← Chapters

စီတုအန်း

Vol. 11 Ch. 161

စီတုအန်း

Vol. 11 Ch. 161

အပြင်ဘက်ရှိကောင်းမင်သည် ကျိကျဲ နောက်တွင် ရပ်လျက်ရှိသည်။မှန်အတွင်းရှိ လူသေကောင်းမင်ကား ရှရန်နောက်တွင် ရပ်နေခြင်းဖြစ်သည်။

"ငါ ဘာလုပ်ရမယ်ဆိုတာ ငါသိတယ် ၊ စည်းမကျော်နဲ့ "

ကောင်းမင်သည် မှန်ကိုစိုက်ကြည့်ရင်း ကျိကျဲကို လည်ပင်းညစ်ရန် သူ့လက်အား ဖြည်းညင်းစွာမြှောက်လိုက်သည်။မှန်ထဲမှ မျက်လုံးတစ်လုံးတည်းရှိသော ကောင်းမင်ကလည်း ရှရန်၏လည်ပင်းကို ဖမ်းဆုပ်လိုက်သည်။ကျန်ရှိနေသော သူ့မျက်လုံးသည် သွေးကြောမျှင်များဖြင့် ထိုးဖောက်ခံထားရသည်။သူ့အသံသည် အေးစိမ့်နေပြီး ကြောက်မက်ဖွယ်ကောင်းနေလေသည်။

"ငါက သေပြီးသားပဲ ၊ ဆုံးဖြတ်ချက်တွေ ချနေတဲ့သူက မင်းပဲလေ "

မှန်ထဲမှ ကျိကျဲသည် တဖြည်းဖြည်းချင်း ရှရန်၏ အမူအရာနှင့် ထပ်တူကျလာ၏။

"လူတိုင်းကို သတ်ချင်နေတာ မင်းရဲ့အတွင်းစိတ်ပဲ ၊ ငါက မင်းအတွက် အဲ့ဒါကို သိသာအောင် ပြပေးရုံပဲ ၊ မင်းနားမလည်ဘူးလား ၊ ငါက မင်းရဲ့ရည်ရွယ်ချက်တွေနောက် လိုက်နေတာ ၊ ငါက မင်းကို ဘာမှ လမ်းမညွှန်ပေမယ့် မင်းက ငါ့ကို အတင်းအကြပ်လုပ်နေတာ"

မှန်ပြင်သည် မတူညီသော ဝိဉာည်သုံးခုကို ရောင်ပြန်ဟပ်နေသည်။၎င်းတို့သည် ကျိကျဲ ၊ ရှရန်နှင့် ကောင်းမင်ဖြစ်သည်။

"အခု ရပ်လိုက်တော့ "

ကောင်းမင်က ပိုတင်းကြပ်စွာ ညစ်လိုက်သည်။ကျိကျဲ၏လည်ပင်းသည် စတင်ကျိုးကြေလာ၏။

မှန်ထဲမှ ရှရန်သည် နွေးထွေးသည့်အပြုံးတစ်ခုကို ထိန်းသိမ်းထားရင်းဖြင့် သူ့လက်များက ကခုန်နေလေသည်။ထိုရူးနေသောလူသည် အခန်း၁၃ ကျောင်းသားတိုင်း၏ လူသေပုံတူကို ဖန်တီးနေခြင်းဖြစ်သည်။

"မင်းနှလုံးသား လိုချင်တဲ့နည်းလမ်းအတိုင်း မင်းဘာလို့ မနေထိုင်တာလဲ ၊ ဘာလို့ မင်းကိုယ်မင်း ပြန်ဖိနှိပ်ထားရတာလဲ ၊ မင်းက မင်းအစစ်အမှန်ကို ဖုံးကွယ်ထားတာပဲ "

ရှရန်က မရပ်တန့်ပေ။သူသည် ကျောင်းသားတစ်ဦးချင်းစီ၏ အတုမရှိသော ဝိဉာည်များကို ရေးဆွဲနေခဲ့သည်။သူသည် သရဲများသိမ်းပိုက်ခံထားရသော လူများအပါအဝင် အတန်းထဲရှိ လူအားလုံး၏ အသိစိတ်များကို ရေးဆွဲနေခဲ့ခြင်းပင်။

