ငါက အတုကြီးလား
Vol. 11 Ch. 163
ကျောင်းသားကောင်စီနှင့်စုံစမ်းစစ်ဆေးရေးဌာန၏ စည်းမျဉ်းနှစ်ခုကို ကိုယ်စားပြုသော စည်းမျဉ်းနှစ်ခုသည် ကျန်းမာရေးစာသင်ခန်းအတွင်း ရင်ဆိုင်မိနေကြသည်။အခန်း၁၃ကား အလယ်တွင်ကြားညှပ်နေ၏။သူတို့သည် အင်အားစုတစ်ခုဖြစ်လာသဖြင့် လျစ်လျူရှူမရပေ။ယခုအချိန်တွင် အခန်း၁၃ဘက်ရှိနေခြင်းသည် အားသာချက်ရှိသည်။
"ငါတို့ ကျောင်းစည်းကမ်းတွေကို လိုက်နာပြီး နောက်တစ်ချိန်တက်သင့်တယ်"
လျိုယီက ကျိကျဲကို ဆွဲထူလိုက်သည်။သူမနှင့် အခြားလူအနည်းငယ်က သူတို့ရဲ့ ရပ်တည်ချက်ကို ထုတ်ပြလိုက်၏။
ခေါင်းဆောင်တစ်ယောက်ရှိနေသောကြောင့် ကျန်လူများ လိုက်ပါလာကြသည်။ကျောင်းသားကောင်စီသည် ပြည့်စုံနေခြင်းမဟုတ်သော်လည်း စုံစမ်းစစ်ဆေးရေးဌာနထက် ပိုကောင်းပေသေးသည်။ထို့ထက် သူတို့သည် ကျန်းမာရေးစာသင်ခန်းမှ ဖြစ်နိုင်သမျှ ထွက်သွားချင်နေကြခြင်းဖြစ်သည်။
သင်ကြားရေးအိုင်ဒီဖြင့် ဆရာများက သူတို့ကို တားဆီးချင်နေသော်လည်း အခန်း၁၃က စတင်ခုခံလိုက်သည်။အားလုံးထက် သူတို့သည် သူတို့အတွက် ကျောင်းသားကောင်စီနှင့်တိုက်ခိုက်ရမည်ဖြစ်သည်။
"ခင်ဗျားတို့ကို သတိပေးလိုက်မယ် ! ကျုပ်အစ်ကိုကျဲကို ရန်မစနဲ့ ! "
စီဆန်းက ကျိကျဲနောက်တွင်ပုန်း၍ ကြိမ်းမောင်းလိုက်သည်။သို့သော် ရိုးသားစွာဆိုရလျင် ကျိကျဲသည် ကြောက်မက်ဖွယ်ကောင်းနေခဲ့သည်။သူ့ရင်ဘတ်ပေါ်ရှိအရေပြားသည် မို့မောက်နေပြီး နီရဲနေခဲ့သည်။စုံစမ်းရေးမှူးများက ဒေါက်တာလု၏အမြင်ကို သိချင်နေသော်လည်း နောက်ပိုင်းအာရုံသည် ကျိကျဲနှင့်လျိုယီတို့ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။သူက ဟွမ်ကုန်းအား ၅၁ယောက်မြောက်ကျောင်းသား၏။သက်ရောက်မှုများကို စစ်ဆေးခိုင်းလိုက်သည်။မည်သည့်အရာကိုမှ မဆုံးရှုံးခဲ့ကြောင်း သေချာသဖြင့် သူသည် ပစ္စည်းများကိုဆွဲယူလိုက်ပြီး ကျောင်းဆေးခန်းဒုတိယထပ်ဆီသို့ ပြန်သွားတော့သည်။သူသည် ကျောင်းသားကောင်စီကို ထိပ်တိုက် ရင်မဆိုင်ချင်သေးသောကြောင့် အခန်း ၁၃ မှ ကျောင်းသားများကို ထွက်ခွာခွင့်ပြုခဲ့သည်။
"ငါ့ သူငယ်ချင်းလေးတွေ ! "
