အခြေတည်အဆင့်ကျောထောက်နောက်ခံကို ရရှိခြင်း၊ လွတ်မြောက်ခြင်းအစီအစဉ်
Vol. 8 Ch. 111
"ကျွန်မ ဘယ်လို အဆိပ်ဖြေလို့ရမလဲ..."
လန်ယွဲ့ရှီက အလျင်အမြန်ပင် မေးလိုက်သည်။
အကြောင်းတစ်စုံတစ်ရာကြောင့် သူမသည် ကျိုးစွေ့အပေါ် အလိုလို ယုံကြည်စိတ်ရှိသည်။
သေစေနိုင်သော အပြာရောင်မိစ္ဆာအဆိပ်ကို ချေဖျက်ရန်မှာ များစွာခက်ခဲပြီး၊ အင်မော်တယ်ရှားဂိုဏ်းသို့ ပြန်ရောက်လျှင်ပင် သူမ လုပ်နိုင်မည်မဟုတ်ကြောင်း သိသော်လည်း သူမ၏ရှေ့မှောက်ရှိ ယောက်ျားကိုမူ အကြွင်းမဲ့ယုံကြည်နေသည်။
ဤယောက်ျားသည် သူမကို လုံးဝ လှည့်စားမည်မဟုတ်သကဲ့သို့ ဖြစ်နေသည်။
သူတို့သည် မွေးရာပါ ခွဲခွာ၍မရနိုင်သော ဆွေမျိုးများကဲ့သို့ သွေးကစကားပြောသည့်နှယ်ဖြစ်နေသည်။
"ကျွန်တော့်ဆီမှာ ဘယ်အဆိပ်ကိုမဆို တန်ပြန်နိုင်တဲ့ ထူးဆန်းတဲ့ပိုးကောင်တစ်ကောင် ရှိတယ်.. ဒီပိုးကောင်ကိုသာ ခင်ဗျားရဲ့ခန္ဓာကိုယ်ထဲကို ထည့်ပေးလိုက်ရင်... ခင်ဗျားအတွင်းထဲက သေစေနိုင်တဲ့အဆိပ်ကို ဝါးမျိုပြီးတော့.. ခင်ဗျားရဲ့ခန္ဓာကိုယ်ကို မူလအခြေအနေအတိုင်း ပြန်လည်ရောက်ရှိစေနိုင်လိမ့်မယ်..."
ကျိုးစွေ့က ရှင်းပြလိုက်သည်။
"ဒါဆိုရင်လည်း လုပ်လိုက်ကြမယ်လေ... ကျွန်မတို့ ဘယ်တော့စလို့ရမလဲ..."
လန်ယွဲ့ရှီက စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။
"အခုကို လုပ်လို့ရပါတယ်..."
အနည်းငယ်ပြုံးလိုက်ပြီး ကျိုးစွေ့က ခန့်ညားစွာ လက်ဟန်တစ်ချက်လုပ်လိုက်၏။ သူ၏ကိုယ်ပေါ်ရှိ 'ရွှေအလင်းတစ်ထောင်အဆိပ်ကူ'သည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ချက်ချင်းပင် လန်ယွဲ့ရှီ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်သွားသည်။
'ရွှေအလင်းတစ်ထောင်အဆိပ်ကူ'သည် လန်ယွဲ့ရှီ၏ နှလုံးသားထဲသို့ တိုက်ရိုက် ဝင်ရောက်သွားသည်။ ၎င်း၏ပါးစပ်ကို ဖွင့်လိုက်ပြီး ခန္ဓာကိုယ်ကို ဝဲဂယက်တစ်ခုအဖြစ်သို့ ပြောင်းလဲလိုက်ကာ တုနှိုင်းမဲ့သော စုပ်ယူအားတစ်ခုကို ဖြစ်ပေါ်စေသည်။
