ငါတို့အားလုံးသေသွားပြီ
Vol. 11 Ch. 158
ကျိကျဲအား မည်သည့်မတော်တဆမှုမှ မဖြစ်ပွားစေရန်အတွက် ကောင်းမင်သည်အလွန်ကြင်နာစွာဖြင့် သူ့ဖောင်ကို ကျိကျဲနောက်တွင် ပေးလိုက်သည်။ပရော်ဖက်ရှင်နယ် စိတ်ရောဂါအထူးကုဆရာဝန်က သူ့ကိုစောင့်ရှောက်ပေးနေသဖြင့် ကျိကျဲက ခံစားချက်များ ကောင်းမွန်လာခဲ့သည်။သူ့မျက်လုံးများသည် ကျေးဇူးတင်သည့်အကြည့်ဖြင့် တောက်ပနေစဉ်တွင် ကောင်းမင်အား သူထံမှဝေးဝေးနေဖို့ သတိပေးရန်မမေ့ခဲ့ပေ။ထိုမှသာ သူကြောက်ရွံ့မသွားမည်ဖြစ်သည်။
ကောင်းမင်သည် သူ့ဖောင်အား ပေးလိုက်သည်ကို မြင်သောအခါ အိပ်ခန်း၁၃၁၄မှ အခြားလူများလည်း ရောက်လာကြသည်။သူတို့သည် ကောင်းမင်ဘေးတွင် စုစည်းလိုက်ပြီး ရုပ်ပိုင်းဆိုင်ရာစစ်ဆေးနိူင်ရန် တန်းစီလိုက်ကြသည်။ကျောင်းသားများ အားလုံးသည် စာမေးပွဲမပြီးမချင်း သူတို့ မထွက်သွားနိုင်မှန်း သိလာသောကြောင့် အရှုံးပေးလိုက်ကြလေသည်။
ရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုအတွက် လူအားလုံးတန်းစီလိုက်ကြသည်။မကြာမီ ကျန်းမာရေးစစ်ဆေးပြီးသော ကျောင်းသားအနည်းငယ်သည် စိတ်ပိုင်းဆိုင်ရာစစ်ဆေးရန် စတင်လိုက်ကြသည်။သူတို့သည် ဆရာမ၏ညွှန်ကြားချက်အတိုင်းလိုက်နာ၍ ပြတင်းပေါက် ၊ မှန် နှင့်တံခါးတို့ရှေ့တွင် ရပ်လိုက်ကြသည်။တစ်ဦးချင်းစီသည် မတူညီသောအရာများကို မြင်ခဲ့ကြရလေသည်။
သူတို့ထဲမှ အချို့သည် ပြတင်းပေါက်အပြင်ဘက်တွင် ကျယ်လောင်သော ကားဟွန်းသံများဖြင့်အလုပ်ရှုပ်နေသောမြို့တော်ကြီးကို မြင်ခဲ့ရသည်။အချို့သောသူတို့သည် မဖြစ်ထွန်းသောမြေရိုင်းလွင်ပြင်ကို မိမိတို့စိတ်နှလုံးတွင် ရောင်ပြန်ဟပ်ခြင်းကဲ့သို့ မြင်ကြ၏။ တချို့သည် ပြတင်းပေါက်အပြင်ဘက်တွင် သေဆုံးသွားသည် သူငယ်ချင်းများနှင့် မိသားစုများကို တွေ့ခဲ့ကြသည်။သူတို့သည် ကျောင်းသားများကို ကျန်းမာရေး စာသင်ခန်းထဲအတွင်းနေကြရန် ကြိမ်းမောင်းနေကြသည်။
သို့သော်လည်း တူညီသည့်အရာတစ်ခုရှိပေသည်။ကျောင်းသားအားလုံးသည် နောက်ဆုံးတံခါးဘက်လှည့်လိုက်သောအခါ တံခါးအပြင်ဘက်တွင် ရပ်နေသော လူတစ်ယောက်ရှိနေသည်ဟု ဆိုကြလေ၏။
စိတ်ပိုင်းဆိုင်ရာစမ်းသပ်မှုပြီးဆုံးသွားသော ကျောင်းသားများသည် သူတို့စွမ်းအင်များ ထိုးကျသွားကြပုံပေါ်လေသည်။ကျန်းမာရေးဆရာမလွတ်ပေးလိုက်ချိန်တွင် သူတို့သည် ကြမ်းပြင်ပေါ်လဲကျကုန်ကြ၏။သူတို့၏ဝိဉာည်တစ်စိတ်တစ်ပိုင်းသည် စုပ်ယူခံလိုက်ရပုံပေါ်လေသည်။ကျန်းမာရေးဆရာမသည် ကျက်သရေရှိစွာဖြင့် ကျောင်းသားများကို ထူမပေး၏။သူမမျက်နှာပေါ်ရှိ အပြုံးတွင် နွေးထွေးတောက်ပမှုတို့ရှိနေသော်လည်း မကြာမီ သူမမျက်နှာပေါ်ရှိ ထိုအပြုံးက အေးခဲသွားလေသည်။
"ငါ့ကို မင်းရဲ့ညစ်ပတ်နေတဲ့လက်တွေနဲ့ မထိနဲ့ ! "
လူနာဝတ်စုံနှင့် ဆရာဝန်ကုတ်အင်္ကျီဝတ်ထားသည့် ကျိုးဘိုသည် ပြတင်းပေါက်ထံ လျှောက်သွားလိုက်သည်။သူ့အသံမှာ အထင်အမြင်သေးပြီး ရွံရှာနေသည့်ပုံပေါက်သည်။
"ဟိုကျောင်းသား မင်း ငါ့သန့်ရှင်းမှုမှာ ကိစ္စတစ်ချို့ရှိတယ်ဆိုရင် အရက်ပြန်တစ်ချို့ ငါဖျန်းပေး....."