စီဆန်းသည် အနုပညာ စာသင်ခန်းမှ ထွက်ခဲ့စဉ်က သူပြုမူပုံအတိုင်း ကျောင်းသားကောင်စီဆီသို့ ပြေးသွားခဲ့သည်။ ကောင်းမင်က ကျိုးဘိုအားကူညီရန် နေရစ်ခဲ့သည်။သူက ပတ်တီးမျက်နှာဖြင့်ကျောင်းသားများကိုခေါ်သွားရန် ကြံစည်ထားခဲ့သော်လည်း သူတို့၏ ပတ်တီးများကို ဖယ်ရှားပြီးနောက် သူတို့၏ ခန္ဓာကိုယ်များသည် အသားပုံများအဖြစ် ပျော်ဝင်သွားခဲ့လေသည်။ယင်းသည် အလွန်ခြောက်ခြားဖွယ်ရာပင်။
"ကျောင်းဆေးခန်းဆိုတာ ကျောင်းသားတွေကို အရုပ်တွေလိုဆက်ဆံတဲ့နေရာတစ်ခုပဲ ၊ ဒီကျောင်းသားတွေက လူသားတွေမဟုတ်ကြတော့ဘူး ၊ သူတို့ရဲ့အခြေအနေက ငါတို့ထက်တောင် ဆိုးဝါးသေးတယ် "
ကျိုးဘိုက ကောင်းမင်ကို တားဆီးလိုက်သည်။
"အနည်းဆုံးတော့ ငါတို့ကတန်ဖိုးရှိသေးတဲ့ ဓာတ်ခွဲခန်းကြွက်တွေပါပဲ "
ကျောင်းသားများသည် ကျန်းမာရေး စာသင်ခန်းမှ ဖြည်းညှင်းစွာ ထွက်သွားကြသည်။ သူတို့သည် ပျက်စီးနေသည့်နံရံနှင့် အကြောက်တရားမျိုးစေ့ကို ချန်ထားရစ်ခဲ့သည်။
ရုံးခန်းအဆောက်အဦးမှ သူတို့ထွက်လာပြီးနောက် ကျောင်းသည် တစ်ခုခုမှားနေကြောင်း သူတို့သတိပြုမိကြသည်။အရင်က ကျောင်းတွင် ကျောင်းသားများစွာရှိသည်။သူတို့သည် ထူးဆန်းစွာပြုမူကြသော်လည်း ကျောင်းအား ကျောင်းတစ်ကျောင်းဟု ခံစားမိကြသေးသည်။ယခုအချိန်တွင်မူ လူအားလုံးသည် ကမ္ဘာကြီး၏အဆုံးသတ် ရောက်လာနေသကဲ့သို့ အလွန်သတိရှိစွာပြုမူနေကြသည်။
"အချိန်ဇယားအတိုင်း မင်းတို့အတန်းတွေကိုတက်ကြပါ ၊ တခြားဘာမှ စိုးရိမ်စရာမလိုဘူး "
ကျောင်းသားကောင်စီအဖွဲ့ဝင်ခေါင်းဆောင်က သူတို့ကို ရုံးခန်းအဆောက် အဦးမှ ခေါ်ထုတ်ပြီးနောက်အားကစားအဆောက်အဦးသို့ အမြန်ပြန်သွားခဲ့သည်။ထိုသည်က ကောင်းမင်ကို စိတ်ရှုပ်သွားစေသည်။ ရေလွှမ်းမိုးမှုက ကိုင်တွယ်ရခက်တာလား။
တတိယအတန်းချိန်သည် အင်္ဂလိပ်စာအတန်းချိန်ဖြစ်သော်လည်း ကျန်းမာရေးအတန်းက အချိန်ကြာမြင့်စွာယူလိုက်သောကြောင့် သူတို့သည် လေးချိန်မြောက်အတန်း 'စာရိတ္တ'အတန်းတက်ရန် ကျောင်းခန်းမသို့ သွားလိုက်ကြသည်။
စာရိတ္တအတန်းသည် ဟန်သဲ့ကိုယ်ပိုင်ကျောင်းမှ ပြင်ဆင်ထားသော အတန်းဖြစ်သည်။စာရိတ္တအတန်းကို အခန်းအနည်းငယ်မှလည်း စုပေါင်းလာတက်ကြသည် ။ ၎င်း၏ ရည်ရွယ်ချက်မှာ ကျောင်းသားများ၏ နားလည်မှုနှင့် ကိုယ်ကျင့်တရားကိုတည်ဆောက်ရာတွင် အာရုံစိုက်စေရန်ဖြစ်သည်။
"ခန်းမက ကြားနေဧရိယာလို့ ယူဆနိုင်တယ် အဲ့ဒါဘယ်စည်းမျဉ်းနဲ့မှ မသက်ဆိုင်ဘူး နောက်အတန်းမှာ ကျောင်းသားကောင်စီ နဲ့စီတုအန်းကိုမဟုတ်ဘဲ ကျိကျဲကို အာရုံစိုက်ရမယ် "
