← Chapters

ဒုတိယအဆင့်ထိပ်တန်းအရည်အသွေးရှိ ဝိညာဉ်ကြော၊ တိမ်မြူခိုးတောင်တန်းတွင် အခြေချခြင်း

Vol. 8 Ch. 112

ဒုတိယအဆင့်ထိပ်တန်းအရည်အသွေးရှိ ဝိညာဉ်ကြော၊ တိမ်မြူခိုးတောင်တန်းတွင် အခြေချခြင်း

Vol. 8 Ch. 112

တစ်လကြာပြီးနောက်။

'ရွှေစားကူ'အကောင်တစ်ရာ၏ တစ်လကြာ မရပ်မနားတူးဖော်အားထုတ်မှုကြောင့်၊ မိုင်ရာပေါင်းများစွာအကွာရှိ တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာသို့ မြေအောက်ဥမင်လိုဏ်ခေါင်းတစ်ခုကို ဖွင့်လှစ်နိုင်ခဲ့သည်။

ထို့ကြောင့် ကျိုးစွေ့၊ မုဇီယန်၊ ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် လန်ယွဲ့ရှီတို့သည် ထိုမြေအောက်ဥမင်လိုဏ်ခေါင်းမှတဆင့် မီယွင်မြို့မှ လျင်မြန်စွာထွက်ခွာခဲ့ကြပြီး၊ တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများ၏ လိုက်လံဖမ်းဆီးမှုမှ ရှောင်တိမ်းနိုင်ခဲ့သည်။

တစ်ရက်၊ နှစ်ရက်အကြာတွင် သူတို့သည် နောက်ဆုံးတွင် တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာသို့ ရောက်ရှိသွားကြသည်။

တစ်ချိန်တည်းမှာပင် ကျိုးစွေ့သည် 'ရွှေစားကူ'များကို သူတို့နောက်မှ ဥမင်လိုဏ်ခေါင်းကို ပြန်လည်ပိတ်ဆို့ရန် ညွှန်ကြားခဲ့သည်။

ဤသို့ဖြင့် တစ်စုံတစ်ယောက်က ဥမင်လိုဏ်ခေါင်းကို သတိပြုမိခဲ့လျှင်ပင်၊ သူတို့သည် ၎င်းမှတဆင့် သူတို့အား ခြေရာခံနိုင်မည်မဟုတ်ပေ။

သူသည် ယခုမှပင် တစ္ဆေမိစ္ဆာဂိုဏ်း၏ခြိမ်းခြောက်မှုမှ လွတ်မြောက်ပြီဟု ဆိုနိုင်ပေသည်။

ထိုမိစ္ဆာဂိုဏ်း၏ အန္တရာယ်အား စိုးရိမ်စရာမလိုတော့ချေ။

ဝူး...။

ချက်ချင်းပင် ကျိုးစွေ့နှင့်အခြားသူများမှာ တွင်းထဲမှ ထွက်ပေါ်လာကြပြီး၊ မြူခိုးများဖြင့် ဝန်းရံထားသော ချိုင့်ဝှမ်းတစ်ခုထဲတွင် ရောက်နေသည်အား တွေ့ရှိလိုက်ကြကာ ဆယ်ပေအတွင်း မည်သည့်အရာကိုမျှ မြင်နိုင်စွမ်းမရှိကြချေ။

"ယောက်ျား.. ဒါက တိမ်မြူခိုးတောင်တန်းလား..."

ကျိပင်းယွီက သူမ၏ပတ်ဝန်းကျင်ကို စူးစမ်းစွာ ကြည့်လိုက်သည်။ ဤသို့သော မရင်းနှီးသည့် ပတ်ဝန်းကျင်ကို သူမ ပထမဆုံးအကြိမ် တွေ့မြင်ဖူးခြင်းဖြစ်သည်။

"သိပ်ဟုတ်တာပေါ့..."