ဆရာမက စကားဆုံးအောင်မပြောရသေးခင် ကျိုးဘိုသည် သူနှင့်ဆရာမအကြား သူ့သွေးစွန်းအိတ်ကြီးကို ချလိုက်သည်။
"မင်းခန္ဓာကိုယ်ရဲ့ တစ်လက်မတိုင်းဟာ သူများတွေကို ဒုက္ခရောက်စေချင်တဲ့အနံ့ဆိုးတွေထွက်နေတယ် ၊ မင်းငါ့ကို ဘာလုပ်ချင်လဲ ငါသိတယ် ၊ မင်းက ငါ့ကို ညစ်ပတ်ပြီး နံစော်နေတဲ့ ကမ်းခြေမှာ အရင်ကလို သော့ခတ်ထားချင်နေတာလား !"
ကျိုးဘိုက သွားကြားမှ လေသံဖြင့်ပြောလိုက်သည်။
"ဒီတစ်ကြိမ်မှာတော့ ငါဒါကို ဖြစ်ခွင့်မပေးနိုင်ဘူး ! ငါတံခါးကို ဖွင့်မယ် ! "
"ဆရာမ သူ့ကို စိတ်ထဲမထားပါနဲ့ သူက သူဘာပြောနေမှန်းမသိလောက်အောင် စိတ်ဒဏ်ရာရနေလို့ပါ "
ချင်ကျွင်းရန်သည် ဖျန်ဖြေသူအဖြစ် အပြေးရောက်လာ၏။
ကျိုးဘိုသည် အမျိုးသမီးဆရာမကို သူနဲ့ ခပ်ဝေးဝေး နေရန် တောင်းဆိုလိုက်သည်။ ပြတင်းပေါက်ရှေ့တွင် သူတစ်ယောက်တည်း ရပ်လိုက်ပြီး သူ့မျက်လုံးများကို ဖြည်းညှင်းစွာမှိတ်လိုက်သည်။
"ကျိုးဘို မင်းဘာမြင်ရလဲ "
ဆရာမ၏သည် အလွန်နှစ်လိုဖွယ်ကောင်းပေသည်။သူမသည် ကျိုးဘိုဆီသို့ တိတ်တဆိတ်လျှောက်သွားလိုက်သော်လည်း ရုတ်တရက် သူမသည် နံရံကိုစိုက်ကြည့်ရင်း ရပ်တန့်သွား၏။ပန်းချီဆွဲထားသည့် ပြတင်းပေါက်သည် ထူးဆန်းစွာတုန့်ပြန်နေခဲ့သည်။သွေးများသည် ပြတင်းပေါက်တွင် နားမလည်နိုင်စွာ ပေါ်လာပြီး ပြတင်းပေါက်ရှိအဟကြားမှ အောက်သို့ စီးကျသွားလေသည်။
ယင်းသည် ကျောင်းဆေးခန်းနှင့် ကျန်းမာရေးစာသင်ခန်းကြား ပြတင်းပေါက်အစစ်တစ်ချပ်ပေါ်လာသည်ဟု ခံစားရသည်။လူတစ်ယောက်သည် ပြတင်းပေါက်မှတဆင့် ကျောင်းဆေးခန်းထဲ မြင်နိုင်လေသည်။အဖိုးတန်ဆေးဝါးများကဲ့သို့ လူ့အင်္ဂါများကို ဖြတ်တောက်၍ ထိန်းသိမ်းထား၏။
ကျောင်းဆရာဝန်သည် လူတစ်ယောက်အား စားပွဲပေါ်တွင် ချည်နှောင်ထား၏။သူသည် ဖြည်းညင်းသပ်ရပ်စွာ ထိုလူ၏ဦးခေါင်းကို ဖွင့်လိုက်လေသည်။ဦးခေါင်းထဲတွင် အချိန်အတော်ကြာရှာဖွေနေပြီးနောက် သူသည် သွေးကြောမျှင်တစ်ခုကို ဆွဲထုတ်လိုက်ပြီး ဗီရိုထဲထည့်လိုက်လေသည် ။ သူဗီရိုနားမရောက်သေးခင် ဗီရိုတံခါးများသည် အလိုအလျောက်ပွင့်သွားခြင်းဖြစ်သည်။အတွင်းမှ တစ်စုံတစ်ခုကို သွေးချည်မျှင်အား လှမ်းဆွဲရင် ဆန့်ထွက်လာလေသည်။ချည်နှောင်ခံထားရသောလူသည် အသံကင်းမဲ့စွာ အော်ဟစ်နေလေ၏။