ထိုရူးသွပ်သည့်နည်းလမ်းသည် စီတုအန်း၏ စည်းမျဉ်းများကို စိုးရိမ်ပူပန်သွားစေသည်။ထိုနေရာကား ရုံးခန်းအဆောက်အဦးဖြစ်သည်။စီတုအန်းအပြည့်အဝထိန်းချုပ်ထားနိုင်သည့် နေရာတစ်ခုပင်။ကျန်းမာရေးစာသင်ခန်းတံခါးသည် လော့ခတ်လျက်ရှိဆဲဖြစ်သည်။နံရံများသည် ကြောက်မက်ဖွယ်ကောင်းသောတစ်စုံတစ်ခုက နံရံထဲကူးခတ်နေသကဲ့သို့ စတင်အက်ကွဲလာလေသည်။

ကျောင်းဆေးခန်းနှင့်ကပ်လျက်မှ အော်ဟစ်သံများထွက်ပေါ်လာ၏။ကျန်းမာရေး စာသင်ခန်းနှင့် ကျောင်းဆေးခန်းကို ပိုင်းခြားထားသော နံရံသည် လူ့အရေပြားကဲ့သို့ သွေးပြန်ကြောများ ပေါ်ပေါက်လာနေသည်။ သွေးပြန်ကြောများသည် လူ့နှလုံးကဲ့သို့ စည်းချက်ညီညီ ညှစ်ထုတ်နေလေသည်။

"လူတစ်ယောက်က အနာဂတ်ကိုမြင်နိုင်ပေမယ့် အနာဂတ်ကို သိမ်းပိုက်ဖို့ ငြင်းဆိုနေတယ် ၊ မင်းနှလုံးသားထဲမှာ ဖုံးကွယ်ထားတဲ့ လျှို့ဝှက်ချက်တွေက ဘာများလဲ"

ရှရန်သည် လူအားလုံးကို ပန်းချီဆွဲပြီးသောအခါ သူ့မျက်လုံးများက ကောင်းမင်အပေါ်ရောက်လာ၏။

"မင်းရဲ့ဝိဉာည်က သေမင်းဓာတ်ပုံတစ်ခုပဲ ဒါပေမယ့် ဒီမှန်က မင်းရဲ့ တစ်စိတ်တစ်ပိုင်းကိုပဲ ပြသနိုင်တာ ၊ မင်းရဲ့ အစစ်အမှန်ဝိဉာည်ကို ငါသက်သေပြပါရစေ "

ကျောင်းသားများ၏ သွေးများဖြင့်စွန်းထင်းနေသော ရှရန်၏လက်ချောင်းများသည် မှန်ထဲကကောင်းမင်ကို ပုံဆွဲချင်နေ၏။လက်ချောင်းများက မှန်မျက်နှာပြင်ကို ထိတွေ့လိုက်ချိန်တွင် ကောင်းမင်၏နှလုံးသားနှင့်အတူ ရှိနေသော သေခြင်းမှတ်ဉာဏ်များသည် စတင်ဆန့်ကျင်လာကြလေသည်။ရှရန်နောက်တွင် ပိုများသောရုပ်ပုံများထွက်ပေါ်လာကြသည်။စုံစမ်းစစ်ဆေးရေးဌာန အကြီးအကဲယူနီဖောင်းဖြင့် ကောင်းမင်သည် ရှရန်ကို ဖမ်းဆုပ်ထားခဲ့သည်။

"မင်းရဲ့ နောက်ထပ်လူသေဗားရှင်းတစ်ခုလား "

အမှန်တရားနှင့်ပိုနီးကပ်လာလေလေ ရှရန်က ပိုစိတ်လှုပ်ရှားလာလေလေဖြစ်သည်။သူသည် ကောင်းမင်၏ ဝိညာဉ်ကို ရေးဆွဲချင်သော်လည်း လက်ရှိကောင်းမင်အား အဆုံးမဲ့သေဆုံးခဲ့သော ကောင်းမင်များမှ ဖန်တီးထားသည်ကို သူ မမျှော်လင့်ထားခဲ့ပေ။

"အနာဂတ်ကို လှမ်းကြည့်ဖို့ မင်းရဲ့အသက်‌တွေကို အသုံးချခဲ့တာလား ၊ အဲ့ဒီမှာ သေခြင်းတရားပဲ ရှိတာလား ၊ မင်း ဘယ်နှစ်ခါတောင် သေခဲ့တာလဲ "

နောက်ဘက်မှ လက်တစ်ဖက်ဆန့်ထွက်လာပြီး ရှရန်၏ ရင်ဘတ်ကို ထိုးဖောက်လိုက်သည်။ ဆုတ်ဖြဲခံရမည့်အန္တရာယ်ကို လျစ်လျူရှုရင်း ရှရန်သည် ကောင်းမင်၏မျက်နှာကို ဆက်လက်ရေးဆွဲ၍ပြုံးလိုက်သည်။

