လေယဥ်ပျက်ကို ရှာဖွေခြင်း
Vol. 16 Ch. 227
“သခင်…ကျွန်တော့်ဆီက ဘာလိုချင်တာလဲ.."
အဓိကအကြောင်းအရင်းကို လျူယောင် တိုက်ရိုက်ပြောလိုက်သည် ။
"ပြီးခဲ့တဲ့တစ်ခေါက်က ငါတို့ ရက်အနည်း ငယ်ကြာအောင် ရှာဖွေခဲ့တဲ့ လေယဥ်ပျက်ဧ ရိယာက ကျွမ်းကျင်သူတွေ မှားယွင်းတွက်ချက်တာ ဖြစ်နိုင်တယ်…အဲ့ဒါက လေယာဉ်ပျက်ကျခဲ့တဲ့နေရာ လုံးဝမဟုတ်ဘူး.."
ဒီအကြောင်းကို ကြားလိုက်ရတော့ လိပ်ကြီး စိတ်ဆိုးသွားဟန်နဲ့ ပြောလိုက်သည်။
"ဘယ်လို အရည်အချင်းမရှိတဲ့ ကျွမ်းကျင်သူတွေလဲ…လေယာဉ်က ဘယ်မှာပျက်ကျလဲဆိုတာတောင် သေချာမသိဘူး…. ဒါကြောင့် ကျွန်တော် ရက်အနည်းငယ်ကြာအောင် အလုပ်များနေခဲ့ရတာ"
လျူယောင် ရယ်ပြီး သေချာ ရှင်းပြ လိုက် သည်။
" ငါ အင်တာနက်မှာ ဆောင်းပါး တစ်ပုဒ် ဖတ်ရတယ် အဲ့ဒီမှာ ခွဲခြမ်းစိတ်ဖြာထားတာက လေယာဉ်ပျက်ကျတဲ့နေရာက YD နိုင်ငံရဲ့ အနောက်တောင်ဘက် ဧရိယာဖြစ်လောက်မယ်"
လျူယောင်က ထိုဆောင်းပါးမှာပါတဲ့ ကောက်ချက်ကို အတိုချုပ်ရှင်းပြပြီးနောက် ပင်လယ်ဧရိယာရဲ့ တည်နေရာကို အသေးစိတ်ပြောပြလိုက်သည်။
လိပ်ကြီး ရုတ်တရက် အားအင်ပြန် ပြည့်လာ ခဲ့သည်။ ပြီးခဲ့တဲ့တစ်ခေါက်ကအချည်းနှီး အလုပ်လုပ်ခဲ့ရပြီး ပင်လယ်ကြမ်းပြင်တွင် ပျက်ကျလေယာဉ်ရဲ့ အပျက်အစီးများကို ရှာမတွေ့ခဲ့ပေ။
သူ စိတ်ထဲကနေ
လေယာဉ်ပျက်ကျရာနေရာကို ရှာချင်လိုစိတ် ထိန်းထားခဲ့သည်။
"သခင် ဒါဆိုရင် ကျွန်တော် အခုပဲ ထွက်ခွာတော့မယ်…ပျက်ကျတဲ့လေယာဉ်ကို သေချာပေါက် ရှာတွေ့ရမယ်"
"ကောင်းပြီ မင်းသွားပါ ..ငါ မင်းရဲ့သတင်းကို စောင့်နေမယ်…"
လိပ်ကြီးက သူ့ရဲ့ဧရာမလှံကို ဆွဲကိုင်ကာ ထပ်မံထွက်ခွာခဲ့ပြီး လျူယောင်ပြောတဲ့ ပင်လယ်ဧရိယာဆီကို ဦးတည်သွားခဲ့သည်။
ရေမိုင်ရာနှင့်ချီတဲ့ အကွာအဝေးကို လိပ်ကြီးက နှစ်နာရီသာ ကြာမြင့်ခဲ့သည်။
