ဒီကျောင်းသားကို အာရုံစိုက်ပေး
Vol. 11 Ch. 165
ကောင်းမင်၏ ကြိုးစားအားထုတ်မှုဖြင့် သူသည် ဂိမ်းမြေပုံကို ခက်ခဲစေရုံသာမက စီတုအန်း နှင့် ကျောင်းစည်းကမ်းများကိုပါ ဖိစီးမှုစမ်းသပ်ပေးခဲ့သည်။ တကယ့်ဂိမ်းဒီဇိုင်နာအစစ်သည် လူတိုင်းကို ညီတူညီမျှ စမ်းသပ်မည်ဖြစ်သည်။
"ကောင်းမင် မင်းဘာလို့ ဘာမှမပြောတာလဲ ၊ မင်းကိုတစ်ခုခု စိတ်အနှောင့်အယှက်ဖြစ်စေလို့လား "
ကျန်းတင်းက သူ့မျက်ရှေ့တွင် သူလက်များကို ယမ်းပြလိုက်သည်။
"ရေကြီးတာကို ထိန်းချုပ်ဖို့ ငါအကောင်းဆုံးကြိုးစားနေတယ် ၊ ညအချိန်မရောက်ခင်ထိ ငါထိန်းထားနိုင်တယ် အဲ့ဒီထက်ပိုလို့တော့ မရတော့ဘူး "
"ဒါက လုံလောက်မှာပါ ..."
ကောင်းမင်က ကျန်းတင်းနောက်ကျောကို ကြည့်လိုက်သည်။ကျောင်းသားကောင်စီ၏အကူအညီဖြင့် ပိုများသော အိမ်နီးချင်းများ အသိတရားဝင်လာခဲ့သည်။သူတို့သည် ကျန်းတင်း၏စွမ်းအားဖြစ်လာပေသည်။ကျန်းတင်သည် သူတို့ကြောင့်ပင် အချိန်မြင့်စွာတောင့်ခံနိုင်အောင် ကြိုးစားခဲ့ရသည်။
"ကျောင်းသားကောင်စီက ရေကြီးမှုကို ရှင်းနေတယ် ၊ ရေသရဲတွေက စူပါမားကတ်ကိုပြန်ရအောင် ငါ့ကိုကူညီပေးနေတယ် ၊ အားလုံးကောင်းတယ် "
ကျန်းတင်းသည် အားလုံးကို အကောင်းဆုံးလုပ်ခဲ့ခြင်းဖြစ်သည်။
"စကားမစပ် ၊ ဟိုကောင်မလေးကော ငါတို့နဲ့ပူးပေါင်းဖို့ သဘောတူလိုက်တယ်"
"ရေကူးကန်ထဲက သရဲနီလား"
ယင်းသည် ကောင်းမင်အတွက် သတင်းကောင်းပင်။ရွှံ့နှင့် သဲများက ဘေးတစ်ဖက်သို့ ရှဲသွားသည်။သေလုမြောပါးဖြစ်နေသည့်ကာယဆရာအား ပြန်ရှင်ရန် ဖိအားပေးခဲ့သည်။သူသည် စူပါမားကတ် ဝန်ထမ်းဝတ်စုံကို ၀တ်ထား၏။သူနှင့် မဝေးသော နေရာတွင် အနီရောင် ယူနီဖောင်းဝတ် ကောင်မလေးက အော်ဟစ်ဟိန်းဟောက်နေလေသည်။
ထိုကောင်မလေးတွင် ဆူးတောင်များနှင့်ကြေးခွံများရှိသည်။သူမအား အချုပ်အနှောင်အနည်းငယ်ဖြင့် ချည်နှောင်ထား၏။အရင်က သူမသည် ရေကူးကန်ပိုင်ရှင်ဖြစ်ခဲ့သော်လည်း ရေကြီးမှု၏ဖိအားကြောင့် သူမ၏စွမ်းအားများကို ဆုံးရှုံးလိုက်ရသည်။
