← Chapters

အဆင့်နှစ် ယောင်သားရဲအမြုတေ၊ အလုပ်ကြိုးစားသူများကို ကောင်းကင်ဘုံကဆုချသည်

Vol. 8 Ch. 117

အဆင့်နှစ် ယောင်သားရဲအမြုတေ၊ အလုပ်ကြိုးစားသူများကို ကောင်းကင်ဘုံကဆုချသည်

Vol. 8 Ch. 117

သုံးလကြာပြီးနောက်။

တိမ်မြူခိုးတောင်တန်းသည် စက်တင်ဘာလသို့ ဝင်ရောက်လာပြီး၊ ဆောင်းဦးကောင်းကင်မှာ ကြည်လင်နေကာ များစွာသောယောင်သားရဲများမှာ မကြာခဏ လှုပ်ရှားသွားလာကြသည်။

ဤသည်မှာ ယောင်သားရဲများ အများဆုံးရှိသော ရာသီလည်း ဖြစ်သည်။

တစ်ကိုယ်တော်ကျင့်ကြံသူတစ်ဦးသာ ဤအချိန်တွင် တိမ်မြူခိုးတောင်တန်းသို့ ဝင်ရောက်ခဲ့ပါက၊ ကြီးမားသောအကျိုးကျေးဇူးများကို ရိတ်သိမ်းနိုင်ပေလိမ့်မည်။

ထိုအခိုက်အတန့်တွင် ချိုင့်ဝှမ်းတစ်ခုအတွင်း၌ ကျင့်ကြံသူတစ်ဦးသည် ထိတ်လန့်တကြား အသက်လုကာ အသည်းအသန်ထွက်ပြေးနေသည်။

သူ၏နောက်တွင် မီတာဆယ်ဂဏန်းရှည်သော ဧရာမမြွေကြီးတစ်ကောင် ရုတ်တရက်ပေါ်ထွက်လာသည်။ ၎င်းမှာ ကျောက်တုံးမြွေဟုခေါ်သော အဆင့်နှစ် ယောင်သားရဲတစ်ကောင်ဖြစ်သည်။ ဤသားရဲသည် မြေကြီးနှင့် ကျောက်တုံးများကို ထိန်းချုပ်နိုင်ပြီး ၎င်း၏ခွန်အားမှာ ကြောက်မက်ဖွယ်ကောင်းလှသည်။

၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများမှာ ကျောက်တုံးဖြင့် ပြုလုပ်ထားပြီး၊ မှော်ပညာများကို အပြင်းအထန် ခုခံနိုင်စွမ်းရှိသည်။

အခြေတည်အဆင့် ကျင့်ကြံသူများပင်လျှင် ၎င်းကို တိုက်ခိုက်ရန် ခေါင်းခဲရသည်။

တစ်ချက်မှားသည်နှင့် ချက်ချင်းပင် တင်းကျပ်စွာချုပ်နှောင်ခံရပြီး ၎င်း၏အစာဖြစ်သွားနိုင်ပေသည်။

ဂရား…။

ထိုအချိန်တွင် အဆင့်နှစ်ယောင်သားရဲသည် ထိုကျင့်ကြံသူအား ပစ်မှတ်ထားလိုက်သည်။ ၎င်းသည် အလွန်လျင်မြန်သောအမြန်နှုန်းဖြင့် လှုပ်ရှားလိုက်ပြီး၊ ကျင့်ကြံသူ၏ရှေ့မှောက်တွင် ချက်ချင်း ပေါ်လာကာ အနီရောင်လျှာကို ထုတ်လိုက်သည်။ ၎င်း၏ခန္ဓာကိုယ်မှာ ကြောက်မက်ဖွယ်ကောင်းလောက်အောင် တိုက်စားနိုင်သော အငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသည်။

သို့သော်ငြား ထိုကျင့်ကြံသူ၏ မျက်နှာပေါ်တွင် ထိတ်လန့်မှုအရိပ်အယောင်မျှမရှိပေ။ ထိုအစား အကြံအစည်တစ်ခုခု အောင်မြင်သွားသကဲ့သို့ အောင်နိုင်သူ၏အမူအရာပင် ထွက်ပေါ်နေသည်။