ထိုပင်လယ်ဧရိယာကို ရောက်ရှိပြီးနောက် ရပ်တန့်ခြင်းမရှိဘဲ သေချာ ရှာဖွေ တော့သည်။
ဒီပင်လယ်ဧရိယာက ပြီးခဲ့တဲ့တစ်ကြိမ်က ရှာဖွေခဲ့တဲ့ ပင်လယ်ဧရိယာနဲ့ မတူပေ။ ရေအနက်က များစွာတိမ်ပြီး မီတာ ဆယ်ဂဏန်းမှ ရာဂဏန်းအထိသာ ရှိပေသည်။
ပင်လယ်ကြမ်းပြင်တွင် အတော်လေး ပြန့် ပြူးပြီး အလင်းရောင်လည်း လုံလောက် နေ သည်။ လိပ်ကြီးရဲ့ စူပါအမြင်အာရုံက အ ပြည့်အဝ အသုံးဝင်လာပြီး ဝေးကွာ တဲ့အ ရာများကိုလည်း ရှင်းရှင်းလင်းလင်း တွေ့မြင်ခဲ့ရသည်။
ထိုနေရာမှ ပင်လယ်ကြမ်းပြင်တွင် ရေညှိများ အလွန်ပေါများတာကြောင့် ရှာဖွေရာတွင် လိပ်ကြီး အခက်အခဲ ဖြစ်နေသည်။
အချို့နေရာများတွင် ကြီးမားတဲ့ ပင်လယ် ကြမ်းပြင်သစ်တောနှင့်တူပြီး ရေညှိများက မီတာ ၁၀ ကျော်အထိ သို့မဟုတ် မီတာ ဆယ်ဂဏန်းအထိ မြင့်နေသည်။
ထိုအချိန်တွင် လိပ်ကြီး ရှာနေတဲ့ နေရာက ကြီးမားတဲ့ ရေညှိသစ်တောဖြစ်ပြီး
ထို ရေညှိများက သူ့အမြင်ကို ပိတ်ဆို့နေတာကြောင့် ဖြည်းဖြည်းချင်းသာ ရှာနေရသည်။
နေရောင်က ပင်လယ်မှတဆင့် အောက်ကို ကျဆင်းလာပြီး ရေအောက်သစ်တောကို အလွန်လှပပြီး ခမ်းနားစေသည်။ တစ်ခါတစ်ရံ လိပ်ကြီးက ရပ်တန့်ပြီး ကြည့်ရှုခံ စားချင်မိ သည်။
ဆယ်ရက် ကျော်ကြာ အမြန်သွားပြီးနောက် Universal အဖွဲ့ရဲ့ ဧရာမ သင်္ဘောကြီး ဘလူးဝေးလ် က ကျွမ်းကျင်သူများ ခန့်မှန်းထားတဲ့ ပင်လယ်ဧရိယာကို နောက်ဆုံးတွင် ရောက်ရှိလာခဲ့သည်။
တိတိကျကျပြောရမယ်ဆိုရင် ရောက်ရှိလာတာ မဟုတ်ပဲ ဖြတ်သန်းသွားတာပဲ ဖြစ်သည်။
ထို ပျက်ကျတဲ့ ပင်လယ်ဧရိယာကို လိပ်ကြီးက သေချာစွာ ရှာဖွေထားပြီမို့လို့ ဆက်ရှာနေဖို့ မလိုအပ်တော့ပေ။
ဘလူးဝေးလ် သင်္ဘောကြီး၏ တည်နေရာက
လိပ်ကြီး လက်ရှိရှာဖွေနေတဲ့ ပင်လယ်ဧရိယာပဲ ဖြစ်သည်။
ထိုနေရာကို ဖြတ်သန်းသွားတာနဲ့ စစ်သင်္ဘော အချို့၊ ရှာဖွေကယ်ဆယ်ရေးသင်္ဘောအချို့နဲ့ ရှာဖွေကယ်ဆယ်ရေးရဟတ်ယာဉ်များ ရှာဖွေနေတာကို မြင်တွေ့လိုက်ရသည်။
