မင်းက အရမ်းကြင်နာတတ်တာပဲ
Vol. 11 Ch. 157
ကျန်းမာရေးအတန်းနှင့် ပတ်သက်၍ တစ်ခုခုမှားနေကြောင်း လူအားလုံးယုံကြည်ကြသည်။ဘယ်သူမှ စေတနာ့ဝန်ထမ်းမလုပ်ဝံ့သောကြောင့် ထိုအခွင့်အရေးအား ကောင်းမင်ထံပေးလိုက်ကြသည်။
"မင်းတို့အားလုံး ငါ့အပေါ်ယုံကြည်ချက်ရှိနေကြတာပဲ "
ကောင်းမင်သည် သူ့တွင်ကျန်းမာသည့်စိတ်တစ်ခုရှိသော်လည်း ရှရန်၏အသိစိတ်သည် သူ့စိတ်ထဲ ပုန်းနေခြင်းဖြစ်သည်။ရူးနေသောပန်းချီဆရာသည် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်ရုံသာမက သူ့ဝိညာဉ်ပင်လျှင်ကြေမွှတွန့်လိမ်နေခဲ့သည်။
ကောင်းမင်၏အခက်အခဲကို ခံစားမိသဖြင့် ကျိုးစီစီက သူမနှုတ်ခမ်းများကို လူအုပ်ကြားထဲ သပ်လိုက်တယ်။ အတန်းထဲတွင်ကောင်းမင်၏ လျှို့ဝှက်ချက်ကို သူမသာ သိသည်။ ကောင်းမင်သည် အပြစ်ကင်းသည့် ပုံစံရှိသော်လည်း သူသည် လျှို့ဝှက်မြူးဇစ်ဘောက်လူသတ်သမား ဖြစ်နိုင်၏။သူသည် ယိုလျန်း၏ စမ်းသပ်ချက်တွင် ရယ်ပင်ရယ်နေခဲ့သေးသည်။သူ့လိုလူတစ်ယောက်က ဘယ်လိုစိတ်ကျန်းမာရေး ကောင်းနိုင်မှာလဲ။
"တကယ်လို့ ကောင်းမင်သာ ဒီအတန်းထဲ ထုတ်ဖော်ခံရရင် တခြားကျောင်းသားတွေက သူ့ကို ဝိုင်းပယ်ပြီး နောက်တစ်ကြိမ်မှာ သူ့ကိုမဲပေးသွားနိုင်တယ် "
ကျိုးစီစီသည် အတွင်းစိတ်ထဲ ရုန်းကန်နေရသည်။ကောင်းမင်၏ချီတုံချီချဖြစ်နေခြင်းကို မြင်သောအခါ နောက်ဆုံးတွင် သူမသည် ကောင်းမင်ဘေးလျှောက်သွားပြီး ပြောလိုက်သည် ။
"ငါ လုပ်လိုက်မယ် "
ကျိုးစီစီသည် ပြောပြီးသည်နှင့် ကျန်းမာရေးဆရာမထံ လျောက်သွားလိုက်သည်။
"ကျွန်မဒီကို မလာခင် ကျန်းမာရေးစစ်ဆေးခဲ့ပြီးပြီ ၊ ကျွန်မအဆင်ပြေတယ် "
လူတိုင်းက အခြားလူများကို အောက်သို့ ပစ်ချရန် အစွမ်းကုန်ကြိုးစားနေချိန်တွင် ကျိုးစီစီသည် ကောင်းမင်အတွက် စေတနာအလျောက် လုပ်ဆောင်ခဲ့သည်။
ကျိုးစီစီထိုသို့ပြောလိုက်သည်နှင့် ကျိုက်မေ့မေ့နှင်အခြားမိန်းကလေးနှစ်ယောက်က သူမကို ပြန်ဆွဲထားလိုက်သည်။
"နင်စိတ်လွှတ်သွားပြီလား ၊ဒါက အရမ်းအန္တရာယ်များတယ်ဟဲ့ ၊ နင့်အသက်က နင့်အချစ်ထက် ပိုအရေးကြီးတယ်ပေါ့ ! "
"ဒါက အချစ်အကြောင်းမဟုတ်ပါဘူး ဒါပေမယ့်..."
