← Chapters

အိမ်ထောင်ရှင်ဘဝရဲ့ ချစ်ခြင်းမေတ္တာများ

Vol. 37 Ch. 548

အိမ်ထောင်ရှင်ဘဝရဲ့ ချစ်ခြင်းမေတ္တာများ

Vol. 37 Ch. 548

ရှောင်းကျဲယွိက မြေပြင်ပေါ်သို့ ငုတ်တုတ်ထိုင်ချလိုက်ပြီး သေချင်နေသော ဝမ်ချင်းကျစ်ကို စိုက်ကြည့်နေသည်။ သူ့နောက်ကျောမှ အရေပြားများကို အခွာခံထားရသောကြောင့် သူ့၏ကျောပြင်တွင် သွေးစေးများ စွန်းထင်းနေသည်။ ရှောင်းကျဲယွိ၏ အသံက နက်နဲနေပြီး ချွင်းချက်မရှိသည့် အမိန့်သံသာ ဖြစ်သည်။

"ဖြေစမ်း၊ မင်း ဖြေပြီးတာနဲ့ မင်းကို အမြန်သေခွင့်ပေးလိုက်မယ်"

ရှောင်းကျဲယွိ၏မေးခွန်းကို ကြားလိုက်ရချိန်တွင် ဝမ်ချင်းကျစ်က ချက်ချင်း တိတ်ဆိတ်သွားသည်။ ရှောင်းကျဲယွိက သူ့အတွက် အချိန်မဖြုန်းချင်တော့ပုံဖြင့် မတ်တပ်ပြန်ရပ်လိုက်ပြီး သူ့စစ်သည်များအား အမိန့်ပေးလိုက်သည်။

"သူ့ကို ဆွဲခေါ်သွားပြီး သူ့တကိုယ်လုံးက အရေခွံတွေကို ခွာလိုက်တော့"

“မဟုတ်ဘူး၊ မလုပ်နဲ့၊ အဲ့လို မလုပ်ပါနဲ့၊ ငါ ပြောမယ်၊ ငါ ပြောပြမယ်၊ ဒါပေမယ့် ငါမှာ တောင်းဆိုစရာတစ်ခု ရှိတယ်။ ငါ ပြောပြပြီးတာနဲ့ ငါ့ကို မြန်မြန်သေခွင့်ပေးပါ"

နောက်တစ်ကြိမ် အရေခွံ အခွာခံရတော့မည်ဟု ကြားလိုက်သည်နှင့် ဝမ်ချင်းကျစ်၏ မျက်လုံးများထဲမှ ကြောက်ရွံ့နေသည့်အရိပ်အယောင်များ ထွက်ပေါ်လာသည်။ သူက စိုးရိမ်တကြီးဖြင့် ရှောင်းကျဲယွိအား လှမ်းအော်လိုက်သည်။ သို့သော် သူက သူ့ကို လွှတ်ပေးရန် မတောင်းဆိုဘဲ မြန်မြန်သေခွင့်ပေးရန်သာ တောင်းဆိုခဲ့သည်။

သူ အခု မသန်မစွမ်း ဖြစ်နေပြီ။ သူ အရှက်တကွဲ ပြန်သွားရတာထက် သေဖို့ပဲ ဆန္ဒရှိတော့တယ်။

"ရတယ်၊ အစက ငါ မင်းကို အပိုင်းပိုင်းဖြတ်ဖို့ တွေးထားတာ။ မင်းဘက်က ပူးပေါင်းဆောင်ရွက်ပေးဖို့ ဆန္ဒရှိနေရင်တော့ မင်းရဲ့အလောင်းကို အပြည့်အစုံ ထားပေးလိုက်မယ်"

ရှောင်းကျဲယွိက ခေါင်းညိတ်လိုက်ပြီး ဝမ်ချင်းကျစ်၏ အလောင်းကို နဂိုအတိုင်းထားပေးမည်ဟူသော ကတိနှင့်အတူ သူ့၏တောင်းဆိုချက်ကို သဘောတူလိုက်သည်။

