← Chapters

စိတ်ဆရာဝန်တစ်ယောက်မှာ ကျန်းမာတဲ့စိတ်တစ်ခုရှိတယ်လို့ ဘယ်သူပြောလဲ

Vol. 11 Ch. 156

စိတ်ဆရာဝန်တစ်ယောက်မှာ ကျန်းမာတဲ့စိတ်တစ်ခုရှိတယ်လို့ ဘယ်သူပြောလဲ

Vol. 11 Ch. 156

သူ့မျက်စိရှေ့တွင် စုံစမ်းရေးမှူးနှစ်ယောက်ပျောက်ကွယ်သွားခဲ့သည်။သူ့နောက်ကျောရှိ သရဲသည် လှုပ်ရှားမှုတစ်ခု လုပ်လိုက်ကြောင်း ကျိကျဲမြင်လိုက်ရသည်။အကြောက်တရားသည် ပိုမိုပြင်းထန်လာ၏။အကြောက်ရောဂါတွင် များစွာသောအဆင့်များခွဲထားပါက ကျိကျဲသည် အဆိုးဆုံးအဆင့်တွင်ဖြစ်သည်။ကျောင်းသားများက ကျိကျဲဘေး ဝန်းရံနေကြသည်။သူတို့အားလုံးသည် 'ရွေးချယ်ခံ' တစ်ယောက်က ဘာလုပ်ဖို့လိုမည်ကို အဖြေရှာရန် ကြိုးစားနေကြသည်။

တွေ့ဆုံပွဲသို့မလာမီ ကျိကျဲ၏အိမ်မက်သည် အမှန်တကယ်ဖြစ်လာတော့သည်။သူသည် တွေ့ဆုံပွဲ၏ အာရုံစိုက်စရာဖြစ်လာခဲ့သည်။ ကျေနပ်စိတ်သည် သူ့နှလုံးသားထဲရှိ ကြောက်ရွံ့မှုနဲ့အတူ မရေရာသည့် မျှခြေတစ်ခု ပုံစံပေါ်လာ၏။

"ကောင်းမင် မင်းကျိကျဲကို ဘယ်လောက်ယုံကြည်လဲ "

ဝမ်ကျားသည် ကောင်းမင်အား မြေပြင်ပေါ်မှ ဆွဲထူရင်း သူ့ဓားမြှောင်ကို သိမ်းဆည်းလိုက်သည်။သူ့တွင် ပြဿနာရှိတိုင်း ကောင်းမင်ကို လှည့်ကြည့်တတ်တဲ့ အလေ့အထရှိနေခြင်းဖြစ်သည်။

"ငါ အသေအချာမပြောနိုင်ဘူး "

ကောင်းမင်သည် ကျိကျဲကို မကြည့်နိုင်သောကြောင့် ခေါင်းသာ ငုံ့လိုက်သည်။

"အစောတုန်းက မင်းသူနဲ့ အရမ်းနီးကပ်နေတာလေ ၊ အဲ့သရဲက ဘယ်လိုလဲဆိုတာ ပြောပြလို့ရမလား"

ဝမ်ကျားက အသံနိမ့်လိုက်သည်။

"အတန်းစစချင်းတုန်းက ကျိကျဲက သိပ်ထူးခြားတယ်လို့ မထင်ခဲ့မိဘူး ၊ဒါပေမယ့် အခု သူ့ကိုကြာကြာကြည့်လေ ငါပိုကြောက်လာလေဖြစ်နေတယ်၊ အဲ့ဒါက အဆင်မပြေဘူး "

"ငါလည်း အဲ့လိုပဲ ၊ ငါ့နှလုံးတွေ ခုန်နေတယ် "