သွေးမျက်နှာများသည် မြင်ကွင်းကို ပိတ်ဆို့သွား၏။လူသေရုပ်ပုံများသည် ရှရန်ကို ခြုံလွှမ်းသွားသည်။အလယ်ဗဟိုသို့ သူရောက်ခါနီးတွင် သေဆုံးသွားခဲ့သည့် ကောင်းမင်အားလုံး၏ရင်ဘတ်ထဲ၌ တုန်ခါနေသည့် အသံတစ်ခုရှိကြောင်း ရုတ်တရက်သူနားလည်လိုက်သည်။သူတို့၏သေဆုံးနေသော နှလုံးသားများသည် ပြန်လည်အသက်ဝင်လာကြသည်။နှလုံးသားများက အတူတကွခုန်ပေါက်နေကြသည်။လက်ရှစ်ဖက်ကား ရှေးဟောင်းသစ်ကိုင်းကြီးများကဲ့သို့ ဆန့်ထုတ်လိုက်လေသည်။သားစားကြူးနတ်သည် ရှရန်၏ပန်းချီကားများကို နှိပ်စက်ညှင်းပန်းခန်းထဲသို့ ဆွဲထည့်ချင်နေခြင်းဖြစ်သည်!။

ZY HL, [10/19/2025 4:07 PM]

မှန်သည် သူ့အကန့်အသတ် ရောက်နေပြီဖြစ်သည်။နံရံသည်ပင် ပြိုကျခါနီးဖြစ်နေလေသည်။နောက်ဆုံးတွင် ရှရန်က ဆင်ခြင်တုံတရားပြန်ရလာသည်။သူသည် ကောင်းမင်အစစ်အမှန်အား ဘယ်တော့မှ ပုံတစ်ခုအဖြစ်ရေးဆွဲနိုင်မည်မဟုတ်သည်ကို သိသောကြောင့် ရပ်တန့်လိုက်သည်။ရှေ့က အနုပညာမဆရာမသည် ကောင်းမင်၏ပုံကို ရေးဆွဲချင်ခဲ့သော်လည်း သူတို့က အလွန်များပြားလွန်းလှ၏။ရှရန်သည်လည်း တူညီသောပြဿနာကို ရင်ဆိုင်လိုက်ရခြင်းဖြစ်သည်။၎င်းကို သူပိုကြိုးစားလေ သူ့အား ထိုအတွင်းသို့ ပိုနက်နက်ရှိုင်းရှိုင်းဆွဲခေါ်ခံရမည်ဖြစ်သည်။

ကျန်းမာရေးစာသင်ခန်းမှ အက်ကွဲကြောင်းများ ပြန့်ကားလာကြသည်။ရှရန်သာ စုတ်ချက်တစ်ချက်ထပ်ထည့်လိုက်ပါက သူ့ကင်းဗတ်အဖြစ်အသုံးပြုနေသော မှန်သည် အစိတ်စိတ်အမွှာမွှာကွဲကြေသွားတော့မည်ဖြစ်သည်။

"ငါက ပန်းချီကားတွေမှာ အတော်ဆုံးပဲ ၊ တစ်နေ့မှာ ငါမဆွဲနိုင်တဲ့ ဝိဉာည်တစ်ခုကို ကြုံတွေ့ရမယ်လို့ ဘယ်သူတွေးမိမှာလဲ "

ညှင်းပန်းနှိပ်စက်ခန်း၏ ဖြစ်တည်မှုသည် ရှရန်ကို တည်ငြိမ်သွားစေရန် ကူညီပေးလိုက်သည်။သူက သူ့ချောင်းများရှိ သွေးစက်များကို သုတ်လိုက်ပြီး ကောင်းမင်ထံ လက်ဆန့်ပေးလိုက်သည်။

"မင်း ငါ့ကို ထာဝရမပျောက်ကွယ်စေချင်ပါဘူးနော် ဟုတ်တယ်မလား "

"ငါ့နှလုံးသားထဲမှာ ပိတ်မိနေတဲ့လူတွေက ထာဝရရှိနေလိမ့်မယ် ၊ အဲဒီကျမှ အဲ့ဒီအစား ပျောက်ကွယ်သွားပါစေလို့ မင်းဆုတောင်းနေရလိမ့်မယ် "

