← Chapters

ကောင်းမင်... နောက်ဆုတ်

Vol. 11 Ch. 154

ကောင်းမင်... နောက်ဆုတ်

Vol. 11 Ch. 154

အကယ်၍ စီတုအန်းနှင့်မြို့တော်အ‌ရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနအား အမုန်းဆုံးလူကို အခန်း၁၃ မှ တစ်စုံတစ်ဦးကို ရွေးချယ်ရမည်ဆိုလျှင်ကောင်းမင် ဖြစ်ပေလိမ့်မည်။သူ့မျက်လုံးများသည် စီတူအန်း၏ စည်းမျဉ်းများကို ကိုယ်စားပြုသော ဆရာမကို တိုက်ခိုက်မည်ဟူသော သူ့အတန်းဖော်များအတွက် မျှော်လင့်ချက် တောက်ပနေ၏။

ကျောင်းသားကောင်စီသည် အလုပ်များနေသောကြောင့် ကောင်းမင်တွင် စီတုအန်းကိုဖြေရှင်းမည့်အချိန်ရှိနေခဲ့သည်။သူ့အတန်းဖေော်များက စီတုအန်း၏စည်းမျဉ်းများကို ဖျက်ဆီးနေချိန်တွင် သူက စီတုအန်းကိုလိုက်ရှာ၍ သူ့နှလုံးထဲ ပိတ်လှောင်ထားချင်နေသည်။ကောင်းမင်သည် အမျိုးသမီးဆရာကိုစိုက်ကြည့်ရင်း သူ့အကြည့်သည် အန္တရာယ်အရိပ်အယောင်အဖြစ်ပြောင်းလဲသွား၏။

ကောင်းမင်ဘေးတွင်ထိုင်နေသော စီဆန်းသည် လှုပ်ရှားရန်အသင့်ဖြစ်နေခဲ့သည်။သူသည် သူ့အနေအထားကို ချိန်ညှိလိုက်ပြီး သူ့ခြေထောက်များကို တိတ်တဆိတ်ဆန့်ထုတ်လိုက်သည်။ဆရာမက သူ့အနား ဖြတ်သွားသည့်အချိန်တွင် သူမနားပြေးသွားရန်အဆင်သင့်ဖြစ်နေခဲ့သည်။ ကျိကျဲက အတန်းကိုအတန်းကို ဦးဆောင်နေ၏။ ကျောင်းသား ကောင်စီဝင်များက ပေါ်မလာကြပေ။ ကော်ရစ်ဒါမှ တိတ်ဆိတ်မှုသည် စာသင်ခန်းအတွင်း ကြီးမားသောဖရိုဖရဲပုံစံပေါ်ပေါက်လာစေသည်။

"ဆရာမတစ်ယောက်အနေနဲ့ ခင်ဗျားက ခင်ဗျားရဲ့ကျောင်းသားတွေကို မှန်ကန်တဲ့ လမ်းညွှန်မှု မပေးခဲ့ဘူး ၊ ဒီကျောင်းကို ကျောင်းသားကောင်စီက အုပ်ချုပ်နေတာ အံ့သြစရာတော့ မရှိပါဘူး "

ကျိကျဲသည် ဆင်းရဲသောမိသားစုတစ်ခုမှလာခဲ့ခြင်းဖြစ်သည်။သူ့တွင် စာလေ့လာခြင်း ငွေရှာခြင်းစသည့်စွမ်းရည်များမရှိချေ။သူ့တွင် ရိုးရိုးရှင်းရှင်း ပင်ကိုယ်စရိုက်ရှိပြီး လူများကို လမ်းမှားမရောက်စေရန်ရည်ရွယ်ချက်ဖြင့် မရည်ရွယ်ဘဲ ကတောက်ကဆဖြစ်လေ့ရှိသည်။ သူသည် သရဲခြောက်သည့်ကျောင်းအပြင်ဘက်၌ သူ့တည်ရှိမှုအား ထွက်ပေါ်လာစေရန် ငွေကြေးအများအပြားသုံးရန်လိုအပ်ပေသည်။သို့သော်လည်း ကျောင်းကြီးတွင် ပထမဆုံးအကြိမ် အခြားသူများမရှိခဲ့သော တစ်စုံတစ်ခုက သူ့တွင်ရှိ‌ နေပေသည်။အလွန်ကြောက်စရာကောင်းသော သရဲတစ်ကောင်က သူ့နောက်တွင် ရှိနေခြင်းဖြစ်သည်။သူ့ပုံမှန်ဘဝလေးသည် ထူးခြားလာခဲ့ချေပြီ။သူသည် သာမန်လူများစုအဖြစ်မှ ထွန်းလင်းတောက်ပသော လူနည်းစုအဖြစ်သို့ ပြောင်းလဲခဲ့သည်။သရဲတစ်ကောင်ကို သူ့နောက်ကျောတွင် သယ်ဆောင်ထားရခြင်းသည် ကြောက်မက်ဖွယ်ကောင်းသော်လည်း ကျိကျဲအတွက်ယင်းသည် တခြားသူများတွင် မရှိသောအရာက သူ့တွင်ပထမဆုံးအကြီမ်ရှိလာခြင်းဖြစ်သည်။

