← Chapters

လန်ယွဲ့ရှီအား အဆိပ်ဖြေရန်ကူညီခြင်း၊ စိတ်ရှုပ်ထွေးနေသော အခြေတည်အဆင့်အမျိုးသမီးကျင့်ကြံသူ

Vol. 8 Ch. 110

လန်ယွဲ့ရှီအား အဆိပ်ဖြေရန်ကူညီခြင်း၊ စိတ်ရှုပ်ထွေးနေသော အခြေတည်အဆင့်အမျိုးသမီးကျင့်ကြံသူ

Vol. 8 Ch. 110

ထိုအခိုက်အတန့်တွင် မြေအောက်စခန်းတစ်ခု၌။

ဤအတောအတွင်း ကျိုးစွေ့၏ဘဝမှာ အတော်ပင် အေးအေးလူလူရှိသည်။ အင်မော်တယ်ရှားဂိုဏ်းမှ သူတော်စင်လန်ယွဲ့ရှီက သူ၏ဘေးတွင်ရှိနေသော်လည်း သူ၏နေ့စဥ်လုပ်ငန်းမှာ များစွာမပြောင်းလဲခဲ့ပေ။ သူသည် ကိုယ်ပိုင်ကျင့်ကြံခြင်းနှင့် တူနှစ်ကိုယ်ကျင့်ကြံခြင်း၊ တူနှစ်ကိုယ်ကျင့်ကြံခြင်းနှင့် ကိုယ်ပိုင်ကျင့်ကြံခြင်းကိုသာ ပြုလုပ်နေသည်။

သူ၏ဘဝမှာ အလွန်ပင် ပုံမှန်အတိုင်း လည်ပတ်နေမြဲသာ ဖြစ်၏။

မီယွင်မြို့ရှိ အဖြစ်အပျက်များသည်လည်း သူ့အပေါ် မည်သည့်သက်ရောက်မှုမျှ မရှိနိုင်သည့်အတွက်၊ သဘာဝအတိုင်းသာ လျစ်လျူရှုထားလိုက်သည်။

"အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျင့်စဉ်က တကယ်ကို စိန်ခေါ်မှုများတာပဲ..."

ကျိုးစွေ့ အသက်ပြင်းပြင်းရှူလိုက်သည်။

လွန်ခဲ့သောရက်အနည်းငယ်အတွင်း သူသည် ပထမဆုံး နှလုံးသားမျက်လုံးကို ဖွဲ့စည်းရန် အလို့ငှာ၊ ‘အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ကျင့်စဉ်’ကို အထပ်ထပ်အခါခါ လေ့ကျင့်ခဲ့သည်။

သို့သော် ၎င်းမှာ မည်သည့်အမှားအယွင်းမျှမခံဘဲ၊ အပြည့်အဝအာရုံစူးစိုက်မှု လိုအပ်သည့် ခက်ခဲသည့်အလုပ်တစ်ခုဖြစ်ကြောင်း သူသိရှိခဲ့ရသည်။

ထို့အပြင် သူသည် သူ၏ပထမဆုံးကြိုးပမ်းမှုနှင့်ပင် အောင်မြင်ရန်လိုအပ်ပေသည်။

ကျရှုံးခဲ့ပါက အစမှပြန်စရမည့်အပြင်၊ သူ၏ဝိညာဉ်ကို သိသာထင်ရှားစွာ ထိခိုက်စေမည်ဖြစ်၏။

သို့သော် နှလုံးသားမျက်လုံးတစ်ခုကို ဖွဲ့စည်းရန် ကြိုးပမ်းမှုတိုင်းသည် စိတ်ဝိညာဉ်အား လေ့ကျင့်ပေးသည့်ပုံစတစ်မျိုး ဖြစ်သည်။

ဤရက်ပိုင်းအတွင်း သူ၏ဝိညာဉ်စွမ်းအား လျင်မြန်စွာ ကြီးထွားလာသည်ကို သူခံစားရသည်။

သူ၏တိုးတက်မှုမှာ သူ၏သဘာဝအတိုင်းကြီးထွားနှုန်းနှင့် နှိုင်းယှဉ်လျှင် သိသိသာသာ ပို၍မြန်ဆန်သည်။

၎င်းသည် စိတ်ဝိညာဉ်အတွက် အထူးသင့်တော်သော ထိပ်တန်းအဆင့် လျှို့ဝှက်နည်းစနစ်တစ်ခုဖြစ်ပြီး အလွန်တန်ဖိုးရှိကာ ရှားပါးလှသည်မှာ သံသယဖြစ်စရာမလိုပေ။

"ငါ့မှာ ‘စာအုပ်ကူ’ရဲ့ အကူအညီရှိတာ ကံကောင်းတာပဲ... သူ့ရဲ့စွမ်းအားနဲ့ ငါ့ရဲ့လေ့ကျင့်မှုကို ငါပုံဖော်နိုင်တယ်..."

