← Chapters

အခြေတည်အဆင့် ကျောထောက်နောက်ခံ ရှိသောအခါ လူတိုင်းသည် လူကောင်းများ ဖြစ်ကြသည်

Vol. 8 Ch. 116

အခြေတည်အဆင့် ကျောထောက်နောက်ခံ ရှိသောအခါ လူတိုင်းသည် လူကောင်းများ ဖြစ်ကြသည်

Vol. 8 Ch. 116

အဝေးတစ်နေရာတွင် ရှန်မိသားစုဝင်များသည် သူတို့၏နားခိုရာနေရာသို့ ဦးတည်နေကြသည်။

"ဘိုးဘေး.. စောနက လူငယ်လေးကို ဘယ်လိုထင်လဲ.. သူက ကျွန်တော်တို့ ရှန်မိသားစုနဲ့ ရည်ရွယ်ချက်ချင်းများ တူနေလောက်သလား.. သူက ကျွန်တော်တို့အတွက် ခြိမ်းခြောက်မှုတစ်ခု ဖြစ်နိုင်လောက်လား..."

ရှန်ဝမ်က သူ၏မိသားစုမှ အခြေတည်အဆင့်အကြီးအကဲအား လေးစားစွာ မေးလိုက်သည်။

"အဲ့ဒီလူငယ်လေးက တော်တော်လေး ထူးခြားတယ်.. သူက အသက် ၂၁.. ၂၂ နှစ်လောက်ပဲ ရှိသေးပုံရတယ်... ဒါပေမဲ့ သူက ချီသန့်စင်ခြင်းအဆင့်(၈)ကျင့်ကြံသူတစ်ယောက် ဖြစ်နေပြီ... အနည်းဆုံးတော့ ထိပ်တန်းအဆင့်စိတ်ဝိညာဉ်အမြစ်ရဲ့ ပင်ကိုယ်ပါရမီကို ပိုင်ဆိုင်ထားမှာပဲ..."

"အင်း... ဒီလူငယ်လေးက အရေးကြီးတဲ့ကိစ္စတော့ မဟုတ်ဘူး... ကြောက်စရာကောင်းတာက ချိုင့်ဝှမ်းအတွင်းပိုင်းထဲက ကျိုးမိသားစုရဲ့အကြီးအကဲပဲ... ပြီးပြည့်စုံတဲ့ အခြေတည်အဆင့် ကျင့်ကြံသူတစ်ယောက် ဖြစ်နိုင်ခြေများတယ်..."

ဘာရယ်..။

ရှန်မိသားစုကျင့်ကြံသူများ၏ မျက်နှာအမူအရာများမှာ သိသိသာသာ ပျက်သွားကြသည်။

ပြီးပြည့်စုံသည့် အခြေတည်အဆင့်ဆိုသည်မှာ ဘာကိုဆိုလိုမှန်း သူတို့သိကြသည်။ သူတို့၏ကိုယ်ပိုင်ဘိုးဘေးပင်လျှင် အခြေတည်အဆင့် အလယ်အလတ်အဆင့်တွင်သာ ရှိသေးပြီး၊ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိရန် များစွာအလှမ်းဝေးချေသည်။

အထူးအခြေအနေများနှင့် မကြုံတွေ့ပါက အများအားဖြင့်၊ ဤဘဝတွင် သူတို့၏အကန့်အသတ်မှာ အခြေတည်အဆင့် အလယ်အလတ်အဆင့်သာ ဖြစ်ပေလိမ့်မည်။

သို့သော် ထိုလျှို့ဝှက်ဆန်းကြယ်သော ကျိုးမိသားစုမှကျင့်ကြံသူမှာမူ ပြီးပြည့်စုံသော အခြေတည်အဆင့်ကို ရရှိထားပြီးဖြစ်သည်။

ဤသည်မှာ သူသည် ရွှေအမြုတေနယ်ပယ်သို့ ဝင်ရောက်ခါနီးဖြစ်နေသည်ဟု ဆိုလိုခြင်း မဟုတ်လော။

"ဘိုးဘေး... ဒီလောက်အားကောင်းတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်က တိမ်မြူခိုးတောင်တန်းထဲကို ဝင်ရောက်လာတာဆိုရင်... သူကလည်း ကျွန်တော်တို့လို ရွှေအမြုတေ ဂူဟောင်းတစ်ခုကို ရှာဖွေနေတာ ဖြစ်နိုင်မလား...."

