← Chapters

စိတ်ပျက်အားငယ်နေသော သရဲ

Vol. 11 Ch. 152

စိတ်ပျက်အားငယ်နေသော သရဲ

Vol. 11 Ch. 152

"ဒါက ပြန်ရောက်လာတာလား ! "

ပထမတွင် ကောင်းမင်က အရုပ်အား ရင်းနှီးနေသည်ဟုသာ တွေးခဲ့သည်။သို့သော် အကြိမ်တော်တော်များများ အတည်ပြုပြီးနောက် ၎င်းသည် အကြောက်ရောဂါ၏အရင်းအမြစ်ဖြစ်ကြောင်း သေချာသွားသည်။

"အိပ်ဆောင်ခြောက်မှ ငါပစ်ချထားခဲ့တာမဟုတ်လား ဒါက အဓိပ္ပါယ်မရှိတာပဲ ! "

ကောင်းမင်သည် အကြောက်ရောဂါအား ကျောင်းသားကောင်စီနှင့် ကျောင်းကိုချုပ်ကိုင်ထားသော စည်းမျဉ်းများကို အား‌နည်းသွားစေရန် အသုံးပြုလိုခဲ့ခြင်းဖြစ်သည်။ကျောင်းစည်းကမ်းများသည် မည်မျှပင် ခိုင်မာပါစေကာမူ ယင်းတို့ကို လိုက်နာမည့် လူများလိုအပ်ပေသည်။ သို့သော်လည်း ကောင်းမင်သည် သူ့အတန်းဖော်ဟောင်းက ထိုအရုပ်ကို အိပ်ဆောင်ခြောက်မှ ပြန်ယူလာမည်ဟု မျှော်လင့်မထားခဲ့ပေ။

"ဒါက ကျောင်းစည်းကမ်းတွေက လက်တုံ့ပြန်တာလား ဒါမှမဟုတ် အိပ်ဆောင်ခြောက်က လူတွေက အကြောက်ရောဂါကို ကျော်လွှားနိုင်သွားတာလား "

ကောင်းမင်က သူ့ဆံပင်များကို ဆွဲလိုက်ပြီး သူ့၏ ကြေကွဲနေသည့် အမူအရာကို ဖုံးကွယ်ရန်ခေါင်း ငုံ့ထားလိုက်သည်။

"ဒါမှမဟုတ် ဒါကံတရားများလား"

အကြောက်ရောဂါသည် မည်မျှကြောက်မက်ဖွယ်ကောင်းကြောင်း ကောင်းမင်သိသည်။ဤရောဂါသည် လူသားများနှင့် သရဲများကြားတွင် ငုပ်လျှိုးနေနိုင်သည်။ အကြောက်တရားသည် ပိုအားကောင်းလေ အရုပ်က ပိုသန်မာလေဖြစ်သည်။

"တစ်ခုခုတော့ မှားနေတယ် ၊ အကြောက်ရောဂါက ဘာလို့ကျိကျဲအပေါ် အလုပ်မဖြစ်တာလဲ "

ကောင်းမင်သည် မျက်လုံးများမှေးကျဉ်းလိုက်ပြီး ကျိကျဲကို ကြည့်လိုက်ရာ တစ်ခုခုမှားနေသည်ကို တဖြည်းဖြည်းရှာတွေ့သွားသည်။

ကျိကျဲ၏ကျောသည် စိုစွတ်နေ၏။ သူ့ခန္ဓာကိုယ်သည် သူ့နောက်‌ကျောတွင် အလွန်ကြောက်စရာကောင်းသော အရာတစ်ခု ရှိနေသကဲ့သို့ အလိုအလျောက် ရှေ့သို့ယိမ်းနေလေသည်။ဒါ့အပြင် ကျိကျဲ၏လည်ပင်းသည် တစ်နေရာတည်းတွင် ဆုပ်ကိုင်ခံထားရသလိုဖြစ်နေ၏။သူ့ခေါင်းကို မလှည့်ခဲ့တာ အတော်ကြာပြီဖြစ်သည်။

"ကျိကျဲလည်း ကြောက်နေတာ ၊ သူ့နောက်မှာရှိတဲ့အရာကြီးကို ကြောက်နေလို့ သူ့ခေါင်းကိုတောင် နောက်ထပ်မလှည့်ရဲ့တော့ဘူး ! "