ကျိုးစီစီသည် အခြေအနေကို ရှင်းပြရန် အလွန်ခက်ခဲ နေသည်။ အတန်းထဲရှိ သရဲကျောင်းသားများက ထိုတိုးတက်မှုအား စိတ်ဝင်တစားဖြင့် ကြည့်ရှုနေကြသည်။
"အချိန်ဖြုန်းမနေနဲ့တော့ ကောင်မလေး ကျေးဇူးပြုပြီး ငါ့ဆီလာခဲ့ပါ "
ကျန်းမာရေးဆရာမက ကျိုးစီစီ၏လက်ကို ကိုင်လိုက်သည်။သူမ၏အသံသည် အလွန်ပင်နားဝင်ပီယံဖြစ်လှသည်။သူမသည် ကျိုးစီစီအား များစွာသောစက်ကိရိယာများအပေါ် ထိုင်ခိုင်းလိုက်သည်။သူမသည် ကျိုးစီစီ၏ အခြေအနေကိုစစ်ဆေးလိုက်ပြီးရလဒ်များကိုကြေငြာလိုက်သည်။ ကျန်းမာရေးအတန်းရှိ စက်ပစ္စည်းအများစုသည် စုံစမ်းစစ်ဆေးရေးဌာနမှ လာခြင်းဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာအဆင့်သတ်မှတ်ချက်သည် စုံစမ်းရေးမှူးများအသုံးပြုသောအဆင့်သတ်မှတ်ချက်နှင့်င့် ဆင်တူ၏။အမြင်စိမ်းနေသောကိရိယာများသည် သူတို့တွေးထားသလောက် အန္တရာယ်များခြင်းမရှိပေ။ကျန်းမာရေးဆရာမသည်ကျိုးစီစီအား စစ်ဆေးမှုအားလုံးကို ကျွမ်းကျင်စွာ ပြုလုပ်ခဲ့သည်။ ယေဘုယျအားဖြင့် ကျိုးစီစီသည် ခံနိုင်ရည်မရှိခြင်းမှလွဲ၍ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်ပေသည်။
သူမသည် ကျန်းမာရေးဆရာ၏ ချီးကျူးမှုကို ရရှိခဲ့သည်။ ဆရာမသည် သူမဖောင်ပေါ်တွင် တံဆိပ်များပင် ကပ်ထားသေးသည်။တံဆိပ်ခေါင်းသည် သတ်ပစ်တော့မည့် တိရစ္ဆာန်များပေါ်တွင် ကပ်ထားသည့် တံဆိပ်နှင့်ပင် တူနေတော့သည်။
"ခန္ဓာကိုယ် စစ်ဆေးမှု ပြီးသွားပါပြီ ၊ ကျန်းမာတဲ့ ကျောင်းသားတစ်ဦးဟာ ကျန်းမာတဲ့ ခန္ဓာကိုယ်ရှိရုံသာမက ကျန်းမာတဲ့စိတ်တစ်ခုရှိဖို့လည်း လိုအပ်ပါတယ် "
ဆရာမသည် ကျိုးစီစီအား လက်ဆွဲ၍ စာသင်ခန်း၏ အတွင်းဆုံးနံရံဆီသို့ လျှောက်သွားလိုက်သည်။ထိုနံရံအပြင်ဘက်တွင် ကျောင်းဆေးခန်းရှိပေသည်။