ရှန်ဝမ် လန့်သွားသည်။

သူတို့ တိမ်မြူခိုးတောင်တန်း၏ အတွင်းပိုင်းနက်ရှိုင်းသောနေရာသို့ ရောက်ရှိလာရသည့် အကြောင်းရင်းမှာ၊ ဤတောင်တန်း၏ ပေါများလှသော သယံဇာတများနှင့် စိတ်ဝိညာဉ်ဆေးပင်များအတွက်သာမက၊ ရွှေအမြုတေအဆင့်ကျင့်ကြံသူတစ်ဦး၏ ရှေးဟောင်းဂူစံအိမ်တစ်ခုကို တွေ့ရှိခဲ့သောကြောင့်လည်း ဖြစ်သည်။

သို့သော် ထိုဂူဟောင်းစံအိမ်၏ တားမြစ်အစီအရင်ကို ချိုးဖျက်ရန်မှာ အလွန်ပင် ခက်ခဲလှသည်။

သူတို့သည် ၎င်းကို ဖွင့်လှစ်နိုင်ရန် ဆယ်နှစ်ကျော်ကြာ ရှောင်မိသားစု၊ မုမိသားစုတို့နှင့် ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ယခုအခါ အဆုံးသတ်သို့ နီးကပ်လာပြီဖြစ်သည်။

ဤအချိန်တွင် မည်သည့်မတော်တဆမှုမျှ ဖြစ်ပွားမည်ကို သူအလိုမရှိပေ။

"တုံးလိုက်တာကွာ.. ဒီလိုတိုက်ဆိုင်မှုမျိုး ဖြစ်နိုင်ခြေက ဘယ်လောက်ရှိလို့လဲ.. ငါတို့ မျိုးနွယ်စုကြီးသုံးခုက ဒီကိစ္စကို တင်းတင်းကျပ်ကျပ် လျှို့ဝှက်ထားခဲ့တဲ့ကိစ္စ.. အပြင်လူတွေ သိနိုင်စရာအကြောင်း မရှိဘူး..."

"ပြီးပြည့်စုံတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတွေက ရှားပါးပေမဲ့ လုံးဝမရှိတာတော့ မဟုတ်ဘူးလေ.."

"ဖြစ်နိုင်ခြေကတော့ သူက အဆင့်နှစ်ယောင်သားရဲတွေကို အမဲလိုက်ပြီး အခြေတည်ဆေးလုံးတွေ ဖော်စပ်ဖို့ တိမ်မြူခိုးတောင်တန်းကို လာခဲ့တာပဲ..."

"ဘယ်လိုပဲဖြစ်ဖြစ်.. ငါတို့ ဣန္ဒြေမပျက်နေပြီးတော့ ဘာအမူအရာမှမပျက်စေနဲ့...”

"ငါတို့ကလည်း တိမ်မြူခိုးတောင်တန်းကို သားရဲတွေအမဲလိုက်ဖို့ လာခဲ့တဲ့ ကျင့်ကြံသူမိသားစုတစ်ခုလို ဟန်ဆောင်ရမယ်..."

"သယံဇာတတစ်ခုခု ရှိခဲ့ရင် ငါတို့သူနဲ့ ကုန်သွယ်ရမယ်.."

ရှန်မိသားစုမှ အကြီးအကဲရှန်ရှန်းက လေးနက်သောအသံဖြင့် ပြောလိုက်သည်။

"စိတ်ချပါ ဘိုးဘေး..."

လူတိုင်း ခေါင်းညိတ်လိုက်ကြသည်။

ရှန်မိသားစုမှ ကျင့်ကြံသူများ ထွက်ခွာသွားပြီးနောက်၊ အနီးအနားမှ ရှောင်နှင့် မုမိသားစုများကဲ့သို့သော မိသားစုများမှ ကျင့်ကြံသူများက ကျိုးစွေ့နှင့်အခြားသူများထံသို့ လာရောက်လည်ပတ်ကြသည်။

သူတို့သည်လည်း တိမ်မြူခိုးတောင်တန်းတွင် အချိန်အတော်ကြာနေထိုင်ခဲ့ပြီး နယ်မြေကျွမ်းကျင်ပုံရသည့် ကျင့်ကြံသူမိသားစုများ ဖြစ်ကြသည်။

ကျိုးစွေ့သည်လည်း အိမ်ရှင်အဖြစ် လက်ခံကြိုဆိုကာ၊ သူတို့ထံမှ တိမ်မြူခိုးတောင်တန်းနှင့် ပတ်သက်သော သတင်းအချက်အလက်များစွာကို ရရှိခဲ့သည်။

ဥပမာအားဖြင့် သားရဲများ၏ ဖြန့်ကျက်မှု၊ စိတ်ဝိညာဉ်ဆေးပင်များ၏တည်နေရာနှင့် အထူးသဖြင့် အန္တရာယ်ရှိသော နေရာများ စသည်တို့ ဖြစ်သည်။

အတိုချုပ်ဆိုရလျှင် သူသည် ဤဆက်ဆံရေးများမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။

"ယောက်ျား.. ဒီအခြေတည်အဆင့်မိသားစု ကျင့်ကြံသူတွေက တကယ်ကို ဖော်ရွေတာပဲ...".