"ကျောင်းသားကောင်စီ ပထမဆုံးရောက်လာတုန်းက သူတို့က ငါတို့အကြောင်းကို မသိခဲ့ဘူး ၊ ရေကြီးတာကို ကောင်မလေးလုပ်တယ်လို့ ထင်နေကြတာလေ ၊ သူတို့က ကောင်မလေးကို ရေကန်ဘေးမှာ ဆက်တိုက်ကျိန်ဆဲပြီး အားနည်းသွားစေခဲ့တာ ၊ နောက်ဆုံး ငါနဲ့ ငါ့အိမ်နီးချင်းတွေက သူ့ကို စူပါမားကတ်ထဲကို ပြန်ခေါ်သွင်းနိုင်ခဲ့တယ် "
ရူးသွပ်နေသော မိန်းကလေးကျောင်းသူနှင့်ယှဉ်လျှင် ကျန်းတင်း၏စူပါမားကတ်က သရဲများက ပို၍ဉာဏ်များကြသည်။
"ကာယဆရာ ကျောင်းလုံက လူကောင်းတစ်ယောက်ပဲ ၊ ရေကြီးတာကို တိုက်ခိုက်ဖို့ သူက ငါတို့နဲ့အတူ စူပါမားကတ်ကို စေတနာ့ဝန်ထမ်းအနေနဲ့ကူညီပေးခဲ့တယ် ၊ ဘယ်သူမှ သူ့ကို ဖိအားမပေးဘူး "
ကျောင်းသားကောင်စီ၏အကူအညီဖြင့် စည်းမျဉ်းများကို ဂရုမစိုက်သော သရဲနီနှစ်ကောင်အား ကျန်းတင်း၏စူပါမားကတ်ထဲဝင်ရန် လှည့်စားနိုင်ခဲ့လေသည်။
"သူဌေးကျန်းနောက်ကို လိုက်ရတာ သူတို့ရဲ့ ကံကောင်းမှုပါပဲဗျာ "
ကောင်းမင်က ကျန်းတင်း၏ အလွန်အလုပ်လုပ်နိုင်စွမ်းကို မျှော်လင့်မထားခဲ့ချေ။
"ငါက သူတို့ကို ရိုးရိုးသားသားပဲ ဆက်ဆံခဲ့တာပါကွာ "
ကျန်းတင်းသည် ကောင်းမင်နှင့်စကားပြောဆိုရဟည်ကို သဘောကျနေ၏။
"စကားမစပ် အားကစားခန်းမထဲမှာ ငါထူးဆန်းတဲ့အရာတချို့ တွေ့ခဲ့တယ် "
သူနဲ့ သူ့အိမ်နီးချင်းများက ရေစီးထဲမှ ဗီရိုတစ်ခုကို ဆွဲထုတ်လာ၏။ တံခါးသော့ခတ်ထားသော သော့သည် စုံစမ်းစစ်ဆေးရေးစင်တာ၏ သင်္ကေတဖြစ်သည်။
"လေ့ကျင့်ရေးအချက်အလက်ကို ကြည့်လိုက်"
ကျန်းတင်းက သော့ဖွင့်လိုက်သည်။ဗီရိုတွင် ကျောင်းသားများအပေါ် တင်ပြချက်စာရွက်များဖြင့် ပြည့်နေ၏။
"မြို့တော်အရှေ့ပိုင်းစုံစမ်းစစ်ဆေးရေးဌာနာက ဒီနေရာကနေ သင့်တော်တဲ့ ကျောင်းသားတွေကို ရွေးချယ်ပြီး ဓာတ်ခွဲခန်း အဆောက်အအုံသို့ ပို့ပေးနေတာ ၊ ရှေ့နှင့်နောက်ပုံတွေကို နှိုင်းယှဉ်ကြည့်လိုက် ၊ အရင်က ကျန်းမာသန်စွမ်းတဲ့ ကျောင်းသားများတွေဟာ ဓာတ်ခွဲခန်းအဆောက်အဦးကနေ လူကြီးတွေအဖြစ် ထွက်လာကြတယ်၊ သူတို့သက်တမ်းတွေက ဆုတ်ယုတ်သွားသလိုပဲ "
