← Chapters

တစ္ဆေမိစ္ဆာဂိုဏ်း ဆုတ်ခွာခြင်း၊ တာအိုလက်တွဲဖော်များအား အခြေတည်အဆင့်သို့ တက်လှမ်းရာတွင်ကူညီခြင်း

Vol. 8 Ch. 113

တစ္ဆေမိစ္ဆာဂိုဏ်း ဆုတ်ခွာခြင်း၊ တာအိုလက်တွဲဖော်များအား အခြေတည်အဆင့်သို့ တက်လှမ်းရာတွင်ကူညီခြင်း

Vol. 8 Ch. 113

"အကြီးအကဲ..အခု ကျွန်တော်တို့ ဘာလုပ်ကြမလဲ... "

တစ္ဆေမိစ္ဆာဂိုဏ်း တပည့်က စိုးရိမ်စွာဖြင့် မေးလိုက်သည်။

ဒီအတိုင်းဆက်နေပါက၊ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ကျင့်ကြံသူများ ရောက်လာသည်နှင့်၊ သူတို့သည် အလွယ်တကူ သားကောင်ဖြစ်သွားပေမည်။ ယခုပင် ဆုံးဖြတ်ချက်တစ်ခု ချမှတ်ရန် လိုအပ်ပေသည်။

"လန်ယွဲ့ရှီကို ရှာတွေ့ပြီလား..."

အခြေတည်အဆင့်အကြီးအကဲက လက်သီးကိုဆုပ်ရင်း မေးလိုက်သည်။

"မတွေ့သေးပါဘူး.. လန်ယွဲ့ရှီက ခြေရာကောက်မရအောင် ပျောက်နေတာ အတော်ကြာပါပြီ..."

"ကျွန်တော်တို့ အဲ့ဒီမိန်းမကို ရှာဖွေဖို့ အဖွဲ့သုံးဖွဲ့တောင် ခွဲထားတာပါ..."

"တစ်ဖွဲ့က မီယွင်မြို့မှာ.. တစ်ဖွဲ့က တိမ်မြူခိုးတောင်တန်းမှာ... နောက်တစ်ဖွဲ့က အင်မော်တယ်ရှားဂိုဏ်းကို သွားတဲ့လမ်းကြောင်းတွေကို စောင့်ကြပ်နေကြပါတယ်..."

"ဒါပေမဲ့ ဘယ်အဖွဲ့ကမှ သံသယဖြစ်ဖွယ်လူတစ်ယောက်တောင် မတွေ့ခဲ့ဘူး..."

"အဲ့ဒီမိန်းမက ရုတ်တရက် လေထဲမှာ ပျောက်ကွယ်သွားသလိုပဲ..."

တစ္ဆေမိစ္ဆာဂိုဏ်း တပည့်က အကူအညီမဲ့စွာ ပြောလိုက်သည်။

ဝန်ခံရလျှင် သူသည် တစ်လက်မမကျန် မြေလှန်ရှာဖွေခဲ့သော်လည်း၊ လန်ယွဲ့ရှိ၏ အရိပ်အယောင်မျှပင် ရှာမတွေ့နိုင်ခဲ့ချေ။

သူမသည် အဆိပ်သင့်နေပြီးဖြစ်သောကြောင့် အဝေးသို့ ခရီးသွားနိုင်မည်မဟုတ်ပေ။ သို့သော် သူတို့သည် ထိုအမျိုးသမီးအား ခြေရာကောက်၍မရနိုင်သေးရာ၊ ၎င်းမှာ သူ့အတွက် အလွန်ပင် စိတ်ပျက်စရာဖြစ်သည်။

"ချီးတဲ့မှ.. လန်ယွဲ့ရှီ.. ချီး... အင်မော်တယ်ရှားဂိုဏ်း..."

အခြေတည်အဆင့် အကြီးအကဲက အံကြိတ်လိုက်သည်။

သူသာ လန်ယွဲ့ရှီကို ဖမ်းဆီးနိုင်ခဲ့ပါက အင်မော်တယ်ရှားဂိုဏ်းအား ဆန့်ကျင်ရန် အားသာချက်အဖြစ် အသုံးပြုနိုင်ပေလိမ့်မည်။

ထိုအခါတွင် အင်မော်တယ်ရှားဂိုဏ်း တွန့်ဆုတ်သွားသည်နှင့်၊ တစ္ဆေမိစ္ဆာဂိုဏ်းတွင် အခြေအနေကို ပြောင်းပြန်လှန်ရန် အခွင့်အရေးရှိနေသေးသည်။

