← Chapters

အမျိုးသမီးစစ်သည်တော်

Vol. 37 Ch. 543

အမျိုးသမီးစစ်သည်တော်

Vol. 37 Ch. 543

“‌ရွှေရှန့်”

စူးချင်းက မြို့ရိုးပေါ်တွင် ဝပ်နေရင်း မီးခိုးများကို ကြည့်ကာ လှမ်းအော်လိုက်သည်။ ထိုမီးခိုးငွေ့များကလည်း တောင်တန်းတစ်ခုလုံးနီးပါး ပြန့်ကျဲနေလေသည်။ စူးချင်းအနေဖြင့် သူမ ယခင်က ဤမျှလောက်ထိ တစ်ခါမှ မထိတ်လန့်ခဲ့ဖူးချေ။ တိုက်ပွဲတွင် သူမ တစ်ဦးတည်း ကျန်နေခဲ့ချိန်မှာပင် သူမ မကြောက်မရွံ့ တုံ့ပြန်တိုက်ခိုက်နိုင်ခဲ့သည်။ သို့သော် ယခုမူကား သူမ ထိတ်လန့်တုန်လှုပ်နေပြီ ဖြစ်သည်။

ရွှေ့ရှန့်၊ ရှင် အဆင်ပြေမှ ဖြစ်မယ်။ ရှင် ဘာမှ မဖြစ်ရဘူးနော်၊ ကျွန်မတို့ရဲ့ကလေးက ရှင့်ကို မတွေ့ရသေးဘူးလေ။

စူးချင်း၏ မျက်လုံးများက နီရဲနေပြီး သူမ၏လည်ချောင်းထဲတွင် ဆို့နင့်နေသလို ခံစားနေရသည်။ သူမ၏ မျက်လုံးများတွင်လည်း အမုန်းရိပ်များ ပြည့်နှက်နေပြီး သူမ၏လက်သီးများကို တင်းနေအောင် ဆုပ်ထားခဲ့သည်။ သူမရင်တွင်းထဲတွင်လည်း အော်ဟစ်နေသည့် မေးခွန်းများ စီတန်းနေလေသည်။

အဲဒါဘယ်သူလဲ? ဘယ်သူက နန်းတွင်းကို မော်တာလုပ်နည်း ပေးလိုက်တာလဲ? ချင်ထျဲလား? သူက တော်ဝင်ရုံးတော်ရဲ့ သူလျှိုဖြစ်လား?

လက်ရှိအချိန်တွင် စူးချင်းက ကမ္ဘာကြီးကို ဖျက်ဆီးပစ်ရန် တွန်းအားပေးခံနေရသလိုမျိုး ဖြစ်နေခဲ့သည်။ သူမက အံကြိတ်ကာ အေးစက်သောမျက်လုံးများဖြင့် ရှောင်းမိသားစုစစ်တပ်ဘက်သို့ အော်ဟစ်အမိန့်ပေးလိုက်သည်။

“တံခါးဖွင့်ကြစမ်း”

ရွှေ့ရှန့်အတွက် လက်စားချေဖို့ ဝမ်မိသားစုစစ်တပ်က လူတွေအားလုံးကို အခုချက်ချင်း သွားသတ်ရမယ်။

“သခင်မလေး”

မြို့စောင့်တပ်ဖွဲ့ခေါင်းဆောင်က စူးချင်းပါ သေသွားမည်ကို စိုးရိမ်နေပြီး သူမကို နှစ်သိမ့်ပေးချင်နေသော်လည်း စူးချင်း၏ စူးစူးရှရှအကြည့်များကြောင့် သူ စကားတစ်ခွန်းမှ ဆက်မပြောရဲသည်အထိ ကြောက်ရွံ့သွားရသည်။ သို့သော်လည်း သူက စူးချင်းနှင့်အတူ မြို့ပြင်သို့ လိုက်သွားရန် စစ်သည်များကို ချက်ချင်း စုရုံးလိုက်သည်။

