မသိချင်ယောင်ဆောင်ခြင်း
Vol. 16 Ch. 230
ရင့်ကျက်တဲ့ အလယ်အလတ်ပိုင်းလူကြီးက YD အအပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့်ကယ်ဆယ်ရေးစင်တာအကြီးအကဲများထဲမှ တစ်ဦးဖြစ်ပြီး သူ့အမည်မှာ မိုင်ရွန်ဖြစ်သည်။
ဂေးလ်သာမက မိုင်ရွန်ပါ ကိုယ်တိုင်လာရောက်ခြင်းက ဒီကိစ္စကို YD အပြည်ပြည်ဆိုင်ရာစင်တာက မည်မျှအလေးထားတာကို ပြသနေသည်။
ရမ်ဇီကွမ်းက မိုင်ရွန်နှင့် လက်ဆွဲနှုတ်ဆက်လိုက်စဥ် အခြား လူများရဲ့ အာရုံက ဘလူးဝေးလ်ကုန်းပတ်ပေါ်မှ ကြီးမားတဲ့ လေယာဉ်ပျက်အပိုင်းအစနှစ်ခုပေါ်တွင် ရှိနေပြီး ထိုနေရာက်ု အလျင်အမြန်သွားလိုက်ကြသည်။
ကပ္ပတိန်ရမ်ဇီကွမ်း ပြုံးလိုက်ပြီး ခေါင်းအနည်းငယ်ခါကာ လူအများအပြားနှင့်အတူ လျှောက်သွားလိုက်သည်။
ကုန်းပတ်ပေါ်တွင် စိတ်လှုပ်ရှားမှု့များရှိနေ၏။
အထူးသဖြင့် ထို YD လူမျိုးတစ်ဦးစီတိုင်းက အလွန်စိတ်လှုပ်ရှားနေဟန်ရပြီး လေယာဉ်ပျက်အပိုင်းအစနှစ်ခုကို ပတ်ကြည့်နေကြတာကြောင့် ကပ္ပတိန်ရမ်ဇီကွမ်းနဲ့ အခြားသူများရဲ့တည်ရှိမှုကို မေ့လျော့နေပုံရသည်။
“ကျွန်တော်တို့က လေယာဉ်ပျက်အပိုင်းအစကို ရှာဖွေပေးခဲ့ပြီး ပင်လယ်ကြမ်းပြင်မှ အပိုင်းအစနှစ်ခုကို ဆယ်ယူပေးခဲ့တာကို ...ခဗျားတို့ ကျေးဇူးတင်သင့်တယ်လေ”
ဟု ကပ္ပတိန်ရမ်ဇီကွမ်းစိတ်ထဲကနေ တွေးလိုက်သည်။
မည်သည့်ကျေးဇူးတင်စကားမှမရှိဘဲ သူတို့လေယာဉ်ပျက်အပိုင်းအစကို အောင်မြင်စွာရှာတွေ့ခဲ့တဲ့ ပျော်ရွှင်မှု့ထဲတွင် လုံးဝနစ်မြောနေပုံရသည်။
လူအုပ်စုတစ်စုက လေယာဉ်ပျက်အပိုင်းအစနှစ်ခုကို အနည်းငယ်ပတ်ကြည့်ကြပြီး ကျွမ်းကျင်သူနှင့်တူသူတစ်ဦးက အတည်ပြုရန်အတွက် အထူးအကဲဖြတ်မှု့များပြုလုပ်ခဲ့သည်။
ကျွမ်းကျင်ပညာရှင် တစ်ဦးက ပြောလိုက်သည်။
“မစ္စတာမိုင်ရွန် ဒါက ကျွန်တော်တို့ရဲ့လေယာဉ်ပျက်အပိုင်းအစဖြစ်တယ်ဆိုတာ သံသယဖြစ်စရာမလိုပါဘူး”
“ကောင်းပြီ ငါသိပြီ”
မိုင်ရွန် ခေါင်းညိတ်လိုက်သည်။ဒီအချိန်တွင် သူ လုံးဝစိတ်အေးသွားပြီဖြစ်သည်။
လေယာဉ်ပျက်အပိုင်းအစကို ရှာဖွေရန်အတွက် သူတို့က လူအင်အားနှင့် ပစ္စည်းအင်အားများစွာကို သုံးစွဲခဲ့ရသည်။
