← Chapters

ဘိုးဘေးနန်းတော်၏ လှောင်အိမ်

Vol. 137 Ch. 1770

ဘိုးဘေးနန်းတော်၏ လှောင်အိမ်

Vol. 137 Ch. 1770

အခွင့်အရေး ရလျှင်ချင်း ကောင်းကင်နတ်အရှင်ယွဲ့၊ ကောင်းကင်နတ်အရှင်ရုံ၊ ရှုရှန်းဟွာ၊ လန်ယွီတျန်းနှင့် ကျန်ရှိသူများအားလုံး ထွက်ပြေးကြသည်။ တစ်ယောက်ပြီးတစ်ယောက် လောကပေါင်းကူးရွှေသင်္ဘောပေါ်သို့ ဆင်းသက်ကာ သင်္ဘောထိပ်ရှိ သတ်လတ်ပိုင်းလူအား စိတ်လှုပ်ရှားစွာ ကြည့်နေမိကြသည်။

၄၂ နှစ် ကြာခဲ့ပြီ

ခိုင်ဧကရာဇ်ချင်ယဲ့ကား နောက်ဆုံးတွင် လောကပေါင်းကူးရွှေသင်္ဘောပေါ်၌ ပြန်ပေါ်လာခဲ့ချေပြီ။

ခိုင်ဧကရာဇ်ချင်ယဲ့က သင်္ဘောထိပ်တွင် ရပ်နေသည်။ သူ့အနောက်တွင် ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံသည် ဓားတာအို၏ ပိုမိုခမ်းနားတင့်တယ်နေသော ပုံပန်းသဏ္ဍာန်ကို ပြသနေ၏။

ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် ဓားရောင် ထောင်ပေါင်းများစွာ စုစည်းလာပြီး ဓားတာအို၏ တာအိုသစ်ပင်ကို ဖွဲ့တည်လိုက်သည်။

ဤမဟာခြုံလွှမ်းကောင်းကင်ဘုံ ဖြစ်တည်လာသည့် အမြန်နှုန်းက အဝေးမှ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကို ကြောင်အနေစေသည်။

သူသည် ခိုင်ဧကရာဇ်ချင်ယဲ့နှင့် ဆင်တူသည် မဟုတ်လော။ နှစ်ယောက်လုံး မဟာခြုံလွှမ်းကောင်းကင်ဘုံ ပျက်စီးသွားပြီး တာအိုသစ်ပင် ဖျက်ဆီးခံခဲ့ရသည်။

ကောင်းကင်နတ်အရှင်ယွင် သခင်လေးနှစ်၏ ကိုယ်ပွားကို သတ်ခဲ့စဉ်က သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် တာအိုသစ်ပင်ကိုပါ တစ်ပါတည်း ဖျက်ဆီးပစ်ခဲ့သည်။ မဟာခြုံလွှမ်းကောင်းကင်ဘုံကို ပြန်လည်တည်ဆောက်လိုပါက ခွန်အားဖြင့် တာအိုရရှိရန် လိုအပ်၏။ အဆက်မပြတ် အားမွေး၍ ကိုယ်ပိုင်ခွန်အားဖြင့် ဟင်းလင်းပြင်ပေါ်တွင် တံဆိပ်ခတ်နှိပ်ရပေလိမ့်မည်။

ထိုသို့ ပြုလုပ်ရန် အချိန်လိုသည်။

ယခုအချိန်အထိ ရက်အနည်းငယ် ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း သူ၏ မဟာခြုံလွှမ်းကောင်းကင်ဘုံမှာ ရုပ်လုံးမပေါ်နိုင်သေးပေ။

ခိုင်ဧကရာဇ်မှာမူ သခင်လေးလေး ကျစ်ရှောင်ကြောင့် အရာအားလုံး ဖျက်ဆီးခံခဲ့ရသည်။ တာအိုပန်းပွင့်သာ ကျန်ခဲ့ပြီး လောကပေါင်းကူးရွှေသင်္ဘောထဲသို့ မျောပါသွားခဲ့သည်။ ယုတ္တိကျကျပြောရပါက ခိုင်ဧကရာဇ်သည် အသက်ပြန်ရှင်လာ၍ မဟာခြုံလွှမ်းကောင်းကင်ဘုံကို တည်ဆောက်လျှင် သူထက် ပိုမိုနှေးကွေးသင့်သည်။

သို့သော် ခိုင်ဧကရာဇ်ချင်ယဲ့က ပေါ်လာသည်နှင့်တစ်ပြိုင်နက် တာအိုစနစ်၏ ကောင်းကင်ဘုံ ၃၆ ထပ်ဖြင့် ဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်ကာ ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံကို နောက်တစ်ကြိမ် ထွက်ပေါ်လာစေခဲ့ချေပြီ။ မြန်ဆန်လွန်းသဖြင့် သူ့မှာ ငေးကြည့်နေရကာ လိုက်မမှီနိုင်တော့ချေ။