သခင်လေးက လော့ချန်ကို ကာကွယ်ရင်း သေဆုံးသွားပြီ။ သူတို့ရဲ့သခင်လေးအတွက် လက်စားချေပေးဖို့နဲ့ အခု သခင်မလေးကို ကာကွယ်ဖို့က သူတို့ရဲ့တာဝန်ပဲ။ သူတို့ ဝမ်မိသားစုစစ်တပ် မဖြစ်မနေ ပြန်တိုက်ခိုက်ရမယ်။

စူးချင်းကလည်း ထိုစစ်သည်များကို လုံးဝမတားပေ။

သူမနဲ့ ရွှေ့ရှန့်တို့က ဒီစစ်သည်တွေအပါအဝင် သာမန်ပြည်သူတွေအားလုံးအတွက် ငြိမ်းချမ်းတဲ့ကမ္ဘာကြီး ဖန်တီးပေးဖို့ တိုက်ပွဲဝင်ခဲ့ကြတာ မဟုတ်ဘူးလား? အခုက သူတို့ ပြန်ပေးဆပ်ရမယ့်အလှည့်ပဲ။

သူမတစ်ကိုယ်လုံးတွင် ​​ဝမ်းနည်းပူဆွေးမှုများနှင့် ပြည့်နှက်နေသော်လည်း စူးချင်းထံတွင် ဆင်ခြင်တုံတရားရှိနေဆဲဖြစ်သည်။ သူမက ကလဲ့စားချေရန် အလျင်စလို ပြေးမထွက်ဘဲ သေသေချာချာ စီစဥ်နေသေးသည်။

သူမတို့ဘက်က ဒီလောက် လူနည်းနည်းနဲ့ ထွက်သွားရင် အနိုင်ရဖို့ အခွင့်အလမ်းက အရမ်း နည်းသွားလိမ့်မယ်။ သူမက သေဖို့ ပြေးထွက်သွားချင်တာ မဟုတ်ဘူး။ ရွှေ့ရှန့်အတွက်ပဲ လက်စားချေချင်တာ။ ပြီးတော့ သူမဆီမှာ ရွှေ့ရှန့်ရဲ့ကလေးရှိနေပြီး သူရဲ့မျိုးဆက်သွေးသားကို သူမ ကာကွယ်ရမယ်။ အခု သူမ သူမရဲ့ခန္ဓာကိုယ်ကို အရင်ကထက် ပိုဂရုစိုက်ရမယ်။

ထိုအတွေးများကြောင့် စူးချင်းက လှည်းများတပ်ဆင်စေပြီး မော်တာများနှင့် ကျည်များ တင်ဆောင်ခိုင်းလိုက်သည်။ သူမ၏စနစ်ထဲတွင် မော်တာကျည်လေးလုံး ရှိနေသေးသောကြောင့် ထိုအရာများက ဝမ်မိသားစုစစ်တပ်ကို ဖြိုခွဲရန် လုံလောက်နေပြီ ဖြစ်သည်။

လိုအပ်သည့်အစီအစဥ်များ ပြင်ဆင်ရန် အမိန့်ပေးနေသည့် စူးချင်း၏မျက်လုံးများတွင် သတ်ဖြတ်ခြင်းဆန္ဒများဖြင့် ပြည့်နှက်နေခဲ့သည်။ မြို့ကို ကာကွယ်ရန် ရှောင်းမိသားစုစစ်တပ်၏ အစိတ်အပိုင်း အနည်းငယ်မျှသာ နေရစ်ခဲ့ကြပြီး ကျန်သူများက ရှောင်းကျဲယွိအတွက် လက်စားချေရန် စူးချင်းနောက်သို့ လိုက်လာကြသည်။

