← Chapters

နှလုံးသားမျက်လုံး တည်ဆောက်နည်း၊ လုမိသားစု၏အခြေတည်အဆင့် စိတ်ဝိညာဉ်ပစ္စည်းများ

Vol. 8 Ch. 108

နှလုံးသားမျက်လုံး တည်ဆောက်နည်း၊ လုမိသားစု၏အခြေတည်အဆင့် စိတ်ဝိညာဉ်ပစ္စည်းများ

Vol. 8 Ch. 108

"သဘောပေါက်ပြီ..."

'စာအုပ်ကူ'၏ စွမ်းအားအကူအညီဖြင့် ကျိုးစွေ့ ချက်ချင်း နားလည်သွားသည်။ အမွေအနှစ် မှတ်တမ်းတင်ကျောက်စိမ်းပြားတွင် နှလုံးသားမျက်လုံးသုံးခု တည်ဆောက်ရန် ညွှန်ကြားချက်များ ပါဝင်သည်။ တစ်ခုပြီးမြောက်သည်နှင့်တစ်ပြိုင်နက် ပထမအဆင့်သို့ ရောက်ရှိကြောင်းကို ဆိုလိုသည်။

ဒုတိယတစ်ခု ပြီးမြောက်ပါက ဒုတိယအဆင့်သို့ ရောက်ရှိကြောင်းကို ဆိုလိုသည်။

သူသာ နှလုံးသားမျက်လုံးခုနစ်ခုကို တည်ဆောက်နိုင်ခဲ့ပါက၊ သတ္တမအဆင့်သို့ ရောက်ရှိကြောင်းကို ဆိုလိုပေလိမ့်မည်။

၎င်းမှာ သူသည် ဤနည်းစနစ်ကို ၎င်း၏အမြင့်ဆုံးနယ်ပယ်သို့ ကျင့်ကြံခဲ့ပြီးဖြစ်သည်ဟု ဆိုလိုပေမည်။

ပထမ နှလုံးသားမျက်လုံးမှာ ပိုင်းခြားသိမြင်နိုင်စွမ်း ဖြစ်သည်။ စုစည်းပြီးသည်နှင့်တစ်ပြိုင်နက် ၎င်းသည် လောကရှိ အရာခပ်သိမ်းနှင့်ပတ်သက်သည့် သတင်းအချက်အလက်အမျိုးမျိုးအား အာရုံခံနိုင်ပေမည်။

ယခင်က တစ်ခါမျှ မတွေ့ဖူးသောအရာဆိုလျှင်ပင် နည်းလမ်းတကျ ကောက်ချက်ချနိုင်စေသည်။

ဒုတိယ နှလုံးသားမျက်လုံးမှာ ထိုးထွင်းသိမြင်မှုဖြစ်ပြီး၊ ၎င်းသည် တစ်စုံတစ်ယောက်၏ ဝိညာဉ်အာရုံအကွာအဝေးကို ဆယ်ဆ၊ အဆနှစ်ဆယ်အထိ ချဲ့ထွင်နိုင်ပြီး ၃၆၀ဒီဂရီ အတားအဆီးမရှိသော မြင်ကွင်းကို ပေးစွမ်းသည်။

၎င်းမှာ ဝိညာဉ်အာရုံထက်ပင် ပိုမိုအစွမ်းထက်ပြီး သိမ်မွေ့သည်။ ကျင့်ကြံမှုမြင့်မားသော ကျင့်ကြံသူများပင် နှလုံးသားမျက်လုံးများ၏ အာရုံခံစားမှုကို မထောက်လှမ်းနိုင်သဖြင့်၊ အကွာအဝေးအမျိုးမျိုးမှ ရန်သူ၏လှုပ်ရှားမှုများကို သိရှိနိုင်ပေသည်။