ရှောင်းကျဲယွိက သူ့အလောင်းအား ပုံမပျက်ထားပေးမည်ဟု ကတိပြုလိုက်သောကြောင့် ဝမ်ချင်းကျစ်တစ်ယောက် ရှောင်းကျဲယွိအား အလွန်ကျေးဇူးတင်သွားသည်။

"ကျေးဇူးတင်ပါတယ်"

ရှောင်းကျဲယွိက သူ့ကို အေးစက်သည့်အကြည့်တစ်ချက်သာ ပေးလိုက်ပြီး ရေခဲကဲ့သို့ အေးစက်နေသော မျက်နှာဖြင့် ထိုင်ခုံတွင် ဝင်ထိုင်ကာ သူ့အဖြေကို စောင့်နေခဲ့သည်။

“လုပန်တံခါးရဲ့ မျိုးဆက်သစ်တွေထဲက ချန်ကျင်းဟိုင်ဆိုတဲ့ လူတစ်ယောက်ပါ။ သူက ငါ့ခမည်းတော်ဆီ ရောက်လာပြီး သူ အစွမ်းထက်တဲ့ လက်နက်တစ်ခု ဖန်တီးနိုင်တယ်လို့ အရင် လာကမ်းလှမ်းခဲ့တာ”

ဝမ်ချင်းကျစ်က ထိုစကားကို ပြောရန် အားတင်းရုန်းကန်နေရပြီး သူ့မျက်နှာပေါ်မှ ချွေးသီးများ စီးကျနေသည်။ စူးချင်းနှင့် ရှောင်းကျဲယွိတို့က ကတိမတည်ပဲ ထိုငရဲအား နောက်တစ်ကြိမ် ပြန်ခံစားရမည်ကို သူ အလွန်ထိတ်လန့်နေပြီ ဖြစ်သည်။

ထို့ကြောင့် သူက မြန်မြန်ဆန်ဆန် ပြန်ဖြေလိုက်ပြီး ထိုလူ၏အမည်ကိုပင် မကွယ်မဝှက် ချက်ချင်း ပြောပြလိုက်သည်။

စူးချင်းနှင့် ရှောင်းကျဲယွိတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြပြန်သည်။

ဒီနာမည်ကို အရင်က မကြားဖူးဘူး။ သူမတို့ အတွေး မှားခဲ့တာလား? ချင်ထျဲ မဟုတ်ဘူးလား?

ဒါပေမယ့် ချန်ကျင်းဟိုင်က ဒီမော်တာရဲ့ အသေးစိတ်ပုံစံကို ဘယ်လို ရသွားခဲ့တာလဲ?

နောက်ဆုံးတွင် စူးချင်းက ထိုလူလည်း သူမ၏ခေတ်မှ ကူးပြောင်းလာသည့်တစ်စုံတစ်ယောက် ဖြစ်နေမလားဟုပင် သံသယရှိလာခဲ့သည်။

"ချင်းအာ၊ မင်း ပြန်သွားပြီး ကောင်းကောင်း အနားယူလိုက်ဦးနော်။ ဒီလို သွေးထွက်သံယို မြင်ကွင်း‌တွေကို မကြည့်နဲ့တော့"

ရှောင်းကျဲယွိက ဝမ်ချင်းကျစ်ကို ကြည့်ရင်း စဥ်းစားနေသည့် စူးချင်း၏အမြင်အာရုံကို သူ့စစ်ဝတ်ရုံရှည်ဖြင့် ပိတ်ဆို့လိုက်သည်။ သူက ဝမ်ချင်းကျစ်၏ သွေးစွန်းနေသော ကျောပြင်ကို စူးချင်း မမြင်နိုင်စေရန် သူ့လက်ကို မြှောက်ပြီး သူမ၏မျက်လုံးလေးများကို ကားထားလိုက်သေးသည်။

“ငါ ပြောပြီးပြီ။ အခု ငါ့ကို မြန်မြန်သတ်လိုက်တော့"