တစ်ဖက်တွင် ဝမ်ချင်းကျစ်ကလည်း သူ့တပ်များကို ပြန်စုစည်းနေပြီ ဖြစ်သည်။ သူက ငွေရောင်ချပ်ဝတ်တန်ဆာကို ဝတ်ဆင်ထားပြီး မြင်းဖြူကြီးပေါ်တွင် ထိုင်နေကာ ငွေရောင်လှံကို ကိုင်ဆောင်ထားသည်။ ဤစစ်မြင်းက သူနှင့်အတူ တိုက်ပွဲပေါင်းများစွာ ဆင်နွှဲခဲ့ပြီး စစ်မြင်းနှင့် မြင်းစီးစစ်သူရဲကြားတွင် တိတ်တဆိတ် နားလည်မှုတစ်ခု ဖန်တီးထားပြီးသား ဖြစ်သည်။ ဝမ်ချင်းကျစ်က ခံ့ညားစွာ အော်ဟစ်အမိန့်ပေးလိုက်ပြီး အံကြိတ်ကာ စစ်မြေပြင်ကို စေ့စေ့ကြည့်နေခဲ့သည်။ သူ့၏မျက်လုံးများက သားကောင်ကို စိုက်ကြည့်နေသည့် ကျားတစ်ကောင်ကဲ့သို့ ဖြစ်နေပြီး မြို့ကို သိမ်းပိုက်ရန် မစောင့်နိုင်တော့ပုံရသည်။

ဝမ်ချင်းကျစ်က အဖွဲ့၏ရှေ့ဆုံးမှ မြင်းစီးလာနေသည့် စူးချင်းကို လက်ညှိုးထိုးပြကာ အသံနက်ကြီးဖြင့် အမိန့်ပေးလိုက်သည်။

“အဲ့မိန်းမကို ဖမ်းနိုင်ရင် လျန်တစ်ထောင် ဆုချီးမြှင့်ခံရမယ်”

စစ်သည်များကလည်း ချက်ချင်း စိတ်လှုပ်ရှားသွားကြသည်။

ဆုငွေ လျန်တစ်ထောင်လား? ဒီအမျိုးသမီးကို ဖမ်းနိုင်ရုံနဲ့ မွေးရပ်မြေကို ဂုဏ်ရှိရှိ ပြန်သွားနိုင်မှာနော်။

“ဖမ်းကြဟေ့... ဖမ်းကြ”

တပ်ဖွဲ့ကြီးသုံးခုမှ စစ်သည်များက သူတို့၏လက်နက်များကို မြှောက်ကာ အော်ဟစ် လိုက်ကြသည်။

(t/n: တပ်ဖွဲ့ကြီးသုံးခုဆိုတာက ခြေလျင်ရှေ့ပြေးတပ်၊ မြင်းတပ်၊ အမြောက်တပ် အဲ့သုံးခုကို ပြောတာထင်တယ်)

ဝမ်ချင်းကျစ်က စူးချင်းကို စိတ်အားထက်သန်စွာ ကြည့်နေခဲ့သည်။

ဒီမိန်းမက အရမ်းအစွမ်းထက်ပြီး အရမ်းလှပတယ်လို့ သူ ကြားဖူးတယ်။ သူ သူမကို အရှင်ဖမ်းပြီး သူ့လူဖြစ်အောင် လုပ်ရမယ်။ သူမကို ဖမ်းဆုပ်နိုင်တာက ရှောင်းမိသားစုရဲ့ကလေးကို အောင်နိုင်လိုက်ခြင်းအတွက် ပြီးပြည့်စုံတဲ့ဆုလာဒ်ကြီးပဲ။

အတိအကျပြောရလျှင် ဝမ်ချင်းကျစ်က သူ့၏ညစ်ညမ်းသော ထိုအတွေးများကြောင့် သူ့လက်အောက်ငယ်သားများအား စူးချင်းကို အသေပစ်သတ်ရန် အမိန့်မပေးဘဲ အရှင်ဖမ်းခိုင်းလိုက်ခြင်း ဖြစ်သည်။ သူက စူးချင်းကို အရှင် ဖမ်းချုပ်ထားပြီး သူ့အတွက် ပိုအစွမ်းထက်သော လက်နက်တစ်ခု ဖန်တီးခိုင်းရန်ပင် တွေးနေပြီ ဖြစ်သည်။

