← Chapters

ပျက်ကျတဲ့လေယဥ်၏ အပိုင်းအစများ

Vol. 16 Ch. 229

ပျက်ကျတဲ့လေယဥ်၏ အပိုင်းအစများ

Vol. 16 Ch. 229

“ဘာ သူဋေးကိုယ်တိုင် ဖုန်းဆက်တာလား.."

ပတ်ဝန်းကျင်မှ လူများက အနည်းငယ် တုန်လှုပ်သွားပြီးနောက် ကပ္ပတိန်ရမ်ဇီကွမ်းကို မနာလိုစွာ ကြည့်နေကြသည်။

သူတို့ စိတ်ထဲကနေ တီးတိုးပြောနေကြသည်။

" ကပ္ပတိန်က အံ့မခန်းပဲ သူဋေးကိုယ်တိုင်က ဖုန်းခေါ်တယ်..."

သူဋေး ဆိုတာ ဘယ်သူလဲ တစ်ဦးတည်း သာရှိ သည် ။သူက လျူယောင်ပင် ။

ပတ်ဝန်းကျင်မှ အသံများ လျင်မြန်စွာ တိတ် ဆိတ်သွား၏။

ကပ္ပတိန်ရမ်ဇီကွမ်းက စိတ်အေးအောင် ထိန်းလိုက်ပြီး မေးလိုက်သည်။

“သူဋေး ကျွန်တော့်ကိုရှာနေတာလား”

ဖုန်းထဲမှ လျူယောင် ရဲ့ဩဇာရှိ တဲ့အသံ ထွက်ပေါ်လာခဲ့သည်။

“ကပ္ပတိန်ရမ် မင်းရဲ့သင်္ဘောကို အရှေ့ တောင် ဘက် ဆယ်မိုင်လောက်ထပ်သွားဖို့ ငါ အကြံ ပေးချင်တယ်..အဲဒီနေရာမှာ လေယာဉ် အပိုင်း အစတွေရှာတွေ့ဖို့ ပိုများမယ်လို့ ငါထင်တယ်”

"ဗျာ အရှေ့တောင်ဘက် ဆယ်မိုင်လား..."

ကပ္ပတိန်ရမ်ဇီကွမ်း အနည်း ငယ်အံ့အား သင့်သွားပြီး စိတ်ထဲကနေ ရေရွတ်လိုက်သည်။

"သူဋေးက အဲဒီ့နေရာမှာ လေယာဉ်ပျက် အပိုင်းအစတွေ တွေ့နိုင်ခြေပိုများတယ်ဆိုတာ ဘယ်လိုသိတာလဲ... သူက ဒီနေရာနဲ့ နီးစပ် တာလဲ မဟုတ်ဘူး… မိုင်ထောင်ပေါင်းများစွာ ကွာဝေးတဲ ဟွာဟိုင်းမြို့မှာရှိနေတာကို"

ကပ္ပတိန်ရမ်ဇီကွမ်းက ထူးဆန်းသလိုခံစားရ ပေ မယ့်သူဋေးကိုယ်တိုင် ဖုန်းဆက်ပြောတာကြောင့် အမိန့်ကို အကောင်အထည်ဖော်ရမှာပဲ ဖြစ်သည်။

ကပ္ပတိန်ရမ်ဇီကွမ်းက အသံကျယ်ကျယ်ဖြင့် ပြန်ဖြေလိုက်သည်။

“ကောင်းပါပြီ သူဋေး... ကျွန် တော်တို့ ချက်ချင်းထွက်ခွာပါ့မယ်..."

ဖုန်းပြောပြီးနောက် ကပ္ပတိန်ရမ်ဇီကွမ်းက ရေ ငုပ်စက်ရုပ်အား ပြန်ဆယ် ယူရန်အမိန့်ပေး ခဲ့ပြီးလျူယောင် အကြံပြုထားတဲ့ ပင်လယ်ပြင်ကို ထွက်ခွာသွားတော့သည်။

လျူယောင် လုပ်နိုင်ပေးနိုင်တာက အကြံပြုချက်သာဖြစ်သည်။တိုက်ရိုက် ပြောပြဖို့ ဘယ်လိုမှ မတတ်နိုင်ပေ။

“မင်းတို့ ရှာတာ နေရာမှားနေတာ လေယာဉ်ပျက်အပိုင်းအစက မင်းတို့ရဲ့ အရှေ့တောင်ဘက် ၁၀ မိုင်လောက်မှာရှိတယ်”

