← Chapters

ကြောက်စရာကောင်းသော ဆရာရန်

Vol. 11 Ch. 159

ကြောက်စရာကောင်းသော ဆရာရန်

Vol. 11 Ch. 159

မာထုံသည် ကြောင်ပုံစံရေနွေးဘူးအဖုံးကို ဖွင့်လိုက်ပြီး ရေမျက်နှာပြင်ပေါ်မှ ဘယ်ရီသီးများကို မှုတ်လိုက်သည်။သူ့နူတ်ခမ်းပင် သပ်လိုက်သေးသည်။ အချိန်အတော်ကြာ အလုပ်ကြိုးစားခဲ့သည် သရဲတစ်ယောက်အနေဖြင့် သူသည် အခန်း၁၃ ထဲဝင်ပြီးနောက် ဘာမှမလုပ်တော့ဟု ဆုံးဖြတ်ခဲ့သည်။

အရင်က သူသည် ဓားစာခံတစ်ယောက်ကို ရှာဖွေရန် ခက်ခက်ခဲခဲလေ့လာခဲ့ရသည်။မနက်ပိုင်းတွင် သင်္ချာဆောင်မှ ကျောင်းစည်းမျဉ်းများကို သူလေ့လာခဲ့ပြီး ညပိုင်းတွင် အိပ်ဆောင်များတစ်လျှောက်လှည့်လည်၍ သားကောင်ကို ရှာဖွေခဲ့ရသည်။သူသည် သူ၏ သရဲဝိသေသလက္ခဏာကို စွန့်လွှတ်ကာ လူသားဖြစ်ရန် နေ့တိုင်း ကြိုးကြိုးစားစားအားထုတ်ခဲ့သည်။

သူသည် တစ်ခဏမျှပင် သတိမလွတ်ရဲခဲ့သော်လည်း ရလာဒ်က ဘာလဲ ။သူ့အခန်းဖော် သရဲများသည် စည်းကမ်းများဖြင့် ရိတ်သိမ်းခံရပြီး သူတို့၏ ဝိညာဉ်များပင် အက်ကွဲသွားကြသည်။ သူသည် သူ့နည်းလမ်းဖြင့် အခန်း၁၃ကို တွန်းအားပေသော်လည်း ယင်းက ကျောင်း၏ အခြားဗားရှင်းတစ်ခုဖြစ်မှန်း သိလိုက်ရသည်။စိတ်ချမ်းသာခြင်း သို့မဟုတ် ပိုင်ဆိုင်ရသည့်ခံစားချက်များ မရှိပေ။သူက ပတ်ဝန်းကျင်ကို အထိတ်တလန့်ကြည့်လိုက်သည်။မှန်ထဲမှ သူ့ပုံရိပ်သည် မရင်းနှီးသောလူတစ်ယောက်ဖြစ်လာခဲ့သည်။သူ့ငယ်ရွယ်မှုသည် ဖုန်မှုန့်အဖြစ် ပြောင်းလဲခဲ့ပြီးဖြစ်သည်။

သူ့အတန်းဖော်များ၏ လှပသော ရူးသွပ်မှုပုံစံများကို မြင်လိုက်ရသောအခါ မာထုံရှက်သွားသည်။ မှန်ထဲမှ သူ့ပုံရိပ်သည် သူအသက်ရှင်နေချိန်က ဘယ်လိုရှိလဲဆိုတာကို ပြသနေသည်။ သို့သော် သူ့ခန္ဓာကိုယ်သည် ပြိုကျပျက်စီး‌နေ၏။ သူ့ကိုယ်သူ မမှတ်မိနိုင်သို့မဟုတ် သတိမရနိုင်တော့ပါ။

မာထုံ နောက်ဆုံးတံခါးဆီသွားလိုက်သည်။အခန်း၁၃မှ ကျောင်းသားများဖြင့် ခြားနားစွာပင် တံခါးသည် သူ့ကို မတုန့်ပြန်ခဲ့ပေ။တိတ်ဆိတ်ခြင်းသည် လှောင်ပြောင်သံတစ်ခုကဲ့သို့ပင်။အခြားလူများအတွက် အမြဲတမ်းဖွင့်ပေးရန် အဆင်သင့်ဖြစ်နေခဲ့သောတံခါးသည် သူ့အတွက်တွင်မူ တင်းကျပ်စွာပိတ်နေလေ၏။အသာအယာလှုပ်သွားခြင်းပင် မရှိချေ။သူက ပတ်ဝန်းကျင်ကို ရှက်ကိုးရှက်ကန်းဖြင့်လှည့်ကြည့်လိုက်သည်။ကျန်းမာရေးဆရာမ၏ ရက်စက်သောအကြည့်သည် ယွမ်ဟွေ့အပေါ် အာရုံစိုက်နေခြင်းဖြစ်သည်။မာထုံအား ကြည့်ပင်မကြည့်ချေ။