"ငါတို့ကျောင်းက ကျောင်းသားတွေဟာ သာမာန်အားဖြင့် စိတ်ပိုင်းဆိုင်ရာ ဖိအားတွေခံနေရတယ် ၊ သူတို့ဟာ အကြောင်းပြချက်မရှိဘဲ စိုးရိမ်ပူပန်မှု၊ နာကျင်မှုနဲ့ တသမတ်တည်း စိတ်ဓာတ်ကျခြင်းကို မကြာခဏ ခံစားရလိမ့်မယ် ၊ အဲ့ဒါက အရမ်းအန္တရာယ်များပါတယ် "
ကျန်းမာရေးဆရာမသည် မှတ်စုစာအုပ်အသေးလေးကို အခန်း၁၃ရှိ ကျောင်းသားတိုင်းကို ပေးလိုက်သည်။
"ကလေးတွေမှာ စိတ်ပိုင်းဆိုင်ရာပြဿနာတွေ မဖြစ်ပွားစေဖို့အတွက် ဆရာမတို့ စီစဉ်ထားတဲ့ လည်ပတ်မှုတွေနဲ့စစ်ဆေးမှုတွေကို လုပ်သွားမှာပါ ၊ မတည်ငြိမ်တဲ့ စိတ်အခြေအနေရှိတဲ့ ကလေးတွေကို ကုသဖို့အတွက် ကျောင်းဆေးခန်းကို တစ်ဦးချင်းပို့ပေးမှာဖြစ်ပါတယ် "
ယင်းကိုကြားလိုက်ရသောအခါ ကျောင်းသားအားလုံး စိုးရွံ့သွားကြသည်။ကျိုးကျွင်း၏အမူအရာသည်ပင်ဖြူဖျော့သွား၏။ရုံးခန်းအဆောက်အဦးသည် စီတုအန်း၏နယ်မြေဖြစ်သော်လည်း ကျောင်းဆေးခန်းသည် ထူးခြားသည့်နေရာဖြစ်ပုံပေါ်လေသည်။
"ဆရာမတို့နိုင်ငံမှာ အကောင်းဆုံး စက်ပစ္စည်းတွေရှိတယ်၊ မင်းတို့ကိုယ်တိုင်တောင် သတိမထားမိတဲ့ ကိုယ်ရည်ကိုယ်သွေးချို့ယွင်းချက်တွေနဲ့စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကိုတောင် အဲ့ဒါတွေက သိနိုင်တယ် "
ကျိုးစီစီ၏လက်ကို ဆုပ်ကိုင်ထားပြီး ကျန်းမာရေးဆရာမသည် သူမအား ဆေးသုတ်ထားသော ပြတင်းပေါက်ဆီသို့ ခေါ်သွားခဲ့သည်။
"စီစီ နင့်ရှေ့မှာ ပြတင်းပေါက်တစ်ချပ်ရှိတယ် ၊ အဲ့ဒီမှာ နင့်စိတ်ထဲမှာ ပုံဖော်လို့ရမလား"
ဆရာမသည် ကျိုးစီစီ၏မျက်လုံးများအုပ်၍ နူးညံ့သောအသံဖြင့် လမ်းညွှန်လိုက်သည်။
"ကျွန်မ လုပ်နိုင်တယ် ၊ ကျွန်မနံရံပေါ်မှာ ဆွဲထားတဲ့ပြတင်းပေါက်ကို မြင်ရတယ် "
ကျိုးစီစီသည် သူမ၏ မျက်လုံးများကို မှိတ်ထားပြီးနောက် အနည်းငယ် ကြောက်ရွံ့သွားသည်။ သူမသည် စိတ်လိုလက်ရ မြန်မြန်ဆန်ဆန် ပြောလိုက်သည်။
"စိတ်လျှော့ထား ၊ နင့်ကို ပြတင်းပေါက်အပြင်ဘက်ကြည့်ခိုင်းနေတာ ၊ နင်ဘာမြင်ရလဲ "