"ဘာတွေဖြစ်နေလဲဆိုတာ မင်းတို့နားလည်သေးပုံမရဘူး "

ကျောင်းသားများသည် ရန်လိုနေကြသည်။ဆရာမ၏မျက်နှာ အလွန်မဲမှောင်နေ၏။သူမသည် စတိတ်ခုံအောက်မှ အဖြူဆွတ်ဆွတ် သေတ္တာတစ်လုံးကို ထုတ်လိုက်သည်။၎င်းအပေါ်တွင် မဲသေတ္တာဟုရေးထားလေသည်။

သူတို့ပထမအကြိမ် စစ်တမ်းကောက်ခဲ့စဉ်ကလည်း သစ်သားသေတ္တာကို သုံးခဲ့ရသည်။သို့သော်လည်း မနေ့က သေတ္တာသည် အနီရောင်ပြောင်းသွားပြီး ဆရာမယူသွားကြောင်း ကောင်းမင် မှတ်မိသည်။

"ငါ သေတ္တာကို ဒီမှာချထားမယ် ၊ မဲပေးသူတစ်ယောက်ပဲရှိရင် သူ့မဲဆန္ဒဟာ ရလာဒ်ပဲဖြစ်လိမ့်မယ် "

ဆရာမသည် ကျိကျဲ၏မျက်နှာကို မှတ်သားလိုက်သည်။

"အခု စတင်မဲပေးလို့ရပြီ! "

"ငါတို့ ဘယ်သူမှ မဲမပေးသရွေ့ ငါတို့အရင်ကလုပ်ခဲ့တဲ့အမှားကို ပြင်ဆင်နိုင်တယ် "

ယွမ်ဟွေ့က အော်ဟစ်လိုက်သည်။သူ့နူတ်ခမ်းများက အက်ကွဲနေပြီး သွားဖုံးတွင် သွေးများစီးကျနေ၏။သူသည် ရုံးခန်းအဆောက်အဦးတွင် မည်သည့်အရာများဖြစ်ခဲ့ကြောင်း ပြောပြရန် ခက်ခဲပေသည်။

"ငါတို့ အမှားကြီးတစ်ခု လုပ်ခဲ့ပြီးပြီ ! ငါတို့ နောက်ထပ်မဲပေးလို့မရဘူး ! "

ယွမ်ဟွေ့အသံသည် ကျယ်လောင်လှသည်။သူ့အတန်းဖော်များက လေးလေးနက်နက်တွေးတောနေကြ၏။ မာထုံ့အိပ်ခန်းထဲမှ လူများကတော့ ငြိမ်ငြိမ်သက်သက်ထိုင်‌နေကြပြီး ကျိကျဲကို ကျေးဇူးတင်လေးမြတ်စွာ ကြည့်နေကြသည် ။

ကျိကျဲမှာ မနေ့က အတန်းလာမတက်သောကြောင့် မာထုံအိပ်ခန်းမှလူများသည် သရဲများ သိမ်းပိုက်ခံထားရခြင်းဖြစ်ကြောင်း မသိပေ။သူတို့သည် သူ့အားလေးစားသောကြောင့်သာ ကြည့်ရှုနေကြခြင်းဖြစ်သည်ဟု တွေးလိုက်သည်။

"ဘယ်လိုတောင် အချိန်ဖြုန်းနေတာလဲ "