ကောင်းမင်က ကျိကျဲနှင့်ပတ်သက်၍ အနည်းငယ်စိုးရိမ်နေ၏။ခန်းမတွင် လူပိုများလေလေ အကြောက်ရောဂါ ဖြစ်ပွားနိုင်ခြေ ပိုများလေဖြစ်သည်။
ကျိကျဲမှာ အရေးကြီးသော နေရာတွင် ရှိနေသည်။ သူသည် ကြောက်စရာကောင်းသော အရာများစွာကို မြင်တွေ့ခဲ့ရပြီး ကြောက်စရာကောင်းသော ကောလဟာလများ အများအပြားကို ကြားခဲ့ရသည်။ သူ့စိတ်ထဲတွင် ကြောက်စရာကောင်းသည့် စိတ်ကူးက အချိန်မရွေး ပေါ်လာနိုင်ပေသည်။ပိုဆိုးအောင်ပြောရလျင် ကျိကျဲ၏ရင်ဘတ်တွင် တကယ့်သရဲတစ်ကောင်ရှိ နေခြင်းဖြစ်သည်။ကောင်းမင်သည်ပင် ထိုကဲ့သို့ဖြစ်လာသည်ကို နားမလည်ခဲ့ပေ။သူသည် အကြောက်ရောဂါ အရုပ်ကို ပြန်ရရန် ကျိကျိထံ အကြိမ်ကြိမ်
ချဉ်းကပ်ရန် ကြိုးစားခဲ့သော်လည်း အရုပ်သည် ကျိကျဲတွင် တွဲကပ်နေခဲ့သည်။ သူ့အကြိုက် ကြောင်စားပင်ကို တွေ့လိုက်ရသော ကြောင်တစ်ကောင်ကဲ့သို့ဖြစ်နေ၏။
"နေ့လယ်က ယိုလျန်းရဲ့ လူမှုဗေဒအတန်းဖြစ်လိမ့်မယ် ၊ဒါပေမယ့် ငါကြောက်တာက နေ့လယ်အတန်းမှာ ငါတို့အသက်မရှင်နိုင်မှာကိုပဲ "
သာမန်အတန်းချိန်များသည် ခက်ခဲခြင်းမရှိပေ။စီတုအန်းနှင့်ကျောင်းစည်းမျဉ်းတို့ နှစ်ဖွဲ့လုံးသည် ထိန်းထားကြဆဲဖြစ်သည်။နောက်ဆုံး သူတို့ တစ်ပတ်လုံး အတန်းတက်ဖို့ ပြင်ဆင်ခဲ့ကြပြီး နှစ်ရက်သာ ရှိသေးသည်။
ကျန်းမာရေးအတန်း၏ လောင်းရိပ်မှ ပြန်မထနိုင်မီ အခန်း၁၃သည် ခန်းမထဲ ၀င်ခဲ့ရသည်။ လူတိုင်းက နံရံတွင် မြေပုံနှင့် သူတို့ထိုင်ခုံများကို တွေ့လိုက်ကြသည်။
"ဒီအကြိမ်က အခြားအတန်းတွေနဲ့အတူတူ သင်ခန်းစာသင်ရမှာပဲ ၊ ငါတို့ ဂရုစိုက်ရမယ် "
ချင်ကျွင်းရန်က လူအားလုံးကို သတိပေးရန် ရှေ့တက်လိုက်သည်။သူက လျိုယီဘေးသို့ လျှောက်သွားလိုက်၏။
"လျိုယီ နင့်ဘေးမှာထိုင်တဲ့သူရှိလား"
"အင်း "
လျိုယီက ထရပ်၍ ကျိုးစီစီဘေး ဝင်ထိုင်လိုက်သည်။
"အဲဒါကို တခြားအတန်းက ကျောင်းသားတွေကို ပြောပြသင့်တယ် ၊ နံပါတ် ၁၃ကို သတိထားဖို့ ပြောလိုက်ပါ "
ဖက်တီးက ပလတ်စတစ်အိတ်ကို ပစ်လိုက်သည်။သူသည် သူ့ဗိုက်ကိုပွေ့ထားပြီး စကားပင်ကျယ်ကျယ်မပြောဝံ့ခဲ့ပေ။
အခြားအတန်းမှ ကျောင်းသားများသည် ခန်းမထဲ ဝင်လာကြသည်။ခန်းမထဲတွင် လူအုပ်ကြီးစုဝေးလာရာ ကောင်းမင်က ပိုစိုးရိမ်လာသည်။ အတန်းတက်ခေါင်းလောင်းသံမြည်လာ၏။ခန်းမကား လူအပြည့်ဖြစ်နေတော့သည်။ အခန်း ၆ခန်းမှ ကျောင်းသားစုစုပေါင်း ၃၀၀န်းကျင်ခန့် ရှိနေခြင်းဖြစ်သည်။