အကြောက်ရောဂါ ပျံ့နှံ့နေပြီဖြစ်ကြောင်း ကောင်းမင်သိသည်။အရုပ်ကို ပြန်ယူရန် နောက်ကျနေပြီဖြစ်သည်။မည်သည့် အဓိပ္ပါယ်မရှိသည့် ဖြစ်ရပ်များ ဖြစ်မလာရန်သာ သူမျှော်လင့်သည်။လူများသည် အကြောက်ရောဂါ၏ သားကောင်များအဖြစ် ကျရောက်လာသည်နှင့် စိတ်ကူးယဉ်ထားသော အကြောက်တရားသည် ပိုလက်တွေ့ကျလာလေဖြစ်သည်။ကျောင်းရှိ ကျောင်းသားအရေအတွက်နှင့်အတူ တချို့အထူးတည်ရှိမှုများ အကောင်အထည်ပေါ်လာရန် လုံလောက်ပေသည်။

ကျောင်းသားတော်တော်များများက ကျိကျဲကို ဝိုင်းရံထားကြသည်။ယင်းကို ကျိဖူကိုမြင်သောအခါ သူ့မျက်ခုံးများက စိုးရိမ်ပူပန်စွာဖြင့် ပူးကပ်သွား၏။

သူသည် တစ်ယောက်ယောက်ထံမှ ပုန်းအောင်းချင်နေလေသည်။သူသည် လှည့်ပတ်ကြည့်လိုက်ပြီး နောက်ဆုံးတွင် ကောင်းမင်ဘေး ရောက်လာ၏။

"ဟိုင်း ငါက ကျိကျဲရဲ့ အစ်ကိုပါ ၊ မနေ့ညက အိပ်ဆောင်ခြောက်မှာ မင်းကို ငါတို့မြင်ခဲ့တယ်ဆိုတာ သေချာတယ် "

"ခင်ဗျား မြင်ခဲ့တာလား "

ကျိဖူသည် အဘယ်ကြောင့် သူ့ဆီရောက်လာခဲ့မှန်း ကောင်းမင်မသိပေ။

"ငါတို့က သရဲတွေ အလိုက်ခံရနေရတာ ၊ ကျိကျဲက အိပ်ခန်းထဲဝင်ပြီး နောက်ပိုင်း သူကို သရဲနတ်ဆိုးတစ်ကောင်က လူစားလဲသွားခဲ့ပြီလေ ! "

ကျိဖူက ကျိကျဲကို ခိုးကြောင်ခိုးဝှက်ညွှန်ပြလိုက်သည်။

"သူက င့ါညီလေးအဖြစ် သရုပ်ဆောင်နေတာပဲ ! လူတွေပိုပြီး သူ့အနားကပ်အောင် ငါတို့ခွင့်ပြုလို့မရဘူး ! "

ညီအစ်ကိုနှစ်ယောက်သည် အကြောက်ရောဂါဖြင့် ပထမဆုံးထိတွေ့ခဲ့သည့်သူများ ဖြစ်သည်။သူတို့သည် အပြင်းအထန်ကူးစက်နေကြပြီဖြစ်သည်။ကောင်းမင်သည် ရှင်းပြရန် အလွန်ပျင်းရိနေခဲ့သည်။ဝမ်ကျားသည် စိတ်ဝင်စားစရာတစ်ခုခုကို ရှာတွေ့သွားဟန် ရသည်။သူက ကျိဖူနား တိတ်တဆိတ်ကပ်သွား၏။

"ဒီတွေ့ဆုံပွဲက အခန်း ၁၃ အတွက်ပဲ ၊ ခင်ဗျားက ဘာလို့ဒီရောက်နေတာလဲ ၊ ကျိကျဲက ဒီရောက်မလာခင် သတင်းတွေ ပိုရခဲ့လို့လား "

"မင်း ငါ့ကို ဘယ်လို လုပ်ကြံမှုလုပ်ဖို့ ကြိုးစားနေတာလဲ "