တတိယ နှလုံးသားမျက်လုံးမှာ နှလုံးသားအမြင် ဖြစ်သည်။ ထိုနယ်ပယ်သို့ ရောက်ရှိပါက အခြားသတ္တဝါများ၏ အတွင်းစိတ်အသံများကို ကြားနိုင်ပြီး သူတို့၏ စိတ်ခံစားမှုအမျိုးမျိုးကို အာရုံခံနိုင်သည်။ အသုံးဝင်မှုမှာ အဆုံးမရှိပေ။

နှလုံးသားမျက်လုံးတစ်ခုချင်းစီတွင် နတ်ဘုရားဆန်သော အံ့ဖွယ်စွမ်းရည်များ ပါဝင်သည်မှာ သံသယဖြစ်စရာမလိုပေ။

"ဒီကျင့်ကြံခြင်းနည်းစနစ်က မယုံနိုင်စရာပဲ..."

ကျိုးစွေ့ အံ့အားသင့်သွားသည်။ ဤကျင့်ကြံခြင်းနည်းစနစ်၏ အစွမ်းကို သူပိုနားလည်လေလေ၊ ၎င်းမှာ ထူးခြားသော နည်းစနစ်တစ်ခုဖြစ်ပြီး ဤလောကနှင့်မသက်ဆိုင်သော ထိပ်တန်းအဆင့်တစ်ခုပင် ဖြစ်နိုင်သည်ဟု သူပိုမိုယုံကြည်လေလေဖြစ်သည်။

သူသာ 'စာအုပ်ကူ'၏ စွမ်းအားအကူအညီမရခဲ့ပါက သူမည်မျှပင် အချိန်ကုန်ဆုံးစေကာမူ ၎င်းကို နားလည်နိုင်မည်မဟုတ်ပေ။

ဤနည်းစနစ်တွင် တိုက်ခိုက်ရေးစွမ်းအားများစွာ မပိုင်ဆိုင်သော်လည်း၊ အထောက်အကူပြုစွမ်းရည်အရဆိုလျှင် ၎င်းမှာ ထိပ်တန်းအဆင့်ဟု သေချာပေါက်သတ်မှတ်နိုင်သည်။

နှလုံးသားမျက်လုံးတစ်ခုတည်းကိုပင် ကျွမ်းကျင်စွာ တတ်မြောက်ခဲ့ပါက၊ ၎င်းမှာ သူ၏စွမ်းအားကို သိသိသာသာ မြှင့်တင်ပေးပေလိမ့်မည်။

"ကောင်းတယ်.. သိပ်ကောင်းတယ်... တကယ်ပဲ ဒီလောက်များတဲ့ မှော်လက်နက်တွေနဲ့ ပစ္စည်းတွေ ရှိနေတာလား..."

ထိုအချိန်တွင် ကျိုးစွေ့သည် အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်နည်းစနစ်အား ယာယီအားဖြင့် ဘေးဖယ်ထားလိုက်သည်။ မည်သို့ပင်ဖြစ်စေ၊ ဤနည်းစနစ်တွင် အောင်မြင်မှုရရှိနိုင်ရန်မှာ တစ်ထိုင်တည်းဖြင့် ဖြစ်ပွားနိုင်သောအရာမဟုတ်ပေ။

ထို့နောက် သူသည် သူ၏လက်ရှိပိုင်ဆိုင်မှုများကို ဆက်လက်စာရင်းပြုစုတော့သည်။

လုမိသားစု ဘဏ္ဍာတိုက်တွင်လည်း မှော်လက်နက်အမြောက်အမြား ပါဝင်သည်။

၎င်းတို့ထဲတွင် ပထမအဆင့် အောက်ခြေအဆင့်မှော်လက်နက် တစ်ထောင်၊ ပထမအဆင့် အလယ်အလတ်အဆင့်မှော်လက်နက် ငါးရာနှင့် ပထမအဆင့် ထိပ်တန်းအဆင့် မှော်လက်နက် သုံးဆယ်တို့ ပါဝင်သည်။ သို့သော် ရတနာများမှာမူ လုံးဝမရှိပေ။