ရေကူးကန်ရှိ ရေကြီးမှုကို ဘယ်သူမှမမျှော်လင့်ထားကြပေ။များစွာသောဖိုင်များကို မရွေ့ပြောင်းခဲ့ရသောကြောင့် ကျန်းတင်းသည် လျှို့ဝှက်ချက်အများအပြားကို သိခဲ့ရသည်။
"အရိပ်ကမ္ဘာက သရဲတွေကို တိုက်ခိုက်ဖို့ မြို့တော်အရှေ့ပိုင်းဌာနက သက်ရှိလူသားတွေအပေါ်စမ်းသပ်ခဲ့ကြတယ် ၊ သရဲတွေကို နာကြည်းမုန်းတီးမှုကနေ ဖန်တီးထားတာပဲ ၊ သူတို့က ရက်စက်ပြီး ကြမ်းတမ်းတယ် ၊ ဌာနက တခြားအစွန်းရောက်နည်းကို သုံးပြီး ဟန်သဲ့အကယ်ဒမီရဲ့ နူးညံ့သိမ်မွေ့ပြီးကြင်နာတတ်တဲ့ကျောင်းသားတွေကို 'နာခံတတ်တဲ့' သရဲတွေအဖြစ်ပြောင်းလဲနိုင်မလားဆိုတာကို မြင်ချင်နေကြတာ "
ကာယဆရာက အဝတ်လဲခန်းထဲမှ သတ္တုလော့ကာကို သယ်လာခဲ့သည်။ သူက တံခါးကို ဆွဲဖြုတ်လိုက်ရာ ညစ်ပေနေသည့် ကျောင်းသားအိုင်ဒီများ ပြုတ်ကျသွားသည်။ဓာတ်ပုံအားလုံးသည် မယုံနိုင်လောက်အောင် ရှုံ့မဲ့နေကြသည်။ထိုကလေးများကို လူသားဟုပင်ခေါ်၍မရတော့ချေ။
"ဒါတွေကို ငါ ကိုင်တွယ်သင့်တယ် ဒါပေမယ့် ငါအဲလိုလုပ်လို့ မရဘူး ၊ ဒါတွေက သူတို့ရဲ့ အတိတ်နဲ့ သူတို့ရဲ့ ဖြစ်တည်မှုအတွက် အထောက်အထားတွေပဲ၊ ဒါကြောင့် သူတို့အားလုံးကို ငါဖွက်ထားတာ "
ကာယဆရာသည် သူ၏ဧရာမလက်ကြီးဖြင့် အလုပ်လုပ်နေရင်း ကောင်းမင်ကို ရှုပ်ထွေးသောအကြည့်ဖြင့် ကြည့်လိုက်သည်။
မင်းရဲ့အခန်းက အရူးတွေနေတဲ့အခန်းတစ်ခုလို့ထင်ရပေမယ့် မင်းလိုအရူးအစစ်တစ်ယောက်အတွက် သူတို့အားလုံး အရူးလိုဟန်ဆောင်နေကြတာလား "
"ကျွန်တော်တို့အခန်းက အရမ်းစည်းလုံးတယ်လေ "
ကောင်းမင်နှင့်သူဌေးကျန်းက ရေလွှမ်းမိုးမှု၏လူသေဓာတ်ပုံအနီး ရပ်လိုက်ကြသည်။သူဌေးကျန်းသည် ညစ်ပတ်နေသည့်ကျောင်းသားအိုင်ဒီအားလုံးကို လူသေဓာတ်ပုံထဲ ထည့်လိုက်ပြီး ကောင်းမင်ကို လွှဲပေးလိုက်သည်။
"ဒီကျောင်းကြီးက သရဲတွေပြည့်နေတယ်လို့ ထင်ရပေမယ့် အုတ်ခဲတစ်ခဲစီတိုင်းကို သက်ရှိလူသားတစ်ယောက်နဲ့ ဖန်တီးထားတာ "
ကျန်းတင်သည် အလွန်ရင့်ကျက်သည်။သူသည် အကြောင်းအရာများကို ကွဲကွဲပြားပြားမြင်နိုင်လေသည်။