"ကပ္ပတိန်၊ ကြည့်ပါဦး.. M နိုင်ငံက ရှာဖွေကယ်ဆယ်ရေးသင်္ဘောဖြစ်ပုံရတယ် သူတို့လည်း မိုင်ထောင်နဲ့ချီပြီး ဒီကိုရောက်လာပြီ"
YD အစိုးရက ဆုလာဒ်ကြေညာသည်နှင့် M နိုင်ငံမှ ရှာဖွေကယ်ဆယ် ရေးသင်္ဘော က အပြည့်အဝအမြန်နှုန်း နဲ့ ဒီနေရာကို ရောက် လာခဲ့သည်။ သူတို့က ဘလူးဝေးလ် ထက် အနည်းငယ်စောပြီး ရောက် လာခဲ့သည်။
သင်္ဘောနှစ်စင်းရဲ့ အကွာအဝေးက မီတာ ၂၀၀ မှ ၃၀၀ သာရှိသည်။ M နိုင်ငံမှ သင်္ဘောက ရှာဖွေရေးလုပ်ငန်းကို လုပ် ဆောင်လျက် ရှိသည်။
ပင်လယ် ကြမ်းပြင် ကို ရှာဖွေရန်အတွက် ရေငုပ်သင်္ဘောငယ်တစ်စင်းကို လွှတ်ထားတယ်လို့ ခန့်မှန်းရသည်။
အခြားတစ်ဖက်မှလည်း ဘလူးဝေးလ်ကို မြင်တွေ့ကြသည်။ ထိုမျှ ကြီးမားတဲ့ သင်္ဘောကို မြင်တဲ့အခါ သူတို့အားလုံး လှမ်းကြည့် လာကြသည်။
"ကြည့်စမ်း ဂျက်ခ် အဲ့ဒီ့ သင်္ဘောက တကယ့်ကိုကြီးတာပဲ"
သူ့ဘေးမှ မျက်လုံးအပြာရောင်ရှိတဲ့ အလယ် အလတ်အရွယ် နိုင်ငံခြားသားတစ်ဦးက မထီမဲ့မြင်ဖြင့် ပြန်ပြောလိုက်သည်။
"ကြီးတာက ဘာအသုံးဝင်လို့လဲ အဓိကကတော့ လေယာဉ်အပျက်အစီးတွေကို ရှာတွေ့ဖို့ပဲ"
M နိုင်ငံမှ ရှာဖွေကယ်ဆယ်ရေးသင်္ဘောရဲ့ နှာခေါင်းရှည် ကပ္ပတိန်ကလည်း ဘလူးဝေးလ် ကို မှန်ပြောင်းဖြင့်ကြည့်လိုက်ပြီး မထေမဲ့ မြင်ပြုဟန်ရှိသည်။
"ဟွန့် ငါတို့က အတွေ့အကြုံအများဆုံးနဲ့ အဆင့်အမြင့်ဆုံးပစ္စည်းတွေလည်း ရှိတယ်…
ငါတို့ပဲ လေယာဉ်အပျက်အစီးကို ပထမဆုံး ရှာတွေ့နိုင်မှာ သေချာတယ် ယန်လူမျိုးတွေ ဒီတစ်သက် ရှာတွေ့နိုင်မှာ မဟုတ်ဘူး"
ဘလူးဝေးလ် နဲ့ အကွာအဝေးနီးတာကြောင့် M နိုင်ငံသင်္ဘောပေါ်မှ လူပ်ရှားမူ့တွေကို ဂရုစိုက်နေတဲ့ အမှုထမ်းများလည်း ရှိသည်။
ကပ္ပတိန်ရမ်ဇီကွမ်းလည်း မှန်ပြောင်းဖြင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ပြီး သူက စိတ်မပါ့တပါဖြင့် ပြောလိုက်သည်။