"နွေရာသီပဲ ၊ ပြတင်းပေါက်မှာ ပန်းတွေအများကြီးရှိတယ် ၊ အဝေးမှာ မြက်ခင်းပြင်တစ်ခုရှိတယ် ၊ မြစ်ရေက ပွက်ပွက်ထနေပြီး ငါးတွေအများကြီးရှိတယ် "
ကျိုးစီစီသည် အသက်ဝင်လာသော ပုံရိပ်တစ်ခုကို မြင်နေရသည်။
"အရမ်းကောင်းတယ် "
ကျန်းမာရေးဆရာမက သူမမျက်လုံးများကို ပိတ်ထားရင်း မှန်ရှေ့သို့ ဖြည်းညှင်းစွာ ခေါ်သွားလေ၏။
"အခု နင့်ရှေ့မှာ မှန်တစ်ချပ်ရှိတယ်၊ နင်ဘာဝတ်ထားလဲ ငါ့ကို ပြောပြနိုင်မလား "
"ကျွန်မက တောင်တက်ဝတ်စုံဝတ်ထားတယ်၊ ကြည့်လို့ကောင်းနေတာပဲ "
"နင်ဟာ တောင်တက်တော့မယ် ၊ ဒါဟာ မင်းအတွက် စိန်ခေါ်မှုတစ်ခုပဲ ၊ ဒါပေမယ့် နင်မကြောက်ဘူး၊ အဲဒီအစား နင်စိတ်လှုပ်ရှားနေတယ် ဟုတ်တယ်မလား"
"ဟုတ်ပါတယ်"
ကျိုးစီစီ၏ လေသံသည် သိမ်မွေ့စွာ ပြောင်းလဲသွားပြီး သူမ၏ မျက်လုံးများကို ကျန်းမာရေးဆရာမက ဖုံးအုပ်လိုက်ပြီးနောက် သူမသည် အိပ်မက်တစ်ခုထဲသို့ ရောက်သွားသလိုပင်။
"ကောင်းပြီ နင်ဟာ အားလုံးအဆင်သင့်ဖြစ်နေပြီ ၊ အခု မင်းက တံခါးတစ်ခုရဲ့ အရှေ့မှာပဲ "
ကျန်းမာရေးဆရာမသည် ကျိုးစီစီအား ဆေးခြယ်ထားသောတံခါးဆီ အသာအယာတွန်းလိုက်သည်။
"နင် တံခါးကို မြင်ရလား "
"ဟုတ်ကဲ့"
"အခု နင့်ကို တံခါးလက်ကိုင်ဘုကိုကိုင်ပြီး ဖြေးဖြေးချင်း တွန်းဖွင့်စေချင်တယ် ၊ တံခါးနောက်ကအရာတွေက အစောပိုင်းက နင့်စိတ်ထဲမှာရှိတဲ့ဟာတွေပဲ "
ကျန်းမာရေးဆရာမသည် သူမအားတစ်ဆင့်ချင်းဆီ လမ်းပြနေ၏။အိပ်မွေ့ချခံနေရသကဲ့သို့ ကျိုးစီစီ သည် သူမ၏လက်ကို ဖြည်းညှင်းစွာ မြှောက်လိုက်သည်။ ဆေးသုတ်ထားသော တံခါးလက်ကိုင်ကို ထိချင်သော်လည်း ထိုအချိန်တွင် သူမ၏လက်မောင်းမှ သွေးများစိမ့်ထွက်လာ၏။ သူမ၏ယူနီဖောင်းအောက်ရှိ သွေးနီရောင် ကျောင်းသားကောင်စီတံဆိပ်သည် သူမ၏ အသားကိုထိုးဖောက်လိုက်သည်။
"နင် ဘာလို့တံခါးကို မဖွင့်တာလဲ ၊ ပန်းပွင့်တွေ ၊ နေရောင်ခြည် နဲ့အလင်းရောင်တွေက တံခါးအပြင်ဘက်မှာ ...."
"မဟုတ်ဘူး ၊ ကျွန်မမလုပ်...."