ထိုအချိန်တွင် ကျောင်းဆရာဝန်သည် တစ်စုံတစ်ခုကို အာရုံခံမိလိုက်ပုံရသည်။သူကခန်းဆီးထူကြီးအား ပြန်ဆွဲပိတ်လိုက်ရာ နံရံပေါ်ရှိပြတင်းပေါက်သည် ပုံမှန်ပြန်ဖြစ်သွားတော့သည်။ကျိုးဘိုသည် သူ့မျက်လုံးများကို မဖွင့်ခဲ့သော်လည်း အခြားကျောင်းသားများက တောင့်တင်းနေကြသည်။ကျိုးဘိုမြင်ခဲ့ရသောအရာသည် အခြားသူများနှင့် လုံးဝကွာခြားပေသည်။သူဒီလိုမျိုး ကြုံဖူးခဲ့ခြင်းလား သို့မဟုတ် သူမြင်ခဲ့သည်က ဘေးဘက် ကျောင်းဆေးခန်းတွင် တကယ်ဖြစ်နေခြင်းလားဆိုတာ ပြောရခက်ပေသည်။
"သူမြင်ခဲ့ရတာတွေကို .....ဘာလို့ ငါတို့မြင်နိုင်ရတာလဲ "
ချင်ကျွင်းရန်သည် ပြတင်းပေါက်ရှိ သွေးကွက်ကြီးကို လက်ညိုးထိုးပြလိုက်သည်။သူ ဆွံ့အနေခြင်းဖြစ်သည်။
"အားလုံးက ငါတို့စိတ်ကူးထဲက တစ်စိတ်တစ်ပိုင်းကို မြင်ရတာမဟုတ်ဘူးလား ၊ အားလုံးက ငါတို့စိတ်ထဲမှာရှိနေရုံပဲ မဟုတ်ဘူးလား "
"ပြတင်းပေါက် ၊ မှန် နဲ့ တံခါးဆိုတာ မင်းတို့ရဲ့ နှလုံးသားထဲက ကမ္ဘာ ၊ မင်းတို့ဝိဉာည်ရဲ့ဖြစ်တည်မှုနဲ့ မင်းတို့မသိစိတ်က ပြုလုပ်လိုက်တဲ့ရွေးချယ်မှု စတာတွေကို အသီးသီးကိုယ်စားပြုတယ် ၊ ဒါတွေက မင်းတို့ရဲ့အစစ်အမှန်ကို ပြသလိမ့်မယ် ၊ လူတစ်ဦးဟာ စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ်လေလေ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုက ပိုထင်ရှားလေလေဖြစ်လိမ့်မယ် ၊ စိတ်ပိုင်းဆိုင်ရာ ဖောက်ပြန်မှုဟာ တိကျတဲ့အဆင့်တစ်ခုကို ရောက်တဲ့အခါမှာ လူနာက သူ့ပတ်ဝန်းကျင်က လူအားလုံးကို ကူးစက်စေပြီး သူမြင်နိုင်သလို လူတိုင်းမြင်နိုင်စေလိမ့်မယ် "
ကျန်းမာရေးဆရာမသည် အပြုံးတစ်ခုဖြင့် ရှင်းပြလိုက်သည်။
"ဒီကျန်းမာရေးအတန်းရဲ့ အကြောင်းရင်းက ကျောင်းသားတိုင်း ကျောင်းမှာ ပျော်ရွှင်စွာ နေထိုင်နိုင်ဖို့အတွက် သူတို့ရဲ့စိတ်ပိုင်းဆိုင်ရာ ရောဂါတွေကို ဖယ်ရှားပေးဖို့ ကူညီပေးရခြင်းဖြစ်တယ် "
ကျောင်းသားများက သူမစကားများကို ဝိုင်းစဥ်းစားနေကြသည်။ဝမ်ကျားက ကောင်းမင်ဘက်လှည့်ပြီး "သူ မှန်တယ်မလား"
