မှန်ထဲက ကောင်းမင်
Vol. 11 Ch. 160
ကျန်းမာရေး စာသင်ခန်း နံရံများ အလွှာလိုက်ကွာကျလာသည်။လူတိုင်းသည် မှန်ပြင်အား လေးစားမှု၊ ကြောက်ရွံ့မှုတို့ဖြင့်ကြည့်ရှုလိုက်ကြသည်။ပြေးလွှားနေသောဆိုးယုတ်မှုများက အနောက်တိုင်းဝတ်စုံတစ်ဝိုက်လွန်းထိုးနေကြသည်။ မှန်ထဲမှ ကျိကျဲက သူ့လည်စည်းကို ဆွဲချွတ်လိုက်သည်။သူ၏မျက်လုံးများသည် နတ်ဘုရားအသစ်တစ်ပါးကဲ့သို့ မောက်မာစွာ တောက်ပနေသည်။ လူအများ၏ ကြည်ညိုမှုကို ခံရပြီးနောက် ကျိကျဲသည် ပုံမှန်အားဖြင့် ဖောင်တိန်ကိုင်ထားသည့် သူ့လက်ချောင်းများကို ကိုက်ဖောက်လိုက်သည်။ အနီရောင်ဆေးသားများက သူ့လက်ကောက်ဝတ်တစ်လျှောက် စီးကျသွားလေသည်။
"သူ ဘာလုပ်နေတာလဲ "
"မှန်ထဲမှာ သူပန်းချီဆွဲမလို့လား "
"မှန်ထဲက သူ့ပုံရိပ်က ဘာလို့ သူ့ထက်အများကြီး ချောမောနေရတာလဲ "
ကျိကျဲသည် ပန်းချီစုတ်တံမလိုအပ်ပေ။သူ့ပုံရိပ်က မှန်ပြင်ဆီဆန့်ထုတ်လိုက်သည်။မှန်ပြင်ပေါ်တွင် သွေးလိုင်းများ ပေါ်ပေါက်လာလေသည်။သူသည် ပန်းချီဆွဲနေခြင်းမဟုတ်သော်လည်း ပန်းချီကားများကို ရေးဆွဲရန် ရုန်းကန်နေရသည်။ သွေးလိုင်းများက သူတို့ကိုယ်သူတို့ ဆွဲဆောင်မှုရှိသော ပန်းချီများအဖြစ် စီစဉ်ပေးနေ၏။ပထမတွင် ကျိကျဲ၏ပန်းချီကားဖြစ်ပြီး နောက်ပိုင်း ကျိကျဲ၏နောက်ဘက်မှ ကျန်းမာရေးဆရာမ၏ပန်းချီကားတစ်ချပ်ရှိလာလေသည် ။ကျန်းမာရေးဆရာမ၏ ပုံတူပန်းချီကို ပြီးမြောက်သွားသောအခါတွင် ကျန်းမာရေးဆရာမသည် ဆိုးရွားလှသော အနံ့အသက်ကို ထုတ်လွှတ်လိုက်သည်။ သူမ၏ လက်များသည် ပြုတ်ကျလုနီးပါး ဖြစ်နေပုံရလေသည်။
မှန်ထဲမှလူသည် သူ့လက်ချောင်းများကို အောက်ချလိုက်သည်။သွေးလိုင်းများသည် ပိုရှုပ်ထွေးလာ၏။ကျန်းမာရေးဆရာမ၏ အသိစိတ်ကို ဖန်တီးပေးသည့် ဝိညာဉ်များကို ပုံဖော်ရန် အရိပ်များသည် ကျန်းမာရေးဆရာမ၏ပုံဖြင့် ထပ်နေလေသည်။ကျိကျဲဆွဲခဲ့သော အရိပ်တစ်ခုချင်းစီနှင့်အတူ ကျန်းမာရေးခန်းမှ ထွက်ပေါ်လာသောအနံ့ဆိုးသည် ပိုမိုပြင်းထန်လာလေသည်။မှန်ထဲတွင် ကျိကျဲသည် ကစားစရာအရုပ်အသစ်တစ်ခု ရှာတွေ့လိုက်ကဲ့သို့ ပိုစိတ်လှုပ်ရှားလာလေသည်။လက်ချောင်းဆယ်ချောင်းသည် ကခုန်နေကြသည်။လှပသောအရုပ်လေးကို သူကိုက်လိုက်ရာ သူ့မျက်လုံးထဲတွင် သွေးများစီးဆင်းလာလေတော့သည်။
