← Chapters

ဒုတိယအတန်းချိန်

Vol. 11 Ch. 155

ဒုတိယအတန်းချိန်

Vol. 11 Ch. 155

ကျိကျဲ၏အတွေးသည် ရိုးရှင်းသည်။မနေ့ညက ကျောင်းသားအုပ်စုတစ်စုသည် ကောင်းမင်ကို ပြေးလိုက်နေချိန်တွင် ကျောင်းသားအုပ်က သူ့ကိုမြင်သောအခါ ထွက်ပြေးသွားကြသည်။ထို့ကြောင့် သူသည် ကောင်းမင်ထက် များစွာသန်မာလိမ့်မည်ဟု ဆုံးဖြတ်လိုက်ခြင်းဖြစ်သည်။ကျိကျဲ၏ သတိပေးချက်ကိုကြားသောအခါ ကောင်းမင်သည် သူ၏အေးစက်မှုကို ဆုံးရှုံးလုနီးပါးဖြစ်သွားသည်။ တည်ငြိမ်မှုကို ထိန်းသိမ်းရန် ကြိုးစားရင်း သူ့မျက်နှာကြွက်သားများ တဆတ်ဆတ်တုန်သွားသည်။

"မင်းကြောက်နေခဲ့ရင်လည်း ထုတ်ပြလိုက်လို့ရတယ် ၊ အထဲမှာ ထိမ်းသိမ်းထားစရာမလိုပါဘူးကွာ "

ကျိကျဲသည် ကြောက်စရာအကောင်းဆုံးညကို ကြုံတွေ့ခဲ့ရသည်။သူ့ပတ်ဝန်းကျင်မှ အကြောက်တရားများပြည့်နေသော အမူအရာများကို ကျင့်သားရနေပြီဖြစ်သည်။

"ဒါဆို မင်းပိုဂရုစိုက်ပါ "

ကောင်းမင် ‌ဘေးသို့ တဖြည်းဖြည်းရွေ့လိုက်သည်။စိတ်ပညာတစ်ယောက်အနေဖြင့် သူ့အမူအရာကို ချက်ချင်းထိန်းညှိလိုက်သည်။

"ဒီ သောက် ..."

ကျိုးကျွင်းသည် ဤစုံစမ်းစစ်ဆေးမှုအတွက် စီတုအန်း၏စည်းမျဉ်းများ လုပ်ဆောင်ခဲ့သည့်အရာများနှင့် ရင်းနှီးခဲ့သည်။သာမန်လူများသည် သူတို့နဲ့ ယှဉ်နိုင်မည်မဟုတ်ချေ။ မနေ့ညတွင် ဌာနချုပ်မှ စစ်ကူအသစ်များ စတင်ပို့ခဲ့သည်။စုံစမ်းရေးမှူးပိုရောက်လာသည်နှင့် စီတုအန်းသည် သူ့စည်းမျဉ်းများအောက်တွင် ဆရာ၊ ဆရာမများ ပိုရရှိလာမည်ဖြစ်သည်။စီတုအန်း၏စည်းမျဉ်းများသည် ကျောင်းစည်းမျဉ်းများအား တဖြည်းဖြည်းသိမ်းပိုက်ပေလိမ့်မည်။

အခန်း၁၃၏အခြေအနေသည် အနည်းငယ်ရှုပ်ထွေးသော်လည်း စီတုအန်း စီစဉ်ထားသည့်အတိုင်းပင်ဖြစ်သည်။

သင်ကြားရေးအိုင်ဒီဖြင့် စုံစမ်းရေးမှူးများက ကောင်းမင်နှင့်ကျိကျဲကို လုံးဝလျစ်လျူရှုထား၏။သူတို့သည် စည်းမျဉ်းများကိုသာ လိုက်နာ၍ မဲပေးခဲ့သော သရဲသုံးကောင်ကို ဖမ်းဆီးရန် အတူတကွ အလုပ်လုပ်နေကြသည်။ထူးဆန်းသည်က ကျောင်းသားများသည် ထိန်းသိမ်းခံလိုက်ရပြီးနောက် မည်သည့်ခုခံမှုမှ မပြတော့ခြင်းဖြစ်သည်။