စူးချင်းက ရှောင်းကျဲယွိ ဖောက်ခွဲခံလိုက်ရသည့်နေရာဆီသို့ အရင်ပြေးသွားခဲ့သည်။ သူမက ရှောင်းကျဲယွိ၏ သွေးစွန်းနေသော ခန္ဓာကိုယ်ကို သူမ မြင်ရတော့မည်ဟု တွေးထားခဲ့သည်။ သူမက မြေပြင်ပေါ်ရှိ စစ်သည်များ၏ အလောင်းများကို ဂရုတစိုက် ကြည့်ရှုခဲ့သော်လည်း ရှောင်းကျဲယွိ၏ အရိပ်အယောင်ကိုပင် မတွေ့ရပေ။

"မင်းတို့ ရှေ့ကနေ သွားပြီး သူတို့ကို ဝိုင်းရံထားကြ"

စူးချင်းထံတွင် ရှောင်းကျဲယွိကို ရှာဖွေရန် အချိန်အကြာကြီး မရှိသလို သူမတို့ရှေ့မှ ဝမ်မိသားစုစစ်သည်များက သူမတို့ထက် နှစ်ဆမက ပိုများနေသောကြောင့် အချိန်အကြာကြီးလည်း ဝမ်းနည်းမနေနိုင်တော့ပေ။ သူမက စစ်သည်များကို အမိန့်ပေးလိုက်ပြီး သူမက မော်တာကျည်ထည့်ရန် ပြင်ဆင်လိုက်သည်။ သူမက ဝမ်ချင်းကျစ်၏အမြင်အာရုံကို လှည့်စားရန် ရှေ့ပြေးစစ်သည်တစ်စု အရင်စေလွှတ်လိုက်ခြင်းသာ ဖြစ်ပြီး အနောက်မှ စစ်သည်များက မော်တာများကို စူးချင်း သတ်မှတ်ပေးသည့်နေရာများသို့ အမြန် သယ်ဆောင်သွားကြသည်။

မော်တာများ တပ်ဆင်ပြီးသည်နှင့် ဆန့်ကျင်ဘက်မှ လွင့်ပျံနေသော အဝါရောင်ဖုန်လုံးကြီးများကို သူတို့ တွေ့လိုက်ရသည်။ အဝါရောင်ဖုန်သမုဒ္ဒရာကြီးက သူတို့အားလုံးကို အလျင်အမြန် ဝါးမြိုတော့မလို ခံစားရစေသည်။

"မီးညှိ"

စူးချင်းက မြင်းပေါ်တွင် အေးအေးဆေးဆေး ထိုင်နေပြီး ရှေ့တန်းမှ စစ်သည်များကို ဘေးဖယ်ခိုင်းလိုက်ကာ နောက်မှ စစ်သည်များကို ပစ်ခတ်ခိုင်းလိုက်သည်။

စစ်သည်များ ရှောင်သွားသည်နှင့် တပြိုင်နက် ရှေ့ဆုံးမှ ပြေးလာနေသည့် ဝမ်ချင်းကျစ်က ထိုမော်တာများကို လှမ်းတွေ့သွားတော့သည်။ သူက သူ့နောက်မှ တပ်များကို ရှောင်တမ်းရန် လှမ်းအော်ပြောလိုက်သော်လည်း နောက်ကျသွားပြီ ဖြစ်သည်။ ကျည်ဆန်များက လေထဲသို့ ရောက်နေပြီဖြစ်ကာ ကံကြမ္မာက အန္တရာယ်ကို ဆွဲငင်ရင်း ဝမ်မိသားစုစစ်တပ်၏အလယ်သို့ ကျရောက်လာပြီ ဖြစ်သည်။ ကျည်ကျလာသည်နှင့် ချက်ချင်း ပေါက်ကွဲသွားပြီး ကြီးမာသောနေရာကြီးတစ်ခုစာ ပျက်စီးသွားစေခဲ့သည်။

"ဒီဘက်ကို ထပ်ပစ်"