ကျိုးစွေ့က ခေါင်းညိတ်လိုက်ပြီး "တိမ်မြူခိုးတောင်တန်းက တစ်နှစ်ပတ်လုံး မြူခိုးတွေနဲ့ ဖုံးလွှမ်းနေတာ... ပိုနက်လေလေ မြူခိုးက ပိုထူလေလေပဲ... ဆယ်ပေထက်ကျော်ပြီး မြင်နိုင်ဖို့ဆိုတာ လုံးဝမဖြစ်နိုင်သလောက်ပဲ..."

“တစ်ခါတစ်လေမှာ အဆိပ်အတောက်ဖြစ်စေတဲ့ အခိုးအငွေ့တွေက မြူခိုးတွေထဲမှာ ရောနှောနေတတ်သေးတယ်... သာမန်ကျင့်ကြံသူတစ်ယောက်က သတိမထားမိလို့ကတော့... အဲ့ဒီအဆိပ်ငွေ့တွေကို အမှုမဲ့ရှူမိပြီးသေသွားနိုင်တယ်...”

“ပိုဆိုးတာက တောင်တန်းအတွင်းပိုင်းမှာ သားရဲအမျိုးမျိုး နေထိုင်ကြတာပဲ... သားရဲတွေတိုက်ခိုက်မှာကို သတိထားဖို့ လိုတယ်... ဒါကြောင့်ပဲ.. ကျင့်ကြံသူအများစုက အရမ်းနက်ရှိုင်းတဲ့အထိ ဝင်ပြီး မစွန့်စားရဲကြတာပဲ...”

အရိုးသားဆုံးဆိုရလျှင်မူ၊ တိမ်မြူခိုးတောင်တန်းသည် အလွန်ပင် အန္တရာယ်များလှသည်။

အားကောင်းသော သားရဲအများအပြား နေထိုင်ကြသည်သာမက၊ အဆိပ်ငွေ့များ ရောနှောနေသည့် မြူခိုးများစွာလည်း ရှိသေးသည်။ သာမန်ကျင့်ကြံသူအများစုအတွက် တောင်တန်းထဲသို့ နက်ရှိုင်းစွာ ဝင်ရောက်စွန့်စားခြင်းသည် သေမင်းနှင့်စစ်ခင်းသကဲ့သို့ပင် ဖြစ်သည်။

'ရွှေစားကူ'များ၏ အကူအညီကြောင့်သာ သူတို့သည် မြေအောက်တွင် ဥမင်လိုဏ်ခေါင်းများ တူးဖော်၍သွားလာနိုင်ခဲ့ပြီး၊ ယောင်သားရဲများစွာ၏ တိုက်ခိုက်မှုများအား ရှောင်ရှားနိုင်ခဲ့ခြင်း ဖြစ်၏။

သို့မဟုတ်လျှင် သူသည်လည်း တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာသို့ ဤမျှ လွယ်ကူစွာ ထိုးဖောက်ဝင်ရောက်နိုင်မည်မဟုတ်ပေ။

မှန်ပေသည်၊ ၎င်းသည် တိမ်မြူခိုးတောင်တန်းက ပေးစွမ်းသော လုံခြုံရေးသက်သေတစ်ခုလည်း ဖြစ်၏။

တစ္ဆေမိစ္ဆာဂိုဏ်း၏ စစ်တပ်သာ ကျူးကျော်ရန် ကြိုးစားခဲ့ပါက သူတို့သည် ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများအား သေချာပေါက် ခံစားရပေလိမ့်မည်။

၎င်းမှာ အမှန်တကယ် သဘာဝအတားအဆီးတစ်ခုပင် ဖြစ်၏။

"ယောက်ျားရေ.. ဒီမှာ ဒုတိယအဆင့် ထိပ်တန်းဝိညာဉ်ကြောတစ်ခု ရှိပုံပဲ..."