ခိုင်ဧကရာဇ်ကား သေသွားပြီမဟုတ်လော။

သခင်လေးလေး ကျစ်ရှောင်၏ ဗျပ်စောင်းကြိုးကို ကောင်းကင်နတ်ဧကရာဇ်ဟောင်ကိုယ်တိုင် ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်၏ ဖရိုဖရဲမြစ်ထဲမှ ဆွဲထုတ်ခဲ့သည်။ ၎င်းကို ဖန်ဆင်းကောင်းကင်လက်နက်တွင် ချည်နှောင်ခဲ့၏။ ယိုတုတိုက်ပွဲတွင် သူသည် ဗျပ်စောင်းကြိုးကို သုံး၍ ပြိုင်ဘက်မှန်သမျှ တစ်ပြိုင်နက် ရှင်းပစ်ရန် ပြင်ဆင်ခဲ့သည်။

သူ၏ အကြီးမားဆုံး ရည်ရွယ်ချက်က ကောင်းကင်နတ်အရှင်လင်အား သတ်ရန်ပင်။

နောက်ဆုံးတွင် ခိုင်ဧကရာဇ်ချင်ယဲ့က ကောင်းကင်နတ်အရှင်လင်အတွက် ဗျပ်စောင်းကြိုး၏ စွမ်းအားကို ခုခံကာ အသက်ပေးကာကွယ်ခဲ့သည်။

ခိုင်ဧကရာဇ်ချင်ယဲ့အနေဖြင့် တာအိုပန်းပွင့်ကို ထိန်းသိမ်းထားနိုင်ခဲ့လျှင်မှ ယခုကဲ့သို့ ပြည့်ပြည့်စုံစုံ ပေါ်လာရန် မဖြစ်နိုင်ပေ။ ကောင်းကင်နတ်ဧကရာဇ်ဟောင်ကိုယ်တိုင် ခိုင်ဧကရာဇ်ချင်ယဲ့ သူ့အရှေ့တွင် သေဆုံးသွားသည်ကို မျက်ဝါးထင်ထင် ‌တွေ့မြင်ခဲ့ရ၏။ အမှားအယွင်းရှိခဲ့မည်မဟုတ်ချေ။

သခင်လေးလေး ကျစ်ရှောင် သတ်ခဲ့သူသည် မည်သို့နည်းနှင့်မှ ပြန်လည် အသက်ရှင်နိုင်မည် မဟုတ်။

ထိုသို့ဆိုလျှင် ခိုင်ဧကရာဇ်ချင်ယဲ့ကား အဘယ်သို့ပြု၍ အသက်ရှင်လာပါသနည်း။ သခင်လေးလေး ကျစ်ရှောင်၏ ကောင်းကင်နတ်သိုင်းအောက်မှ မည်သူက သူ့ကို ကယ်တင်ကာ ၄၂ နှစ်ကြာပြီး ယနေ့အချိန်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့ပါသနည်း။

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ တုန်လှုပ်ချောက်ချားစွာဖြင့် ချင်မူ၏ အရိပ်အား မြင်ယောင်လာမိသည်။ ချင်မူ၏ ကြီးကျယ်ခမ်းနားသော ပုံရိပ်ကို မော့ကြည့်နေရသကဲ့သို့ ခံစားလိုက်ရပြီး ချင်မူ့မျက်နှာပေါ်ရှိ လှောင်ပြုံးက အေးစက်နေသည်။

“သခင်လေးခုနစ် ချင်မူ... သူ ဒါတွေအားလုံးကို လျှို့ဝှက်ထိန်းချုပ်နေတာပဲ”

ကောင်းကင်နတ်ဧကရာဇ်ဟောင်မှာ ကြက်သီးမွှေးညင်း ထသွားပြီး ကျောရိုးတ‌လျှောက် အေးစိမ့်သွားတော့၏။

သခင်လေးခုနစ် ချင်မူသည် သခင်လေးလေး ကျစ်ရှောင်၏ မျက်စိအောက်မှ ခိုင်ဧကရာဇ်ချင်ယဲ့ကို ကယ်တင်ခဲ့၏။ သခင်လေးလေးပင် သတိမထားမဲ့ချေ။ ယင်းက ချင်မူ အတိတ်သို့ ပြန်သွားပြီးနောက် သူ၏ ကျင့်စဉ်၊ လမ်းစဉ်နှင့် ကောင်းကင်နတ်တို့၏ နက်နဲကျယ်ပြန့်မှုမှာ သခင်လေးလေးထက် ကျော်လွန်ခဲ့ကြောင်း ဖော်ပြနေသည်။

ယခင်က ယွမ်တုတိုက်ပွဲတွင် ကောင်းကင်နတ်ဘုံကား အပြတ်အသတ် အနိုင်ရခဲ့သယောင် ထင်ခဲ့ရသည်။ သခင်လေးလေး ကျစ်ရှောင်သည် ကိုယ်တိုင် မဆင်းသက်ခဲ့သော်လည်း ဗျပ်စောင်းကြိုးတစ်ကြိုးဖြင့် ၁၇ စင်းမြောက် စကြဝဠာ ၏ အနာဂတ်လမ်းကြောင်းကို လွှမ်းမိုးခဲ့သည်။ သို့သော် အမှန်တကယ်တွင် သခင်လေးခုနစ် ချင်မူက သခင်လေးလေးနှင့် လျှို့ဝှက်စွာ ယှဉ်ပြိုင်နေခဲ့ပြီး အသာစီးရနေခဲ့လေသည်။