ကျိုးကျွင်းက သူ့ခဲတံကို တင်းတင်းကျပ်ကျပ်ဆုပ်ကိုင်လိုက်သည်။သူသည် မဲပေးချင်နေသော်လည်း ယင်းသည် လူအများအပြား၏အာရုံကို ဆွဲဆောင်မိမည်ဖြစ်ကြောင်း သူသိသည်။သူသာ ဂရုတစိုက်မလုပ်ပါက တစ်တန်းလုံးသည် သူ့အား သေစာရင်းသွင်းလိုက်ကြမည်ဖြစ်သည်။

"မင်းတို့ မဲမပေးရင် မင်းတို့ဘတ်စ်ကားနဲ့ကျောင်းကထွက်သွားမယ့်အခွင့်အရေးကို ဆုံးရှုံးသွားလိမ့်မယ် ပြီးရင် အားလုံးဒီမှာ ပိတ်မိနေကြလိမ့်မယ် "

အမျိုးသမီးဆရာမ၏အသံသည် ဖြည်းညင်းစွာပင် ခံစားချက်မဲ့ပြီး ရေခဲတုံးတစ်ခုကဲ့သို့ ပြောင်းလဲသွားခဲ့သည်။

အခြေအနေသည် လွန်ခဲ့သည့်ဆယ်နှစ်က အဖြစ်အပျက်နှင့်ဆင်တူပေ၏။လွန်ခဲ့သော ဆယ်နှစ်က ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်နှင့် ဆင်တူသည်။ ဤသည်မှာ တရားခံ၏ ရည်မှန်းချက် ဖြစ်ကောင်းဖြစ်နိုင်သည်။ သူတို့သည် အသက်ရှင်သန်ရန်အတွက် မဲပေးခဲ့ကြရသည်။ သူတို့သည် လူနည်းစုကို စတေး၍ အသက်ရှည်မည်လော သို့မဟုတ် အမှောင်ထဲတွင် ထာဝရနေကြမည်လော။

"သရဲသုံးကောင်အတွက် ငါတို့တစ်တန်းလုံး စတေးဖို့မလိုပါဘူး ဟုတ်တယ်မလား "

ချင်ကျွင်းရန်က စိတိရှုပ်နေသည်။

"ဘယ်သူတွေက သရဲတွေလဲဆိုတာ မပြောနိုင်ရင် ငါတို့တွေ တွေဝေနေကြမှာကို ငါနားလည်ပါတယ် ၊ မနေ့ကဖြစ်ရပ်အပြီးမှာတော့ သရဲတွေက ဘယ်သူတွေလဲဆိုတာ ငါတို့သိနေကြပြီ ဒါဆို ငါတို့က ဘာလို့ နောက်ပြန်ဆွဲနေကြတာလဲကွာ "

"အားလုံး စိတ်အေးအေးထားပြီး အဲ့ဒါကို စဉ်းစားကြပါ ...."

"ဘာအန္တရာယ်ကိုမှ ယူစရာမလိုပါဘူး ၊ ရန်သူတွေကို မဲပေးလိုက်ဖို့ပဲ လိုတာလ "

ကျောင်းသားများတွင် ကွဲပြားသောအကြောင်းပြချက်များရှိကြသည်။အမျိုးသမီးဆရာမက ကောက်ကျစ်သည့်အပြုံးတစ်ခုပြုံးပြလိုက်သည်။ရုတ်တရက်သူမသည် သင်ပုန်းပေါ်တွင် နံပါတ်တစ်လိုင်းကို ရေးဆွဲလိုက်သည်။

"မင်းတို့ထဲက တချို့ဟာ အရှက်မဲ့တယ် ၊ သတ္တိကြောင်တယ် ၊အားနည်းပြီးတော့ ကောက်ကျစ်စဉ်းလဲကြတယ်ဆိုတာ ငါသိပါတယ် ၊ မဲထည့်ဖို့ မင်းတို့ရှေ့တက်ရဲစရာမလိုပါဘူး ၊ ဒါကြောင့် မင်းတို့မဲပေးချင်တဲ့သူကို မင်းတို့ဖုန်းနဲ့ မက်ဆေ့ပို့ပြီး မဲပေးနိုင်တယ် ၊ မင်းတို့အတွက် ငါမဲ ယတွေစုဆောင်းပေးပါ့မယ် "