ဝမ်ချင်းကျစ်က သူ့ကျောပြင်မှ မချိမဆံ့ နာကျင်မှုကို သည်းမခံနိုင်တော့ဘဲ ထိုနာကျင်မှုများ အမြန်ဆုံး ပျောက်ကွယ်သွားရန်သာ ဆန္ဒရှိနေတော့သည်။

အခု သူ မြန်မြန်ပဲ သေချင်တော့တယ်၊ ဒီ ဒုက္ခတွေကို မခံစားနိုင်တော့ဘူး။

“ရတယ်”

ရှောင်းကျဲယွိက သူ့ကတိအတိုင်း သူ့အဖေ၏လွမ်တောင်ကို ထုတ်ယူကာ ထိုင်ခုံပေါ်မှ ပြန်ထရပ်လိုက်သည်။ သူက ဝမ်ချင်းကျစ်ဆီသို့ တစ်လှမ်းချင်း ချဉ်းကပ်လာနေပြီး သူ လှမ်းလိုက်သည့် ခြေလှမ်းတိုင်းက ဝမ်ချင်းကျစ်၏ နှလုံးသားကို နင်းခြေနေသလို ဖြစ်နေပြန်သည်။ ဝမ်ချင်းကျစ်က အံကြိတ်ထားပြီး ရှောင်းကျဲယွိ၏ကိုယ်ပေါ်တွင် ရှောင်းဟမ်၏အရိပ်ကို တွေ့နေရပြီး နားမလည်နိုင်သည့် ကြောက်ရွံ့မှုတစ်ခုကို ခံစားနေရသည်။

ဒါက ရှောင်းဟမ် သူ့အဖေ့ကို ဒေါသတကြီး စိုက်ကြည့်ခဲ့တဲ့အကြည့်တွေမဟုတ်ဘူးလား?

ဝမ်ချင်းကျစ်၏ မျက်နှာက ဖြူဖျော့နေသော်လည်း သူက ရှောင်းကျဲယွိအား အသနားခံရန် အတွေးမရှိတော့ပေ။ သူက သူ့အနီးသို့ လျှောက်လာနေသည့် ရှောင်းကျဲယွိကိုသာ ကြောင်တောင်တောင် စိုက်ကြည့်နေပြီး သူ့မျက်လုံးများထဲတွင် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်လာခဲ့သည်။

အားလုံး ပြီးသွားပြီ။ ငါ ဒီနေ့ ဒီနေရာမှာ သေရတော့မယ်။

ရှောင်းကျဲယွိက သူ့အား ကြက်ကလေးတစ်ကောင်ကဲ့သို့ သတ်ပစ်တော့မည်ကို တွေးတောရင်း မကြာသေးမီက သေခြင်းတရားအတွက် တောင်းဆိုနေခဲ့သူ ဝမ်ချင်းကျစ်တစ်ယောက် အသက်ရှင်ချင်သော မျှော်လင့်ချက်များ ဖြစ်ပေါ်လာပြန်သည်။

သို့သော်လည်း သူ့မိသားစုနှင့် ရှောင်းကျဲယွိ၏မိသားစုကြားမှ အမုန်းတရားနှင့် ရန်ငြိုးများကို တွေးတောရင်း ဝမ်ချင်းကျစ်က လုံးဝ အရှုံးပေးလိုက်သည့် အမူအရာဖြင့် ခေါင်းငိုက်စိုက်ကျသွားတော့သည်။

သူ့အတွက်တော့ အသနားခံရတာက အရှင်လတ်လတ် အရေခွံ အခွာခံရတာထက် ပိုနာကျင်စရာကောင်းတဲ့အရာပဲ။

ရှောင်းကျဲယွိက ထိုသွေးစွန်းနေသည့် မြင်ကွင်းအား စူးချင်း မမြင်စေရန် ဝမ်ချင်းကျစ်၏ လည်ဂုတ်ကို ဆွဲမလိုက်ပြီး သူ့ကို ကြက်ကလေးတစ်ကောင်သဖွယ် တဲပြင်သို့ ပစ်ပေါက်လိုက်သည်။