ကျိဖူက ပျော်ရွှင်မနေပေ။

" ရိုးသားတဲ့ ငါ့ညီ‌လေးကို ကြည့်လိုက်ပါဦး ၊ သူက ဘာများကြံစည်နိုင်မှာလဲ ၊ ငါက သူငှားထားတဲ့ ကားသမားပါပဲ ၊ သူက ဘယ်လိုကားမောင်းရမှန်းတောင် မသိဘူးလေ ၊ ဒါက ရိုးရိုးလေးပါပဲ ! "

"ဒရိုင်ဘာလား "

ဝမ်ကျားသည် သူ့အားမယုံကြည်နိုင်ပေ။

"အရင်က ခင်ဗျား ဘာအလုပ်လုပ်တာလဲ ၊ စုံစမ်းစစ်ဆေးရေးဌာနမှာ လုပ်ခဲ့တာလား "

"မင်းဖင်ကြီးကို စုံစမ်းလိုက် ! ငါက အစိုးရဝန်ထမ်းလုပ်နေတာ ငါးနှစ်ရှိပြီ ၊ ပြီးတော့ ငါ့ကိုယ်ပိုင်အလုပ်လေး စလုပ်နေခဲ့တာပဲ "

ကျိဖူသည် သူ့ဇာတ်လမ်းကိုပြောပြချင်သော်လည်း ဝမ်ကျားက ယုံကြည်ရန် ငြင်းဆိုလိုက်သည်။

ကောင်းမင်က သူ့အိတ်ကို သိမ်းလိုက်သည်။ထိုစကားဝိုင်းတွင် သူမပါဝင်ချင်ပေ။သူက လေ့လာချင်ရုံသာဖြစ်သည်။အခန်း ၁၃အပြင်ဘက် သူထွက်လိုက်သည်။ကျောင်းရှိလေထုသည် ပြောင်းလဲနေကြောင်း သူခံစားရသည်။မည်သည့်ကျောင်းသားကောင်စီဝင်ကိုမှ မမြင်ခဲ့ပေ။ဌာန၏ ယူနီဖောင်းဝတ်ထားသည့် ဆရာတော်တော်များများသည် ကျောင်းစည်းကမ်းများကို ပြောင်ပြောင်တင်းတင်း ဝေဖန်ကြပြီး ကျောင်းသားများကို ဖောက်ဖျက်ဖို့ တိုက်တွန်းခဲ့ကြသည်။

"အချိန်တွေက ပြောင်းလဲနေပြီ ၊ မနေ့ကတောင် ကော်ရစ်ဒါမှာ သွားလာနေတဲ့ ကျောင်းသားကောင်စီဝင်နည်းနည်းရှိသေးတယ် "

ဝမ်ကျားသည် သတ္တိရှိနေ၏။ သူက ရှီဆန်းကို ဆွဲ‌ ခေါ်လိုက်ပြီး ကော်ရစ်ဒါပေါ်မှ ရုတ်တရက် ပြေးဆင်းသွားသည်။ မည်သူမှ သူတို့ကို လာမတားကြပေ။

"မနေ့က ငါကော်ရစ်ဒါမှာ ပြေးဖို့ကြိုးစားခဲ့တုန်းက ကျောင်းသားကောင်စီဝင်တွေက သရဲတွေကို ပေါ်လာကြတယ် ၊ ဒါပေမယ့် အခုတော့ စည်းမျဉ်းတွေ ချိုးဖောက်ရင်လည်း ဘယ်သူမှ ရောက်မလာလောက်ဘူးလို့ ခံစားရတယ် "

သူသည် ပြတင်းပေါက်အပြင်ဘက်ကြည့်လိုက်ပြီး ဓာတ်ခွဲခန်းအဆောက်အဦးနှင့် အားကစားအဆောက်အဦးဆီသွားနေကြေသော ကျောင်းသားကောင်စီဝင်အချို့ကို မြင်လိုက်ရသည်။