"အကြိမ်ပေါင်းထောင်ချီပုံဖော်ပြီးရင်တော့ သေချာပေါက် ငါအောင်မြင်မှာပဲ..."

"ပထမ နှလုံးသားမျက်လုံးက ပိုင်းခြားသိမြင်နိုင်စွမ်းအတွက်ဖြစ်ပြီးတော့ ဝိညာဉ်လိုင်းပေါင်း ၁၈၀၀၀ ပါတယ်.."

"ငါသာ ဒီဝိညာဉ်လိုင်း ၁၈၀၀၀ ကို ဖွဲ့စည်းရာမှာ အောင်မြင်ခဲ့ရင်.. ငါ့ရဲ့ပထမဆုံး နှလုံးသားမျက်လုံးကို အောင်အောင်မြင်မြင် ပျိုးထောင်နိုင်မှာပဲ..."

ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။

[ T.N - ဝိညာဉ်လိုင်းဆိုတာက 3D ပုံဖော်သလို၊ ပန်းချီဆွဲသလို ကောက်ကြောင်း မျဉ်းလိုင်းတွေကို ဆိုလိုတာမျိုးပါဗျ။ ]

ဆိုရိုးစကားအရ 'ပထမခြေလှမ်းသည် အခက်ခဲဆုံး' ဖြစ်၏။

သူသာ ပထမခြေလှမ်းကို မှန်ကန်စွာ လှမ်းနိုင်ခဲ့ပါက နောက်ထပ်ခြေလှမ်းများမှာ ထိုမျှခက်ခဲတော့မည်မဟုတ်ပေ။

.

‘အလင်းမျက်လုံးခုနစ်လုံးကျင့်စဉ်’ကို လေ့ကျင့်ရာတွင်လည်း ထိုနည်းတူပင်ဖြစ်သည်။

သူသာ အချက်အလက်ပြမျက်နှာပြင်ပေါ်တွင် စတင်ပြီးသည်နှင့် ကျန်ရှိသောအရာမှာ ဇွဲလုံ့လဖြင့် ကျင့်ကြံအားထုတ်ရန်သာ ဖြစ်သည်။ ကျင့်ကြံခြင်းတစ်ကြိမ်စီတိုင်းတွင် သံသယဖြစ်ဖွယ်မရှိဘဲ တိုးတက်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။

"ဒါနဲ့... လန်ယွဲ့ရှီကို အဆိပ်ဖြေပေးဖို့ အချိန်တန်ပြီပဲ..."

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။

ရက်အနည်းငယ် စောင့်ဆိုင်းပြီးနောက် အချိန်ကို ခန့်မှန်းကြည့်ရာ လှုပ်ရှားရန် အချိန်ကောင်းဖြစ်ပုံပေါ်သည်။

လန်ယွဲ့ရှီသာ သူမ၏ အခြေတည်အဆင့်ကျင့်ကြံမှုကို ပြန်လည်ရရှိသည်နှင့်တစ်ပြိုင်နက်၊ သူမသည် သူ့အတွက် သိသာထင်ရှားသော အင်အားတစ်ခု ဖြစ်လာပေလိမ့်မည်။

တိမ်မြူခိုးတောင်တန်းများရှိ လာမည့်စစ်ဆင်ရေးများတွင် သူမ၏အကူအညီအား အမှန်တကယ် လိုအပ်ပေလိမ့်မည်။

ဤသို့စဉ်းစားရင်း သူသည် အခန်းမှထွက်ခွာကာ လန်ယွဲ့ရှီ၏အခန်းသို့ ဦးတည်လိုက်သည်။

ထိုအခိုက်အတန့်တွင် လန်ယွဲ့ရှီသည် သူမ၏အခန်းထဲတွင် ရှိနေပြီး၊ သူမ၏လှပသော မျက်နှာပေါ်တွင် ရှက်ရွံ့မှုအရိပ်အယောင်တစ်ခု ရှိနေသည်။

"ဒီခွေးကောင်တော့... သူက နေ့ရောညပါ ဘာတွေလုပ်နေတာလဲ.... ဒီကောင်က ဘယ်တော့မှ မပင်ပန်းတတ်တဲ့ကောင်လား...”