"သူက တစ်ဝက်မှန်တယ် တစ်ဝက်မှားတယ် ၊နံရံပေါ်မှာရှိတဲ့ တံခါး ၊ ပြတင်းပေါက်နဲ့ မှန်က သာမန်ပန်းချီလက်ရာမဟုတ်ဘူး ၊ အဲ့ဒါတွေက သရဲနီတစ်ကောင်ရဲ့ အထူးစွမ်းအားပဲ ဖြစ်လိမ့်မယ် ၊ သူက ဒါတွေကိုသုံးပြီး ငါတို့နှလုံးသားအနက်ပိုင်းမှာ မြှုပ်နှံထားတဲ့ မှတ်ဉာဏ်တွေကိုတူးဆွနေတာ! "
ကောင်းမင်က ပြဿနာအချို့ကို ထောက်ပြလိုက်သည်။
"ပြတင်းပေါက်တွေ ၊ တံခါးတွေ နဲ့ မှန်တွေဆိုတာ ပုံမှန်ဆိုရင် အိမ်မက်တစ်ခုထဲမှာပဲ ရှိတယ်၊ စုံစမ်းစစ်ဆေးရေးဌာနက ငါတို့အတွက် ဒီကျန်းမာရေးအတန်းကို ပြင်ဆင်ပေးထားတာပဲ "
"ငါ့တို့နှလုံးသားထဲက မှတ်ဉာဏ်လား "
စီဆန်းက စိတ်ရှုပ်ထွေးသွားသည်။
"ဌာနက ငါတို့နှလုံးသားတွေထဲက တစ်ခုခုကို လိုချင်နေတာလား "
"ဟုတ်တယ် "
ကောင်းမင်က ဆိုလိုရင်းကို ရောက်သွားပြီး
"ကျောင်းသားတိုင်းက နောက်ဆုံးတံခါးကို ရောက်သွားတဲ့အချိန်မှာ တံခါးအပြင်ဘက်မှာ လူတစ်ယောက်ရပ်နေတယ်လို့ အားလုံးက ဆိုကြတယ်၊ ဆိုလိုတာက ငါတို့ရဲ့ စုပေါင်းမှတ်ဉာဏ်ထဲမှာ အခန်းအပြင်ဘက် ပိတ်မိနေတဲ့ လူတစ်ယောက်ရှိတယ်၊ အဲဒီလူက ဘယ်သူလဲဆိုတာ ခန့်မှန်းကြည့် "
"ကျောင်းစည်းကမ်းတွေကို ကိုယ်စားပြုတဲ့ ၅၁ ယောက်မြောက် ကျောင်းသားလား ”
ဝမ်ကျားကတုန့်ပြန်လိုက်သည်။
"ကျောင်းစည်းကမ်းတွေကို ကိုင်တွယ်ဖို့ ဌာနက ငါတို့ကို အသုံးချချင်နေတာလား ! "
"အဲ့လိုထင်ရတာပဲ "
ကောင်းမင်သည် ရှရန်၏လူသေပုံတူရှိရာ ကျိကျဲ၏ အိပ်ကပ်ထဲ လှမ်းကြည့်လိုက်သည်။
"သရဲနီရဲ့ စွမ်းအားက အကန့်အသတ်ရှိမယ်လို့ ငါသံသယရှိတယ် ၊ လူတစ်ယောက်ရဲ့စိတ်ဝိဉာည်ကမ္ဘာက ပိုရှုပ်ထွေးလေလေ သူ(ဆရာမ) က အဲ့ဒါကို ထိန်းချုပ်ဖို့ ပိုခက်လေလေပဲ ၊ ဒါကြောင့် သူ(ဆရာမ) ထိန်းချုပ်မှုလွတ်သွားလို့ ကျိုးဘိုမြင်ခဲ့ရတာကို ငါတို့မြင်ခဲ့ရတာပဲ "
တစ်စုံတစ်ယောက်သည် အခန်း၁၃၏ လျို့ဝှက်ချက်များကို တူးဖော်ချင်နေ၏။ကောင်းမင်သည် ထိုအခွင့်အရေးကို သုံး၍ သူ့အတန်းဖော်များ စစ်ဆေးနေလေသည်။ကျိုးဘိုသည် သူ့မျက်လုံးများကို မှိတ်ထားဆဲဖြစ်သည်။သူသည် လမ်းညွှန်မရှိတော့သော်လည်း အားလုံးကို တက်ကြွစွာ တုန့်ပြန်နေ၏။ကျိုးဘိုသည် မှန်ဆီရောက်လာပြီး ထုံထိုင်းစွာရပ်လိုက်သည်။သူ၏ ရောင်ပြန်ဟပ်မှုသည် လက်တွေ့ဘဝတွင် သူနှင့်တူသော်လည်း ပိုချောမောပြီး ထက်မြက်သည်။