ကျန်းမာရေးဆရာမသည် မယုံကြည်နိုင်စွာဖြင့် သူ့လက်နှစ်ဖက်ကို လက်လွတ်လိုက်ရသည်။သူမသည် လျင်မြန်စွာနောက်ဆုတ်လိုက်၏။သူမ၏ နက်မှောင်သောဆံပင်များသည် ကျွတ်ကျလာပြီး သူမအဝတ်အစားအောက်ရှိ အရေပြားသည် လျော့ရဲသွားလေသည်။သူမ၏ချောမွတ်နေသောအရေပြားများအက်ကွဲသွားကြပြီး သူမခန္ဓာကိုယ်ကား ပြိုကျလာတော့သည်။
အခန်း၁၃ရှိ ကျောင်းသားများက အရာအားလုံးကို စစ်ဆေးနေကြခြင်းဖြစ်သည်။သူတို့သည် ယခုအတန်းတွင် သေဆုံးနိုင်သည်ဟု တွေးခဲ့ကြသော်လည်း တစ်နည်းနည်းဖြင့် ကျန်းမာရေးဆရာမသည် ပထမဆုံးအဖြစ် သေဆုံးမည့်မျဉ်းပေါ် ရောက်နေချေပြီ။
"ကျဲကျဲရဲ့ ပုံရိပ်က သူ့နောက်ကျောက သရဲများလား "
မှန်မျက်နှာပြင်အား များစွာသော သွေးစွန်းပန်းချီများဖြင့် တန်ဆာဆင်ခဲ့သည်။ရိုးရှင်းသောမှန်ကမ္ဘာသည် မှောင်မိုက်သောလမ်းကြားတစ်ခုဖြစ်လာသည်။ လမ်းဘေးနှစ်ဖက်စလုံးတွင် သေဆုံးသူများ၏ ပုံတူများဖြင့် ချိတ်ဆွဲထား၏။ ရူးသွပ်နေသည့် ပန်းချီဆရာသည် အနုပညာထဲတွင် နှစ်မြုပ်နေခဲ့သည်။သန့်စင်မှုနှင့် ညစ်ညမ်းမှုကို မှန်တစ်ချပ်ဖြင့် ပိုင်းခြားထားခြင်းဖြစ်သည်။
ကျန်းမာရေးဆရာမက စတင်ရုံသာရှိသေးသည်။ကျိကျဲသည် အခန်းထဲက ကျောင်းသားတိုင်းကို ရေးဆွဲချင်နေလေသည်။နာကြည်းခြင်းအခန်းကိုသူကျူး ကျော်လိုက်သောအခါ သူက တစ်စုံတစ်ခုကို မြင်လိုက်ပုံရပြီး အခြားကျောင်းသား၅၀၏ ပန်းချီကားများကိုဖန်တီး၍ ကောင်းမင်ကို ကူညီရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
"အစ်ကိုမာ ငါ့ခြေထောက်တွေကို ဘာလို့ခံစားလို့မရတော့တာလဲ "
ဖက်တီးက ပလက်စတစ်အိတ်ကို ကိုင်ထားသည်။ရုတ်တရက်သူသည် မတ်တပ်မရပ်နိုင်တော့ကြောင်း သဘောပေါက်လိုက်သည်။သူ့ခြေထောက်ထဲတွင် သွေးကြောငယ်များ လှုပ်ရှားနေလေသည်။
"မင်းမနက်စာက အဆိပ်သင့်နေလို့လား "