"ကျောင်းသားတွေအားလုံး ဂနာမငြိမ်ဖြစ်နေသလိုပဲ "
ဝမ်ကျားက စီဆန်းကို ဆွဲမလိုက်ပြီး ဘေးသို့တွန်းထုတ်၍ ကောင်းမင်ဘေးတွင်ထိုင်လိုက်သည်။
"သူတို့ သေသေချာချာ ကြည့်ကြည့်လိုက် ၊ သူတို့ရဲ့ စိတ်ပိုင်းဆိုင်ရာအခြေအနေက မကောင်းဘူး ၊ သူတို့ခန္ဓာကိုယ်တွေကလည်း တုန်ယင်နေကြတယ် ၊ သူတို့က အချိန်မရွေး ရူးသွားမယ်ပုံစံပဲ "
ခန်းမကြီးသည် ပြည့်လျှံနေသော်လည်း ကျောင်းသားများ ပြွတ်သိပ်လျက် ဝင်နေကြမြဲဖြစ်သည်။ကျိုးကျွင်းသည်ပင် မျက်မှောင်ကြုံ့နေ၏။
"ဒီစာရိတ္တအတန်းကို ကျောင်းအုပ်ယန်က လက်ခံထားတာပဲ ၊ ကျောင်းမှာ ဒီအတန်းတက်ရတဲ့ အကြောင်းက အရမ်းရိုးရှင်းတယ် ၊ ကျောင်းစည်းကမ်းဖြစ်စေ ဒါမှမဟုတ် တခြားစည်းမျဉ်းတွေပဲဖြစ်စေ ကျောင်းသားတွေကို စိတ်ဓာတ်ကျပြီး တန်ဖိုးတွေ ဆုံးရှုံးမှာကို မလိုလားကြဘူး "
တင်းယွမ်က ကောင်းမင်၏တစ်ဖက်တွင်ထိုင်လိုက်သည်။ထိုစီနီယာအကြီးအကဲသည် ကောင်းမင်နှင့် ဆွေးနွေးစရာများစွာရှိသော်လည်း အခွင့်အရေးမရခဲ့ပေ။
"ကျောင်းအုပ်ယန်ရဲ့ အတန်းလား "
"ဒါကလည်း ကျောင်းစည်းမျဉ်းတွေနဲ့ အခြားစည်းမျည်းတွေက ယန်ရှီကျီးကို မသတ်ဖြတ်ခဲ့ရတယ် အကြောင်းအရင်းပဲ ၊ ကျောင်းသားတွေ တည်ငြိမ်စေဖို့ ယန်ရှီကျီးကို လိုအပ်တယ်လေ "
တင်းယွင်က စိုးရိမ်စွာဖြင့် "ဒီအတန်းက စိတ်ပိုင်းဆိုင်ရာ ပြဿနာရှိတဲ့ ကျောင်းသားတွေအတွက် ပြင်ဆင်ထားတာပဲ ၊ ဒီအတန်းကို ကျောင်းသားတွေအများကြီးတက်လိမ့်မယ်လို့ ငါမမျှော်လင့်ထားဘူး "
အတန်းစတင်ချိန်မှာ ငါးမိနစ်ရှိပြီဖြစ်သည်။ ကျောင်းအုပ်ယန် ပေါ်မလာသော်လည်း ကျောင်းသားအများအပြားသည် ခန်းမထဲသို့ တိုးဝင်လာနေကြဆဲဖြစ်သည်။
"ကျောင်းအုပ်ယန်က နောက်ကျတတ်တဲ့သူမျိုး ဟုတ်ပုံမရဘူး ၊ သူတစ်ခုခုများ ဖြစ်နေသလား "
တင်းယွမ်က အနက်ရောင်ဆက်သွယ်ရေးစက်ကို ထိတွေ့လိုက်ပြီး သူ့ငယ်သားများကို ဆက်သွယ်လိုက်သည်။
ခန်းမထဲရှိလေထုသည် အေးခဲသွားခဲ့ပုံရသည်။အခန်း၁၃ကား စတင်ကြောက်ရွံ့လာ၏။အခြားကျောင်းသားများ သူတို့ဘက်လှည့်လာပါက သူတို့ရှင်သန်နိုင်မည့်အခွင့်အရေးမရှိပေ။
"ဒီမှာ လူတွေ အရမ်းများလွန်းနေတယ် ! "