စူးချင်းက သူမ၏လက်သီးကို တင်းနေအောင် ဆုပ်ထားပြီး သူမ၏ လှပသော မျက်လုံးလေးများက ဓားသွားများကဲ့သို့ အေးစက်နေသည်။ သူမက ဖရိုဖရဲဖြစ်နေသည့် ဝမ်မိသားစုစစ်တပ်ကို စိုက်ကြည့်နေရင်း လူများစွာရှိနေသည့် အရှေ့မြောက်ထောင့်ကို ထပ်ပစ်ရန် ညွှန်ပြနေပြန်သည်။ သူမ ဒုတိယမြောက် မော်တာကျည်ကို ပစ်ခတ်ရန် အမိန့်ပေးချိန်တွင် ဝမ်ချင်းကျစ်ကလည်း အပိုင်းပိုင်း ပြိုကွဲသွားသည့် သူ့တပ်များကို ကြည့်နေပြီး မုန်းတီးမှုကြောင့် သွားများပင် ယားယံလာတော့သည်။

“အဲဒီမိန်းမကို အသေသတ်ပစ်လိုက်တော့”

ဒီအချိန်မှာ သူ ဒီမိန်းမကို မလိုချင်တော့ဘူး။ ဒီမိန်းမက ရက်စက်လွန်းပြီး တည်ငြိမ်လွန်းတယ်။ သူမ အသက်ရှင်ခွင့် ပေးလိုက်တာက သူ့ကိုယ်သူ ဘေးဥပဒ်ဖြစ်စေတာနဲ့ အတူတူပဲ။

“သတ်ကြ”

ဝမ်ချင်းကျစ် အော်ဟစ်အမိန့်ပေးနေသော်လည်း ဆူညံပွတ်လောရိုက်နေသည့် အော်သံများက ဝမ်ချင်းကျစ်၏အမိန့်သံကို ဖုံးလွှမ်းသွားပြီး သူ့အနောက်ဘက်ရှိ မော်တာပစ်ရန် တာဝန်ယူထားသည့် တပ်သားများက ထိုအသံကို မကြားရတော့ပေ။ သူ အမိန့်ပေးလိုက်သော်လည်း မော်တာကျည်ကို ထပ်မထည့်ကြောင်း မြင်လိုက်ရချိန်တွင် ဝမ်ချင်းကျစ်က ဒေါသတကြီး အော်ဟစ်လိုက်ပြန်သည်။

"မီးညှိ!"

သူက အမိန့်ပေးနေရင်း ပစ်ခတ်ရန် လက်ဟန်ခြေဟန် လုပ်ပြလိုက်သည်။ ဤတစ်ကြိမ်တွင် ပစ်ခတ်ရန် တာဝန်ရှိသော စစ်သည်များက နားလည်သွားပြီး ကျည်များကို မော်တာများထဲသို့ ကမန်းကတန်း ထည့်လိုက်ကြသည်။ သို့သော် စစ်မြေပြင်က ရှုပ်ထွေးကာ လုံးဝ ပရမ်းပတာ ဖြစ်နေခဲ့သည်သည်။ မြင်းများကလည်း ပေါက်ကွဲသံကြောင့် ကြောက်လန့်တကြားပြီး လှည့်ပတ်ပြေးလွှားနေကြပြီး သူတို့၏ အမြင်အာရုံကို ပိတ်ဆို့ထားကြသည်။ သူတို့ထံတွင် မော်တာကျည်နှစ်တောင့်သာ ကျန်နေသောကြောင့် ပေါ့ပေါ့ဆဆ မပစ်ရဲဘဲ လမ်းကြောင်းမှန်ကို ဦးတည်ချိန်ရွယ်နိုင်ရန် အသဲအသန်ကကြိုးစားနေရသည်။

ဝမ်မိသားစုစစ်တပ်၏ အမြောက်တပ်က ရန်သူကို ရင်ဆိုင်ရန် ကြိုးစားနေချိန်တွင် စူးချင်းကလည်း သူတို့၏ လှုပ်ရှားမှုများကို သတိပြုမိနေပြီ ဖြစ်သည်။ သူမက ရှေ့မှ ဦးဆောင်ပြီး ရန်သူ့စခန်းဆီသို့ ပြေးသွားတော့သည်။