၁၇ စင်းမြောက် စကြဝဠာ၏ ‌နောက်ပိုင်းအဖြစ်အပျက်များကို ကြည့်ခြင်းဖြင့် ဤအချက်ကို မြင်နိုင်သည်။

ကောင်းကင်နတ်ဘုံသည် ယိုတုကို သိမ်းပိုက်ပြီးနောက် ကမ္ဘာလောကအားလုံးကို ပေါင်းစည်းကာ တစ်ကြိမ်တစ်ခါမှ မရောက်ရှိခဲ့ဖူးသော အမြင့်ဆုံးအခြေအနေသို့ တက်လှမ်းနိုင်ခဲ့၏။ ထို့ကြောင့် ကမ္ဘာဦးဘုံအား သိမ်းပိုက်ရန် စစ်ချီစေခဲ့သည်။

ယင်းစစ်ပွဲတွင် ကောင်းကင်နတ်ဘုံသည် ပထမဦးစွာ ရိက္ခာစပါးကျီဖြစ်သော တော‌င်ကောင်းကင်အား ဆုံးရှုံးခဲ့၏။ ထို့နောက် ရွှင်ပျော်ပျော်ကျေးရွာစစ်ပွဲတွင်လည်း ချေမှုန်းခံခဲ့ရသည်။ အနောက်ကမ္ဘာမြေ၊ ‌မြောက်ပိုင်းနယ်စပ်၊ အရှေ့ပင်လယ်နှင့် တောင်ပင်လယ်တို့တွင်လည်း ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး နောက်ဆုံး လန်ဖုန်းတောင်ကြား၌ မရှုမလှ ထွက်ပြေးခဲ့ရသည်။

ထိုအချိန်မှစ၍ ကောင်းကင်နတ်ဘုံမှာ ပြန်လည်ထူထောင်နိုင်ခြင်း မရှိတော့ဘဲ ရွှမ်တုနှင့် ယိုတုကို ဆုံးရှုံးကာ ဘိုးဘေးနန်းတော်သို့ ဆုတ်ခွာခဲ့ရလေသည်။

ယခုအခါ ကောင်းကင်နတ်ဘုံ၏ အင်အားစုအားလုံး ပြိုကွဲသွားခဲ့လေပြီ။

အပြင်ပန်းမှ ကြည့်ပါက ကောင်းကင်နတ်ဘုံနှင့် ထာ၀ရငြိမ်းချမ်းရေးအင်ပါယာတို့၏ စစ်ပွဲဖြစ်သော်လည်း တကယ်တမ်းတွင်မူ သခင်လေးခုနစ်နှင့် သခင်လေးသုံး၊ သခင်လေးလေးတို့အကြားရှိ ကစားပွဲတစ်ပွဲသာ ဖြစ်ချေသည်။

သခင်လေးသုံးနှင့် သခင်လေးလေးတို့အနေဖြင့် အနာဂတ်ကို မသိကြသော်လည်း သခင်လေးခုနစ် ချင်မူကမူ အနာဂတ်တွင် ဖြစ်ပျက်မည့်အရာများကို ကြိုသိထား၏။ ထို့ကြောင့် သခင်လေးခုနစ် ချင်မူသည် ပိုမိုကောင်းမွန်သော အနာဂတ် ရရှိရန်အတွက် ကြိုတင်ပြင်ဆင်မှု အမျိုးမျိုး စောစီးစွာ ပြုလုပ်နိုင်ခဲ့၏။

သူ၏ အတွေးများ ရောထွေးနေစဉ် ခိုင်ဧကရာဇ်၏ မဟာခြုံလွှမ်းကောင်းကင်ဘုံနှင့် တာအိုသစ်ပင်ကား ပြန်လည်မွေးဖွားလာခဲ့ချေပြီ။ ဓားတာအိုက သိပ်သည်းစုဝေးလာရင်း တာအိုပန်းပွင့်များအဖြစ် ပြောင်းလဲသွားသည်။ တာအိုပန်းပွင့်များ လှည့်ပတ်ကာ တာအိုသစ်သီးများအဖြစ် ပေါ်လွင်လာသည်။

သူ၏ တာအိုပန်းပွင့်များ လှည့်ပတ်နေစဉ် ဓားတာအိုက တစ်ခုနှင့်တစ်ခု ရောယှက်သွားသည်။ ၎င်းတို့က အုတ်များ၊ ကျောက်ပြားများ၊ ‌ကျောက်စိမ်းတိုင်များနှင့် နဂါးပျံများကဲ့သို့ ဖွဲ့တည်လာကာ မဟာခြုံလွှမ်းကောင်းကင်ဘုံထဲတွင် အထွတ်အမြတ် ဓားတာအိုခန်းမကို တည်ဆောက်လိုက်တော့၏။