"ဒီလူရွှင်တော်တွေကို ဂရုမစိုက်ပါနဲ့ လေယာဉ် အပျက်အစီးကို ရှာတွေ့နိုင်မှာ ငါတို့ပဲ သူတို့ မဟုတ်ဘူး"
ဘလူးဝေးလ်က ရပ်တန့်ခြင်းမရှိဘဲ ဆက် လက်ရွက်လွှင့်ခဲ့ပြီး လေယာဉ် ပျက်ကျနိုင်တဲ့ ပင်လယ်ဧရိယာဆီကိုသာ ဦးတည် သွားခဲ့ သည်။
ခဏအကြာတွင် ရဟတ်ယာဉ်တစ်စင်း ပျံသန်းလာပြီး ကိုယ်ထည်ပေါ်တွင် အင်္ဂလိပ်စ ကားလုံးများဖြစ်တဲ့ YD အပြည် ပြည်ဆိုင်ရာ ရှာဖွေရေးနဲ့ ကယ်ဆယ်ဆယ်ရေး ဟု ရေးထားလေသည်။
ဒါက YD နိုင်ငံရဲ့ တရားဝင် ရဟတ် ယာဉ်ဖြ စ်ပုံရသည်။
ထိုရဟတ်ယဥ်က ဘလူးဝေးလ် ပေါ်ကို ဆင်းသက်လိုကြောင်း အချက်ပြနေသည်။
ဧရာမ ဘလူးဝေးလ်ပေါ် တွင် ရဟတ်ယာဉ် ရပ်နားတဲ့နေရာပါပြီး ရှာဖွေကယ် ဆယ်ရေးရဟတ်ယာဉ်များလည်း ပါရှိသည်။
"ကပ္ပတိန် ကျွန်တော်တို့သင်္ဘောပေါ်ကို ဆင်းသက်ဖို့ တောင်းဆိုနေတယ်"
ကပ္ပတိန်ရမ်ဇီကွမ်း လက်ဝှေ့ယမ်းပြီး ပြောလိုက်သည်။
"ဆင်းသက်ဖို့ ခွင့်ပြုလိုက်"
ခဏအကြာတွင် ရဟတ်ယာဉ်က ချောမွေ့စွာ ဆင်းသက်လာပြီး လူအနည်းငယ် လေယာဉ်ပေါ်မှ ဆင်းလာကြသည်။အဖွဲ့ကို ဦးဆောင်လာသူက YD နိုင်ငံတကာ ရှာဖွေ ကယ်ဆယ်ရေး စင်တာမှ အရာရှိတစ်ဦးဖြစ်တဲ့ ဂေးလ် ဖြစ်သည်။
ကပ္ပတိန်ရမ်ဇီကွမ်းက ရှေ့ကို နှစ်လှမ်းတက် လှမ်းကာ လက်ဆွဲနှုတ်ဆက်လိုက်သည်။
နှစ်ဖက်စလုံး လက်ဆွဲနူတ်ဆက်ပြီးနောက် ဂေးလ် က YD နိုင်ငံကိုယ်စား ဘလူးဝေးလ် လို ကြီးမားတဲ့ သင်္ဘောများ ရှာဖွေမှု့တွင် ပါဝင် လာတာကို ကြိုဆိုကြောင်း ပြောကြားခဲ့သည်။
ဒါကလဲ စည်းမျဉ်းစည်းကမ်းအရသာဖြစ်ပြီး စိတ်အားထက်သန်ခြင်းမရှိပေ။ သူတို့က လုပ်ငန်းတစ်ခုသာ လုပ်နေခြင်းဖြစ်သည်။
ဘလူးဝေးလ်၏ အခြေအနေကို မေးမြန်းပြီး နောက် ဆက်သွယ်ရန်အ ချက်အလက်များကို ချန်ထားခဲ့ပြီး ဂေးလ်က သူ့ လူများကို ခေါ်ဆောင်ကာ ထွက်ခွာသွားခဲ့သည်။
လုပ်ငန်းစဉ်တစ်ခုလုံးမှာ ၅ မိနစ်ထက် မပိုခဲ့ပေ။