ဆရာမက စတိတ်ခုံပေါ်တွင် သူမဖုန်းကို တင်လိုက်သည်။စက္ကန့်အနည်းငယ်အကြာတွင် သူမဖုန်းက တုန်ခါလာ၏။ဆရာမက ဖုန်းကိုယူ၍ ကြည့်လိုက်သည်။ထို့နောက် သူမသည် စာရွက်တစ်ရွက်ထုတ်၍ နာမည်သုံးခုကို ချရေးလိုက်ပြီး မဲသေတ္တာထဲပစ်ထည့်လိုက်သည်။အဖြူဆွတ်ဆွဲမဲသေတ္တာသည် အနည်းငယ်သွေးရောင်သန်းလာလေသည်။သွေးသည် သင်္ကေတတစ်ခုဖြစ်သည်။ထိုအချိန်မှစ၍ ဆရာမ၏ဖုန်းတုန်ခါ နေခြင်းမှာ ရပ်တန့်တော့မည်မဟုတ်‌ပေ။အားလုံးသည် စင်ပေါ်ရှိ ဖုန်းကို စိုက်ကြည့်နေကြသည်။ ယင်းသည် ခြောက်ခြားဖွယ်ရာဖြစ်လာတော့သည်။ဖုန်းတုန်ခါသံသည် လူတိုင်း၏နှလုံးသားကို ဆောင့်ဆွဲနေ၏။ယွမ်ဟွေ့နှင့်ကျိကျဲသည် ယင်းကိုတားဆီးချင်သော်လည်း သိသာစွာပင် သူတို့မအောင်မြင်ခဲ့ပေ။သရဲများ ၊ လူကောင်းများ ၊ လူဆိုးများ ၊ အပြင်လူများ နှင့် အတွင်းလူများသည် ထိန်းချုပ်ရေးအတွက် ပူးသတ်နေခဲ့ကြသည်။

မဲပေးခြင်းကား စတင်လိုက်ချေပြီ။မာထုံနှင့်အခြားသရဲများကလည်း ‌မဲပေးလိုက်ကြသည်။အသက်ရှင်နိုင်ရန် သရဲများသည် အချင်းချင်းမဲပေးနေကြသည်။သူတို့၏မဲများသည် အခြားသရဲများ၏မဲထက် ပိုနည်းနေရန်သာ မျှော်လင့်နိုင်၏။

သေတ္တာအတွင်းသို့ မဲများပိုရောက်လာသည်နှင့် သေတ္တာသည် ပို၍ ပို၍ပင် သွေးများစိုစွတ်လာတော့သည်။ဆရာမ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုဖြင့် ဝင်းဝင်းတောက်နေ၏။သူမသည် သေတ္တာအတွင်း တွားဝင်ချင်နေသကဲ့သို့ သေတ္တာအားစိုက်ကြည့်နေလေသည်။

"စုစုပေါင်း မဲ ငါးဆယ်ရှိတယ် ၊ တော်တော်များများက မင်းတို့မဲမပေးဘူးလို့ အခိုင်အမာပြောပေခဲ့မယ့် နောက်ထပ်နည်းလမ်းတစ်ခု ကမ်းလှမ်းလိုက်တော့ မင်းတို့အားလုံး မဲပေးဖို့ ပြိုင်ဆိုင်ခဲ့ကြတယ် ၊ နောင်ကျရင် ငါတို့ ဒီမဲပေးတဲ့နည်းလမ်းကို အလေ့အထလုပ်ထားရမယ် "

သေတ္တာသည် လုံးဝနီရဲနေခဲ့သည်။ဆရာမသည် အတန်းကို ဆက်ခွဲရန် ကျောင်းသားတိုင်းပေးခဲ့သည့်မဲများမှ အနိုင်ရသူအား သင်ပုန်းပေါ်တွင် ချရေးလိုက်လေသည်။

