အခန်း (၁၅၁)
Vol. 11 Ch. 151
ကျောင်းသားအိပ်ဆောင်၏ကော်ရစ်ဒါသည် သိပ်မရှည်သလို သိပ်လည်းမတိုပေ။ကျောင်းသားကောင်စီဝင်များက ကျိကျဲကို နံပါတ်တပ်မထားသည့် အိပ်ခန်းတစ်ခုထဲ ဆွဲခေါ်သွားကြသည်။အခြားအိပ်ခန်းများနှင့်ကွာခြားစွာပင် ယခုအခန်းသည် များစွာထူးခြားသည်။ကြမ်းပြင်နှင့်နံရံများသည် သွေးဖြင့်ချင်းချင်းနီနေ၏။အခန်းထဲတွင် ကုတင်များပြည့်နှက်နေပြီး အိပ်ရာတစ်ခုချင်းစီအား ခြင်ထောင်များဖြင့်ခွဲခြားထားပေသည်။
ကျိကျဲသည် အိပ်ရာတစ်ခုအနားသွားလိုက်ပြီး လှမ်းကြည့်ရန်ကြိုးစားလိုက်သည်။အိပ်ရာများပေါ်တွင် ယူနီဖောင်းဖြင့် ကျောင်းသားများလဲလျောင်းနေကြလေသည်။သူတို့သည် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေကြခြင်းဖြစ်သည်။သူတို့အရေပြားများမှာ လျော့တွဲနေပြီး သူတို့မျက်နှာများတွင် ဇရာ၏အရေးအကြောင်းများဖုံးလွှမ်းနေလေသည်။သူတို့၏ အရေပြားတွင် အသက်အရွယ်ကြီးမြင့်ခြင်းကြောင့်ဖြစ်ပေါ်တတ်သော အမဲစက်များ ဟိုတစ်ကွက် ဒီတစ်ကွက် ဖြစ်ပေါ်နေ၏။အခန်းတစ်ခုလုံးသည် လူအိုရုံကြီးကဲ့သို့ အနံ့ရနေတော့သည်။
"ဒါကြီးက ကျောင်းသားအိပ်ဆောင်လား ဘိုးဘွားရိပ်သာလား "
ကျိကျဲမှာ အေးစက်နေတော့သည်။
"သူတို့ ဒီကျောင်းကို အုတ်မြစ်ချထားတဲ့ အုတ်ခဲတွေပဲ ၊ သူတို့ရဲ့ ပံ့ပိုးကူညီမှုမရှိရင် လက်ရှိကျောင်းရဲ့ စည်းမျဉ်းတွေ ရှိလာမှာ မဟုတ်ဘူး "
တံဆိပ်ဖြင့်ကျောင်းသားကောင်စီဝင်က ကျိကျဲကို တွန်းလိုက်သည်။
"သွား "
"အုတ်ခဲတွေလား၊ ကျောင်းစည်းမျဉ်းတွေက ဒီသေခါနီးနေတဲ့လူတွေကို သုံးပြီးဖန်တီးထားတာလား "
ကျောင်းသားတိုင်းသည် သူတို့၏ရင်ဘတ်ရှိ အရိပ်များထဲမှ ဖြစ်ပေါ်နေသော ကြိုးမျှင်တစ်ခုစီရှိကြောင်း ကျိကျဲသတိပြုမိသည်။လိမ်ယှက်နေသောကြိုးမျှင်များသည် တူညီသောအခန်းတစ်ခုဆီကိုသာ ဦးတည်နေခြင်းဖြစ်သည်။
"ကြိုးမျှင်တွေရဲ့အဆုံးသတ်က ကျောင်းစည်းကမ်းချမှတ်တဲ့အခန်းပဲလား "