"ဒါက ကျိုးဘိုအစစ်လား "
မှန်ထဲရှိကျိုးဘိုသည် လူနာဝတ်စုံကို ဝတ်ဆင်ထားခြင်းမရှိပေ။သူသည် ဆေးရုံ၏အငယ်ဆုံးဖြစ်ပြီး အအောင်မြင်ဆုံး ဆရာဝန်တစ်ယောက်ဖြစ်သည်။သူသည် ယုံကြည်ချက်ရှိပြီး တောက်ပနေလေသည်။သူ့တွင် သွေးစွန်းသည့်မည်သည့်ခြေရာလက်ရာမှ မရှိချေ။သူ့ဆံပင်များကို ကောင်းစွာဖြီးသင်ထား၏။လူများသည် သူ့အား သဘာဝကျစွာ ကြည့်နေကြသည်။
"သူက အရူးလိုလုပ်မနေရင် တော်တော်ချောတာပဲ "
ကျိုက်မေ့မေ့က ညင်သာစွာညည်းတွားလိုက်သည်။သူမပြောပြီး သိပ်မကြာပါချေ မှန်ထဲရှိကျိုးဘိုသည် သူ့လက်ဖြင့် သူ့မျက်လုံးများကို ရုတ်တရက်ထိုးဖောက်လိုက်လေသည်။ထို့နောက် သူ့ရင်ဘတ်ကိုဖွင့်ပစ်ရန် သူ့လက်ချောင်းများကို အသုံးပြုခဲ့သည်!။ သူ့အသားနဲ့ အဆီများကို ဆုတ်ဖြဲ၍ သူနံရိုးများကို ချိုးပစ်လိုက်သည်။သူသည် အချိန်အတော်ကြာရှာဖွေနေသော်လည်း သူ့နှလုံးကို ရှာမတွေ့နိုင်ခဲ့ချေ။
"ငါမဟုတ်ဘူး ! အဲ့ဒါ ငါမဟုတ်ဘူး ! "
ကျိုးဘိုသည် နာကျင်စွာ အော်ဟစ်လိုက်ပြီး မှန်ကို လှမ်းရိုက်သည်။ အဆင်သင့်ပြင်ဆင်ထားသည့် ကျန်းမာရေးဆရာမက ပြေးလာပြီး ကျိုးဘိုအား ညင်သာစွာ ပွေ့ဖက်လိုက်သည်။ သူမ၏လက်များသည် ကျိုးဘို၏မျက်လုံးများကို အသာအယာဖုံးအုပ်လိုက်သည်။
"အခု မင်းက နောက်ဆုံးတံခါးမှာပဲ ၊ ငါ့ကိုပြောပါ ၊ မင်းဘာကို မြင်သလဲ "
ကျိုးဘို၏ ပါးစပ်သည် ပွင့်ဟသွားပြီး သူ့လည်ချောင်းမှ ထူးဆန်းသော အသံများ ထွက်ပေါ်လာသည်။ တံခါးခေါက်သံအား လူတိုင်းကြားနိုင် ပေသည်။ နံရံပေါ်ရှိ တံခါးသည် ပုံစံမှ ကွေးညွှတ်လာ၏။ တဖက်ခြမ်းက အရာကြီးကား ထွက်လာခါနီးဖြစ်နေလေသည်!။
"နားထောင်စမ်း ! လိုက်နာစမ်း ! အနီးကပ်ကြည့်လိုက် ၊ တံခါးအပြင်ကလူကို မြင်အောင်ကြိုးစားကြည့် ၊ သူက မင်းကို ရှာနေတာလား ၊ တံခါးကို ဖွင့်လိုက် ၊ သူ့ကို ဝင်ခွင့်ပေးပြီး မင်းခန္ဓာကိုယ်ထဲ ဝင်ခွင့်ပြုလိုက်ပါ "