ဝူး…။
ချက်ချင်းပင် လန်ယွဲ့ရှီ၏ခန္ဓာကိုယ်နေရာအနှံ့အပြားတွင် ပုန်းအောင်းနေခဲ့သော အဆိပ်များသည် သူမ၏နှလုံးသားဆီသို့ ပြင်းထန်သောစုပ်ယူအားကြောင့် ရောက်ရှိသွားတော့သည်။
မကြာမီမှာပင် အဆိပ်များအားလုံးကို 'ရွှေအလင်းတစ်ထောင်အဆိပ်ကူ'က ဝါးမျိုလိုက်သည်။
ဝလင်သွားသော 'ကူပိုးကောင်'သည် ကျေနပ်စွာ လေချဉ်တက်လိုက်သည်။ ၎င်းမှာ အလွန်ပင် ကျေနပ်နေသည်မှာ ထင်ရှားသည်။
ယခုအခါ ပိုးကောင်သည် သေစေနိုင်သော အပြာရောင်မိစ္ဆာအဆိပ်၏ ဂုဏ်သတ္တိအတိုင်း၊ မှိန်ဖျော့ဖျော့အပြာရောင်အလင်းကိုပါ ထုတ်လွှတ်စပြုနေပြီး ၎င်းမှာ မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းနေသည်။
"ငါအိပ်မက်များ မက်နေတာလား... ငါ့ခန္ဓာကိုယ်ထဲက သေစေနိုင်တဲ့အဆိပ်က တကယ်ပဲ ပျောက်ကွယ်သွားတာလား..."
လန်ယွဲ့ရှီသည် ချက်ချင်းပင် ဝမ်းသာအားရ ရေရွတ်လိုက်သည်။
ထိုအခိုက်အတန့်တွင် သူမသည် ယခင်က တစ်ခါမျှမခံစားဖူးသော စိတ်သက်သာရာရမှုကို ခံစားလိုက်ရပြီး၊ သူမအပေါ်ရှိ ကြီးမားသော ဝန်ထုပ်ဝန်ပိုးတစ်ခုအား အပြီးတိုင် ဖယ်ရှားလိုက်သည့်နှယ် ဖြစ်နေသည်။
သေစေနိုင်သောအဆိပ်သည် မူလက သူမ၏သွေးကြောများနှင့် ဒန်တျန်ကို တိုက်စားခဲ့ပြီး ခန္ဓာကိုယ်အတွင်း မှော်စွမ်းအင်လည်ပတ်မှုအား တားဆီးထားခဲ့သည်။
သို့သော် ယခုမူ ဤအရာအားလုံး ပျောက်ကွယ်သွားပြီဖြစ်၏။
သူမ၏ခန္ဓာကိုယ်အတွင်း မှော်စွမ်းအင်များ လွတ်လပ်စွာ စီးဆင်းလှုပ်ရှားနေသည်ကို စတင်ခံစားလိုက်ရပြီး၊ ပြီးပြည့်စုံသောအခြေတည်အဆင့်၏ အရှိန်အဝါက သူမထံမှ ပေါက်ကွဲထွက်လာကာ မြေပြင်ကိုပင် ကွဲအက်သွားစေသည်။
သူမ၏စိတ်လှုပ်ရှားမှုသည် ထိန်းမနိုင်၊သိမ်းမရပင် ဖြစ်နေချေသည်။
ရေကဲ့သို့ ကြည်လင်သော သူမ၏လှပသောမျက်လုံးများသည် ကျိုးစွေ့ကို စူးစိုက်ကြည့်ရင်း၊ နူးညံ့သွားကာ ဖော်ပြမရနိုင်သောအရိပ်အယောင်တစ်ခု ထင်ဟပ်နေတော့သည်။
"ဂုဏ်ယူပါတယ် စီနီယာလန်..."