သူနောက်ထပ်ရှေ့တိုးသွားရန်ပြင်လိုက်စဉ် ကောင်စီဝင်များက သူကို တားဆီးလိုက်သည်။
"မင်းရဲ့အမိန့်တွေကို နားထောင်စမ်း! "
ကျိကျဲသည် ပျော့ခွေနေပြီး အိပ်ခန်းအတွင်းပိုင်းသို့ ဆွဲခေါ်သွားခံလိုက်ရသည်။အပြင်ဘက်တွင် တန်းစီနေသော ကျောင်းသားများကို အိပ်ရာပေါ် တွန်းချလိုက်ပုံအား သူ့မျက်လုံးဖြင့်မြင်ခဲ့ရသည်။အိပ်ရာပေါ်မှ သေဆုံးသွားသော ကျောင်းသားများသည် သူတို့တို့၏ ရင်ဘတ်မှ ကြိုးမျှင်ကို ဆွဲထုတ်ကာ ကျောင်းသားသစ်၏ မျက်လုံးထဲသို့ ချိတ်ဆက်လိုက်လေသည်။ထို့နောက် ကျောင်းသားသစ်များသည် ၎င်းတို့၏ အိပ်ပျော်လျက်လမ်းလျှောက်နေသော အခြေအနေကို အဆုံးသတ်၍ ကျောင်းသားကောင်စီဝင်အသစ်များ ဖြစ်လာကြလေသည်။
"ကျောင်းသားကောင်စီအဖွဲ့ဝင်တွေက နှစ်တွေတစ်လျှောက် မပြောင်းလဲခဲ့လောက်ဘူး၊ သူတို့က ဒီနည်းလမ်းကိုအသုံးပြုပြီး မတူညီတဲ့ ကျောင်းသားတွေဆီ သူတို့ရဲ့ အသိစိတ်ကို လွှဲပြောင်းပြီး သူတို့ရဲ့ ခန္ဓာကိုယ်ကို ထိန်းချုပ်နေကြတာပဲ ! "
ကျိကျဲသည် လုံးဝတုံးအနေခြင်းမဟုတ်ပါ။ သူသည် အနည်းငယ်ပျင်းရိပြီး ရှိုးထုတ်ရသည်ကို ကြိုက်ရုံသာဖြစ်သည်။
"ဥက္ကဌကြီး ဒီည အိပ်ဆောင် ၆ ရဲ့ ဖရိုဖရဲဖြစ်ရပ်က သူနဲ့သက်ဆိုင်နေတာဖြစ်နိုင်ပါတယ် "
ကျောင်းသားကောင်စီဝင်အနည်းငယ်သည် ကျိကျဲအား ပိုအတွင်းကျသော အိပ်ခန်းထဲ ခေါ်ဆောင်လာခဲ့ကြသည်။ထိုနေရာရှိ ကုတင်များသည် သန့်ရှင်းနေပြီး ရိုးရှင်းသောအစည်းအဝေးခန်းတစ်ခုအသွင် ရှိနေ၏။
သွေးစွန်း ဗီရိုများကို နံရံနောက်ကျောတွင် တန်းစီထားသည်။ အလယ်ရှိ အစည်းအဝေး စားပွဲအား မတူညီသော စာသင်ခုံများကိုသုံး၍ တွဲစပ်ထား၏။စားပွဲတစ်ခုစီတွင် သွေးစွန်းသောမဲစာရွက်အချို့ ရှိ နေသည်။ အနီရောင်ယူနီဖောင်းဝတ် ကျောင်းသားငါးဦးသည် အစည်းအဝေး စားပွဲဝိုင်းတွင် ထိုင်နေကြသည်။ နောက်ထပ် ကျောင်းသား ကောင်စီဝင် ၁၀ ဦးခန့်သည် ကျောင်းသားငါးဦးစီ၏ နောက်တွင် ရပ်နေခဲ့ကြသည်။ဖမ်းချုပ်ခံထားရသော ကျိကျဲသည် ပတ်ဝန်းကျင်အား ခိုးကြောင်ခိုးဝှက်ကြည့်ရှုလိုက်သည်။ရုပ်ဆိုးဆိုးအရုပ်သည် သူ့အင်္ကျီကော်လံအပြင်ဘက် ပြူထွက်လာ၏။မကြာမီ သူမျက်လုံးများက ထိတ်လန့်ခြောက်ခြားမှုဖြင့် တဖျတ်ဖျတ်ဖြစ်သွားသည်။သူသည် နောက်ထပ်သူ့အတန်းဖော်ဟောင်းတစ်ယောက်ကို တွေ့လိုက်ရခြင်းဖြစ်သည်!။
"လျိုယီလား ! "
အတန်းထဲတ အမြဲတန်းထိပ်တန်း သုံးဆင့်တွင်ရှိခဲ့သော သူ့အရင်အတန်းဖော်သည် ကျောင်းသားကောင်စီဝင်များကြားတွင် မတ်တပ်ရပ်လျက်ရှိသည်။သူမသည်လည်း ကျောင်းသားကောင်စီတံဆိပ်ကို ဝတ်ဆင်ထားသည်။သူမသည် ခေါင်းကိုသာတွင်တွင်ငုံ့ထားပြီး အစေခံတစ်ယောက်ကဲ့သို့ ရပ်နေခဲ့သည်။ကျိကျဲ၏အကြည့်ကို အာရုံခံမိသဖြင့် လျိုယီသည် မျက်မှောင်ကြုံ့လိုက်ပြီး ထိုလူကို ပါးစပ်ပိတ်စေချင်မိသည်။
ကျေးဇူးတင်ရမည်က အနီရောင်ဝတ်စုံဖြင့်ကျောင်းသားငါးယောက်သည် ကျိကျဲကို လျစ်လျူရှုထားခြင်းဖြစ်သည်။သူတို့က လက်ကာပြလိုက်ပြီး အဝေးဆုံးကုတင်ကို လက်ညှိုးထိုးပြလိုက်ကြသည်။ ထို့နောက် သူတို့မျက်လုံးထဲတွင်ရှိနေသော ကျိကျဲက ရပ်တန့်လိုက်သည်။
သတိမမူမိသော ကျိကျဲသည် စူးစမ်းချင်စိတ်ဖြင့် သူ့လည်ပင်းကို ဆန့်လိုက်သည်။ 'အစည်းအဝေး စားပွဲ' ပေါ်တွင် ကျောင်းမြေပုံတစ်ခု ရှိနေသည်ကို သူတွေ့လိုက်ရသည်။ လက်ရှိအားဖြင့် အားကစားအဆောင်အဦး၏ပထမထပ်နှင့် ဓာတ်ခွဲခန်းအဆောက်အဦး၏ ဒုတိယထပ်အား အနက်ရောင်ဖြင့် စက်ဝိုင်းဝိုင်းထား၏။ထိုနေရာနှစ်ခုသည် ကျောင်းသားကောင်စီကို အကြီးအကျယ်ဒုက္ခများစေခဲ့သော နေရာများဖြစ်သည်။
"မင်းက မြေပုံကြည့်ဖို့ စိတ်ကူးရှိနေသေးတာလား "
ကျိကျဲနောက်ရှိ ကျောင်းသားက ကျိကျဲကို ခြင်ထောင်ထဲ ကြမ်းကြမ်းတမ်းတမ်း တွန်းချလိုက်သည်။
"ဒီည မင်းဒီမှာ အိပ်ရမယ်!"
"ကျွန်တော်က ခင်ဗျားတို့ဆီ ဘယ်လိုဝင်ရမလဲ သိချင်ရုံပါဗျာ ၊ ကျွန်တော်လည်း ကျောင်းကို အလုပ်အကျွေးပြုချင်...."