အကြောက်ရောဂါသည် လူသားများ၏နှလုံးသားထဲရှိ အနက်ရှိုင်းဆုံး အကြောက်တရားကို နိူးဆွပေးခြင်းဖြစ်သည်။ကျိကျဲ၏အနက်ရှိုင်းဆုံးအကြောက်တရားသည် သူ့နောက်ကျောဖြစ်နေခဲ့သည်။ထိုကိစ္စလိုမျိုး အဘယ်ကြောင့်ဖြစ်နေမှန်း ကောင်းမင်မသိပေ။ကျိကျဲ၏နောက်ကျောတွင် ဘာမှားနေမှန်း ကောင်းမင်မမြင်ရပေ။

"ကြည့်ရတာ ကျိကျဲရဲ့မျက်စိထဲမှာ မယုံနိုင်လောက်အောင်ကြောက်စရာကောင်းတဲ့အရာကြီးက သူ့ကျောပေါ် လဲနေရတာဖြစ်ရမယ် ၊ ဒါပေမယ့် သူအရမ်းကြောက်နေရင်လည်း သူဘာလို့ အခန်း၁၃ကို ပြန်လာခဲ့တာလဲ "

ဘရန်းဒက်ဝတ်စုံဖြင့် ကျိကျဲသည် 'ယုံကြည်ချက်'ရှိသည့် အပြုံးတစ်ခုရှိနေခဲ့သည်။

"သူကျေနပ်အားရနေတယ်လို့ ဘယ်လိုတောင်ခံစားနေရတာလဲ "

စိတ်ပညာဘာသာရပ်တွင် နှစ်ပေါင်းများစွာ သင်ယူခဲ့ သော သူ၏အမျိုးမျိုးသော ခွဲခြမ်းစိတ်ဖြာမှုများအပေါ် အခြေခံ၍ ကျိကျဲသည် ရှိုးထုတ်နေခြင်းဖြစ်သည်ဟု ကောင်းမင်ကောက်ချက်ချလိုက်သည်။‌ ဂုဏ်ယူခြင်း ၊ ပီတိဖြစ်ခြင်း၏ အနှစ်သာရမှာ အခြားသူများ၌ မရှိသောအရာကို ပြသရန်နှင့်ယင်းထံမှကျေနပ်မှုကို ရရှိရန်ဖြစ်သည်။ ဒါပေမယ့်လည်း ကျိကျဲက ဘာတွေများဂုဏ်ယူစရာရှိနေလို့လဲ ။

ကောင်းမင်သည် သူ့အတန်းဖော်များကြောင့် စတင်စိတ်ရှုပ်လာခဲ့သည်။ ကျောင်းတက်တုန်းချိန်က သူ့အတန်းဖော်များသည် ဒီလို 'အရူး' များဟု ဘယ်တုန်းကမှ သူမထင်ခဲ့မိပေ။

"ကျောင်းတုန်းက ကျိကျဲက သာမန်ပါပဲ ၊ သူက အရမ်းဂုဏ်ဆာတတ်ပြီး အသေးငယ်ဆုံးအရာလေးတွေကိုရဖို့တောင် တိုက်ခိုက်လေ့ရှိတယ် ၊ ဒါပေမယ့်လည်း သူက လူယုတ်မာတစ်ယောက်တော့ မဟုတ်ဘူး..."

ကောင်းမင် ယင်းကို အချိန်အတော်ကြာ လေ့လာနေခဲ့သည်။ ကျိကျဲသည် သရဲမဟုတ်မှန်း သူယုံကြည်သော်လည်း ကျိကျဲနှင့်ပတ်သက်၍ တစ်ခုခုမှားနေပြီဟု ဆိုလိုနိုင်သည်။

ကျိကျဲသည် စတိတ်ခုံပေါ်တွင်ရပ်နေပြီး အလင်းရောင်ကို ကြိုဆိုလိုက်သည်။လူတိုင်း သူ့ဘက်လှည့်လာသောအခါ ကျိကျဲသည် သူ့လက်နှစ်ဖက်ကိုဆန့်၍ စတိတ်ခုံပေါ်ရှိစားပွဲပေါ် လက်တင်လိုက်သည်။သူက အားလုံးကို ငုံ့ကြည့်၍ ပြောလိုက်သည်။

"ကြည့်ရတာ မင်းတို့တွေ ဘယ်အခြေအနေထဲရောက်နေတယ်ဆိုတာ မသိကြသေးဘူးထင်ပါရဲ့ "

ကျောင်းသားများက ကျိကျဲအား စိတ်ရှုပ်ထွေးစွာဖြင့်ကြည့်လိုက်ကြသည်။ဆန့်ကျင်ဘက်အားဖြင့် သရဲများ သိမ်းပိုက်ခံထားရသော ကျောင်းသားများသည် အလွန်လေးနက်နေပုံပေါက်သည်။သဘာဝကျစေရန်အတွက် ကျိကျဲနှင့် အပြည့်အ၀ ပူးပေါင်းလုပ်ဆောင်‌ နေကြလေသည်။