ကောင်းမင်က ကျိကျဲလက်ကို ကိုင်လိုက်သည်။သွေးပုံတူများသည် မှန်ပြင်ကိုဖုံးလွှမ်းနေလေသည်။ရှရန်သည် ကျောင်းသားတိုင်း၏ ဝိဉာည်ပုံများကို ရေးဆွဲခဲ့သည်။သူ့လက်ချောင်းထိပ်ဖြင့် မှန်ပြင်ကိုထိလိုက်‌သောအခါ ရှရန်သုံးခဲ့သည့် သွေးများသည် ကောင်းမင်အိတ်ကပ်ထဲရှိ လူသေပုံတူထဲ ပြေးဝင်သွားကြတော့သည်။ကျောင်းသားများ၏ သေခြင်းအမူအရာများကို ရှရန်၏ပုံတူထဲတွင် ထိန်းသိမ်းထားသည်။ မှန်ထဲမှ သွေးများစီးကျလာရာ ရုန်းရင်းဆန်ခတ်ဖြစ်‌နေခြင်းမှ ကျောင်းသားများကိုဆွဲဆောင်လိုက်သည်။သူတို့သည် ခြောက်ခြားဖွယ်ရာတစ်ခုကို မြင်တွေ့လိုက်ရသည်။သွေးစက်များ မှေးမှိန်သွားကြသည်။မှန်ထဲမှကျိကျဲသည် ကြမ်းပြင်ပေါ်တွင် ထိုင်နေပြီး သူ့နောက်တွင် လက်ရှစ်ဖက်ဖြင့်ဧရာမသရဲကြီးတစ်ကောင်သည် မတ်တပ်ရပ်လျက် ရှိနေခြင်းဖြစ်ပေသည်။

နောက်ဆုံး သွေးတစ်စက် ကုန်သွားသောအခါ မှန်သည် ကွဲအက်သွားသည်။ ပင့်ကူအိမ်သဏ္ဍာန်အက်ကွဲကြောင်းများသည် မှန်ကိုကျော်၍ နံရံဆီသို့ ပြန့်ကျဲသွား၏။

အရေပြားနှင့်တူသော ကျန်းမာရေးစာသင်ခန်းနှင့်ကျောင်းဆေးခန်းကြားရှိနံရံ ပြိုကျသွားတော့သည်။အခန်း၁၃သည် ကျောင်းဆေးခန်းအတွင်းမှ အရာအားလုံးကို မြင်လိုက်ကြရသည်။

ဆေးကုသဆောင်သည် အဆင့်နှစ်ဆင့်ရှိပြီး အလွန်ကျယ်ဝန်းသည်။ ပတ်တီးမျက်နှာဖြင့် ကျောင်းသားငါးဆယ်ကို ကုတင်များအနီးတွင် ခွေးများကဲ့သို့ ချည်နှောင်ထား၏။နံရံနှင့်အနီးဆုံး ပလက်ဖောင်းတွင် ကျောင်းလွယ်အိတ်၊ ဒိုင်ယာရီတစ်အုပ်နှင့် ရွှံ့ပေနေသော ကျောင်းဝတ်စုံတစ်ခု ရှိနေသည်။ကျောင်းဝတ်စုံအနီးတွင် ဝါးတားတားဖြစ်နေသော အိုင်ဒီကတ်တစ်ခုရှိလေသည်။ကျောင်းသား၏ ကျောင်းဝင်နံပါတ်သည် ၅၁ဟူ၏။

အခန်း ၁၃ကျောင်းသားများက သူတို့ခန္ဓာကိုယ်များကို ပြန်ထိန်းချုပ်နိုင်သွားကြသည်။ကျန်းမာရေးအတန်းသည် ထိုကဲ့သို့အဆုံးသတ်သွားလိမ့်မည်ဟု ဘယ်သူမှ မျှော်လင့်မထားပေ။လူအားလုံး၏ မျက်လုံးများက ပြိုကျနေသောနံရံ ၊ ကျိကျဲနှင့် ကျောင်းဆေးခန်းကြားတွင်သာ လှည့်လည်နေကြသည်။

လူသေဓာတ်ပုံကို ပြန်ယူပြီးသော ကောင်းမင်က ကြောက်စရာကောင်းသော ကျိကျဲကို ချန်ထားခဲ့ပြီး တိတ်တဆိတ်နောက်ပြန်ဆုတ်သွားခဲ့သည်။