မုဇီယန်က အံ့ဩတကြီး ပြောသည်။

ဤကျင့်ကြံသူများ လာရောက်လည်ပတ်သည့်အခါ သူတို့နှင့်အတူ လက်ဆောင်များစွာကိုလည်း ယူဆောင်လာကြသည်။

လူတိုင်းမှာ ဖော်ရွေပြီး အပြောအဆိုကောင်းလှသည်။

၎င်းမှာ မီယွင်မြို့ရှိ ကြမ်းတမ်းသော ဂိုဏ်းကျင့်ကြံသူများ၊ မိသားစုကျင့်ကြံသူများနှင့် လုံးဝ ကွဲပြားသည်။ လုံးဝကွဲပြားခြားနားသော အမူအရာများ ဖြစ်ကြသည်။

သူမ၏ တစ်ကိုယ်တော်ကျင့်ကြံသူဘဝတစ်လျှောက်တွင် ဤသို့သော ဖော်ရွေသည့် ကျင့်ကြံသူများနှင့် ပထမဆုံးအကြိမ် ကြုံတွေ့ဖူးခြင်းဖြစ်သည်။

သူမ ယခင်က တွေ့ဆုံခဲ့သော ကျင့်ကြံသူများမှာ ဓားပြများ သို့မဟုတ် မတန်တဆငှားရမ်းခတောင်းသူများသာ ဖြစ်ကြသည်။

"ဟဟ.. ဖော်ရွေတယ်ဟုတ်လား.. ဒါတွေအားလုံးက စီနီယာလန်ရဲ့ ဂုဏ်သတင်းကြောင့်ပဲ... မင်းသာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက် ဖြစ်လာတဲ့အခါ... မင်းပတ်ဝန်းကျင်မှာ လူကောင်းတွေချည်းပဲ ရှိနေတာကို တွေ့ရလိမ့်မယ်..."

ကျိုးစွေ့က မကျေမနပ်ဖြင့် ပြောလိုက်သည်။

ကျင့်ကြံသူမိသားစုများ၏သဘောထားများ အဘယ်ကြောင့် ဤသို့ သိသိသာသာပြောင်းလဲသွားသည်အား သူ အပြည့်အဝ သိရှိသည်။ ၎င်းမှာ ပြီးပြည့်စုံသော အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးဖြစ်သည့် လန်ယွဲ့ရှီ၏မျက်နှာကြောင့်သာ ဖြစ်သည်။

လန်ယွဲ့ရှီ၏ ကျောထောက်နောက်ခံသာ မရှိခဲ့ပါက၊ သူတို့သည် လုံးဝကွဲပြားခြားနားသော မျက်နှာတစ်ခုကို ပြသနိုင်ပေသည်။

သူတို့သည် ဤသို့ တည်ငြိမ်သောပုံစံဖြင့် စကားပြောမည့်အစား အကြမ်းဖက်ခြင်း၊ သတ်ဖြတ်လုယက်ခြင်းတို့ကိုပင် ပြုလုပ်နိုင်ပေသည်။

ထိုသို့ဖြစ်လင့်ကစား၊ ဤခံစားချက်မှာ တကယ့်ကို သာယာဖွယ်ကောင်းလှသည်။

အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦးက သူ့ကို နောက်ကွယ်မှ ထောက်ပံ့ပေးနေခြင်းသည်၊ လူတိုင်းကို သူ့အားဦးညွှတ်စေပြီး အဆုံးစွန်သော လေးစားမှုကို ပြသစေသည်။ ဤလုံခြုံရေးခံစားမှုမှာ အလွယ်တကူ ဖော်ပြ၍မရပေ။

အလွယ်ပြောရရင် စိတ်လန်းဆန်းစေသည်။

"အမှန်ပဲ.. ပြီးပြည့်စုံတဲ့ အခြေတည်အဆင့်ကျင့်ကြံသူတစ်ယောက်ရဲ့ရှေ့မှာ ကောင်းကောင်းမွန်မွန် မပြုမူရင်.. အဲ့ဒါက သေလမ်းကို ရှာတာပဲ.. ဒါတွေအားလုံးက စီနီယာလန်ရဲ့ ဂုဏ်သတင်းကြောင့်ပဲ..."