အခန်း၁၃ရှိ လူတိုင်း၏နှလုံးသားထဲတွင် ၅၁ယောက်မြောက်ကျောင်းသားနှင့်ပတ်သက်သည့် မှတ်ဉာဏ်တစ်ခုရှိကြသည်။သို့သော် အချို့အကြောင်းပြများကြောင့် သူတို့အားလုံး သူ့ကိုမေ့လျော့သွားခဲ့ကြသည်။ကျန်းမာရေးဆရာမသည် ထိုနည်းလမ်းကိုသုံး၍ ကျောင်းသားများအား ထိုကျောင်းသားကို ပြန်ခေါ်စေချင်ခဲ့သည်။ ကျောင်းစည်းကမ်းထဲတွင် ပုန်းအောင်းနေသည့် ၅၁ယောက်မြောက် ကျောင်းသားကို သူမ ရှာချင်နေခြင်းဖြစ်သည်။
"သူတံခါး ခေါက်နေတာလား ၊ သူက ဒီအခန်းထဲကို မင်းနဲ့အတူ ပါဝင်ချင်နေတာ ၊ အခု သူ့အတွက် မင်းတံခါးဖွင့်ပေးလိမ့်မယ် "
ကျန်းမာရေးဆရာမ၏အသံသည် ကျိုးဘို၏နားထဲ ထိုးဖောက်နေ၏။
"သူက မင်းနဲ့အတူရှိချင်နေတာ "
သေးသွယ်သောလက်ချောင်းလေးကို မြောက်လိုက်သည်။ကျိုးဘို၏မျက်နှာသည် ရှုံ့မဲ့နေခဲ့သည်။သူကတံခါးလက်ကိုင်ကို လှမ်းကိုင်ရင်း အော်လိုက်သည်။ ထို့နောက် ဆေးသုတ်ထားသော တံခါးသည် ရုတ်တရက် ပွင့်သွားတော့သည်။ကျိုးဘိုက တံခါးကို ဖြတ်လျှောက်လိုက်လေသည်! "
ကျန်းမာရေးဆရာမသည် အချိန်ကိုက်မလွတ်မိလိုက်ပါက သူမသည်လည်း တံခါးတွင်းဆွဲခေါ်ခံလိုက်ရမည်ဖြစ်သည်။
တံခါးသည် ဆောင့်ပိတ်သွားလေ၏။ပန်းချီတံခါးသည် သာမန်ဖြစ်သွားလေသည်။ကျန်းမာရေးဆရာမ၏ လက်ဖဝါးတွင် သွေးများစီးကျနေလေသည်။သူမသည် ကျန်းမာရေးအတန်းချိန်ကို အချိန်အတော်ကြာအောင် တာဝန်ယူခဲ့ပြီးဖြစ်သည်။ထိုအခြေအနေမျိုးနှင့် ရင်ဆိုင်ရသည်မှာ သူမအတွက် ပထမဆုံးအကြိမ်ဖြစ်သည်။ကျိုးဘိုသည် အမှန်တကယ်မတည်ရှိသော တံခါးကိုဖွင့်ခဲ့သော်လည်း သူသည် အပြင်ဘက်ရှိအရာကို မဖိတ်ခေါ်ပဲ တံခါးဆီသာလျှောက်ဝင်သွားခဲ့သည်။
"ကျိုးဘိုက တစ်ဖက်က ကျောင်းဆေးခန်းထဲ ဝင်သွားတာလား "
ချင်ကျွင်းရန်က ကျိုးကျွင်းဘက် လှည့်မေးလိုက်သည်။ကျိုးကျွင်း၏ မျက်နှာကား မဲမှောင်နေ၏။စုံစမ်းစစ်ဆေးရေးဌာနသည် အခန်း ၁၃အား တစ်စုံတစ်ခုပြုလုပ်ရန် အသုံးချလိုသောကြောင့် ဟန်သဲ့ကိုယ်ပိုင်ကျောင်းသို့ ဖိတ်ခေါ်ခဲ့သော်လည်း မတော်တဆမှုများက ဆက်လက်ဖြစ်ပွားလျက်ရှိသည်။
"မင်းတို့သာ ဌာနရဲ့စည်းမျဉ်းတွေကို လိုက်နာရင် တစ်ဝက်လောက်အသက်ရှင်နိုင်ဦးမယ် ဒါပေမယ့် မင်းတို့က ကိုယ်ပိုင်လမ်းကြောင်းကို ရွေးချယ်နေကြတယ် "
ကျိုးကျွင်းက အံကြိတ်လိုက်သည်။
သူတို့သည် ၅၁ယောက်မြောက်ကျောင်းသားနှင့်ပတ်သက်သည့် မှတ်ဉာဏ်အပိုင်းအစကို ရယူရန် ခြေတစ်လှမ်းသာဝေးသော်လည်း ကျိုးဘိုသည် အရူးသွပ်ဆုံးလမ်းကြောင်းကို ရွေးချယ်သွားခဲ့သည်။