"ပတ်တီးမျက်နှာနဲ့ ကျောင်းသားတွေကို ရင်းနှီးနေသလိုပဲ ....ငါတို့ ဒီကျောင်းကို ဘတ်စ်ကားစီးလာတုန်းက ငါတို့နဲ့အတူ ဘတ်စ်ကားပေါ်မှာ ပတ်တီးမျက်နှာနဲ့ကျောင်းသားတစ်ယောက်ပါလာတယ်မဟုတ်လား "

ဝမ်ကျားက ပတ်ဝန်းကျင်ကိုကြည့်လိုက်သော်လည်း ထိုလူကို ရှာမတွေ့ပေ။

"ဒီကျောင်းသားတွေက ဘာဖြစ်နေတာလဲ "

"စုံစမ်းစစ်ဆေးရေးဌာနက ၅၁ယောက်မြောက်ကျောင်းသားကို ဖန်တီးချင်နေတာ ! သူတို့က ဒီကျောင်းသားတွေရဲ့ တစ်ယောက်ယောက်ဆီမှာ ကျောင်းစည်းမျဉ်းတွေကို ပိတ်လှောင်ထားချင်နေတာပဲ ! "

ကျိုးဘိုက ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။သူသည်လည်း ကုတင်တစ်ခုတွင် ချည်နှောင်ခံထားရသည်။သူသည် လူနာအင်္ကျီကို ဝတ်ဆင်ထားပြီး သူ့ခန္ဓာကိုယ်အား မတူညီသော အပ်များစွာဖြင့် ထိုးစိုက်ခံထားရသည်။သူက ရူးသွပ်နေသကဲ့သို့ အော်ဟစ်နေ၏။

"ဒီနောက်ကွယ်မှာ ကျိုးကျွင်းရှိနေတယ်ဆိုတာ ငါသိနေတယ် "

ဖိနပ်တစ်ဖက်က ကျိုးကျွင်းခေါင်းနောက်ဘက်သို့ ပျံသန်းလာ၏။ကျိုးကျွင်းက အလွယ်တကူရှောင်လိုက်သည်။ယွမ်ဟွေ့သည် သူ့ဖိနပ်နောက်တစ်ဖက်ကို ချွတ်လိုက်သည်။

"ကျောင်းလွယ်အိတ် ၊ ဒိုင်ယာယီနဲ့ ကျောင်းသားအိုင်ဒီတွေက ၅၁ယောက်မြောက်ကျောင်းသားရဲ့ဟာတွေပဲ ၊ မှန် ၊ ပြတင်းပေါက်နဲ့ တံခါးက အိပ်မွှေ့ချတဲ့ ကြားခံပစ္စည်းတွေ ၊ စုံစမ်းစစ်ဆေးရေးဌာနက ငါတို့ နှလုံးသားထဲမှာ ရှိနေတဲ့၏ ၅၁ ယောက်မြောက်ကျောင်းသားရဲ့ မှတ်ဉာဏ်အပိုင်းအစတွေကိုရှာဖို့ သူရဲ့ နောက်ဆုံးသက်ရောက်မှုတွေနဲ့ ငါတို့ရဲ့ဆက်နွယ်မှုကို အသုံးချချင်နေတာပဲ ! "

ကျိုးဘိုသည် ရုန်းကန်အော်ဟစ်ရင်း ပတ်တီးကိုကိုက်လိုက်သည်။

"စုံစမ်းစစ်ဆေးရေးဌာနက ငါတို့ကို အစားထိုးဖို့ အဆင်သင့်ဖြစ်နေခဲ့တာပဲ ၊သူတို့က အရင်ကတည်းက ငါတို့ကို လူတွေလို မဆက်ဆံခဲ့ဘူး ! "

ယွမ်ဟွေ့၏အမုန်းတရားမှာ နက်ရှိုင်းပေးသည်။အစောပိုင်းကာလများက ရုံးခန်းအဆောက်အဦးတွင် သူ့ထံ မည်သည့်အရာများဖြစ်ပျက်ခဲ့မှန်း တစ်ဦးတစ်ယောက်မှ မသိနိုင်ပေ။အချို့သော ကျောင်းသားများသည် စားပွဲပေါ်ရှိ နောက်ဆုံးအကျိုးသက်ရောက်မှုများဆီသို့ ပြေးနေကြသော်လည်း အချို့ကျောင်းသားများက အချက်အလက်များကို စီမံဆောင်ရွက်ရန် ကြိုးစားနေဆဲဖြစ်သည်။