ဝမ်ချင်းကျစ်ကလည်း စူးချင်း၏ အပြုအမူကို သတိပြုမိသွားပြီး သူမကို တားဆီးရန် သူ့၏ငွေရောင်လှံကို မြှောက်တင်လိုက်သည်။ ဝမ်ချင်းကျစ်က အေးဆေးတည်ငြိမ်သူ ဖြစ်သော်လည်း သူက အမျိုးသား စစ်အာဏာရှင်တစ်ဦး ဖြစ်နေဆဲ ဖြစ်သည်။ ထို့ကြောင့် သူက ဖိုဝါဒဖြင့် စူးချင်း သူ့ထက် နိမ့်ကျသည်ဟုသာ တစ်ထစ်ချ သတ်မှတ်ထားခဲ့သည်။ နောက်ဆုံးတွင် ရလဒ်အနေဖြင့် သူ့လက်ထဲက ငွေ‌ရောင်လှံက တစ်စုံတစ်ခုကို တိုက်မိကာ ပြုတ်ကျသွားပြီး သူ့လည်ပင်းဆီသို့ ငွေရောင်အလင်းတန်းတစ်ခု တိုးဝင်လာသည်ကို သူ ခံစားလိုက်ရသည်။ ဝမ်ချင်းကျစ်လည်း အလွန်ထိတ်လန့်သွားပြီး စူးချင်း၏ ပြင်းထန်သော ထိုးနှက်ချက်ကို ရှောင်ရှားရန် အဆောတလျင် ပုန်းအောင်းလိုက်ရသည်။ သို့သော် သူ အလွန်ကြောက်ရွံ့နေပြီး ချွေးအေးများ ထွက်နေပြီ ဖြစ်သည်။

ဝမ်ချင်းကျစ်ကို တစ်ချက်တည်းဖြင့် မသတ်နိုင်ခဲ့သော်လည်း စူးချင်းက သူ့ကို ဆက်မတိုက်တော့ပေ။ သူမက သူမ၏မြင်းကို လုံးဝ အရှိန်မလျှော့ဘဲ ဝမ်မိသားစုတပ်စခန်းဆီသို့သာ ဆက်လက် ပြေးဝင်သွားတော့သည်။

တာ့ဟေးနှင့် သူမကြားရှိ နားလည်မှုကလည်း ပြောစရာမလိုအောင် လိုက်လျောညီထွေ ရှိနေပြီး ဖြစ်သည်။ သခင်က သူ့ဗိုက်ကို ခြေဖြင့်တစ်ချက်ဖိလိုက်ရုံဖြင့် သခင်ဖြစ်သူ တိုက်ခိုက်တော့မည်ကို တာ့ဟေးက နားလည်နိုင်သည်။ သူက သူ့၏ခွာလေးခုကို တပြိုင်နက် ကြွကာ ကုန်းမြေပေါ်တွင် ပျံသန်းနေသကဲ့သို့ ပြေးလွှာနေရာ သူ့၏အမြန်နှုန်းက လျှပ်စီးကဲ့သို့ မြန်ဆန်လွန်းလှသည်။ စူးချင်းနှင့် သူမ၏မြင်းကို တားဆီးလိုသော ဝမ်မိသားစုစစ်သည်များ အားလုံး တာ့ဟေး၏ခွာချက်ကြောင့် လွှင့်စင်ကုန်ကြပြန်သည်။ ထို့အပြင် စူးချင်းကလည်း သူတို့ကို ထောပတ်တုံးအား ဓားပူပူဖြင့် ဖြတ်သကဲ့သို့ သတ်ဖြတ်နေရင်း ရှေ့သို့ ဆက်တိုးနေခဲ့သည်။ နတ်ဆိုးတပိုင်း နတ်ဘုရားတစ်ပိုင်း ဖြစ်လာသည့် စူးချင်းကို မည်သူမျှ မတားဆီးနိုင်တော့ သူမ သူတို့၏ တပ်စခန်းဆီသို့ ပြေးလွှားလာနေသည်ကိုသာ ကူကယ်ရာမဲ့ စောင့်ကြည့်နေကြရတော့သည်။