ကောင်းမင်၏မျက်လုံးများ မှေးစင်းသွားသည်။တခဏမျှလေ့လာပြီးနောက် လျှို့ဝှက်ချက်သည် သင်ကြားရေးအိုင်ဒီကတ်တွင် တည်ရှိနေကြောင်း သူနားလည်လိုက်သည်။ပါးလွှာသည့် အိုင်ဒီကတ်၏ အရှေ့ဘက်တွင် စုံစမ်းရေးမှူး၏ မျက်နှာပုံရှိပြီး အနောက်ဘက်တွင် စီတုအန်း၏ သွေးစွန်းနေသော ဓာတ်ပုံ ရှိနေလေသည်။ကောင်းမင်က စီတုအန်း၏ မျက်နှာကို စိုက်ကြည့်လိုက်ရာ ဓာတ်ပုံထဲရှိ စီတုအန်း၏မျက်လုံးများသည် ရွေ့လျားသွားပြီး ကောင်းမင်အား ဖျတ်ခနဲ လှမ်းကြည့်လိုက်၏။

"စီတုအန်းရဲ့ အသိစိတ်က သင်ကြားရေးအိုင်ဒီကတ်တိုင်းမှာ ရှိနေတာလား ! "

ကောင်းမင် ထိုအကြောင်းကို တွေးဆလိုက်သည်။

"ဆိုလိုတာက သင်ကြားရေးအိုင်ဒီကတ်ရှိတဲ့လူတိုင်း ငါသတ်လိုက်ရင် စီတုအန်းကို သတ်နိုင်မယ်လို့ ဆိုလိုတာလား ဒါမှမဟုတ် ငါ ဒီအိုင်ဒီတွေကိုသုံးပြီး စီတုအန်းရဲ့တည်နေရာကို ရှာနိုင်မလား "

စီ‌တုအန်းသည် ကျောင်းကြီးတစ်နေရာတွင် ပုန်းနေခြင်းဖြစ်သည်။ ကောင်းမင်သည် ထိုလူ၏ပုံသဏ္ဍာန်ကို မသိပေ။သူစီတုအန်းအကြောင်းတွေးလိုက်ချိန်တိုင်း သူ့နှလုံးထဲရှိ သေခြင်းမှတ်ဉာဏ်များသည် သူ့အား ထိုးဖောက်နေခဲ့သည်။စီတူအန်း သတ်ဖြတ်ခံခဲ့ရသည့် သူ့အတိတ်များက ညည်းတွားနေခဲ့ကြသည်။ ၎င်းတို့သည် စီတုအန်းကို လက်စားချေရန် အရူးသွပ်ဆုံးနည်းလမ်းကို အသုံးချချင်နေကြသည်။

"သင်ကြားရေးအိုင်ဒီကတ်နည်းနည်းလောက်ခိုးဖို့ နည်းလမ်းရှာရမယ် .."

ကောင်းမင် သူ့ခုံသို့ ပြန်မသွားခဲ့ချေ။စုံစမ်းရေးမှူးများက သူ့ဆီ လျှောက်လာရာ သူသည် 'အထိန်းအကွပ်မဲ့ တုန်လှုပ်' သွားပြီး ကျိကျဲဆီ ရွေ့သွားလိုက်သည်။ စုံစမ်းရေးမှူးများက ကျိကျဲကို မျက်လုံးထဲ မထည့်ပေ။လက်တွေ့တွင် ကျိဖူကလွဲ၍ အတန်းထဲမှ လူများက ကျိကျဲကို အလေးအနက်မထားကြပါ။

"ခင်ဗျားကို ထပ်သတိပေးလိုက်မယ် ၊ ကျုပ်တို့က အခန်း၁၃မှာ ဖြစ်ပျက်နေတဲ့ကိစ္စတွေကို ကိုင်တွယ်နေတာ ၊ သရဲတွေကို သတ်မသတ်ဆိုတာ ကျုပ်တို့ပဲ ဆုံးဖြတ်မယ် ! "

ကျိကျဲက နောက်မဆုတ်ပေ။

"အနားကပ်မလာနဲ့နော် ! ကျုပ်နောက်မှာရှိတဲ့အရာက အရမ်းကြောက်ဖို့ကောင်းတယ် ! ခင်ဗျားသေသွားလိမ့်မယ် ! "