"မင်း မျှော်လင့်ချက်တွေထဲမှာ ကျိုးဘိုက အသက်ရှင်ပုံမရဘူးထင်ပါရဲ့ "
ချင်ကျွင်းရန်က ကျိုးကျွင်းကို နှစ်သိမ့်လိုက်ပြီး
"ဒါပေမယ့် အဆင်ပြေပါတယ် ၊ ဒီအခန်းတွေမှာ အရူးတွေအများကြီး ရှိတာပဲ "
ကျိုးကျွင်း၏တုံ့ပြန်မှုမှတစ်ဆင့် ကောင်းမင်သည် အကြောင်းအရာအချို့ကို ရှာဖွေတွေ့ရှိခဲ့သည်။ စုံစမ်းစစ်ဆေးရေးဌာနသည် ၅၁ယောက်မြောက် ကျောင်းသား၏မှတ်ဉာဏ်အပိုင်းအစများလိုအပ်နေခြင်းဖြစ်သည်။ သူသည် ၎င်းတို့ကို ကျောင်းသားအိပ်ဆောင်တွင် ရယူခဲ့ခြင်း ဖြစ်သည်။
"အိပ်ဆောင်တွေက ကျောင်းသားကောင်စီရဲ့ နယ်မြေပဲ ၊ အဲဒီနောက်ပိုင်းမှာ အဲ့ဒီမှာ ကျောင်းစည်းကမ်းတွေကို ငါတို့ လိုက်နာရတယ် … အဲဒီတုန်းက သူက ငါတို့ဆီ အချက်အလက်တချို့ ပြန်ဖြန့်ဖို့ ကြိုးစားနေတာလား"
လူတန်းသည် ရှေ့ဆက်သွားနေ၏။နောက်အလှည့်ကား ယွမ်ဟွေ့ဖြစ်သည်။ကျိုးဘို၏ မတည်မငြိမ်ဖြစ်နေသော အခြေအနေနှင့် နှိုင်းယှဉ်ပါကယွမ်ဟွေ့သည် တွန့်ဆုတ်တွန့်ဆုတ် လုပ်နေခဲ့သည်။သူသည် ခုခံရန် လူများကိုစုစည်းနေပြီး ကျိုးကျွင်းကို သတ်နိုင်မည့်အခွင့်အရေးကို ရှာဖွေနေခဲ့သည်။
ကျန်းမာရေးဆရာမသည် စွမ်းအင်အများအပြားသုံး၍ ယွမ်ဟွေ့အား နံရံပေါ်ရှိပြတင်းပေါက်ကို ရင်ဆိုင်ဖိအားပေးလိုက်သည်။
"ငါ့ကိုပြောစမ်း ! မင်း ဘာမြင်လဲ "
ကျန်းမာရေးဆရာမအသံသည် အရင်ကလောက် ကျက်သရေမရှိတော့ပေ။
ယွမ်ဟွေ့သည် နောက်ဆုံးတွင် ခုခံခြင်းကို ရပ်တန့်လိုက်သည်။သူ့အသံသည် နာကျင်မှု နောင်တတရားတို့ဖြင့် နစ်ဝင်နေလေသည်။
"ငါဘတ်စ်ကားပြတင်းပေါက် အပြင်ကို မြင်ရတယ် ၊ အပြင်မှာ လုံးဝမှောင်မဲနေတာပဲ ၊ ငါတို့က ဘတ်စ်ကားအကြီးကြီးအထဲမှာပဲ ၊ ဘတ်စ်ကားက ဥမင်တစ်ခုထဲ မောင်းဝင်နေတာ ၊ အရမ်းမြန်တာပဲ ! "
"မှန်ထဲမှာ မင်းကဘယ်သူလဲ "
"မှန်ထဲမှာ လူတွေအများကြီးရှိတယ် ! အားလုံး အဲ့ထဲမှာပဲ ! အားလုံး ကြောက်စရာကောင်းလောက်အောင် သေသွားကြပြီ ! "
ယွမ်ဟွေ့က အော်ဟစ်လိုက်သည်။သူသည် ငိုကြွေးနေပြီး ထွက်ပြေးရန်ကြိုးစားနေလေသည်။ကျန်းမာရေးဆရာမသည် ယွမ်ဟွေ့အား မူလနေရာသို့ ပြန်ခေါ်လာရန်အစွမ်းကုန် ပြုလုပ်လိုက်ရပြီး နောက်ဆုံးတံခါးဆီခေါ်သွားလိုက်သည်။