"ဆရာမ ကျွန်တော် စစ်ဆေးပြီးသွားပါပြီ "

ယွမ်ဟွေ့နောက်တွင် တန်းစီခဲ့သော မာထုံက ခပ်တိုးတိုးပြောလိုက်သည်။ကျန်းမာရေးဆရာမသည် ခေါင်းငြိမ့်ရုံသာ တုန့်ပြန်လိုက်သည်။ကျန်းမာရေးဆရာမသည် စစ်ဆေးမှုရလာဒ်ကို မာထုံထံလွှဲပေးလိုက်သည်။သာမန်ရလာဒ်လေးကိုမြင်သောအခါ မာထုံသည် လောကကြီး၏ရယ်ဖွယ်ကောင်းမှုကိုသာ ‌ဝမ်းနည်းမိတော့သည်။စံနှုန်းအားလုံးအပေါ် 'လုံးဝကျန်းမာ‌ရေးကောင်းမွန်' ဟု သူရခဲ့သည့်အချက်အလက်မှာ ရူးချင်စရာပင်ဖြစ်သည်။ သူဖုံးကွယ်နေစရာမလိုတော့ပေ။ သူ့ပတ်ဝန်းကျင်ရှိ လူများသည် သူ့ထက်ပင် သရဲများနှင့်တူနေပေလေသည်။

"ညည်းညူမနေနဲ့ ! "

ဝမ်ကျားက မာထုံကို ဘေးသို့တွန်းလိုက်ပြီး

"လမ်းမှာပိတ်ရပ်မနေနဲ့ ၊ မင်းပြီးရင် သွားလေ ! "

မာ‌ထုံသည် ဝမ်ကျားကို နာကြည်းမုန်းတီးမှုဖြင့် ကြည့်လိုက်သည်။မာထုံက သူ့ရေနွေးဘူးကိုယူ၍ ထောင့်တစ်နေရာတွင် သွားထိုင်နေလိုက်သည်။ဖက်တီးက သူ့ဘေးနားလာထိုင်၏။သူ့လက်ထဲတွင် ဆီပေနေသော အိတ်ခွံတစ်လုံးရှိသည်။သူသည် မနက်စာစားပြီးပြီဖြစ်သော်လည်း အမှိုက်ပုံးကို ရှာမတွေ့ခဲ့ချေ။

"နောက်တစ်ယောက် ! "

ကျန်းမာရေးဆရာမသည် သရဲကျောင်းသားများကို လျစ်လျူရှုထားသည်။သူမအသံသည် နားဝင်ပီယံမရှိတော့ချေ။

လျိုယီသည် သူမ၏ဖောင်ကို ဆရာမထံပေးလိုက်ပြီး ပြတင်းပေါက်ရှေ့တွင် သွားရပ်လိုက်သည်။ဖောင်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် ကျန်းမာရေးဆရာမက သူမအခြေအနေကို ထိန်းညှိလိုက်သည်။လျိုယီ၏ ကျန်းမာရေးတင်ပြချက်သည် သာမန်နှင့်ကွာခြားနေကြောင်း သူမသတိပြုမိသည်။လျိုယီတွင် စူပါလူသားတစ်ယောက်၏ ကိုယ်၊စိတ် ကြံ့ခိုင်မှုရှိလေသည်။သူမလိုလူတစ်ယောက်သည် ဌာနသို့ဝင်လာပါက ဌာနချုပ်သို့ တိုက်ရိုက်ပို့ဆောင်ခံရမည်ဖြစ်သည်။