ထိုအဆင့်နှစ် ယောင်သားရဲမှာ ဖြစ်ပျက်နေသည်များအား နားမလည်နိုင်မီမှာပင်။

ဘန်း…။

ကျယ်လောင်သောအသံနှင့်အတူ ကြီးမားသော အစီအရင်တစ်ခု ချက်ချင်းထွက်ပေါ်လာသည်။ ဤသည်မှာ ပထမအဆင့် ထိပ်တန်းအဆင့် ရေခဲအစီအရင်ဖြစ်ပြီး အေးစက်သော ရေခဲစွမ်းအားတစ်ခုကို ထုတ်လွှတ်နေသည်။

ဤအစီအရင်အတွင်း၌ တစ်စုံတစ်ယောက်သည် အအေးဓာတ်၏ စွမ်းအားကြောင့် အေးခဲမသွားလျှင်ပင် သူတို့၏လှုပ်ရှားမှုများ နှေးကွေးသွားပေလိမ့်မည်။

ဤပထမအဆင့် အစီအရင်သည် ဧရာမကျောက်တုံးမြွေကို မသတ်နိုင်သော်လည်း၊ ၎င်းမှာ သားရဲ၏ လှုပ်ရှားမှုကို အမှန်တကယ် နှောင့်နှေးစေခဲ့သည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ၎င်း၏ကြီးမားသော ခန္ဓာကိုယ်မှာ ရေခဲဖြင့် အေးခဲသွားသည်။ ၎င်းမှာ လှုပ်ရှားနိုင်စွမ်းမရှိတော့ချေ။

မှန်ပေသည်၊ ထိုကျင့်ကြံသူသည်လည်း မလွတ်မြောက်နိုင်ဘဲ ၎င်းနှင့်အတူ အေးခဲသွားသည်။

"သေလိုက်စမ်း...”

ထိုအခိုက်အတန့်တွင် အသက်ရှူမှားလောက်အောင် လှပသော အမျိုးသမီးကျင့်ကြံသူတစ်ဦး ရုတ်တရက် ခုန်ထွက်လာပြီး၊ သူမ၏လက်ထဲတွင် မှော်လက်နက်တစ်ခုကို ကိုင်ဆောင်ထားသည်။

ဘုန်း...။

နောက်တစ်စက္ကန့်တွင် ထက်မြက်လှသော ရွှေရောင်အလင်းတန်းတစ်ခုသည် ရွှေနဂါးလှံမှ ပေါက်ကွဲထွက်လာပြီး၊ အဆင့်နှစ်ယောင်သားရဲ၏ ခန္ဓာကိုယ်ပေါ်သို့ ပြင်းထန်စွာ ကျရောက်သွားသည်။

ချက်ချင်းပင် အဆင့်နှစ်ယောင်သားရဲသည် ရုန်းကန်ရန် အခွင့်အရေးပင် မရလိုက်ဘဲ၊ နှစ်ပိုင်းအဖြစ်သို့ ခုတ်ပိုင်းခြင်းကို ခံလိုက်ရသည်။

၎င်း၏သွေးများမှာ စမ်းရေပန်းတစ်ခုကဲ့သို့ ပန်းထွက်လာပြီး မြေပြင်ပေါ်သို့ ပက်ဖျန်းသွားသည်။

အဆင့်နှစ်ယောင်သားရဲ၏ မျက်လုံးများမှာ ဤကဲ့သို့ အသတ်ခံလိုက်ရသည်ကို မယုံကြည်နိုင်သကဲ့သို့ ပြူးကျယ်နေသည်။

သို့သော် ၎င်းမည်သို့ပင်ခုခံရန် ကြိုးစားစေကာမူ၊ ဤသေစေနိုင်သော ထိုးနှက်ချက်ကို မခံနိုင်ဘဲ နေရာတွင်ပင် သေဆုံးသွားသည်။