သို့သော် ယခုမူ ဂိုဏ်း၏ ရွှေအမြုတေအဆင့်ကျင့်ကြံသူမှာ အပြင်းအထန် ဒဏ်ရာရရှိရုံသာမက ဓားစာခံတစ်ဦးကိုပင် မဖမ်းဆီးနိုင်ခဲ့ပေ။

သူတို့၏ရင်းနှီးမြှုပ်နှံမှုများတွင် ဆုံးရှုံးရုံသာမက၊ သူတို့၏ဂုဏ်သတင်းကိုပါ ပျက်စီးစေခဲ့ရပြီ ဖြစ်သည်။

သူသည် ထိုအမျိုးသမီး သူ၏မျက်စိအောက်မှ မည်သို့ လွတ်မြောက်သွားသည်ကို နားမလည်နိုင်ပေ။

"ထားလိုက်တော့... နောက်ထပ် နှောင့်နှေးလို့မဖြစ်တော့ဘူး... ငါတို့ အခုပဲ ဆုတ်ခွာရမယ်..."

"ဂိုဏ်းကြီးသုံးဂိုဏ်းနဲ့ ငါတို့အသက်ကို စွန့်စားစရာမလိုဘူး.. မဟုတ်ရင် သေချာပေါက် ငါတို့ အကြီးအကျယ်ဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်..."

အခြေတည်အဆင့်အကြီးအကဲက ချက်ချင်းပင် ဆုတ်ခွာရန် ဆုံးဖြတ်လိုက်သည်။

မည်သို့ပင်ဖြစ်စေ သူသည် အရူးမဟုတ်ပေ။ ဂိုဏ်းကြီးသုံးဂိုဏ်း၏ ပေါင်းစပ်အင်အားကို သူခုခံနိုင်ရန် နည်းလမ်းမရှိပေ။

ဤနေရာတွင် နေထိုင်ခြင်းမှာ သေခြင်းတရားသာ ရှိပေလိမ့်မည်။

သူသည် လန်ယွဲ့ရှီကို ဖမ်းဆီးနိုင်မည့်အခွင့်အရေးအား လက်မလွတ်လိုသော်လည်း၊ ယခုအချိန်တွင် ရွေးချယ်စရာမရှိတော့ချေ။ လန်ယွဲ့ရှီကို ဖမ်းဆီးမည့်စိတ်ကူးအား စွန့်လွှတ်လိုက်တော့သည်။

...

ရက်အနည်းငယ်ကြာပြီးနောက်။

တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာတွင် ကျင့်ကြံနေသော ကျိုးစွေ့သည်လည်း မီယွင်မြို့ရှိအပြောင်းအလဲများအား ချက်ချင်း သတိပြုမိလိုက်သည်။ အကြောင်းမှာ သူသည် ထိုနေရာတွင် ကိုယ်ပွားတစ်ဦးကို ချန်ထားခဲ့သောကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ၊ မီယွင်မြို့မှ ထွက်ခွာသွားလျှင်ပင် ၎င်း၏အခြေအနေကို သူသိရှိလိုသည်။ ထိုမှသာ အနာဂတ်လုပ်ဆောင်မှုများအတွက် အဆင်ပြေပေလိမ့်မည်။

"ယုံတောင်မယုံနိုင်ဘူး.. တစ္ဆေမိစ္ဆာဂိုဏ်းက တကယ်ပဲ ဆုတ်ခွာနေတာလား..."

ကျိုးစွေ့ မျက်လုံးပြူးသွားသည်။

သူသည် လမ်းဘေးခွေးများကဲ့သို့ မီယွင်မြို့မှ အလျင်အမြန် ဆုတ်ခွာနေကြသည့် များစွာသော တစ္ဆေမိစ္ဆာဂိုဏ်းကျင့်ကြံသူများအကြားရှိ ကြောက်ရွံထိတ်လန့်မှုကို အာရုံခံမိသည်။

ယခင်က သူတို့ မည်မျှ မာနကြီးခဲ့သည်ဖြစ်စေ၊ ယခုအခါ ဝရုန်းသုန်းကားပင် ဖြစ်နေချေသည်။

"အင်မော်တယ်ရှားဂိုဏ်းက နိုင်သွားတာလား.. ဒါမှမဟုတ် တစ္ဆေမိစ္ဆာဂိုဏ်း တစ်ခုခုဖြစ်သွားလို့လား..”