ကျိပင်းယွီလည်း သဘောတူသည်။

သူမသည် လူ့သဘာဝ၏ မတည်မြဲမှုကို နားလည်သည်။

အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး နောက်ကွယ်တွင် ရပ်တည်နေခြင်းက လုံးဝကွဲပြားခြားနားသော ရလဒ်တစ်ခုကို ရရှိစေပေလိမ့်မည်။

လူတိုင်းသည် သင့်အပေါ် အလွန်အမင်း လေးစားကြလိမ့်မည်။ အနည်းဆုံး သူတို့က သင့်ကို မျက်နှာသာအချို့ ပေးကြလိမ့်မည်။

အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦး၏ အရေးပါမှုမှာ အလွန်ကြီးမားလှသည်။ ဂိုဏ်းတစ်ခုတွင်ပင် ၎င်းတို့အား အင်အား၏အကြွင်းမဲ့ကျောရိုးတစ်ခုအဖြစ် သတ်မှတ်ကြသည်။

သူတို့သည် ဂိုဏ်းအကြီးအကဲများ ဖြစ်လာရန် အရည်အချင်းပြည့်မီပြီးဖြစ်သည်။

တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးသာ အခြေတည်အဆင့်သို့ ရောက်ရှိခဲ့ပါက၊ ဂုဏ်သရေရှိဧည့်သည်တစ်ဦး ဖြစ်လာရန် ဂိုဏ်းမှ နွေးထွေးစွာ ဖိတ်ခေါ်ခြင်းကို ခံရပေလိမ့်မည်။

ထိုအတွေးဖြင့်၊ သူမသည် အခြေတည်အဆင့်သို့ တက်လှမ်းရန် ပို၍ပင် စိတ်အားထက်သန်လာသည်။

သူမသာ အခြေတည်အဆင့်ကျင့်ကြံသူတစ်ဦး ဖြစ်လာသည်နှင့်တစ်ပြိုင်နက် သူမ၏ခွန်အား၊ အဆင့်အတန်းနှင့် သက်တမ်းတို့တွင် ကမ္ဘာတစ်ခုခြားနားသွားပေလိမ့်မည်။

"ငါတို့ သတိထားဖို့တော့ လိုသေးတယ်.. ဒီကျင့်ကြံသူတွေက ဖော်ရွေပုံရပေမဲ့ သူတို့မှာ လျှို့ဝှက်အကြံအစည်တချို့ ရှိမရှိ ငါတို့ တပ်အပ်မပြောနိုင်ဘူး..."

ရှားကျင်းယန်က သူတို့ သတိထားနေရန် လိုအပ်သေးပြီး၊ ဤမိသားစုကျင့်ကြံသူများ၏ လှည့်စားခြင်းကို မခံရစေရန် သတိပေးလိုက်သည်။

"သူတို့ကို စိတ်ပူမနေပါနဲ့.. ငါတို့က တိမ်မြူခိုးတောင်တန်းမှာ ကျင့်ကြံဖို့ ရောက်လာတာပဲလေ..”

ကျိုးစွေ့သည် ချိုင့်ဝှမ်းတွင် နေထိုင်ပြီး အေးချမ်းစွာ ကျင့်ကြံရန် စိတ်ပိုင်းဖြတ်ထားသည်။ ဤကျင့်ကြံသူမိသားစုများ၏ အစီအစဉ်များအတွက်မူ သူနှင့် သိပ်မပတ်သက်ပေ။

မှန်ပေသည်၊ သူသည် တောင်တန်းအတွင်းပိုင်းနက်ရှိုင်းသောနေရာရှိ အားကောင်းသော သားရဲအမျိုးမျိုးကိုလည်း သတိထားရမည်ဖြစ်သည်။

သူသာ အဆင့်သုံး သားရဲတစ်ကောင်ကို မတော်တဆ ရန်စမိပါက သူပျက်စီးသွားနိုင်ပေသည်။

ကံကောင်းစွာဖြင့် ဤနေရာသည် အဆင့်သုံးသားရဲများအသိုက်များနှင့် ဝေးကွာသည်။ သို့မဟုတ်လျှင် သူသည် ပြောင်းရွှေ့ရန် စဉ်းစားရပေလိမ့်မည်။

"ကောင်းပါပြီ ယောက်ျား..."