ဓားတာအိုခန်းမ လျင်မြန်စွာ ပေါ်လွင်လာနေခြင်းက ဟယ့်ဟွမ်ခန်းမသခင်၊ ဖုန့်ဟွမ်ခန်းမသခင်နှင့် နေသူရိန်ခန်းမသခင်တို့၏ မျက်နှာအမူအရာတို့အား တင်းမာလေးနက်လာ‌စေသည်။

နေသူရိန်ခန်းမသခင်၏ မျက်ခုံးနှစ်ဖက်ကြားတွင် ရှေ့နောက်ဖောက်ထွင်းမြင်နေရသော အပေါက်တစ်ပေါက် ပေါ်လာသည်။ စောစောက ခိုင်ဧကရာဇ်၏ ဓားချက်ကြောင့် ရခဲ့သော ဒဏ်ရာဖြစ်၏။ ဒဏ်ရာထဲတွင် ဓားတာအို၏ စွမ်းအားက ပျံ့နှံ့လာကာ ရုပ်ခန္ဓာ လုပ်ဆောင်ချက်များနှင့် မူလဝိညာဉ်တို့အား တိုက်စားဖျက်စီးလာချေပြီ။

တာအိုစနစ်သည် ကောင်းကင်ဘုံ ၃၆ ဘုံဖြင့် အဆင့်သတ်မှတ်၏။ ကောင်းကင်ဘုံ ၃၆ ဘုံအထိ တက်လှမ်းပြီးလျှင် အန္တိမဟင်းလင်းပြင်တွင် တံဆိပ်ခတ်နှိပ်နိုင်သည်။ ထိုအခါ ၃၆ ဘုံမြောက် ကောင်းကင်ဘုံက မဟာခြုံလွှမ်းကောင်းကင်ဘုံ ဖြစ်လာလိမ့်မည်။

သို့သော် တာအိုစနစ်တွင် နောက်တစ်လှမ်း လှမ်း၍ ၃၇ ဘုံအထိ တက်နိုင်သေးကာ ၃၇ ဘုံမြောက် ကောင်းကင်ဘုံအား ဖွဲ့တည်နိုင်သည်။ ထို ကောင်းကင်ဘုံသည် တာအိုသစ်ပင် ဖြစ်လာမည်။

တာအိုသိုင်းပညာရှင်တွင် ထူးကဲကောင်းမွန်သော နားလည်နိုင်စွမ်း ရှိလျှင်မူ ၃၈ ဘုံမြောက် ကောင်းကင်ဘုံအထိ ကျင့်ကြံနိုင်သည်။ ထိုအထပ်သည် တာအိုပန်းအဆင့် ဖြစ်လာမည်။ နောက်ထပ်တစ်ဆင့် တက်လျှင် ၃၉ ဘုံမြောက် ကောင်းကင် ဖြစ်ကာ တာအိုအသီးကို ရရှိသည်။

တာအိုစနစ်ဖြင့် ဤအဆင့်အထိ ကျင့်ကြံပြီးလျှင် ရှေ့ဆက်ရန် လမ်းမရှိတော့ဘဲ အထွတ်အထိပ်သို့ ရောက်ပြီ ဖြစ်သည်။

ဤသည်မှာ လွန်ခဲ့သော စကြဝဠာခေတ် ၁၆ ခေတ်စလုံးတွင် တာအိုသိုင်းပညာရှင်များ လိုက်နာခဲ့သော လမ်းစဉ်ဖြစ်သည်။ သို့သော် ခိုင်ဧကရာဇ်၏ ဤဓားချက်ကြောင့် ဖြစ်ပေါ်လာသော ဒဏ်ရာထဲတွင် ၄၀ ဘုံမြောက် ကောင်းကင်ဘုံ ပါနေလေသည်။

နေသူရိန်ခန်းမသခင်မှာ တာအိုဒဏ်ရာကို ဖိနှိပ်ရန် ကျင့်စဉ်စွမ်းအင်အားလုံး အပြည့်အဝ အသုံးချနေရသည်။

၄၀ ဘုံမြောက် ကောင်းကင်ဘုံအဆင့်သည် မီလော့နန်းတော် နှင့် တျန်းတုမှ ရှေးကျသော ဖြစ်တည်မှုများသာ ကျင့်ကြံနိုင်သော အဆင့် ဖြစ်၏။ မီလော့နန်းတော်တွင် ၄၀ ဘုံမြောက် ကောင်းကင်ဘုံသို့ ရောက်ခဲ့သူ ၇၂ ဦး ရှိပြီး အဆိုပါ ၇၂ ဦးကို ခန်းမသခင် ၇၂ ပါး အဖြစ် လေးစားသမှုပြုကြသည်။

တျန်းတုတွင်မူ ၃၆ ဦး ရှိပြီး ကောင်းကင်ဖွင့်လှစ်သူ ၃၆ ဦး ဟု ခေါ်တွင်ကြသည်။ ထိုသူတို့သည် တစ်ချိန်က တျန်းတုသခင်နှင့်အတူ ၇ စင်းမြောက် စကြဝဠာကို ဖွင့်လှစ်ခဲ့ကြ၏။