ကျိုးစွေ့က တိတ်တဆိတ် သုံးသပ်လိုက်သည်။ တစ္ဆေမိစ္ဆာဂိုဏ်း မည်သို့ဖြစ်ပျက်ခဲ့သည်ကို သူ မသိသေးသော်လည်း၊ မီယွင်မြို့ရှိအခြေအနေများအရ ထိုမိစ္ဆာကျင့်ကြံသူများသည် အမှန်တကယ် လျင်မြန်စွာ ဆုတ်ခွာပြီး ပျောက်ကွယ်သွားခဲ့ကြသည်။

သူ အနည်းငယ် စိတ်ဓာတ်ကျသွားသည်။

သူသည် မီယွင်မြို့မှ ထွက်ခွာသွားခါစသာ ရှိသေးပြီး၊ ထိုမိစ္ဆာကျင့်ကြံသူများမှာမူ ထွက်ပြေးနေပြီ ဖြစ်သည်။ ၎င်းက သူ့အား ပေါ်တင်လှောင်ပြောင်ခြင်းသာ ဖြစ်၏။

မှန်ပေသည်၊ တစ္ဆေမိစ္ဆာဂိုဏ်း ဆုတ်ခွာသွားမည်ကို သူကြိုသိခဲ့လျှင်ပင်၊ သူသည် မီယွင်မြို့တွင် ဆက်လက်နေထိုင်မည်မဟုတ်ပေ။

လာမည့်အနာဂတ်အန္တရာယ်ကို ရှောင်ရှားရန်ဖြစ်စေ၊ လက်တွဲဖော်များအား အခြေတည်အဆင့်ကျင့်ကြံသူများ ဖြစ်လာအောင်ကူညီရန်ဖြစ်စေ၊ သူသည် တိမ်မြူခိုးတောင်တန်း အနက်ပိုင်းထဲသို့ ဝင်ရောက်နေထိုင်ရန် လိုအပ်ပေသည်။

အန္တရာယ်ရှောင်ရှားခြင်းသည် အကြောင်းရင်းများထဲမှ တစ်ခုမျှသာ ဖြစ်သည်။

အရေးကြီးဆုံးမှာ တစ္ဆေမိစ္ဆာဂိုဏ်းသည် အမှန်တကယ် ထွက်ခွာသွားသည်၊ သို့မဟုတ် ဆုတ်ခွာဟန်ဆောင်ပြီးမှ ပြန်လှည့်တိုက်ခိုက်မည်အား သူ မသိရှိခြင်းပင်ဖြစ်သည်။

သူတို့သည် လန်ယွဲ့ရှီကို ဆွဲဆောင်ရန် ထောင်ချောက်တစ်ခုကို တည်ဆောက်နေခြင်းပင် ဖြစ်နိုင်သေးသည်။

အခြေအနေမည်သို့ပင်ဖြစ်စေ သူ၏ဆုံးဖြတ်ချက်အား ပြောင်းလဲစေမည်မဟုတ်ချေ။

အကြောင်းမှာ သူသည် ကစားပွဲမှနုတ်ထွက်ပြီး တိမ်မြူခိုးတောင်တန်းထဲသို့ ရောက်ရှိနေပြီဖြစ်သောကြောင့် ဖြစ်သည်။

ထိုသို့ဖြင့်၊ ကျိုးစွေ့သည် မီယွင်မြို့တွင် ဖြစ်ပျက်နေသော ကိစ္စရပ်များကို ယာယီလျစ်လျူရှုလိုက်ပြီး သူ၏အချက်အလက်ပြမျက်နှာပြင်ကို ကြည့်လိုက်သည်။

[ ပိုင်ရှင် - ကျိုးစွေ့၊ ကျင့်ကြံမှု - ချီသန့်စင်ခြင်းအဆင့်(၈) (တိုးတက်မှု ၁၀%)၊ သက်တမ်း - ၂၃ (၂၁၀နှစ်) ]

[ ပင်ကိုယ်ပါရမီ - သတ္တမအဆင့်စိတ်ဝိညာဉ်အမြစ် (၈၅%) ]

[ ဓားသိုင်းပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၉၉%) ]

[ အဆောင်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၉၉%) ]

[ အစီအရင်ပညာ - ပထမအဆင့် ထိပ်တန်းအဆင့် (၅၅%) ]

[ ဆေးဖော်စပ်ပညာ - ဒုတိယအဆင့် အောက်ခြေအဆင့် (၂၉%)]

[ နတ်ဆိုးအသွင်ပြောင်းပညာရပ် - အသေးစားအောင်မြင်မှုအဆင့် (၅၅%) ]

[ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ် - အသေးစားအောင်မြင်မှုအဆင့် (၅၅%) ]