"အရင်က ကျောင်းလုံပြောခဲ့တယ် ၊ ဒီကျောင်းက ကျောင်းသားတိုင်းမှာ နွေးထွေးတဲ့နှလုံးသားတစ်ခုရှိကြတယ်တဲ့ ၊ သူတို့ဟာ ဓာတ်ခွဲခန်းအဆောက်အဦးအောက်မှာ ပိတ်မိနေဆဲဖြစ်ရမယ်တဲ့ ၊ မင်းကျောင်းကို ထိန်းချုပ်ချင်ရင် အရင်ကကလေးတွေကို မင်းကယ်တင်ဖို့ လိုတယ် "
"ကျွန်တော် ကျောင်းကိုထိန်းချုပ်ချင်တယ်လို့ မဆိုလိုပါဘူး "
"မင်းငြင်းဖို့ မလိုပါဘူး"
ကျန်းတင်းက ကောင်းမင်ကို အားပေးတဲ့အနေနဲ့ ကြည့်ပြီး
"အဲဒီကျောင်းသားဟောင်းတွေကို ကယ်တင်လိုက်တာနဲ့ မင်းကိုယ်မင်း ကယ်တင်ရာရောက်တယ်ဆိုတဲ့ ထူးဆန်းတဲ့ခံစားချက်တစ်ခု ငါ့မှာရှိနေတယ် "
ကျန်းတင်း၏ စကားများသည် ကောင်းမင်ကို လှုံ့ဆော်ပေးခဲ့သည်။ သူက ခေါင်းညိတ်ပြပြီး ရေလွှမ်းမိုးခြင်းပုံတူကို သိမ်းဆည်းလိုက်သည်။
"မင်းလှုပ်ရှားတဲ့အခါ မင်းနဲ့ပူးပေါင်းဖို့ ငါအကောင်းဆုံးကြိုးစားပါ့မယ်"
ကျန်းတင်း၏လက်များသည် ရေလွှမ်းမိုးမှုထဲသို့ နစ်မြုပ်သွားကာ
"ငါ မင်းအတွက် လမ်းဖွင့်ပေးမယ်"
အရေးကြီးသောအခိုက်အတန့်တွင် ကျန်းတင်းသည် အလွန်ပင်အားကိုးရပုံပေါ်လေသည်။
အားကစားအဆောက်အဦမှ သူထွက်သွားသောအခါ ကျောင်းကို ဖုံးလွှမ်းနေသော တိမ်မည်းများသည် သွေးစွန်းသော အလင်းရောင်များဖြင့် စတင်တောက်ပလာသည်ကို ကောင်းမင်သိလိုက်ရသည်။ကျောင်းသားကောင်စီနှင့် ဌာနမှ ဆရာများသည် ခန်းမဆီသို့ အပြင်းနှင်နေကြသည်။ကျောင်းသားအများစုကား အကြောက်ရောဂါ ကူးစက်ခံနေရပြီဖြစ်သည်။
"ဒီကျောင်းကြီးက ပြိုကျနေပြီ အချိန်ဇယားက ဒုတိယနေ့ကို မကျော်နိုင်လောက်တော့ဘူး "
ကောင်းမင်သည် ကန်တင်း မသွားဘဲ ဓာတ်ခွဲခန်း အဆောက်အဦးသို့ အမြန်သွားနေ၏။
ကောင်းမင်က အနုပညာအခန်းတံခါးကို တွန်းဖွင့်လိုက်သည်။သူက အနုပညာဆရာမ၏နာမည်ကို ခေါ်လိုက်သော်လည်း သူ့အား တုန့်ပြန်လာသူမှာ ရှရန်သာဖြစ်သည်။
အဖြူရောင်မြေဖြူခဲတစ်ချောင်းသည် သင်ပုန်းပေါ်တွင် သွေးပုံတူတစ်ခုရေးဆွဲလိုက်သည်။ပုံတူထဲမှ ရှရန်က ပြုံးလိုက်ပြီး