ရှားကျင်းယန်က ဝမ်းသာအားရ အော်ဟစ်လိုက်သည်။

သူမသည် ဤနေရာတစ်ဝိုက်တွင် ပျံ့နှံ့နေသော သူတို့၏ကျင့်ကြံမှုအတွက် အကောင်းမွန်ဆုံးဖြစ်သည့်၊ ကြွယ်ဝသော သဘာဝဝိညာဉ်စွမ်းအင်ကို အာရုံခံမိလိုက်သည်။

အပြင်လောကတွင် ဝိညာဉ်ကြောတိုင်းနီးပါးကို ကျင့်ကြံသူများက သိမ်းပိုက်ထားပြီး ဖြစ်၏။

ပိုင်ရှင်မဲ့ ဝိညာဉ်ကြောများမှာ မရှိသလောက်ပင် ဖြစ်သည်။

ပထမအဆင့် ဝိညာဉ်ကြောများမှာ ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူများအတွက် သင့်တော်ပြီး၊ ဒုတိယအဆင့်မှာ အခြေတည်အဆင့်ကျင့်ကြံသူများအတွက်နှင့် တတိယအဆင့်မှာ ရွှေအမြုတေအဆင့် ကျင့်ကြံသူများအတွက်ပင် သင့်တော်သည်။

ယေဘုယျအားဖြင့်၊ ရွှေအမြုတေအဆင့်ဂိုဏ်းတိုင်းတွင် တတိယအဆင့် ဝိညာဉ်ကြောတစ်ခု ရှိသည်။

ဝိညာဉ်ကြောအနီးတွင် ကျင့်ကြံခြင်းက စွမ်းဆောင်ရည်ကို အဆများစွာ တိုးတက်စေပြီး၊ တစ်ခါတစ်ရံတွင် ဆယ်ဆမှ ဆယ့်ငါးဆခန့်ကိုပင် တိုးတက်စေနိုင်သည်။

ယခင်က မီယွင်မြို့သည် ဒုတိယအဆင့် ဝိညာဉ်ကြောတစ်ခုပေါ်တွင် တည်ရှိပြီး၊ ၎င်းမှာ တစ်ကိုယ်တော်ကျင့်ကြံသူများစွာကို ထိုနေရာသို့ ပြောင်းရွှေ့အခြေချရန် ဆွဲဆောင်နိုင်ခဲ့သည်။

အမှန်တကယ်တော့ ကျိုးစွေ့သည် ဤနေရာကို မတော်တဆ တွေ့ရှိခဲ့ခြင်းမဟုတ်ပေ။ သူသည် 'ရွှေစားကူ'များ၏ စွမ်းအားမှတဆင့် ဤနေရာတွင် ဒုတိယအဆင့် ထိပ်တန်းဝိညာဉ်ကြောတစ်ခုကို အာရုံခံမိပြီး၊ ယာယီအခြေစိုက်စခန်းတစ်ခု တည်ဆောက်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်၏။

"ယောက်ျား.. ကျွန်မတို့က ဒီမှာ ခဏတာနေကြမှာလား..."

မုဇီယန်က စူးစမ်းစွာ မေးလိုက်သည်။

"ဟုတ်တယ်.. ဒါငါ့အစီအစဉ်ပဲ..."

"ဒါက တိမ်မြူခိုးတောင်တန်းရဲ့ အတွင်းပိုင်းနက်ရှိုင်းတဲ့နေရာပဲ... တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူတွေကိုလည်း စိုးရိမ်စရာမလိုဘူး..."

"ပြီးတော့.. ဒီမှာ ဒုတိယအဆင့် ဝိညာဉ်ကြောတစ်ခု ရှိနေတယ်လေ.. ငါတို့ကျင့်ကြံမှုအတွက် အတော်လေး ပြီးပြည့်စုံတယ်... အခြေတည်အဆင့်ကို တက်လှမ်းဖို့တောင် သင့်တော်နိုင်လောက်တယ်.."

"ဒါ့အပြင် အစားအသောက်အတွက်လည်း ပူစရာမလိုဘူး.. ဒီနေရာမှာ သားရဲတွေအများကြီး နေထိုင်ကြတယ်... ငါတို့သူတို့ကို အမဲလိုက်လို့ရတယ်.."

"ဒီမှာ ဝိညာဉ်ဆန်ကိုလည်း စိုက်ပျိုးနိုင်တယ်... ဖူလုံအောင် ရိတ်သိမ်းရုံပဲပေါ့...”