ပတ်ပတ်လည်ကြည့်ပြီးနောက် မိုင်ရွန်က ဂြိုဟ်တုဖုန်းကိုကိုင်လိုက်ရာ သူ့ရဲ့အထက်အရာရှိများကို အခြေအနေတင်ပြရန်ဖြစ်လောက်မည်။
အဝေးတစ်နေရာတွင် ရှာဖွေရေးနှင့်ကယ်ဆယ်ရေးသင်္ဘောတစ်စီးရောက်လာပြီး ဒီနေရာမှအခြေအနေကို အဝေးမှတွေ့ရှိ လို့လာတာ ဖြစ်နိုင်လောက်သည်။
ဒါက M နိုင်ငံမှ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်္ဘောတစ်စီးပဲဖြစ်သည်။
ထိုသင်္ဘောက လျင်မြန်စွာ မောင်းနှင်လာပြီး ဘလူးဝေးလ်နှင့် မီတာရာဂဏန်းအကွာတွင်သာ ရပ်လိုက်သည်။ သင်္ဘောပေါ်ရှိ M နိုင်ငံသားများမှာ သူတို့ရဲ့လည်ပင်းများကိုဆန့်ကာ ဒီဘက်ကို ကြည့်နေကြသည်။
သူတို့မျက်နှာများတွင် မနာလိုတဲ့ အမူအရာများရှိနေသည်။
“အိုး ဘုရားသခင်၊ ဒါမဖြစ်နိုင်ဘူး ဒီ ယန်လူမျိုးတွေက လေယာဉ်ပျက်အပိုင်းအစကို ပထမဆုံးရှာတွေ့ခဲ့တာလား..”
“ပြီးပြီ ပြီးပြီ ငါတို့မှာ မျှော်လင့်ချက်မရှိတော့ဘူး”
“အချိန်တွေကုန်ခဲ့ရတာပဲ အဖက်တင်တယ်... ငါတို့ရက်ပေါင်းများစွာ ကြိုးစားပြီးရှာခဲ့ကြပေမယ့် သူတို့က ပထမဆုံးရှာတွေ့ခဲ့ကြတာ...”
ထို M နိုင်ငံ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်္ဘောပေါ်မှလူများမှာ မနာလိုခြင်းမှလွဲ၍ အံ့သြခြင်းသာရှိနေသည်။သူတို့၏ မျှော်လင့်ချက်က တစ်ခဏချင်းတွင် ပျက်စီးသွားပြီး စိတ်ဓာတ်ကျစွာ ခံစားလိုက်ရသည်။
မနေ့က ဒီဘလူးဝေးလ်က သူတို့ဘေးမှဖြတ်သွားခဲ့ပြီး သူတို့က ရယ်မောသံများနှင့်ပြည့်နှက်ကာလေယာဉ်ပျက်အပိုင်းအစကို ရှာဖွေနိုင်မယ်လို့ ယုံကြည်မှု့အပြည့်ရှိခဲ့ကြပေမဲ့ ယခုအခါမှာတော့ မျှော်လင့်ချက်ပင် မရှိတော့ပေ။
ဘလူးဝေးလ်ပေါ်မှ သင်္ဘောသားတစ်ဦးက သတိပေးလိုက်သည်။
“ကပ္ပတိန် အဲဒါ M နိုင်ငံရဲ့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်္ဘောပါ”
ကပ္ပတိန်ရန်ဇီကွမ်း ခေါင်းညိတ်ပြလိုက်ပြီး မှန်ပြောင်းဖြင့် ကြည့်လိုက်သည်။ မီတာရာဂဏန်းအကွာအဝေးမှပင် ထိုM နိုင်ငံသားများရဲ့အမူအရာများကို ရှင်းလင်းစွာမြင်ရသည်။
သူတို့ရဲ့အမူအရာများကိုမြင်တဲ့အခါ ကပ္ပတိန်ရမ်ဇီကွမ်း ရုတ်တရက် အလွန်စိတ်သက်သာရာရသွားသည်။