ဝှစ်..။

ချက်ချင်းပင် ခပ်လှမ်းလှမ်းတောအုပ်ထဲမှ ပုံရိပ်တစ်ခု ထွက်ပေါ်လာသည်။ ၎င်းမှာ ကျိုးစွေ့ပင် ဖြစ်သည်။

"စီနီယာလန်ဆိုတဲ့အတိုင်းပဲ.. ခင်ဗျားရဲ့ ရွှေနဂါးလှံ ကျွမ်းကျင်မှုက တကယ်ကို ထူးချွန်တာပဲ.. အဆင့်နှစ် ယောင်သားရဲတောင် ခင်ဗျားလက်ချက်နဲ့ ချက်ချင်း အသတ်ခံလိုက်ရတယ်.. တကယ်ကို အထင်ကြီးစရာပဲ..."

ငါးစာအဖြစ် ဆောင်ရွက်သူမှာ ကျိုးစွေ့၏ ကိုယ်ပွားတစ်ဦးမှလွဲ၍ အခြားမည်သူမျှမဟုတ်ပေ။

ကိုယ်ပွားသည် အဆင့်နှစ်ယောင်သားရဲကို ၎င်း၏အသိုက်မှ ထွက်လာစေရန် ငါးစာအဖြစ် တာဝန်ယူသည်။

ထို့ကြောင့် ကိုယ်ပွား အသတ်ခံရလျှင်လည်း အရေးမကြီးပေ။

၎င်းသာ အဆင့်နှစ်ယောင်သားရဲတစ်ကောင်အတွက် လဲလှယ်နိုင်ခဲ့ပါက ကြီးမားသော အမြတ်အစွန်းတစ်ခု ဖြစ်ပေလိမ့်မည်။

ထင်ရှားသည်မှာ ရလဒ်အရဆိုလျှင် ၎င်းမှာ ပြီးပြည့်စုံသော အောင်ပွဲတစ်ခုဖြစ်သည်။

ပေးဆပ်ရသည်ဟူ၍ ကိုယ်ပွားတစ်ဦးကို စတေးခြင်းမျှသာဖြစ်ပြီး ၎င်းသည် မယုံနိုင်စဖွယ် တန်ဖိုးရှိသော လဲလှယ်မှုတစ်ခုဖြစ်သည်။

"ဟမ့်... ရှင်ကမှ ပိုအစွမ်းထက်တာပါ.. အဆင့်နှစ် ယောင်သားရဲကို အမဲလိုက်ဖို့ ထွက်လာတာတောင် ကိုယ်ပွားနှစ်ယောက်ပဲ လွှတ်လိုက်တာ..."

"ကျရှုံးခဲ့ရင်တောင် ပင်မခန္ဓာကိုယ်က ဘာမှမဖြစ်ဘဲ ရှင်က အကျိုးအမြတ်တွေကို ရိတ်သိမ်းနိုင်တယ်... ဟမ့်.."

လန်ယွဲ့ရှီက ကျိုးစွေ့ကို မကျေမနပ် အကြည့်ဖြင့် ကြည့်လိုက်သည်။

ဤလူ၏အကြောင်းအား သူမကောင်းကောင်းသဘောပေါက်လိုက်သည်။ သူမနှင့်အတူ အဆင့်နှစ် ယောင်သားရဲများကို အမဲလိုက်ရန် ထွက်လာသော်လည်း၊ သူ၏ပင်မခန္ဓာကိုယ်အား ထုတ်ဖော်ရန် ဆန္ဒမရှိဘဲ သူ၏ကိုယ်ပွားများကိုသာ လွှတ်လိုက်သည်။ ၎င်းမှာ သူ၏သေခြင်းတရားကို ကြောက်ရွံ့မှုမှာ အစွန်းဆုံးအဆင့်သို့ ရောက်ရှိနေသကဲ့သို့ ဖြစ်နေပြီး သူမ ဘာပြောရမှန်းမသိ ဖြစ်နေသည်။

"စီနီယာက အရမ်းယဉ်ကျေးလွန်းနေပါပြီ.. ကျွန်တော်က ချီသန့်စင်ခြင်းအဆင့် ကျင့်ကြံသူတစ်ယောက်သက်သက်ပါ..."