မဲအများဆုံးဖြင့်အနိုင်ရသူများသည် မာထုံ့အခန်းမှ လူအားလုံးဖြစ်သည်။ဖက်တီး၏အဆင့်သည် ဒုတိယဖြစ်သည်။မာထုံသည် ကံကောင်းစွာနှင့်ပင် စတုတ္ထဖြစ်ခဲ့သည်။ကျိုးကျွင်းကား ပဉ္စမမြောက်မဲအများဆုံးဖြစ်သည်။ကျိုးကျွင်းသည် သရဲအုပ်စုထဲတွင် ရှိနေခဲ့သည်။ ယင်းက သူ့ကို လူများစွာမုန်းတီးနေကြောင်း ပြသနေ၏။သင်ပုန်းပေါ်တွင် ဝမ်ကျားနှင့်စီဆန်းလည်းရှိနေခဲ့သည်။ဝမ်ကျားကို သတ်ချင်သည့်မဲခြောက်မဲ ရှိလေသည်။မတူတာကတော့ ကောင်းမင်တွင် မည်သည့်မဲမှ မရှိပေ။စီဆန်းပင်လျှင် မဲနှစ်မဲရ၏။

"ကြည့်ရတာ အနုပညာအတန်းထဲမှာ ငါ့တန်ဖိုးကို ပြခဲ့ပုံရတယ် ၊ ငါ့ကို အသက်ရှင်အောင်ထားတာက အားလုံးရဲ့ ရှင်သန်နိုင်စွမ်းကို တိုးမြင့်စေမှာပဲ "

အသက်ရှင်သန်နိုင်ရန်အတွက် ကောင်းမင်အား မထီမဲ့မြင်ပြုခဲ့သည့် ချင်ကျွင်းရန်ပင် သူ့ကို မဲမပေးခဲ့ချေ။

သွေးစွန်းသေတ္တာကို ပွေ့ထားရင်း ဆရာမ၏မှောင်မဲ နေသောအမူအရာသည် ညစ်ညမ်းသောပျော်ရွှင်မှုဖြင့် အစားထိုးပျောက်ကွယ်သွားခဲ့သည်။

"မင်းတို့ဟာ အများစုကို ကယ်တင်ဖို့အတွက် အနည်းစုကို စတေးဖို့ရွေးချယ်ခဲ့ကြတယ် ၊ ကျောင်းသား ၅၁ယောက်လုံး အဆုံးသတ်မှာ အသက်ရှင်ရက်နဲ့ကျောင်းကထွက်သွားနိုင်ဖို့ ငါမျှော်လင့်ပါတယ် "

အမျိုးသမီးဆရာမသည် သွေးသေတ္တာပေါ်တွင်သာ အကြည့်ရောက်နေ၏။သူမသည် သေတ္တာကိုသယ်၍ စာသင်ခန်းမှ ထွက်သွားလေသည်။

သင်ပုန်းပေါ်က နာမည်များကို မြင်သောအခါ ကျောင်းသားများသည် စကားများခြင်း ရပ်စဲသွားသည်။မဲပေးပြီးနောက် အမည်မသိလူများ မဲပေးခြင်းကို တားဆီးရန် မဖြစ်နိုင်တော့ပေ။

"စစ်တမ်းတစ်ခုချင်းစီအလိုက် မင်းသေဖို့ နီးလာနေပြီကွ ! "

ယွမ်ဟွေ့က ကျိုးကျွင်းကို လက်ညိုးထိုးလိုက်ပြီး

"ဖြစ်ရပ်ဆိုးက သူ့ဘာသာ တစ်ပတ်ပြန်လည်တယ် ၊ ဒါဟာ သူနဲ့ သူ့နောက်ကလူကို မြင်ချင်နေတဲ့အရာပဲ! ဒီသစ္စာဖောက်ကတော့ကွာ ! "

"မင်းမှာ ငါ့ကို စွပ်စွဲဖို့အခွင့်အရေး မရှိဘူး "

ကျိုးကျွင်းသည် ဆရာမထွက်သွားပြီးနောက် ယွမ်ဟွေ့ထံ လျှောက်သွားလိုက်သည်။

"မင်း ဘာလုပ်ဖို့ကြံနေတာလဲ "