ဒီသတင်းက တစ်ပြိုင်နက်တည်း ပျံ့နှံ့သွားပုံရပြီးအနီးအနားရှိ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်္ဘောများ ရဟတ်ယာဉ်များက သူတို့ဘက်ကို လျင်မြန်စွာမောင်းနှင်လာကာ အဝေးမှကြည့်ရှုနေကြသည်။
ဘလူးဝေးလ်မှ ဆယ်ယူထားတဲ့ လေယာဉ်ပျက်အပိုင်းအစများကိုမြင်တဲ့အခါ လူတိုင်းက အလွန်မနာလိုကြပုံပေါက်နေသည်။ ရက် ၂၀ ကျော်ကြာခဲ့တဲ့ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ပြီးဆုံးသွားပြီဖြစ်ကြောင်း သူတို့ သဘောပေါက်လိုက်ကြသည်။
ရှာဖွေရေးနှင့် ကယ်ဆယ်ရေးသင်္ဘောအချို့က ထွက်ခွာစပြုလာပြီး မကြာမီတွင် YD အပြည်ပြည်စင်တာမှ ကြီးမားတဲ့ ဆယ်ယူရေးသင်္ဘောတစ်စီးရောက်လာခဲ့သည်။
တစ်စီးက တန်ပေါင်း ၁၀,၀၀၀ ကျော်ဖြစ်ပြီး နောက်တစ်စီးက တန်ပေါင်း ၈၅,၀၀၀ ဖြစ်သည်။
ဘလူးဝေးလ်မှာ သေးငယ်တဲ့ အရာလေးတစ်ခုလို ဖြစ်နေသည်။
ဂေးလ်ရဲ့တောင်းဆိုမှု့အရ ဘလူးဝေးလ်မှအပိုင်းအစနှစ်ခုကို YD အပြည်ပြည်စင်တာရဲ့ ဆယ်ယူရေးသင်္ဘောကို လွှဲပြောင်းပေးခဲ့ပြီး သူတို့ရဲ့သင်္ဘောက ထွက်ခွာစပြုလာသည်။
ဂေးလ်တို့အဖွဲ့ကလည်း ထွက်ခွာရန်ပြင်ဆင်နေကြပြီး မိုင်ရွန်က သူတို့ကို ရဟတ်ယာဉ်ပေါ် ခေါ်ဆောင်သွားနေပြီ ဖြစ်သည်။
ကပ္ပတိန်ရမ်ဇီကွမ်း အံ့အားသင့်သွားသည်။
" ဘာလဲဟ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ဆုကြေးငွေပေးမယ်လို့ ကတိမပေးခဲ့ဘူးလား..ဘာ့ကြောင့် တစ်လုံးတစ်ပါဒမှ မပြောတာလဲ..."
ကံကောင်းစွာနဲ့ ပဲ ဂေးလ်က မထွက်ခွာခင် ကပ္ပတိန်ရမ်ဇီကွမ်းနဲ့ လက်ဆွဲနှုတ်ဆက်သွားတာကြောင့် အနည်းငယ်စိတ်သက်သာရာရစေခဲ့သည်။
ဂေးလ်နဲ့လက်ဆွဲနှုတ်ဆက်နေစဉ် ကပ္ပတိန်ရမ်ဇီကွမ်းက အင်္ဂလိပ်လို ပြောလိုက်သည်။
“မစ္စတာဂေးလ် ခင်ဗျားတို့အတွက် လေယာဉ်ပျက်အပိုင်းအစကို ရှာဖွေပေးခဲ့ပါတယ်... ခင်ဗျားတို့ကတိပေးခဲ့တဲ့ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို ကျွန်တော်တို့Universal ရဲ့အကောင့်ထဲကို အမြန်ဆုံးလွှဲပေးနိုင်မယ်လို့ မျှော်လင့်ပါတယ်...”
“ဒီကိစ္စကို ကျွန်တော်တစ်ဦးတည်း ဆုံးဖြတ်လို့မရပါဘူး.. နောက်ပြီးတော့ ဒေါ်လာသန်း ၁၀၀ ဆိုတာ ပမာဏကြီးပါတယ်.. ကျွန်တော်တို့မှာ တင်းကျပ်တဲ့ခွင့်ပြုချက်လုပ်ငန်းစဉ်တွေ ရှိနေပါတယ် ဒါ့ကြောင့် ခင်ဗျားတို့ စောင့်ရပါလိမ့်မယ်....”
