← Chapters

လေယဥ်ပျက်ကျတဲ့ တည်နေရာက မှားနေတယ်

Vol. 16 Ch. 226

လေယဥ်ပျက်ကျတဲ့ တည်နေရာက မှားနေတယ်

Vol. 16 Ch. 226

ဟူဂျွန်းရှီရဲ့အကြံပြုချက်က ကောင်းမွန်လှသည်။

Universal တွင် ယန်နိုင်ငံ၏ အကြီးဆုံး ရှာဖွေရေးသင်္ဘောများထဲမှ တစ်စင်းဖြစ်သည့် ဘလူးဝေးလ်လို့ အမည်ရသော သင်္ဘောတစ်စင်းရှိသည်။ဒီ သင်္ဘောက ရေထု ရွှေ့ပြောင်းမှု့ ပမာဏ ၈၅,၀၀၀ တန် ရှိပြီး အများဆုံး အလေးချိန် တန် ၆,၀၀၀ အထိ မနိုင်သော သင်္ဘောအသစ်ပဲ ဖြစ်သည်။

ဤသည်မှာ သမုဒ္ဒရာရေပြင်တွင် လုပ်ငန်းများ လုပ်ကိုင်နိုင်သည့် သမုဒ္ဒရာသွား ရှာဖွေရေးသင်္ဘောတစ် စင်းလည်း ဖြစ်သည်။

အရင်က Universal တွင် ရေထု ရွှေ့ပြောင်းမှု့ ပမာဏ ၁၀,၀၀၀ တန်ရှိသော ရှာဖွေရေးသင်္ဘောတစ်စင်းသာ ရှိခဲ့သည်။

ထိုသင်္ဘောက လက်ရှိသင်္ဘောထက် များစွာသေးငယ်ပေသည်။ ထိုသင်္ဘောမှာ တစ်ချိန်က M နိုင်ငံရှိ C-17 သယ်ယူပို့ဆောင်ရေးလေယာဉ်၏ အပျက်အစီးများကို ဆယ်ယူခဲ့ဖူးသည်။

လက်ရှိတွင် ထိုသင်္ဘောကို ရပ်နားထားပြီး ဆိပ်ကမ်းတွင် နှစ်လ သုံးလကြာ ရပ်နားထားသည်။ မတော်တဆမှု့မရှိပါက ၎င်းကို ရောင်းချနိုင်ပေလိမ့်မည်။

ဘလူးဝေလ်း သင်္ဘောပေါ်ရှိ အမှုထမ်းအဖွဲ့ကလည်း မူရင်းအမှုထမ်းအဖွဲ့ ပဲ ဖြစ်သည်။ ယခင်သင်္ဘောပေါ်ရှိ အမှု့ထမ်းများက အလွန်အ တွေ့အကြုံရှိကြသည်။

အားနေတာနဲ့ သူတို့ကို သွားစေပြီး ကံကောင်းမလား စမ်းခိုင်းလိုက်ခြင်းက ပို၍ကောင်းပေသည်။

လျူယောင် ခေါင်းညိတ် သဘောတူကာ ပြောလိုက်သည်။

"ပြဿနာမရှိပါဘူး ဒါဆိုရင် ငါ တို့ရဲ့ 'ဘလူးဝေးလ် ကို ရွက်လွှင့်စေပြီး အိန္ဒိယသမုဒ္ဒရာဆီကို ဦးတည်သွားခိုင်းလိုက်ပါ "

ဟူဂျွန်းရှီက ချက်ချင်း ပြန်ပြောလိုက်သည်။

"ကောင်းပါပြီ.. အစ်ကိုယောင် ဒီကိစ္စအတွက် ကျွန်တော် သေချာစီစဉ်လိုက်ပါ့မယ် "

ထိုလေယာဉ်အပျက်အစီးကို ရှာတွေ့ပါက ဒေါ်လာ သန်း ၁၀၀ ရရှိနိုင်သည်။ ဤမျှကြီးမားသည့် ငွေကြေးပမာဏအတွက် ဘလူးဝေးလ် ကို သွားစေခြင်းက လုံးဝတန်ဖိုးရှိလှသည်။

....