ဤအရာများအပြင် မှော်လက်နက်ပြုလုပ်သည့် ပစ္စည်းများစွာလည်း ရှိသေးသည်။ မှော်လက်နက်များ၏တန်ဖိုးချည်းပင်လျှင် အဆင့်နိမ့် ဝိညာဉ်ကျောက်တုံး တစ်သန်းထက် ကျော်လွန်သည်။

မှန်ပေသည်၊ သူသည် မည်သည့်ရတနာကိုမျှ ဖန်တီးမည်မဟုတ်ဘဲ ဤပစ္စည်းများသည် ရောင်းချခြင်း သို့မဟုတ် 'ရွှေစားကူ'၏ ကြီးထွားမှုကိုအထောက်အကူဖြစ်စေရန် အစာအဖြစ်အသုံးပြုခြင်းတို့သာ လုပ်မည်ဖြစ်၏။

သာမန်မှော်လက်နက်များသည် သူ့အတွက် များစွာအသုံးမဝင်ဘဲ၊ သူ၏ကိုယ်ပိုင် 'ကူပိုးကောင်'များ၏ စွမ်းအားကဲ့သို့ အကျိုးမရှိပေ။

အရေးကြီးဆုံးအချက်မှာ သူသည် ယေဘုယျအားဖြင့် သိုသိုသိပ်သိပ်သာ လှုပ်ရှားမည်ဖြစ်သည်။ မှော်လက်နက်များ ဝတ်ဆင်၍ အခြားကျင့်ကြံသူများနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းမှာ မိုက်မဲသည်မဟုတ်လော။

သူသာ ကျရှုံးခဲ့ပါက သူ့အတွက် အရာအားလုံး ပြီးဆုံးသွားပေလိမ့်မည်။

ရန်သူကို ချက်ချင်းမသတ်ဖြတ်နိုင်ပါက၊ သူလှုပ်ရှားမည်မဟုတ်ပေ။

ဤသည်မှာ သူ၏ ရှင်သန်ရေးခံယူချက်ပင် ဖြစ်၏။

"အိုး.. လုမိသားစုမှာ စိတ်ဝိညာဉ်ဆေးပင်တွေလည်း အများကြီး သိုလှောင်ထားတာပဲ..."

ကျိုးစွေ့၏ မျက်လုံးများ ချက်ချင်းပင် တောက်ပသွားသည်။

များပြားလှသော မှော်လက်နက်များနှင့် နှိုင်းယှဉ်လျှင် သူသည် စိတ်ဝိညာဉ်ဆေးပင်များကို ပို၍စိတ်ဝင်စားသည်။

မည်သို့ပင်ဖြစ်စေ၊ မှော်လက်နက်များကို စားသုံး၍မရသော်လည်း၊ စိတ်ဝိညာဉ်ဆေးပင်များကိုမူ စားသုံးနိုင်ပြီး ကျင့်ကြံမှုကို အလျင်အမြန်မြှင့်တင်ပေးနိုင်သည်။

သူသည် သေသေချာချာ ရေတွက်ကြည့်ရာ၊ ဤတစ်ကြိမ်တွင် အနည်းဆုံး စိတ်ဝိညာဉ်ဆေးပင် တစ်ထောင်ခန့်ကို ရရှိခဲ့ပေသည်။

အခြေတည်အဆင့်မိသားစုတစ်စုဆိုသည့် ဂုဏ်သိက္ခာနှင့် အမှန်တကယ် ထိုက်တန်ပေသည်။ ဘဏ္ဍာတိုက်တွင် သိုလှောင်ထားသော စိတ်ဝိညာဉ်ဆေးပင်များနှင့် ဆေးလုံးများပမာဏမှာ အလွန်များပြားလှသည်။

သို့သော် ဤသည်မှာ မျှော်လင့်ထားသည့်အတိုင်းပင် ဖြစ်၏။

လုမိသားစုတွင် မျိုးဆက်များစွာ ရှိသောကြောင့် ၎င်းတို့နှစ်စဉ်စားသုံးသော ဆေးလုံးအရေအတွက်မှာ အတော်ပင် များပြားသည်။