ကျိကျဲနှင့်အခြားလူများက ကျိုးကျွင်းကိုတားဆီးရန် ထရပ်လိုက်သော်လည်း သူတို့က အားနည်းလွန်းပေသည်။အားများများမသုံးလိုက်ရပဲ ကျိုးကျွင်း သူတို့ကို တွန်းထုတ်ပစ်လိုက်ပြီး ယွမ်ဟွေ့ဖုန်းကို ဆွဲလုလိုက်သည်။သူသည် ယွမ်ဟွေ့အား ဖုန်းလော့ဖြေရန် ဖိအားပေးလိုက်ပြီး သူ့ဖုန်းထဲရှိမက်ဆေ့ကို အားလုံးထံပြသလိုက်သည်။ယွမ်ဟွေ့သည်လည်း ၅၁ယောက်မြောက်ကျောင်းသားကို ဥမင်ထဲလာရန် လှည့်စားခဲ့ပေသည်။

"ငါ ဒါကို နောင်တရနေတာ ! "

"နောင်တရတာ ဘာအသုံးဝင်လဲ "

ကျိုးကျွင်းက ဖုန်းကို ပစ်ချလိုက်ပြီး ယွမ်ဟွေ့၏ အင်္ကျီကော်လံကို ဆွဲလိုက်သည်။

"ရှင်သန်ဖို့အတွက် ဘာတွေလုပ်ရမယ်ဆိုတာ မင်းကောင်းကောင်းသိပါတယ် ၊ သရုပ်ဆောင်နေတာ တော်လိုက်တော့!”

ကျိုးကျွင်းက ယွမ်ဟွေ့ကို ကုလားထိုင်ပေါ် ပစ်ချလိုက်ပြီး လူတိုင်းကို ကြည့်လိုက်သည် ။

"မနေ့က အခြားအတန်းတွေကို မင်းတို့တက်ခဲ့တယ် ၊ ကျောင်းအတန်းချိန်တွေထက်စာရင် ဌာနက ရေးဆွဲထားတဲ့ ပရိုဂရမ်တွေက မင်းတို့အသက်ရှင်အောင် ကူညီပေးဖို့ပဲကွ "

"ဒါက မှန်မနေဘူးနော် "

ကောင်းမင်သည် မဲစာရွက်အလွတ်ကို ကိုင်ထားသည်။

"အားကစားဌာနမှာ ရေကြီးတယ် ၊ ပြီးတော့ အနုပညာဌာနမှာ ငါတို့အသတ်ခံရမလို ဖြစ်ခဲ့တယ် ၊ ငါတို့အန္တရာယ်ကြုံတဲ့အချိန်တိုင်း ငါတို့ကို ကယ်ဖို့ အပြေးအလွှားရောက်လာတာ ကျောင်းသားကောင်စီပဲ "

"မင်းဘာပြောချင်တာလဲ "

ကျိုးကျွင်းသည် ကောင်းမင်၏လေသံကို မကြိုက်ပေ။

"ကျောင်းသားကောင်စီသာ ငါတို့ကို သတ်ချင်တယ်ဆိုရင် သူတို့က ငါတို့ကို ကယ်တင်ဖို့လဲမလိုသလို အားကစားဆောင်နဲ့ အနုပညာခန်းကိုလည်း ပြင်ပေးစရာမလိုဘူး ၊ ဒါကြောင့် တရားခံက အခြားတစ်ယောက်ယောက်ဖြစ်မှာပဲ "

ကောင်းမင်သည် စိတ်ပညာရှင်တစ်ယောက်ဖြသ်သောကြောင့် လူ့နှလုံးသားများနှင့်ကစားရာတွင် ကျွမ်းကျင်၏။

"ဌာနရဲ့အတန်းချိန်တွေမှာ ဘာမတော်တဆမှ မဖြစ်ဘူး ဒါပေမယ့် ကျောင်းကစီစဉ်ထားတဲ့ အတန်းချိန်တိုင်းမှာ မတော်တဆမှုတွေ ဖြစ်တယ် ၊ ဒါက အရမ်းတိုက်ဆိုင်လွန်းတယ်လို့ မင်းတို့တွေးမိကြလား ၊ တစ်ယောက်ယောက်က ကျောင်းကို အပြစ်တင်ဖို့ ကြိုးစားနေသလို မဟုတ်ဘူးလား "

"အဓိပ္ပါယ်မရှိတာ ! "

ကျိုးကျွင်း၏မျက်ဆံများ ကျဉ်းမြောင်းသွားသည်။ထိုအတန်းများသည် အဘယ်ကြောင့်အလွန်အန္တရာယ်များလာရမှန်း သူလည်းမသိပေ။