ဆိုပြီး တိုက်ရိုက် ပြောလို့မရပါ။ အဲ့လို ပြောဆိုခြင်းကမသင့်တော်ပေ။

ဘလူးဝေးလ်က အရှိန်အပြည့်ဖြင့် ထိုနေရာကို ထွက်လာခဲ့သည်။ ရေမိုင်ဆယ်မိုင်ခန့်သာ ဝေးတာကြောင့် မိနစ် ၂၀ မှ ၃၀ ခန့်အတွင်း ရောက်ရှိလာခဲ့သည်။

“ကောင်းပြီ ဒီနေရာပဲ... ဆက်သွားစရာမလိုတော့ဘူး...ကျောက်ချထားလိုက်”

ကပ္ပတိန် ရမ်ဇီကွမ်းအမိန့်ပေးလိုက်သည်။

လိပ်ကြီးက ဘလူးဝေးလ်နောက်ကို အချိန် ပြည့်လိုက်ခဲ့တာကြောင့် ပြင်ပအမြင်မှတစ်ဆင့် လျူယောင်လည်း အခြေအနေကို ရှင်းလင်းစွာမြင်လိုက်ရသည်။

ဘလူးဝေးလ်က ရပ်တန့်၍ ကျောက် ချလိုက် တာကိုမြင်တဲ့အခါ လျူယောင် ညွှန်ကြား လိုက်သည်။

“လိပ်ကြီး... ပိုသေးတဲ့ အပိုင်းအစတစ်ခုကို ရေပေါ်ကိုတင်လိုက်”

“အိုကေဘာ သခင် “

ပင်လယ်ကြမ်းပြင်အောက်ကို လိပ်ကြီးရောက်ရှိတဲ့အခါတံခါးတစ်ချပ်ထက် ပိုကြီးတဲ့ လေယာဉ်ပျက်အပိုင်းအစတစ်ခုကို အလွယ်တကူတွေ့ရှိပြီးဧရာမလှံနဲ့ ရေထဲမှတွန်းထုတ်လိုက်သည်။ဒါမှသာ ထို အပိုင်းအစက ရေပေါ်တွင်ပေါ်နေတယ် ဟု ထင်ရစေသည်။

ဘလူးဝေးလ်ပေါ်မှ တစ်စုံတစ်ယောက်က လေယာဉ်ပျက်အပိုင်းအစကို ချက်ချင်းတွေ့သွားပြီး အံ့အားသင့်စွာ လက်ညိုးထိုးကာ အော်ပြောလိုက်သည်။

“ဟိုမှာ ကြည့်ပါဦး ကပ္ပတိန်...အဲ့ဒါ လေယာဉ်အပိုင်းအစတစ်ခုလို့ ထင်ရတယ်လို့”

ကပ္ပတိန်ရမ်ဇီကွမ်းကချက်ချင်းမှန်ပြောင်းကိုင်လိုက်ပြီး ကြည့်လိုက်ရာ အကွာအဝေးက မီတာရာဂဏန်းသာ ရှိတာကြောင့် ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။

ချက်ချင်းပဲ သူ့ရင်ထဲတွင် စိတ်လှုပ်ရှားမှု့ကို ခံစားလိုက်ရပြီး အသံကျယ်ကျယ်နဲ့ ပြန်ပြောလိုက်သည်။

“ဟုတ်တယ်.. ဒါလေယာဉ်ပျက်ရဲ့ ကြီးမား တဲ့အပိုင်းအစပဲ.. ဒီနေရာက လေယာဉ် ပျက် ကျခဲ့တာ သံသယ ဖြစ်စရာမလို တော့ဘူး...”

" မင်းတို့လုပ်စရာ ရှိတာ လုပ်ကြတော့"

အမူ့ထမ်းအချို့ကရေငုပ်စက်ရုပ်ကို လျင်မြန်စွာချထားလိုက်ပြီး အချို့က ရေငုပ်ဝတ်စုံများကို ဝတ်ဆင်ကာ ကျောတွင် အောက်ဆီဂျင်ဘူးများနဲ့ ရေထဲကိုဆင်းရန်ပြင်ဆင်လိုက်ကြသည်။

ဖော်ထုတ်မခံရစေရန်အတွက် လျူယောင်ရဲ့အမိန့်အရ လိပ်ကြီးက တိတ်တိတ်လေး ထွက်ခွာသွားသည်။

ပင်လယ်ပေါ်တွင်ပေါ်နေတဲ့ လေယာဉ်ပျက်အပိုင်းအစက ပင်လယ်ကြမ်းပြင်အောက်ကို ပြန်လည်နစ်မြုပ်သွားပေမဲ့ သင်္ဘောပေါ်တွင် အလုပ်များနေကြတာကြောင့် ဘယ်သူ့မှသတိမထားမိကြပေ။

ခဏအကြာတွင် ရေငုပ်စက်ရုပ်ကို ချထားလိုက် တာကြောင့် ပင်လယ်ကြမ်းပြင်မှ အခြေ အနေကို ရှင်းလင်းစွာ မြင်ရပြီး မကြာခင်တွင် ရှာဖွေ တွေ့ရှိမှု့တ စ်ခုပြုလုပ်နိုင်ခဲ့သည်။

“ကပ္ပတိန်.. လေယာဉ်ပျက်အပိုင်းအစကို ကျွန်တော်တွေ့လိုက်ပါပြီ ကြည့်ပါဦး ...”