"နင့်ရဲ့ ရုပ်ပိုင်းဆိုင်ရာစံနူန်းက ငါ့မျှော်လင့်ချက်ထက်ကျော်နေတယ် ၊ နင့်ရဲ့ စိတ်ကျန်းမာရေးလည်း ကောင်းနေပါစေလို့ ငါတွေးမိတယ် "

ကျန်းမာရေးဆရာမက တခြားလူများ၏ ဖောင်များကို ချထားလိုက်သည်။သူမက လျိုယီ၏မျက်လုံးကို မှိတ်ပေးလိုက်သည်။သူမ၏ အလေးအနက်ဖြစ်မှုကို ပြသရန် ကျန်းမာရေးဆရာမသည်လည်း သူမမျက်လုံးများကို ပိတ်လိုက်လေသည်။

ကောင်းမင်နှင့်ကျန်လူများက လျိုယီအပေါ်အာရုံစိုက်နေကြသည်။လျိုယီသည် ထူးခြားသူဖြစ်ကြောင်း သူတို့သိသည် ဒါပေမယ့် ဘာကြောင့်လဲ ။သူတို့တွင် သဲလွန်စမရှိချေ။

"မစိုးရိမ်နဲ့ စိတ်လျှော့ထား ၊ နင်ငါ့အပေါ်တောင် မှီထားလို့ရတယ် "

ကျန်းမာရေးဆရာမသည် လျိုယီကို လမ်းပြနေ၏။တစ်မိနစ်လုံးလုံးကြာပြီးနောက် သူမက ကြင်နာစွာမေးလိုက်သည်။

"ပြတင်းပေါက်အပြင်ဘက် ကြည့်လိုက်ပါ ငါ့ကိုပြောပါဦး ဘာမြင်ရသလဲ "

"နံရံပေါ်မှာ ပြတင်းပေါက်တစ်ခုကို ပန်းချီဆွဲထားတယ် ၊ ပြတင်းပေါက်အပြင်ဘက်က နံရံပဲ "

လျိုယီ့အသံမှာ တည်ငြိမ်နေလေသည်။သူမသည် ပုံရိပ်ယောင်များ၏သက်ရောက်ခြင်းမခံရပေ။ကျန်းမာရေးဆရာမက မျက်ခုံးတွန့်သွားသည်။သူမကိုယ်သူမ စိတ်တည်ငြိမ်စေရန် တွန်းအားပေးလိုက်ပြီး လျိုယီကို မှန်ဆီခေါ်သွားလိုက်သည်။

"အခု နင်ဘာမြင်ရလဲ "

"ဒါက မှန်တစ်ချပ်ပဲ ၊ ကျွန်မက အရှေ့မှာ ရပ်နေတာ ပြီးတော့ ရှင်က ကျွန်မနောက်မှာ ရပ်နေတာပဲ ၊ ဒီမနက်မှာ ကျွန်မက ကျောင်းယူနီဖောင်းကို ဝတ်လာခဲ့တယ် ၊ ရှင်က စွန့်ပစ်ထားတဲ့ လူသားအင်္ဂါတွေနဲ့ ပေါင်းစပ်ထားပုံရတယ် ၊ ရှင်ဟာ ဘယ်သူမှ မလိုချင်တဲ့ အတွေးတွေကို ရော‌နှောပေါင်းစည်းထားရုံပဲ …”

"ပါးစပ်ပိတ်ထား ! တိတ်စမ်း ! "

ကျန်းမာရေးဆရာမက သူမ၏လက်တစ်ဖက်ဖြင့် လျိုယီ၏ပါးစပ်ကို အုပ်လိုက်သည်။ကျန်းမာရေးဆရာမ၏ အသက်ရှုသံမှာ လေးလံလာခဲ့သည်။သူမမျက်နှာသည် အရင်လိုလှပမနေတော့ပေ။သူမ၏ ချောမွေ့သောအရေပြားပေါ်တွင် အမည်းရောင်အစက်အပြောက်များ ထွက်ပေါ်လာလေသည်။

"ငါ့မေးခွန်းတွေကိုဖြေစမ်း ! "

လျိုယီနှင့်ကျန်းမာရေးဆရာမသည် တံခါးဆီရွေ့သွားကြသည်။

"တံခါးအပြင်ဘက်မှာ ရပ်နေတာ ဘယ်သူလဲ ၊ သူနင့်ကို ဘာပြောနေတာလဲ "