ကျိုးစီစီ၏ အသံသည် တဖြေးဖြေး ထွက်ပေါ်လာပြီး သူမ၏ အသက်ရှူသံက မြန်လာခဲ့သည်။
"တံခါးအပြင်ဘက်မှာ လူတစ်ယောက်ရပ်နေတယ် ! သူ့မျက်နှာပေါ်က အသွေးအသားတွေက မှုန်ဝါးနေကြတယ် ! အဲ့ဒါသူပဲ ! သူက အဲ့ဒီညက ငါ့အိပ်ရာပေါ်မှာ လဲနေခဲ့တာ ! "
သူမခန္ဓာကိုယ်သည် အေးစက်သွားသည်။ကျိုးစီစီသည် တံခါးအနောက်ဘက်ဆုတ်ချင်သော်လည်း ကျက်သရေရှိလှသော ကျန်းမာရေးဆရာမသည် အံ့ဩစရာပင် သန်မာနေခဲ့သည်။
"နင် တံခါးကိုတောင်မဖွင့်ပဲနဲ့ သူအပြင်မှာရှိတယ်ဆိုတာ နင်ဘယ်လိုသိမှာလဲ "
"သူက နင့်ကိုစောင့်နေတာ ! သူက ငါတို့ကို စောင့်နေတာ ! သူက တံခါးအပြင်ဘက်မှာရပ်နေတာပဲ ! သူက ဘယ်တုန်းကမှ ထွက်မသွားခဲ့ဘူး ! "
ကျိုးစီစီ၏လည်ပင်းပေါ်ရှိသွေးကြောများ ထောင်ထလာခဲ့သည်။သူမအကန့်အသတ်သို့ ရောက်ရှိနေပြီဖြစ်သည်။ကြောက်စရာအကောင်းဆုံးမှာ ကျိုးစီစီ ဖော်ပြခဲ့သည့်အတိုင်း နံရံပေါ်တွင် ဆေးခြယ်ထားသော တံခါးသည် ပွင့်လာခဲ့သည်။ မိနစ်ဝက်ခန့်ကြာသောအခါ အတန်းထဲကလူတွေအားလုံးသည် တံခါးခေါက်သံကို ရှင်းရှင်းလင်းလင်းကြားလိုက်ရသည်။
"အဲ့ဒါ သူပဲ ! ၅၁ယောက်မြောက်ကျောင်းသားက အပြင်မှာ ရပ်နေတာ ! "
အနီရောင်တံဆိပ်ရှိနေသော ကျိုးစီစီ၏လက်မောင်းသည် လွတ်ထွက်သွား၏။ ကျန်းမာရေးဆရာမသည် ထိုခုခံမှုအား မမျှော်လင့်ထားချေ။သူမက အမြန်လွှတ်လိုက်ရသည်။
ဆရာမ၏လက်သည် ကျိုးစီစီ၏မျက်လုံးများကို ဖယ်လိုက်သည့်အချိန်တွင် ကောင်းမင်သည် ကျန်းမာရေးဆရာမ၏ လက်ဖဝါးအလယ်တွင် အက်ကွဲကြောင်းတစ်ခုရှိကြောင်း သတိထားမိလိုက်သည်။ အက်ကွဲကြောင်းထဲတွင် မျက်လုံးတစ်လုံး ဝှက်ထားခြင်းဖြစ်သည်။
ကျိုးစီစီကား ကြမ်းပြင်ပေါ် ပြိုလဲကျသွားသည်။သူမမြင်ခဲ့ရသည်ကို သတိမရနိုင်တော့သော်လည်း သူမ၏လက်များသည် အေးစက်နေပြီး မတ်တပ်မရပ်နိုင်ခဲ့ပေ။
"ဒီကျောင်းသူရဲ့ ခန္ဓာကိုယ်က အရမ်းကျန်းမာတယ် ဒါပေမယ့် သူ့ရဲ့စိတ်ပိုင်းဆိုင်ရာက မတည်ငြိမ်ဘူး ၊ ပြောရရင်တော့ သူအောင်သွားပြီ "
ကျန်းမာရေးဆရာမသည် ကျန်လူများကို ကြည့်လိုက်သည်။
"နောက်ထပ် ဘယ်သူလာမှာလဲ ၊ မင်းတို့မထွက်သွားခင် မင်းတို့အားလုံး ဒီစစ်ဆေးမှုကို တစ်ကြိမ်ခံယူရလိမ့်မယ် "