ကောင်းမင်သည်ပင် မလွယ်ကူမှုကို ခံစားနေရသည်။သူသည် ဖြေးညင်းစွာဖြင့် ကျိကျဲဘေးရွေ့လျားလိုက်သည်။အကယ်၍ သင်သည် စိတ်ပိုင်းဆိုင်ရာမတည်မငြိမ်ဖြစ်သူတစ်ဦးကို အခန်းတစ်ခုထဲ ထားရှိပါက သူ၏စိတ်ဖောက်နိုင်ခြေမှာ 15 ရာခိုင်နှုန်းသာရှိမည်ဖြစ်သည်။သို့သော် စိတ်ပိုင်းဆိုင်ရာ မတည်မငြိမ်ဖြစ် နေသည့်လူများကို တစ်စုတစ်စည်းတည်းထားလိုက်ပါက ဘယ်လို တုံ့ပြန်မှုမျိုးမဆို ကွင်းဆက်အကျိုးသက်ရောက်မှုတစ်ခု ဖြစ်လာလိမ့်မည်ဖြစ်သည်။ ခန်းမကြီးတစ်ခုလုံးသည် ဧရာမဗုံးကြီးတစ်လုံးဖြစ်သည်။ထိုဗုံးကို ငြိမ်းသေစေနိုင်သည့် တစ်ဦးတည်းသောပုဂ္ဂိုလ်ဖြစ်သည့် ကျောင်းအုပ်ယန်သည် ပျောက်ဆုံးနေခဲ့သည်။ခန်းမထဲသို့ လူများပိုရောက်လာပြီး ကော်ရစ်ဒါထိ ပြည့်လာသည်နှင့်အမျှ ကျောင်းသားအချို့သည် ထိုင်နေသူများကိုရက်စက်စွာ စိုက်ကြည့်နေကြသည်။
"ငါ့ကို ခဏထိုင်ခွင့်ပြုပါလား ၊ ငါနေမကောင်းလို့ပါ ငါ မနေ့ညက အိပ်မက်ဆိုးမက်ခဲ့တယ် "
"ငါ မအိပ်ရတာ အတော်ကြာနေပြီ ၊ အဲ့ဒါကနေ ငါအခုထိ မတည်ငြိမ်သေးဘူး ၊ မင်းကို ငါ့ထိုင်ခုံမပေးနိုင်ဘူး ၊ ငါ့ထိုင်ခုံက ထလိုက်တာနဲ့ ငါကြောက်လာပြီး မင်းမျက်နှာကို ကိုက်ပစ်လိမ့်မယ် "
"တစ်ယောက်ယောက် ငါ့ကို ပြောပါဦး ! ထွက်သွား ! သူငါ့ကို လာဖမ်းတော့မယ် ! "
အခြားအတန်းများမှ အသံအမျိုးမျိုးထွက်ပေါ်လာနေ၏။အခန်း ၁၃ကား အထူးကြောက်ရွံ့ခြင်းမရှိတော့ပေ။အသက်အကြီးဆုံး ကျောင်းသားဖြစ်သူ ချောင်စုန့်သည် ကျိကျဲ၏နောက်ကျောကို စိုက်ကြည့်နေ၏။ကျိကျဲနောက်ကျောရှိ အဝတ်အစားများ ပြဲထွက်လာသည်ကို သူသတိပြုမိသည်။ သူ့အမေကား တွားထွက်လာလေသည်။ ငယ်ငယ်ကတည်းက ချောင်စုန့်သည် သူ့အမေကို အကြောက်ဆုံးဖြစ်သည်။သူ့အမေသည် သူ့ကို ပြုစုပျိုးထောင်ရန် အပြင်းထန်ဆုံးနည်းလမ်းကို အသုံးပြုခဲ့သည်။သူ့ခန္ဓာကိုယ်တွင် များစွာသော ဒဏ်ရာများရှိနေခဲ့သည်။
"မဖြစ်နိုင်ဘူး ! ငါ့အမေက ဘာလို့ဒီရောက်နေတာလဲ "
ချောင်စုန့်က အလန့်တကြားထခုန်လိုက်သည်။ယင်းက ဖက်တီးကို ကြောက်ရွံ့သွားစေသည်။သူလည်း ကျိကျဲကို လှည့်ကြည့်လိုက်သည်။ဖက်တီးသည် ကျိကျဲ၏နောက်မှ စက္ကူပန်းသီးများ ထွက်ကျနေကြောင်း သတိပြုမိလိုက်သည်။ပန်းသီးများတွင် သူ့မျက်နှာပုံကို ခတ်နှိပ်ထားပုံရသည်။မာထုံသည် မနေ့ကသူဘယ်လိုသေခဲ့ကြောင်း သူ့အားပြောပြခဲ့သည်။သမိုင်းသည် တစ်ပတ်ပြန်လည်လာချေပြီ။