ကျိကျဲသည် သရုပ်ဆောင်နေခြင်းမဟု‌တ်ပေ။သူသည် အကြောက်ရောဂါ၏ကြောက်စရာကောင်းမှုကို ပထမဆုံးကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။သူသည် သူ့နောက်ကျောရှိ 'အမည်မသိသရဲ'ကို အကြောက်ဆုံးလူဖြစ်သည်။

ကျိကျဲ၏ ရိုးရိုးသားသားအပြုအမူကို မြင်သောအခါ လူတိုင်းက သူ့နောက်ကျောကို စိုက်ကြည့်လိုက်ကြသည်။သူတို့က သူတို့ဘာသာတွေးလိုက်ကြသည်။

"အဲ့ဒီမှာ ငါတို့မမြင်နိုင်တဲ့တစ်ခုခု ရှိနေတာလား "

အကြောက်ရောဂါသည် အတန်းထဲ တိတ်တဆိတ်ပျံ့နှံ့နေခဲ့သည်။လူအများ တစ်ကြိမ်စိုးရိမ်လာသည်နှင့် အကြောက်ရောဂါသည် သူတို့နှလုံးသားထဲရှိ အားနည်းချက်ကို ရှာတွေ့သွားလိမ့်မည်ဖြစ်သည်။

ခေါင်းဆောင်စုံစမ်းရေးမှူးသည် ဖက်တီးကို ဖမ်းလိုက်ပြီး ကျိကျဲကို ဘေးထုတ်ရန်ကြိုးစားလိုက်သည်။ကောင်းမင်က ထိုအခိုက်အတန့် စောင့်နေခဲ့ခြင်းဖြစ်သည်။သူ့လက်ထိပ်ကို ကိုက်ဖောက်လိုက်ပြီး သူ့သွေးကို စီစွေ့အိမ်ရာလူသေဓာတ်ပုံပေါ် ချလိုက်သည်။သူက အဘွားရှန်းကို ဆက်သွယ်လိုက်သော်လည်း အဘွားရှန်းက မတုံ့ပြန်ခဲ့ပေ။သို့သော် အန်တီအလုပ်များသူက စေတနာ့ဝန်ထမ်းအဖြစ်လျင်မြန်စွာ တုန့်ပြန်လာ၏။

စုံစမ်းရေးမှူးများက ကျိကျဲကို တွန်းလိုက်သည်နှင့် မျက်နှာတွင် ပါးစပ်များသာရှိသော အန်တီအလုပ်များသူသည် ကျိကျဲနောက်တွင် ပေါ်ထွက်လာလေတော့သည်။သူမပါးစပ်များကို တပြိုင်နက်ဟလိုက်သည်။စီစွေ့အိမ်ရာမှ ယင်စွမ်းအင်သည် စုံစမ်းရေးမှူးနှစ်ယောက်ကို လွှမ်းခြုံသွားသည်။သူတို့သည် လူသေဓာတ်ပုံထဲသို့ အတင်းအကျပ်ဆွဲခေါ်ခံလိုက်ရလေသည်။

စီစွေ့အိမ်ရာမှ သရဲများသည် နှစ်များစွာ ကိုးကွယ်ဆုတောင်းနေကြခြင်းဖြစ်သည်။ထို့ထက် သူတို့အပေါ် သားစားကြူးနတ်၏ ဩဇာလွှမ်းမိုးနေ၏။သူတို့သည် ကျောင်းရှိ ဓားစာခံများနှင့် ကွာခြားပေသည်။နောက်ထပ်အချက်တစ်ခုကား အိမ်ရာမှသရဲများသည် စူပါမားကတ်မှ သရဲများနှင့်တူညီကြခြင်းဖြစ်သည်။သူတို့သည် ကျောင်းစည်းမျဉ်းနှင့် စီတုအန်း၏စည်းမျဉ်းများကို ဂရုစိုက်ခြင်းမရှိပေ။

သင်ကြားရေးအိုင်ဒီဖြင့် စုံစမ်းရေးမှုးနှစ်ယောက်ကား ထိုကဲ့သို့ပင် ပျောက်ကွယ်သွားလေသည်။စာသင်ခန်းသည် လွန်စွာတိတ်ဆိတ်သွား၏။ထိုနေရာတွင် ရပ်နေသော ဖက်တီးနှင့်ကျိကျဲသည်လည်း ဆွံ့အသွားကြသည်။