"ဒီမတိုင်ခင်က ကျောင်းသားကောင်စီက စုံစမ်းစစ်ဆေးရေးဌာနက ဆရာတွေနဲ့ ယှဉ်ပြိုင်နေကြလိမ့်မယ် ငါတို့က ကြားထဲမှာ အဖမ်းခံရမှာပဲ ၊ အန္တရာယ်များတဲ့ပုံပေါ်နေပေမယ့် တစ်ဖွဲ့ကတော့ ငါတို့ကို မထိရဲတော့ဘူး ၊ ဒါပေမယ့် ကျောင်းသားကောင်စီက အခုလိုရုတ်တရက်ပြန်ဆုတ်လိုက်တာဟာ စုံစမ်းစစ်ဆေးရေးဌာနကို ငါတို့နောက်ကို လိုက်လာစေနိုင်တယ် "

ဝမ်ကျဲ၏စိတ်သည် ရှင်းလင်းနေ၏။

"အစောပိုင်းက လူသတ်စစ်တမ်းက ငါတို့ရဲ့အောက်ခြေစည်းကို စမ်းသပ်တဲ့ဌာနရဲ့ နည်းလမ်းတစ်ခုဖြစ်ရမယ် "

"ညီကိုဝမ် ငါတို့အခု ဘာလုပ်သင့်လဲ "

စီဆန်းသည် ဝမ်ကျားနှင့်ကောင်းမင်တို့နောက်မှ ပါပီလေးတစ်ကောင်ကဲ့သို့ လိုက်လာ၏။

"စုံစမ်းစစ်ဆေးရေးဌာနကို တစ်ကိုယ်တော် လှုပ်ရှားစေလို့မဖြစ်ဘူး ၊ ငါတို့ ဒါကို တားဆီးဖို့လိုတယ် "

ဝမ်ကျားက အသံတိုးလိုက်သည်။

"ကျောင်းဆေးခန်းနဲ့ ကျန်းမာရေးအတန်းနှစ်ခုလုံးက ရုံးခန်းအဆောက်အဦးမှာပဲ ၊ နောက်အတန်းချိန်ကို ဂရုစိုက်ဖို့လိုတယ် ! "

အိပ်ခန်း ၁၃၁၄မှလူများ ဆွေးနွေးနေချိန်တွင် ကျိုးစီစီသည် ကောင်းမင်နောက်မှ ကပ်လိုက်လာ၏။သူမသည် ကောင်းမင်အဝတ်စကို ဆွဲလိုက်ပြီး သီးသန့်စကားပြောချင်နေခဲ့သည်။

"အခုက ခွေးလေးလို ပွတ်သီးပွတ်လုပ်နေရမယ့် အချိန်မဟုတ်ဘူးနော် "

စီဆန်းက ကောင်းမင်နှင့်ကျိုးစီစီကြားတွင် ရပ်လိုက်သည်။

"မင်းတို့နှစ်ယောက်က ခုံချင်းကပ်တွေဆိုတာ ငါသိပါတယ် ၊ ဒါပေမယ့် ညီအစ်ကို မင်က ငါတို့ထဲက တစ်ယောက်ပဲ ၊ ငါတို့အိပ်ခန်းထဲက ဘယ်သူ့ကိုမှ နောက်မှာထားခဲ့မှာ မဟုတ်ဘူး "

ကောင်းမင်သည် စိတ်ပညာနှင့် စိတ်ရောဂါ နှစ်မျိုးလုံးကို သိသည်။ဒီလိုတန်ဖိုးရှိသည့် သူငယ်ချင်းတစ်ယောက်အား ခိုးယူမရနိုင်ပါချေ။

ကျိုးစီစီက စီဆန်းကို မျက်လုံးလှန်ကြည့်လိုက်သည်။ထို့နောက် သူမက ကောင်းမင်၏လက်ကောက်ဝက်ကိုဆွဲ၍ အဝေးခေါ်သွားလေသည်။