၄၀ ဘုံမြောက် ကောင်းကင်ဘုံအား ကျင့်ကြံပြီးသည့်အခါ မဟာတာအိုက တာအိုသစ်ပင်မှ ခုန်ကျော်သွားပြီး အဆုံးစွန်သို့ ရောက်ရှိကာ ခန်းမအဖြစ် ဖွဲ့တည်သွားသည်။

တျန်းတုမှ ကောင်းကင်ဖွင့်လှစ်သူ ၃၆ ဦး၏ ခန်းမများသည် အမှန်တကယ်တွင် မီလော့နန်းတော်မှ သင်ယူခဲ့ခြင်း ဖြစ်၏။ မီလော့နန်းတော်အရှင်သခင်က လောကသစ်ပင်ကို တုပထားရသည့် အားနည်းချက်မှ ကင်းလွတ်၍ ထာဝရတည်မြဲသော နန်းတော်ကိူ တည်ဆောက်ရန် ရည်ရွယ်ချက်ဖြင့် ၄၀ ဘူံမြောက် ကောင်းကင်ဘုံအဆင့်အား ဖန်တီးခဲ့ခြင်း ဖြစ်သည်။

တျန်းတုနှင့် မီလော့နန်းတော်တို့သည် တစ်ချိန်က သင့်မြတ်ခဲ့ကြပြီး စကြဝဠာ၏ အနာဂတ်အတွက် အတူတကွ ကြိုးပမ်းခဲ့ကြ၏။ သို့သော် ၇ စင်းမြောက် စကြဝဠာခေတ်၌မူ မီးနှင့်ရေကဲ့သို့ လမ်းကွဲသွားကြသည်။

သိသိသာသာပင် ခိုင်ဧကရာဇ်ကား ပျောက်ကွယ်နေခဲ့သော ၄၂ နှစ်တာ ကာလအတွင်း မည်သည်မျှ မလုပ်ဘဲ နေခဲ့ခြင်း မဟုတ်ပေ။ သူ၏ ဓားလမ်းစဉ်က နောက်ထပ် နှစ်လှမ်း သုံးလှမ်းခန့် တိုးတက်လာခဲ့သည်။

ယခင်က ခိုင်ဧကရာဇ်သည် ဓားတာအို၏ မဟာခြုံလွှမ်းကောင်းကင်ဘုံအား တည်ဆောက်၍ တာအိုသစ်ပင်နှင့် တာအိုပန်းကို ရရှိခဲ့သော်လည်း ၃၇ ဘုံမြောက်နှင့် ၃၈ ဘုံမြောက် ကောင်းကင်ဘုံများနှင့် ပတ်သက်၍ အနည်းငယ်မျှသာ နားလည်ခဲ့သည်။ မည်သို့ အသုံးချရမည်ကို မသိခဲ့ပေ။ အဘယ်ကြောင့်ဆိုသော် သူ၏ရှေ့တွင် လမ်းမရှိခြင်းကြောင့်ပင်။ သူသည် ကမ္ဘာခေတ်နှောင်းတာအိုဖြင့် ပထမဆုံး တာအိုရရှိသူ ဖြစ်၍ မရှိသည့်အရာကို ရှိလာအောင် ဖန်တီးရသူပင် မဟုတ်ပါလော။

သူက ၁၇ စင်းမြောက် စကြဝဠာတွင် တာအိုစနစ်၏ တည်ထောင်သူလည်း ဖြစ်သည်။

ယခုမူ ခိုင်ဧကရာဇ်အနေဖြင့် ၄၀ ဘုံမြောက် ကောင်းကင်ဘုံအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီဖြစ်၍ မီလော့နန်းတော်မှ ခန်းမသခင် ၇၂ ပါးနှင့် တန်းတူညီသွားလေပြီ။

"ပျောက်ကွယ်နေခဲ့တဲ့ နှစ်တွေအတွင်းမှာ ဒီ ၁၇ စင်းမြောက် စကြဝဠာသားအတွက် အဖြစ်အပျက်တွေ အများကြီး ဖြစ်ပျက်ခဲ့တာပဲ" ခန်းမသခင်သုံးပါးစလုံး စိတ်ထဲတွင် တစ်ပြိုင်နက် တွေးလိုက်ကြသည်။

သူတို့ မသိလိုက်သည်မှာ ခိုင်ဧကရာဇ် ချင်ယဲ့သည် တစ်ချိန်က ဘိုးဘေးနန်းတော် ကျောက်စိမ်းမြို့တော်သို့ သွားရောက်ခဲ့ပြီး ဖရိုဖရဲမြစ် ၁၆ စင်းကို ဖြတ်ကျော်ကာ မီလော့နန်းတော်ဘေးရှိ ဖရိုဖရဲခန်းမ၌ သခင်လေးခုနစ် ချင်မူ နှင့် တွေ့ဆုံခဲ့ဖူး၏။