"မင်းငါ့ကို ဘယ်သူ့ကို သတ်စေချင်လဲ စီတုအန်းလား "
"အနုပညာဆရာမ ဘယ်မှာလဲ "
"မင်းလိုချင်တဲ့ပုံစံနဲ့ ငါသူ့ကို ဖြေရှင်းခဲ့ပြီးပြီ "
ရှရန်က ပြောလိုက်သည်။
သင်ပုန်းက မြေပြင်ပေါ် ပြုတ်ကျသွားသည်။အပိုင်းပိုင်းတွဲနေသော အနုပညာဆရာမသည် နံရံပေါ်တွင် ရပ်နေ၏။သူမ၏ ခန္ဓာကိုယ်သည် အနုပညာလက်ရာဖြင့် လှပနေလေသည်။သူမသည် ယခင်ကထက် ပိုလှလာသော်လည်း သူမသည် နားမလည်နိုင်သော စိတ်ပျက်အားငယ်မှုနှင့် ဝမ်းနည်းမှုကိုလည်း ထုတ်ဖော်နေခဲ့သည်။ အနုပညာဆရာမသည် သူမအဝတ်အစားပေါ် ရေးဆွဲထားသည့် သူမပုံတူများကို ကြည့်ရှုနေပြီး မလှုပ်ရှားနိုင်ပေ။
"နေ့လယ်ပိုင်း လူမှုဗေဒအတန်းမှာ ဓာတ်ခွဲခန်းအဆောက်အဦးထဲ နက်နက်ရှိုင်းဝင်ရလိမ့်မယ် ၊ ငါ သူ့အကူအညီလိုလိမ့်မယ် "
"ငါက မင်းဖြစ်နေလို့ မင်းအမိန့်တွေကို နာခံမှာပါ "
ရှရန်၏ အသံသည် သာယာငြိမ့်ညောင်းသော်လည်း ကောင်းမင်က သူ့ကို ထိုးချင်နေလေသည်။ ကောင်းမင်က ဆက်မနေခဲ့ဘဲ တင်းယွမ်ကို အမြန်ရှာလိုက်သည်။ အကြီးအကဲသည် ပျောက်ကွယ်သွားသော ယန်ရှီကျီးကို စိတ်ပူနေခြင်းဖြစ်သည်။
........
ကျောင်းသားအိပ်ဆောင်ခြောက်တွင် လျိုယီသည် ကျောင်းသားကောင်စီအစည်းအဝေးစားပွဲတွင် ထိုင်နေ၏။ကြီးမားလှသောရုံးခန်းသည် ဗလာဖြစ်နေ၏။အခြားအဖွဲ့ဝင်များက ခန်းမကို ထိန်းချုပ်ရာတွင် ကူညီရန် ထွက်သွားကြခြင်းဖြစ်သည်။
"၅၁ယောက်မြောက်ကျောင်းသားက ဘယ်မှာပုန်းနေတာလဲ "
လျိုယီ မျက်လုံးမှိတ်ထားလိုက်သည်နှင့် ဒိုင်ယာရီမှတ်တမ်းများက သူမစိတ်ထဲ ဝင်လာသည်။ ကျောင်းဆေးခန်းထဲတွင် ဒိုင်ယာရီကိုတွေ့သောအခါ သူမသည်ချက်ချင်းပင် ပြေးသွားခဲ့သည်။သူမသည် ကျောင်းသားသေဆုံးသည့်နေ့နှင့် အနီးဆုံးနေရာ စာမျက်နှာများသို့ လှန်ကြည့်ခဲ့လိုက်သည်။ မိနစ်အနည်းငယ်အတွင်းမှာပဲ သူမသည် အရာအားလုံးကို မှတ်မိသွားတော့သည်။
"ဒိုင်ယာရီထဲမှာ ပြောထားတဲ့နေရာတွေကို စုံစမ်းစစ်ဆေးရေးဌာနက စစ်ဆေးခဲ့ပြီးသားဖြစ်လိမ့်မယ် ၊ အိပ်ဆောင်ခြောက်တစ်ခုလုံးကို ငါ လက်တွေ့ကျကျ ရှာခဲ့တယ် ..."