ကျိုးကျွင်း၏ခဲတံသည် အပိုင်းပိုင်းဖြစ်သွားသည်။ သူ့မျက်ဆံများ ပိုမှေးကျဉ်းလာလေသည်။

အဆုံးတွင် ပထမဆုံးသတိဝင်လာသူမှာ ကျိကျဲဖြစ်သည်။သူကြမ်းပြင်ပေါ်မှ ကုန်းထလိုက်ပြီး အခြားစုံစမ်းရေးမှူးများကို စိုက်ကြည့်လိုက်သည်။

"တွေ့လား ! ကျုပ်ပြောခဲ့ပါတယ် ၊ ကျုပ်ဘာမှတောင်မပြောခဲ့ရဘူး သူတို့ပျောက်သွားကြပြီ ၊ ဘယ်လောက်ကြောက်ဖို့ ကောင်းလိုက်လဲ "

အန်တီအလုပ်များသူက ကျိကျဲနောက်မှ ခုန်ဆင်းလိုက်သည်။ ကျိကျဲသည် ရှင်းရှင်းမကြည့်လိုက်ရပေ။ လျင်မြန်သော မြင်ကွင်းကျယ်တစ်ခု သူ့အား ကျော်သွားသလို ခံစားလိုက်ရသည်။

အရင်က ကျိကျဲသည် နောက်ပြောင်နေသည်ဟုသာ အားလုံးကထင်ခဲ့ကြသည်။သူ့အဝတ်အစားများပေါ်ရှိ စာတန်းများ(ဘရန်းနာမည်)ကို သူတို့မြင်နေရသည်။ သူတို့ကို နောက်မှပြန်ပို့တာက သူ့အတွက် ပိုလွယ်‌နေ၏။အဲ့ဒါက အမှန်လို့ ဘယ်သူထင်မှာလဲ။ သူတကယ် 'ရွေးချယ်' ခံခဲ့ရပုံပေါ်သည်။

"မင်းမြင်လိုက်လား "

"ကျိကျဲရဲ့နောက်မှာ မျက်နှာတစ်ခုလုံး ပါးစပ်တွေပြည့်နေတဲ့ ရုပ်ဆိုးဆိုးသရဲတစ်ကောင်ရှိတယ်ကွ ! "

"အ‌ရမ်း ကြောက်ဖို့ကောင်းတာပဲ ! "

ထိုမှတ်ချက်များကို ကြားသောအခါ ကျိကျဲ၏အကြောက်ရောဂါသည် ပိုမိုပြင်းထန်လာ၏။သူသည် အလွန်ကြောက်ရွံ့နေသဖြင့် သူ့သွားများကို ကြိတ်ထားမိသည်။သူသည် ကြောက်မက်ဖွယ်မြင်ကွင်းများကို စိတ်ကူးနေသဖြင့် သူ့နောက်တွင် တစ်စုံတစ်ခု စုစည်းလာတော့သည်။လူအားလုံးသည် ကျိကျဲအပေါ် အာရုံစိုက်နေကြသည်။သင်ကြားရေးအိုင်ဒီကတ်နှစ်ခုကို စုဆောင်းမိလိုက်သော ကောင်းမင်သည် အလွန်ရင်းနှီးနေ၏။မပျော်ရွှင်နိုင်သည့် တစ်ယောက်သောသူမှာ အန်တီအလုပ်များသူဖြစ်သည်။သူမသည် သူမအားရုပ်ဆိုးသည်ဟု ပြောလိုက်သည်ကို ကြားလိုက်ရသည်။

"အစ်ကိုကျဲက လူ‌မှန်တစ်ယောက်ပဲ ! "

"နောက်ကျရင် ငါတို့ အစ်ကိုကျဲနဲ့အတူသွားမယ် ! နောက်ဆို ငါတို့ကို ဘာမှ ကြောက်ရွံ့စေတော့မှာ မဟုတ်ဘူး ! "

