ကျောက်တုံးအိမ်ဆောက်ခြင်း၊ တိမ်မြူခိုးတောင်တန်းမှ ကျင့်ကြံသူ
Vol. 8 Ch. 114
နောက်ထပ် ရက်အနည်းငယ် ကုန်လွန်သွားသည်။
ချိုင့်ဝှမ်းအတွင်း ဆောက်လုပ်ရေးအား ကျိပင်းယွီ၊ မုဇီယန်၊ ရှားကျင်းယန်နှင့် လန်ယွဲ့ရှီတို့က အခြေခံအားဖြင့် ပြီးမြောက်ခဲ့ကြပြီဖြစ်သည်။
ပထမအဆင့် ကာကွယ်ရေးအစီအရင်၊ ဝိညာဉ်စုစည်းခြင်းအစီအရင်၊ ပုံရိပ်ယောင်အစီအရင်နှင့် တိုက်ခိုက်ရေးအစီအရင်တို့ကို ချိုင့်ဝှမ်းတစ်ခုလုံးတွင် တပ်ဆင်ထားသည်။ အဆင့်တစ် ယောင်သားရဲတစ်ကောင် ဝင်တိုက်လျှင်ပင် အစီအရင်များဖြင့် ချေမှုန်းခြင်းကို ခံရပေလိမ့်မည်။
ချိုင့်ဝှမ်းအတွင်း၌ အနည်းဆုံး အခန်းခုနစ်ခန်း၊ ရှစ်ခန်းခန့်ပါဝင်သော ကြီးမားသည့် ကျောက်တုံးအိမ်တစ်လုံး ပေါ်ထွက်လာသည်။
ကျင့်ကြံသူများအတွက်မူ ကျောက်တုံးအိမ်ဆောက်ခြင်းမှာ အဆင်ပြေဆုံးနည်းလမ်းဖြစ်သည်။
သူတို့သည် ကြီးမားသော ကျောက်တုံးများကို စုပုံပြီး ပညာရပ်များဖြင့် အခိုင်အမာဖြစ်အောင် ပြုလုပ်ရန်သာ လိုအပ်သည်။ အခြေခံအုတ်မြစ်ချနေစရာမလို၊ အပြစ်အနာအဆာကင်းသော ကျောက်တုံးအိမ်တစ်လုံးကို လျင်မြန်စွာ တည်ဆောက်နိုင်သည်။
၎င်းမှာ အခြေခံကျပုံရသော်လည်း သူတို့ကို လေဒဏ်မိုးဒဏ်မှ ကာကွယ်ရန် လုံလောက်သည်။
တစ်ပတ်ကြာ ပြုပြင်မွမ်းမံပြီးနောက်၊ ဤယာယီနေအိမ်မှာ အတော်ပင် အသုံးဝင်လှသည်။
ချိုင့်ဝှမ်းထဲသို့ ကျူးကျော်ဝင်ရောက်ရန် ကြိုးစားသော ယောင်သားရဲများကို လန်ယွဲ့ရှီက တစ်ကောင်ပြီးတစ်ကောင် သတ်ဖြတ်ခဲ့ပြီး၊ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး၏ တန်ခိုးကြီးမားပုံကို ပြသနေသည်။
ထိုသို့ဖြင့် သူတို့၏အသားသိုလှောင်မှုမှာ များစွာ တိုးပွားလာစေသည်။
...
ထိုအခိုက်တွင် ကျောက်တုံးအိမ်၏ အဓိကအခန်းထဲ၌။
အခန်းထဲတွင် နွေဦး၏အလင်းရောင်ဖြင့် ပက်ဖြန်းထားသည့်အလား ဖြစ်နေချသည်။
ကျိုးစွေ့နှင့် သူ၏လက်တွဲဖော်သုံးဦးမှာ တစ်ဦးနှင့်တစ်ဦး ပွေ့ဖက်ထားကြပြီး၊ ကြီးမားသော သဘာဝဝိညာဉ်စွမ်းအင်ဝဲဂယက်တစ်ခုက ဝန်းရံထားသည်။ ရှင်းနေသည်မှာ သူတို့သည် ၎င်းတူနှစ်ကိုယ်ကျင့်ကြံမှု၏ ရလဒ်အပေါ် အတော်ပင် ကျေနပ်နေကြောင်းကို ညွှန်ပြနေသည်။
မြေအောက်စခန်းမှ ထွက်ခွာပြီးကတည်းက သူတို့သည် မြေပြင်ပေါ်မှ ဘဝကို ပြန်လည်စတင်ခဲ့ကြသည်။
လူတိုင်း ပျော်ရွှင်နေကြသည်။
မည်သို့ပင်ဖြစ်စေ၊ လူသားများသည် မြေပြင်ပေါ်၌ နေထိုင်သော သတ္တဝါများဖြစ်ကြသည်။ လုံခြုံရေးအတွက် မြေအောက်တွင် ပုန်းအောင်းခဲ့ရလျှင်ပင် ၎င်းမှာ မတတ်သာသော ရွေးချယ်မှုတစ်ခုသာဖြစ်၏။
သူတို့သည် နေရောင်ခြည်ရှိသော ဘဝကိုသာ ပို၍နှစ်သက်ကြသည်။
ထို့ကြောင့် သူတို့၏ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရသော မြေပြင်ပေါ်မှဘဝက ကျောက်တုံးအိမ်ထဲရှိ သူတို့၏တိုက်ပွဲကို ပို၍ပင် အားကောင်းစေသည်။
"ယောက်ျား.. ရှင့်ခန္ဓာကိုယ်က တကယ်ကို ပိုသန်မာလာတာပဲ..."