ဘယ်သူမှ မတုန့်ပြန်ကြပေ။ခြင်ထောင်ထဲတွင် အပူချိန်နိမ့်ကျနေကြောင်း ကျိကျဲခံစားရသည်။သူက တစ်စုံတစ်ခုပေါ်တွင် ထိုင်လိုက်မိသည်။သူလှည့်ကြည့်လိုက်ရာ အိပ်ရာပေါ်တွင် အိပ်နေသည့် 'ကျောင်းသား' ကို တွေ့လိုက်ရသည်။ထိုလူကြီးကျောင်းသား၏ခန္ဓာကိုယ်သည် အေးလွန်းသဖြင့် ရေခဲသေတ္တာထဲမှ ရွှေ့လာခဲ့သလို ခံစားရသည်။
"သူငယ်ချင်း အဲ ...အန်ကယ်?"
လူအိုကြီးက စကားပြောရန်စိတ်မဝင်စားသဖြင့် ကျိကျဲက ထောင့်တွင် ကွေးကွေးလေးနေလိုက်သည်။သူတို့နှစ်ယောက်ကြားတွင် ရုပ်ဆိုးဆိုးအရုပ်ကို ခြားထားလိုက်သည်။
"အန်ကယ်၊ ကျွန်တော်တို့ ကုတင်တစ်ခြမ်းစီမှာရှိသင့်တယ် ၊ အခွင့်အရရေးရှိရင် ကျွန်တော် ခင်ဗျားကိုခေါ်ပြီး ပြေးပါ့မယ် "
ကျိကျဲသည် သူ၏အသက်ရှူနူန်းကို ချိန်ညှိလိုက်ပြီး လာမည့်လွတ်မြောက်မှုအတွက် သူ့ခွန်အားကို စုဆောင်းထားချင်သည်။ မတော်တဆမှု မဖြစ်ပါစေရန် စိတ်ထဲမှ တိတ်တဆိတ် ဆုတောင်းလိုက်သည်။အားလုံးအဆင်ပြေစေရန် သူမျှော်လင့်သည်။
သူနဲ့တစ်ကုတင်တည်းရှိနေသော အန်ကယ်သည် စတင်တုန်ယင်လာ၏။နာရီဝက်ခန့်ကြာသောအခါ အန်ကယ်ကြီးသည် အိပ်ရာမှ တဖြည်းဖြည်းထလာလေသည်။
"အန်ကယ် ခင်ဗျား အသက်ရှိနေတာလား "
ကျိကျဲသည် အလွန်ကြောက်ရွံ့နေပြီး လူအိုကြီးထံမှ စောင်ကို ဆွဲယူလိုက်သည်။သူက စောင်ခေါင်းမြီးခြုံ၍ သူ့မျက်လုံးများကို အုပ်ထားချင်နေခြင်းဖြစ်သည်။လူအိုကြီး၏ခြေထောက်များက ကြမ်းပြင်ကို ခြေချလိုက်သည်။သူ့ခန္ဓာကိုယ်တစ်ခုလုံးကား တုန်ယင်နေပေသည်။အလွန်အမင်း ကြောက်ရွံ့မှုကြောင့် သူသွားများ တဂတ်ဂတ်ဖြစ်နေလေသည်။သူက ခြင်ထောင်ကို ဆွဲမလိုက်ပြီး အခြားကုတင်ဆီသို့ တုန်တုန်ယင်ယင် ခုန်ဆင်းလိုက်သည်..။
ကောင်းကင်ကြီးသည် လင်းလက်လာမည့်ဟန်ပြင်နေသော်လည်း အိပ်ခန်းထဲတွင် ပိုထူးဆန်းသည့်ဖြစ်ရပ်များ ဖြစ်ပွားလာ၏။အဆောက်အဦးတစ်ခုလုံးသည် စိုးရိမ်ပူပန်မှုနှင့်အကြောက်တရားများပြည့်နှက်လာလေသည်။အကြောက်တရားက ဘယ်ကရောက်လာမှန်း သူတိုမပြောနိုင်ချေ။သူတို့သာ အခန်းထဲတွင် ဆက်နေကြလျှင် ခြောက်ခြားမှုကြောင့် သူတို့သေဆုံးသွားနိုင်သည်ဟု ခံစားနေကြရသည်။
အသံလွှင့်လော်စပီကာများက အားလုံးကို နိူးထရန်လောဆော်နေ၏။အိပ်ဆောင်ခြောက်၏ အိပ်ခန်းတံခါးများသည် တဘန်းဘန်းပွင့်လာကြတော့သည်။အချို့ကျောင်းသားများသည် သူတို့မျက်လုံးများထဲ အကြောက်တရားများဖြတ်ပြေးနေပြီး ရူးသွပ်စွာပြေးထွက်လာကြလေသည်။
.......