သူတို့သတိမထားမိခင်အချိန်ကတည်းက ကျန်းမာရေးစာသင်ခန်းတံခါးသည် ပိတ်သွားခဲ့ပြီဖြစ်သည်။သူတို့မည်မျှပင်ဆွဲစေကာမူ တံခါးက တုပ်တုပ်မလှုပ်ပေ။ကျောင်းသားကောင်စီသည် သူ့တို့ကိုယ်သူတို့ပင် ကူညီနိုင်ရုံမျှသာရှိသည့်အတွက် ကောင်စီက သူတို့အား အရင်လို ကယ်တင်ရန် အချိန်ရှိမည် မဟုတ်ချေ။ကျောင်းသားအချို့သည် တဖြည်းဖြည်း အရှုံးပေးလိုက်ပြီး စမ်းသပ်ချက်ကို ဖြေဆိုကြလေ၏။
"ဒီအတန်းချိန်ထဲက အန္တရာယ်အဆင့်က တစ်ဦးချင်းအပေါ်မူတည်နေတာ"
ဝမ်ကျားက ကောင်းမင်အား တံတောင်ဖြင့်တွတ်လိုက်ပြီး
"ငါတို့အိပ်ခန်းက ဘယ်အချိန်မှာ စမ်းသပ်သင့်တယ်လို့ မင်းထင်လဲ ၊ စောစောလုပ်မလား နောက်မှ လုပ်ကြမလား "
"တည်ငြိမ်တဲ့ သူတွေကို အရင်လွတ်ထားဖို့ ငါအကြံ ပေးချင်တယ် "
ကောင်းမင်က ထိုအကြောင်းကို တွေးလိုက်သည်။
“ကျိုးစီစီက ငါတို့အတန်းထဲမှာ အပျော်တတ်ဆုံး မိန်းကလေးလို့ သတ်မှတ်နိုင်ပေမယ့် ကြောက်စရာကောင်းတဲ့ အရာတစ်ခုကို မြင်ခဲ့ရတယ် ၊ ဒီအတန်းရဲ့ရည်ရွယ်ချက်ကို အဖြေရှာဖို့ ငါကြိုးစားနေတယ် ၊ ၅၁ယောက်မြောက်ကျောင်းသားက ငါတို့စမ်းသပ်ဖို့ စီစဉ်ထားတာလား "
"ငါ့မှာ ဒါကို သက်သေပြဖို့ ရိုးရှင်းတဲ့အဖြေတစ်ခုရှိတယ် ၊ စမ်းသပ်မှုအတွက် အခန်း၁၃က မဟုတ်တဲ့လူတစ်ယောက်ကို ရှာရုံပဲ"
ဝမ်ကျားက ကျိဖူဘက်လှည့်လိုက်သည်။
"ကျိကျဲရဲ့အစ်ကိုက အခန်း၁၃က မဟုတ်ဘူး ၊ သူက အစိုးရအလုပ်မှာ ငါးနှစ်တောင်အလုပ်လုပ်ခဲ့တယ် ၊ သူက ရင့်ကျက်ပြီး ယုံကြည်အားထားလို့ရတယ် "
ကျိဖူ၏မျက်နှာသည် ဖြူဖျော့နေ၏။သူက ခေါင်းခါနေသော်လည်း ဝမ်ကျားက သူ့အား အလွတ်ပေးရန်အစီစဉ်မရှိချေ။
သူ့အစ်ကို၏ဒုက္ခကိုမြင်သောအခါ ကျိကျဲက အလျင်အမြန်ပေါက်ချလာ၏။
"ဝမ်ကျား မင်းဘာလုပ်နေတာလဲ "
"အထင်မလွဲပါနဲ့ကွာ ၊ မင်းအစ်ကိုက အရမ်းရင့်ကျက်ပြီး အားထားရတယ်လို့ ငါတွေးမိရုံပါပဲ ဒါကြောင့် ငါ့တို့သူ့ကို အရင်စမ်းသပ်ခိုင်းမလို့ပါ "
ဝမ်ကျားသည် ကျိကျဲနောက်ရှိသရဲကို ကြောက်ရွံ့ပေသည်။မမြင်ရသောသရဲသည် ခြောက်ခြားဖွယ်ရာပင်။