"မနက်ပိုင်း အတန်းတွေက ကောင်းပေမယ့် နေ့ခင်းပိုင်းမှာတော့ လူမှုဗေဒဘာသာရပ်ကရော ဘယ်လိုလဲ ၊ ယိုလျန်းရဲ့ စမ်းသပ်မှုမှာငါတို့အတန်းဖော်တွေ အသက်ရှင်ကျန်နိုင်မယ့် အခွင့်အရေးက ၃၀ရာခိုင်နူန်းအောက်ပဲ ရှိတယ် "

သူတို့နှစ်ယောက်တည်းရှိချိန်တွင် ကျိုးစီစီ၏နှလုံးသားမှ အမှန်တကယ်စိုးရိမ်နေသည့်အသံ ထွက်လာပေသည်။

"နေ့လယ်ဘက် လူမှုဗေဒဘာသာရပ်အတန်းက အဓိကအချက်အဖြစ်ပြောင်းလဲလိမ့်မယ် ဒါက ကျောင်းစည်းမျဉ်းတွေကို အဆင့်မြင့်မယ့်အချိန်ပဲ .."

အကြောက်ရောဂါသည် လျှင်မြန်စွာပျံ့နှံ့နေ၏။ကျိကျဲသည် ကိစ္စများကို တွန်းအားပေးနေသောကြောင့် ကောင်းမင်မှာ နောက်ထပ် မနှောင့်နှေးဝံ့တော့ပေ။

"ညီကိုမင် မိန်းမတွေက ပိုလှလေလေ ပိုအန္တရာယ်များလေပဲကွ "

ကောင်းမင် ထပ်မပြောရသေးမီ စီဆန်းက စိုးရိမ်စွာဖြင့် အပြေးရောက်လာ၏။သူသည် သားတစ်ယောက်အား စိုးရိမ်နေသော မိဘတစ်ယောက်ကဲ့သို့ ဖြစ်နေလေသည်။

"အဲဒါက နားထောင်ရခက်ပေမဲ့ ကျိုးစီစီက အရမ်းကောင်းပါတယ် "

"မင်းခေါင်းကို တစ်ခုခုနဲ့ ရိုက်ခံလိုက်ရတာလား "

ကောင်းမင်အား ကပ်တွယ်နေသော စီဆန်းကိုကြည့်ရင်း ကျိုးစီစီမှာ ပြောစရာစကားမဲ့နေတော့သည်။သူမသည် ခေါင်းသာခါလိုက်ပြီး တင်းယွမ်ကိုသွားရှာတော့သည်။ကျောင်းသားများ ရုံးခန်းအဆောက်အဦးထဲ ဝင်လိုက်ကြသည်။သူတို့သည် စီတူအန်း၏ နယ်မြေသို့ တရားဝင် ဝင်ရောက်ခဲ့ကြသည်။ထိုနေရာတွင် သူတို့သည် စီတုအန်းရဲ့ စည်းကမ်းများကို နာခံရမည်ဖြစ်သည်။

"ကျောင်းသားကောင်စီရဲ့ အနှောက်အယှက်မရှိတာကြောင့် စုံစမ်းစစ်ဆေးရေးဌာနက ရူးရူးမိုက်မိုက်လုပ်လာနိုင်တယ် "

ကောင်းမင်သည် ရှိုးအလွန်ထုတ်လွန်းသောကျိကျဲကို စိုးရိမ်နေခြင်းဖြစ်သည်။ဌာနသည် နာခံမှုရှိသော အတန်းတစ်ခု လိုအပ်ပြီး ကျိကျဲကို ဖယ်ထုတ်ခြင်းသည် သူတို့အတွက် ကောင်းသောအရာဖြစ်လိမ့်မည်။

နေ့ခင်းဘက်ဖြစ်သော်လည်း ရုံးခန်းအဆောက်အဦးသည် ‌တိတ်ဆိတ်မှောင်မိုက်နေ၏။ ကော်ရစ်ဒါတွင် အိမ်စာများကို သယ်၍ သွားလာနေသောကျောင်းသားတချို့ရှိသည် ။ သူတို့အခြေအနေသည် အခြားကျောင်းသားများနှင့် မတူပေ။သူတို့သည် ထောင်သားများနှင့်ပင် ပိုတူနေ၏။