ကျိုးစွေ့က သူ၏အစီအစဉ်များကို ထုတ်ဖော်ပြောလိုက်သည်။

ဝန်ခံရလျှင်၊ သူသည် အခြားသူများ၏အရိပ်အောက်တွင် နေရသည်အား အတော်ပင် ငြီးငွေ့နေပြီး၊ သာမန်ငှားရမ်းသူတစ်ဦး ဖြစ်ရခြင်းကို စိတ်ပျက်နေပြီ ဖြစ်၏။

သူသည် ခြိမ်းခြောက်ငွေညှစ်ခြင်းကို လုံလောက်စွာ ခံစားခဲ့ရပြီဖြစ်သည်။ မိမိကိုယ်ပိုင်နေရာတစ်ခု ရှိလိုပြီး၊ အခြားသူများအား မှီခိုနေစရာမလိုသည့်နေရာတစ်ခုအား အလိုရှိပေသည်။

ဤနေရာသည် လူနေကျဲပါးပြီး ခြောက်ကပ်သော်ငြား၊ သူ့အတွက် တိတ်တဆိတ်နေထိုင်ကာ တိုးတက်အောင်ပြုလုပ်ရန် အတော်ပင် သင့်တော်သည်။

သူ့တွင် ဝိညာဉ်ကျောက်တုံးများ၊ ဆေးလုံးများ သို့မဟုတ် အမွေအနှစ်သင်ကြားမှုများကဲ့သို့သော အရာများအား မလိုအပ်ပေ။ လုမိသားစု၏ တစ်သက်တာပိုင်ဆိုင်မှုကို ရရှိထားခဲ့ပြီးဖြစ်ရာ၊ သူသည် အခြားမည်သည့်အရာမျှ မလိုအပ်လောက်အောင်ချမ်းသာပြီး အခြားကျင့်ကြံသူများနှင့် မည်သည့်အရာကိုမျှ ကုန်သွယ်ရန် မလိုအပ်ပေ။

ထို့ကြောင့် သူသည် အပြင်သို့ထွက်ခွာ၍ မစွန့်စားမီ၊ သူ၏ကျင့်ကြံမှုအား အခြေတည်အဆင့်သို့ ရောက်ရှိသည်အထိ ဤနေရာတွင် နေထိုင်နိုင်ပေသည်။

"ဒါက တကယ်ကို အကောင်းဆုံးပဲ... ငါဒီမှာ သဘာဝဝိညာဉ်စွမ်းအင်ကို စုစည်းဖို့ ဝိညာဉ်စုစည်းခြင်း အစီအရင်တစ်ခုကို တည်ဆောက်နိုင်တယ်... ဒါက ငါတို့ကျင့်ကြံမှုကို လွယ်ကူစေလိမ့်မယ်..."

"ပြီးတော့.. သားရဲတိုက်ခိုက်မှုတွေကို ကာကွယ်ဖို့ ကာကွယ်ရေးအစီအရင်တစ်ခုကိုလည်း တည်ဆောက်လို့ရတယ်..."

ရှားကျင်းယန်က စိတ်လှုပ်ရှားစွာဖြင့် ပြောလိုက်သည်။

သူမသည် အနီးအနားတွင် အစီအရင်များတည်ဆောက်ရန် တွက်ချက်လိုက်ပြီး၊ ဤနေရာအား ကိုယ်ပိုင်စခန်းအဖြစ် ပြောင်းလဲရန် ပြင်ဆင်လိုက်သည်။

"ဟုတ်တယ်... ငါတို့ ဒီချိုင့်ဝှမ်းထဲမှာ သစ်သားတဲလေးတွေလည်း ဆောက်လို့ရတယ်... ဒါက တိမ်မြူခိုးတောင်တန်းထဲက ငါတို့ရဲ့အိမ်ပဲပေါ့..."