"ဒီလိုကြောက်စရာကောင်းတဲ့ အဆင့်နှစ်ယောင်သားရဲတွေကို ရင်ဆိုင်ရတဲ့အခါ... သတိကြီးကြီးထားတာက အလွန်အကျွံမဟုတ်ပါဘူး.."

"ဒါ့အပြင် စီနီယာရဲ့ ကျင့်ကြံမှုအဆင့်က နက်ရှိုင်းပြီး.. ခွန်အားကလည်း ကြောက်မက်ဖွယ်ကောင်းတော့ .. သာမန်အဆင့်နှစ် ယောင်သားရဲတစ်ကောင်က ခင်ဗျားကို အနှောင့်အယှက်မပေးနိုင်လောက်ပါဘူး.."

"အဟွတ်.. အဟွတ်.. ကောင်းပြီ... ဒီအဆင့်နှစ် သားရဲအလောင်းကို မြန်မြန် စုဆောင်းကြစို့..."

"သူ့ပေါ်က အကြေးခွံတွေ.. အသား.. မြွေနှလုံးနဲ့ မြွေသွေးတွေအားလုံးက တန်ဖိုးရှိတဲ့အရာတွေပဲ..."

ကျိုးစွေ့သည် လန်ယွဲ့ရှီ၏ စကားများထဲမှ အနည်းငယ် မကျေမနပ်ဖြစ်မှုကို ဂရုမစိုက်ပေ။ သူသည် သားရဲ၏အလောင်းဆီသို့ တည့်တည့်လျှောက်သွားပြီး သူ၏လုယက်ပစ္စည်းများကို စစ်ဆေးရန် စိတ်လှုပ်ရှားနေသည်။

“ဒီအကောင်စုတ်ကတော့…”

လန်ယွဲ့ရှီ လက်သီးကိုဆုပ်လိုက်သည်။ သူမသည် အခြေတည်အဆင့် ကျင့်ကြံသူတစ်ဦးဖြစ်သော်လည်း၊ ထိုအကာင်စုတ်က သူမအား နေရာတိုင်းတွင် သားရဲများ အမဲလိုက်ရန် ပေါ့ပေါ့တန်တန် အမိန့်ပေးနေသည်။ သို့သော် အကြောင်းတစ်စုံတစ်ရာကြောင့် သူမသည် ထိုအကောင်စုတ်၏ တောင်းဆိုမှုကို မငြင်းဆန်နိုင်ပေ။

သူပြောသမျှအား အလိုလိုခေါင်းညိတ်နေမိသည့်နှယ် ဖြစ်နေသည်။

ဤခံစားချက်မှာ အလွန်ပင် ထူးဆန်းပြီး အံ့ဩဖွယ်ကောင်းလှသည်။

တစ်စုံတစ်ခုကို တွေးမိသကဲ့သို့ သူမ၏မျက်နှာမှာ နီမြန်းသွားသော်လည်း၊ သတိထားမိသွားမည်ကို စိုးရိမ်သောကြောင့် သူမ၏ စိတ်ခံစားမှုများကို လျင်မြန်စွာ ဖုံးကွယ်လိုက်သည်။

"ငါတို့တော့ ပွတာပဲဟေ.. ဒီတစ်ခေါက် ငါတို့တကယ်ပွပြီ.. ဒါက အဆင့်နှစ်ယောင်သားရဲအမြုတေပဲ.."

"ဟားဟား.. နောက်ဆုံးတော့ အဆင့်နှစ်ယောင်သားရဲအမြုတေတစ်ခု ရခဲ့ပြီ..."