ရဟတ်ယာဉ်ထွက်ခွာသွားတာကို ကြည့်ပြီး အင်ဂျင်နီယာချုပ်က ကြိတ်မနိုင်ခဲမရ
ပြောလိုက်သည် ။
"လူအိုကြီးရမ် တခြားတစ်ဖက်က နည်းနည်းအေးစက်နေတယ်… ကျွန်တော် ထင်တာတော့ သူတို့က ပိုစိတ် အားထက်သန်သင့်တယ်ဗျာ.. ဒါပေမဲ့ သူတို့က လုပ်ငန်းသဘောမျိုးသက်သက်ပဲ ဆက်ဆံခဲ့တယ်… ငါတို့ကလည်း ဒီကို လာရောက် ကူညီရှာဖွေပေးတာကို "
ကပ္ပတိန် ရမ်ဇီကွမ်းက ဂရုမစိုက်ပေ ။
"ပြဿနာမရှိပါဘူး ဒါက ပုံမှန်ပဲလို့ ငါ ထင်တယ် သူတို့က ငါတို့ကို ငွေ
အတွက် လာတာလို့ ထင်နေတာဖြစ်နိုင်တယ်"
သူတို့ရဲ့စိတ်အားထက်သန်မှု့မရှိခြင်းနဲ့ လုံးဝလုပ်ငန်းဆန်တဲ့ သဘောမျိုးလို ဖြစ်နေခြင်းကို ကြည့်ပြီး သိနိုင်သည်။
ထိုပင်လယ်ဧရိယာကို ဖြတ်သန်းပြီးနောက် နောက်တစ်နေ့တွင် ဘလူးဝေးလ် က လေယာဉ်တကယ်ပျက်ကျတဲ့ ပင်လယ်ဧရိယာကို ရောက်ရှိလာပြီး ရှာဖွေမှု့ကို လုပ်ဆောင်တော့သည်။
လိပ်ကြီးက ထိုနေရာတွင် နှစ်ရက် သုံးရက်ကြာအောင် ဆက်တိုက် ရှာဖွေ လျက်ရှိသည်။
လိပ်ကြီးက ရေအောက်သစ်တောထဲတွင် ဖြည်းညှင်းစွာ ကူးခတ်နေပြီး တစ်ခါတစ်လေ သူ့အမြင်ကို ပိတ်ဆို့နေတဲ့ ရေညှိအချို့ကို ဖယ်ရှားရန် ဧရာမလှံဖြင့် လှဲပစ်သည်။
အချို့ရေညှိများ လာရစ်ပတ်တာကို လိပ်ကြီးက လုံးဝဂရုမစိုက်ဘဲ ရုန်းထွက်နိုင်သည်။
ပင်လယ်ကြမ်းပြင်အောက်က ကြီးမားတဲ့
ရေညှိသစ်တောကို အခြေခံအားဖြင့် အားလုံးရှာဖွေပြီးစီးသွားပေမဲ့ လေယာဉ်ရဲ့ အပျက်အစီးများကို လိပ်ကြီး လုံးဝမတွေ့ခဲ့ပေ။
လိပ်ကြီး ရေညှိသစ်တောထဲမှ ထွက်လာခဲ့ပြီး
ဆက်ကူးခတ်လာရာ အရှေ့တွင် ပွင့်နေသည်။
ထိုနေရာတွင် ဧရာမရေညှိများ မရှိတော့ဘဲ သန္တာကျောက်တန်းအချို့ နိမ့်တဲ့ ရေညှိပင်အချို့နဲ့ ပင်လယ်ကြမ်းပြင်ပေါ်တွင် ကြီးမားတဲ့ သဲပွများသာ ရှိနေသည်။
"ဟေး အဝေးက အဲ့ဒီဟာက လေယာဉ်ရဲ့ အပျက်အစီးတွေ ဖြစ်ပုံရတယ်…”