လျိုယီက ချက်ချင်းပြန်မဖြေခဲ့ပေ။တံခါးကား မည်သည့်ပြောင်းလဲမှုကိုမှ ပြသခြင်းမရှိပေ။

"ဒါက နံရံပေါ်မှာ ဆေးခြယ်ထားတဲ့ ပန်းချီတစ်ချပ်ပါပဲ ၊ ဆရာမ ပစ္စည်းတွေက တစ်ခုခုမှားနေတာလား ဒါမှမဟုတ် ရှင့်စွမ်းအားက ကျွန်မအပေါ်အလုပ်မဖြစ်တာလား"

ကျန်းမာရေးဆရာမက သူမလက်များကို လွှတ်လိုက်ပြီး မျက်လုံးများက သူမလက်ဖဝါးထဲကို နစ်ဝင်သွားသည်။ လျိုယီသည် သူမကို လှောင်ပြောင်နေသကဲ့သို့ ခံစားရသည်။

"ငါ့စွမ်းအားရော ငါ့ပစ္စည်းရော ဘာမှ မှားနေတာမရှိဘူး ၊ တစ်ခုတည်းသော ပြဿနာက နင်ပဲ ! "

"ဘာကိုပြောချင်တာလဲ "

လျိုယီ အံ့သြသွားသည်။

"ကျွန်မ တကယ်ကို ဘာမှ မတွေ့ခဲ့ရပါဘူး "

“ဒါပေမယ့် နင်မြင်ခဲ့တယ်…” ကျန်းမာရေးဆရာမက သူမဘာသာ ရပ်တန့်လိုက်သည်။လျိုယီသည် အရာအားလုံးကို မြင်သော်လည်း သူမ လျိုယီကို မေး‌သောအခါ လျိုယီက သူမအကြောင်း တစ်ခွန်းမှပြောခဲ့ဘဲ ကျန်းမာရေးဆရာမနှင့် ပတ်သက်သမျှကို ထုတ်ဖော်ခဲ့လေသည်။

"ကျွန်မ ဘာမြင်ခဲ့တာလဲ "

လျိုယီက ကျန်းမာရေးဆရာမရှေ့တွင် ရပ်လိုက်သည်။သူမသည် ဆရာမထက်အရပ်ပိုရှည်လေသည်။

ကျန်းမာရေးဆရာမက ဖောင်ကို လျိုယီထံပြန်ပေးလိုက်သည်။သူမသည် ဒေါသတကြီးဖြင့် ပြန်လှည့်လာပြီး စောင့်ဆိုင်းနေသော ကျောင်းသားများကို အော်ဟစ်လိုက်သည်။

"နောက်တစ်ယောက် ! "

"ငါတို့ရဲ့ ကြင်နာတတ်၊ တာဝန်သိတတ်၊ နူးညံ့သိမ်မွေ့ပြီးဖော်ရွေတတ်တဲ့ ဆရာမကို သူတို့ ဘယ်လောက်အထိ တွန်းပို့ခဲ့သလဲ ကြည့်စမ်း "

ဖက်တီးသည် ကျန်းမာရေးဆရာမကို သနားနေလေသည်။

"မင်းမှန်တယ် ၊ ငါတို့အတန်းထဲ ပထမဆုံးစဝင်တုန်းက ဆရာမက အရမ်းကောင်းမွန်ပြီး ဘယ်တော့မှ ရူးသွပ်သွားမှာမဟုတ်ဘူးလို့ တွေးခဲ့သေးတယ် "

မာထုံသည် သူ့ရေနွေးဘူးကို ကိုင်ထားပြီး ပတ်ဝန်းကျင်အား အပြစ်ကင်းစင်စွာ ကြည့်ရှုလိုက်သည်။

"ငါ့အလှည့်ပဲ "

ကျိကျဲက အသက်ဝဝရှူလိုက်ပြီး ကျန်းမာရေးဆရာမဆီလျှောက်သွားလိုက်သည်။ကျန်းမာရေးဆရာမသည် အတော်ပင် ဒေါသထွက်နေဆဲဖြစ်သည်။သူမသည် သူမ၏ခံစားများကို အကောင်းဆုံးကြိုးစားထိန်းချုပ်ထားသောကြောင့် အခြားကျောင်းသားများ၏စမ်းသပ်မှုများအပေါ် သက်ရောက်စေခြင်းမရှိပေ။