ကျိပင်းယွီက ကျိုးစွေ့ကို ဆွဲဆောင်မှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်ကာ ပြောလိုက်သည်။
‘နဂါးဆင်ကူ’ မွေးဖွားပြီးကတည်းက ကျိုးစွေ့သည် လစဉ် နဂါးဆင်သွေးစွမ်းအားတစ်စွန်းတစ်စကို ရရှိနေခဲ့သည်။ ဤသည်မှာ သူ၏ကာယကြံ့ခိုင်မှုကို သိသိသာသာ တိုးတက်စေခဲ့သည်။
အချိန်ကြာလာသည်နှင့်အမျှ သူ၏ခွန်အား၊ အမြန်နှုန်းနှင့် ခံနိုင်ရည်တို့မှာ သာမန်ခန္ဓာကိုယ်ကျင့်ကြံသူများထက် ထူးခြားစွာ ပို၍ကြီးမားလာခဲ့သည်။
၎င်းမှာ နဂါးဆင်၏စွမ်းအားသည် သူ၏အတွင်း၌ ပြန်လည်နိုးထလာသကဲ့သို့ ဖြစ်နေသည်။
ရလဒ်အနေဖြင့် သူ၏ကြမ်းတမ်းမှုက သဘာဝအတိုင်း တိုးပွားလာတော့သည်။
"မင်းတို့ရဲ့ ခန္ဓာကိုယ်ဖွဲ့စည်းပုံကလည်း ဒီကာလအတွင်းမှာ အများကြီး တိုးတက်လာတယ်.. မင်းတို့ရဲ့ ချီနဲ့သွေးက အခုလောက်ဆို ပြီးပြည့်စုံတဲ့အခြေအနေကို ရောက်လောက်ပြီ..."
ကျိုးစွေ့က ပိုးသားကဲ့သို့ နူးညံ့သော သူမတို့၏အသားအရေကို ပွတ်သပ်ရင်း ပြောလိုက်သည်။
အမှန်တကယ်တွင် သူ၏ကာယကြံ့ခိုင်မှု တိုးတက်လာရုံသာမက၊ သူ၏လက်တွဲဖော်သုံးဦး၏ ကာယကြံ့ခိုင်မှုပါ တိုးတက်လာခဲ့သည်။
တူနှစ်ကိုယ်ကျင့်ကြံစဉ်အတွင်း လျှို့ဝှက်ဆန်းကြယ်သော သွေးစွမ်းအင်မျှင်များသည် လက်တွဲဖော်များ၏ ခန္ဓာကိုယ်များထဲသို့ စီးဝင်ပြီး သူတို့၏ကာယကြံ့ခိုင်မှုကိုပါ အားကောင်းစေသည်။
သူတို့သည် ကျိုးစွေ့လောက် တိုးတက်မှုမရှိသော်လည်း၊ သာမန်ခန္ဓာကိုယ်ကျင့်ကြံသူများထက်မူ များစွာပို၍ အားကောင်းနေကြပြီဖြစ်သည်။
"ဟုတ်တယ်.. ကျွန်မ အများကြီး ပိုအားကောင်းလာသလို.. ခံနိုင်ရည်လည်း အများကြီး တိုးလာတယ်.. ကျွန်မ ပြီးပြည့်စုံတဲ့ ချီနဲ့သွေးနယ်ပယ်ထဲကို ဝင်ရောက်သွားပြီ... ကျွန်မခန္ဓာကိုယ်ထဲက ဆေးအဆိပ်တွေတောင် လုံးဝနီးပါးပျောက်သွားပြီ... အခြေခံအားဖြင့် ပြီးပြည့်စုံတဲ့ ချီနဲ့သွေးနယ်ပယ်ကို ရောက်ရှိသွားပြီ..."
