← Chapters

လေယဥ်ပျက်ရဲ့ အပိုင်းအစများကို တွေ့ပြီ

Vol. 16 Ch. 228

လေယဥ်ပျက်ရဲ့ အပိုင်းအစများကို တွေ့ပြီ

Vol. 16 Ch. 228

လိပ်ကြီးနဲ့ ထိုနေရာက အနည်းငယ် ဝေးနေသည်။

လေယာဉ်ရဲ့ အပျက်အစီးနဲ့ အနည်း ငယ်တူနေတာကြောင့် လိပ်ကြီး ချက်ချင်း အလျင်အမြန် ကူးခတ်သွားလိုက်သည်။ လေယာဉ်အပျက်အစီးကို ပတ်ပတ်လည်ကြည့်ပြီးနောက် လျူယောင်နဲ့ စတင်ဆက်သွယ်လိုက်သည်။

ထိုအခိုက်အတန့်တွင် လျူယောင်က ဟူဂျွန်းရှီနဲ့အတူ ရုံးခန်းထဲတွင် ရှိနေသည်။

"အစ်ကိုယောင် ကျွန်တော်တို့ရဲ့ 'ဘလူးဝေးလ် က အစ်ကိုပြောတဲ့ ပင်လယ်ဧရိယာကို ရောက်ရှိပြီ၊ ရှာဖွေမှုကိုလည်း စတင်နေပြီ"

ဟူဂျွန်းရှီ ဆက်ပြီး သတင်းပို့လိုက်သည်။

" မနေ့က နေ့လယ်ပိုင်းမှာ YD အမျိုးသားရှာဖွေကယ်ဆယ်ရေးစင်တာက စံတော်ချိန်သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့ပြီး အရင်က ရှာဖွေနေတဲ့ ပင်လယ်ဧရိယာက မှားယွင်းတဲ့ အကဲဖြတ်မှု့သာဖြစ်ကြောင်း…..လေယာဉ်ပျက်ကျမှုရဲ့ တကယ့်နေရာက ဒီမှာဖြစ်ကြောင်း တရားဝင် ကြေညာခဲ့ပါတယ်"

စားပွဲပေါ်တွင် ကမ္ဘာ့မြေပုံတစ်ခုကို ဖြန့်ချထားပြီး ကျွမ်းကျင်သူများ ခန့်မှန်းထားတဲ့ ပင်လယ်ဧရိယာများကို အနီရောင်ဖောင်တိန်နဲ့ မှတ်ထားသည်။ ဟူဂျွန်းရှီက YD နိုင်ငံရဲ့ တရားဝင်ကြေငြာတဲ့ ပင်လယ်ဧရိယာအသစ်ကို ပြရန် ဖောင်တိန်ကို ကောက်ယူလိုက်သည်။

ဟူဂျွန်းရှီ ဝိုင်းပြတဲ့ နေရာကို ကြည့်ပြီးနောက် လျူယောင် စိတ်ထဲကနေ ပျော်ရွှင်စွာ တွေးလိုက်သည်။

"အမ် ဒါက ငါ အင်တာနက်မှာ ဖတ်ခဲ့တဲ့ဆောင်းပါးထဲက ငါခန့်မှန်းခဲ့တဲ့ ပင်လယ်ဧရိယာ မဟုတ်ဘူးလား လိပ်ကြီးကို အဲ့ဒီမှာ နှစ်ရက် သုံးရက်ကြာအောင် ရှာဖွေနေတာလေ ငါတို့ရဲ့ ဘလူးဝေးလ် ကလည်း အဲ့ဒီနေရာကို ရောက်ရှိပြီး ရှာဖွေမှု့ကို စတင်နေပြီပဲ"

ထိုအချိန်တွင် လိပ်ကြီးရဲ့အသံက လျူယောင့်စိတ်ထဲတွင် ပေါ်လာခဲ့သည်။

“ သခင်ရေ ရှေ့မှာ တစ်ခုခုတွေ့လို့… “

"အာ ငါ သိပြီ မင်း အလုပ်လုပ်နေအုံး.. “

လျူယောင် ပြန်ပြောလိုက်သည်။

ဟူဂျွန်းရှီကို လွှတ်လိုက်ပြီးနောက် လျူယောင် ချက်ချင်းပင် သူ့ရဲ့တတိယအမြင်ကို ဖွင့်ကာ လိပ်ကြီးနဲ့ ဆက်သွယ်လိုက်သည်။