"ငါ့အစ်ကိုက သူဌေးကို နောက်ကျမှ ငွေပေးချေဖို့ သွားတောင်းဆိုလို့ ဒဏ်ရာအပြင်းအထန်ရသွားခဲ့တာကွ သူက ထောင်ငါးနှစ်ကျခဲ့ပြီး ပြီးခဲ့တဲ့လကမှ လွတ်လာတာ ၊ သူကို ရင့်ကျက်ပြီး ယုံကြည်ရတယ်လို့ မင်းဘယ်လိုပြောနိုင်ရတာလဲ "
ကျိကျဲ၏စကားများသည် ကျိဖူအား အကြီးအကျယ်ရှက်ကိုးရှက်ကန်းဖြစ်သွားစေခဲ့သည်။
ကောင်းမင်နှင့်ဝမ်ကျားသည် ကျိဖူအား စိုက်ကြည့်လိုက်သည်။
"ခင်ဗျားပြောတော့ ခင်ဗျားက အစိုးရဆီမှာ ငါးနှစ်အလုပ်လုပ်ခဲ့တာဆို ပြီးတော့ ကိုယ်ပိုင်လုပ်ငန်းလေး ထောင်ထားသေးတာ မဟုတ်လား "
"ဒါက မမှားဘူးလေ ၊ ထောင်ဆိုတာကလဲ အစိုးရရဲ့ တစ်စိတ်တစ်ပိုင်းပဲလေ မဟုတ်လို့လား "
ကျိဖူ၏မျက်နှာကား အနီရောင်ပြောင်းသွားခဲ့သည်။သူက ကျန်းမာရေးဆရာမထံ လျှောက်သွားလိုက်သည်။
"အစ်ကို ! မင်းသူတို့ကို ဘာပြောခဲ့လဲ ငါမသိခဲ့ဘူးနော် "
ကျိကျဲက သူ့အစ်ကိုနောက်ကို ပြေးလိုက်သွားပြီး အပြင်းအထန်တောင်းပန်လိုက်သည်။ သူ့အစ်ကိုအား မိုက်မိုက်မဲမဲ လုပ်နေခြင်းကို ဟန့်တားရန် သူ့ဖောင်ကို အရင်ပေးလိုက်သည်။
ကျန်းမာရေးဆရာမသည် သူမ၏စာမေးပွဲအတွက် ညီအစ်ကိုနှစ်ယောက် တိုက်ခိုက်နေသည်ကို မြင်သောအခါ အလွန်ပျော်ရွှင်သွားသည်။သူမက ကျိကျဲ၏ဖောင်အား လက်ခံလိုက်လေသည်။
"ကျိကျဲလား "
"ဟုတ်ပါတယ် " ကျိကျဲက ခေါင်းငြိမ့်လိုက်သည်။
"ပထမဆုံး ကိုယ်ခန္ဓာအရင်စစ်ဆေးရမယ် ၊ ဘာပြဿနာမှ မရှိရင် ငါတို့ စိတ်ပိုင်းဆိုင်ရာကို စစ်ဆေးရမယ် "
ဆရာမသည် ဖောင်များကို ဖယ်လိုက်ပြီး တခြားသူများကို စက်ကိရိယာများဖြင့် ကူညီပေးလိုက်သည်။ကောင်းမင်သည် ထိုအခွင့်အရေးကိုသုံး၍ ကျိကျဲဆီပြေးသွားလိုက်သည်။သူက ဆရာရှ၏ ပုံတူအား သူ့အိတ်ကပ်ထဲ ထိုးထည့်လိုက်သည်။
"ငါ ဘာကူညီရမလဲ "
ကျိကျဲသည် မနေ့ညက အိပ်ဆောင်ခြောက်တွင်ကောင်းမင်ကိုတွေ့ခဲ့ရပြီး မနက်အတန်းမှာလည်း ကောင်းမင်က သူ့အတွက် စကားပြောပေးခဲ့သေးသည်။သူက ကောင်းမင်မှာ သူနှင့်တူသောလူဟု ယုံကြည်နေခဲ့၏။
" အစောပိုင်းက ဆရာမရဲ့လက်ဝါးကို ငါမြင်ခဲ့ရတယ် ၊ သူ့လက်ဖဝါးအလယ်မှာ မျက်လုံးနှစ်လုံး ရှိနေတယ်ကွ ၊ မင်း စမ်းသပ်မှုလုပ်ရင် ဂရုစိုက်ဦး "
"အိုကေ ငါအဲ့ဒါကို ဂရုစိုက်လိုက်ပါ့မယ် "
ကျိကျဲက ခေါင်းငြိမ့်လိုက်သည်။
"ကျေးဇူးပါကွာ ၊ မင်းက အရမ်းကြင်နာတတ်တာပဲ "