မုဇီယန်က ခေါင်းညိတ်လိုက်သည်။
မူလက သူတို့သည် ကျင့်ကြံစဉ်အတွင်း ဆေးလုံးများစွာကို စားသုံးခဲ့ပြီး၊ သူတို့၏ခန္ဓာကိုယ်များတွင် ဆေးအဆိပ်များစွာ ကျန်ရှိနေခဲ့သည်။
သို့သော် တူနှစ်ကိုယ်ကျင့်ကြံမှု တစ်ကြိမ်ပြီးတိုင်း၊ သူတို့၏ခန္ဓာကိုယ်များသည် အနက်ရောင်ချေးအနည်းငယ်ကို စွန့်ထုတ်ပြီး ၎င်းမှာ သူတို့၏ခန္ဓာကိုယ်များမှ အညစ်အကြေးများ ဖြစ်သည်။
ပုံမှန်အခြေအနေအရဆိုလျှင် ဤအညစ်အကြေးများကို ဖယ်ရှားရန် ခက်ခဲပေလိမ့်မည်။
သို့သော် ယခုမူ တူနှစ်ကိုယ်ကျင့်ကြံမှုစွမ်းအားက သူတို့၏ခန္ဓာကိုယ်များရှိ အညစ်အကြေးများနှင့် ဆေးအဆိပ်များကို လျော့ကျစေသည်။
သူတို့၏ခန္ဓာကိုယ်များသည် သူတို့၏မူလ၊ မွေးရာပါအခြေအနေသို့ ပြန်လည်ရောက်ရှိသွားသကဲ့သို့ ခံစားရသည်။
သူတို့ခန္ဓာကိုယ်များက ပိုပိုပြီး ပေါ့ပါးလာသည်ဟု ခံစားရသည်။
"ရိုးရိုးသားသားပြောရရင်... ငါတို့အားလုံး... အခြေခံအားဖြင့် ချီသန့်စင်ခြင်းအဆင့်(၉)ရဲ့ ပြီးပြည့်စုံတဲ့နယ်ပယ်ကို ရောက်ရှိနေကြပြီ.. ချီနဲ့သွေး.. မှော်စွမ်းအားနဲ့.. ဝိညာဉ်အာရုံအားလုံး ပြီးပြည့်စုံနေပြီ... ငါတို့ အခြေတည်အုတ်မြစ်ကို ကြိုးစားတည်ထောင်ဖို့ အသင့်ဖြစ်နေပြီ..." ရှားကျင်းယန်က ရွှင်လန်းစွာ ပြောလိုက်သည်။
ဝန်ခံရလျှင်၊ လွန်ခဲ့သောနှစ်အနည်းငယ်က သူမသည် ဤမျှလျင်မြန်စွာ အခြေတည်အုတ်မြစ်ကို တည်ထောင်ရန် ကြိုးစားနိုင်လိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။
သို့သော် ကျိုးစွေ့နှင့် အတူရှိနေသည့်အချိန်မှစ၍ သူမ၏ကျင့်ကြံမှုမှာ အလွန်ပင် အရှိန်မြန်လာပြီး၊ ချီနှင့်သွေး၊ မှော်စွမ်းအင်နှင့် ဝိညာဉ်အာရုံတို့အားလုံး ပြီးပြည့်စုံသည့်နယ်ပယ်သို့ ရောက်ရှိသွားကြသည်။
ဤသို့သော နက်ရှိုင်းသည့် အခြေခံအုတ်မြစ်ကို ဂိုဏ်းများ၏ပင်မတပည့်တစ်ဦးနှင့်သာ နှိုင်းယှဉ်နိုင်သည်။
"ဒီလိုဆိုရင် မင်းတို့မှာ အခြေတည်ဆေးလုံးတစ်လုံးပဲ လိုတော့တာပေါ့..."
"ဘာမှစိတ်မပူကြနဲ့... ငါတို့က အဆင့်နှစ်ယောင်သားရဲတွေအများကြီး နေထိုင်တဲ့ တိမ်မြူခိုးတောင်တန်းကို ရောက်လာကြပြီပဲ..."
"စီနီယာလန်ရဲ့အကူအညီနဲ့ ငါတို့ အဆင့်နှစ်ယောင်သားရဲအမြုတေတချို့ကို ရမှာကျိန်းသေတယ်..."