မာထုံထိုသို့ပြောလိုက်သည်နှင့် သူ့လက်ချောင်းများကို ထိန်းချုပ်မရတော့ပေ။သူ့ရေနွေးဘူးသည် ကြမ်းပြင်ပေါ်ပြုတ်ကျသွားတော့သည်။သူသည် ကြောင်ရေနွေးဘူးလေးကို မယုံကြည်နိုင်စွာဖြင့် ကြည့်လိုက်သည်။ထို့နောက် မှန်ထဲရှိ ကျိကျဲထံလှည့်ကြည့်လိုက်သည်။မှန်ထဲမှ ကျိကျဲသည် အခန်း ၁၃မှ ကျောင်းသားတိုင်းကို ရေးဆွဲချင်နေခြင်းဖြစ်သည်။သူသည် သူတို့အားလုံးကို သတ်ချင်နေခြင်းလား သို့မဟုတ် သူတို့ဝိဉာည်များကို သူ့စုဆောင်းမှုထဲ သိမ်းထားချင်သည်လား မရှင်းလင်းပေ။
"ကျိကျဲ ! မင်းဘာလုပ်နေတာလဲ "
ကျိုးကျွင်းသည် အမှန်တကယ်စိုးရိမ်နေ၏။ကျန်းမာရေးဆရာမသည် နှိပ်စက်ညှင်းပန်းခံခဲ့ရပြီး ကျိကျဲသည် တစ်တန်းလုံးကို စတေးရန်ကြံစီနေခဲ့သည်။အခန်း၁၃ တစ်ခုလုံးကိုသတ်ဖြတ်ခြင်းသည် မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနပင် ဆုံးဖြတ်နိုင်သောအရာမဟုတ်ပေ။
ပိုများသောကျောင်းသားများ လဲပြိုကျကုန်ကြသည်။ယွမ်ဟွေ့သည် ဟိန်းဟောက်လိုက်ပြီး ကျိုးကျွင်းကို တိုက်ခိုက်လိုက်သည်။
"အဲ့တာ မင်းပဲဖြစ်မယ် ! ကျိုးကျွင်း မင်းက ငါတို့အားလုံးကို သတ်ချင်နေတာလား ! "
"ဖြစ်သမျှအားလုံး ငါ့ကို အပြစ်တင်မနေနဲ့ ! "
ကျိုးကျွင်းက ယွမ်ဟွေ့ကို လက်သီးနဲ့ထိုးလိုက်ရင်း ပြာယာခတ်သွားသည်။ အကယ်၍ ဤလက်သီးဖြင့် ထိမိပါက ဒဏ်ရာရပြီးသား ယွမ်ဟွေ့သည် အသက်ရှင်နိုင်လိမ့်မည် မဟုတ်ချေ။
"ကျိုးကျွင်း ငါတို့ မင်းကို ယုံတယ် ၊ မြန်မြန် မင်းလူတွေကို ရပ်ခိုင်းလိုက်တော့ "
စီဆန်းက လက်သီးချက်ကို ခံယူလိုက်သည်။အရင်က ထိုအားကစားသမားကောင်သည်ပင် အထိုးခံရပြီးနောက် မတ်တပ်ရပ်ရုံမျှသာရပ်နိုင်သည်။
"ငါ ထပ်ပြောမယ် ! ဒါက ငါနဲ့ ဘာမှ မဆိုင်ဘူး ! "
ကျိုးကျွင်းက ကျိကျဲအား ရက်စက်စွာကြည့်လိုက်သည်။တချို့အကြောင်းပြချက်များကြောင့် ကျိကျဲ၏ပုံရိပ်သည် လူတိုင်းကို ပန်းချီဆွဲခဲ့သော်လည်း သူ့ကို ချန်ထားခဲ့လေသည်။
"ဒီ ခွေးသား ! "