ဝမ်ချင်းကျစ်၏ ကျောပေါ်မှ သွေးများက သူ့အောက်ရှိ နှင်းများကို အနီရောင် ဖြစ်သွားစေပြန်သည်။ သူ သေရတော့မည်ကို သိလိုက်ချိန်တွင် ဝမ်ချင်းကျစ်၏နှလုံးသားထဲ၌ ကြောက်ရွံ့မှုများ ပြည့်နှက်နေပြီး ရှောင်းကျဲယွိက သူ့ဆီသို့ ဓားတစ်ချောင်းဖြင့် လျှောက်လာနေသည်ကို ဝမ်ချင်းကျစ် မြင်နေရသည်။ သူက သူ၏ ခွန်အားအားလုံးကို အသုံးပြုပြီး နှင်းထဲတွင် လူးလိမ့်ကာ လွတ်မြောက်ဖို့ အပြင်းအထန် ရုန်းကန်နေပြန်သည်။

သူကို ကြည့်ရသည်မှာ မစင်တွင်းထဲမှ လောက်ဖြူဖြူကြီးနှင့် တူလွန်းလှသည်။

ရှောင်းကျဲယွိက ဝမ်ချင်းကျစ်၏ဆံပင်ကို ဖမ်းကိုင်လိုက်ပြီး လွမ်တောင်ဖြင့် သူ၏လည်ပင်းကို အသာအယာ လှီးဖြတ်လိုက်သည်။

ဝမ်ချင်းကျစ်က သူ့လည်ပင်းမှ အေးစက်မှုကို ခံစားလိုက်ရပြီး နွေးထွေးသော သွေးပူပူများကိုပင် ခံစားနေမိသေးသည်။ ထို့နောက်တွင်မှု သွေးစွန်းနေတဲ့ နှင်းများကို သူ မြင်လိုက်ရပြီး သူ့ခြေထောက်များ တဆတ်ဆတ်တုန်လာကာ ထိတ်လန့်တကြားဖြင့် မျက်လုံးများ ပြူးကျယ်သွားရင်း သူ့၏စိတ်အသိကို ဆုံးရှုံးလိုက်ရသည်။

"သူ့ကို ဆွဲထုတ်သွားတော့”

ရှောင်းကျဲယွိက သူ့အဖေအတွက် ကလဲ့စားချေနိုင်ခဲ့သည့်အတွက် စိတ်အခြေအနေ ကောင်းလာခဲ့သည်။ သူက သူ့စစ်သည်များအား ဝမ်ချင်းကျစ်၏အလောင်းကို ဆွဲထုတ်သွားရန် အမိန့်ပေးလိုက်သည်။

ဒီလူယုတ်မာကို ဖမ်းထားရင်တောင် သူ့ကို အစာကျွေးဖို့ ရိက္ခာတွေ ဖြုန်းတီးနေရဦးမယ်။ သူ့ကို သတ်လိုက်တာက ဒုက္ခတွေကို ဖယ်ရှားဖို့ အကောင်းဆုံး နည်းလမ်းပဲ။

ရှောင်းကျဲယွိက ဝမ်ချင်းကျစ်အား သူ့အလောင်းကို နဂိုအတိုင်းထားပေးမည်ဟု ကတိပြုထားသောကြောင့် သူ့စကားကို စောင့်ထိန်းရမည် ဖြစ်သည်။ ထို့ကြောင့် သူက ထိုအလောင်းအနားသို့ ကပ်သွားလိုက်ပြီး အလောင်းကို ရှာဖွေလိုက်သည်။ ဝမ်ချင်းကျစ်ခါးမှ ကျောက်စိမ်းပြားတစ်ပြားကို သူ ဆွဲဖြုတ်လိုက်ပြီး ထိုကျောက်စိမ်းဆွဲပြားဝိုင်းလေးက ကျောက်စိမ်းနွေးဖြစ်ပြီး လက်ကောက်ဝတ်တွင် ၀တ်ဆင်ပါက သွေးအား ပြန်လည်ဖြည့်တင်းပေးနိုင်သည့်သဘာဝ ရှိသည်။