"ပြီးရင်တော့.. ငါမင်းတို့ကို အခြေတည်ဆေးလုံးတွေ ဖန်တီးပေးနိုင်မှာပဲ..."
ကျိုးစွေ့ လက်သီးကိုဆုပ်လိုက်သည်။
"ကျေးဇူးပါပဲ ယောက်ျားရယ်...”
ကျိပင်းယွီ၊ ရှားကျင်းယန်နှင့် မုဇီယန်တို့အားလုံးသည် ကျိုးစွေ့အား ချစ်ခင်မြတ်နိုးမှုများဖြင့် ပြည့်နှက်နေသော မျက်လုံးများဖြင့် စူးစိုက်ကြည့်နေကြသည်။
သူတို့ရင်ထဲတွင် အပြင်းအထန်ပင် လှုပ်ရှားသွားကြသည်။
ပုံမှန်အားဖြင့် ကျင့်ကြံသူများသည် အခြေတည်ဆေးလုံးကို ဖန်တီးပြီးနောက် သူတို့ကိုယ်တိုင်သာ အသုံးပြုကြသည်။
အခြေတည်အဆင့်သို့တက်လှမ်းပြီးမှသာ သူတို့၏လက်တွဲဖော်များကို အသုံးပြုခွင့်ပေးနိုင်ပေသည်။ ၎င်းမှာ သာမန်ဖြစ်စဉ်ပင် ဖြစ်၏။
အခြေတည်အဆင့်မအောင်မြင်သေးသော ယောက်ျားတစ်ဦးက သူ၏ဇနီးကို အရင်ဆုံး အခြေတည်အုတ်မြစ် တည်ထောင်ခွင့်ပေးလိမ့်မည်ဟု မည်သူမျှမျှော်လင့်ထားကြမည်မဟုတ်ပေ။
ဤသည်မှာ သူတို့၏ခင်ပွန်းက သူမတို့အား အလွန်ချစ်သောကြောင့်သာ ထိုသို့သောရွေးချယ်မှုအား ပြုလုပ်ခြင်းဖြစ်ရပေမည်။
ဤသို့စဉ်းစားရင်း သူတို့၏ချစ်ခင်မြတ်နိုးမှုမှာ ပိုမိုနက်ရှိုင်းလာပြီး လျှံကျလုနီးပါးပင် ဖြစ်နေတော့သည်။
"ဟင်..”
ရုတ်တရက် ကျိုးစွေ့၏စိတ်ထဲတွင် လှုပ်ရှားသွားသည်။ ချိုင့်ဝှမ်းကို ဖုံးအုပ်ထားသော အစီအရင်မှ လှိုင်းထမှုများကို သူအာရုံခံမိလိုက်သည်။ အဝေးမှအရှိန်အဝါတချို့သည် ချိုင့်ဝှမ်း၏ဝင်ပေါက်သို့ လျင်မြန်စွာ ချဉ်းကပ်လာသည့်ပုံပေါ်သည်။
သို့သော် ထိုအရှိန်အဝါများသည် ရပ်တန့်သွားကြပြီး၊ မဆင်မခြင်မပြုလုပ်မိရန် ချီတုံချတုံဖြစ်နေဟန် ရသည်။
"ယောက်ျား.. အပြင်ဘက်မှာ ချည်းကပ်လာတဲ့ကျင့်ကြံသူတွေ ရှိနေတယ်..."
ရှားကျင်းယန်က လေးနက်သောလေသံဖြင့် ပြောလိုက်သည်။
အပြင်ဘက်မှ အရှိန်အဝါ လေးငါးခုအား သူမ ရှင်းလင်းစွာ အာရုံခံမိလိုက်သည်။ ၎င်းတို့ထဲမှ အရှိန်အဝါတစ်ခုသည် အခြေတည်အဆင့်သို့ ရောက်ရှိနေပြီး ၎င်းမှာ အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်ရပေမည်။
ကံကောင်းစွာဖြင့် သူတို့တွင်လည်း အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ရှိနေသည်။ သို့မဟုတ်ပါက သူတို့ ဒုက္ခရောက်နေနိုင်ပေသည်။
ကျိုးစွေ့တွင် ကြိုတင်ခန့်မှန်းချက်အချို့ ရှိထားသည်။
တိမ်မြူခိုးတောင်တန်းသည် လူသူရှားပါးသော်လည်း ကျင့်ကြံသူများ လုံးဝမရှိဟု မဆိုလိုပေ။
အမှန်တကယ်တွင် တိမ်မြူခိုးတောင်တန်းသည် ယောင်သားရဲများစွာနေထိုင်ကြပြီး သယံဇာတများ ကြွယ်ဝပေသည်။
ဤနေရာတွင် ရှင်သန်နိုင်သရွေ့ အကျိုးအမြတ်မှာ သေချာပေါက်များပြားမည်သာ ဖြစ်၏။
ယင်းကြောင့်ပင်၊ အားကောင်းသောကျင့်ကြံသူများစွာသည် သိသာထင်ရှားသော အကျိုးအမြတ်များ ရရှိရန် မျှော်လင့်ချက်ဖြင့်၊ တိမ်မြူခိုးတောင်တန်းထဲသို့ နက်ရှိုင်းစွာ စွန့်စားဝင်ရောက်ကြသည်။
ထို့ကြောင့် ဤနေရာတွင် ထွက်ပေါ်လာသူတိုင်းသည် မရိုးရှင်းဘဲ လျှော့တွက်သင့်သူများ မဟုတ်ပေ။
"အရင်ဆုံး သွားပြီး စစ်ဆေးကြည့်လိုက်တာပေါ့..."