“ကောင်းပါပြီ...ခင်ဗျားကို ခဏတော့ယုံကြည်ပါ့မယ်...ကျွန်တော်တို့ ခဏစောင့်နိုင်ပါတယ်... အရမ်းကြီးကြာကြာမစောင့်ရပါစေနဲ့လို့ မျှော်လင့်ပါတယ်....”
YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာရဲ့ ရဟတ်ယာဉ်က ထွက်ခွာသွားကာ ဘလူးဝေးလ်ပေါ်မှာရှိတဲ့ လေယာဉ်ပျက်အပိုင်းအစများကိုလည်း သူတို့ထံလွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်။
ဘလူးဝေးလ်ရဲ့ အင်ဂျင်နီယာချုပ်က ရောက်လာပြီး ညင်သာစွာ မေးလိုက်သည်။
“ရမ်အိုကြီး.သူတို့ကတိပေးခဲ့တဲ့ ဒေါ်လာသန်း ၁၀၀ က မျှော်လင့်ချက်ရှိပါ့မလား”
ကပ္ပတိန်ရမ်ဇီကွမ်း အချိန်အတော်ကြာမှ စကားလုံးအနည်းငယ်ကို ညှစ်ထုတ်နိုင်ခဲ့ပြီး ပြန်ဖြေလိုက်သည်။
“ငါ့အထင်တော့ ဒီကိစ္စက ဆိုင်းငံ့ထားရမယ့်ကိစ္စပဲ..”
ချက်ချင်းပင် အင်ဂျင်နီယာချုပ်က အတော်လေးစိတ်ဆိုးဟန်ရပြီး ဒေါသတကြီး ပြောလိုက်သည်။
“ဒီလိုလုပ်လို့ဘယ်ရမလဲ သူတို့က ကတိမတည်တာပဲ... ”
ကပ္ပတိန်ရမ်ဇီကွမ်းလည်း ခေါင်းခါပြီး ဝမ်းနည်းစွာပြုံးလိုက်သည်။ YD က ပိုက်ဆံမပေးဖို့ နောက်ဆုတ်ချင်ရင် အကြောင်းပြချက်တစ်ရာရှိပေသည်။ သူတို့ဘက်က ကတိတည်ပါစေလို့သာ မျှော်လင့်ရတော့မည်။
စဉ်းစားပြီးနောက် ကပ္ပတိန်ရန်ဇီကွမ်း လက်ဝှေ့ယမ်းပြပြီး ညွှန့်ကြားလိုက်သည်။
“ကဲ သွားကြစို့ ဟွာဟိုင်းမြို့ကိုပြန်ကြမယ်...”
ဘလူးဝေးလ်က ကျောက်ဆူးကိုပြန်သိမ်းပြီး ဒီနေရာမှထွက်ခွာရန် ရွက်လွှင့်လိုက်သည်။
မကြာမီတွင် YD အမျိုးသားရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာမှ သင်္ဘောများစွာက ဒီနေရာ ကို ရောက်လာခဲ့ပြီး ရှာဖွေရေးနှင့်ကယ်ဆယ်ရေးရဟတ်ယာဉ်များက ရှာဖွေရေးလုပ်ငန်းကို စတင်ခဲ့သည်။
ဘလူးဝေးလ်ပေါ်တွင် ကပ္ပတိန်ရမ်ဇီကွမ်းက လျူယောင်ထံ အခြေအနေကို အစီရင်ခံနေသည်။ဒါကလျူယောင် အထူးတောင်းဆိုထားခြင်းဖြစ်သည်။
အခြေအနေကို ပိုမိုအသေးစိတ်အစီရင်ခံပြီးနောက် ကပ္ပတိန်ရမ်ဇီကွမ်းက စိုးရိမ်တကြီးဖြင့် ပြောလိုက်သည်။
“သူဋေး သူတို့ရဲ့ ရိုင်းစိုင်းမှု့တွေကို ကျွန်တော်တို့ သတိထားရပါမယ်....ဒါက ဖြစ်နိုင်ခြေရှိတယ်လို့ ကျွန်တော်အမြဲ ခံစားမိနေတယ် .."