အစပိုင်းတွင် ရှောင်းကျဲယွိက ဝမ်ချင်းကျစ်အား ထိုစဥ်က အဖမ်းခံလိုက်ရသည့် စစ်သည်များအကြောင်း မေးမြန်းရန် တွေးလိုက်မိသေးသည်။

သို့သော် ဝမ်မိသားစုစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို ပြန်တွေးလိုက်မိသောကြောင့် သူ့ကြားရမည့်အဖြေက မကောင်းလောက်ကြောင်း ရှောင်းကျဲယွိ နားလည်နေခဲ့သည်။ နောက်ဆုံးတွင် သူက သူ့နှလုံးသားအား နာကျင်စေမည့်အကြောင်းများကို မကြားချင်တော့ဘဲ မမေးရန်သာ ဆုံးဖြတ်လိုက်သည်။

ရှောင်းမိသားစုစစ်တပ်တွင် စစ်သည်များ အားလုံးကို စနစ်တကျ စာရင်းသွင်းထားပြီး တိုက်ပွဲမှ ပြန်လာတိုင်း တိုက်ပွဲတွင် ကျဆုံးခဲ့သော လူအရေအတွက်ကို ရေတွက်ရသည်။ ရှောင်းကျဲယွိက တိုက်ပွဲတွင် ကျဆုံးသွားသော စစ်သည်များအားလုံးကို ခမ်းနားထည်ဝါစွာ သင်္ဂြိုဟ်ပေးခဲ့ပြီး သူတို့၏ မိသားစုများအတွက် လျော်ကြေးငွေများ ပေးအပ်ခဲ့သည်။ သူ့၏ ထိုကြင်နာမှုကြောင့်လည်း စစ်သည်များက သူ့နောက်သို့ လိုက်ရန် ဆန္ဒရှိနေကြခြင်း ဖြစ်သည်။

စူးချင်း ပင်မတဲမှ ထွက်လာချိန်တွင် ရှောင်းကျဲယွိက ဝမ်ချင်းကျစ်၏ ဆံပင်များကို ဆုပ်ကိုင်ကာ ကြက်သတ်နေသလိုမျိုး သူ့လည်ပင်းအား လှီးဖြတ်နေသည်ကို သူမ တွေ့လိုက်ရသည်။ သွေးများက ဖျာထွက်လာပြီး နှင်းပြင်ကြီး အနီရောင် ဖြစ်သွားသည်ကိုလည်း သူမ မြင်လိုက်ရသည်။

စူးချင်းက ပျို့အန်ချင်စိတ်ကို ခံစားလိုက်ရပြီး အော့အန်ရန် နောက်သို့ ပြန်လှည့်လိုက်သည်။ စူးချင်း အော့အန်နေသည်ကို မြင်လိုက်သည်နှင့် ရှောင်းကျဲယွိက လွမ်တောင်ကို ဘေးသို့ ပစ်ချကာ သူမဆီသို့ အမြန်ပြန်သွားလိုက်သည်။ သူက စူးချင်း၏ပခုံးလေးကို ပွေ့ဖက်ပေးထားရင်း သူမ၏ကျောပြင်ကို ညင်ညင်သာသာ ပွတ်သပ်ပေးနေခဲ့သည်။

“ကိုယ် မင်းကို မထွက်လာဖို့ ပြောထားတယ်လေ။ ဘာလို့ ပြောစကား နားမထောင်တာလဲ?"

"ဘာမှ မဖြစ်ပါဘူး"

စူးချင်း၏ မျက်လုံးများမှ မျက်ရည်စများ ထွက်ကျလာသောည်လည်း သူမက ရှောင်းကျဲယွိ စိတ်မပူစေရန် သူမလက်ကို ဝှေ့ယမ်းပြနေသေးသည်။

ထူးဆန်းတာက စစ်မြေပြင်မှာ သွေးတွေဖုံးလွှမ်းနေတဲ့အချိန် သူမ ဒီလိုတစ်ခါမှ မအန်ခဲ့ဖူးဘူး။

အခုမှ ဘာလို့ မထိန်းနိုင်​​တော့တာတုန်း?