ကျိုးစွေ့ အနည်းငယ် ပြုံးလိုက်သည်။ သူသည်လည်း အလွန်ပင် ပျော်ရွှင်နေသည်။ လန်ယွဲ့ရှီကို အဆိပ်ဖြေပေးခြင်းဖြင့် သူသည် အခြေတည်အဆင့်မဟာမိတ်တစ်ဦးကို ပိုင်ပိုင်နိုင်နိုင် ရရှိခဲ့ပြီဖြစ်သည်။ ၎င်းမှာ သူ၏လုံခြုံရေးကို များစွာ တိုးမြှင့်ပေးသည်။
သူ၏မြေအောက်စခန်းကို တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများ ရှာဖွေတွေ့ရှိခဲ့လျှင်ပင်၊ လန်ယွဲ့ရှီ၏ အကူအညီဖြင့် သူသည် အလွယ်တကူ လွတ်မြောက်နိုင်ပြီး တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများကိုပင် တန်ပြန်သတ်ဖြတ်နိုင်သည်။
"ကျွန်မအသက်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်... ရှင့်ရဲ့အခြေတည်အဆင့် တက်လှမ်းမှုကို ကျွန်မ သေချာပေါက်ကူညီပေးပါ့မယ်..."
လန်ယွဲ့ရှီက လက်သီးကို တင်းတင်းဆုပ်ကာ လေးလေးနက်နက် ကျေးဇူးတင်လိုက်သည်။
မူလက သူမသည် အင်မော်တယ်ရှားဂိုဏ်း၏စွန့်ပစ်ခြင်းကို ခံခဲ့ရပြီး အရာအားလုံးပြီးဆုံးသွားပြီဟု သူမ ယုံကြည်ထားခဲ့သည်။
မီယွင်မြို့ကျဆုံးပြီးနောက် သူမသည် တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများ၏ ဖမ်းဆီးခြင်းကို သေချာပေါက် ခံရမည်ဖြစ်ပြီး၊ သူမ၏ကံကြမ္မာမှာ မရေမရာဖြစ်နေကာ ပြင်းထန်သောညှဉ်းပန်းနှိပ်စက်မှုများနှင့် မုချရင်ဆိုင်ရပေလိမ့်မည်။
သို့သော် သူမသည် ဤသို့သော လျှို့ဝှက်ဆန်းကြယ်သည့် ယောက်ျားတစ်ဦးနှင့် တွေ့ဆုံလိမ့်မည်ဟု မည်သူက ထင်ထားမည်နည်း။
၎င်းသည် သူမကို ကယ်တင်ရုံသာမက၊ သူမ၏ခန္ဓာကိုယ်ထဲရှိ ထူးဆန်းသောအဆိပ်ကိုပင် ချေဖျက်ပေးပြီး အခြေတည်အဆင့်ကျင့်ကြံမှုကို ပြန်လည်ရရှိစေခဲ့သည်။
ဤသည်မှာ သူမ၏အသက်ကို ကယ်တင်ရုံသက်သက်မဟုတ်ဘဲ၊ သူမ၏အနာဂတ်လမ်းကြောင်းကိုပါ ကယ်တင်ခြင်း ဖြစ်၏။ သူမသည် ရွှေအမြုတေအဆင့်သို့ တက်လှမ်းရန် ပိုမိုကြီးမားသော မျှော်လင့်ချက်များပင် ရှိလာချေသည်။
သူမသည် ဤတစ်ကြိမ်တွင် ဒုက္ခများစွာခံစားခဲ့ရသော်လည်း၊ 'သင့်ကို မသတ်နိုင်သောအရာက သင့်အား ပို၍အားကောင်းစေသည်' ဟူသော ဆိုရိုးစကား၏အနက်အဓိပ္ပာယ်ကို ယခုအခါ နားလည်သွားသည်။
သေစေနိုင်သောအဆိပ်နှင့် နှစ်ပေါင်းများစွာ ရုန်းကန်ခဲ့ရမှုက သူမ၏အခြေခံအုတ်မြစ်များကို ပို၍ခိုင်မာစေပြီး၊ သူမ ဘယ်တုန်းကမျှ မရောက်ဖူးခဲ့သော အမြင့်သို့ တွန်းပို့ပေးခဲ့သည်။
သူမသာ ရွှေအမြုတေဖွဲ့စည်းရန် ကြိုးစားပါက သူမ၏အောင်မြင်နိုင်ခြေမှာ အနည်းဆုံး သုံးဆယ်ရာခိုင်နှုန်း တိုးလာနိုင်ပေသည်။
အနာဂတ်တွင် ရွှေအမြုတေဖွဲ့စည်းခြင်းကို အောင်မြင်ရန် အခွင့်အရေးကောင်းတစ်ခု ရှိသည်ဟု ဆိုနိုင်ပေသည်။
"အရမ်းကြီးယဉ်ကျေးနေစရာမလိုပါဘူး စီနီယာလန်... ဒါပေမဲ့ ငါတို့ ဒီနေရာကနေ မကြာခင် ထွက်ခွာရနိုင်တယ်.. ဒါကြောင့် ခင်ဗျား အဲ့ဒီအတွက် ပြင်ဆင်ထားသင့်တယ်..."