[ အလင်းမျက်လုံးခုနစ်လုံးလျှို့ဝှက်ပညာရပ် - နှလုံးသားမျက်လုံး အသိအမှတ်ပြုခြင်း (၅%) ]

[ မီးလုံးပညာရပ် - မဟာဆရာသခင်အဆင့် (၇%)၊ လေဓားသွားပညာ - ကျွမ်းကျင်အဆင့်၊ ရွှေအလင်းပညာ - ကျွမ်းကျင်အဆင့်၊ ရေခဲနှင်းပညာ - ကျွမ်းကျင်အဆင့်၊ နွေလေမိုးပညာ - ကျွမ်းကျင်အဆင့်၊ လျှပ်စီးဆင့်ခေါ်ခြင်းပညာ - ကျွမ်းကျင်အဆင့်၊…]

[ 'ချစ်ခြင်းမေတ္တာကူ' - အဆင့်နှစ် အလယ်အလတ်အဆင့်၊ 'ကိုယ်ပွားကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'အရက်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'ရွှေစားကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'စာအုပ်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'အိပ်မက်ဝိညာဉ်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'နဂါးဆင်ကူ' - အဆင့်တစ် ထိပ်တန်းအဆင့်၊ 'ရွှေအလင်းတစ်ထောင်အဆိပ်ကူ' - အဆင့်တစ် အလယ်အလတ်အဆင့်။ ]

"ငါ့ရဲ့စိတ်ဝိညာဉ်အမြစ်နဲ့ ကျင့်ကြံမှုနှစ်ခုလုံးက.. အချိန်တိုအတွင်း ချိုးဖျက်ဝင်ရောက်ဖို့ မဖြစ်နိုင်လောက်သေးဘူး... နောက်ထပ်ကျင့်ကြံဖို့ အချိန်လိုနေသေးတယ်..."

ကျိုးစွေ့က သူ၏မေးစေ့ကို ပွတ်သပ်လိုက်သည်။

ချီသန့်စင်ခြင်းအဆင့်(၈)သို့ တက်လှမ်းပြီးနောက် သူ၏ကျင့်ကြံမှုအရှိန်မှာ သိသိသာသာ နှေးကွေးသွားသည်။ တာအိုလက်တွဲဖော်များနှင့် ဆေးလုံးများရှိသော်လည်း ချီသန့်စင်ခြင်းအဆင့်(၉)သို့ချိုးဖျက်ဝင်ရောက်ရန် တစ်နှစ် သို့မဟုတ် နှစ်နှစ်ခန့် အချိန်ယူရပေလိမ့်မည်။

သူ၏ စိတ်ဝိညာဉ်အမြစ်သည်လည်း ထိုနည်းတူပင်ဖြစ်သည်။

သူ၏စိတ်ဝိညာဉ်အမြစ်မှာ နေ့စဥ်နေ့တိုင်း တိုးတက်နေသော်လည်း အစပိုင်းနှင့်နှိုင်းယှဉ်လျှင် တိုးတက်မှုအရှိန်မှာ သိသိသာသာ နှေးကွေးသွားသည်။ ဆဋ္ဌမအဆင့် စိတ်ဝိညာဉ်အမြစ်သို့ တက်လှမ်းရန်မှာ အတော်ပင် အချိန်ယူရပေလိမ့်မည်။

မှန်ပေသည်၊ သူ၏သက်တမ်းမှာမူ အလွန်ပင် ရှည်လျားသည်။

အခြေတည်အဆင့်သို့ မရောက်မီကပင် သူ၌ နှစ်၂၁၀ သက်တမ်း ရှိနေပြီး၊ သူ့တွင် အချိန်များစွာ ရှိနေရာ အလျင်စလိုလုပ်ရန် မလိုအပ်ပေ။

ကျင့်ကြံခြင်းအနုပညာလေးရပ်တွင် သူ၏တိုးတက်မှုသည် အတားအဆီးတစ်ခုသို့ ရောက်ရှိနေပြီဖြစ်သည်မှာ ထင်ရှားသည်။

ဤသည်မှာ လက်တွဲဖော်များ၏ ကန့်သတ်ချက်များကြောင့် ဖြစ်သည်။

မည်သို့ပင်ဖြစ်စေ တာအိုလက်တွဲဖော်များသည် လက်ရှိတွင် ပထမအဆင့်တွင်သာ ရှိကြသေးသည်။ သူတို့သာ အခြေတည်အဆင့်သို့ မတက်လှမ်းပါက ဒုတိယအဆင့်နယ်ပယ်သို့ ရောက်ရှိရန် ခက်ခဲပေလိမ့်မည်။

"ဆိုတော့ကာ လက်ရှိအာရုံစိုက်ရမှာက ငါ့ရဲ့ကျင့်ကြံမှုမဟုတ်ဘဲ... ငါ့ရဲ့လက်တွဲဖော်သုံးယောက်ရဲ့ ကျင့်ကြံမှုပဲ..."