ဟွာဟိုင်းမြို့ရှိ ဆိပ်ကမ်းတစ်ခု…

ဘလူးဝေးလ်က ပြင်ဆင်မှု့အားလုံးကို ပြုလုပ်ထားကာ ပန်းတိုင်ပင်လယ်ဧရိယာသို့ ရွက်လွှင့်တော့မည်ဖြစ်သည်။

သင်္ဘောပေါ်ရှိ အမှု့ထမ်းတစ်ဦးက ကပ္ပတိန်၏အခန်းထဲသို့ ဝင်လာပြီး အသံကျယ်ကျယ်နဲ့ ပြောလိုက်သည်။

"ကပ္ပတိန် ဘလူးဝေးလ်က အဆင် သင့်ဖြစ်ပါပြီ ရွက်လွှင့်ဖို့ အမိန့်ပေးပါ"

ကပ္ပတိန် ရမ်ဇီကွမ်းရဲ့ နှလုံးသားက အနည်းငယ် လှုပ်ရှားသွားခဲ့သည်။ဒါက. ဘလူးဝေးလ်၏ ပထမဆုံး သမုဒ္ဒရာ သွားလုပ်ငန်းပဲ ဖြစ်သည်။

သူ အသက်ပြင်းပြင်း ရှူသွင်းပြီး စိတ်ကို ငြိမ်သက်အောင် ကြိုးစားကာ လက်ကို ဝှေ့ယမ်းကာ ပြောလိုက်သည်။

"စက်မောင်း ရွက်လွှင့်မယ်... "

မိနစ်အနည်းငယ်ကြာပြီးနောက် ကျယ်လောင်သည့် ဥဩသံ ထွက်ပေါ်လာပြီး ကြီးမားသည့် သမုဒ္ဒရာသွား သင်္ဘောက. ဆိပ်ခံတံတားမှ ဖြည်းညှင်းစွာ ထွက်ခွာကာ အမြန်နှုန်းအပြည့်ဖြင့် ရွက်လွှင့်လာခဲ့သည်။

၎င်းက သက်သာသည့်အမြန်နှုန်းကို အသုံးပြုခြင်းမရှိဘဲ အတော် လေးမြန်သည့်အမြန်နှုန်းဖြင့် သွားခဲ့သည်။ ရည်ရွယ်ချက်မှာ အိန္ဒိယသမုဒ္ဒရာသို့ ပိုမိုစောစီးစွာ ရောက်ရှိရန်ဖြစ်ပြီး ဒီဇယ်ဆီ ပိုမိုလောင်ကျွမ်းခြင်းက ပြဿနာမရှိပေ။

ကပ္ပတိန်အခန်းထဲတွင် ရပ်နေရင်း ရမ်ဇီကွမ်း မှန်မှတစ်ဆင့် အပြင်ဘက်ရှိ ကျယ်ပြောလှသည့် ပင်လယ်ကို ကြည့်နေခဲ့ပြီး သူ့စိတ်ခံစားချက်က မထိန်းနိုင်ဘဲ လှုပ်ရှားနေခဲ့သည်။

သူ စိတ်ထဲကနေ တွေးလိုက်မိသည် ။

"ဒါက ယန်နိုင်ငံရဲ့ အကြီးဆုံးနဲ့ အဆင့် အမြင့်ဆုံး ကြီးမားတဲ့ သမုဒ္ဒရာသွား သင်္ဘောပဲ သင်္ဘောပေါ်မှာ အဆင့်မြင့် ပစ္စည်းတွေအပြင် နိုင်ငံခြားကနေ တင်သွင်း ထားတဲ့ ရေအောက် ရှာဖွေရေးစက်ရုပ်တွေလည်း ရှိသေးတယ်..."

"ဒီလိုကောင်းမွန်တဲ့ ကိရိယာတွေနဲ့ဆိုရင် အဲ့ဒီလေယာဉ်အပျက်အစီးတွေကို သေချာပေါက် ရှာတွေ့နိုင်မှာပါ သေချာပေါက်ပဲ..."

ကပ္ပတိန်ရမ်ဇီကွမ်း၏ မျက်နှာပေါ်တွင် ပြတ်သားသည့် အမူအရာရှိနေသည်။

ဒီဟာက စစ်မှန်သည့် ကြီးမားသော သမုဒ္ဒရာသွား ရှာဖွေရေးသင်္ဘော တစ်စင်းဖြစ်ပြီး အလွန်အဆင့်မြင့်ကာ ကျွန်တော်တို့နိုင်ငံ၏ အစွမ်းထက်သည့် သင်္ဘောတည်ဆောက်ရေး နည်းပညာကို ရောင်ပြန်ဟပ်စေသည်။