လျိုယီ ၊ဝမ်ကျားနှင့် ကောင်းမင်တို့သည် ဒိုင်ယာယီထံ ပြေးလွှားလိုက်ကြသည်။အခြားလူများကလည်း မကျန်ရစ်လိုသောကြောင့် စတင်ပြေးလိုက်ကြသည်။

ကျိုးကျွင်းမျက်နှာသည် လုံးဝကို မည်းမှောင်နေခြင်းဖြစ်သည်။။ သူ့အတန်းဖော်များသည် ဓားပြများနဲ့ပင် ပိုတူနေ၏။

လူသေပုံတူထဲသို့ ရှရန်ပြန်ရောက်သွားပြီးနောက် ကျန်းမာရေးစာသင်ခန်းတံခါးက ဖျန်းခနဲပွင့်သွားသည်။သင်ကြားရေးအိုင်ဒီများပါရှိသော စုံစမ်းရေးမှူးများသည် အခန်းတွင်းသို့ ဝင်လာသော်လည်း အမိန့်မပေးနိုင်ပေ။

အခန်း ၁၃ ကျောင်းသားများသည် သူတို့ကိုယ်တိုင်သာ အားကိုးရမည်ကို သိကြသည်။

"ရပ်လိုက် ! ကျောင်းဆေးခန်းထဲက ဘာတစ်ခုမှ မထိကြနဲ့ ! "

သတိပေးချက်ကို ဂရုမစိုက်ကြပါချေ။ ကျောင်းသားများသည် အပျက်အစီးများကို ကျော်တက်သွားကြသည်။ အချို့က ပိတ်မိနေသော ကျောင်းသားများ၏ ပတ်တီးများကို ဆုတ်ဖြဲသွားကြသည်။ အခြားသူများက ကျောင်းလွယ်အိတ်အတွင်းမှ ပစ္စည်းများအတွက် တိုက်ခိုက်ကြ၏။တစ်ချို့က အလောင်းများနံရံတစ်ခုဖန်တီးလိုက်ပြီး ဒိုင်ယာရီကို စတင်ဖတ်ရှုကြလေသည်။

တုန်ယင်နေသော ကျိကျဲသည် တဖြည်းဖြည်းနိုးထလာလေသည်။အစောပိုင်းက မယုံနိုင်ဖွယ်အကြောက်တရားသည် သူ့အားဝါးမြိုလုနီးပါးဖြစ်ခဲ့သည်။အဆုံးမရှိသော သရုပ်ဖော်မှုများပြီးသွားပြီးနောက် အကြောက်ရောဂါ၏အကျိုးသက်ရောက်မှုအား အမြင့်ဆုံးအထိ ချဲ့ထွင်ခံခဲ့ရသည်။ စောစောက မြင်လိုက်ရသည့်အရာများက သူ့စိတ်ထဲတွင် ပွက်လောရိုက်လာသည်။ အကြောက်လွန်ရောဂါသည် တဖြည်းဖြည်း အမှန်တကယ်ဖြစ်လာတော့သည်။

"နင် အဆင်ပြေရဲ့လား "

ကြင်နာတတ်သည့် ကျိုးစီစီက တိုက်ခိုက်ရာတွင် မပါဝင်ခဲ့ပေ။သူမသည် ကျိကျဲကို ဘေးသို့ ဆွဲထူလိုက်သည်။သူဒဏ်ရာရနေမည်ကို စိုးရိမ်နေ၏။

"ငါ အရမ်းကြောက်စရာကောင်းတဲ့ အိမ်မက်တစ်ခုမက်ခဲ့တယ် ၊ ငါ့နောက်မှာ သရဲတစ်ကောင်ရှိနေတာကို ငါမြင်ခဲ့ရတယ် "

ကျိကျဲ၏ခြေလက်များက အေးစက်နေလေသည်။

"အဲ့ဒါကြီးက ထပ်ခါထပ်ခါ သေဆုံးနေခဲ့တာ ၊ တစ်ခါသေတိုင်း အဲ့ဒါက ပိုကြောက်စရာကောင်းလာတယ် ၊ သူ့မှာ လက်ရှစ်ဖက်နဲ့ မတူညီတဲ့ မျက်နှာလေးခုရှိတယ် ၊ သူ့ခန္ဓာကိုယ်အောက်ပိုင်းက အဆုံးမဲ့အလောင်းတွေထဲမှာ နစ်မြှပ်နေတာဟ...."