"သခင် ဒါက လေယာဉ်ရဲ့ အပျက်အစီးတစ်စ

ဟုတ်မဟုတ် ကြည့်လို့ရမလား"

လျူယောင် ချက်ချင်း ကြည့်လိုက်ပြီး လေယာဉ်ရဲ့ အပျက်အစီးတစ်စဖြစ်ကြောင်း အလျင်အမြန် သိရှိခဲ့သည်။

ထိုအစက လေယာဉ်ရဲ့တောင်ပံတစ်ပိုင်းဖြစ်နိုင်ပြီး အတော်လေး အသစ်ဖြစ်နေပုံရသည်။

ဒါက နှစ်ပေါင်းများစွာ ပင်လယ်ကြမ်းပြင်မှာ ရှိခဲ့တဲ့ လေယာဉ်အပျက်အစီးမျိုးမဟုတ်ဘဲ မကြာသေးမီကမှ နစ်မြုပ်သွားပုံရသည်။

မျက်နှာပြင်က သန့်ရှင်းပြီး ဖုံးလွှမ်းထားတဲ့ အရာ လုံးဝမရှိပေ။

“ဟုတ်လောက်မယ် ဒါက

ပျက်ကျလေယာဉ်ရဲ့ အပျက်အစီးတွေ ဖြစ်နိုင်ပါတယ်.. “

လျူယောင် ပျော်ရွှင်စွာ ပြောလိုက်သည်။

“လေယာဉ်အပျက်အစီးတစ်ခုကို ရှာတွေ့ပြီဆိုတော့ ကျန်တဲ့ အပျက်အစီးတွေလည်း ဒီပတ်ဝန်းကျင်မှာ ပြန့်ကျဲနေမှာလား.. ပြီးတော့ လေယာဉ်ပေါ်က နိုင်ငံတော်အဆင့် ရတနာတွေက ဘယ်မှာလဲ"

လျူယောင် ခန စဥ်းစားပြီး လိပ်ကြီးကို အမိန့်ပေးလိုက်သည်။

"လိပ်ကြီး…မင်း ဒီပတ်ဝန်းကျင်ကို သေချာရှာဖွေကြည့်ပါဦး တခြားအပျက်အစီးတွေ ရှာတွေ့နိုင်မလားဆိုတာ…. ပြီးတော့ အဲ့ဒီနိုင်ငံတော်အဆင့် ရတနာကို ငါတို့ ရှာတွေ့နိုင်ရင်တော့ အကောင်းဆုံးပဲ"

"အိုကေဘာ သခင်"

လိပ်ကြီးက အနီးတစ်ဝိုက်ကို ဆက်လက်ရှာဖွေနေပြီး လျူယောင်ကလည်း တတိယအမြင်ကို မပိတ်ဘဲ တိုက်ရိုက်ထုတ်လွှင့်မှု့ ကြည့်ရှုသလို အာရုံစိုက်နေကြည့်နေသည်။

မိနစ်အနည်းငယ်ကြာပြီးနောက် လိပ်ကြီးက မီတာ ရာဂဏန်းအကွာတွင် အနည်းငယ် ပိုသေးငယ်တဲ့ အပျက်အစီးတစ်ခုကို ရှာတွေ့ခဲ့တာကြောင့် အလွန်ပျော်ရွှင်သွားခဲ့သည်။

နောက်တစ်နာရီအတွင်း ရေမိုင်အနည်းငယ်မှ ဧရိယာတစ်ခုတွင် လိပ်ကြီးက အပျက်အစီးအပိုင်းအစများစွာကို ဆက်တိုက်ရှာတွေ့ခဲ့သည်။

ထိုအပျက်အစီးများကို ကြည့်ရှုခြင်းကနေ လေယာဉ်က အလွန်အမင်း ပျက်စီးသွားခဲ့ပြီး

လုံးဝပျက်စီးလုနီးပါးဖြစ်ကြောင်း သိနိုင်သည်။

ဒီအပိုင်းအစများက ပျက်ကျလေယာဉ်ရဲ့ အပျက်အစီးများဖြစ်ကြောင်း လျူယောင်သေချာစေခဲ့သည်။

"ဒါပေမဲ့ လေယာဉ်ရဲ့ ကုန်တင်ခန်း အပျက်အ စီးတွေ ကရော ဘယ်မှာလဲ"