ဖော်ပြထားတဲ့ စခရင်မှတစ်ဆင့် ရေအောက် ပုံရိပ် အခြေအနေကို ရှင်းလင်းစွာမြင်နိုင်သည်။ ထိုပုံရိပ်တွင် ကြီးမားတဲ့ လေယာဉ် ပျက် အပိုင်း အစတစ်ခုပုံဖြစ်ပြီး တောင်ပံရဲ့ သုံးပုံ နှစ်ပုံနီးပါး အရွယ်အစားရှိကာ ပင်လယ်ကြမ်းပြင်တွင် စောင်းလျက်ရှိနေသည်။

အခြားသင်္ဘောသားများလည်း အားတက်သွားကြပြီး အမိန့်ပေးစရာတောင် မလိုပဲ ရေကူးသမားများက ရေငုပ်ဝတ်စုံများကို လျင်မြန်စွာဝတ်ဆင်ကာ အောက်ဆီဂျင်ဘူးများဖြင့် ရေအောက်ကို တစ်ယောက်ပြီးတစ်ယောက် ခုန်ဆင်းသွားကြသည်။

ဒီနေရာတွင် ရေအနက်က မီတာ ၁၀၀ သာရှိတာကြောင့် ရေငုတ်သမားများ လှုပ်ရှားနိုင်တဲ့နေရာအတွင်းရှိနေခဲ့သည်။

စိတ်လှုပ်ရှားနေရင်း ကပ္ပတိန်ရမ်ဇီကွမ်းက လျူယောင်ကို ဂြိုဟ်တုဖုန်းဖြင့် သတင်းကောင်းကိုဦးစွာတင်ပြလိုက်သည်။ပြီးနောက် ဂေးလ်က သူ့အတွက်ချန်ထားခဲ့တဲ့ နံပါတ်ဖြင့် YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာကို သတင်း ပြောပြလိုက်သည်။

"ဘာ..."

"လေယာဉ်ပျက်အပိုင်းအစကို ရှာတွေ့ပြီတဲ့လား "

YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာတွင် ဖုန်းဖြေဆိုသူက အံ့အားသင့်သွားပြီးနောက် ဖုန်းထဲမှ ရွှင်လန်းတဲ့အသံများထွက်ပေါ်လာရာ ထိုနေရာတွင် ပျော်ရွှင်တဲ့အသံများကို ကပ္ပတိန်ရမ်ဇီကွမ်း ကြားလိုက်ရသည်။

လေယဥ်ပျက်အပိုင်းအစက ရေထဲမှထွက်လာတဲ့အခါ ဘလူးဝေးလ်ပေါ်မှ သင်္ဘောသားများက ရွှင်လန်းစွာ အားပေးကြပြီး အလွန်စိတ်လှုပ်ရှားနေကြသည်။

ကပ္ပတိန်ရမ်ဇီကွမ်းလည်းစိတ်သက်သာရာရသွားပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို အခြေခံအားဖြင့် ရရှိပြီပဲ ဖြစ်သည်။

သူ့ဘေးမှ သင်္ဘောသားတစ်ဦးကပင် ပျော်ရွှင်စွာ မေးလိုက်သည်။

“ကပ္ပတိန် လေယာဉ်ပျက်ကို ပထမဆုံးရှာတွေ့တဲ့သူက ဆုကြေးငွေ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ရနိုင်တယ်လို့ ကြားတယ်.. ဒီလိုအရာမျိုးရှိသလား....”

ကပ္ပတိန်ရမ်ဇီကွမ်းက ပြုံးပြုံးရွှင်ရွှင်ဖြင့် ပြန်ဖြေလိုက်သည်။

“ဟုတ်တယ်... ငါတို့ဒီလိုကြီးမားတဲ့အပိုင်းအစကို ဆယ်ယူပြီးပြီဆိုတော့ ဒေါ်လာသန်း ၁၀၀ ရမှာ အသေအချာပဲ..."

"ဒေါ်လာ သန်း ၁၀၀ တကယ်ရမှာလား..."