"ဆရာမ ပထမဆုံး ကျွန်တော်ဆရာမကို တစ်ခုခု အသိပေးဖို့လိုတယ် "

ကျန်းမာရေးဆရာမသည် စိတ်တည်ငြိမ်အောင် မထိန်းနိုင်သေးမီ ကျိကျဲက သူမဘေးတွင်ရပ်လိုက်လေသည်။

"ကျွန်တော့်နောက်မှာ မရပ်ပါနဲ့ "

ဆရာမ၏မျက်လုံးများက တွန့်သွားပြီး စိတ်တည်ငြိမ်စေရန် အသက်ဝဝရှူလိုက်သည်။

"ကျောင်းသား ငါဘာကြောင့် မင်းနောက်မှာရပ်လို့မရတာလဲ ပြောပြပါလား "

"ဘာလို့ဆို ကျွန်တော်က ရွေးချယ်ခံတစ်ယောက်လေ "

"ဘာကြီး "

ကျန်းမာရေးဆရာမသည် ကျိကျဲကို ထပ်မံမစစ်ဆေးချင်တော့ပေ။ထိုကလေးသည် စိတ်ပိုင်းဆိုင်ရာပြဿနာကြီးတစ်ခုရှိနေကြောင်း သူမသိသည်။

"ကျွန်တော့်နောက်မှာ အရမ်းကြောက်စရာကောင်းတဲ့ သရဲတစ်ကောင်ရှိတယ် "

ကျိကျားသည် သူ့မျက်နှာပေါ်တွင် ဆန်းကြယ်သောအပြုံးတစ်ခုကို ဆင်မြန်းလိုက်သည်။သူ့လက်ကို ဆန့်ထုတ်လိုက်ပြီး ဆရာမပုခုံးနောက်ဘက်တွင် ရှုပ်ပွနေသော ဆံပင်များကို သပ်ချပေးလိုက်သည်။

"ကျွန်တော်လည်း ဘာလုပ်ရမှန်းမသိဘူးဖြစ်နေတာ "

ကျန်းမာရေးဆရာ၏ လည်ပင်းတွင် ကြက်သီးများတရွရွတက်လာလေသည်။ သူမသည် အဆင်မပြေမှုများကို ချေဖျက်ရန် ကျိကျဲ၏နှာခေါင်းကို လက်သီးတစ်ချက် ကျွေးချင်သွားသည်။ ကျန်းမာရေးဆရာမကို သတိပေးပြီးနောက် ကျိကျဲသည် ပြတင်းပေါက်ဆီသို့ လျှောက်သွားလိုက်သည်။

"လာပါ ၊ စမ်းသပ်မှုလေး စလိုက်ရအောင် "

သတိပေးလိုက်သော်လည်း ကျန်းမာရေးဆရာမက ကျိကျဲနောက်တွင် ရပ်လိုက်မြဲဖြစ်သည်။သူမ၏ လက်များဖြင့်ကျိကျဲ၏ မျက်လုံးများကို ဖုံးအုပ်လိုက်သည်။

"မင်းရှေ့မှာ ပြတင်းပေါက်တစ်ချပ်ရှိတယ် ၊ အခု မင်းဟာ ပြတင်းပေါက်အပြင်ဘက်ကြည့်ဖို့ တဖြည်းဖြည်းသွားနေတယ် "

ကျိကျဲသည် အချိန်အတန်ကြာသည်အထိ မတုန့်ပြန်သဖြင့် ကျန်းမာရေးဆရာမက ညင်သာစွာတိုက်တွန်းလိုက်၏။

"ငါကိုပြောပါ ၊ ပြတင်းပေါက်အပြင်ဘက်မှာ မင်းဘာမြင်ရလဲ "

"ကျွန်တော် ပြတင်းပေါက်ကို မမြင်ဘူး ...."

ကျိကျဲ၏အသံသည် ထုံထိုင်းနေပြီး စက်ရုပ်ဆန်နေ၏။သူသည် ကျန်းမာရေးဆရာမ၏လွှမ်းမိုးမှုအောက်သို့ လုံးဝ‌ကျရောက်နေခြင်းဖြစ်သည်။

"ဒါဆို မင်းဘာမြင်လဲ "

ဆရာမသာမက ကျောင်းသားများပင် သိချင်သွားကြသည်။သူတို့သည် ကျိကျဲ၏လျှို့ဝှက်ချက်ကို သိချင်သောကြောင့် သူ့နားတွင်စုစည်းလာကြသည်။

"နံရံပေါ်မှာ ပြတင်းပေါက်မရှိဘူး ....ဒါပေမယ့် လူသေပုံတူကြီး ...."