ထို့ကြောင့် ဘဏ္ဍာတိုက်သည် သဘာဝအတိုင်း ဆေးလုံးများနှင့် စိတ်ဝိညာဉ်ဆေးပင်အမြောက်အမြားကို သိုလှောင်ထားသည်။

နှစ်နှစ်ကျော်ကြာ ဝန်းရံတိုက်ခိုက်ခံရပြီးနောက်တွင်ပင်၊ သူတို့၏ စိတ်ဝိညာဉ်ဆေးပင်သိုလှောင်မှုကို မကုန်ဆုံးစေခဲ့ပေ။

"နေအုံး... ဒါက အခြေတည်ဆေးလုံး ဖော်စပ်နိုင်တဲ့ စိတ်ဝိညာဉ်ဆေးပင်တွေမဟုတ်ဘူးလား..."

ထိုအခိုက်အတန့်တွင် ကျိုးစွေ့သည် စိတ်ဝိညာဉ်ဆေးပင်များအကြားတွင် အခြေတည်ဆေးလုံးအတွက် ပါဝင်ပစ္စည်းများစွာ ရှိနေသည်ကို တွေ့လိုက်ရပြီး စိတ်လှုပ်ရှားသွားသည်။ သူယခင်က ရရှိခဲ့သော အရာများနှင့်ဆိုလျှင် အနည်းဆုံး အခြေတည်ဆေးလုံးအတွက် ၁၂သုတ်စာ သူပိုင်ဆိုင်ထားပြီ ဖြစ်သည်။

အခြေခံအားဖြင့် အဓိကပါဝင်ပစ္စည်းဖြစ်သော ရွှေကျောက်စိမ်းလင်ဇီးမှိုမှလွဲ၍ သူ၌ အခြေတည်ဆေးလုံး ဖော်စပ်ရန်လိုအပ်သော ပစ္စည်းများအားလုံးနီးပါး ရှိနေပြီဖြစ်သည်။

ဤသည်မှာ သူ့အား အခြား အခြေတည်ဆေးလုံး ပါဝင်ပစ္စည်းများကို ရှာဖွေရမည့်အချိန်များစွာကို ချွေတာပေးပေလိမ့်မည်။

"သဘောပေါက်ပြီ... ဒါဆိုရင် လုမိသားစုကလည်း အခြေတည်ဆေးလုံးတွေ ဖော်စပ်ချင်နေတာပေါ့..."

ဤစိတ်ဝိညာဉ်ဆေးပင်များကို မြင်သောအခါ ကျိုးစွေ့သည် လုမိသားစု၏ ရည်ရွယ်ချက်များကို ချက်ချင်း နားလည်သွားသည်။

သူတို့သည်လည်း အခြေတည်ဆေးလုံးကြောင့် ဒုက္ခရောက်နေကြသည်မှာ ထင်ရှားပေသည်။

အင်မော်တယ်ရှားဂိုဏ်းနှင့် အခြားဂိုဏ်းများမှ အခြေတည်ဆေးလုံးများကိုသာ အားကိုးခြင်းမှာ လုမိသားစု ကျင့်ကြံသူများအတွက် မလုံလောက်ပေ။

ဤအကြောင်းကြောင့် လုမိသားစုသည် သဘာဝအတိုင်း မိမိကိုယ်ကို အားကိုး၍ သူတို့၏ကိုယ်ပိုင် အခြေတည်ဆေးလုံးကို ဖော်စပ်လိုကြသည်။

အဓိကပါဝင်ပစ္စည်းဖြစ်သော ရွှေကျောက်စိမ်းလင်ဇီးမှို မရှိသော်လည်း အခွင့်အရေးရခဲ့ပါက သူတို့သည် အဆင့်နှစ် ယောင်သားရဲအမြုတေတစ်ခုကို ရရှိနိုင်သေးသည်။

