိမ်းတစ်အိုးလည်း ပို့ပေးခဲ့သည်။ ၎င်းတို့က ဖန်လုံအိမ်တွင် စိုက်ပျိုးထားသော သခွားသီးများအား ရှောင်ကျဲယွိအတွက် အချဉ်ထည့်ပေးလိုက်ခြင်း ဖြစ်သည်။ ရှောင်းကျဲယွိက စစ်ပွဲအတွင်း သူမ ကိုယ်တိုင်စိုက်ပျိုးထားသည့် ဟင်းသီးဟင်းရွက်များကို စားနိုင်မည်ဟု စူးချင်းက ကြိုတင် အာမခံထားခဲ့သည်။

ဤသခွားသီးသေးသေးလေးများက လက်ချောင်းအရွယ်သခွားသီးလေးများဖြစ်ပြီး အလွန်ကြွပ်ရွကာ နူးညံ့နေသည်။ စူးချင်းက ၎င်းတို့အား ငရုတ်သီးနှင့် လျှို့ဝှက်ပါဝင်ပစ္စည်းများသုံးကာ အချည်တည်ထားသောကြောင့် အစပ်အရသာကို ခံစားနိုင်သလို လတ်ဆတ်သောကြောင့် ထမင်းနှင့်လည်း စားလျှင် ထမင်းပိုစားမြိန်စေမည်ပင်။

၎င်းတို့နှင့်အတူ ရှောင်းကျဲယွိအတွက် စူးချင်း ကိုယ်တိုင်လုပ်ထားသော မုန့်ခြောက်များလည်း ပါလာသေးသည်။ ၎င်းတို့က မပျက်စီးဘဲ ဆယ်ရက်ကျော် သိမ်းဆည်းထားနိုင်သည့် အဆာပြေစာမုန့်များ ဖြစ်သည်။ နောက်ဆုံးတစ်ခုကတော့ နည်းနည်းထူးဆန်းသည့် ခေါက်ဆွဲများ ဖြစ်သည်။ ထိုခေါက်ဆွဲများက အခြောက်ခံထားပုံပြီး တွန့်လိမ်ကောက်ကွေးနေသည်။ ချိုးကြည့်လိုက်သည့်အခါတွင်လည်း ကြွပ်ရွနေကာ ပါးစပ်ထဲသို့ ထည့်လိုက်လျှင်လည်း ကြွပ်ကြွပ်လေးဖြင့် အရသာကောင်းလွန်းလှသည်။ ထိုအပြင် များများဝါးလေလေ ပိုမွှေးလေလေ ဖြစ်လာပြီး အရသာပိုကောင်းလာသလို ထင်ရစေသည်။

"ဒါက ဘာလဲ?"

ရှောင်းကျဲယွိက ထိုခေါက်ဆွဲအကြောင်း အလွန်သိချင်နေခဲ့သည်။

ချင်းအာ ဒီလိုအစားအသောက်မျိုး လုပ်တာကို သူ တစ်ခါမှ မမြင်ဖူးခဲ့ဘူး။ ဒါက တော်တော် မဆိုးဘူးလို့ ပြောမရယ်။ သယ်သွားလို့ အဆင်ပြေတော့ စစ်တိုက်နေရင်းတောင် အချိန်မရွေး စားလို့ ရနိုင်တယ်။

လက်ရှိမှာ သူတို့က ပဲပုတ်စေ့နဲ့ ဆန်လုံးညိုတွေကို အမြဲဆောင်ထား ကြရတယ်။ အခုလို စားစရာနဲ့ အတူတူပါပဲ။ တိုက်ပွဲချိန်ကြာလာပြီး သူတို့ ဗိုက်ဆာလာတဲ့အခါ လက်တစ်ဆုပ်စာလောက်စားပြီး ခွန်အား ပြန်ဖြည့်တင်းရတယ်။ ဒါပေမယ့် အဲ့တာက သူတို့ ငတ်မသေအောင် စားရတာပါ။ ဘာအရသာမှ မရှိဘူး။ ဒီခေါက်ဆွဲတွေကတော့ မွှေးကြိုင်ပြီး အစာကြေမလွယ်တဲ့အပြင် အရသာခံဖုတွေ ကျေနပ်အောင်လည်း စားနိုင်သေးတယ်။ ချင်းအာက တကယ့်ကို ရတနာလေးတစ်ခုပဲ၊ သူမက သူ့အတွက် အမြဲတမ်း အံ့အားသင့်စရာတွေ ယူဆောင်လာပေးတယ်။

“သခင်မလေး ပြောတာတော့ ဒါကို ခေါက်ဆွဲခြောက်လို့ ခေါ်တယ်တဲ့၊ သခင်လေး ကြိုက်လား? သခင်မလေးက သခင်လေးအတွက် အရသာသုံးမျိုး လုပ်ပေးလိုက်တယ်၊ မြည်းကြည့်ချင်သေးလား?"

ရိက္ခာပို့ရန် ရောက်လာသည့် တာဝန်ခံစစ်သည်က စူးချင်း၏စကားအတိုင်း ရှောင်းကျဲယွိကို ပြန်ပြောပြလိုက်သည်။

“အင်း၊ စမ်းကြည့်တာပေါ့ကွာ”

အရသာသုံးမျိုးတောင် ရှိတာလား? သူ အခုချက်ချင်း မြည်းကြည့်ရမယ်။

ရှောင်းကျဲယွိက ထိုခေါက်ဆွဲသုံးမျိုးလုံးကို မြည်းကြည့်ခဲ့ပြီး သူ့အကြိုက်ဆုံးက ကြက်သွန်မြိတ်အနံ့ သင်းသင်းလေး ထွက်နေသည့်ခေါက်ဆွဲ ဖြစ်သည်။

“ဒါက ပိုအရသာရှိတယ်”

ရှောင်းကျဲယွိ နောက်သို့ လှည့်ကြည့်လိုက်ချိန်တွင် ကျုံးယုံက သူ့ကို မျက်လုံးပြူးကြီးဖြင့် စိုက်ကြည့်နေမှန်း သူ တွေ့လိုက်ရသည်။ ထိုအကြည့်များတွင် အပြစ်တင်မှုများ ပြည့်နှက်နေပြီး သူ့ပါးစပ်က အဆက်မပြတ် လှုပ်ရှားနေကာ သူ့လည်ချောင်းကပင် သူ တံတွေးမျိုချနေမှန်း သိသာနေသည်။ တစ်ချက်ကြည့်ယုံဖြင့် သူ သရည်ယိုနေမှန်း သိနိုင်ပြီး ထိုမှသာ ရှောင်းကျဲယွိက အရာအားလုံးကို သူတစ်ယောက်တည်း အပိုင်စီးထားမိမှန်း နားလည်သွားခဲ့သည်။ သူက ကျုံးယုံနှင့် ကျန်းကျင့်လင်းကို အမြန်လှမ်းခေါ်လိုက်သည်။

"ကျုံးယုံနဲ့ ကျင့်လင်း လာကြ၊ ဒီကို လာပြီး မင်းတို့ ကြိုက်တဲ့ အရသာကို မြည်းကြည့်ကြ"

“ဟေး”

ရှောင်းကျဲယွိ၏စကား မဆုံးခင်မှာပင် ကျုံးယုံက ဦးဆောင်ပြီး စားပွဲဆီသို့ အပြေးအလွှား ရောက်လာကြသည်၊။ သူ့ပါးစပ်ကလည်း ပျော်ပျော်ရွှင်ရွှင် ‌အော်ဟစ်နေသေးသည်။

All Chapters