"အခုရော ၊ မင်း မြင်ရသေးလား "
"ဘတ်စ်ကား မှောက်သွားပြီ ...ကားတံခါးအပြင်ဘက်မှာ လူတစ်ယောက်ရှိနေတယ် ! ငါ သူ့ကိုသိတယ် ! သူက ငါတို့အတွက် ရောက်နေတာပဲ ! "
ယွမ်ဟွေ့သည် စူးစူးဝါးဝါးအော်ဟစ်နေ၏။ယောက်ျားကြီးတစ်ယောက်က ယင်းကဲ့သို့အမြင့်သံအား မည်သို့အော်နိုင်ကြောင်းကို ကျောင်းသားများ နားမလည်နိုင်ဖြစ်နေကြသည်။
"မင်းမှာ ဒီလိုနက်ရှိုင်းတဲ့ နာကျင်မှုတွေ ၊ အပြစ်ရှိစိတ်တွေ ရှိနေတာပဲ ၊ အခု တံခါးကို ဖွင့်လိုက်ပါ ၊ သူ့ကို ခွင့်ပြုလိုက် ၊ သူ့ကို မင်းဝိဉာည်ထဲ ဝင်ခွင့်ပြုလိုက်ပါ "
ကျန်းမာရေးဆရာမ၏လက်များသည် သွေးများစီးကျနေတော့သည်။ယွမ်ဟွေ့ကို ထိန်းချုပ်ရန်အတွက် သူမသည် ယွမ်ဟွေ့၏ ယက်ကန်ယက်ကန်ဖြစ်နေသော လက်များဖြင့် အကြိမ်များစွာ ရိုက်မိခဲ့ပြီးဖြသ်သည်။
"မရဘူး ၊ ငါမလုပ်နိုင်ဘူး ! "
"ဘာလို့မလုပ်နိုင်ရတာလဲ "
"ငါတို့အားလုံး သေနေပြီမို့လို့ပဲ ! ငါတို့ သူ့ကို လူသေတွေပြည့်နေတဲ့ အခန်းထဲ ခွင့်မပြုနိုင်ဘူး ! "
ယွမ်ဟွေ့သည် ရှေ့ဘက်သို့ ပြေးတက်လိုက်ပြီး သူ့ဦးခေါင်းဖြင့် နံရံကိုဆောင့်တိုက်လိုက်သည်။
"ငါတောင်းပန်ပါတယ် ! ငါတောင်းပန်ပါတယ် ! ပြေးတော့ ! "
ထိုင်းမှိုင်းနေသော အသံတစ်ခုရှိနေခဲ့သည်။ သွေးများ စီးကျလာလေ၏။ယွမ်ဟွေ့ကိုထိန်းသိမ်းရန် ကျောင်းသားအနည်းငယ်သည် အတူတကွ ပူးပေါင်းလုပ်ဆောင်ခဲ့ရသည်။
"ငါတောင်းပန်ပါတယ် ၊ ငါမင်းကို ပြန်လာဖို့ မခေါ်ခဲ့သင့်ဘူး ၊ မင်းကားပေါ်မတက်ရဘူး ..."
သွေးများသည် မျက်ရည်များဖြင့်ရောနှောလျက် ယွမ်ဟွေ့သည် ကြမ်းပြင်ပေါ်ပြိုလဲသွားတော့သည်။
"သူ့ကို ခေါ်သွားတော့ "
ကျန်းမာရေးဆရာမ၏ ကျော့ရှင်းလှပမှုသည် မှေးမှိန်ပျောက်ကွယ်သွားချေပြီ။သူမသည် အခန်း၁၃အား မရင်းနှီးသော အကြည့်ဖြင့် စစ်ဆေးလိုက်သည်။ထိုကျောင်းသားအသုတ်သည် သူမထင်ထားသည်ထက် အများကြီး ကိုင်တွယ်ရခက်ပေသည်။လူတိုင်းတွင် စိတ်ပိုင်းဆိုင်ရာ ပြသနာများ ရှိကြပြီး သူတို့ ဖောက်ပြန်သည် ပုံစံသည် လုံးဝကွဲပြားနေခြင်းဖြစ်သည်။ သူတို့သည် မည်သို့သော ရူးသွပ်မှုမျိုးကို နိူးဆွမိမည်မှန်း ပြောပြရန် မဖြစ်နိုင်ပါချေ။