စူးချင်က သူမ၏ဗိုက်ကို ညင်သာစွာ ပွတ်သပ်ရင်း ဆက်တွေးနေပြန်သည်။

ကလေးက သူ့အမေကို ဘယ်လို ညှာတာရမှန်း သိနေတာ ဖြစ်နိုင်တယ်။ အဲ့လိုမှမဟုတ်ဘဲ သံချပ်ကာဝတ်ဖွဲ့စည်းပုံမှာ ဝိုင်းရံခံထားရတုန်းက သူမ ကောင်းကင်ကြီး မှောင်မိုက်သွားတဲ့အထိ အော့အန်နေရင် ရွှေ့ရှန့်ကိုတောင် အသက်ရှင်လျက် ပြန်မြင်နိုင်တော့မှာမဟုတ်ဘူး။

“တဲထဲကို ပြန်သွားပြီး အနားယူလိုက်နော်။ ကိုယ် ဒီကိစ္စပြီးတာနဲ့ မင်းကို အဖော်ပြုပေးဖို့ ပြန်လာခဲ့မယ်"

ရှောင်းကျဲယွိက စူးချင်းကို တွဲပေးပြီး အနားယူရန် တဲထဲသို့ ပြန်ပို့ပေးလိုက်သည်။ စူးချင်းက ဒဏ်ရာရစစ်သည်များကို စစ်ဆေးပေးချင်နေသော်လည်း ရှောင်းကျဲယွိကတော့ သူမ အနားယူရန်သာ ဆန္ဒရှိနေခဲ့သည်။ နောက်ဆုံးတွင် စူးချင်းက ဆေးကို ရှောင်းကျဲယွိထံသို့သာ ပေးလိုက်ရတော့သည်။

“ဒဏ်ရာရစစ်သည်တွေကို ဒီဆေးနဲ့ ကုသပေးလိုက်ပါ”

ရှောင်းကျဲယွိက ဆေးကို လှမ်းယူလိုက်ပြီး စူးချင်းကို အချိန်အတော်ကြာ ပွေ့ဖက်ထားလိုက်သည်။

တကယ်တော့ သူ့နှလုံးသားက ကမောက်ကမ ဖြစ်နေခဲ့တာပါ။ ဖခင်ဖြစ်သူ ခံစားခဲ့ရတဲ့ နှိပ်စက်ညှဉ်းပန်းမှုတွေ တွေးမိတိုင်း သူ အဲ့ဒီအမုန်းတရားတွေကို လုံးဝ မစွန့်လွှတ်နိုင်သေးဘူး။

"ချင်းအာ ကျေးဇူးတင်ပါတယ်"

ရှောင်းကျဲယွိက စူးချင်းကို တင်းတင်းကြပ်ကြပ် ဖက်ထားပြီး မခွဲနိုင် မခွာရက်ဖြစ်နေပြန်သည်။ သူက စူးချင်း၏ နဖူးလေးကို နမ်းလိုက်ပြီး နက်ရှိုင်းသော ချစ်ခြင်းမေတ္တာအပြည့်ဖြင့် သူမကို စိုက်ကြည့်နေပြန်သည်။

ချင်းအာကြောင့်သာ မဟုတ်ရင် သူ အကြိမ်ကြိမ် သေပြီးနေလောက်ပြီ။ သူ့အဖေအတွက် လက်စားချေဖို့ဆိုတာ အတွေးနဲ့တောင် မဖြစ်နိုင်ဘူး။

"လင်နဲ့မယားကြားမှာ ဘာကို ကျေးဇူးတင်စရာရှိသေးလို့လဲ?"