ကျိုကျွင်း၏ ရုပ်ပိုင်းဆိုင်ရာနှင့် တိုက်ခိုက်စွမ်းရည်သည် အခြားကျောင်းသားများထက် အဆပေါင်းများစွာ မြင့်မားသည်။ ထို့အပြင် သူတွင် စီတုအန်းပေးထားသော ဝှက်ဖဲတစ်ချပ်ရှိသည်။သီအိုရီအရ သူသည် အဆင့်၃ မူမမှန်ဖြစ်ရပ်တွင်ပင် အဆင်ပြေလိမ့်မည်ဖြစ်သည်။သို့သော်လည်း သူသည်အခန်း ၁၃တွင် အလွန်မလုံခြုံမှုကို ခံစားနေရသည်။
ယွမ်ဟွေ့ကဲ့သို့ အရူးများကို ဖြေရှင်းရန်လွယ်ကူသော်လည်း ပြဿနာအစစ်မှာ အခြားလူများဖြစ်သည်။ဝမ်ကျားနှင့်တုပိုင်သည် သူ့အနား တိတ်တဆိတ်ချဉ်းကပ်လာကြသည်။သူတို့အင်္ကျီလက်ထဲတွင် တစ်ခုခုရှိနေ၏။တင်းယွမ်သည်လည်း ကျိုးကျွင်း၏နှလုံးသားနောက်ဘက်သို့ ချိန်ရွယ်ထား၏။တိတ်ဆိတ်နေသော ကောင်းမင်လည်း ရှိနေသေးသည်။
ကျိုးကျွင်းသည် အခန်း၁၃ ကို အလွယ်တကူ ထိန်းချုပ်နိုင်ပြီး သူ့အတန်းဖော်တွေကို ပူးပေါင်းလုပ်ဆောင်စေရန်ဖိအားပေးမည်ဟု တွေးထားပေ သော်လည်း ထိုလူရူးများက သူ့ကို တားဆီးရန် ဘာမဆို လုပ်ကြလိမ့်မည်ဖြစ်သည်။
"ကျိကျဲ ! ရပ်လိုက်တော့ ! "
ကျိုးကျွင်းသည် ဌာန၏ အစစ်အမှန်ရည်ရွယ်ချက်များဖြင့် ရင်းနှီးသည်။ဌာနသည် အိမ်ပိုင်ရှင်အား သော့ပေးခိုင်းသည့် သူခိုးများနှင့်တူသော်လည်း ထို့အစား အိမ်ပိုင်ရှင်က ပြတင်းပေါက်မှ ခုန်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။
စီဆန်းနှင့် အချိန်မဖြုန်းတော့ပဲ ကျိုးကျွင်းက ကျိကျဲကို တိုက်ခိုက်လိုက်သည်။
"နိူးထစမ်း ! "
သူသည် ကျိကျဲကို မှန်ထဲမှ တွန်းထုတ်ရန် တိုက်ရိုက်အကျဆုံးနည်းလမ်းကို အသုံးပြုခဲ့သည်။
"ကျိုးကျွင်း ! ကျိကျဲကို သတ်ဖို့လုပ်နေတယ်ဟေး! "
လူအုပ်ထဲမှ တစ်ယောက်က ထအော်လိုက်သည်။ကျိကျဲနှင့်ကျိုးကျွင်းတို့ကို လူခွဲရန် လူတိုင်းက လျင်မြန်စွာ လှုံ့ဆော်ခဲ့ကြသည်။ ကျိကျဲအားကြောက်စရာအကောင်းဆုံး သရဲမှ ရွေးချယ်ခဲ့ခြင်းကြောင့် ယခုအခါ သူသည် လူအများ၏ မျှော်လင့်ချက် ဖြစ်လာခဲ့သည်။လူအုပ်ကြီးက တရွရွဖြစ်နေခဲ့သည်။မှန်ပေါ်တွင် နောက်ထပ်ကျောင်းသားများ ပန်းချီဆွဲခံနေရသည်။ အတန်းသည် အလွန်ပင် ဖရိုဖရဲဖြစ်နေတော့သည်။
"ပိုင်ရှောင်! စစ်ကူခေါ်လိုက်တော့ ! တခြားစုံစမ်းရေးမှူးတွေကို အခုပဲ အကြောင်းကြားပါ!”