၎င်းကို ချန်းရှင်းကျွန်း သင်္ဘောတည်ဆောက်ရေးလုပ်ငန်းအဖွဲ့က ဒီဇိုင်းရေးဆွဲကာ တည်ဆောက်ခဲ့ပြီး ရေထု ရွှေ့ပြောင်းမှု ပမာဏ ၈၅,၀၀၀ တန် ရှိသည်။ သင်္ဘောပေါ်တွင် အလေးချိန် ၆,၀၀၀ တန်အထိ မနိုင်သည့် ကိရိယာများရှိပေသည်။

ဘလူးဝေးလ် ၏ ကိုယ်ထည်က အလျား မီတာ ၂၉၈ နီးပါးနှင့် အနံ မီတာ ၅၈ ရှိသည်။ မောင်းတံကို တင်းကျပ်ထားသည့်အခါ အဓိကချိတ်၏ မနိုင်သည့်ပမာဏမှာ တန် ၆,၀၀၀ ဖြစ်ပြီး အပြည့်အဝ. လုပ်ဆောင်နိုင် သည့် အခြေအနေအောက်တွင် မနိုင်သည့်ပမာဏက တန် ၄,၀၀၀ နှင့် ၃၆၀ ဒီဂရီ အပြည့်အဝလှည့်ပတ်နိုင်သည့် စွမ်းရည်ရှိပေသည်။

ဒီသင်္ဘောက ကမ္ဘာပေါ်ရှိ တူညီတဲ့ သင်္ဘောများထဲတွင် ရှေ့ဆုံးမှ ဦးဆောင်နေခဲ့သည်။

အိန္ဒိယသမုဒ္ဒရာသို့ ဘလူးဝေးလ် သင်္ဘောက ရွက်လွှင့်လာခဲ့သည်။

......

YD အစိုးရကလည်း ပျက်ကျတဲ့ လေယာဉ်အတွက် ရှာဖွေမှု့ကို လုံးဝလက်မလျှော့သေးပေ ကြီးမားသည့် ဆုလာဘ်ကို ကြေညာခဲ့ခြင်းအပြင် ရှာဖွေမှု့ကိုလည်း ပိုမိုမြှင့်တင်ခဲ့သည်။

ကျွမ်းကျင်သူများ ခန့်မှန်းထားသည့် ပင်လယ်ဧရိယာအပေါ် မူတည်ပြီး ရှာဖွေမှု့ဧရိယာကို ချဲ့ထွင်ခဲ့သည်။

"ကြီးမားသော ဆုလာဘ်အောက်တွင် သတ္တိရှိသူ ပေါ်လာမည် "

ဒီစကားက လုံးဝမှန်ကန်နေသည်။ ထိုပင်လယ်ဧရိယာအတွင်းနှင့် ပတ်ဝန်းကျင်တွင် အစိုးရသင်္ဘောများနှင့် လေယာဉ်များအပြင် ကုမ္ပဏီများနှင့် အဖွဲ့အစည်းများ၏ သင်္ဘောများစွာလည်း ရှိနေသည်။

ရှင်းနေသည်မှာ သူတို့ကလည်း ကြီးမားသည့် ဆုကြေးငွေအတွက် ဒီနေရာသို့ လာရောက်ခြင်းပဲ ဖြစ်သည်။ လေယာဉ်အပျက်အစီးကို ရှာတွေ့ပါက သူတို့က အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဆုကြေးရရှိနိုင်မည် ဖြစ်သည်။

သို့သော်လည်း အခြေအနေမှာ အကောင်းမြင်စရာ မရှိခဲ့ပေ။

ရက်အနည်းငယ်ကြာသွားသော်လည်း သူတို့ ဘာမှရှာမတွေ့သေးပေ။

အချို့သော ကျွမ်းကျင်သူများနှင့် မီဒီယာများက ဒီဖြစ်စဉ်ဟာ လွန်ခဲ့သည့်နှစ် ပေါင်းများစွာက မလေးရှားလေ ကြောင်းလိုင်းဖြစ်စဉ်နှင့် အတူတူပင် ဖြစ်ကောင်းဖြစ်နိုင်သည်ဟု ခန့်မှန်းခဲ့ကြသည်။ ဤလေယာဉ်သည် ရုတ်တရက် ပျောက်ကွယ်သွားပြီး ဘယ်တော့မှ ပြန်ရှာမတွေ့နိုင်တော့ပေ။