လျိုယီက အတန်းဓာတ်ပုံကို ထုတ်လိုက်သည်။ သူမ၏ လက်ချောင်းများက အတန်းဖော်များ၏ မျက်နှာများပေါ်သို့ပွတ်သပ်လိုက်သည်။
"ပုံထဲမှာ ငါ၊ စုန့်ရွှယ်၊ ကောင်းမင် ၊ ကျိုးကျွင်း နဲ့၅၁ ယောက်မြောက်ကျောင်းသားကိုပဲ အရောင်ခြယ်ထားတယ် ၊ ဘာလို့လဲ"
လျိုယီသည် ဖုန်းကိုထုတ်လိုက်ပြီး ၅၁ယောက်မြောက် ကျောင်းသားထံပေးပို့ထားသည့် မက်ဆေ့ကိုဖတ်လိုက်သည်။
အခြားသူများနှင့်မတူဘဲ လျိုယီသည် သူ့အား လာရန် သို့မဟုတ် ဝေးဝေးသွားရန် မစည်းရုံးခဲ့ပေ။ အဲဒီအစား သူမသည် အလွန်ထူးဆန်းသည် မက်ဆေ့ချ်တစ်ခု ပို့ခဲ့ခြင်းဖြစ်သည်။
"ငါတို့ ဒါကိုကြုံရတာ ပထမဆုံးအကြိမ်မဟုတ်ဘူး ၊ ဒီကြေကွဲစရာစက်ဝန်းကြီးကို ရပ်တန့်ပစ်ဖို့ တစ်ဖက်ဖက်က သူ့ဘာသာသူစတေးရမယ် "
"လွန်ခဲ့တဲ့ဆယ်နှစ်က ဘတ်စ်ကားပေါ်မှာ ဘာဖြစ်ခဲ့တာလဲ ၊ ငါသူ့ကို ဘာလို့ ဒီလိုအရာတွေပြောခဲ့တာလဲ ၊ လွန်ခဲ့တဲ့ ဆယ်နှစ်က ဘတ်စ်ကားပေါ် ငါဘယ်လိုတက်ခဲ့တာလဲ ၊ ဒါ့အပြင် ဒါကိုကြုံတွေ့ရတာ ငါတို့ရဲ့ ပထမဆုံးအကြိမ်မဟုတ်ဘူးတဲ့ "
လျိုယီသည် အပိုင်းတိုင်းကို စစ်ဆေးခဲ့သည်။
သူမ ခေါင်းငုံ့ကာ တွေးနေမိသည်။ ရုတ်တရက် အေးစက်သောလက်တစ်စုံက သူမ၏ပခုံးပေါ်သို့ကျလာ၏။ယန်ရှီကျီး၏ မွေးစားသမီးဖြစ်သူ ယန်ရှောင်ယုသည် သူမနောက်တွင် ပေါ်လာခဲ့သည်။
"နင် ဘယ်သူ့ကို ရှာနေသလဲ ငါသိတယ် ၊ ကျောင်းစည်းကမ်းတွေကိုရေးသားသူက ကျောင်းသားတွေကြားမှာ ပုန်းနေတာ ၊ နင်ဓာတ်ခွဲခန်းအဆောက်အဦးရဲ့ မြေအောက်ခန်းကို သွားလို့ရတယ် ၊ အဲဒီမှာ အသက်ကိုလုယူခံလိုက်ရတဲ့ ကျောင်းသားတွေကို သိမ်းဆည်းထားတယ် "
.......