မုဇီယန်က သဘောတူညီစွာ ခေါင်းညိတ်လိုက်သည်။

"ပတ်ဝန်းကျင်ကို အရင်ဆုံး စစ်ဆေးကြည့်ကြစို့... ညဘက်မှာ ဝင်တိုက်ခံရတာမျိုးမဖြစ်အောင် အနီးအနားက သားရဲအားလုံးကို အမဲလိုက်ကြရအောင်..." ဟု လန်ယွဲ့ရှီက အကြံပြုသည်။

တစ်လကြာ အနားယူပြီးနောက် သူမသည် သူမ၏အခြေခံကျင့်ကြံမှုစွမ်းအားအချို့ကို ပြန်လည်ရရှိခဲ့သည်။

သူမသည် သူမ၏ယခင်ဂုဏ်ကျက်သရေကို အပြည့်အဝ ပြန်လည်ရရှိခဲ့ခြင်းမဟုတ်သော်လည်း၊ သူမ၏တိုက်ခိုက်ရေးစွမ်းရည်မှာ အနည်းဆုံး အခြေတည်အဆင့်အလယ်အလတ်ပိုင်းနှင့် ညီမျှသည်။

အဆင့်နှစ် ယောင်သားရဲများနှင့် ကြုံတွေ့ရလျှင်ပင်၊ သူမသည် ကြောက်ရွံနေစရာမလိုချေ။

"ကျွန်မ ရှင်တို့အားလုံးအတွက် ညစာပြင်ဆင်ပေးမယ်... မီယွင်မြို့ကနေ လွတ်မြောက်လာတာကို ဂုဏ်ပြုကြစို့....”

ကျိပင်းယွီ ပြုံးလိုက်သည်။

"သိပ်ကို ပြည့်စုံတာပဲ....”

ကျိုးစွေ့သည် သူ၏အမျိုးသမီးများ ရှေ့ထွက်ကာ ကိုယ်စီတာဝန်များ ထမ်းဆောင်နေကြသည်ကို မြင်သောအခါ အလွန်ကျေနပ်သွားသည်။ တစ်ဦးက အစီအရင်များ တပ်ဆင်ရန်၊ နောက်တစ်ဦးက အိမ်များဆောက်ရန်၊ တစ်ဦးက သားရဲများ အမဲလိုက်ရန်နှင့် နောက်တစ်ဦးက အစားအစာ ပြင်ဆင်ရန် ဖြစ်သည်။

သူ၏အဓိကတာဝန်မှာမူ အစီအစဉ်များကို ကြီးကြပ်ခြင်း၊ ကျင့်ကြံမှုကိုမြှင့်တင်ခြင်းနှင့် ကောင်းမွန်သောအစားအစာများကို သုံးဆောင်ရန်သာ ဖြစ်၏။

လက်တွဲဖော်များများရှိလေ၊ ဘဝက အမှန်တကယ် ပိုကောင်းလေဖြစ်သည်။

ကျိုးစွေ့နှင့် သူ၏အဖော်များ မီယွင်မြို့မှ ထွက်ခွာပြီး မကြာမီမှာပင် မြို့တော်သို့ အပြောင်းအလဲများ ရောက်ရှိလာသည်။

"မင်းဘာပြောလိုက်တယ်... အင်မော်တယ်ရှားဂိုဏ်းက ချင်မုဂိုဏ်း.. တန်တင်ဂိုဏ်းတို့နဲ့ မဟာမိတ်ဖွဲ့ပြီး ငါတို့တစ္ဆေမိစ္ဆာဂိုဏ်းကို စတင်တိုက်ခိုက်ကြတယ်ဟုတ်လား..."

အခြေတည်အဆင့်ရှိ အကြီးအကဲတစ်ဦး၏မျက်နှာမှာ ဖြူဖျော့သွားပြီး၊ ထိုသို့သော အဖြစ်အပျက်မျိုး မည်သို့ဖြစ်ပွားရသည်အား နားမလည်နိုင်ဖြစ်သွားသည်။

“ဟုတ်ပါတယ်..”