ကျောင်းသားတိုင်း မတူညီသောအရာများကို မြင်လိုက်ရလေသည်။သူတို့ရဲ့ အကြောက်တရားသည် ကျိကျဲပေါ်တွင် တူညီမှုသောဆန္ဒတစ်ခုဖြစ်လာလေသည်။ သူတို့၏ အကြောက်ဆုံးအရာမှာက ကျိကျဲ၏ နောက်ကျောပေါ်တွင်ဖြစ်သည်။
ဆန္ဒများစုစည်းလာသောအခါ အတုအယောင်သည် အစစ်အမှန်ဖြစ်လာ၏။အဘယ်ကြောင့်ဆိုသော် လူအများက ၎င်းကို ယုံကြည်ကြသောကြောင့်ဖြစ်သည်။
ကျိကျဲသည် ခန်းမထဲဝင်လာကတည်းကပင် သူ့ခေါင်းကို ငုံ့ထားခဲ့သည်။သူသည် သူ့လက်ချောင်းထိပ်တွင် သွေးများစိုစွတ်လာသည်အထိ သူ့ရင်ဘတ်ကို လက်နှစ်ဖက်ဖြင့်ဆုပ်ကိုင်ထားခဲ့သည်။
"ဒါက အဓိပ္ပါယ်မရှိတာပဲ ၊ ငါ့လိုအရူးတစ်ယောက်ကို ဒေါက်တာလုက ဘာလို့စိတ်ဝင်စားနေမှန်းမသိဘူး "
ကျိကျဲ၏ရင်ဘတ်ပေါ်တွင် ကျောင်းဆရာဝန်၏မျက်နှာ ပေါ်လာ၏။ကျိကျဲက အံကြိတ်လိုက်ပြီး ထိုအရာကို ပြန်သွင်းရန် ကြိုးစားလိုက်သည်။
သူသည် အထင်ကြီးခံရပြီး အာရုံစိုက်ခံချင်သော်လည်း မကောင်းဆိုးဝါးတစ်ကောင်မဖြစ်ချင်ပေ။ရုပ်ဆိုးပြီးမကောင်းဆိုးဝါးဆန်ပုံမျိုးဖြင့် သူအာရုံစိုက်မခံချင်ပေ။
သူကျောင်းတက်ခဲ့စဉ်က သူ့အား အတန်းတစ်တန်းလုံး သတိထားမိခဲ့သည့်အချိန်ရှိခဲ့သည်။အဘယ်ကြောင့်ဆိုသော် သူသည် အတန်းရံပုံငွေအားပျောက်ဆုံးစေခဲ့သဖြင့် လူတစ်ယောက်က သူခိုးသွားခဲ့သည်ဟု ထင်ခဲ့သောကြောင့်ဖြစ်သည်။သူမလုပ်ကြောင်း မည်မျှပင်ကျိန်ဆိုစေကာမူ အရေးမပါခဲ့ပေ။နောက်ဆုံးတွင် ဆရာမက အတန်းရံပုံငွေအား သူ့လစာထဲမှ ဖြည့်ပေးခဲ့လေသည်။ကိစ္စက ပြေလည်သွားခဲ့သော်လည်း သူ့အတန်းဖော်များက သူ့ကို ဘယ်လိုအကြည့်များဖြင့်ကြည့်ခဲ့ကြောင်း သူမှတ်မိပေသည်။
"နောက်ဆုံးတော့ ငါကရွေးချယ်ခံခဲ့ရပေမယ့် မကောင်းဆိုးဝါးတစ်ကောင်အဖြစ် ပြောင်းလဲနေပြီ ! "
သူ့ရင်ဘတ်ရှိ ဦးခေါင်းသည် သူ့ရင်ဘတ်ကို ဆုတ်ဖြဲလျက်တိုးထွက်လာလေ၏။ကျိကျဲသည် ဝေဒနာနှစ်ဆ ခံစားနေရလေသည်။ကျိကျဲ၏ စျေးပေါသော အတွင်းအဝတ်အစားများက သွေးများဖြင့် စိုစွတ်လာတော့သည်။ သူ့ဘေးရှိ ကျိုက်မေ့မေ့က အော်ဟစ်လိုက်သည်။
"ကျိကျဲ နင်သွေးတွေ ထွက်နေတယ် "
လူတိုင်း ကျိကျဲကို လှည့်ကြည့်လိုက်ကြသည်။အကြောက်ရောဂါနှင့် တစ်ခန်းထဲရှိနေရသောကြောင့် သူတို့၏စိတ်ပိုင်းဆိုင်ရာခုခံမှုကား ပြိုလဲနေခဲ့ပြီဖြစ်သည်။
"ငါ့ကို မကြည့်နဲ့ ၊ အတန်းကိုပဲ အာရုံစိုက်ပေးကြပါ ..."