မည်သို့ပင်ဖြစ်စေ၊ သူတို့သည် တိမ်မြူခိုးတောင်တန်းအနီးတွင် တည်ရှိသည်။

သူတို့သာ အဆင့်နှစ် ယောင်သားရဲတစ်ကောင်ကို အမဲလိုက်နိုင်လောက်အောင် ကံကောင်းခဲ့ပါက၊ အဆင့်နှစ်ယောင်သားရဲအမြုတေတစ်ခုကို ရရှိနိုင်ပေလိမ့်မည်။

လုမိသားစုသည် အခြေတည်ဆေးလုံးကို ဖော်စပ်ရန် အမြဲတမ်း ပြင်ဆင်ထားခဲ့သည်။

အမှန်တကယ်တွင် သူတို့ကံဆိုးမိုးမှောင်ကျခဲ့သည်မှာ ဝမ်းနည်းစရာပင်။

အချိန်အတော်ကြာ ပြင်ဆင်ပြီးနောက်တွင်ပင် လုမိသားစုသည် အဆင့်နှစ်ယောင်သားရဲအမြုတေတစ်ခုကို မရရှိခဲ့ပေ။

ရလဒ်အနေဖြင့် ဤအခြေတည်ဆေးလုံး ပါဝင်ပစ္စည်းများအား အသုံးပြုခွင့်မရရှိခဲ့ဘဲ၊ ကျိုးစွေ့၏ လက်ထဲသို့သာ ကျရောက်ခဲ့ရသည်။

"ဒီအခြေတည်ဆေးလုံး ပါဝင်ပစ္စည်းတွေနဲ့ဆိုရင် ငါသာ အကြိမ်နည်းနည်း ကျရှုံးခဲ့ရင်တောင်.. အခြေတည်ဆေးလုံးတစ်လုံးကိုတော့ အောင်အောင်မြင်မြင် ဖော်စပ်နိုင်ဦးမှာပဲ...."

ကျိုးစွေ့သည် ပျော်ရွှင်မှုဖြင့် ပြည့်နှက်နေသည်။

မူလက သူသည် အနာဂတ်တွင် အဆင့်နှစ်ယောင်သားရဲအမြုတေတစ်ခုကို ရရှိခဲ့လျှင်ပင်၊ အခြေတည်ဆေးလုံးတစ်လုံးကို အောင်မြင်စွာ မဖော်စပ်နိုင်မည်အား စိုးရိမ်နေခဲ့သည်။

သို့သော် ယခုအခါ ဤအပိုပါဝင်ပစ္စည်းအသုတ်များကို ရရှိလိုက်ရာ၊ သူ၏အောင်မြင်နိုင်ခြေမှာ နည်းပါးလျှင်ပင် သူသည် တစ်ကြိမ်၊ နှစ်ကြိမ်ခန့် အောင်မြင်ရန်မှာ သေချာသွားသည်။

"နောက်ထပ်က.. ငါတိမ်မြူခိုးတောင်တန်းထဲအနက်ပိုင်းထဲကို ဝင်ပြီးတော့... အဲ့ဒီအဆင့်တစ် ယောင်သားရဲတွေကို ရှာဖွေဖို့ လိုအပ်တယ်..."

"ပြီးရင်.. ငါအဆင့်တစ် ယောင်သားရဲတစ်ကောင်ကို အဆင့်နှစ်ယောင်သားရဲဖြစ်အောင် ပျိုးထောင်မယ်.. ပြီးရင်တော့ အဲ့ကောင်ကို သတ်ပြီး သားရဲအမြုတေကို ထုတ်ရမယ်...”