ကျိကျဲက မသဲမကွဲရေရွက်လိုက်သည်။

"လူသေဓာတ်ပုံတစ်ခုလား "

ကျန်းမာရေးဆရာမသည် ဘာမှားသွားမှန်းမသိသော်လည်း တစ်စုံတစ်ရာက သူမအားဆွံ့အသွားစေသည်။နံရံပေါ်ရှိပြတင်းပေါက်သည် ဆက်လက်ပြောင်းလဲနေခဲ့သည်။ယင်းသည် အသားကိုခွဲခံလိုက်ရသော အရေပြားနှင့်တူသည်ဟု ခံစားရသည်။ပြတင်းပေါက်ရှိအရောင်များသည် သွေးများဖြင့်စိုရွှဲလာ၏။ပြတင်းပေါက်သည် ဖြည်းညင်းစွာပင် ပန်းချီကားဘောင်နှင့် ပိုတူလာလေသည်

"ဒါဆို... ဓာတ်ပုံထဲမှာ မင်းဘာမြင်ရသလဲ"

"အထဲမှာ ပန်းချီဆွဲနေတဲ့ အလောင်းတစ်ခုရှိတယ် "

ကျိကျဲ ထိုသို့ပြောပြီးသည်နှင့် ပြတင်းပေါက်သည် အဖြူအမည်းလူသေဓာတ်ပုံအဖြစ် လုံးဝပြောင်းလဲသွားလေသည်။လူသေဓာတ်ပုံထဲတွင် အလောင်းတစ်လောင်းသည် စုတ်တံအား ရူးသွပ်စွာဝေ့ယမ်းနေ၏။

"ဒါ ဘာပန်းချီကားလဲ "

ကျန်းမာရေးဆရာမသည် အရင်က ထိုကဲ့သို့ တစ်ခါမှ မကြုံဘူးချေ။မသိစိတ်ဖြင့် သူမ မေးလိုက်မိသည်။

"ဒါ ပန်းချီကား ...ဒီကျန်းမာရေးစာသင်ခန်းနဲ့ ကျောင်းဆေးခန်းပုံပဲ ! ၊ ဒါက စာသင်ခန်းအပြင်ဘက်မှာပဲ ၊ ဒီစာသင်ခန်းနဲ့ ကျောင်းဆေးခန်းအပြင်က နံရံမှာ ပန်းချီဆွဲနေတာ ! "

ဓာတ်ပုံထဲမှ လူသေအလောင်းသည် ကျောင်းသားအလောင်းများကို ရူးသွပ်စွာရေးဆွဲနေ၏။၎င်းသည် ဆေးကုသဆောင်နံရံတွင် အပြစ်မဲ့သူ၏သွေးများကို ပက်ဖြန်းသွားခဲ့သည်။ နာကြည်းခြင်းအခန်းနံရံအပြင်ဘက်တွင် ကျောင်းသားများ၏ ဆိုးရွားစွာသေဆုံးသည့် ပုံများကို ပန်းချီဆွဲထားသည်။ရုတ်တရက်စာသင်ခန်းထဲရှိအလင်းရောင်သည် မဲမှောင်သွားလေ၏။မထင်ရှားသောထောင့်တွင် သွေးများက စာသင်ခန်းထဲသို့ စိမ့်ဝင်လာကြသည်။

"ဘာလို့ ဒီလိုအရာတွေကို မင်းမြင်နေရတာလဲ ၊ သာမာန်ဆို မင်းဘာအကြောင်းတွေတွေးနေတာလဲ "

ဆရာမသည် ထိတ်လန့်နေလေသည်။ ကျန်းမာရေး စာသင်ခန်းနှင့် ကျောင်းဆေးခန်းသည် နာကြည်းခြင်းအခန်းများနှင့်ကပ်လျက်ဖြစ်သည်။နာကြည်းခြင်းအခန်းကို တစ်စုံတစ်ခုက ဘယ်လိုဆွဲနိုင်မှာလဲ ။