သို့သော် YD အစိုးရက ထိုသို့သော ခန့်မှန်းချက်ကို လက်ခံနိုင်ကြောင်း ပြောကြားခဲ့ခြင်းမရှိဘဲ သူတို့၏ ရှာဖွေရေးလုပ်ငန်းများကိုလည်း မရပ်တန့်ခဲ့ပေ။

လေယာဉ်ပေါ်တွင် သူတို့၏ နိုင်ငံတော်အဆင့် ရတနာများစွာ ပါရှိပြီး အထူးသဖြင့် အလွန်အဖိုးတန်သည့် ဗုဒ္ဓဓာတ်တော်များ ပါဝင်သည်။ လူအင်အားနှင့် ပစ္စည်းအင်အား ဘယ်လောက်များများ အသုံးပြုရစေကာမူ သူတို့ ဆက်လက် ရှာဖွေရဦးမှာပဲ ဖြစ်သည်။

အခြားနိုင်ငံများနဲ့ လူများစွာက ဒါကို နား မလည်နိုင်သော်လည်း ဗုဒ္ဓဘာသာနိုင်ငံအတွက် ဗုဒ္ဓဓာတ်တော်များ၏ တန်ဖိုးက အထူးပြောပြနေစရာပင် မလိုပေ။

လျူယောင်ရဲ့အမိန့်အရ လိပ်ကြီးက ထိုပင် လယ်ဧရိယာတွင် သူ့ရဲ့ရှာဖွေမှု့ကို ယာယီ ရပ်နားလိုက်သည်။

လိပ်ကြီးကို လျူယောင် အလွန်ယုံကြည် သည်။ သူ ဒီ ပင်လယ်ဧရိယာကို ရှာဖွေခဲ့ပြီး ဘာမှမတွေ့ခဲ့ပါက ဖြစ်နိုင်ခြေတစ်ခုတည်း သာရှိပေသည်။ လေယာဉ်က ဒီပင်လယ်ဧ ရိယာတွင် လုံးဝပျက်ကျခဲ့ခြင်းမရှိတာပဲ ဖြစ်လိမ့်မည်။

ဒါဆိုရင်တော့ လက်လျှော့ လိုက်ရုံသာ ကျန်တော့သည်။

ဒီကျွမ်းကျင်သူများ၏ ခန့်မှန်းချက်များက ယုံကြည်စိတ်ချရမှု့ မရှိကြောင်းကို လျူ ယောင် သိသည်။ လေယာဉ်က သူ တို့ခန့်မှန်းခဲ့သည့် ပင်လယ်ဧရိယာတွင် လုံးဝပျက်ကျခဲ့ခြင်း မရှိတာပဲ ဖြစ်လိမ့်မည်။

"ဒါဆိုရင် လေယာဉ်က ဘယ်နေရာမှာ ပျက်ကျခဲ့တာလဲကွာ..."

ဒီရက်များတွင် လျူယောင်က လေယာဉ်ပျက် ကျမှု့နှင့်ပတ်သက်သည့် သတင်းများကိုလည်း ဖတ်ရှုခဲ့ပြီး ပို့စ်များစွာကိုလည်း ဖတ်ခဲ့သည်။

အင်တာနက်အသုံးပြုသူတစ်ဦး၏ ပို့စ်တစ်ခုကို လျူယောင် ဖတ်နေခဲ့သည်။

ထိုအသုံးပြုသူက စကားလုံး ထောင် ပေါင်းများ စွာ ရေးခဲ့ပြီး အသေးစိတ်ခွဲခြမ်းစိတ်ဖြာခဲ့ကာ လေယာဉ်၏ ပျံသန်းမှု့လမ်းကြောင်းကို ရေးဆွဲခဲ့၍ ဖြစ်နိုင်ခြေရှိသည့် ပျက်ကျဧရိယာကို ခန့်မှန်းခဲ့သည်။

ထိုဧရိယာက ကျွမ်းကျင်သူများ ခန့်မှန်းသည့် ဧရိယာနှင့် ဝေးကွာနေသည်။ တစ်ခုက အရှေ့ဘက်တွင်ဖြစ်ပြီး နောက်တစ်ခုက အနောက်ဘက်တွင်ဖြစ်ရာ လမ်းကြောင်းနှစ်ခု ဖြစ်နေသည်။