"မင်း မှန်တယ် "

စီဆန်းက တစ်ခုခုကို သတိရမိသွားဟန်ရှိသည်။

"အမျိုးသမီးဆရာမက ငါတို့ကို မဲပေးဖို့ဖိအားပေးတယ် ၊ သူက စုံစမ်းစစ်ဆေးရေးဌာနကပဲ ၊ စုံစမ်းစစ်ဆေးရေးဌာနက ကျောင်းရဲ့အတန်းတွေမှာ ငါတို့ကို အန္တရာယ်ပြုဖို့ သူတို့ရဲ့ ဆရာတွေကို စေလွှတ်နေတာ များ ဖြစ်နိုင်မလား ၊ ဒါဆို စုံစမ်းစစ်ဆေးရေးဌာနက ငါတို့ကို အမြဲသတ်ချင်နေခဲ့တာပေါ့ !"

"မတော်တဆမှုတွေကို ဖန်တီးနိုင်တဲ့ အင်အားစုက နှစ်ခုပဲ ရှိတယ် - သင်ကြားရေးအိုင်ဒီကတ်ပါတဲ့ ဆရာ တွေနဲ့ ကျောင်းသားကောင်စီ…"

ကောင်းမင်က ထပ်ဖြည့်ပေးလိုက်ရာ ကျိုးကျွင်းကိုကြည့်နေသောအကြည့်များသည် ရန်လိုခြင်းများတိုးမြင့်လာ၏။ကျောင်းသားများသည် ကျိုးကျွင်းဆီမှ သတင်းရယူ၍ အမှန်တရားကို ရှာဖွေနိုင်ရန်သူကို ဒီတိုင်းထားခဲ့ကြသည်။ သူတို့သည် ကျောင်းအပေါ် နားလည်မှု တိုးတက်လာသည်နှင့်အမျှ ကျိုးကျွင်း၏ တည်ရှိမှုသည် ဆူးတစ်ချောင်းဖြစ်လာတော့သည်။

ထိုအချိန်တွင် ရှေ့တံခါးနှင့်နောက်တံခါး နှစ်ချပ်လုံးပွင့်လာ၏။ဌာနယူနီဖောင်းဝတ်ထားသော စုံစမ်းရေးမှူးများနှင့် သင်ကြားရေးအိုင်ဒီတပ်ထားသော ဆရာများ ပေါ်လာကြသည်။သူတို့သည် ထိန်းချုပ်ခံထားရသကဲ့သို့ ကြောင်တောင်တောင်အမူအရာများရှိနေကြသည်။အခန်း၁၃ အတွက် သရဲသုံးကောင်ကို သတ်ဖြတ်ခြင်းသည် ကောင်းမွန်သောကိစ္စတစ်ခုဖြစ်သဖြင့် သူတို့အများစုက တိတ်ဆိတ်နေကြသည်။

"ငါ့ကို လွတ် ! ငါ ဒီမနက်မှ ရောက်လာတာလေ ! "

ဖက်တီးသည် အကူအညီမဲ့စွာငိုကြွေးနေ၏။သူသည် မနက်စာပင် ပြီးအောင်မစားရသေးသော်လည်း အခြားသူများကြောင့် အဆုံးသတ်နေပြီဖြစ်သည်။

သူသည်ဆက်လက်ရုန်းကန်နေသော်လည်း တစ်ဦးတစ်ယောက်မှ သူ့ကို မကူညီကြပေ။သူ့ဘေးနားတွင် ထိုင်နေသော မာထုံပင် တစ်ခွန်းမှ မဟချေ။

"သူတို့က ဒီနေ့ သရဲတွေကို ဖမ်းဖို့လာတယ် ဒါပေမယ့် နောက်နေ့ကျရင် လူသားတွေကို ဖမ်းဖို့ရောက်လာနိုင်တယ် ၊ မင်းလည်းဖြစ်နိုင်တယ် ငါလည်းဖြစ်နိုင်တယ် "