တပည့်တစ်ဦးက ကြောက်ကြောက်လန့်လန့်ဖြင့် "ကျွန်တော်တို့တစ္ဆေမိစ္ဆာဂိုဏ်းရဲ့ ရွှေအမြုတေဆရာသခင်က.. အင်မော်တယ်ရှားဂိုဏ်းကို ချောင်းမြောင်းတိုက်ခိုက်ဖို့ ကြိုးစားတဲ့အချိန်မှာ... မမျှော်လင့်ဘဲ.. ချင်မုဂိုဏ်းနဲ့ တန်တင်ဂိုဏ်းက ရွှေအမြုတေအဆင့် အကြီးအကဲတွေ ဝင်ရောက်စွက်ဖက်ပြီးတော့... ကျွန်တော်တို့ရဲ့ဂိုဏ်းချုပ်နဲ့ တခြားရွှေအမြုတေအဆင့် အကြီးအကဲနှစ်ဦးကို အပြင်းအထန် ဒဏ်ရာရစေခဲ့ပါတယ်..."

လွန်ခဲ့သောနှစ်နှစ်အတွင်း အင်မော်တယ်ရှားဂိုဏ်းသည် အလကားထိုင်မနေဘဲ၊ တစ္ဆေမိစ္ဆာဂိုဏ်းအား မှတ်သားလောက်မည့်သင်ခန်းစာတစ်ခု ပေးရန်ရည်ရွယ်ချက်ဖြင့် အခြားဂိုဏ်းများနှင့်မဟာမိတ်ဖွဲ့ရန် ကြိုးပမ်းခဲ့သည်။

"ဒါပေမဲ့ ဂိုဏ်းကြီးသုံးဂိုဏ်းက ကျွန်တော်တို့ကို တိုက်ခိုက်ဖို့ပေါင်းစည်းနေချိန်မှာတောင်.. ကျုပ်တို့တွေ ဘာမှမထောက်လှမ်းမိခဲ့ဘူး... တကယ့်ကို လျှို့ဝှက်ကြံစည်ထားကြတာပဲ... အခု ဂိုဏ်းချုပ်က ကျွန်တော်တို့ သေကုန်မှာ စိုးရိမ်လို့ ချက်ချင်း ဆုတ်ခွာပြီး ဂိုဏ်းကို ပြန်လာကြဖို့ အမိန့်ပေးထားပါတယ်။

"ချီးပဲ... ယုတ်မာတဲ့ အင်မော်တယ်ရှားဂိုဏ်း... အရှက်မရှိတဲ့ လမ်းမှန်ဂိုဏ်းဆိုတဲ့ကောင်တွေ... သူတို့က ငါတို့ကို ဝင်မစွက်ဖက်ဘူးလို့ အတိအလင်း ကတိပေးခဲ့ပေမဲ့... သူတို့စကားကို သူတို့ ပြန်ရုတ်သိမ်းလိုက်တယ်... ငါတို့မိစ္ဆာဂိုဏ်းထက်တောင် ပိုယုတ်မာသေးတယ်...”

အခြေတည်အဆင့် အကြီးအကဲမှာ ဒေါသပေါက်ကွဲနေသည်။

သူသည် တစ္ဆေမိစ္ဆာဂိုဏ်းက အခြားဂိုဏ်းများနှင့် သဘောတူညီချက်တစ်ခု ရရှိထားခဲ့ပြီး၊ ၎င်းတို့ ကြားဝင်စွက်ဖက်မည်မဟုတ်ဟု ထင်ထားခဲ့သည်။

သို့သော် တစ်ဖက်လူများက မိမိစကားကို ရုတ်သိမ်းကာ မူလသဘောတူညီချက်အား ဖောက်ဖျက်၍ သစ္စာဖောက်မည်ဟု မည်သူကထင်ထားမည်နည်း။

၎င်းမှာ တစ္ဆေမိစ္ဆာဂိုဏ်းအား ကြီးမားသော ထိခိုက်ဆုံးရှုံးမှုများ ဖြစ်ပေါ်စေခဲ့သည်။ သူတို့သည် ယခုအခါ ဘက်ပေါင်းစုံမှ ရန်သူများ၏ဝန်းရံခြင်းကို ခံနေရချေပြီ။

All Chapters