ခရီးသည်တင်လေယာဉ်များပင် ကုန်တင်ခန်းမျ ားရှိပြီး အများအားဖြင့် လေယာဉ်ရဲ့ ဗိုက်အောက်ပိုင်းတွင် ရှိကြောင်း ကျွန်တော်တို့ အားလုံးသိကြသည်။

ဒီလေယာဉ်ရဲ့ ကုန်တင်ခန်းတွင်လည်း အမွေအနစ်များစွာ ပါဝင်ပေသည်။

"အဲ့ဒီယဉ်ကျေးမှု့အမွေအနှစ်တွေကို သေချာပေါက် ငါ ရှာတွေ့ရမယ်"

လျူယောင် စိတ်ထဲကနေ ကြွေးကြော် လိုက်သည်။

လိပ်ကြီးက ထိုဧရိယာကို သေချာအောင်ဆက် ရှာဖွေနေသည်။ ထိုဧရိယာတွင် အရွယ်အစား အမျိုးမျိုးရှိတဲ့ ရေအောက်ရေညှိတောများရှိပြီး လိပ်ကြီးက တစ်ခုပင်မကျန်ခဲ့ပေ။

ဒီရေအောက်ရေညှိတောများထဲတွင် အရွယ်အစားအမျိုးမျိုးရှိတဲ့ လေယာဉ် အပျက်အစီးအချို့ကို လိပ်ကြီး ရှာတွေ့ခဲ့သည်။

အချို့အပျက်အစီးများမှာ တံခါးတစ်ချပ်ထက် ပိုကြီးပေမဲ့ အချို့ကတော့ စားပွဲတစ်လုံးရဲ့ အရွယ်အစားသာရှိနေသည်။

လိပ်ကြီးက ပင်လယ်ကြမ်းပြင်တွင် ဆက်လက်ရှာဖွေခဲ့ပြီး အပျက်အစီးအပိုင်းအစ အများအပြားကို ဆက်တိုက်တွေ့ရှိခဲ့သည်။

ရှင်းနေသည်မှာ လေယာဉ်ပြိုကွဲပြီးနောက် အပျက်အစီးများက နေရာအနှံ့ ပြန့်ကျဲနေ ခြင်းပင်။

လျူယောင်ကလည်း အားလပ်နေခြင်းမရှိပေ။ တတိယမျက်စိမှတဆင့် မီတာ ၁,၀၀၀ အကွာအဝေးအတွင်းရှိ အရာအားလုံးကို စစ်ဆေးခဲ့ရာ သူ ရှင်းရှင်းလင်းလင်းမြင်ရပြီး လုံးဝကြည်လင်ပြတ်သားသည်။

"လိပ်ကြီး မင်းရဲ့ညာဘက်က မီတာ ၃၀၀ လောက်အကွာမှာ တစ်ခုခုရှိတယ်..ဒါက လေယာဉ်အပျက်အစီးရဲ့ အပိုင်းကြီးတစ်ခု ဖြစ်လောက်မယ် အဲ့ဒီကိုသွားပြီး ကြည့်ကြည့်လိုက်...."

လိပ်ကြီး ချက်ချင်းပင် လျူယောင် ပြောတဲ့နေရာကို ကူးခတ်သွားခဲ့သည်။

တကယ်ပဲ လေယာဉ်အပျက်အစီးရဲ့အစိတ်အပိုင်းတစ်ခုဖြစ်ပြီး ဒါကလေယာဉ်ကုန်တင်ဂိုဒေါင်၏ အပျက်အစီးဖြစ်နေသည်။

ချက်ချင်းပဲ လျူယောင် ပျော်ရွှင်သွားခဲ့ပြီး လိပ်ကြီးကို စစ်ဆေးမှု့ပြုလုပ်ရန် ချက်ချင်း အမိန့်ပေးခဲ့သည်။

ထိုအပျက်အစီးများထဲမှ သတ္တု သေတ္တာကြီးနှစ်ခုကို လိပ်ကြီး အလျင်အမြန် ရှာတွေ့ခဲ့သည်။ သေတ္တာတစ်ခုစီက မီတာ ၁ ကျော် အရွယ်အစားရှိပြီး ကွန်တိန်နာအသေးစားနှစ်ခုနှင့် ဆင်တူသည်။