ထိုအချိန်တွင် ကျိုးစွေ့၏ စိတ်လှုပ်ရှားနေသော အသံ ထွက်ပေါ်လာသည်။

သူသည် ယခုအခါ သွေးများဖြင့် ဖုံးလွှမ်းနေသော်လည်းငန်းဥအရွယ်အစားရှိ ရွှေရောင်ကျောက်သလင်းတစ်ခုကို ကိုင်ဆောင်ထားပြီး၊ ၎င်းမှာ အလွန်သန့်စင်သော စွမ်းအင်များ ပြည့်ဝနေပုံရသည်။

ဤသည်မှာ အဆင့်နှစ်ယောင်သားရဲအမြုတေတစ်ခု ဖြစ်သည်မှာ ထင်ရှားပေသည်။

"ဂုဏ်ယူပါတယ်.. ရှင် နောက်ဆုံးတော့ အဆင့်နှစ်ယောင်သားရဲအမြုတေတစ်ခု ရခဲ့ပြီပေါ့.."

"နောက်ဆိုရင် ငါတို့ အခြေတည်ဆေးလုံးကို စပြီး ဖော်စပ်နိုင်တော့မယ်ထင်တယ်.."

"ဒါပေမဲ့ ရှင် အခြေတည်ဆေးလုံးကို ဖော်စပ်နိုင်တယ်ဆိုတာ သေချာရဲ့လား..."

လန်ယွဲ့ရှီ၏ လှပသောမျက်လုံးများတွင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ခု ပေါ်လာသည်။

မည်သို့ပင်ဖြစ်စေ၊ သူမနှင့်ကျိုးစွေ့သည် လွန်ခဲ့သောသုံးလအတွင်း တိမ်မြူခိုးတောင်တန်းများတွင် အဆင့်နှစ်သားရဲများကို အမဲလိုက်နေခဲ့ကြသည်။

ကျိုးစွေ့သည် ငါးစာအဖြစ် ဆောင်ရွက်ခဲ့ပြီး၊ အဆင့်နှစ်ယောင်သားရဲများကို ဆွဲဆောင်ကာ ချောင်းမြောင်းတိုက်ခိုက်မည့်နေရာသို့ ဦးဆောင်ခဲ့သည်။

ထို့နောက် သူမက ရုတ်တရက် အငိုက်ဖမ်းလှုပ်ရှားကာ သေစေနိုင်သော ထိုးနှက်ချက်တစ်ခုကို ထုတ်ဖော်သည်။

လွန်ခဲ့သောသုံးလအတွင်း သူတို့သည် အနည်းဆုံး အဆင့်နှစ်သားရဲ ဆယ့်သုံးကောင်ခန့်ကို သတ်ဖြတ်ခဲ့ကြသည်။

သို့သော် သူတို့ထဲမှ တစ်ကောင်မျှ အတွင်း၌ ယောင်သားရဲအမြုတေ မရှိခဲ့ပေ။

ယခုမူ ကောင်းကင်ဘုံက ကြိုးစားအားထုတ်သူကို ဆုချပြီး၊ နောက်ဆုံးတွင် အဆင့်နှစ် ယောင်သားရဲအမြုတေတစ်ခုကို ရရှိခဲ့ပြီ ဖြစ်သည်။

ဤသို့ဖြင့် အခြေတည်ဆေးလုံး ဖော်စပ်ရန် လိုအပ်သော ပစ္စည်းများအားလုံး ပြည့်စုံသွားပြီဖြစ်သည်။

"အင်းလေ.. ဒါက အခြေတည်ဆေးလုံးတစ်လုံး ဖော်စပ်ရုံပဲဟာ.. ပြဿနာမရှိလောက်ပါဘူး..."