"မနေ့ကထက်စာရင် မနက်စာလာစားတဲ့ကျောင်းသားတွေ ပိုနည်းနေတာပဲ "
စီဆန်းက သမ်းဝေလိုက်သည်။ဝမ်ကျား ၊ တုပိုင်နှင့် သူသည် နောက်တစ်ညအတွက် အိမ်သာထဲတွင် စုထိုင်၍ ကုန်ဆုံးခဲ့ကြသည်။သူ့ခြေထောက်များသည် ပွန်းပဲ့နေကြသည်။
"တစ်နေ့ကို သုံးကြိမ် အချိန်မှန်ထမင်းစားဖို့ ဘယ်သူက မင်းလို သတ္တိရှိမလဲ"
တုပိုင်သည် အစာခြောက်အချို့ယူပြီး လွယ်အိတ်ထဲထည့်လိုက်သည်။
"ငါသေရမယ်ဆိုရင်တောင် ဗိုက်ဝဝပဲသေမယ်ကွာ "
စီဆန်းက နို့ဖျော်ကို ပါးစပ်ထဲ လောင်းထည့်လိုက်သည်။
"မနေ့ညက ကောင်းမင်ပြန်မလာဘူး ၊ မနေ့က ကျောင်းဆင်းပြီးတော့ သူနဲ့လျိုယီ မိန်းကလေးအိမ်သာဘက်သွားကြတာ ၊ ငါထင်တာက သူက ငါပြောချင်တဲ့တစ်ခုခု လုပ်ပြီးပြီထင်တယ် "
"သူနဲ့လျိုယီက ထွက်လမ်းရှာတွေ့သွားကြတာလား "
ဝမ်ကျားက ပေါင်မုန့်ကို တင်းတင်းဆုပ်ကိုင်လိုက်ပြီး သူ့မျက်လုံးများက တဖြည်းဖြည်းပြောင်းလဲသွားသည်။
"အဲ့ဒီ လူတော်နှစ်ယောက်က တစ်ခုခုကို ကြံစည်နေကြတာပေါ့ "
"မဟုတ်ဘူး ငါထင်တာက မနေ့ညက သူက မိန်းကလေးအိပ်ဆောင်မှာပဲ အချိန်ကုန်ခဲ့တယ်ထင်တာ "
"ချီးပါးစပ်ကို ပိတ်ထားစမ်း"
ဝမ်ကျားသည် ပေါင်မုန့်အကြေများကို စားပွဲပေါ် ပစ်ချလိုက်သည်။ဖုန်းကိုထုတ်လိုက်ပြီး ကောင်းမင်ထံ မက်ဆေ့တော်တော်များများပို့လိုက်သည်။အခြားအခန်းဖော်များထက်စာလျှင် ကောင်းမင်သည် ခြေလှမ်းများစွာ ဦးနေလောက်ပြီဖြစ်သည်။
ဖုန်းတုန်ခါသံက သူ့နောက်မှ ထွက်ပေါ်လာ၏။ဝမ်ကျားက သူ့ခန္ဓာကိုယ်ကို လှည့်လိုက်ရာ သူ့နောက်တွင် အစားအသောက်ဗန်းနဲ့ ရပ်နေသည့် ကောင်းမင်ကို တွေ့လိုက်သည်။
သူ့အကြည့်က ချက်ချင်းနူးညံ့သွားသည်။ကောင်းမင်နှင့် ကုဒ်အတည်ပြုပြီးနောက် သူပိုနေလို့ကောင်းသွားသည်။
"အစ်ကိုမင် မနေ့ညက ဘယ်ရောက်နေတာလဲ "
"မနေ့က လျိုယီက မိန်းကလေးအိမ်သာထဲမှာ ပျောက်သွားတယ် ဒါကြောင့် တစ်ညလုံး ငါသူ့ကို ရှာနေတာ "
ကောင်းမင်က ခေါင်းယမ်းလိုက်သည်။