ဒီကြီးမားသည့် အလူမီနီယမ် သတ္တုစပ် သေတ္တာနှစ်ခု၏ လက်ရာကို ကြည့်လိုက်တာနဲ့ အတွင်းတွင်ပါဝင်သည့်အရာများက ရိုးရိုးရှင်းရှင်းမဟုတ်ကြောင်း သေချာလှသည်။

ပြပွဲတွင် ပြသခဲ့သည့် ယဉ်ကျေးမှု့ အမွေအနှစ်များက. သေတ္တာကြီးနှစ်ခုအတွင်း၌ ရှိနေကြောင်းနှင့် နိုင်ငံတော်အဆင့် ရတနာအချို့ကလည်း ဒီထဲတွင် ပါဝင်နေကြောင်း အခြေခံအားဖြင့် လျူယောင် သေချာသွားခဲ့သည်။

"ဟေး ဒီအပေါ်မှာ ယဉ်ကျေးမှု့ အမွေ အနှစ်တွေအတွက် အထူးရေးထားတဲ့ အင်္ဂလိပ်စကားလုံးတွေပါနေတယ်.. ဒါသေချာပြီ..."

"ဟားဟား...နောက်ဆုံးတော့ ငါရှာတွေ့ပြီကွ "

လျူယောင် အလွန်ပျော်ရွှင်နေသည်။

သူ ဒါကို အခုချက်ချင်းဖွင့်ချင်နေသော်လည်း အင်အားသုံး၍ ဖွင့်လိုက်ပါက အတွင်းရှိအ ရာများ ပျက်စီးနိုင်သဖြင့် ဒီအတွေးကို လျူယောင် ယာယီစွန့်လွှတ်လိုက်သည်။

"ငါ့ကောင်ကြီး...ဒီသေတ္တာနှစ်ခုကို ယူသွားပြီး အနီးအနားက တစ်နေရာရာမှာ ခဏတာ ဖွက်ထားလိုက်..."

လိပ်ကြီးက ဘာမှမပြောဘဲ သတ္တု သေတ္တာကြီးနှစ်ခုကို ယူသွားပြီး ပါးစပ်ထဲတွင် ထည့်ထားကာ ရေမိုင် တစ်ရာကျော် အကွာသို့ ကူးခတ် သွားခဲ့သည် ။ထို့နောက်အမည်မသိတဲ့ ကျွန်းတစ်ကျွန်းအနီးရှိ ရေတိမ်ပိုင်းတွင် ထားထားလိုက်သည်။

သေတ္တာက ပင်လယ်ရေဖြင့် မျောပါသွားခြင်း ဒါမှမဟုတ် ပြင်းထန်သည့် ပင်လယ်ဖိအားဖြင့် ကြေမွသွားခြင်းကို စိုးရိမ်စရာမလိုပေ။

အလူမီနီယမ်သတ္တုစပ်သေတ္တာကြီးနှစ်ခုကို သိမ်းဆည်းပြီးနောက် လေယာဉ်အပျက်အ စီးများ တွေ့ရှိသည့် ပင်လယ်ဧရိယာသို့ လိပ်ကြီး ပြန်သွားခဲ့သည်။

လိပ်ကြီး ထိုနေရာသို့ ရောက်ရှိပြီးနောက် လျူယောင်ကို မေးလိုက်သည်။

"သခင်...ကျွန်တော် ဘာဆက်လုပ်ရအုံးမှာလဲ... "

"သွားပြီး ငါတို့ရဲ့ ဘလူးဝေးလ်နဲ့ တွေ့လိုက်… .မင်းအတွက် အလုပ်တစ်ခု စီစဉ်ထားတယ်"

လျူယောင် ပြန်ပြောလိုက်သည်။

လိပ်ကြီး ချက်ချင်းပဲ ဘလူးဝေးလ်နဲ့ပူ းပေါင်းရန် စတင်ခဲ့ပြီး နာရီဝက်အတွင်း ဘလူးဝေလ်း ကို တွေ့ရှိခဲ့သည်။ ဘလူးဝေးလ်နဲ့ မီတာ ရာဂဏန်းအကွာအဝေးတွင် လိပ်ကြီး ရှိနေသည်။