ကျိကျဲ ပိုရုန်းကန်လေ ဆရာဝန်၏ဦးခေါင်းက ပျော်ရွှင်စွာရယ်မောလေဖြစ်နေသည်။ ပတ်ဝန်းကျင်ရှိကျောင်းသားများက ၎င်းကို သတိပြုမိသွားကြသည်။
"မင်းရင်ဘတ်က ဘာဖြစ်နေတာလဲ ၊ မင်း ဒေါက်တာရဲ့ခေါင်းကို ထုတ်လိုက်တာလား "
"မစိုးရိမ်နဲ့ကျိကျဲ အဆင်ပြေမှာပါ "
"မင်း ကပ်ပါးကောင်ကူးစက်ခံနေရပြီလား "
"ကျိကျဲ မင်းရှိသေးလား "
အခြားကျောင်းသားများသည်လည်း အခန်း ၁၃ကြောင့် ဆွဲဆောင်ခံလိုက်ရသည်။ထိုင်ခုံမရှိသောကျောင်းသားများက ရှေ့တိုးလာကြသည်။
"ကျောင်းမှာ ဘယ်တုန်းက အခန်း ၁၃ ရှိခဲ့တာလဲ ၊ ငါသူတို့ကို တစ်ခါမှမကြားဖူးဘူး "
"သရဲတချို့က စည်းကမ်းဖောက်နေကြတာလား ! "
"ရုပ်ဆိုးလိုက်တဲ့ကောင်ပဲ "
"ဒါက ဓားစာခံသရဲအသစ်တစ်ကောင်ဖြစ်မယ် "
အသံများစွာသည် ကျိကျဲနားထဲသို့ တိုးဝင်လာကြသည်။သူ ပြိုလဲတော့မည်ဖြစ်သည်။ သူ့ရင်ဘတ်ရှိဆရာဝန်အား သူထိန်းမထားနိုင်တော့ပေ။သူ့နောက်ကျောရှိ အကြောက်တရားသည်လည်း သူ့ကို အဆုံးမဲ့ ဖိအားပေးနေလေသည်။
သူမွေးလာကတည်းက ကြုံတွေ့ခဲ့ရသော အကြောက်တရားများက ကျိကျဲစိတ်ထဲထွက်ပေါ်လာခဲ့သည်။ ဝိုင်းပယ်ခံရခြင်း၊ နှိမ့်ချခံရခြင်း၊ သူခိုးဟုစွပ်စွဲခံရခြင်း၊ မိသားစုမှ ဆူပူကြိမ်းမောင်းခြင်း... သူ၏ တစ်ခုတည်းသော မြင့်မြတ်မှုမှာ သူ့ကိုယ်တိုင်ပင်။
"ငါ ဒီလိုမဖြစ်ချင်ဘူး ဒါပေမယ့် ငါဆက်မထိန်းနိုင်တော့ဘူး ၊ ငါနဲ့ဝေးဝေးကိုပြေးကြတော့ ....."