"အဲ့မိန်းမကို မော်တာနဲ့ပစ်ပြီး ဖောက်ခွဲလိုက်ကြ"

ဝမ်ချင်းကျစ်က အမြောက်တပ်များကို အသံကျယ်ကျယ်ဖြင့် အမိန့်ပေးရင်း စူးချင်း၏နောက်ကို လိုက်သွားပြန်သည်။

ပစ်ခတ်မှုအတွက် တာဝန်ယူထားသည့် စစ်သည်များကလည်း စူးချင်းကို သတိပြုမိသွားပြီး ထိတ်လန့်တကြားဖြင့် မော်တာများကို သူမထံသို့ ချိန်ရွယ်လိုက်ကြသည်။ သို့သော်လည်း ဝမ်ချင်းကျစ်က သူမ၏နောက်မှ ထပ်ချပ်မခွာ လိုက်နေခဲ့သည်။ စစ်သည်များက သူတို့မင်းသားအား မတော်တဆ ပြန်ဖောက်ခွဲမိမည်ကို ကြောက်ရွံ့နေကြပြီး လုံးဝ မပစ်ခတ်ရဲကြပေ။

အဲဒါက သူတို့ရဲ့အိမ်တွေကို စီးနင်းဝင်ရောက်ပြီး မျိုးဆက်ကိုးဆက် အသတ်ခံရမယ့် ရာဇဝတ်မှုကြီး ဖြစ်လာစေလိမ့်မယ်။

သူတို့ အလွန်ကြောက်ရွံ့နေခြင်းက စူးချင်းအတွက် အချိန် ပေးလိုက်ခြင်းသာ ဖြစ်သည်။ သူမ မော်တာများ ရှေ့သို့ ရောက်ခါနီးအထိ သူတို့ အချိန်မီ မပစ်ခတ်နိုင်ခဲ့သဖြင့် စူးချင်းက သူတို့ကို မြှားဖြင့် စတင်ပစ်ခတ် သတ်ဖြတ်နေပြီ ဖြစ်သည်။

ဝမ်ချင်းကျစ်က စူးချင်း ထိုစစ်သည်များကို သတ်ပြီး မော်တာကို ကြာပွတ်ဖြင့် ဆွဲ ယူနေသည်ကို လှမ်းမြင်နေရသည်။ သို့သော် ထိုမော်တာက သူ့မျက်လုံးရှေ့မှာပင် လေထဲသို့ တိုးဝင်ပျောက်ကွယ်သွားသောကြောင့် သူ အလွန်အမင်း တုန်လှုပ်သွားရပြန်သည်။

ဒီမိန်းမက နတ်ဆိုးတစ်ကောင်လား? သူ သူမကို စေ့စေ့ကြည့်နေပေမယ့် သူမ အဲ့ဒီမော်တာကို ဘယ်နေရာ ပို့လိုက်မှန်း သူ လုံးဝ မသိလိုက်ရဘူး။

စူးချင်းကတော့ မော်တာကို ဖယ်ရှားနိုင်ခဲ့သည့်အတွက် လုံးဝ စိုးရိမ်စိတ် မရှိတော့ပေ။ သူမက သူမ၏မြင်းကို ပြန်လှည့်လာပြီး ဝမ်ချင်းကျစ်ကို အေးစက်စွာ စိုက်ကြည့်နေသည်။ သူမ၏အသံက မြောက်အရပ်မှ လေပြင်းတိုက်သံကဲ့သို့ဖြစ်ပြီး လူအများကို အေးခဲသွားသလို ခံစားရစေသည်။

"ကဲ၊ နင်နဲ့ ငါ အကြွေး ရှင်းဖို့ အချိန်ရောက်ပြီ!"

All Chapters