"ကျောင်းကြီးက ပိုအန္တရာယ်များလာနေပြီ ၊ ဘာပဲဖြစ်ဖြစ် မင်းတို့တွေ စိတ်ငြိမ်ငြိမ်ထားမှ ဖြစ်မယ် "
အကြောက်ရောဂါသည် အိပ်ဆောင်ခြောက်တွင် စတင်ပျံ့နှံ့နေခဲ့ပြီဖြစ်သည်။ထိုအခြေအနေသည် လူသားနှင့်သရဲ နှစ်ဖက်လုံးအား အဆိုးဆုံးအခြေအနေဖြစ်စေနိုင်ကြောင်း ကောင်းမင်အတည်ပြုထားသည်။
ရေကြီးမှု ၊ ပန်းချီကားများတစ်လျှောက် လှုပ်ရှားနေသောလူသတ်သမားတစ်ယောက် နှင့် အကြောက်ရောဂါတို့၏ တရားခံဖြစ်သူ ကောင်းမင်သည် ဟန်သဲ့ကိုယ်ပိုင်အကယ်ဒမီအပေါ် ကြီးမားသောဖိအားများ ယူဆောင်လာခဲ့သည်။
ကောင်းမင်သည် အချိန်ကို တွက်ချက်နေရင်း ကျောင်းကော်ရစ်ဒါများကို စိုက်ကြည့်နေ၏။ပုံမှန်အားဖြင့် ကျောင်းသားကောင်စီဝင်များသည် အတန်းစခါနီးတွင် ကျောင်းသူကျောင်းသားများ၏ အဝတ်အစားများကို စစ်ဆေးရန် ကင်းလှည့်လာတတ်ကြသည်။သို့သော်လည်း ဤနေ့တွင် ကော်ရစ်ဒါ၌ မည်သည့်ကျောင်းသားကောင်စီဝင်မှ ရှိမနေကြချေ။
"အကြောက်ရောဂါက အရမ်းမြန်မြန်ပျံ့နှံ့မှာ မဟုတ်ဘူး "
အကြောက်ရောဂါသည် ကြာရှည်စွာနေချိန်ကာလတစ်ခုရှိသည်။ ၎င်းသည် ပေါက်ကွဲဖို့ အခွင့်ကောင်းတစ်ခုလိုအပ်ပေသည်။
"အဲ့တာက ပေါက်ကွဲသွားပြီလား "
မနက်စာစားပြီးကြသောအခါ ကျောင်းသားများသည် ကန်တင်းမှ ထွက်လာကြပြီး အတန်းသို့ ဦးတည်လိုက်ကြသည်။
"ငါတို့သာ အတန်းတက်ဖို့ ကျောင်းသား၅၁ ယောက်လုံး မရှာနိုင်ရင် ငါတို့ဘယ်သူမှ ထွက်သွားနိုင်မှာမဟုတ်ဘူးလို့ ဆရာမကပြောခဲ့တယ် "
စီဆန်းက စိုးရိမ်နေ၏။သူသည် အလွတ်ဖြစ်နေသော ခုံများကို ကြည့်လိုက်ပြီး
"ဟိုဘက်အခန်းက ကျောင်းသားအနည်းငယ်ကို ငါတို့အတန်းဆီလာတက်ဖို့ သွားပြောကြရင်ရော ဘယ်လိုလဲ "
"မစိုးရိမ်နဲ့ ၊ မနေ့ညက အိပ်ဆောင်တွေဆီ ပိုထူးဆန်းတဲ့အရာတွေ ပြောင်းလာကြတာ ငါမြင်ခဲ့တယ် ၊ ပိုများတဲ့ကျောင်းသားတွေကို လူစားထိုးထားခဲ့ပြီးပြီ "
ဝမ်ကျားသည် သင်ပုန်းပေါ်ရှိ နံပါတ်များကို အာရုံစိုက်ထားသည်။လူသားအရေအတွက်နှင့် သရဲအရေအတွက်သည် ဆက်လက်ပြောင်းလဲနေ၏။