"သူတို့သာ သူတို့ရဲ့ကျင့်ကြံမှုကို အခြေတည်အဆင့်ကို တက်လှမ်းနိုင်ခဲ့ရင်... တူနှစ်ကိုယ်ကျင့်ကြံခြင်းရဲ့ စွမ်းဆောင်ရည်က သိသိသာသာ မြင့်တက်သွားမှာပဲ..."

"ဘယ်လိုပဲဖြစ်ဖြစ်.. ချီသန့်စင်ခြင်းအဆင့်ထက် အခြေတည်အဆင့်မှာရှိတဲ့မိန်းမနဲ့ တူနှစ်ကိုယ်ကျင့်ကြံတာက လုံးဝကွာခြားမှာပဲ..."

"ငါ့မှာ အခြေတည်အဆင့်အတွက် သဘာဝဆေးပင် တစ်ဆယ့်နှစ်မျိုး ရှိပြီးသားပဲ... တစ်ခုတည်းသော လိုအပ်နေတာက အဆင့်နှစ်ယောင်သားရဲအမြုတေ... ဒါမှမဟုတ် ရွှေကျောက်စိမ်းလင်ဇီးပဲ..."

"ရွှေကျောက်စိမ်းလင်ဇီးကို ငါမရနိုင်ဘူး... ဒါပေမဲ့ တိမ်မြူခိုးတောင်တန်းထဲမှာ ရှိနေတာဆိုတော့... အဆင့်နှစ်ယောင်သားရဲအမြုတေတစ်ခု ရဖို့က ဖြစ်နိုင်သေးတယ်..."

"တိမ်မြူခိုးတောင်တန်းထဲမှာ အဆင့်နှစ်ယောင်သားရဲတွေကို အမဲလိုက်ဖို့ ခက်ခဲရတဲ့အကြောင်းရင်းက မြူခိုးတွေကြောင့်ပဲ.. ဒါက ကျင့်ကြံသူရဲ့အမြင်ကို ပိတ်ဆို့ပြီးတော့... သားရဲတွေရဲ့ ချောင်းမြောင်းတိုက်ခိုက်ခြင်းကို ခံရလွယ်စေတယ်..."

"ဒါပေမဲ့ ငါကတော့ မတူဘူး... ငါ့မှာ ကိုယ်ပွားတွေနဲ့ 'ရွှေစားကူ'ရာနဲ့ချီ ရှိတယ်... သူတို့ကို မျက်စိတွေနဲ့ ငါးစာတွေအဖြစ် အသုံးချပြီး... အဆင့်နှစ်ယောင်သားရဲတွေကို ဆွဲဆောင်နိုင်တယ်... ပြီးရင် လန်ယွဲ့ရှီက သူတို့ကို သတ်နိုင်တယ်..."

ကျိုးစွေ့ မျက်လုံးများ မှေးကျဉ်းသွားသည်။

ရိုးရိုးသားသားပြောရလျှင် ဤနည်းလမ်းက ပို၍ဖြစ်နိုင်ခြေရှိသည်ဟု သူယုံကြည်သည်။

မည်သို့ပင်ဖြစ်စေ၊ သူ၏ဘေးတွင် လန်ယွဲ့ရှီကဲ့သို့သော အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ရှိနေသည်။ လန်ယွဲ့ရှီသာ ကိုယ်တိုင်လှုပ်ရှားပါက သာမန်အဆင့်နှစ်ယောင်သားရဲတစ်ကောင်မှာ ဘာမျှအရေးမပါချေ။ ၎င်းတို့သည် သေချာပေါက် အလွယ်တကူ ဖမ်းဆီးခြင်းကို ခံရပေလိမ့်မည်။

မူလက သူသည် အဆင့်နှစ်သို့မြှင့်တင်ပေးရန် အဆင့်တစ်ယောင်သားရဲတစ်ကောင်အား မွေးမြူလိုခဲ့သည်။

သို့သော် သေသေချာချာ စဉ်းစားပြီးနောက်တွင်မူ၊ သူ၏ဘေးတွင် အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ရှိနေသည်ဖြစ်ရာ၊ အဘယ်ကြောင့် သူသည် ဤသို့သော အချိန်ကုန်လူပင်ပန်းမည့်အလုပ်ကို လိုအပ်တော့မည်နည်း။

All Chapters