ကျိုးစွေ့ လက်သီးကိုဆုပ်လိုက်ပြီး သူ၏မျက်လုံးများမှာ ယုံကြည်မှုဖြင့် ပြည့်နှက်နေသည်။

လွန်ခဲ့သောသုံးလအတွင်း သူသည် ကျင့်ကြံချိန်များစွာကို လျှော့ချခဲ့ပြီး၊ အခြေခံအားဖြင့် အချိန်အများစုကို သူ၏ဆေးဖော်စပ်ပညာကို တိုးတက်စေရန် အသုံးပြုခဲ့သည်။

'စာအုပ်ကူ'၏ အကူအညီဖြင့် သူသည် သူ၏ဆေးဖော်စပ်ပညာ ကျင့်ကြံမှုကို ဒုတိယအဆင့် အလယ်အလတ်အဆင့်သို့ တိုးတက်စေရုံသာမက၊ သူ၏ ဓာတ်ငါးပါး ဆေးဖော်စပ်ပညာရပ်ကိုပါ အကြီးစားအောင်မြင်မှုအဆင့်သို့ တက်လှမ်းနိုင်ခဲ့သည်။

သူ၏လက်ရှိ ဆေးဖော်စပ်ပညာကျင့်ကြံမှုအဆင့်သည် ဒုတိယအဆင့် ထိပ်တန်းအဆင့် ဆေးဖော်စပ်ပညာရှင်တစ်ဦးထက် များစွာမနိမ့်ကျဟု ဆိုနိုင်သည်။

သူသာ အခြေတည်ဆေးလုံးကို မဖော်စပ်နိုင်ပါက မည်သူမျှဖော်စပ်နိုင်မည် မဟုတ်ချေ။

"ကောင်းပြီလေ.. ရှင် ဒီလောက်ယုံကြည်မှုရှိမှတော့ ပြန်ကြစို့..."

"ဘယ်လိုပဲဖြစ်ဖြစ် ကျရှုံးခဲ့ရင်တောင် နောက်တစ်ခေါက်ပြန်လာပြီး.. နောက်ထပ် အဆင့်နှစ် သားရဲတစ်ကောင်ကို အမဲလိုက်ကြတာပေါ့..."

"ရှင့်မှာ လေ့ကျင့်ဖို့အခွင့်အရေးတွေ သေချာပေါက် ရရပါစေမယ်.."

လန်ယွဲ့ရှီက လှပသောမျက်ဝန်းများဖြင့် ကျိုးစွေ့အား အလေးအနက် စိုက်ကြည့်လိုက်သည်။

အဘယ်ကြောင့်ဟု သူမ မသိသော်လည်း၊ သူမ၏နှုတ်မှ ညီးညူနေသော်ငြား ထိုယောက်ျားနှင့် နှစ်ယောက်တည်း ရှိနေရသည်အား သူမ ပျော်ရွှင်မိသည်။

၎င်းမှာ သူမအား ဤယောက်ျားနှင့် သက်ဆိုင်သည်ဟူသော ခံစားချက်ကို ပေးစွမ်းသည်။

ဤသားရဲအမဲလိုက်ပွဲတွင် အဆင့်နှစ်ယောင်သားရဲအမြုတေကို ရရှိပြီးနောက်၊ သူမသည် အတွင်းစိတ်ထဲတွင် အနည်းငယ် ဝမ်းနည်းသွားသည်။

ဖြစ်နိုင်သည်မှာ သူမသည် သူနှင့်အတူ နှစ်ယောက်တည်း ရှိနေရန် အခွင့်အရေး ထပ်မရနိုင်တော့ပေ။

"ကျေးဇူးတင်ပါတယ် စီနီယာလန်..."

ကျိုးစွေ့က ညင်သာစွာ ပြုံးလိုက်သည်။

"ဟမ့်... ကျေးဇူးတင်စရာ ဘာရှိလို့လဲ... ကျွန်မက ရှင် ကျွန်မအသက်ကို ကယ်တင်ခဲ့တဲ့အတွက် ပြန်ပေးဆပ်နေရုံပဲ..”

လန်ယွဲ့ရှီ၏ မျက်နှာမှာ နီမြန်းသွားသော်လည်း၊ သူမ၏မျက်နှာအမူအရာကို ကျိုးစွေ့ မမြင်စေရန် တစ်ဖက်သို့ မျက်နှာလွှဲလိုက်သည်။

All Chapters