ကျိကျဲ၏နှုတ်ဖျားမှ ပြတ်တောင်းပြတ်တောင်းအသံများထွက်လာ၏။ ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များသည် သူ့စိတ်ထဲကို အေးခဲသွားစေသည်။မျက်နှာတွက် ကြီးထွားလာသောပါးစပ်လေးခု၊ အသားနဲ့လုပ်ထားသော ဧရာမသစ်ပင်ကြီး၊ လူသေအလောင်းများ၊ သွေးထွက်သံယိုမှုများ နှင့် ရူးသွပ်နေသည့်ပန်းချီကားများ စသဖြင့် သူ့နောက်ကျောရှိ အကြောက်တရားကို မြင်ယောင်မိလိုက်သည်!။
ထိုအခိုက်အတန့်တွင် ကျိကျဲ၏ဘရန်းဒတ်အင်္ကျီအတွင်းတွင် ပုန်းအောင်းနေသည့် အကြောက်ရောဂါအရုပ်ကို မည်သူမှ သတိမထားမိကြပေ။၎င်းက ကျိကျဲ၏နောက်ကျောတွင် တွားသွားလျက်ရှိသည်။သူ့ခန္ဓာကိုယ်ပေါ်ရှိ ကလေးဆန်သောရေးခြစ်ရာများသည် ကျိကျဲ၏ ကြောက်စရာကောင်းသော အတွေးများအဖြစ်သို့ ပြောင်းလဲသွားသည်။ သူ့မျက်နှာတွင် ပါးစပ်လေးပေါက် ကြီးထွားလာ၏။ ၎င်း၏ခန္ဓာကိုယ်သည် ဧရာမသစ်ပင်ကြီး တစ်ပင်ကဲ့သို့ ကြီးထွားလာလေသည်။
တဒုန်းဒုန်းခုန်နေသော နှလုံးခုန်သံနှင့်အတူ ကောင်းမင်သည် ကျိကျဲဘက်သို့ ရွေ့လျားနေ၏။ သားစားကြူးနတ်သည် ထိုအခိုက်အတန့်နှင့် ပဲ့တင်ထပ်နေခဲ့သည်။ သူက ကျိကျဲ၏တည်နေရာကို ထိတ်လန့်စွာကြည့်မိသည်။
သွေးများတရဟောစီးကျလာရာ ကျိကျဲက သူ့လက်များကို လွှတ်လိုက်တော့သည်။ဆရာဝန်ဦးခေါင်းသည် ထူးဆန်းသော ရယ်သံတစ်ခုနှင့်အတူ ကျိကျဲ၏ ရင်ဘတ်မှ တိုးထွက်လာ၏။၎င်းသည် ကျိကျဲကိုကြည့်ရှုရန် သူ့လည်ပင်းကို တွန့်လိမ်လိုက်သည်။ဆရာဝန်သည် ကျိကျဲကို မြင်သောအခါ သူ့နူတ်ခမ်းများက ခရမ်းရောင်ပြောင်းသွားခဲ့သည်။သူက လူသေအလောင်းများနှင့် ချည်နှောင်ထားသည့် ဧရာမသစ်ပင်ကြီးသည် ခန်းမခေါင်မိုးပေါ်တက်သွားသည်ကို မြင်လိုက်ရသည်။ ကြီးမားတုတ်ခိုင်လှသည့် သစ်ကိုင်းကြီးရှစ်ခုတွင် အတန်း ၁၃ မှ ကျောင်းသားများ၏လူသေပုံတူများဖြင့် ချိတ်ဆွဲထားလေသည်။
အကြောက်တရားသည် ပိုမိုအကျိုးအကြောင်းညီညွှတ်လာလေ စွမ်းအားသည် ပိုထင်ရှားလေပင်ဖြစ်သည်။ ကျောင်းသားများပြည့်နေသည့် ခန်းမထဲတွင် လူတိုင်းသည် အရုပ်အတွက် အာဟာရများဖြစ်ကြသည်။
သစ်ကိုင်းကြီးက ရိုက်ချလိုက်သည်။ ဆရာဝန်သည်အကြောက်တရားကို ထုတ်ဖော်၍ ၎င်းကိုယုံကြည်လိုက်သောအခါ သူ့မျက်နှာကား ထိုးဖောက်ခံလိုက်ရလေသည်။
ကြမ်းပြင်နှင့် ထိုင်ခုံများ ပြိုကျသွားခဲ့သည်။ သစ်ရွက်များနှင့် အကိုင်းအခက်များက မြေပြင်နှင့်ထိပြီးနောက် လျှင်မြန်စွာ ပြန့်နှံ့သွားကြသည်။ ခန်းမအတွင်းမှ အော်ဟစ်သံများသည် ခေါင်မိုးထိပ်ထိ လွင့်ပျံသွားသည်။အကြောက်ရောဂါသည် နောက်ဆုံးအဆင့်သို့ဝင်သွားခဲ့ချေပြီ။
ဧရာမသစ်ပင်ကြီးအောက်တွင် ရပ်နေရင်း ကောင်းမင်၏လည်ချောင်းက လှုပ်ရှားသွားသည်။သားစားကြူးနတ်ထံမှ စိတ်လှုပ်ရှားမှုကို သူခံစားနေရသည်။
"ငါက အယောင်ဆောင်ကောင်လို့ ဘယ်လိုတောင်ခံစားရနေရတာလဲ "