လန်ယွဲ့ရှီသည် လက်သီးကျစ်ကျစ်ပါဆုပ်ရင်း ဒေါသဖြင့် ဆူပွက်နေသည်။

သူမသည် အစက ဤယောက်ျားနှင့် တစ်မိုးအောက်တွင်နေထိုင်ခြင်းသည် ဒုက္ခများစွာ ဖြစ်နိုင်မည်မဟုတ်ဟု ထင်ခဲ့သည်။

သို့သော် ထိုအမျိုးသမီးသုံးဦးလုံးမှာ ထိုငနဲ၏ တာအိုလက်တွဲဖော်များ ဖြစ်သည်ကို သူမ မေ့လျော့သွားသည်။

ထိုအကောင်စုတ်သည် အခြားသူများအဆင်ပြေ၏၊ မပြေ၏အား မည်သို့မျှ ဂရုမစိုက်ဘဲ နေ့စဉ်ရက်ဆက် အချိန်ပြည့်သာချစ်တင်းနှီးနှောနေချေသည်။

သူမသည် ယခုအခါ အသက်ရှစ်ဆယ်ကျော်နေပြီဖြစ်သော်လည်း၊ သူမ၏ ပြင်းထန်သော လေ့ကျင့်မှုကြောင့် ဤသို့သောအရာများကို ဘယ်တုန်းကမျှ မကြုံတွေ့ခဲ့ဖူးဘဲ သူမ၏အပျိုစင်ဘဝကို ထိန်းသိမ်းထားသူ ဖြစ်၏။

သူမသည် အခြားမည်သည့်ယောက်ျားနှင့်မျှ ထိတွေ့ဆက်ဆံခြင်းပင် မရှိခဲ့ချေ။

ဤယောက်ျားသည် နေ့စဥ်နေ့တိုင်း ဤသို့သောကိစ္စများတွင် မုန်ယိုနေသည့် သားရိုင်းတိရစ္ဆာန်တစ်ကောင်ကဲ့သို့ ဖြစ်နေမည်ဟု မည်သူက ထင်ထားမည်နည်း။

ကပ်လျက်အခန်းတွင် နေထိုင်ရသောကြောင့် သူမသည် မကြာခဏဆိုသလို၊ ထိုသို့သောအသံများကို ကြားရပြီး ၎င်းမှာ သူမကို ရှက်ရွံ့စေသည်။

သူမသည် ချက်ချင်းပင် ထွက်ခွာသွားလိုသော်ငြား၊ တစ္ဆေမိစ္ဆာဂိုဏ်းအဖွဲ့ဝင်များက သူမကို အမဲလိုက်နေဆဲဖြစ်သည်ဟူသော အတွေးက သူမအား မလှုပ်နိုင်အောင် ဖြစ်နေစေသည်။

တစ္ဆေမိစ္ဆာဂိုဏ်း၏ ဖမ်းဆီးခံရခြင်းနှင့် နှိုင်းယှဉ်လျှင် ဤအသေးအဖွဲဒုက္ခကို သူမ သည်းခံနိုင်သည်။

သို့သော် သူမသည် ဂနာမငြိမ်ဖြစ်နေဆဲဖြစ်သည်။

ဘေးအခန်းတွင် ထိုအကောင်စုတ်က ရှက်ဖွယ်ကောင်းသောအရာအားလုံးကို ပြုလုပ်နေသည်အား သူမ တွေးမိတိုင်း ဒေါသဖြင့် ပြည့်နှက်နေတော့သည်။

ပြဿနာမှာ သူမသည် အလားတူအခြေအနေများကို ယခင်က ကြုံတွေ့ခဲ့ဖူးသော်လည်း၊ အမြဲတစေ လျစ်လျူရှုနိုင်ခဲ့ပြီး မည်သည့်စိတ်ဝင်စားမှုမျှ မရှိခဲ့ချေ။

ဤယောက်ျားနှင့် တွေ့ဆုံပြီးနောက် အဘယ်ကြောင့် ဤမျှများစွာ ပြောင်းလဲသွားသည်ကိုမူ သူမ နားမလည်နိုင်ပေ။

အဘယ်ကြောင့် ဤယောက်ျားက လောက၏သာယာမှုများကို စံစားနေချိန်တွင်၊ သူမမှာမူ အဆိပ်၏နှိပ်စက်မှုကို ခံစားနေရသနည်း။

လန်ယွဲ့ရှီသည် လက်သီးကျစ်ကျစ်ပါဆုပ်လိုက်ရင်း ရင်ထဲတွင် နာကြည်းမှုတစ်ခု တိုးပွားလာသည်။

ရှပ်…ရှပ်…။

ထိုအခိုက်အတန့်တွင် အပြင်ဘက်မှ ခြေသံအချို့ ထွက်ပေါ်လာသည်။ ကျိုးစွေ့သည် သူမ၏အခန်းတံခါးသို့ ရောက်ရှိနေပြီဖြစ်သည်။

၎င်းမှာ မြေအောက်အိပ်ခန်းတစ်ခုဖြစ်သော်လည်း သီးသန့်လုံခြုံမှုကို ပေးစွမ်းနိုင်ရန် ယာယီသစ်သားတံခါးတစ်ခု တပ်ဆင်ထားသည်။

"စီနီယာလန်.."