ကျိပင်းယွီ၊ မုဇီယန်နှင့် ရှားကျင်းယန်တို့အားလုံး ခေါင်းညိတ်လိုက်ကြသည်။ သူတို့သည် ကျိုးစွေ့နှင့် အချိန်များစွာ ကုန်ဆုံးပြီးနောက် သတိကြီးတတ်ရန် သင်ယူခဲ့ပြီး ဖြစ်သည်။

မတောင်းဆိုဘဲ ကူညီခြင်းသည် ထောင်ချောက် သို့မဟုတ် ခိုးယူလိုခြင်းသာ ဖြစ်၏။

သူတို့သည် အခြားသူများကချထားသော ငါးမျှားချိတ်များကို လျစ်လျူရှုထားသရွေ့ သဘာဝအတိုင်း မရှုံးနိမ့်နိုင်သူများအဖြစ် ကျန်ရှိနေပေလိမ့်မည်။

"အရင်ဆုံး ပတ်ဝန်းကျင်ကို စူးစမ်းရှာဖွေကြည့်တာပေါ့..."

ထိုအတွေးဖြင့် ကျိုးစွေ့သည််သူသယ်ဆောင်လာသော ကိုယ်ပွားခြောက်ယောက်နှင့် 'ရွှေစားကူ' ရာပေါင်းများစွာကို ထုတ်လွှတ်ကာ အရပ်မျက်နှာအားလုံးသို့ လှည့်လည်သွားလာစေသည်။

သူသည် ကျင့်ကြံသူမိသားစုများထံမှ သတင်းအချက်အလက်များစွာကို ရရှိခဲ့သော်လည်း၊ ၎င်းမှာ မှားသည်၊မှန်သည်အား မည်သူသိနိုင်မည်နည်း။

မည်သို့ပင်ဖြစ်စေ၊ သူသည် သတင်းအချက်အလက်များ၏စစ်မှန်မှုကို အတည်ပြုရန် ကိုယ်တိုင် သွားရောက်ကြည့်ရှုရန် လိုအပ်သည်။

မှန်ပေသည်၊ သူကိုယ်တိုင် သွားရောက်ရန် မလိုအပ်ဘဲ၊ ကိုယ်ပွားများဖြင့် သတင်းအချက်အလက်များ စုဆောင်းရန် လုံလောက်သည်။

ညဉ့်နက်သန်းခေါင်ယံ။

အစားအသောက်များ အဝစားသောက်ပြီးနောက်၊ ကျိုးစွေ့သည် နောက်တစ်ကြိမ် တူနှစ်ကိုယ်ကျင့်ကြံခြင်းကို မမောမပန်း ကျင့်ကြံတော့သည်။

သူ၏ဇနီးမယားများမှာ ကျေနပ်နေကြပြီး သူတို့၏မျက်နှာများမှာ ကျေနပ်မှုဖြင့် နီမြန်းနေသည်။

...

"ဒီနှာဘူးကောင်ကတော့ နောက်တစ်ခါ လုပ်ပြန်ပြီ..."

အနီးအနားတွင် တံခါးပိတ်ကျင့်ကြံနေသော လန်ယွဲ့ရှီသည် ထိုအသံကြောင့် မျက်နှာနီမြန်းသွားကာ ရှက်ရွံ့သွားသည်။

သို့သော် ၎င်းကို ရှောင်လွှဲရန် နည်းလမ်းမရှိပေ။ မည်သို့ပင်ဖြစ်စေ ထိုယောက်ျားသည် သူမ၏ ကျေးဇူးရှင်ဖြစ်ပြီး သူမ၏အသက်ကို ကယ်တင်ခဲ့သူဖြစ်၏။

ထို့အပြင် ဤသည်မှာ တာအိုလက်တွဲဖော်များအကြား သာမန်အပြုအမူတစ်ခုဖြစ်ရာ သူမ စောဒကတက်စရာ ဘာမှမရှိပေ။

ဤသို့စဉ်းစားရင်း သူမသည် နောက်ထပ် အသံအတားအဆီးအလွှာတစ်ခုကို ထပ်ထည့်ရန်သာ ပြင်ဆင်ရတော့သည်။ မျက်စိအောက်မှ ပျောက်ကွယ်သွားလျှင် စိတ်ထဲတွင် ဘာမျှရှိတော့မည်ပေ။

သို့သော် သူမ၏အတွင်းစိတ် ဂနာမငြိမ်မှုမှာ တည်ငြိမ်သွားရန် အချိန်အတော်ကြာ ယူခဲ့ရသည်။

All Chapters