ဝမ်ကျားနှင့်စီဆန်းတို့သည် သင်္ချာဆောင်ခေါင်မိုးပေါ်တွင် မတ်တပ်ရပ်လျက်ရှိသည်။သူတို့နှင့် သိပ်မဝေးသောနေရာတွင် ချင်ကျွင်းရန်နဲ့ ကျောင်းသားအနည်းငယ်ရှိနေသည်။
"တုပိုင်က မင်းတို့အိပ်ခန်းထဲမှာ ဖြစ်ပျက်သမျှကို ငါ့ကိုပြောခဲ့ပြီးပြီ ၊ မင်းတို့ဘာသာ ဘာမှ မလုပ်နိုင်ဘူး ၊ ဘာလို့ ငါတို့နဲ့မပူးပေါင်းတာလဲ "
ချင်ကျွင်းရန်က ဝမ်ကျားကို ပြုံးပြလိုက်သည်။တုပိုင်သည် သူ့ဘေးတွင် ရပ်လျက်ရှိသည်။
"ကောင်းမင်က အိပ်ဆောင်ကို ဘယ်တော့မှ ပြန်လာမှာမဟုတ်ဘူး ၊ သူကကျောင်းစည်းကမ်းတွေကို စိန်ခေါ်မိခဲ့ပြီ ဒါပေမယ့် သူကအဆင်ပြေတယ် ၊ စည်းမျဉ်းတွေက သူ့ဘက်မှာရှိတယ် "
"မင်း ဘာတွေပြောနေတာလဲ "
စီဆန်းက ထောင်သို့သို့အတွန်းခံလိုက်ရသည်။
"မင်း ငတုံး ၊ ဒယ်ဒီကျားနဲ့ ဒယ်ဒီမင်တို့က မင်းကို အမှန်တရားပြောမပြခဲ့ဘူးလား "
ချင်ကျွင်းရန်ကလှောင်ပြောင်လိုက်သည်။
"ငါတို့ရဲ့ သဲလွန်စတွေအရ ကျိုးစီစီရဲ့ခုံချင်းကပ် ၅၁ယောက်မြောက် ကျောင်းသားက တစ်ယောက်တည်းနေတတ်တယ် ၊ ဉာဏ်အရမ်းကောင်းတယ် ၊ ပြီးတော့ ဘယ်လှုပ်ရှားမှုမှာမှ မပါဝင်ဘူး ၊ ကောင်းမင်က အဲ့ဒီအခြေအနေတွေအားလုံးနဲ့ ကိုက်ညီနေတယ် "
"သူက အဲ့ဒီ ဉာဏ်ကောင်းတာလား "
စီဆန်း မျက်လုံးပြူးသွားသည်။
"မင်းက ကောင်းမင်ကို ၅၁ယောက်မြောက် ကျောင်းသားလို့ သံသယရှိနေတာလား "
"မဟုတ်ရင် ဝမ်ကျားက ဘာလို့သူ့နောက်လိုက်ရမှာလဲ "
ချင်ကျွင်းရန်သည် သူ့လက်များကိုကြက်ခြေခတ်လိုက်သည်။
"စိတ္တဇလူသတ်သမားတွေက သေဆုံးသူမိသားစုရဲ့နာကျင်မှုတွေကို သက်သေရဖို့ မှုခင်းဖြစ်တဲ့နေရာကို ပြန်လာလေ့ရှိသလိုမျိုးပေါ့ ၊ ဒါခံစားချက်ကို ဝမ်ကျားက နားလည်မယ်ဆိုတာ ငါသေချာတယ် "
ဝမ်ကျားက အေးစက်စွာပြုံးလိုက်သည်။
"ငါမင်းကို ဘယ်လိုပြန်ဖြေရမလဲ မသိဘူး ၊ ကောင်းမင်သာ ၅၁ယောက်မြောက်ကျောင်းသားဆိုရင် သူ့ကိုသွားဆန့်ကျင်တာနဲ့ မင်းအသေဆိုးနဲ့သေရလိမ့်မယ် ၊ သူသာမဟုတ်ခဲ့ရင်လည်း ငါတို့အားလုံး စွမ်းအားကြီးတဲ့ မဟာမိတ်တစ်ယောက်ကို ဆုံးရှုံးရလိမ့်မယ် "
"ဘာဖြစ်နေတာလဲ ၊ ဒါက ဒီလူသတ်သမားတွေကြားက စာနာမှုလား”
ချင်ကျွင်းရန်က မဲမှောင်စွာဖြင့်
"ဒီနေ့လယ်ခင်းရဲ့ လူမှုရေးလက်တွေ့သင်တန်းမှာ ငါတို့ တစ်ခုခုလုပ်ချင်တယ် ဝင်မစွက်ဖက်နဲ့ "
......