ကျိုးစွေ့က စကားဆိုလိုက်သည်။

"ရှင်...ရှင် ဘာလိုချင်လို့လဲ...”

လန်ယွဲ့ရှီသည် မျက်နှာနီမြန်းသွားသော်လည်း သူမ၏တည်ငြိမ်မှုကို ထိန်းသိမ်းထားသည်။ သူမ ပဟေဠိဖြစ်သွားသည်။ ဤယောက်ျားသည် အချိန်ပြည့် သူ၏တာအိုလက်တွဲဖော်များနှင့်သာ၊ ရှက်ဖွယ်ကောင်းသည့် လုပ်ရပ်များဖြင့် အလုပ်များနေသည်မဟုတ်လော။ အဘယ်ကြောင့် ရုတ်တရက် သူမကို လာတွေ့ရသနည်း။

သူ၏တာအိုလက်တွဲဖော်များနှင့် ကျေနပ်မတင်းတိမ်နိုင်သောကြောင့် ယခုအခါ သူမကို လိုချင်နေခြင်း ဖြစ်မည်လော။

သူမသည် ယခုအခါ တစ်ယောက်တည်းဖြစ်နေသည့်အပြင်၊ အဆိပ်ကြောင့်အလွန်အားနည်းနေကာ သူမအပေါ် အတင်းအကျပ်ပြုလုပ်ရန် ကြိုးစားပါက သူ့ကို ခုခံနိုင်မည်မဟုတ်ချေ။

သူမ ရုန်းကန်ရမည်လော၊ လိုက်လျောလိုက်သင့်သည်လော။

သို့မဟုတ် ရှင်သန်ရပ်တည်ရေးအတွက် ခွေးကိုက်ခံရသည်ဟုသာ သဘောထားလိုက်ရမည်လော။

အကယ်၍ သူမကို အမှန်တကယ် လိုချင်နေပါက၊ ၎င်းအား သဘောတူဟန်ဆောင်ကာ အပေးအယူလုပ်ရပေတော့မည်။

‘ဟုတ်တယ်...ဒါက ငါ့ဘဝအတွက်ပဲ.. အဲ့အကောင်စုတ်ကို အရှုံးပေးတာမဟုတ်ဘူး... ဘဝအတွက် အရှက်ရမှုကို သည်းခံရုံသပ်သပ်ပဲ.. ဟမ့်..’

တစ်ခဏအတွင်းမှာပင် သူမ၏စိတ်ထဲ၌ ကမောက်ကမအတွေးပေါင်းစုံနှင့် ဆင်ခြင်တုံတရားအတွက် ဆင်ခြေပေါင်းများစွာ အားပြိုင်နေတော့သည်။

ဤယောက်ျားထံသို့ သူမ၏အပျိုစင်ဘဝကို အမှန်တကယ် ဆုံးရှုံးခဲ့လျှင်ပင်၊ ၎င်းမှာ ပိုကြီးမားသော ရည်ရွယ်ချက်အတွက်ဖြစ်ပြီး သေချာပေါက် အရှက်ရစရာတစ်ခုမဟုတ်ပေ။

ဖြစ်နိုင်သည်မှာ ဤအခြေအနေကို အခွင့်ကောင်းယူ၍ ထိုယောက်ျားကိုပင် သူမ ထိန်းချုပ်နိုင်ပေမည်။

မိစ္ဆာဂိုဏ်းမှ အမျိုးသမီးကျင့်ကြံသူများသည်လည်း ထိုသို့ လုပ်ဆောင်ခဲ့ကြသည်မဟုတ်လော။ သူမသည်လည်း အလားတူ နည်းဗျူဟာကို အသုံးပြုနိုင်သည်။

ကျွီခနဲမြည်သံနှင့်အတူ သစ်သားတံခါး ပွင့်သွားပြီး၊ ကျိုးစွေ့၏ပုံရိပ်က လန်ယွဲ့ရှီ၏ရှေ့မှောက်တွင် ပေါ်လာသည်။

‘အယ်.. သူရောက်လာပြီ... အဟင့်.. အဲ့ဒီလူ တကယ်ကြီး ရောက်လာပြီ..’