ကျိုးစွေ့က အနည်းငယ် ပြုံးရင်း ပြန်ဖြေသည်။
"ဒီနေရာကနေ ထွက်ခွာမယ် ဟုတ်လား... တစ္ဆေမိစ္ဆာဂိုဏ်းက ထွက်သွားပြီလား..."
လန်ယွဲ့ရှီက စူးစမ်းစွာ မေးမြန်းသည်။
တစ္ဆေမိစ္ဆာဂိုဏ်းနှင့်ပတ်သက်၍ သူမ သိသလောက်ဆိုလျှင်၊ သူတို့အတွက် သူမကို လိုက်လံဖမ်းဆီးခြင်းအား လွယ်လင့်တကူ အလျော့ပေးမည်မဟုတ်ချေ။
"လုံးဝကို မဟုတ်ဘူး..."
ကျိုးစွေ့က ခေါင်းခါလိုက်ပြီး "တစ္ဆေမိစ္ဆာဂိုဏ်းက မီယွင်မြို့ကို သိမ်းပိုက်လိုက်ပြီ... သူတို့က မြို့ထဲမှာ ခင်ဗျားကို အားကြိုးမာန်တက် လိုက်ရှာနေတုန်းပဲ... ပတ်ပတ်လည်မှာ ရှာဖွေရေးအဖွဲ့တွေတောင် ချထားသေးတယ်... ဒါပေမဲ့ အခုထိတော့ ဘာသဲလွန်စမှ မရသေးပါဘူး..."
"ဒါပေမဲ့ ဒီမှာနေတာက အဖြေမဟုတ်ဘူးလေ.. ဒါကြောင့် ငါထွက်သွားဖို့ စီစဉ်နေတာ... ဒါပေမဲ့ စိတ်မပူပါနဲ့... ငါတို့က မြေပြင်ပေါ်ကနေ ခရီးသွားမှာမဟုတ်ဘဲ.. မြေအောက်ဥမင်လိုဏ်ခေါင်းကနေ သွားမှာ...."
"မြေအောက်ဥမင်လိုဏ်ခေါင်းလား..."
လန်ယွဲ့ရှီ မျက်တောင်ခတ်လိုက်ပြီး ကျိုးစွေ့၏ စကားလုံးများကို အနည်းငယ် ဇဝေဇဝါဖြစ်သွားသည်။
"ဟုတ်တယ်... ငါ တိမ်မြူခိုးတောင်တန်းရဲ့ အတွင်းပိုင်းနက်ရှိုင်းတဲ့နေရာအထိ ဦးတည်တဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုကို တူးဖို့ ရည်ရွယ်ထားတယ်... ကီလိုမီတာရာပေါင်းများစွာ ရှည်လျားတဲ့ ဥမင်လိုဏ်ခေါင်းတစ်ခုပေါ့လေ..."
"အချိန်ကျလာတဲ့အခါ ငါတို့ အဲ့ဒီမြေအောက်ဥမင်လိုဏ်ခေါင်းကနေတစ်ဆင့် တိမ်မြူခိုးတောင်တန်းရဲ့ နက်ရှိုင်းတဲ့နေရာတွေကို ရောက်နိုင်တယ်..."
"ဒီလိုဆိုရင် တစ္ဆေမိစ္ဆာဂိုဏ်းက ဘယ်လောက်အင်အားကောင်းကောင်း.. သူတို့ငါတို့ကို ရှာတွေ့နိုင်မှာမဟုတ်ဘူး..."