ကျိုးကျွင်းသည် အသတ်အဖြတ်ဆန္ဒကို ခံစားလိုက်ရသည်။သူ့လက်မှ အမွေးများ ထောင်မတ်လာသည်။သူ့ပတ်ဝန်းရှိလူတိုင်းသည် အန္တရာယ်အရိပ်အယောင်များရှိနေလေ၏။
အကွာအဝေးတစ်ခုမှ စောင့်ကြည့်နေသော ပိုင်ရှေင်သည် သူ၏အနက်ရောင်ဆက်သွယ်ရေးစက်ကို အသာအယာထိတွေ့လိုက်သည်။သူသည် အခြားစုံစမ်းရေးမှူးများနှင့်ခြားနားသည်။စီတုအန်းသည် သူ့ကိုတန်ဖိုးထားသောကြောင့် သူ့အား အခန်း၁၃တွင် ကျောင်းသားအဖြစ် ဝင်ရောက်၍ ကျိုးကျွင်းနှင့်ပူးပေါင်းရန် ပြောခဲ့သည်။ပိုင်ရှောင်သည် ယင်းအား လွယ်ကူသည့်မစ်ရှင်တစ်ခုအဖြစ် တွေးထားခဲ့သော်လည်း မကြာမီ သူ့စိတ်ကို ပြောင်းလဲလိုက်ရသည်။စာသင်ခန်းအပြင်ဘက်မှ အလုပ်များနေသော ခြေသံများ ပဲ့တင်ထပ်လာ၏။သို့သော် သူတို့သည်စာသင်ခန်းတံခါးကို မဖွင့်နိုင်ကြပေ။ ပိုင်ရှောင်က တစ်ကိုယ်တည်း တံခါးဆီ သွား၍သင်္ကေတဖြင့် ပြလိုက်သည်။ သူက သော့ခတ်ထားသလားပင် မစစ်ဆေးခဲ့ ပေ။
"ကျုပ် အကောင်းဆုံးကြိုးစားခဲ့ပါတယ် "
အခြေအနေများ ထိန်းမရဖြစ်လာသောအခါ ကောင်းမင်က ကျိကျဲဘေးသို့ တိတ်တဆိတ် ရွေ့သွားပြီး လူသေပုံတူအား ပြန်ယူလိုက်သည်။
"အခု ခင်ဗျား အဆုံးမသတ်ချင်သေးဘူးလား "
ကောင်းမင်သည် ဓာတ်ပုံကို ပြန်ယူလိုက်သည်နှင့် ရှရန်အသံက သူ့စိတ်ထဲ ပေါ်လာလေသည်။
"လူတိုင်းမှာ ကိုယ်ပိုင်ရပ်တည်ချက်နဲ့ကိုယ်ပိုင်ဆုံးဖြတ်မှုတွေ ရှိတယ် ၊ ဒါပေမယ့် ငါတို့က သူတို့အားလုံးကို သေမင်းပုံတူတွေအဖြစ် ပြောင်းလဲလိုက်တာနဲ့ မင်းအသံက သူတို့အသံဖြစ်လာမယ်၊ မင်းက သူတို့အားလုံးကို ကိုယ်စားပြုလိမ့်မယ် ၊ မင်းရှင်ရင် သူတို့အားလုံးရှင်မယ် "
"အကြံကောင်းတစ်ခုပဲ ဒါပေမယ့် ခင်ဗျားရော ကျွန်တော်ရော အဲဒါမျိုး မလုပ်နိုင်ဘူး ၊ ၅၁ ယောက်မြောက် ကျောင်းသားက ဒီလိုမျိုး ဖြစ်အောင် ခွင့်ပြုမှာ မဟုတ်ဘူး "
ကောင်းမင်က ရှရန်၏ ပုံတူကို သိမ်းလိုက်ပြီး သူ့စိတ်ဝိညာဉ်ကို ပြသမည့် မှန်ကို လှည့်ကြည့်လိုက်သည်။
မျက်လုံးတစ်ဖက် ဆုံးရှုံးထားပြီး ဒဏ်ရာများဖုံးလွှမ်းနေသည့် ကောင်းမင်သည် မှန်ထဲ ပေါ်လာပေသည်။ ကျိကျဲ၏နောက်တွင် သူရပ်နေသော်လည်း ယင်းက စတင်ရုံသာဖြစ်သည်။