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။

သူသည် သူ၏နောက်ထပ်လှုပ်ရှားမှုကို စဉ်းစားနေပြီး၊ ၎င်းမှာ တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာသို့ ဦးတည်ရန်ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာတွင် ယောင်သားရဲအမြောက်အမြား နေထိုင်ကြသည်။

ထို့အပြင် ယခုအခါ၌ မီယွင်မြို့၏အစီအရင် ကျိုးပေါက်သွားပြီဖြစ်သောကြောင့်၊ 'ရွှေစားကူ'သည် မြေအောက်တွင် ဥမင်လိုဏ်ခေါင်းများ ဆက်လက်တူးဖော်နိုင်ပြီ ဖြစ်သည်။

၎င်းသည် တောင်တန်းများ၏ ပိုမိုနက်ရှိုင်းသော အစိတ်အပိုင်းများသို့ ကီလိုမီတာရာပေါင်းများစွာ ရှည်လျားသော ဥမင်လိုဏ်ခေါင်းတစ်ခုကိုပင် တူးဖော်နိုင်သည်။

သူသည် တစ္ဆေမိစ္ဆာဂိုဏ်းမှ မည်သည့်ကျင့်ကြံသူနှင့်မျှ ပက်ပင်းတိုးမည်ကို စိုးရိမ်နေစရာမလိုဘဲ၊ မြေအောက်ဥမင်လိုဏ်ခေါင်းမှတစ်ဆင့် ခရီးသွားလာနိုင်ပေမည်။

ဤနည်းအားဖြင့် သူသည် မီယွင်မြို့နှင့် တစ္ဆေမိစ္ဆာဂိုဏ်း၏ဝန်းရံမှုမှ တိတ်တဆိတ် ထွက်ခွာနိုင်သည်။

အမှန်တကယ်တွင် သူသည် မြေအောက်စခန်းတွင် ထာဝရ နေထိုင်လိုခြင်းမရှိပေ။

စခန်းကို ရန်သူများက ရှာဖွေတွေ့ရှိနိုင်ခြေ နည်းပါးလျှင်ပင်၊ ပညာရှိသောသူသည် အန္တရာယ်ရှိသော နံရံအောက်တွင် ရပ်မနေသင့်ပေ။

အဘယ်ကြောင့် သူသည် မီယွင်မြို့တွင် စွန့်စားနေထိုင်နေရမည်နည်း။ တိမ်မြူခိုးတောင်တန်းများထဲသို့ ပိုမိုနက်ရှိုင်းစွာ ဝင်ရောက်ခြင်းက ပို၍ကောင်းပေလိမ့်မည်။

ဤနည်းအားဖြင့် သူသည် တစ္ဆေမိစ္ဆာဂိုဏ်းမှ ကျင့်ကြံသူများ၏ လိုက်လံဖမ်းဆီးမှုမှ ရှောင်တိမ်းနိုင်ရုံသာမက အဆင့်နှစ်ယောင်သားရဲအမြုတေကိုပါ ရရှိနိုင်ပြီး၊ သူ၏လက်တွဲဖော်များအား အခြေတည်အဆင့်သို့ တက်လှမ်းရန်ကူညီပေးနိုင်ကာ အဆင့်မြင့် အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်လာစေနိုင်သည်။

မည်သို့ပင်ဖြစ်စေ၊ သူ၏လက်တွဲဖော်များသည် ချီသန့်စင်ခြင်းအဆင့်(၉)တွင် နှစ်အနည်းငယ်ကြာအောင် ပိတ်မိနေပြီဖြစ်ရာ သူတို့ အခြေတည်အဆင့်သို့ တက်လှမ်းရန် အချိန်တန်ပြီဖြစ်၏။

သူ၏လက်တွဲဖော်သုံးဦးစလုံးသည်သာ အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်လာပါက၊ သူ၌ ကျောထောက်နောက်ခံပြုမည့် အခြေတည်အဆင့်ကျင့်ကြံသူသုံးဦး ရှိနေပေလိမ့်မည်။

ထိုအခါ သူသည် မည်သည့်နေရာကိုမဆို လွတ်လပ်စွာ လျှောက်လှမ်းသွားလာနိုင်မည်မဟုတ်လော။

မည်သည့်ရှုထောင့်ကကြည့်သည်ဖြစ်စေ၊ ၎င်းမှာ တစ်ချက်တည်းဖြင့် အောင်မြင်မှုများစွာ သရဖူဆောင်းနိုင်မည့် အခြေအနေဖြစ်၏။

All Chapters