သူ့ဖော်ပြချက်ဖြင့် ကျိကျဲစိတ်ထဲရှိ ပုံရိပ်ယောင်သည် ပို၍ အစစ်အမှန်ဆန်လာတော့သည်။အဓိကအချက်ကား ထို 'သရဲ'ကို ကျောင်းသားအားလုံး မြင်ခဲ့ရခြင်းဖြစ်သည်။အဆုံးမရှိသည့်ဆိုးယုတ်မှုများကို ပုံရိပ်ယောင်စုစည်းချက်ထဲသို့ ထိုးသွင်းလိုက်မိသည်။အကြောက်တရားမျိုးစေ့ကား အညှောင့်ထွက်လာခဲ့ပြီဖြစ်သည်။

"မင်းတို့ မရပ်တန့်ရင် မင်းတို့အားလုံး အဆုံးသတ်သွားလိမ့်မယ် ! "

အသက်ကြီးကြီး စုံစမ်းရေးမှူးကအော်ဟစ်လိုက်သော်လည်း ယင်းက အဓိပ္ပါယ်မရှိချေ။

ပတ်တီးမျက်နှာဖြင့် ကျောင်းသားများသည် ပတ်ဝန်းကျင်ကို ထုံထိုင်းစွာကြည့်နေကြသည်။သူတို့၏ နာကျင်မှု အနည်းငယ် တိုးလာသည်နှင့်အမျှ သူတို့ ခန္ဓာကိုယ်ပေါ်ရှိ ကြိုးများက တင်းကျပ်လာ၏။ သွေးစွန်းဝတ်စုံဖြင့် ကျောင်းဆရာဝန်သုံးဦးသည် ဒုတိယထပ်မှဆင်းလာသည်။

ဆရာဝန်သုံးဦးက တစ်ဦးချင်း သီးခြားစီရပ်လျက်ရှိသည်။ ဦးဆောင်လာသူ ဆရာဝန်သည် သူ့လက်ချောင်းများကို ဦးရေပြားနဲ့ အစားထိုးထား၏။ သွေးကြောမျှင်များက သူ့အရေပြားအောက်သို့ ပြေးဆင်းလာသည်။ သူ့ကုတ်အင်္ကျီအောက်တွင် ကျောင်းယူနီ‌ဖောင်းကို ၀တ်ဆင်ထားသည်။သူ့ရင်ဘတ်တွင် ကျောင်းသားအိုင်ဒီကတ်တစ်ခုရှိပေသည်။သူ့နာမည်ကား ဟွမ်ကုန်း ဟူ၏။

ဟွမ်ကုန်း‌နောက်တွင် အလွန်လှပသော အမျိုးသမီးဆရာဝန်တစ်ဦး လိုက်ပါလာ၏။သူမကို ထိန်းချုပ်ထားသည့် တကယ့်အရာကသည် သူမပိုက်ထားသည့် ဦးခေါင်းဖြစ်သည်။ ပြတ်သွားသောလည်ပင်းတွင် သွေးကြောမျှင်များစွာရှိပြီး အမျိုးသမီးဆရာဝန်နှင့် ချိတ်ဆက်ထားသည်။ ဦးခေါင်းသည် ဆရာဝန်ထံကပ်တွယ်နေသော ကပ်ပါးတစ်ကောင်လိုပင်။

တတိယဆရာဝန်က သူ့မတ်စ်ကို ချွတ်လိုက်သည်။သူသည် ဒေါက်တာလုနဲ့ တူသော်လည်း ဒေါက်တာလုမဟုတ်မှန်း ကောင်းမင်အသေအချာသိသည်။

"ငါ တကယ့် ဒေါက်တာလုကို သတ်ပစ်လိုက်ပြီ ဒီဒေါက်တာလုဆီက ရင်းနှီးကျွမ်းဝင်တဲ့အနံ့တစ်ခု ရနေတယ် ၊ သူက ယုံကြည်မှုရှိပြီး နှိမ့်ချတယ်၊ ရက်စက်တယ်၊ ကြင်နာတတ်တယ်၊ သူလည်း ဒီလိုပဲ…”

ကောင်းမင်က လေးအေးတစ်ချက်စုပ်သွင်းလိုက်ပြီး သူ့မျက်လုံးများကို မှေးကျဉ်းလိုက်သည်။

"စီတုအန်း ! "

ဟန်သဲ့ကိုယ်ပိုင်ကျောင်း၏ ဆေးကုသဆောင်သည် အမျိုးမျိုးသောခန္ဓာကိုယ်အစိတ်များကို ပိုပြည့်စုံသည့် မကောင်းဆိုးဝါးတစ်ကောင်ဖန်တီးရန် အတူတကွပေါင်းစပ်နိုင်ခဲ့သည်။ဥပမာတစ်ခုအားဖြင့် ရှရန်သတ်ဖြတ်လုနီးပါးဖြစ်ခဲ့သည့် ကျန်းမာရေးဆရာမဖြစ်သည်။