ကျန်းမာရေးဆရာမကို အံ့အားသင့်စေရန် နံရံရှိ ပြတင်းပေါက်သည် ထိုကဲ့သို့ ပျောက်ကွယ်သွားခဲ့သည်။ ထို့အစား တစ်စုံတစ်ယောက်က နံရံပေါ်တွင် လူသေဓာတ်ပုံတစ်ခု ရေးဆွဲခဲ့သည်။

ကျန်းမာရေးအခန်းရှိ မူမမှန်မှုသည် ကျောင်းဆေးခန်းထဲတွင် ပြဿနာများ ဖြစ်သွားစေခဲ့သည်။တစ်ဖက်တံခါးရှိ ကျောင်းဆေးခန်းမှ ထူးဆန်းသောအသံများထွက်ပေါ်လာ၏။ယင်းသည် အလွန်ခြောက်ခြားဖွယ်ရာပင်။

ကျန်းမာရေးဆရာမသည် ကျိကျဲ၏သတိပေးချက်ကို ပြန်တွေးလိုက်မိသည်။သူမသည် သူ့အား ပြတင်းပေါက်ရှေ့တွင် ကြာကြာမနေခိုင်းဝံ့တော့ပေ။သူ့အား မှန်ဆီခေါ်သွားလိုက်သည်။

"အခု မင်းဟာ မှန်တစ်ချပ်ကိုကြည့်နေတယ် ၊ မင်းရဲ့ အသုံးမဝင်တဲ့ အတွေးတွေကို စွန့်ပစ်ပြီး မင်းအစစ်အမှန်ကို မှန်ထဲမှာ ကျန်ခဲ့ပါစေ "

ကျန်းမာရေးဆရာမက ကျိကျဲကို လမ်းညွှန်ရန် အကောင်းဆုံးကြိုးစားနေခဲ့သည်။သူမသည် ကျိကျဲအိတ်ကပ်ထဲရှိလူသေဓာတ်ပုံမှာ အလွတ်ဖြစ်သွားကြောင်း သတိမပြုမိလိုက်ပေ။ဓာတ်ပုံထဲရှိ ‌အမှောင်ထုနှင့်အရောင်များသည် ပျောက်ကွယ်သွားပြီဖြစ်သည်။

"အဲ့ဒါကို မခုခံနဲ့ ၊ မင်းရဲ့ကြင်နာမှု ၊ ယုတ်မာမှုတွေကို ပြသစေလိုက်ပါ "

မှန်ထဲမှာတော့ ကျိကျဲ သူ့ထုံးစံအတိုင်း သူနဲ့ လုံးဝ မတူပါပေ။ သူ့မျက်လုံးများ မှိတ်သွားသည်။သူသည် မှန်ထဲတွင် ရပ်နေပြီး မှန်ကိုလက်သီးဖြင့်ထိုးလိုက်လေသည်!။

အဆုံးမရှိသော ဆိုးယုတ်မှုများသည် ကျိကျဲထံမှ သွန်ကျလာ၏။စာသင်ခန်းထဲရှိ မီးရောင်များပြေးထွက်သွားကြသည်။ကျိကျဲ၏ ပုံရိပ်သည် မှန်အပြင်ဘက် တိုးထွက်လာချင်နေလေသည်!။

"ဒါက သူ့ရဲ့အစစ်အမှန်လား "

"သူ့ထဲမှာ ပုန်းကွယ်နေတဲ့ သားရဲကြီးတစ်ကောင်ရှိတာပဲ ! "

"ဆိုးယုတ်မှုတွေက လူတစ်ယောက်အဖြစ်ကြီးထွားလာတာလား "

ကျောင်းသားများသည် အသံဗလံများ ဆူညံသွားသည်။ ကောင်းမင်လည်း ထိတ်လန့်သွားခဲ့သည်။ရှရန်သည် ဤမျှသန်မာလာမည်ဟု သူမထင်ခဲ့ပေ။

"ရှရန်က အနုပညာဆရာမရဲ့ နာကြည်းခြင်းအခန်းကို အစာချေလိုက်ပြီလား ၊ သူ့ လူသေပုံတူက ပိုကြောက်စရာကောင်းလာတယ် ! "

All Chapters