ကျိုးကျွင်းသည် ကျောင်းအုပ်ကြီးရုံးခန်းတွင် ခေါင်းငုံ့၍ မတ်တပ်ရပ်နေလေသည်။သူ့နောက်တွင် အခန်း ၁၃တွင် ပါဝင်ခဲ့သော ပိုင်ရှောင်နှင့်စုံစမ်းရေးမှူးအနည်းငယ်ရှိနေခဲ့သည်။
"အကြီးအကဲ ဒါက အခုအခြေအနေပါပဲ ၊ သွေးသစ်ပင်ကြီးက ကျိကျဲအနောက်ကနေ ကြီးထွားလာခဲ့တာပါ ၊ သစ်ပင်ကြီးက ကျောင်းခန်းမနဲ့ ကျောင်းသား ၅၀၀ကျော်ကို သိမ်းပိုက်ထားပါတယ် "
ကျိုးကျွင်း၏တင်ပြချက်ကိုကြားသောအခါ မော်နီတာရှိ စီတုအန်း၏အသိစိတ်သည် တိတ်ဆိတ်သွား၏။
သူသည် သားစားကြူးနတ်ကို ဆင့်ခေါ်ရန် စီစွေ့အိမ်ရာတွင် သွေးစတေးခြင်းဖြင့် နှစ်နှစ်ဆယ်တိုင်အောင်အချိန်ကုန်ခဲ့ရသည်။သို့သော် သူကျရှုံးခဲ့သည်။နတ်ဘုရားသည် တစ်နည်းနည်းဖြင့် ကျောင်းတွင် ရုတ်တရက်ပေါ်လာခဲ့သည်။ဒီနောက်ကွယ်က လော့ဂျစ်က ဘာများလဲ။
"မင်း သေချာလား ၊ အကိုင်းရှစ်ခုပါတယ် သစ်ပင်တစ်ပင်လုံးကို အသွေးအသားဖြင့်ပြုလုပ်ထားပြီး ခန်းမထဲမှာ ရှင်းမပြနိုင်တဲ့ အသားနံ့တစ်ခု ရှိနေတာလား ! "
စီတုအန်း၏အသံက မော်နီတာမှ ထွက်ပေါ်လာ၏။ယင်းသည် ကျိုးကျွင်းအတွက် ထိုလေသံဖြင့်ပြောသည့် စီတုအန်းအသံကိုကြားဖူးသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။
"ဟုတ်ပါတယ် "
ကျိုးကျွင်းသည် ခေါင်းမမော့ဝံ့ပေ။သူသည် စီတုအန်းပေးခဲ့သော မစ်ရှင်တိုင်းကို ကျရှုံးခဲ့သည်မဟုတ်ပါလား။
"အဆင်ပြေပါတယ် ၊ နေ့လယ် လူမှုဗေဒအတန်းချိန်ကို ပြင်ဆင်လိုက်တော့ ၊ ကျောင်းသားတစ်ယောက်ကို အာရုံစိုက်ထားဖို့ ငါ့ကိုကူညီပေး "
စီတုအန်း၏အသံသည် ပုံမှန်ပြန်ဖြစ်သွားသည်။
"စိတ်ချပါ "
ကျိုးကျွင်းက ဦးညွှတ်လိုက်သည်။
"သူ့နာမည်က ကောင်းမင်တဲ့ ၊ သူက အရမ်းထူးခြားတယ် "