ပို့စ်အောက်တွင် မှတ်ချက်များစွာလည်း ရှိနေ သည်။

၉၀% ကျော်သော အင်တာနက် အသုံးပြုသူများက အဓိပ္ပာယ်မရှိကြောင်း ပြောဆိုခဲ့ကြပြီး ၁၀% အောက်သာ ထိုခွဲခြမ်းစိတ်ဖြာမှု့က အဓိပ္ပာယ်ရှိတယ်လို့ ထင်ခဲ့ကြသည်။

လျူယောင်လည်း ၁၀% အောက်ရှိသည့် အင်တာနက်အသုံးပြုသူများထဲမှ တစ်ဦးဖြစ်သည်။

လျူယောင် ဒီဆောင်းပါးကို ဖတ်ပြီးနောက် တွင် ဒီလူ့ရဲ့ ခွဲခြမ်းစိတ်ဖြာမှု့က. ကျွမ်း ကျင် သူများထက် ပိုမိုယုံ ကြည်စိတ်ချရတယ်လို့ ခံစားရသည်။

ဒါက အဓိပ္ပာယ်ရှိတယ်လို့ သူ ခံစားရသဖြင့် စိတ်ဆုံးဖြတ်လိုက်ကာ လိပ်ကြီးကို ထို အင်တာ နက်အသုံးပြုသူ ခန့်မှန်းသည့် ပင်လယ် ဧရိယာ ကို ရှာဖွေရန် တောင်းဆိုလိုက်သည်။

ယခုအခါ လိပ်ကြီးက သူ၏ယာယီနေထိုင်ရာမှ ရေမိုင် လေးငါးရာအကွာအထိ ကူးခတ် နေပြီ ဖြစ်သည်။

သူ၏ အလေးချိန်က ၂၂၀ တန်နီးပါး ရှိနေပြီဖြစ် သည်။ ထိုချောက်ထဲတွင် ဧရာမ လက် သည်းကြီးများပါသည့် ဧရာမငါးကြီးကို ရှာဖွေရခက်ခဲပြီးနောက် သူ ချောက်ထဲသို့ သွားရောက်မှု့ နည်းပါးသွားသည်။

လိပ်ကြီး စားပြီးနောက် ဧရာမလှံကို ကိုင်ဆောင်ပြီး ရေမိုင်များစွာ ကူးခတ်နေသည်။

လိပ်ကြီး၏ ရှေ့တွင် မီတာ ရာနှင့်ချီ သည့် အကွာအဝေးတွင် လူသတ်ဝေလငါးအုပ်စုက ဖြည်းညှင်းစွာ ကူးခတ်နေပြီး လိပ်ကြီးက ဒီဝေလငါး၏ အရသာကို ခံစားချင်နေသည်။

လူသတ်ဝေလငါး၏ အရသာက မဆိုးကြောင်း လိပ်ကြီး တွေးလိုက်ပြီး တစ်ခါတစ်ရံ စား သုံးခြင်းက. ကောင်းသည်။ သူ အချိန်အ တော်ကြာအောင် မစားဖြစ်ခဲ့ပေ။

တိတ်ဆိတ်စွာ ကူးခတ်ရင်း အကွာအဝေးနီး လာသောအခါ အကြီးဆုံး လူသတ်ဝေ လငါးကို လှံဖြင့် ချိန်ရွယ်ကာ အရှိန်ပြင်း ပြင်းဖြင့် ကူးခတ်သွားခဲ့သည်။

ထိုမျှ အမြန်နှုန်းဖြင့် အကြီးဆုံး လူသတ် ဝေလငါးက လိပ်ကြီးရဲ့ ကိုက်ခြင်းကိုသာ ခံလိုက်ရပြီး အခြားလူသတ်ဝေလငါးများက လျင်မြန်စွာ တုံ့ပြန်ကာ အရပ်လေးမျက်နှာသို့ ထွက်ပြေးကုန်ကြသည်။

လိပ်ကြီး သူတို့ကို လိုက်ဖမ်းရန် စိတ်မဝင်စ ားတော့ဘဲ ဒီ လူသတ်ဝေလငါးကြီးကို အစား အစာအဖြစ် မှတ်ယူကာ ပါးစပ်အပြည့်ဖြင့် စားသုံးတော့သည်။

လိပ်ကြီး ကျေနပ်စွာ လူသတ်ဝေလငါးကို စားပြီးတာနဲ့ လျူယောင်ရဲ့အသံက လိပ်ကြီး၏ စိတ်ထဲတွင် ပေါ်လာခဲ့သည်။

All Chapters