သူနှင့် သခင်လေးခုနစ် ချင်မူတို့ ဖရိုဖရဲခန်းမထဲတွင် အချိန်အကြာကြီး အသေးစိတ် ဆွေးနွေးခဲ့ကြသည်။ ထိုအချိန်၌ သခင်လေးခုနစ် ချင်မူ၏ လမ်းညွှန်မှုကို ရရှိခဲ့ပြီး ပိုမိုနက်ရှိုင်းသော ဓားတာအိုအား နားလည်သဘောပေါက်ခဲ့သဖြင့် ၄၂ နှစ်အကြာတွင် ပြန်ပေါ်လာသောအခါ သူ၏သိုင်းအဆင့်နှင့် စွမ်းအားက အံ့မခန်း တိုးတက်လာခဲ့ခြင်း ဖြစ်သည်။

ဖုန့်ဟွမ်ခန်းမသခင်နှင့် ဟယ့်ဟွမ်ခန်းမသခင်တို့က တစ်ယောက်ကို တစ်ယောက် ကြည့်ကာ နေသူရိန်ခန်းမသခင်၏ နောက်သို့ ရောက်လာကြသည်။ နှစ်ဦးသား နေသူရိန်ခန်းမသခင်၏ ရှေ့နောက်ဖောက်ထွင်း မြင်နေရသော ဦးခေါင်းကို တစ်ချက် ကြည့်လိုက်ရင်း မျက်မှောင်ကြုတ်သွားကြသည်။

နေသူရိန်ခန်းမသခင်၏ ဒဏ်ရာမှာ အလွန်ပြင်းထန်သည်။ ခိုင်ဧကရာဇ် ချင်ယဲ့ ပေါ်လာခြင်းက သူတို့ကို အငိုက်မိစေခဲ့သည်။ ဖုန့်ဟွမ်ခန်းမသခင်နှင့် ဟယ့်ဟွမ်ခန်းမသခင်တို့မှာလည်း တာအိုအသီး တစ်လုံးစီ ပျက်စီးခဲ့ရပြီး နေသူရိန်ခန်းမသခင်၏ မျက်ခုံးကြားမှ ဓားဒဏ်ရာကမူ သူ၏သိုင်းအဆင့်နှင့် စွမ်းအားကို အကြီးအကျယ် ကန့်သတ်ထားသည်။

"တာအိုမိတ်ဆွေ ခန်းမသခင်အဆင့်အထိ ကျင့်ကြံနိုင်တာဟာ ကျွန်မတို့ မီလော့နန်းတော်နဲ့ ရေစက်ရှိတယ်လို့ ဆိုနိုင်ပါတယ်" ဖုန့်ဟွမ်ခန်းမသခင်က ယဉ်ကျေးစွာ ပြောလိုက်သည်။ "ရှင်က ခိုင်ဧကရာဇ် ချင်ယဲ့လား... ရှင့်စွမ်းရည်က သာမန်မဟုတ်တဲ့အပြင် မီလော့နန်းတော်ရဲ့ မဟာတာအိုနဲ့လည်း ကိုက်ညီနေတယ်... မီလော့နန်းတော်ရဲ့ တာအိုလမ်းစဉ် အမွေအနှစ်ကို ရထားပြီး မီလော့နန်းတော်နဲ့ မျိုးရိုးတစ်ခုတည်းက ဆင်းသက်လာတယ်လို့ ကျွန်မ မြင်တယ်... ဒီလိုမှတော့ အမှောင်ကို စွန့်၊ အလင်းကို လက်ခံလိုက်ပြီး အတူတူ ဆွေးနွေးကြတာ မကောင်းဘူးလား... အနာဂတ်မှာ မီလော့နန်းတော် ဆင်းသက်လာတဲ့အခါ တာအိုမိတ်ဆွေက ခန်းမသခင် ၇၂ ပါးထဲက တစ်ပါး ဖြစ်လာမှာပါ"

သူမ၏ စကားသံ ဆုံးသည်နှင့် ရုတ်တရက် ဘိုးဘေးနန်းတော်ကြီးတစ်ခုလုံး တဟည်းဟည်း မြည်ကာ တုန်ခါလာသည်။ ဖုန့်ဟွမ်ခန်းမသခင် မျက်မှောင်ကြုတ်လိုက်ပြီး တုန်ခါလှိုင်းများ လာရာအရပ်သို့ ကြည့်လိုက်သည့်အခါ အဝေးတစ်နေရာတွင် မြေအပြင်လိုက် အဆက်မပြတ် မြင့်တက်လာသည်ကို တွေ့လိုက်ရသည်။ ၎င်းမှာ ကောင်းကင်နှင့် မြေကြီးကို ဆက်ထားသည့် ဧရာမ ကျောက်နံရံကြီးပမာ ပို၍ ပို၍ မြင့်မားလာကာ ကောင်းကင်ဘုံ၏ အပြင်ဘက်သို့ပင် ရောက်သွားသည်။