ဖုန်းထဲမှ လျူယောင်က အတော်လေးပေါ့ပေါ့ပါးပါးရှိနေဟန်ရပြီး ပြန်ဖြေလိုက်သည်။
“ကပ္ပတိန်ရမ် ဒါက ခင်ဗျားစိုးရိမ်ရမယ့်ကိစ္စမဟုတ်ဘူး ခင်ဗျားလုပ်ရမယ့်အလုပ်က လူတိုင်း ဟွာဟိုင်းမြို့ ဘေးကင်းစွာပြန်ရောက်ဖို့ပဲ အဲဒီအခါကျမှာ ဆုကြီးကြီးမားမားပေးပါ့မယ်....”
ဆုကြီးကြီးမားမားရှိတယ်လို့ ကြားတဲ့အခါ ကပ္ပတိန်ရမ်ဇီကွမ်း ပျော်ရွှင်သွားပြီး YD အစိုးရဆီက ဆုကြေး ငြင်းဆိုမလား ဆိုတာကို စိုးရိမ်ခြင်းမရှိတော့ပေ။
ဘာကြောင့်လဲဆိုတော့ သူက ဘလူးဝေးလ်သင်္ဘောမှ သင်္ဘောသားတစ်ဦးသာဖြစ်ပြီး Universal ရဲ့ သူဋေး မဟုတ်ပေ။
လျူယောင် ဖုန်းကိုချလိုက်ပြီး သူ့နှုတ်ခမ်းထောင့်တွင် လှောင်ပြုံးတစ်ခုပေါ်လာခဲ့သည်။
" ဒီ YD အစိုးရက ဆုကြေးကိုငြင်းဆိုမလို့လား..."
"အဟက်"
"သူတို့တကယ်ငြင်းဆိုဝံ့ရင် ....သူတို့ငိုမယ့်အချိန်ရောက်လာလိမ့်မယ်...."
စားပွဲပေါ်မှ ဖုန်းကိုကိုင်လိုက်ပြီး.လျူယောင် ဟူဂျွန်းရှီ ကိုခေါ်လိုက်သည်။မကြာမီ ဟူဂျွန်းရှီက တံခါးကိုဖွင့်ပြီးဝင်လာခဲ့သည်။
သူဝင်လာတာနဲ့ တစ်ပြိုင်နက် ပျှော်ရွှင်စွာ မေးလိုက်သည်။
“အစ်ကိုယောင် ကျွန်တော်တို့ ‘ဘလူးဝေးလ်’ဆီ က သတင်းကောင်းများရှိလို့လား”
လျူယောင် ခေါင်းညိတ်ပြီး အခြေအနေကို အကျဉ်းချုပ်ရှင်းပြလိုက်သည်။ ဘလူးဝေးလ်ကလေယာဉ်ပျက်အပိုင်းအစကို အောင်မြင်စွာရှာတွေ့ခဲ့ပြီး အပိုင်းအစနှစ်ခုကို YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာကို လွှဲပြောင်းပေးခဲ့တာကိုကြားတဲ့အခါ ဟူဂျွန်းရှီ ပျော်ရွှင်သွားခဲ့သည်။
“အစ်ကိုယောင် အရမ်းကောင်းတာပဲ ကျွန်တော်တို့ ဒေါ်လာသန်း ၁၀၀ ရတော့မယ် ထင်တယ်..."
သူ အလွန်ပျော်ရွှင်နေသည်။ဒေါ်လာသန်း ၁၀၀ ဆိုတာက နည်းတဲ့ ပမာဏမဟုတ်ပေ။
လျူယောင် ခေါင်းခါပြီး ပြောလိုက်သည်။
“အခုမင်းကို အလုပ်တစ်ခုပေးမယ်.... YD အပြည်ပြည်ဆိုင်ရာ ရှာဖွေရေးနှင့် ကယ်ဆယ်ရေးစင်တာကို ဆက်သွယ်ပြီး အမေရိကန်ဒေါ်လာ သန်း ၁၀၀ ကို အမြန်ဆုံးပြန်ရအောင်လုပ်ပါ....”