"အိုးဘုရားရေ ဒေါ်လာ သန်း ၁၀၀ တောင်.. "

သင်္ဘောသားများက ပိုမို စိတ်လှုပ်ရှားသွားကြပြီးအချို့က လေယာဉ်ပျက်အပိုင်းအစများကို ကြည့်လိုက်ကြကာ အပိုင်းအစမဟုတ်ဘဲ ရွှေတုံးကြီးတစ်တုံးကို ကြည့်နေသလိုပုံစံမျိုးဖြစ်နေကြသည်။

ထိုအချိန် ရေငုတ်သမား တစ်ယောက်က သတင်းပို့လိုက်သည်။

“ကပ္ပတိန် နောက်ထပ်ကြီးမားတဲ့ အပိုင်းအစတစ်ပိုင်းကို ထပ်တွေ့ပါပြီ ဒါကကိုယ်ထည်အပိုင်းအစဖြစ်ပြီး ကျွန်တော်တို့ဆယ်ယူထားတဲ့ အပိုင်းအစထက် ပိုကြီးပါတယ် ဒါကိုလည်း ဆယ်ယူမှာလား....”

ကပ္ပတိန် ရမ်ဇီကွမ်း လက်ဝှေ့ယမ်းပြပြီး ပြန်ဖြေလိုက်သည်။

“အေး ဆယ်ယူပြီး ငါတို့ကုန်းပတ်ပေါ်တင်ထားလိုက်...”

ရေငုတ်သမားများက ရေအောက်တွင် ဘယ်ညာသွားလာကာ လေယာဉ်ပျက်အပိုင်းအစများကို ကေဘယ်ကြိုးများဖြင့် ချိတ်ပြီး သင်္ဘောပေါ်မှ ကရိန်းပစ္စည်းများဖြင့် အပိုင်းအစကို ဆယ်ယူနေကြသည်။

လေယာဉ်ပျက်အပိုင်းအစက ရေထဲမှထွက်လာတဲ့အချိန်တွင် သင်္ဘောတစ်စင်းလုံးပေါ်တွင် လုံးဝဆူညံသွားသည်။

သင်္ဘောသားအချို့က သူတို့ရဲ့ မိုဘိုင်းဖုန်းများကိုထုတ်ပြီး ဓာတ်ပုံများရိုက်ကာ သူတို့ wechat တွင် ကြွားဝါဖို့ တင်လိုက်ကြသည်။

“မိတ်ဆွေများ...ကြည့်ပါဦး... YD အစိုးရက လူအင်အားနှင့် ပစ္စည်းအင်အားအများအပြား အသုံးပြုပြီး ရှာမတွေ့ခဲ့တဲ့ လေယာဉ်ပျက်အပိုင်းအစများကို အခု ကျွန်တော်တို့က ရှာတွေ့ပြီး ဆယ်ယူလိုက်ပါပြီ...”

ဒါက သူငယ်ချင်းများအကြား မျက်နှာပန်းလှတဲ့ ပို့စ်ဖြစ်လာပေတော့မည်။

တစ်စုံတစ်ယောက်က ရဟတ်ယာဉ်တစ်စီး အဝေးမှ ပျံသန်းလာတာကို သတိပြုမိသွားသည်။

“ကပ္ပတိန် ဟိုမှာ ရဟတ်ယာဉ်တစ်စီး .လာနေပါပြီ...”

ကပ္ပတိန်ရမ်ဇီကွမ်းက. မှန်ပြောင်းကိုကိုင်လိုက်ပြီး ကြည့်လိုက်ရာ YD. အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာ၏ ရဟတ်ယာဉ်ဖြစ်ကြောင်း အတည်ပြုပြီးနောက် လက်ဝှေ့ယမ်းကာ အမိန့်ပေးလိုက်သည်။

“ဒီရဟတ်ယာဉ်ဆင်းသက်ဖို့ ပြင်ဆင်ထားလိုက်”

ရဟတ်ယာဉ်က ဘလူးဝေးလ်၏ ရဟတ်ယာဉ်ရပ်နားရာ ကွင်းပေါ်ကို ချောမွေ့စွာဆင်းသက်လာခဲ့သည်။ရပ်တန့်ပြီးနောက် အထဲမှ လူ ခုနစ် ယောက် ရှစ်ယောက်ခန့် ဆင်းလာခဲ့ကြသည်။

ဂေးလ်အပြင် .အခြားရင်းနှီးမှု့မရှိတဲ့မျက်နှာများကိုလည်း တွေ့လိုက်ရသည်။

သူတို့ထဲမှတစ်ယောက်က အရည်အသွေးအပြည့်ရှိတဲ့ အလယ်အလတ်အရွယ် အမျိုးသားတစ်ဦးဖြစ်ပြီး ဒီလူက YD. အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာမှ အရာရှိကြီးတစ်ဦးဖြစ်လောက်မည်။

All Chapters