ခန်းမသခင်သုံးပါးစလုံး နားမလည်နိုင် ဖြစ်သွားကြသည်။

ဖုန့်ဟွမ်ခန်းမသခင်က အကြည့်လွှဲ၍ ဆက်ပြောသည်။ “တာအိုမိတ်ဆွေကို ခန်းမသခင်တစ်ပါးလို့ ခေါ်နိုင်ပေမယ့် ကျွန်မတို့ရဲ့ အခြေခံနဲ့ ယှဉ်ရင်တော့ အနည်းငယ် လိုနေသေးတယ်... မီလော့နန်းတော်မှာ ဆင်းသက်လာဖို့ စောင့်နေတဲ့ ခန်းမသခင်တွေ ၊ တာအိုသိုင်းပညာရှင်တွေ အသာထား... ကျွန်မတို့ သုံးယောက်ထဲကိုပဲ ကြည့်... ဘယ်သူက နှစ်ပေါင်းကု‌ဋေကုဋာ ကြာတဲ့အထိ မကျင့်ကြံခဲ့ဖူးဘဲ နေလို့လဲ... ကျွန်မတို့ဟာ ပျက်စီးခြင်းကပ်ဘေးတစ်ခုပြီး တစ်ခု ကျော်ဖြတ်ရင်း ကိုယ့်ကိုယ်ကို လေ့ကျင့်ပေးလာခဲ့တာ... တာအိုသစ်သီး နည်းနည်းပါးပါး ပျက်စီးသွားတာက ကျွန်မတို့ရဲ့ စွမ်းအားအပေါ် သိပ်ပြီး သက်ရောက်မှု မရှိပါဘူး"

သူမ စကားပြောနေစဉ်တွင် ဘိုးဘေးနန်းတော်၏ တုန်ခါမှုက ပို၍ ပြင်းထန်လာသည်။ ဖုန့်ဟွမ်ခန်းမသခင်က ကောင်းကင်နှင့် မြေကြီးကြားတွင် ထိုးထွက်လာသော ကျောက်နံရံကြီးကို တစ်ချက်ထပ်ကြည့်လိုက်မိသည်။ ထိုကျောက်နံရံကြီးပေါ်တွင် တောင်တန်းမြစ်ချောင်းများ ထိုးထွက်နေပြီး ပင်လယ်ကြီးများ လှိုင်းထန်နေသည်ကို တွေ့လိုက်ရသည်။ ကျောက်နံရံကြီးက ဘိုးဘေးနန်းတော်၏ တောင်ဘက်အစွန်းမှ မြောက်ဘက်အစွန်းအထိ ဆက်သွယ်ထားပြီး ကျောက်နံရံ၏ အမြင့်မှာ ဘိုးဘေးနန်းတော်၏ လောကသစ်ပင်ကိုပင် ကျော်လွန်သွားခဲ့ပြီ ဖြစ်ကာ ပို၍ပင် ခန့်ညားထည်ဝါလာသည်။

ကျန်ခန်းမသခင်နှစ်ပါးလည်း ထိုမြင်ကွင်းကို သတိပြုမိသွားပြီး မကြည့်ဘဲ မနေနိုင်တော့ပေ။

လောကပေါင်းကူး ရွှေသင်္ဘောပေါ်တွင် ကောင်းကင်နတ်အရှင်ယွဲ့၊ ရှုရှန်းဟွာ နှင့် အခြားသူများလည်း အသီးသီး လှည့်ကြည့်လိုက်ကြသည်။ သူတို့၏ အမူအရာများက တုန်လှုပ်သွားပြီး ဇဝေဇဝါ ဖြစ်ကုန်ကြသည်။

ထိုကျောက်နံရံကြီးက အလွန်တရာ ခန့်ညားထည်ဝါလှသည်။

ထို့ထက် ပို၍ ခန့်ညားထည်ဝါသည်မှာ ကျောက်နံရံပေါ်ရှိ တောင်တန်းမြစ်ချောင်းများနှင့် ပထဝီအနေအထားက အလိုလို ပြောင်းလဲနေခြင်း ဖြစ်သည်။ သင်္ကေတအမှတ်အသားများ ပြောင်းလဲနေသကဲ့သို့ ဖြစ်နေပြီး လှပသော သံကြိုးများ၊ ဆက်ကြောင်းများကိုပင် မြင်လာရသည်။

ဤသည်မှာ သဘာဝအတိုင်း ဖြစ်ပေါ်လာခြင်း မဟုတ်ပေ။ တစ်စုံတစ်ယောက်က မဟာမှော်စွမ်းအင်ဖြင့် ဘိုးဘေးနန်းတော်၏ အရှေ့ဘက်ခြမ်းကို ခေါက်သိမ်းနေပြီး ဟင်းလင်းပြင်ကို လိမ်ယှက်နေခြင်း ဖြစ်သည်မှာ ထင်ရှားသည်။

လန်ယွီတျန်းနှင့် ကောင်းကင်နတ်အရှင်ရုံတို့ ချက်ချင်း ကောင်းကင်နတ်အရှင်ယွဲ့ကို ကြည့်လိုက်မိကြသည်။ သူမက ခေါင်းခါရင်း ခပ်တိုးတိုး ပြောသည်။ “ငါ မလုပ်နိုင်ဘူး… ငါ့ရဲ့ မှော်စွမ်းအင်က မလုံလောက်ဘူး… နောက်ပြီး ငါက ပထဝီအနေအထားကို မပြောင်းလဲနိုင်ဘူး... ပထ၀ီအ‌နေအထားကို တာအိုသင်္ကေတနဲ့ တာအိုသံကြိုးအဖြစ် ပြောင်းလဲရအောင်လည်း ငါ့ရဲ့ ဗဟုသုတွေက မလုံလောက်ဘူး...”