ကျိကျဲသည် စာသင်ခန်းတံခါးများ သွားပိတ်ရန်လှုပ်ရှားလိုက်သည်။

"ငါတို့က သေမင်းကိုမဲပေးခဲ့တာလား ! ဒီလောက် မိုက်မဲတာမျိုး တစ်ခါမှ မမြင်ဖူးဘူး! မင်းတို့ထဲက တစ်ယောက်မှ ဘာမှမပြောချင်ရင် ငါက ပထမဆုံးထရပ်ရလိမ့်မယ် ! "

"မှန်တယ် ! ငါတို့က ဘာကြောင့် စုံစမ်းစစ်ဆေးရေးဌာနရဲ့စကားကို နားထောင်ရမှာလဲ "

စီဆန်းက မဝံ့မရဲ ပြောလိုက်သည်။

"သရဲတွေတောင် ငါတို့အနား လမ်းလျှောက်နေကြတယ် ၊ငါတို့က သူတို့ကို နားထောင် နေရဦးမှာလား ၊ သူတို့ရူးနေကြတာလား "

"စုံစမ်းစစ်ဆေးရေးဌာနဟာ သူတို့ရဲ့ လျှို့ဝှက်ပန်းတိုင်ကို အောင်မြင်ဖို့ သူတို့ရဲ့ ခက်ခဲတဲ့ တောင်းဆိုမှုတွေအတွက် ငါတို့ကို တဖြည်းဖြည်းချင်း ချိန်ညှိနေကြတာ ၊ ဒီကျောင်းကို ရောက်လာအောင် လှည့်စားခဲ့သူက ဘယ်သူလဲဆိုတာ မင်းတို့မေ့သွားပြီလား ၊ ငါတို့ရဲ့ ပုံမှန်ဘဝတွေကို နှောက်ယှက်ခဲ့တာ ဘယ်သူလဲ ၊ ငါတို့ကို ဒီအရာတွေဆီအတင်းအကျပ်တွန်းပို့ခဲတာ ဘယ်သူလဲ "

ကောင်းမင်သည် ယွမ်ဟွေ့၊ ကျိုးဘိုးတို့နှင့်မတူပေ။သူ့ခံစားချက်များပင် ပါဝင်နေခဲ့သည်။

"သူတို့သာ ငါတို့ကို အမှန်တကယ်ကာကွယ်ချင်ရင် ပထမဆုံးနေရာမှာတင် ငါတို့ကို အန္တရာယ်ထဲ ထည့်ခဲ့မှာမဟုတ်ဘူး ၊ သူတို့က ငါတို့ကို ဂရုမစိုက်တာကြောင့် ငါတို့က သူတို့ထိန်းချုပ်တာကို ဘာလို့ခွင့်ပြုရမှာလဲ "

ပဋိပက္ခကိုဖြေရှင်းရန် နည်းလမ်းများစွာရှိခဲ့ပြီး ၎င်းတို့အနက်မှတစ်ခုမှာ ပဋိပက္ခကို အရှိန်မြှင့်ရန်ဖြစ်သည်။

ယခုတွင် စီတုအန်း၏စည်းမျဉ်းများသည် သရဲသုံးကောင်ကို သတ်ချင်ရုံသာဖြစ်သော်လည်း ကျိကျဲနှင့် ကောင်းမင်တို့သည် သူတို့အား ဆက်လက်ခွင့်ပြုပါက စုံစမ်းစစ်ဆေးရေးဌာနမှ သူတို့အားလုံးကို နောက်ဆုံးတွင် သတ်ပစ်မည်ဟူသော အတွေးအခေါ်ကို ထိုးသွင်းခဲ့သည်။

ကောင်းမင်သည် တစ်ဦးတည်းသော တာဝန်ကျ ဆရာဝန်ဖြစ်သည်။သူ့အား မည်သူကမှ မဲမပေးခဲ့သည်ကို မြင်သောအခါ အခြေအနေကို ထိန်းချုပ်ရန်အတွက် ထွက်လာဖို့ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။

စုံစမ်းရေးမှူးများက ကောင်းမင်ထံ လျှောက်လာကြရာ တံခါးဝတွင်ရှိနေသော ကျိကျဲက ပြောလိုက်သည်။

"ကောင်းမင် နောက်ဆုတ်နေ ၊ ငါ့ရှေ့မှာ မနေနဲ့ မဟုတ်ရင် မင်းကြောက်သွားလိမ့်မယ် "

All Chapters