သူ့ဘေးတွင်ရှိနေသော ကောင်းမင်သည် အထူးစိုးရိမ်နေခြင်းမရှိပေ။သူသည် စီစွေ့အိမ်ရာလူသေဓာတ်ပုံနှင့် သူ့မွေးနေ့ဓာတ်ပုံကို ကိုင်ထားဆဲဖြစ်သည်။သူသည် သူ့မိဘများနှင့်အန်တီအလုပ်များသူကဲ့သို့သော အိမ်နီးချင်းများကို ဆင့်ခေါ်နိုင်သေးသည်။
သူသည် သူ့ကိုယ်ပိုင် မိဘဆရာအစည်းအဝေးကို စနိုင်ပေသည်။
ကျောင်သားများက စာသင်ခန်းထဲတဖြည်းဖြည်းရောက်လာကြသည်။မနေ့က သေဆုံးခဲ့သော ဖက်တီးပင်ထပ်ပေါ်လာ၏။၎င်းသည် မာထုံနောက်မှ လိုက်လာချေသည်။ဤနေ့အတွက် ဖက်တီး၏ခန္ဓာကိုယ်ကို အခြားသရဲတစ်ကောင်မှ တာဝန်ယူခဲ့ခြင်းဖြစ်နိုင်၏။
အတန်းချိန်နီးကပ်လာသည်နှင့် စတိုခန်းထဲတွင်နေနေသော ကပ္ပတိန်တင်းယွမ်နှင့်ကျိုးစီစီတို့လည်း စာသင်ခန်းထဲ ဝင်လာကြသည်။
ကပ္ပတိန်တင်းသည် ကျောင်းသို့ ဌာနချုပ်မှပို့လိုက်သော စစ်ကူများကို ရှာတွေ့ပြီးဖြစ်ဟန်တူသည်။အပြစ်မဲ့သော စတေးခံများကို ပိုမိုကာကွယ်နိုင်ရန် စီတုအန်း၏မျက်နှာအောက် ပုန်းကွယ်နေခြင်းမှ ထွက်လာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
သူတို့အတန်းထဲဝင်လာပြီး မကြာမီတွင် ကျိုးကျွင်းသည် ဌာနယူနီဖောင်းဖြင့် ပိုင်ရှောင်အား ဦးဆောင်၍ အတန်းထဲ ဝင်လာခဲ့ကြသည်။သူက အပြုံးတစ်ခုမထုတ်ဖော်မှီ သူ့အကြည့်သည် တင်းယွမ်အပေါ် အချိန်အတန်ကြာ ရပ်တန့်နေခဲ့သည်။သူက တစ်စုံတစ်ခု ပြောရန် သွားလိုက်သည့် အချိန်တွင် လျိုယီသည် ကျောင်းသားကောင်စီတံဆိပ်ကို တပ်ဆင်လျက်အခန်းထဲ ဝင်လာလေ၏။မတူညီသော စည်းမျဉ်းနှစ်ခုကို ကိုယ်စားပြုသော ကျိုးကျွင်းနှင့်လျိုယီတို့သည် ဆန့်ကျင်ဘက်တွင် ရပ်နေကြလေသည်။
"ဖယ်ကြ! ငါတို့ ယွမ်ဟွေ့ကို တွေ့ပြီဟေ့! "
ချင်ကျွင်းရန်သည် အတန်းနောက်မှ ဝင့်ကြွားစွာဖြင့် ဝင်လာလေသည်။ယောက်ျားလေးကျောင်းသားအနည်းငယ်နှင့် မတည်ငြိမ်သော ကျိုးဘိုတို့က သူ့နောက်မှ လိုက်လာကြသည်။
"လျိုယီရေ ဒါကတော်တော်ကို တိုက်ဆိုင်တာကွ ၊ ရုံးခန်းအဆောက်အဦးထဲမှာ ငါတို့ဘယ်လိုရုန်းကန်ခဲ့ရတယ်ဆိုတာ နင်တွေးနိုင်မှာမဟုတ်ဘူး...."