သူမသည် ခိုင်ဧကရာဇ်ချင်ယဲ့ကို လှမ်းကြည့်နေ၏။

ခိုင်ဧကရာဇ်ချင်ယဲ့ကား ယခုအခါ လောကတွင် ပြန်ပေါ်လာခဲ့လေပြီ။ ဤမျှ ကြောက်မက်ဖွယ်ကောင်းသော မှော်စွမ်းအင်၊ ကျင့်ကြံခြင်းအခြေခံနှင့် ဗဟုသုတတိုကို ပိုင်ဆိုင်ထားနိုင်ပြီလော။

သိုသော် သူ လုပ်ဆောင်ခဲ့သည်ဆိုလျှင်‌တောင်မှ ဘိုးဘေးနန်းတော်ကို အဘယ်ကြောင့် ခေါက်ချိုးရသနည်း။

“ကျုပ် သခင်လေးခုနစ်နဲ့ တွေ့ဆုံခဲ့တယ်.. သခင်လေးခုနစ်က ကျုပ်ကို အနာဂတ်မှာ ဖြစ်ပျက်မယ့်အရာ တချို့ ပြောပြခဲ့တယ်… ပထမဆုံးအချက်က ကျုပ် သေလိမ့်မယ်”

ခိုင်ဧကရာဇ်ချင်ယဲ့က ဓားရောင်ကို လက်တစ်ဖက်ဖြင့် ကိုင်ထားပြီး လောကပေါင်းကူးရွှေသင်္ဘောရှေ့မှ ခန်းမသခင် ၃ ပါးကို ကြည့်ကာ အေးအေးလူလူ ပြောသည်။ “ဒုတိယအချက်က ကောင်းကင်နတ်ဘုံ ရှုံးလိမ့်မယ်…. တတိယအချက်က အခုကနေ ၄၂ နှစ်အကြာမှာ ကျုပ် ပေါ်လာပြီး အခမ်းနားဆုံး ပြောင်းလဲမှုတစ်ခုကို တွေ့မြင်ရလိမ့်မယ်… ဘိုးဘေးနန်းတော်ရဲ့ လှောင်အိမ်”

ခန်းမသခင် ၃ ပါးစလုံး နားမလည်နိုင်စွာဖြင့် သူ့ကို ကြည့်နေကြသည်။

“ဘိုးဘေးနန်းတော် လှောင်အိမ်”

နေသူရိန်ခန်းမသခင်က အက်ကွဲနေသော အသံဖြင့် မေးသည်။ “တာအိုမိတ်ဆွေ၊ ဘိုးဘေးနန်းတော် လှောင်အိမ်ဆိုတာ ဘာအဓိပ္ပာယ်များလဲ”

“သခင်လေးခုနစ်က ပြောတယ်... သူက စွန့်ပစ်မြေကနေ ပြန်လာခဲ့တုန်းက အလွန်အမင်း စိတ်ထိခိုက်ခဲ့ရလို့ ဘိုးဘေးနန်းတော်ကို တံဆိပ်ခတ် ပိတ်လှောင်ဖို့ လှောင်အိမ်တစ်ခု တည်ဆောက်ခဲ့တယ်တဲ့ .... အနန္တအဘိုးအိုနဲ့ မီလော့နန်းတော်ကို ဒီလှောင်အိမ်ထဲမှာ ပိတ်လှောင်ထားပြီး သူတို့ကို ပြင်ပလောကနဲ့ အဆက်အသွယ် ဖြတ်တောက်ထားလိုက်တယ်”

ခိုင်ဧကရာဇ်ချင်ယဲ့က ဓားကို ခါကာ ပြောသည်။ “ကျုပ်တို့ကတော့ ဒီလှောင်အိမ်ထဲမှာ မီလော့နန်းတော်နဲ့ အနန္တအဘိုးအိုရဲ့ အင်အားစုတွေနဲ့ အသေအကြေ တိုက်ခိုက်ရမယ်… အခုက ပထမဆုံး နံရံပဲ… မကြာခင် ဒုတိယနံရံ၊ တတိယနံရံနဲ့ စတုတ္ထနံရံတွေ ပေါ်လာပြီး ဘိုးဘေးနန်းတော်ကို အပြည့်အဝ ချိပ်ပိတ်ထားလိမ့်မယ်”

All Chapters