ကျိုးစွေ့က သူ၏အစီအစဉ်ကို ဖွင့်ပြောလိုက်သည်။
ပညာရှိတစ်ဦးသည် မိမိကိုယ်ကို အန္တရာယ်ဖြစ်စေမည်မဟုတ်ဟု ဆိုကြသည်။ ယခုအချိန်တွင် မီယွင်မြို့တွင် လုံခြုံနေဆဲ ဖြစ်သော်လည်း၊ အနာဂတ်တွင် လုံခြုံနေဦးမည်လား ဆိုသည်ကို မည်သူသိနိုင်မည်နည်း။
အချို့သော ရူးသွပ်သည့် မိစ္ဆာကျင့်ကြံသူတစ်ဦးဦးက မြေအောက်ဥမင်လိုဏ်ခေါင်းများကို စူးစမ်းရှာဖွေရန် စိတ်ကူးရလာနိုင်သည်။
ထိုအခါတွင် သူ၏တည်နေရာမှာ ဖော်ထုတ်ခံရနိုင်ပေသည်။
ယခုကတည်းက ထွက်ပြေးရှောင်တိမ်း၍၊ တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာတွင် ပုန်းအောင်းခြင်းက ပို၍ကောင်းသည်။
တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာတွင် ယောင်သားရဲများစွာ ရှိသော်လည်း၊ အန္တရာယ်အရှိဆုံး သားရဲပင်လျှင် လူသားများကဖြစ်ပေါ်စေသော အန္တရာယ်နှင့်နှိုင်းယှဉ်၍မရပေ။
ထို့အပြင် လန်ယွဲ့ရှီသည် အခြေတည်အဆင့်တွင် သူမ၏ကျင့်ကြံမှုကို ပြန်လည်ရရှိလုနီးပါး ဖြစ်နေသည်။
သူ၏ဘေးတွင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ရှိနေသောကြောင့် တိမ်မြူခိုးတောင်တန်းရှိ အန္တရာယ်များမှာ ပြောလောက်အောင် အန္တရာယ်များတော့မည် မဟုတ်ပေ။
"ဒါ..."
လန်ယွဲ့ရှိ၏ နှုတ်ခမ်းများ ထိန်းချုပ်၍မရအောင်ပင် တုန်ယင်သွားသည်။ ဤအကြံမှာ အတော်ပင် အံ့ဩဖွယ်ကောင်းသည်အား သူမတွေ့ရှိခဲ့ရသည်။ ကီလိုမီတာရာပေါင်းများစွာ ရှည်လျားသော မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုကို တူးဖော်ခြင်းမှာ ကြီးမားသော အလုပ်တစ်ခုဖြစ်သည်။
အင်မော်တယ်ရှားဂိုဏ်းသာ ဤသို့သောအရာကို ပြုလုပ်လိုလျှင်ပင်၊ မည်သည့်အချိန်တွင်မှ အောင်မြင်နိုင်မည်ကို မည်သူမျှမသိနိုင်ချေ။
မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုကို တည်ဆောက်ခြင်းမှာ မြေကြီးကို တူးဖော်ရုံသက်သက်မဟုတ်ပေ၊ ၎င်းကို တည်ငြိမ်အောင်လည်း ပြုလုပ်ရသေးသည်။
သို့မဟုတ်လျှင်၊ ဥမင်လိုဏ်ခေါင်း ပြိုကျပါက သူတို့သည် အရှင်လတ်လတ်မြှုပ်နှံခြင်းကို ခံရနိုင်ပေသည်။
'ရွှေစားကူ'ကို ထိန်းချုပ်နိုင်သည့် ကျိုးစွေ့ကဲ့သို့သော လူမျိုးသာလျှင်၊ ဤမယုံနိုင်စရာကောင်းသော အစီအစဉ်ကို အောင်မြင်နိုင်ပေမည်။
ထို့ကြောင့် တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများ မည်မျှပင် ဦးနှောက်ခြောက်အောင်စဉ်းစားစေကာမူ၊ ကီလိုမီတာရာပေါင်းများစွာ ရှည်လျားသော မြေအောက်ဥမင်လိုဏ်ခေါင်းမှတစ်ဆင့်၊ တစ်စုံတစ်ယောက် ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု သူတို့ ဘယ်တော့မှ စိတ်ကူးကြည့်နိုင်မည်မဟုတ်ပေ။ အမှန်တကယ်တွင် ၎င်းမှာ စိတ်ကူးထက် ကျော်လွန်နေသည်။
"ကောင်းပါပြီ.. ကျွန်မ ပြင်ဆင်ထားပါ့မယ်..."