"ဒီကျောင်းကြီးရဲ့ နေရာတိုင်းမှာ သရဲတွေရှိနေတယ် ၊ မင်းတို့ကြောက်နေကြမယ်ဆိုတာ ငါသိပါတယ် "

အပြုံးတစ်ခုဖြင့် ကျိကျဲ၏အသံက နူးညံ့သွားသည်။

"ဒါပေမယ့် နောက်ထပ် မင်းတို့တွေကြောက်နေဖို့ မလိုတော့ပါဘူး ၊ ဘာလို့လဲဆိုတော့ ငါဒီကို ရောက်နေပြီလေ "

"ကျိကျဲလား "

နောက်ဆုံးတွင် ချင်ကျွင်းရန်က ကျိကျဲကို မှတ်မိသွားသည်။

"မနေ့က မင်းဘယ်လောက်တောင်သောက်ခဲ့တာလဲ ၊ မင်း စိတ်လွတ်သွားပြီလား "

"မင်းတို့အားလုံး ငါ့ကို အထင်သေးမယ်ဆိုတာ ငါသိပါတယ် အထူးသဖြင့် မင်း ချင်ကျွင်းရန်ပေါ့ "

ကျိကျဲသည် ကိုယ့်ကိုယ်ကို နှိမ့်ချ၍ ခေါင်းယမ်းလိုက်သည်။

"အရင်တုန်းက ငါ့ကိုနှိမ့်ချအထင်သေးခဲ့တဲ့လူတိုင်းကို ငါမှတ်မိပါတယ် ၊ ဒါပေမယ့် ငါဒါကို နှလုံးသားထဲ မှတ်မထားပါဘူးကွာ "

ကျိုးစီစီက နာရီကိုတစ်ချက်ကြည့်လိုက်ပြီး ကြင်နာစွာသတိပေးလိုက်သည်။

"အစ်ကိုကျဲ မကြာခင် ဆရာမရောက်လာတော့မယ် ၊ နင်ကိုယ့်ခုံမှာ ထိုင်နေတာကောင်းလိမ့်မယ် "

"ဆရာမလား ၊ ဒီကျောင်းကို ကျောင်းသားကောင်စီက စည်းကမ်းချထားတာလေ ၊ ဘာလို့ ငါတို့က ဆရာတွေကို ကြောက်နေရမှာလဲ "

ကျိကျဲ၏စကားက ကျိုးကျွင်း ၊ တင်းယွမ်နှင့် ပိုင်ရှောင်တို့၏အာရုံများကို ဆွဲဆောင်လိုက်သည်။သူက သူ့လက်များကို ဖြေးဖြေးချင်းမြောက်လိုက်‌သည်။

"ဒါကို ငါဖုံးကွယ်ထားရင်တောင် မကြာခင်မင်းတို့ရှာတွေ့သွားကြမှာပဲ ဒါကြောင့်မို့ ငါက ကြင်ကြင်နာနာနဲ့ မင်းတို့ရှေ့မှာ အမှန်တရားကို ထုတ်ပြလိုက်မယ် ၊ ငါက ရွေးချယ်ခံတစ်ယောက်ပဲ "

ကောင်းမင် အလွန်စိတ်ရှုပ်သွားသည်။ကျိကျဲလည်း ကျိုးဘိုလို စိတ်လွတ်သွားပြီလား။

"သရဲတွေကပဲ သရဲတွေကို ကြောက်လန့်စေနိုင်တယ် ၊ ပြီးတော့ ငါ့ကိုရွေးချယ်ခဲ့တဲ့ သရဲက တခြားသရဲတွေထက် ပိုအားကောင်းတယ်လေ "

ကျိကျဲသည် စတိတ်ခုံပေါ်တွင် မတ်တပ်ရပ်လိုက်ပြီး ကျောင်းသားအိပ်ဆောင်တွင် သူ့အပေါ်ဖြစ်ပျက်ခဲ့သော မတော်တဆမှုကို ရှင်းပြလိုက်သည်။သူ့ဇာတ်လမ်းသည် အရောင်အသွေးစုံလင်ပြီး ကြီးမားလေသည်။ထိုအရာကို နားထောင်နေသော ကောင်းမင်သည် သူ့နဖူးသူသာ ပြန်ရိုက်မိတော့သည်။သူရှက်လွန်းသဖြင့် ကျောင်းမှထွက်သွားချင်မိသည်။ သူသည် အကြောက်တရားအရုပ်ကို ပြန်ခေါ်ရန် ကြိုးစားသော်လည်း သူကလူသေဓာတ်ပုံ၏ ပိုင်ရှင်မဟုတ်ပေ။ သူ့မှာ ၎င်းကို သုံးပိုင်ခွင့်ရှိရုံမျှသာဖြစ်သည်။