ချင်ကျွင်းရန် ရှိူးထုတ်သည့်အချိန်တိုင်း တစ်ခုခုဖြစ်ပွားလေ့ရှိသည်။ရုတ်တရက် ယွမ်ဟွေ့က နောက်မှနေ၍ သူ့လည်ပင်းကို ဆွဲညစ်လိုက်သည်။
"ညီကို စိတ်လျှော့ပါဦး ၊ မင်းငါ့ကို သတ်ချင်နေတာလား"
ချင်ကျွင်းရန်က နောက်ပြန်လှန်ကျသွားသည်။ယွမ်ဟွေ့သည် သူ့လက်သီးကို တင်းကျပ်စွာဆုပ်၍ ကျိုးကျွင်းအား သွေးမျက်လုံးများဖြင့် စိုက်ကြည့်လိုက်သည်။
"ကျိုးကျွင်း မင်းလူသတ်သမား! မင်း ကံကြမ္မာကို မကြောက်ဘူးလား ၊ ငါတို့အားလုံး မင်းကြောင့်သေမှာကွ ! "
"ငါ မင်းလျှာကို ဖြတ်ပစ်သင့်တာ "
ကျိုးကျွင်းသည် တုန့်ဆိုင်းနေခြင်းမရှိပေ။သူ့ခုံဆီလျှောက်သွား၍ ထိုင်ချလိုက်သည်။
ကောင်းမင်သည် ကျိုးကျွင်း၏အာရုံကို ချက်ချင်းဖမ်းစားလိုက်သည်။ ထိုရုပ်ပုံကြီးကြောင့် တစ်ဖက်သားကို အသိအမှတ်မပြုပါပေ။ပိုင်ရှောင်သည် ကောင်းမင်ထံ လျှောက်လာခြင်းမရှိပေ။သူက အတန်းထဲရှိလူတိုင်းကို လေ့လာနေပေသည်။ ကောင်းမင်ကဲ့သို့သော မကောင်းဆိုးဝါးတစ်ကောင်ကို ပြုစုပျိုးထောင်ပေးခဲ့သည့် အတန်းအကြောင်းကို သူသိချင်နေ၏။
စာသင်ခန်းသည် တဖြည်းဖြည်း လူပြည့်လာသည်။ထိုင်ခုံမကျန်တော့သည့်အချိန်တွင် ခြေသံများ ပဲ့တင်ထပ်လာသည်။ ဘရန်းဒတ်နာရီတစ်လုံး ဝတ်ဆင်ထားသည့် လက်တစ်ဖက်က တံခါးကိုဖွင့်လိုက်သည်။
အားလုံး၏အကြည့်နှင့်အတူ ဘရန်းဒတ်အဝတ်အစားများကို ဝတ်ဆင်ထားသော ကျိကျဲသည် ရုပ်ဆိုးဆိုးအရုပ်ဖြင့် တံခါးဝတွင် ပေါ်လာခဲ့သည်။