အတွေးတစ်ချက်ဖြင့် ကျိုးစွေ့သည် သူ၏ကိုယ်ပွားကို သူ့ကိုယ်စား အပြင်သို့ သွားစေသည်။
မည်သို့ပင်ဖြစ်စေ၊ ဤမသေချာမရေရာသော အခြေအနေတွင် ပင်မခန္ဓာကိုယ်ဖြင့် အပြင်သို့ ထွက်သွားရန်မှာ အလွန်အန္တရာယ်များလှသည်။
သူ၏ကိုယ်ပွားဖြင့် သွားလာခြင်းသည် အန္တရာယ်ကျရောက်လာလျှင်ပင်၊ သူတို့တွင် ရုန်းထွက်ရန်အခြေအနေရမည် ဖြစ်သည်။
ဝှစ်…။
ခဏအကြာတွင် ကိုယ်ပွားသည် ကျိုးစွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး၊ ချိုင့်ဝှမ်း၏ဝင်ပေါက်သို့ တစ်ယောက်တည်း ထွက်လိုက်သည်။
ချက်ချင်းပင် သူသည် ချိုင့်ဝှမ်းဝင်ပေါက်ရှိကျင့်ကြံသူငါးဦးကို တွေ့မြင်လိုက်သည်။ ၎င်းမှာ အဘိုးကြီးတစ်ဦးနှင့် လူငယ်လေးဦး ဖြစ်သည်။
ဝတ်ရုံဖြူဖြင့်လူမှာ အခြေတည်အဆင့်ကျင့်ကြံသူဖြစ်ပြီး၊ အခြားလေးဦးမှာ အသက် ၂၀၊ ၃၀ အရွယ်ခန့်ဖြစ်ကြသည်။ ၎င်းတို့အားလုံးမှာ ချီသန့်စင်ခြင်းနှောင်းပိုင်းအဆင့်တွင် ရှိကြပြီး၊ သူတို့၏ကျင့်ကြံမှုမှာ အနည်းဆုံး ချီသန့်စင်ခြင်းအဆင့်(၇)၊ အဆင့်(၈)တွင် ရှိသည်။ သာမန်လူများ မဟုတ်ကြသည်မှာ သေချာပေသည်။
"တာအိုရောင်းရင်းတို့ ဒီကို ဘာကိစ္စနဲ့ ရောက်လာကြတာလဲလို့ ကျွန်တော်သိပါရစေ..."
ကျိုးစွေ့က အခြားကျင့်ကြံသူများရှေ့တွင် တည်ငြိမ်စွာ ရပ်ရင်း မေးလိုက်သည်။
"နှုတ်ခွန်းဆက်ပါတယ် တာအိုရောင်းရင်း.. ကျွန်တော်က ရှန်မိသားစုဝင် ရှန်ဝမ်ပါ... ကျွန်တော်နဲ့အတူပါလာတာက ကျွန်တော့်မိသားစုညီအစ်ကိုတွေပါ... ပြီးတော့ ဒါက ရှန်မိသားစုဘိုးဘေး ရှန်ရှန်း... အခြေတည်အဆင့်ကပါ.. ဒီတစ်ခေါက် ကျုပ်တို့က တာအိုရောင်းရင်းတို့ရဲ့ တည်ရှိမှုကို အာရုံခံမိလို့ နှုတ်ဆက်ဖို့ လာခဲ့တာပါ... ကျေးဇူးပြုပြီး တစ်မျိုးမထင်ပါနဲ့..."
ရှန်ဝမ်ဟု အမည်ရသော သက်လတ်ပိုင်းကျင့်ကြံသူက ပြောလိုက်သည်။