အတန်းထဲရှိ ကျောင်းသားများက မတူညီစွာတုန့်ပြန်လိုက်ကြသည်။အတန်းကို ပထမဆုံးအကြိမ်လာတက်သော ပိုင်ရှောင်သည် အလွန်အလုပ်များသွား၏။

အဆင့်၄ မူမမှန်ဖြစ်ရပ်သည် မည်သို့အန္တရာယ်များကြောင်း သူသိသည်။ပိုင်ရှောင်သည် မည်သည့်အသေးစိတ်အချက်အလက်တစ်ခုကိုမှ လက်လွတ်မခံရဲပေ။သူသည် ကျောင်းသားပြောခဲ့သမျှကို တွေးတောနေတော့သည်။

"သူ့စကားကို နားထောင်မနေနဲ့ ၊ သရဲတွေက ရွေးချယ်တယ်ဆိုတာမျိုးက မရှိဘူး "

ကျိုးကျွင်းက လက်သီးဆုပ်လိုက်သည်။သူ့အတန်းဖော်များက ကျိကျဲစကားကို နားယောင်၍ အိပ်ဆောင်ခြောက်သို့ လိုက်သွားကြမည်ကို သူစိုးရိမ်နေ၏။ထိုသို့ဆိုလျှင် သူတို့အားလုံးကို ကျောင်းစည်းမျဉ်းက စားသောက်သွားမည်ဖြစ်သည်။

"မင်းက မင်းကိုယ်မင်း ကြီးကျယ်မြင့်မြတ်သလိုလုပ်နေတယ်ဆိုတာ ငါကြားပါတယ် ၊ မင်းက ငါတို့အားလုံးကို ဘတ်စ်ကားနဲ့သေမင်းဆီပို့ခဲ့တာမလား "

ကျိကျဲက သာမန်လျှံကာဖြင့် သူ့ဘရန်းဒတ်ခါးပတ်ကို ထုတ်ပြလိုက်သည်။

"ငါသာမင်းနေရာမှာဆို ဇိမ်ခံကားကြီးတစ်စီး ပြင်ဆင်ခဲ့မှာပဲကွ "

"မင်း ဘာစကားပြောတာလဲကွ "

"ကျိုးကျွင်း မင်းက ငါတို့အားလုံးကို သတ်နေတာလား ! "

"စကားများမနေကြနဲ့တော့ မကြာခင် ဆရာမရောက်လာတော့မယ် ! "

"ယွမ်ဟွေ့ ၊ မင်းကျိုးကျွင်းကို အရမ်းမုန်းရင် သူ့ကို သွားချပါလား ၊ ဘာလို့ ငါ့နောက်လိုက်လာတာလဲ "

စာသင်ခန်းသည် အလွန်ဆူညံနေတော့သည်။ဖက်တီးသည် မာထုံဘေးတွင် ရိုကျိုးစွာရပ်လိုက်သည်။သူက ဂရုတစိုက်မေးလိုက်သည်။

"ကျောင်းသားတွေက သူတို့ကြားထဲမှာ သရဲတွေရှိနေတာကို ဘာကြောင့် ပိုမစိုးရိမ်ကြတာလဲ ၊ ငါတို့ဆက် ဟန်ဆောင်ဖို့ လိုသေးလို့လား ၊ သူတို့ဟာ ငါတို့နဲ့မတူတဲ့ ကမ္ဘာတစ်ခုမှာ ရှိနေသလို ခံစားရတယ် "

ကြက်ဥကို အခွံနွှာပြီးသော မာထုံသည် သူ့လက်များကို သုတ်ရန် ခေတ္တရပ်လိုက်ပြီး

"ဒါဆိုရင်လည်း သူတို့နဲ့ပူးပေါင်းဖို့ မင်းကိုယ်မင်း အတင်းအကြပ်လုပ်စရာမလိုပါဘူး ၊ သူတို့ထဲက တစ်ယောက်မှ လူကောင်းမဟုတ်ဘူးလေ "

"ဒါပေမယ့် ငါတို့က သရဲတွေလေ ၊ ငါတို့က သူတို့ရဲ့သက်တမ်းကို ခိုးဖို့လိုတယ် "