စူးချင်းက ရှောင်းကျဲယွိ မျက်မှောင်ကြုတ်ထားသည်ကို မြင်လိုက်ရပြီး သူမ၏လက်ကို မြှောက်ကာ သူ့မျက်ခုံးမွှေးများကို ဖြန့်ပေးလိုက်သည်။ သူမ၏နှုတ်ခမ်းလေးများပေါ်တွင် အပြုံးတစ်ခု ဆင်မြန်းထားပြီး သူမ၏ အသံကလည်း ရေကဲ့သို့ နူးညံ့နေသည်။

“မင်းက ကိုယ်ရဲ့ဇနီးတစ်ယောက်ဆိုရင်တောင် ကိုယ်က ခင်ပွန်းတစ်ယောက်အနေနဲ့ မင်းကို ကျေးဇူးတင်သင့်တယ်"

ရှောင်းကျဲယွိက သူ့ခေါင်းကို ငုံ့လိုက်ပြီး သူ့ရင်ခွင်ထဲမှ အမျိုးသမီးငယ်လေးကို စိုက်ကြည့်လိုက်သည်။

ချင်းအာက သူ့ဘေးနားရှိတိုင်း သူမရဲ့ အေးစက်သော အငွေ့အသက်ကို ဖယ်ရှားပြီး နူးညံ့တဲ့လေပြေလေးလို ပြောင်းလဲသွားတတ်တယ်။ အဲ့အပြုအမူလေးတွေက သူ့နှလုံးသားကို တကယ်ပဲ နွေးထွေးစေတယ်။

ရှောင်းကျဲယွိက ဒဏ်ရာရသူများကို လိုက်လံစစ်ဆေး ကုသပေးခဲ့ပြီး ဝမ်ချင်းကျစ်၏ ခန္ဓာကိုယ်ကို ကိုင်တွယ်ဖြေရှင်းလိုက်သည်။

စူးချင်းကလည်း သူမ၏ခန္ဓာကိုယ်ပေါ်မှ သွေးနံ့များကို ဆေးကြောရန် အလျင်စလို ပြင်ဆင်နေခဲ့သည်။

ဗိုက်ထဲက ကလေးက ဒီအနံ့ကို မကြိုက်ဘူးထင်ပါရဲ့။

သက်တော်စောင့်တစ်ယောက်က ရေပူများ ယူလာပေးခဲ့သည်။ စူးချင်းက သူမ၏အဝတ်အစားများကို ချွတ်ကာ ရေနွေးထဲသို့ ဝင်စိမ်လိုက်ရင်း မျက်လုံးများ မှိတ်ချလိုက်သည်။

သို့သော်လည်း သူမ မတွေးဘဲ မနေနိုင်ဖြစ်နေကာ မျက်မှောင်ကြုတ်လိုက်ပြန်သည်။

ချန်ကျင်းဟိုင်က ဘယ်သူလဲ? ချင်ထျဲနဲ့ တစ်ခုခု ပတ်သတ်နေတာလား?

တော်ဝင်ရုံးတော်ကို ရောက်သွားတဲ့ မော်တာတွေက သူတို့နဲ့ ဘယ်လောက် ပတ်သက်မှု ရှိနေလဲ?

ငါးရက်ကြာပြီးနောက် မြို့တော်ရှိ ချင်မင်းသားအိမ်တော်တွင် ကျေးကျွန်တစ်ဦးက ညဘက် အညစ်အကြေးသွန်ရန် အိမ်နောက်ဖေးမှ ထွက်လာသွားသည်။ သူက တစ်ခုခုကို မတော်တဆ ကန်မိသွားပြီး ထိုအရာက ဘရိုကိတ်သေတ္တာတစ်လုံးဖြစ်နေသည်ကို တွေ့လိုက်ရသည်။ သူ ကန်လိုက်မိသောကြောင့် ထိုသေတ္တာက လှေကားထစ်အောက်သို့ ပြုတ်ကျသွားပြီး သေတ္တာထဲမှအရာ လှိမ့်ထွက်လာသည်။ အညစ်အကြေးသွန်ရန် ထွက်လာသည့် ကျေးကျွန်က ထိုအရာ လှမ်းကြည့်လိုက်ပြီး ထိတ်လန့်တုန်လှုပ်သွားကာ သူ့လက်များ တုန်ခါလာသောကြောင့် သူ့လက်ထဲမှ အညစ်အကြေးများက သေတ္တာထဲမှ ထွက်လာသည့်အရာပေါ်သို့ ဖိတ်စင်ကျသွားတော့သည်။

All Chapters