သူမ၏ရှေ့မှောက်ရှိ အရပ်မြင့်မြင့်ပုံရိပ်ကို ကြည့်ရင်း၊ သူ့ထံမှထုတ်လွှတ်နေသော ပြင်းထန်သည့် ယောက်ျားပီသသောအငွေ့အသက်က သူမ၏ပေါင်များကိုပင် လိမ်ကောက်လိုက်မိသွားစေပြီး သူမကို ပြိုလဲလုနီးပါး ဖြစ်စေသည်။

သူမသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း အဘယ်ကြောင့် ဤယောက်ျားကို မခုခံနိုင်ဟု ခံစားရသနည်း။ ၎င်းမှာ အတော်ပင် ထူးဆန်းလှသည်။

သူမ၏နှလုံးသားမှာ တစ်ဒိန်းဒိန်းခုန်နေပြီး ယခင်က တစ်ခါမျှမခံစားဖူးသော ထိတ်လန့်မှုတစ်ခုကို ခံစားလိုက်ရသည်။

ဤခံစားချက်မှာ အလွန်ပင် ထူးဆန်းလှချေသည်။

သူမသည် တစ္ဆေမိစ္ဆာဂိုဏ်းမှ အခြေတည်အဆင့်ကျင့်ကြံသူများစွာ၏ ဝန်းရံခြင်းကို ခံခဲ့ရသည့်အခါတွင်ပင် ဤသို့သော စိုးရိမ်ပူပန်မှုကို မခံစားခဲ့ဖူးပေ။

"စီနီယာလန်.. ကျွန်တော့်မှာ သတင်းကောင်းတစ်ခုရှိတယ်... ခင်ဗျားကို အဆိပ်ဖြေပေးနိုင်မယ့် နည်းလမ်းတစ်ခုကို ကျွန်တော်ရှာတွေ့ခဲ့ပြီ..." ကျိုးစွေ့က တဲ့တိုးသာ ပြောလိုက်သည်။

"ဟမ့်... ကျွန်မကို ဘယ်လိုမိန်းမစား မှတ်နေလဲ... ဒီ‌လောက် လွယ်မယ်.. မထင်... ထင်...”

"ဟမ်.. ခဏလေး.. ရှင်...ရှင်... အဆိပ်ဖြေနည်းကို ရှာတွေ့ခဲ့တယ်ဆိုတာ ဘာပြောတာလဲ..."

ထိုငနဲအား သူမသည် လွယ်လွယ်ကူကူ ကြံ၍ရမည့်သူ မဟုတ်ကြောင်း ပြောရန် ပြင်နေသည့် လန်ယွဲ့ရှီ၏မျက်နှာမှာ ရဲပဒေါင်းခတ်သွားသည်။ သူ၏စကားကို ကြားသောအခါ မယုံကြည်နိုင်မှုဖြင့် ပါးစပ်အဟောင်းသားပွင့်ကာ ကျိုးစွေ့အား ပြူးပြူးကြီး ကြည့်နေမိတော့သည်။

ထိုငနဲသည် သူပြောနေသည့်စကားကိုပင် သူကိုယ်တိုင် သိပါ၏လော။ သူသည် အဆိပ်ဖြေနည်းကို ရှာတွေ့ခဲ့ပြီဟု ဆိုနေချေသည်။

သူမ ခံစားနေရသည်မှာ နာမည်ဆိုးဖြင့်ကျော်ကြားသော ကုသ၍မရနိုင်သည့် အပြာရောင်မိစ္ဆာအဆိပ် ဖြစ်၏။

သူမသည် နည်းလမ်းများစွာကို ကြိုးစားခဲ့သော်လည်း အချည်းနှီးသာဖြစ်ပြီး၊ သူမ၏ကံတရားကို လက်ခံလိုက်ကာ သေခြင်းတရားကိုသာ စောင့်ဆိုင်းနေခြင်း ဖြစ်သည်။

"ဟုတ်တယ်... ခင်ဗျားရဲ့အဆိပ်ကို ကုသနိုင်မယ့် နည်းလမ်းကို ကျွန်တော်ရှာတွေ့ခဲ့ပြီ..."

"မကြာခင် ခင်ဗျားကိုယ်ထဲက အဆိပ်တွေကို ဖယ်ရှားနိုင်ပြီး... အရင်လိုပြန်ကောင်းသွားမှာပါ.. ဘာမှစိတ်ပူမနေပါနဲ့..."

ကျိုးစွေ့က ခေါင်းညိတ်လိုက်သည်။

All Chapters