ညီအစ်ကိုကျဲအပေါ် ကိုးကားသည့် ကျောင်းသားများ၏နည်းလမ်းပင် ပြောင်းလဲသွားခဲ့သည်။ စုံစမ်းရေးမှူးအနည်းငယ်သည် ခေတ္တရပ်လိုက်ပြီး အားလုံးက ကျိုးကျွင်းဘက်လှည့်သွားကြသည်။

စီတုအန်းမရှိသောအခါ ကွင်းစ်စုံစမ်းစစ်ဆေးရေး ‌ကပ္ပတိန်ကျိုးကျွင်းသည် ထိပ်တန်းအာဏာရှိသူဖြစ်သည်။

"ကျိကျဲ သူတို့သုံးယောက်ကို မင်းမကယ်နိုင်ပါဘူး "

ကျိုးကျွင်းသည် ကျိကျဲ၏စွမ်းအားကို ရင်ဆိုင်လိုက်‌ရသောအခါ စတင်၍ အကြောင်းပြချက်သုံးလိုက်သည်။

"သူတို့သတ်ချင်နေတဲ့သူက စုံစမ်းစစ်ဆေးရေးဌာန မဟုတ်ဘူး ၊ ဌာနက သူတို့ကို မသတ်ဘူးဆိုရင်တောင် သူတို့က ဒီနေ့အထိ အသက်ရှင်နိုင်မှာ မဟုတ်ဘူး ၊ ကျောင်းစည်းကမ်းတွေက သူတို့ကို သေတဲ့အထိ ပစ်မှတ်ထားဖို့ အရာအားလုံး လုပ်မှာပဲ "

"ဒါဆို ...."

ကျိကျဲသည် သူ့ရှေ့ရှိ ဖက်တီးကို ကာကွယ်လိုက်သည်။

"သူတို့ ကြိုးစားပါစေ "

ခေါင်းလောင်းသံမြည်လာ၏။ကျိကျဲသည် စည်းမျဉ်းများကို ဆန့်ကျင်ရန် ဆုံးဖြတ်လိုက်သည်ကို မြင်လိုက်သောအခါ ကျိုးကျွင်း၏နဖူးကြောများ ထောင်ထလာ၏။ပိုများသော စုံစမ်းရေးမှူးများသည် သူ့အတွက် ပါဝင်ကြသော်လည်း သူသည် သူတို့အား အလွယ်တကူ စတေးလိုက်နိုင်လေသည်။ကျိုးကျွင်းက လက်ကိုဝှေ့ယမ်းပြီး သရဲများကို လွှတ်ခိုင်းလိုက်သည်။စုံစမ်းရေးမှူးများသည် သူတို့ရှေ့မှ အစားအစာများကို ချန်ထား၍ ထွက်သွားကြလေသည်။

"ဘာတွေဖြစ်နေတာလဲ ၊ သရဲတွေက ကျောင်းသားတွေရဲ့နေရာကို အစားထိုးပြီး အတန်းလာတက်ကြတယ် ပြီးတော့ တခြားကျောင်းသားတွေက ဆရာနှစ်ယောက်ကို သတ်ပြီး သူတို့ကို ကူညီပေးလိုက်တယ် "

ချင်ကျွင်းရန်က ကျိုးကျွင်းဘက်မှနေ၍

"သရဲတွေကို သတ်ဖို့ ဆရာတွေကို ငါတို့မကူညီသင့်ဘူးလား "

အတန်းထဲတွင် အသံအမျိုးမျိုးထွက်နေသော်လည်း အများစုမှာ ကျိကျဲကို ထောက်ခံကြသည်။ အကြောင်းပြချက်က ရိုးရှင်းပေသည်။ သူသည် သရဲကျောင်းသားများကို ကာကွယ်နိုင်ခဲ့သောကြောင့် သက်ရှိကျောင်းသားများကိုလည်း အကာအကွယ်ပေးလိမ့်မည်ဖြစ်သည်။

"ဒုတိယအတန်းချိန် ရောက်ပြီပဲ "

စီဆန်းက အချိန်ဇယားကို တစ်ချက်ကြည့်လိုက်သည်။ဒုတိယအတန်းချိန်သည် ကျန်းမာရေးအတန်းဖြစ်သည်။သင်ကြားမည့်စာသင်ခန်းသည် ကျောင်းဆေးခန်း အနီးတွင်ဖြစ်သည်။

All Chapters