"ငါတို့ ရောက်ပြီ "

ကျန်းမာရေးအတန်းသည် ကျောင်းဆေးခန်း၏ တစ်ဖက်ခန်းတွင်ဖြစ်သည်။၎င်းသည် ကျောင်းသားများ၏ ကျန်းမာရေးအတွက် စစ်ဆေးသောနေရာဖြစ်သည်။အခန်းထဲတွင် ပစ္စည်းကိရိယာများစွာရှိသည်။စာသင်ခန်းသည် သာမန်စာသင်ခန်းများထက် နှစ်ဆကျယ်၏။

"ကျောင်းသားတိုင်း ဒီမှာ ဖောင်လာယူပြီး မင်းတို့ရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ အခြေအနေတွေကို ဖြည့်ပေးဖို့ လိုတယ်နော်"

အခန်းထဲတွင် အလွန်ချိုသာသော အသံတစ်ခုထွက်ပေါ်လာ၏။အဖြူရောင်ကုတ်အင်္ကျီဖြင့် ဆရာမတစ်ယောက်သည် သူတို့အား လက်ယမ်းပြလိုက်သည်။သူမသည် အခန်း ၁၃ကျောင်းသားများ တွေ့ဖူးသော အခြားဆရာများနှင့်မတူပေ။သူမသည် လှပပြီး ကျက်သရေရှိလေသည်။

"ဒီကို လာကြလေ ၊ အဲ့မှာပဲ ရပ်မနေကြနဲ့ "

ကျန်းမာရေးဆရာမသည် အနည်းငယ် နီမြန်းနေပြီး သူမ၏ အသားအရည်သည် ဖြူဝင်းနေ၏။

"မကြောက်ကြပါနဲ့ ၊ ကျန်းမာရေးအတန်းရဲ့ အဓိကရည်ရွယ်ချက်က မင်းတို့ရဲ့ စိတ်နဲ့ခန္ဓာကိုယ်ဟာ ကောင်းမွန်ခြင်းရှိမရှိ ကြည့်ရဖို့ပါပဲ "

အခန်း ၁၃၏ ကျောင်းသားများသည် အရုပ်များမဟုတ်ပေ။ကျောင်းကြီးမှာ ကြင်နာတတ်တဲ့ဆရာတစ်ယောက် ဘယ်လိုရှိနိုင်မှာလဲ။ဆရာမက ပိုကျက်သရေရှိလေ ကျောင်းသားများက ပိုသတိထားလေဖြစ်သည်။ဘယ်သူမှ ရှေ့မတက်ရဲကြပေ။

"စိတ်လျှော့ကြပါ ၊ ငါမင်းတို့ကို ဘာမှ မလုပ်ပါဘူး "

ကျန်းမာရေးဆရာမက ခါးသီးစွာပြုံးလိုက်သည်။

"ဒီလိုဆိုရင်ကော ၊ မင်းတို့ထဲက စိတ်ရောကိုယ်ပါ ကျန်းမာပြီး စေတနာ့ဝန်ထမ်းလုပ်ချင်တဲ့ သူတစ်ယောက်လောက်ရှိလား "

ကျောင်းသားများသည် တစ်ယောက်ကို တစ်ယောက် ကြည့်၍ ကောင်းမင်ဘက်လှည့်သွားကြသည်။သူ မလှုပ်ရှားသော်လည်း လူတိုင်းက သူ့အတွက် လမ်းတစ်ခုဖန်တီးရန် နေရာဖယ်ပေးလိုက်ကြသည်။

"ဘာကြီးလဲဟ ၊ စိတ်ဆရာဝန်တစ်ယောက်မှာ ကျန်းမာတဲ့စိတ်တစ်ခု လုံးဝရှိရမယ်လို့ ဘယ်သူက ပြောလိုက်တာလဲ "

All Chapters