ရုံးခန်းအဆောက်အအုံကို စီတူအန်း၏ စည်းမျဉ်းများဖြင့် ဖုံးအုပ်ထားသည်။ ကျောင်းဆေးခန်းသည် ရုံးခန်းအဆောက်အဦး၏ အလယ်ဗဟိုတွင်ရှိသည်။ကျိုးကျွင်းပင် ထိုနေရာသို့လာခွင့်မရှိပေ။ထိုနေရာသည် စီတုအန်း၏လျှို့ဝှက်ချက်ကို သယ်ဆောင်ထားခြင်းဖြစ်သည်။

"သားစားကြူးနတ်ကို ငါယူလိုက်တော့ စီတုအန်း မတူညီတဲ့လမ်းတစ်ခုကို ယူခဲ့ပြန်တယ် ၊ ဒီအကောင်က မူမမှန်ဖြစ်ရပ်တွေကို ပျိုးထောင်ပေးတဲ့နေရာမှာ ပါရမီရှင်တစ်ယောက်ပဲ "

အခန်း ၁၃သည် စုံစမ်းရေးမှူးများကို လျစ်လျူရှုထားသော်လည်း ဆရာဝန်သုံးယောက်ပေါ်လာချိန်တွင် အချို့ကျောင်းသားများက ရပ်တန့်သွားကြသည်

အရင်အတန်းက မဲပေးခဲ့ခံရသည့် သရဲကျောင်းသား တစ်ယောက်သည် အရမ်းနောက်ကျသွားခဲ့သည်။၎င်းကို ဒေါက်တာ ဟွမ်ကုန်းက ဖမ်းဆီးလိုက်သည်

ဟွမ်ကုန်းက ဒေါက်တာလုဘက်လှည့်၍ တစ်ချက်ကြည့်လိုက်သည်။ခွင့်ပြုချက်ရပြီးနောက် သူသည် သရဲကျောင်းသားအား သူ့ရင်ဘတ်အတွင်း ထိုးသွင်းလိုက်သည်။လက်ဆယ်ချောင်းက သရဲကျောင်းသားကို ဆုပ်ကိုင်လိုက်သည်။ သူ့ရင်ဘတ်သည် ပွင့်ဟသွားကာ ထူးဆန်းသည့် သွေးလက်တံများ လှစ်ခနဲပြေးထွက်လာပြီး သရဲ၏ခန္ဓာကိုယ်ကို ထုတ်ချင်းဖောက်လိုက်သည်။

အခန်း ၁၃၏ကျောင်းသားများက ချက်ချင်းငြိမ်ကျသွားသည်။လူအားလုံး၏မျက်စိရှေ့တွင် ဟွမ်ကုန်းသည် ထိုနည်းလမ်းကိုသုံး၍ သရဲကို မျိုချလိုက်လေသည်။

အခန်း၁၃သည် အစောပိုင်း သရဲကိုမဲပေးခဲ့ချိန်တွင် သရဲသည် ထိုမျှကြောက်စရာကောင်းသည့်နည်းလမ်းဖြင့် သေဆုံးသွားလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

" ကျောင်းဆေးခန်းမှာ မင်းတို့တွေ့သမျှတွေကို သူတို့နေရာမှာ ပြန်ထားလိုက်ပါ”

ဒေါက်တာလုက ခပ်ယဲ့ယဲ့ပြောလိုက်သည်။သူ့အသံသည် နူးညံ့နေသော်လည်း ဩဇာအရှိန်အဝါကို သယ်ဆောင်ထား၏။

ဒေါက်တာလုသည် ကျောင်းဆေးခန်းနှင့်ချိတ်ဆက်နေပုံရသည်။ထိုအခန်းထဲမှ အရာအားလုံးက သူ့အမိန့်ကို နာခံရမည်ဖြစ်သည်။

"ကျွန်တော်တို့ ကြည့်နေရုံပါပဲ "

ကျောင်းသားများသည် ၅၁ယောက်မြောက်ကျောင်းသား၏ သက်ရောက်မှုများကို ပြန်ထားလိုက်ကြပြီး အားလုံးက ကျိကျဲအနီးတဝိုက်တွင် အုပ်လိုက်ကြီးဖြစ်သွားကြသည်။

All Chapters