ဖက်တီးက သူ့ဗိုက်ကို ပုတ်လိုက်ပြီး နူးညံ့စွာအတွန့်တက်လိုက်သည်။

"မင်းလေသံက မင်းက သူတို့ကို သာမန်လူသားတွေကို ဆက်ဆံနေတာပဲ "

မာထုံက ကြက်ဥကို စားလိုက်သည်။သူသည်ဘယ်ရီသီးအနည်းငယ်ကိုထုတ်ပြီး သူ၏ ရေနွေးဘူးထဲသို့ ပစ်ထည့်လိုက်သည်။

"မနေ့တည်းက ဒီအတန်းကို ငါတက်နေတာ ၊ သူတို့နဲ့အတူ တစ်နေ့လုံး ငါအတန်းတက်ခဲ့တယ် ၊ မနေ့ကတည်း သူတို့က ဒီလိုမျိုးလုပ်နေကြတာပဲ ၊ သူတို့အားလုံး အသက်ရှင်ခဲ့တယ် ဒါပေမယ့် သရဲသုံးကောင်ကတော့ သုတ်သင်ခံလိုက်ရတယ်လေ "

မာထုံသည် ရေနွေးဘူးထဲရှိ ရေများကို မှုတ်လိုက်ပြီး ဖက်တီးကို တချက်ကြည့်လိုက်သည်။

"မနေ့က မင်းဟာ ကြမ်းပြင်ပေါ်မှာ ပုံဆွဲထားတဲ့ပန်းသီးတစ်လုံးကို စားခဲ့တယ် ၊ မင်းက မင်းဗိုက်ပေါက်ကွဲထားတဲ့အထိ စားခဲ့ပြီး စက္ကူစတွေအဖြစ် ပြောင်းသွားတယ် "

ဖက်တီးသည် ယင်းကို ဆက်နားမထောင်ရဲတော့ပေ။အိမ်မက်ဆိုးများ မက်လာမည်ကို သူကြောက်နေ၏။

အတန်းထဲရှိ စကားများနေသံများသည် ပိုကျယ်လောင်လာခဲ့သည်။ဖက်တီးက သူ့ခေါင်းကိုကျုံ့လိုက်မိသည်။

"ဒါဆို ငါဒီအတန်းထဲက ထွက်သွားဖို့ တောင်းဆိုလို့ရမလား "

"အခု အရမ်းနောက်ကျသွားပြီ ၊ ညမှာ အတန်းထဲက တစ်ယောက်ယောက်က မင်းကို လာရှာနိုင်တယ် "

မာထုံသည် သူ့စာအုပ်ကို တဖျတ်ဖျတ်လှန်လိုက်သည်။

"ပြီးတော့ ကျောင်းစည်းကမ်းက ဒါကို ခွင့်ပြုမှာ မဟုတ်ဘူး ၊ မင်းက နဂိုကျောင်းသားကို ယူထားတာဆိုတော့ သူ့အထောက်အထားအတိုင်း မင်းနေထိုင်နေဖို့လိုတယ် "

ဖက်တီးသည် စကားများရန်ဖြစ်နေသံများကို တိတ်ဆိတ်စွာနားထောင်နေခဲ့သည်။ယွမ်ဟွေ့သည် ကျိုးကျွင်းအား လူသတ်သမားဖြစ်ကြောင်းစွပ်စွဲသည်။ကျိုးကျွင်းက လူတိုင်းသည် လွန်ခဲ့တဲ့ဆယ်နှစ်က သေခဲ့ပြီဖြစ်ကြောင်းပြောပြသည်။ကျိကျဲသည် သူ့နောက်ကျောမှ သရဲအကြောင်းဝါကြွားနေခဲ့သည်။လူနာဝတ်စုံကျိုးဘိုသည် ရူးသွပ်စွာအော်ဟစ်နေ၏။ကျောင်းသားကောင်စီတံဆိပ်ဖြင့် လျိုယီသည် အန္တရယ်ရှိသည့်အရိပ်အယောင်များဖြာထွက်နေသည်။ကောင်းမင်ဟု ခေါ်သော စိတ်ပညာရှင်တစ်ယောက်လည်းရှိနေသေးသည်....

ဖက်တီးသည် သူ့လက်များကို အိတ်ကပ်ထဲ ထိုးထည့်ထားရင်း စကားမပြောဝံ့ပေ။ တခါတရံတွင် သူသည် သရဲတစ်ကောင်ဖြစ်ရခြင်းကား အလွန်စိတ်ပျက်အားငယ်စရာကောင်းသည်ဟု ခံစားမိနေတော့သည်။

All Chapters