တတိယအမြင်မှတဆင့် ဘလူးဝေးလ်က ပင်လယ်ရေပြင်ပေါ်တွင် လုပ်ငန်းများ လုပ်ဆောင်နေတာကို လျူယောင် မြင်တွေ့ခဲ့ပြီး ကပ္ပတိန် ရမ်ဇီကွမ်းကို ဖုန်းခေါ်လိုက်သည်။

သင်္ဘောပေါ်တွင် ကပ္ပတိန်ရပ်ဇီကွမ်းက သူ့လူများကို စနစ်တကျ ရေအောက် ရေငုပ်စက်ရုပ်ကို ချထားရန် ညွှန်ကြားနေပြီး ဒီပင်လယ်ဧရိယာ၏ ပင်လယ်ကြမ်းပြင်ကို စစ်တမ်းကောက်ယူရန် ပြင်ဆင်နေသည်။

ကပ္ပတိန်ရမ်ဇီကွမ်း သတိပေးလိုက်သည် ။

"လူတိုင်း သတိထားပါ...ဒီပင်လယ်ကြမ်းပြင်မှာ ရေညှိတွေ ပိုများတယ်...ငါတို့ရဲ့ ရေငုပ် စက်ရုပ်တွေကို ရေညှိတွေနဲ့ မပတ်မိစေနဲ့..."

ရေငုပ်စက်ရုပ်ကို ထိန်းချုပ်နေသည့် အမှုထမ်း က. ပြန်ဖြေလိုက်သည်။

"ကပ္ပတိန်... စိတ်မပူပါနဲ့.. ကျွန်တော်တို့ သတိထားပါ့မယ်"

သူတို့ရဲ့လှုပ်ရှားမှု့များက ကျွမ်းကျင်ပြီး အတွေ့အကြုံရှိလှသည်။ ရေငုပ်စက်ရုပ်ကို လွှတ်လိုက်ပြီးနောက် ပင်လယ်ကြမ်းပြင်၏ ပုံရိပ်ကို သင်္ဘောပေါ်သို့ အလျင်အမြန် ပို့နေသည်။

ဒီနေရာ၏ ရေအနက်က မနက်ကြောင်းကို ပြသနေပြီး ပင်လယ်ကြမ်းပြင်အောက်တွင် ရေညှိများ၊ သန္တာကျောက်တန်းများနှင့် အခြားအရာများစွာရှိနေသည်။

ပင်လယ်ကြမ်းပြင်အောက်ရှိ ပုံရိပ်ကို ကြည့်ပြီးနောက် ကပ္ပတိန်ရမ်ဇီကွမ်းက မျှော်လင့်ချက်အပြည့်ဖြင့် တွေးလိုက်မိသည်။

"YD အစိုးရက ဒီပင်လယ်ဧရိယာဟာ လေ ယာဉ်ပျက်ကျမှု့ရဲ့ တကယ့်ဧရိယာဖြစ်ကြောင်း ကြေညာထားတာကြောင့် ရှာဖွေရေးသင်္ဘောတွေ အများကြီး မရောက်ခင် ငါတို့က လေယာဉ်အပျက်အစီးကို ပထမဆုံး ရှာတွေ့နိုင်မယ်လို့ မျှော်လင့်မိတယ်..."

" တီ..တီ...တီ.."

ထိုအချိန်တွင် သူ့ ရဲ့ ဖုန်းမြည်လာတာကြောင့် ကပ္ပတိန်ရမ်ဇီကွမ်း ထုတ်ကြည့် လိုက်သောအခါ သူဋေး ခေါ်ထားတာကို တွေ့လိုက်ရပြီး သူ့စိတ်ထဲတွင် အနည်းငယ် လှုပ်ရှားသွားခဲ့သည်။

"အာ ဒါက သူဋေးကိုယ်တိုင် ခေါ်တာပဲဟ.."

သူ စိတ်ကို အနည်းငယ် ငြိမ်သက်အောင် အလျင်အမြန် ကြိုးစားပြီး အသံတိတ်အမူအရာ ပြုလုပ်ကာ လူတိုင်းကို အသံတိုးတိုးဖြင့် ပြောလိုက်သည်။

"အားလုံး တိတ်တိတ်နေ သူဋေးက ဖုန်းခေါ်နေတယ်..."

All Chapters