"အချိန်ကျလာရင် ကျွန်မကို အသိပေးပါ..."
လန်ယွဲ့ရှီသည် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးအဖြစ် သူမ၏ လျှို့ဝှက်ဆန်းကြယ်မှုကို ထိန်းသိမ်းလိုသောကြောင့် သူမ၏စူးစမ်းလိုစိတ်ကို အတင်းအကျပ်ဖိနှိပ်လိုက်ပြီး၊ ဥမင်လိုဏ်ခေါင်းတူးဖော်မည့် ကျိုးစွေ့၏နည်းလမ်းနှင့်ပတ်သက်၍ မေးမြန်းခြင်းအား ရှောင်ကြဉ်ခဲ့သည်။
"သိပ်ကောင်းတယ်..."
ခဏစဉ်းစားပြီးနောက် ကျိုးစွေ့က လက်ဝေ့ယမ်းလိုက်ပြီး 'ရွှေအလင်းတစ်ထောင်အဆိပ်ကူ'ကို ပြန်ယူလိုက်သည်။ လန်ယွဲ့ရှီကို နှုတ်ဆက်ပြီးနောက် သူသည် သူ၏အိပ်ခန်းသို့ ပြန်လာခဲ့တော့သည်။
သူ့ကို အနက်ရောင်ပိတ်ပါးအဝတ်အစားများဖြင့် ဝတ်ဆင်ထားသော သူ၏ဇနီးသုံးဦးက ချက်ချင်း ကြိုဆိုလိုက်ကြသည်။ တစ်ဝက်တစ်ပျက်ထွင်းဖောက်မြင်နေရသော ကောက်ကြောင်းများက မခုခံနိုင်အောင် စွဲမက်ဖွယ်ကောင်းသည့် အငွေ့အသက်များဖြင့်လွှမ်းခြုံနေရာ သူ့ကို တံတွေးမျိုချစေသည်။
ချက်ချင်းပင် သူစိတ်လှုပ်ရှားသွားတော့သည်။
...
"အာ... ဒီနှာဘူးကောင်ကတော့ ထပ်လုပ်ပြန်ပြီ...."
"သူ့ရဲ့သက်လုံကတော့ တကယ့်ကို မယုံနိုင်စရာပဲ...”
"ဒီနှာဘူးကောင်က ဘယ်တော့မှ ပင်ပန်းမှာလဲ... ကျင့်ကြံဖို့တောင် မလိုဘူးလားဟယ်..."
ကပ်လျက်အခန်းရှိ လန်ယွဲ့ရှီ၏ မျက်နှာမှာနီမြန်းနေသည်။ သူမသည် ဒေါသဖြင့် လက်သီးကိုဆုပ်လိုက်သည်။
ဘေးအခန်းမှ ထူးဆန်းသည့်ငြီးတွားသံများကို ကြားလိုက်ရသောအခါ သူမသည် ဒိန်းတလိန်းနတ်ဝင်ပူးကာ သွေးများပင် ဆူပွက်လာတော့သည်။
သူမသည် အသံအတားအဆီးတစ်ခုကို တပ်ဆင်ရန်မှလွဲ၍ အခြားရွေးချယ်စရာမရှိတော့ချေ။ မမြင်မကြားရသောအရာက သင့်ကို အနှောင့်အယှက်ပေးမည်မဟုတ်ပေ။